တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘိုက ကျင်းပပေးသည့် ၂၀၁၉ ခုနှစ် ခရစ္စမတ်နေ့ အထိမ်းအမှတ်ဆုတောင်းပွဲနှင့် ဂုဏ်ပြုနေ့လည်စာစားပွဲသို့ တက်ရောက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘိုက ကျင်းပပေးသည့် ၂၀၁၉ ခုနှစ် ခရစ္စမတ်နေ့ အထိမ်းအမှတ်ဆုတောင်းပွဲနှင့် ဂုဏ်ပြုနေ့လည်စာစားပွဲသို့ တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၅

မိမိတို့ လူသားများကိုးကွယ်ဆည်းကပ်နေကြသည့် ဘာသာတရားတိုင်းသည် လူသားများအတွက် လောကီကောင်းကျိုး၊ လောကုတ္တရာကောင်းကျိုး၊ ငြိမ်းချမ်းမှုနှင့် မေတ္တာတရားများကိုသာ ညွှန်ပြနေသည်ကို တွေ့မြင်ရပါကြောင်း၊ လူသားတိုင်းက မှန်မှန်ကန်ကန် လိုက်နာကြမည်ဆိုပါက မိမိတို့ နေထိုင်သည့် ကမ္ဘာ၊ မိမိတို့နေထိုင်သည့် နိုင်ငံနှင့် လူ့အသိုက်အဝန်းသည် မေတ္တာနှင့်ယှဉ်သော နှလုံးသား၊ နားလည်သည်းခံ ခွင့်လွှတ်သော စိတ်ထားများနှင့် ငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းကြီးတစ်ခုအဖြစ် ရပ်တည်နိုင်မည်မှာ ဧကန်မလွဲဖြစ်ပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နေ့လည်ပိုင်းတွင် ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ကြီး ကာဒီနယ်ချားလ်စ်ဘို၏ ဖိတ်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင် မြို့နယ်၊ စိန့်မေရီကယ်သီဒြယ် ဘုရားရှိခိုးကျောင်းအနီးရှိ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၏ ကျောင်းတိုက်တွင် ပြုလုပ် သည့် ၂၀၁၉ ခုနှစ်၊ ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်းဆုတောင်းပွဲအခမ်းအနားသို့ တက်ရောက်၍ ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ စုပေါင်းဆုတောင်းပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ကက်သလစ်ဆရာတော်ကြီးများ၊ ရဟန်းတော်များ၊ ကတ်သလစ်သီလရှင် များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများတက်ရောက် ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ စိန့်မေရီကယ်သီဒြယ် ဘုရား ရှိခိုးကျောင်းသို့ ရောက်ရှိကြရာ ကက်သလစ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့် သင်းအုပ်ဆရာကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဘုရားရှိခိုးကျောင်း အစည်းအဝေးခန်းမတွင် ခရစ္စမတ်ဆုတောင်းပွဲကိုကျင်းပရာ ကျောက်တန်းမြို့၊ စိန့်မေရီ ကျောင်းမှ ကက်သလစ်လူငယ်အဖွဲ့က ခရစ္စမတ် ဃမေသူ သီချင်းများဖြင့် သီဆိုဖျော်ဖြေ ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခရစ္စမတ်အထိမ်းအမှတ် ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်သည်။ ယင်းနောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုက ခရစ္စမတ်သတင်းကောင်းနှင့် ဆုမွန်စကားပြောကြားရာတွင် ၂၀၁၉ ခုနှစ်၊ ခရစ္စမတ်ပွဲတော်နေ့ စုပေါင်းဆုတောင်းပွဲသို့ တက်ရောက်လာကြသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများ၊ မိသားစုဝင်များ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း၊ ယခုကဲ့သို့ မိသားစုစိတ်ဓာတ်အပြည့်အဝနှင့် တက်ရောက်လာကြပြီး သားသမီးညီအစ်ကို မောင်နှမများနှင့် အတူတကွ ပါဝင်တက်ရောက်ပေးသည့်အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ခရစ္စမတ်၏ အနှစ်သာရအနေဖြင့် လူသားတိုင်းအပေါ် ဘုရားရှင်၏ ကြီးမားလှသည့် ချစ်ခြင်းမေတ္တာကို မျှဝေပေးဝေပေးရန်၊ ပြသပေးရန်၊ ဘုရားရှင်ကိုယ်တိုင် လူ့ဇာတိကိုယူခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ခရစ္စမတ် ပွဲတော်ကာလတွင် တစ်ဦးနှင့်တစ်ဦး နြမမပ ဃ့မငျအာေျ ဟု နှုတ်ဆက်ခြင်းသည် တစ်ဦးပေါ်တစ်ဦး ချစ်ခြင်းမေတ္တာရှိခြင်းဆိုသည့် ခရစ္စမတ်အနှစ်သာရကို ဖော်ပြ ခြင်းသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ကြီးတွင် မှီတင်းနေထိုင်ကြသူတိုင်း ကောင်းချီး မင်္ဂလာတော်နှင့် ပြည့်ဝပြီး ထာဝရတည်တံ့သောငြိမ်းချမ်းခြင်း အမြန်ဆုံးတည်ဆောက်နိုင်ကြပါစေကြောင်းဖြင့် ခရစ္စမတ်ဆုတောင်းပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့သည့် ခရစ်ယာန်ဘာသာဝင်များ၏ ထူးကဲကြီးမြတ်သောနေ့ တစ်နေ့ ဖြစ်သကဲ့သို့ တပ်မတော်ခေါင်းဆောင်များအနေဖြင့်လည်း ယခုကဲ့သို့ ခရစ္စမတ်ပွဲတော်ကို အတူတကွဆင်နွဲခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်သည့်အတွက် သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ ခရစ်ယာန်ဘာသာဝင်များ အလေးအမြတ်ထား သည့် ခရစ္စမတ်နေ့အချိန်ကာလတွင် ခရစ်ယာန်ဘာသာဝင်များ အားလုံး၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးနှင့် ကမ္ဘာသူ၊ ကမ္ဘာသား အားလုံး မေတ္တာတရားဖြင့် ငြိမ်းချမ်းသာယာ ရှိကြပါစေကြောင်းဖြင့် ဆန္ဒပြုဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ဦးစွာပြောကြား သည်။

