ရန်ကုန်မြို့၊ တပ်မတော်ဆေးရုံတွင် အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် ကင်ဆာရောဂါ ကုသဆောင် ဖွင့်လှစ်

နေပြည်တော်၊ ဒီဇင်ဘာ ၂၃

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ပြီး သက်ရှည်ကျန်းမာသည့်ဘဝကို ပိုင်ဆိုင်ရန် လူတိုင်းဆန္ဒရှိကြကြောင်း၊ ဆေးဝါးကုသသည့် ခေတ်မီစက်ကိရိယာများ မည်သို့ပင် ဆောင်ရွက်ပေးစေကာမှု မိမိတို့ တစ်ဦးချင်းစီ၏ ကျန်းမာရေး အသိပညာ၊ ဗဟုသုတနှင့် အညီနေထိုင်စားသောက်မှုမရှိပါက အချည်းနှီးပင်ဖြစ်သောကြောင့် ကိုယ်စီအသိစိတ်ဖြင့် ကျန်းမာရေးနှင့်ညီညွတ်အောင် ကြိုတင်ကာကွယ်နေထိုင်ကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံ၊ အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် ကင်ဆာရောဂါကုသဆောင် (၃)ထပ်ဆောင် ဖွင့်ပွဲ အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ထည့်သွင်း ပြောကြားသည်။

အဆိုပါ အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် ကင်ဆာရောဂါကုသဆောင်ဖွင့်ပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တပ်နယ်အတွင်းရှိ တပ်မတော် ဆေးရုံများမှ တပ်မှူးများ၊ ပါရဂူများနှင့် ဆေးပညာကို စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါဆေးရုံရှိ အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် ကင်ဆာရောဂါကုသဆောင်ဖွင့်ပွဲ ပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ ဆေးရုံအုပ်ကြီး၊ ဆရာဝန်ကြီးများနှင့် ပါရဂူကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆင့်မြင့် ရောဂါရှာဖွေရေးနှင့် ကင်ဆာရောဂါကုသဆောင် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ဖြန်းပက်ပေးသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် ကင်ဆာရောဂါကုသဆောင်အတွင်း လှည့်လည် ကြည့်ရှုရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ဆေးရုံအစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီးက ကင်ဆာရောဂါဖြစ်ပွားမှုအခြေအနေများ၊ ဆေးကုသမှုဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ကင်ဆာရောဂါသည် ကုသရန် ခက်ခဲသည့် ရောဂါဟု နားလည်သိရှိထားပြီး ယခုကဲ့သို့ အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် ကင်ဆာရောဂါ ကုသဆောင် ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် တပ်မတော်နှင့် တပ်မတော်ဆေးတပ်ဖွဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်ဖွယ်တစ်ခုပင် ဖြစ်ကြောင်း၊ ယခုဆေးရုံကြီးသည် တပ်မတော်သားများအပြင် အရပ်သား ပြည်သူများကိုပါ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသောကြောင့် ဆေးရုံကိုအဆင့်မြှင့်တင်ပြီး ကင်ဆာရောဂါ စမ်းသပ်ကုသသည့် ခေတ်မီစက်ကိရိယာများ တပ်ဆင်ပေးနိုင်ခဲ့သည့်အတွက် ကျန်းမာရေး ကဏ္ဍကို ပိုမိုအကျိုးပြုနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်ပြီး ကင်ဆာရောဂါဖြစ်ပွားမှုအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ၆၇၅၅၄ ဦးရှိပြီး ၂၀၁၄ ခုနှစ်တွင် ၄၉၃၀၀ ဦး သာရှိသည့်အတွက် ရောဂါ ဖြစ်ပွားမှုနှုန်းမြင့်မားလာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း ကင်ဆာရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုကိုလေ့လာရာတွင်လည်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ၇၀၀၀ ဦး၊ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ၅၇၀၀ ဦး ကုသမှု ခံယူခဲ့ရကြောင်း၊ တပ်မတော်ပိုင်းတွင်လည်း ကင်ဆာရောဂါဖြင့် ဆေးဝါးကုသမှုများ ခံယူနေရသူတပ်မတော်သားများရှိပြီး ၂၀၁၇ ခုနှစ်တွင် ၅၁၃ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၅၄၅ ဦး၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ ၆၆၅ ဦးဖြစ်သဖြင့် နှစ်စဉ်ရောဂါဖြစ်ပွားနှုန်းတိုးမြင့် လာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့အတူ မှီခိုသူနှင့် မိသားစုများတွင်လည်း ကင်ဆာရောဂါဖြစ်ပွားနှုန်း မြင့်မားလာလျက်ရှိကြောင်း၊ ယခု ကင်ဆာရောဂါစမ်းသပ်ကုသသည့် ခေတ်မီစက်ကိရိယာများကို တန်ဖိုးကြီးမားစွာ အကုန်အကျခံတပ်ဆင်ခဲ့ခြင်းဖြစ်သဖြင့် ထိထိရောက်ရောက်ကျွမ်းကျင်စွာ အသုံးချ တတ်ရန်နှင့် ရေရှည်အတွက် ထိန်းသိမ်းကြရန်လိုအပ်ကြောင်း၊ ယခုကင်ဆာရောဂါ စမ်းသပ်ကုသသည့် ခေတ်မီ စက်ကိရိယာ များကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၈ ရက်တွင် စတင်တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ လေးလတာ ကာလအတွင်း အမျိုးမျိုးသော ကင်ဆာရောဂါဝေဒနာရှင် ၈၀ ဦးကို ရောဂါရှာဖွေကုသခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။

