တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၊ ဒီဇင်ဘာ ၂၃

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ရှိ ပြည်ထောင်စုခန်းမ၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါသင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ရန်ကုန်တပ်နယ်မှ အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များနှင့် သင်တန်း ဆင်းဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများ၏ မိဘဆွေမျိုးများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းဆင်းအရာရှိများအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်းအရာရှိများ၊ မိဘဆွေမျိုးများနှင့်အတူ ညစာသုံးဆောင်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲ၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများပေးအပ်သည်။

သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြဝတီ သဘင်ဆောင်၌ မြဝတီတေးဂီတနှင့် အငြိမ့်အဖွဲ့တို့၏ တေးသံသာများ၊ ယိမ်းအကများ၊ အငြိမ့်များဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှု အားပေးခဲ့ကြသည်။

(Zawgyi Version)
တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)၊ ဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္း သင္တန္းအမွတ္စဥ္(၆) သင္တန္းဆင္း ဂုဏ္ျပဳညစာစားပြဲအခမ္းအနားက်င္းပ
ေနျပည္ေတာ္ ၊ ဒီဇင္ဘာ ၂၃
တပ္မေတာ္(ၾကည္း)ဗိုလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)၊ ဘြဲ႕ရအမ်ိဳးသမီး ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၆) သင္တန္းဆင္းဂုဏ္ျပဳညစာစားပြဲအခမ္းအနားကို ယေန႔ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)ရွိ ျပည္ေထာင္စုခန္းမ၌က်င္းပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ခ်ီးျမႇင့္သည္။
အဆိုပါသင္တန္းဆင္း ဂုဏ္ျပဳညစာစားပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး၊ တပ္မေတာ္ (ၾကည္း) ဗိုလ္သင္တန္းေက်ာင္း ေက်ာင္းအုပ္ႀကီးႏွင့္ ရန္ကုန္တပ္နယ္မွ အရာရွိႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည့္ေတာ္မ်ားႏွင့္ သင္တန္း ဆင္းဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္းမ်ား၏ မိဘေဆြမ်ိဳးမ်ားတက္ေရာက္ၾကသည္။
ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သင္တန္းဆင္းအရာရွိမ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္သည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ သင္တန္းဆင္းအရာရွိမ်ား၊ မိဘေဆြမ်ိဳးမ်ားႏွင့္အတူ ညစာသုံးေဆာင္ၾကသည္။
ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း (ေမွာ္ဘီ)ဂုဏ္ျပဳစစ္တီးဝိုင္းတပ္ခြဲ၏ ဂုဏ္ျပဳတီးမႈတ္မႈအား ၾကည့္ရႈအားေပးၿပီး ခ်ီးျမႇင့္ေငြမ်ားေပးအပ္သည္။
သင္တန္းဆင္းဂုဏ္ျပဳညစာစားပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ျမဝတီ သဘင္ေဆာင္၌ ျမဝတီေတးဂီတႏွင့္ အၿငိမ့္အဖြဲ႕တို႔၏ ေတးသံသာမ်ား၊ ယိမ္းအကမ်ား၊ အၿငိမ့္မ်ားျဖင့္ ဂုဏ္ျပဳေဖ်ာ္ေျဖတင္ဆက္မႈမ်ားကို ၾကည့္ရႈ အားေပးခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။