ဆက်လက်ပြီး မိမိတို့ ကမ္ဘာတွင် ကိုးကွယ်ရာဘာသာ အသီးသီးရှိကြပြီး ကိုးကွယ်မှု၊ ဆည်းကပ်မှုဆိုသည်မှာ ယုံကြည်မှု၊ လေးစားမှုနှင့် တန်ဖိုးထားမှုတို့ ပါဝင်ပါကြောင်း၊ ဘာသာတရားကို ကိုးကွယ်ဆည်းကပ်မှုသည် ပိုမိုလေးနက်မှုရှိပါကြောင်း၊ ယုံကြည်၊ လေးစား၊ တန်ဖိုးထားမှုများအပြင် ဘာသာတရား၏အဆုံးအမများကို လိုက်နာခြင်း၊ ကျင့်ကြံရမည်များကို ကျင့်ကြံခြင်းဆိုသည့် လက်တွေ့လုပ်ဆောင်မှုများ ပါဝင်မည် ဖြစ်ပါကြောင်း။

ဘာသာတရားတိုင်းသည် လူသားများအတွက် လောကီကောင်းကျိုး၊ လောကုတ္တရာ ကောင်းကျိုး၊ ငြိမ်းချမ်းမှုနှင့် မေတ္တာတရားများကိုသာ ညွှန်ပြနေသည်ကို တွေ့မြင်ရပါ ကြောင်း၊ ညွှန်ပြနေသည်များကို လူသားတိုင်းက မှန်မှန်ကန်ကန် လိုက်နာကြမည်ဆိုပါက မိမိတို့ နေထိုင်သည့်ကမ္ဘာ၊ မိမိတို့နေထိုင်သည့်နိုင်ငံနှင့် လူ့အသိုက်အဝန်းသည် မေတ္တာနှင့်ယှဉ်သော နှလုံးသား၊ နားလည်သည်းခံခွင့်လွှတ်သော စိတ်ထားများနှင့် ငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းကြီးတစ်ခုအဖြစ် ရပ်တည်နိုင်မည်မှာ ဧကန်မလွဲ ဖြစ်ပါကြောင်း။