မြန်မာနိုင်ငံရှိ ပျှမ်းမျှလူ့သက်တမ်းမှာ ၆၆ နှစ်ဖြစ်ပြီး ဂျပန်နိုင်ငံ၏ ပျမ်းမျှ သက်တမ်း မှာ ၈၆ နှစ်ဖြစ်သဖြင့် နှစ် ၂၀ ကွာဟလျက်ရှိကြောင်း၊ အချို့သော နေရာဒေသများတွင် လူနေမှုအခြေအနေများအရ ယခုထက်ပင် ပိုမိုဆိုးရွားလျက်ရှိကြောင်း၊ ဆေးဝါးကုသသည့် ခေတ်မီစက်ကိရိယာများ မည်သို့ပင် ဆောင်ရွက်ပေးစေကာမှု မိမိတို့ တစ်ဦးချင်းစီ၏ ကျန်းမာရေး အသိပညာ၊ ဗဟုသုတနှင့် အညီနေထိုင်စားသောက်မှုမရှိပါက အချည်းနှီးပင်ဖြစ်သောကြောင့် ကိုယ်စီအသိစိတ်ဖြင့် ကျန်းမာရေးနှင့်ညီညွတ်အောင် ကြိုတင်ကာကွယ် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကာကွယ်တားဆီးထိန်းသိမ်းသည့် အပိုင်းတွင်လည်း ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များ ဥပမာအားဖြင့် ဆိုးဆေးများနှင့် အရည်အသွေးနိမ့် စားအုန်းဆီ ကဲ့သို့သော ဘေးဖြစ်စေသည့် စားကုန်ပစ္စည်းများကို ထိထိရောက်ရောက် တားဆီးကာကွယ်ကြ ရမည်ဖြစ်ကြောင်း၊ တပ်မတော်ပိုင်းတွင်သာမက မိမိလက်လှမ်းမီသည့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းများ သို့လည်း ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ မျှဝေကြရမည်ဖြစ်ကြောင်း၊ စက်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတက်ရန်လိုအပ်ပြီး ချို့ယွင်းမှု ဖြစ်ပွားပါက လူနာအတွက် ပေးဆပ်မှု ကြီးမားနိုင်သဖြင့် အသေးအမွှားကအစ ကြိုတင် စစ်ဆေး ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ အဆင့်မြင့်ရောဂါ ရှာဖွေရေးနှင့် ကင်ဆာရောဂါကုသဆောင်ကို အောင်မြင်စွာဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ခဲ့ကြသည့် တာဝန်ရှိသူအသီးသီးတို့အား အသိအမှတ်ပြုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဆေးရုံအုပ်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် ကင်ဆာ ရောဂါကုသဆောင်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင် ပေးအပ်ခဲ့သည်။

(Zawgyi Version)

ရန္ကုန္ၿမိဳ႕၊ တပ္မေတာ္ေဆး႐ုံတြင္ အဆင့္ျမင့္ေရာဂါရွာေဖြေရးႏွင့္ ကင္ဆာေရာဂါ ကုသေဆာင္ ဖြင့္လွစ္

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၃

က်န္းမာျခင္းသည္ လာဘ္တစ္ပါးျဖစ္ၿပီး သက္ရွည္က်န္းမာသည့္ဘ၀ကုိ ပုိင္ဆုိင္ရန္ လူတုိင္းဆႏၵရွိၾကေၾကာင္း၊ ေဆး၀ါးကုသသည့္ ေခတ္မီစက္ကိရိယာမ်ား မည္သုိ႕ပင္ ေဆာင္ရြက္ေပးေစကာမႈ မိမိတုိ႕ တစ္ဦးခ်င္းစီ၏ က်န္းမာေရး အသိပညာ၊ ဗဟုသုတႏွင့္ အညီေနထုိင္စားေသာက္မႈမရွိပါက အခ်ည္းႏွီးပင္ျဖစ္ေသာေၾကာင့္ ကုိယ္စီအသိစိတ္ျဖင့္ က်န္းမာေရးႏွင့္ညီၫြတ္ေအာင္ ႀကိဳတင္ကာကြယ္ေနထုိင္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႕ေန႕လယ္ပုိင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံ၊ အဆင့္ျမင့္ေရာဂါရွာေဖြေရးႏွင့္ ကင္ဆာေရာဂါကုသေဆာင္ (၃)ထပ္ေဆာင္ ဖြင့္ပြဲ အခမ္းအနားတြင္ အမွာစကားေျပာၾကားရာ၌ထည့္သြင္း ေျပာၾကားသည္။