မိမိတို့ မြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင် ၃.၂ သန်း ခန့်ရှိပြီး လူဦးရေ၏ ၆ ရာခိုင်နှုန်းခန့်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေအများစုကိုးကွယ်ရာ ဗုဒ္ဓဘာသာ နှင့်အတူ ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူနှင့် အခြားဘာသာဝင်များသည် နှစ်ပေါင်း များစွာကတည်းက အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် အမိနိုင်ငံတော် ကောင်းကျိုးကို ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ဘာသာတရား အသီးသီး၏ မွန်မြတ်သည့် အဆုံးအမများ အောက်တွင် ညီရင်းအကို၊ မောင်ရင်းနှမစိတ်ဓာတ် အစဉ်အလာကောင်းများနှင့် နေထိုင် လျက်ရှိကြပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၆၂ နှင့် ၃၆၃ တို့တွင် ဘာသာရေးလွတ်လပ်ခွင့်နှင့် ကူညီစောင့်ရှောက်မှုတို့အတွက် အာမခံပေးထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘာသာရေးကိုအသုံးချပြီး မိမိတို့ နိုင်ငံသူ၊ နိုင်ငံသား အချင်းချင်း စည်းလုံးမှုပြိုကွဲအောင် လုပ်ဆောင်နေမှုများကို မိမိတို့အားလုံး ဂရုပြုကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊

မိမိတို့ နိုင်ငံ၏ အဓိကလိုအပ်ချက်သည် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိရန်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင် နေကြသည့် ဘာသာတရားအားလုံးအနေဖြင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး ဆိုသည့် အခွင့်အရေးကို နိုင်ငံသူ၊ နိုင်ငံသားအားလုံးရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်းစသည်ဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ်လက်ဆောင်ပေးအပ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကျောင်းတိုက်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏အလှူငွေ ကျပ်သိန်း ၅၀ အား ပေးအပ် လှူဒါန်းသည်။

ယင်းနောက် တက်ရောက်လာကြသူများအား ခရစ္စမတ်လက်ဆောင်များ ပေးအပ်ပြီး ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ လက်ထောက်ဆရာတော်ကြီး ဂျွန်စောယောဟန်က ခရစ္စမတ်ဆုမွန်ကောင်းစကားပြောကြားပြီး ဆုတောင်းမေတ္တာပို့သ သည်။ ၎င်းင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများ သည် ခရစ္စမတ်ဂုဏ်ပြုနေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စိန့်မေရီကယ်သီဒြယ်ဘုရားရှိခိုးကျောင်းအတွင်းသို့ သွားရောက်လေ့လာကြည့်ရှုကြရာ ဂိုဏ်းချုပ်ဆရာတော်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကက္သလစ္ဂိုဏ္းခ်ဳပ္ ဆရာေတာ္ႀကီး ကာဒီနယ္ခ်ားလ္ဘိုက က်င္းပေပးသည့္ ၂၀၁၉ ခုႏွစ္ ခရစၥမတ္ေန႔ အထိမ္းအမွတ္ဆုေတာင္းပြဲႏွင့္ ဂုဏ္ျပဳေန႔လည္စာစားပြဲသို႔ တက္ေရာက္