အဆုိပါ အဆင့္ျမင့္ေရာဂါရွာေဖြေရးႏွင့္ ကင္ဆာေရာဂါကုသေဆာင္ဖြင့္ပြဲ အခမ္းအနားသုိ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္းႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ ရန္ကုန္တပ္နယ္အတြင္းရွိ တပ္မေတာ္ ေဆးရုံမ်ားမွ တပ္မွဴးမ်ား၊ ပါရဂူမ်ားႏွင့္ ေဆးပညာကုိ စိတ္ပါ၀င္စားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္္ အဖြဲ႕၀င္မ်ားသည္ အဆုိပါေဆး႐ုံရွိ အဆင့္ျမင့္ေရာဂါရွာေဖြေရးႏွင့္ ကင္ဆာေရာဂါကုသေဆာင္ဖြင့္ပြဲ ျပဳလုပ္မည့္ေနရာသုိ႕ ေရာက္ရွိၾကရာ ေဆး႐ုံအုပ္ႀကီး၊ ဆရာ၀န္ႀကီးမ်ားႏွင့္ ပါရဂူႀကီးမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အဆင့္ျမင့္ ေရာဂါရွာေဖြေရးႏွင့္ ကင္ဆာေရာဂါကုသေဆာင္ ဆုိင္းဘုတ္အား စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးၿပီး အထိမ္းအမွတ္ ကမၸည္းေမာ္ကြန္းအား အေမႊးနံ႕သာရည္မ်ားျဖင့္ ျဖန္းပက္ေပးသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ အဆင့္ျမင့္ေရာဂါရွာေဖြေရးႏွင့္ ကင္ဆာေရာဂါကုသေဆာင္အတြင္း လွည့္လည္ ၾကည့္႐ႈရာ ေဆး႐ုံအုပ္ႀကီးႏွင့္ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသၾကၿပီး ေဆး႐ုံအစည္းအေ၀းခန္းမတြင္ ေဆး႐ုံအုပ္ႀကီးက ကင္ဆာေရာဂါျဖစ္ပြားမႈအေျခအေနမ်ား၊ ေဆးကုသမႈဆုိင္ရာမ်ားႏွင့္ ပတ္သက္၍ ရွင္းလင္းတင္ျပသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ကင္ဆာေရာဂါသည္ ကုသရန္ ခက္ခဲသည့္ ေရာဂါဟု နားလည္သိရွိထားၿပီး ယခုကဲ့သုိ႕ အဆင့္ျမင့္ေရာဂါရွာေဖြေရးႏွင့္ ကင္ဆာေရာဂါ ကုသေဆာင္ ဖြင့္လွစ္ႏုိင္ခဲ့သည့္အတြက္ တပ္မေတာ္ႏွင့္ တပ္မေတာ္ေဆးတပ္ဖြဲ႕အတြက္ ဂုဏ္ယူ ၀မ္းေျမာက္ဖြယ္တစ္ခုပင္ ျဖစ္ေၾကာင္း၊ ယခုေဆးရုံႀကီးသည္ တပ္မေတာ္သားမ်ားအျပင္ အရပ္သား ျပည္သူမ်ားကုိပါ ေဆး၀ါးကုသမႈမ်ား ေဆာင္ရြက္ေပးလ်က္ရွိေသာေၾကာင့္ ေဆး႐ုံကုိအဆင့္ျမႇင့္တင္ၿပီး ကင္ဆာေရာဂါ စမ္းသပ္ကုသသည့္ ေခတ္မီစက္ကိရိယာမ်ား တပ္ဆင္ေပးႏုိင္ခဲ့သည့္အတြက္ က်န္းမာေရး က႑ကုိ ပုိမုိအက်ဳိးျပဳႏုိင္မည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ဆက္လက္ၿပီး ကင္ဆာေရာဂါျဖစ္ပြားမႈအေနျဖင့္ ၂၀၁၈ ခုႏွစ္တြင္ ၆၇၅၅၄ ဦးရွိၿပီး ၂၀၁၄ ခုႏွစ္တြင္ ၄၉၃၀၀ ဦး သာရွိသည့္အတြက္ ေရာဂါ ျဖစ္ပြားမႈႏႈန္းျမင့္မားလာသည္ကုိ ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ ၂၀၁၈ ခုႏွစ္အတြင္း ကင္ဆာေရာဂါျဖင့္ ေဆး႐ုံတက္ေရာက္ကုသမႈကုိေလ့လာရာတြင္လည္း ရန္ကုန္ျပည္သူ႕ ေဆး႐ုံႀကီးတြင္ ၇၀၀၀ ဦး၊ မႏၲေလးျပည္သူ႕ေဆး႐ုံႀကီးတြင္ ၅၇၀၀ ဦး ကုသမႈ ခံယူခဲ့ရေၾကာင္း၊ တပ္မေတာ္ပုိင္းတြင္လည္း ကင္ဆာေရာဂါျဖင့္ ေဆး၀ါးကုသမႈမ်ား ခံယူေနရသူတပ္္မေတာ္သားမ်ားရွိၿပီး ၂၀၁၇ ခုႏွစ္တြင္ ၅၁၃ ဦး၊ ၂၀၁၈ ခုႏွစ္တြင္ ၅၄၅ ဦး၊ ၂၀၁၉ ခုႏွစ္ ႏုိ၀င္ဘာလအထိ ၆၆၅ ဦးျဖစ္သျဖင့္ ႏွစ္စဥ္ေရာဂါျဖစ္ပြားႏႈန္းတုိးျမင့္ လာသည္ကုိ ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ ထုိ႕အတူ မွီခုိသူႏွင့္ မိသားစုမ်ားတြင္လည္း ကင္ဆာေရာဂါျဖစ္ပြားႏႈန္း ျမင့္မားလာလ်က္ရွိေၾကာင္း၊ ယခု ကင္ဆာေရာဂါစမ္းသပ္ကုသသည့္ ေခတ္မီစက္ကိရိယာမ်ားကုိ တန္ဖုိးႀကီးမားစြာ အကုန္အက်ခံတပ္ဆင္ခဲ့ျခင္းျဖစ္သျဖင့္ ထိထိေရာက္ေရာက္ကြၽမ္းက်င္စြာ အသုံးခ် တတ္ရန္ႏွင့္ ေရရွည္အတြက္ ထိန္းသိမ္းၾကရန္လုိအပ္ေၾကာင္း၊ ယခုကင္ဆာေရာဂါ စမ္းသပ္ကုသသည့္ ေခတ္မီ စက္ကိရိယာ မ်ားကုိ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၈ ရက္တြင္ စတင္တပ္ဆင္ခဲ့ျခင္းျဖစ္ၿပီး ယေန႕အထိ ေလးလတာ ကာလအတြင္း အမ်ဳိးမ်ဳိးေသာ ကင္ဆာေရာဂါေ၀ဒနာရွင္ ၈၀ ဦးကုိ ေရာဂါရွာေဖြကုသျခင္းမ်ား ေဆာင္ရြက္ေပးႏုိင္ခဲ့ေၾကာင္း။

ျမန္မာႏုိင္ငံရွိ ပွ်မ္းမွ်လူ႕သက္တမ္းမွာ ၆၆ ႏွစ္ျဖစ္ၿပီး ဂ်ပန္ႏုိင္ငံ၏ ပ်မ္းမွ် သက္တမ္း မွာ ၈၆ ႏွစ္္ျဖစ္သျဖင့္ ႏွစ္ ၂၀ ကြာဟလ်က္ရွိေၾကာင္း၊ အခ်ဳိ႕ေသာ ေနရာေဒသမ်ားတြင္ လူေနမႈအေျခအေနမ်ားအရ ယခုထက္ပင္ ပုိမုိဆုိး႐ြားလ်က္ရွိေၾကာင္း၊ ေဆး၀ါးကုသသည့္ ေခတ္မီစက္ကိရိယာမ်ား မည္သုိ႕ပင္ ေဆာင္ရြက္ေပးေစကာမႈ မိမိတုိ႕ တစ္ဦးခ်င္းစီ၏ က်န္းမာေရး အသိပညာ၊ ဗဟုသုတႏွင့္ အညီေနထုိင္စားေသာက္မႈမရွိပါက အခ်ည္းႏွီးပင္ျဖစ္ေသာေၾကာင့္ ကုိယ္စီအသိစိတ္ျဖင့္ က်န္းမာေရးႏွင့္ညီၫြတ္ေအာင္ ႀကိဳတင္ကာကြယ္ ေနထုိင္ၾကရမည္ျဖစ္ေၾကာင္း၊ ထုိ႕ေၾကာင့္ ကာကြယ္တားဆီးထိန္းသိမ္းသည့္ အပုိင္းတြင္လည္း က်န္းမာေရးႏွင့္ မညီၫြတ္သည့္ အစားအေသာက္မ်ား ဥပမာအားျဖင့္ ဆုိးေဆးမ်ားႏွင့္ အရည္အေသြးနိမ့္ စားအုန္းဆီ ကဲ့သုိ႕ေသာ ေဘးျဖစ္ေစသည့္ စားကုန္ပစၥည္းမ်ားကုိ ထိထိေရာက္ေရာက္ တားဆီးကာကြယ္ၾက ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ပုိင္းတြင္သာမက မိမိလက္လွမ္းမီသည့္ ပတ္၀န္းက်င္အသုိင္းအ၀ုိင္းမ်ား သုိ႕လည္း က်န္းမာေရးဆုိင္ရာ အသိပညာဗဟုသုတမ်ား မွ်ေ၀ၾကရမည္ျဖစ္ေၾကာင္း၊ စက္ကိရိယာမ်ားကုိ ကြၽမ္းက်င္စြာ ကုိင္တြယ္အသုံးျပဳတက္ရန္လုိအပ္ၿပီး ခ်ဳိ႕ယြင္းမႈ ျဖစ္ပြားပါက လူနာအတြက္ ေပးဆပ္မႈ ႀကီးမားႏုိင္သျဖင့္ အေသးအမႊားကအစ ႀကိဳတင္ စစ္ေဆး ထိန္းသိမ္းသြားၾကရမည္ျဖစ္ေၾကာင္းႏွင့္ ယခုကဲ့သုိ႕ အဆင့္ျမင့္ေရာဂါ ရွာေဖြေရးႏွင့္ ကင္ဆာေရာဂါကုသေဆာင္ကုိ ေအာင္ျမင္စြာဖြင့္လွစ္ႏုိင္ေရး ေဆာင္ရြက္ ခဲ့ၾကသည့္ တာ၀န္ရွိသူအသီးသီးတုိ႕အား အသိအမွတ္ျပဳပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ထုိ႕ေနာက္ ေဆး႐ုံအုပ္ႀကီးက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား အဆင့္ျမင့္ေရာဂါရွာေဖြေရးႏွင့္ ကင္ဆာ ေရာဂါကုသေဆာင္ဖြင့္ပြဲ အထိမ္းအမွတ္ အမွတ္တရလက္ေဆာင္ ေပးအပ္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။