ေနျပည္ေတာ္ ဒီဇင္ဘာ ၂၅

မိမိတို႔ လူသားမ်ားကိုးကြယ္ဆည္းကပ္ေနၾကသည့္ ဘာသာတရားတိုင္းသည္ လူသားမ်ားအတြက္ ေလာကီေကာင္းက်ိဳး၊ ေလာကုတၱရာေကာင္းက်ိဳး၊ ၿငိမ္းခ်မ္းမႈႏွင့္ ေမတၱာတရားမ်ားကိုသာ ၫႊန္ျပေနသည္ကို ေတြ႕ျမင္ရပါေၾကာင္း၊ လူသားတိုင္းက မွန္မွန္ကန္ကန္ လိုက္နာၾကမည္ဆိုပါက မိမိတို႔ ေနထိုင္သည့္ ကမာၻ၊ မိမိတို႔ေနထိုင္သည့္ ႏိုင္ငံႏွင့္ လူ႔အသိုက္အဝန္းသည္ ေမတၱာႏွင့္ယွဥ္ေသာ ႏွလုံးသား၊ နားလည္သည္းခံ ခြင့္လႊတ္ေသာ စိတ္ထားမ်ားႏွင့္ ၿငိမ္းခ်မ္းသာယာေသာ လူ႔အဖြဲ႕အစည္းႀကီးတစ္ခုအျဖစ္ ရပ္တည္ႏိုင္မည္မွာ ဧကန္မလြဲျဖစ္ပါေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔ေန႔လည္ပိုင္းတြင္ ကက္သလစ္ဂိုဏ္းခ်ဳပ္ ဆရာေတာ္ ႀကီး ကာဒီနယ္ခ်ားလ္စ္ဘို၏ ဖိတ္ၾကားခ်က္အရ ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တစ္ေထာင္ ၿမိဳ႕နယ္၊ စိန႔္ေမရီကယ္သီျဒယ္ ဘုရားရွိခိုးေက်ာင္းအနီးရွိ ရန္ကုန္ကက္သလစ္ဂိုဏ္းခ်ဳပ္ သာသနာ၊ ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီး ကာဒီနယ္ခ်ားလ္စ္ဘို၏ ေက်ာင္းတိုက္တြင္ ျပဳလုပ္ သည့္ ၂၀၁၉ ခုႏွစ္၊ ခရစၥမတ္ေန႔အထိမ္းအမွတ္ စုေပါင္းဆုေတာင္းပြဲအခမ္းအနားသို႔ တက္ေရာက္၍ ခရစၥမတ္ႏႈတ္ခြန္းဆက္စကားေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါ စုေပါင္းဆုေတာင္းပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အတူ ကာကြယ္ေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီး ခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ ရန္ကုန္ကက္သလစ္ဂိုဏ္းခ်ဳပ္ သာသနာ၊ ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီး ကာဒီနယ္ခ်ားလ္စ္ဘိုႏွင့္ ရန္ကုန္တိုင္းေဒသ ႀကီးအတြင္းရွိ ကက္သလစ္ဆရာေတာ္ႀကီးမ်ား၊ ရဟန္းေတာ္မ်ား၊ ကတ္သလစ္သီလရွင္ မ်ား၊ ကက္သလစ္လူငယ္အဖြဲ႕မ်ားႏွင့္ ခရစ္ယာန္ဘာသာဝင္ ရပ္မိရပ္ဖမ်ားတက္ေရာက္ ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ား စိန႔္ေမရီကယ္သီျဒယ္ ဘုရား ရွိခိုးေက်ာင္းသို႔ ေရာက္ရွိၾကရာ ကက္သလစ္ဆရာေတာ္ႀကီး ကာဒီနယ္ခ်ားလ္စ္ဘိုႏွင့္ သင္းအုပ္ဆရာႀကီးမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ ဘုရားရွိခိုးေက်ာင္း အစည္းအေဝးခန္းမတြင္ ခရစၥမတ္ဆုေတာင္းပြဲကိုက်င္းပရာ ေက်ာက္တန္းၿမိဳ႕၊ စိန႔္ေမရီ ေက်ာင္းမွ ကက္သလစ္လူငယ္အဖြဲ႕က ခရစၥမတ္ ဃေမသူ သီခ်င္းမ်ားျဖင့္ သီဆိုေဖ်ာ္ေျဖ ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ခရစၥမတ္အထိမ္းအမွတ္ ဂုဏ္ျပဳပန္းျခင္းႏွင့္ ဂုဏ္ျပဳဆုေငြမ်ားေပးအပ္သည္။ ယင္းေနာက္ ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီး ကာဒီနယ္ ခ်ားလ္စ္ဘိုက ခရစၥမတ္သတင္းေကာင္းႏွင့္ ဆုမြန္စကားေျပာၾကားရာတြင္ ၂၀၁၉ ခုႏွစ္၊ ခရစၥမတ္ပြဲေတာ္ေန႔ စုေပါင္းဆုေတာင္းပြဲသို႔ တက္ေရာက္လာၾကသည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ မိသားစုဝင္မ်ား မဂၤလာအေပါင္းႏွင့္ ျပည့္စုံပါေစေၾကာင္း၊ ယခုကဲ့သို႔ မိသားစုစိတ္ဓာတ္အျပည့္အဝႏွင့္ တက္ေရာက္လာၾကၿပီး သားသမီးညီအစ္ကို ေမာင္ႏွမမ်ားႏွင့္ အတူတကြ ပါဝင္တက္ေရာက္ေပးသည့္အတြက္ ဝမ္းသာပီတိျဖစ္ရပါေၾကာင္း၊ ခရစၥမတ္၏ အႏွစ္သာရအေနျဖင့္ လူသားတိုင္းအေပၚ ဘုရားရွင္၏ ႀကီးမားလွသည့္ ခ်စ္ျခင္းေမတၱာကို မွ်ေဝေပးေဝေပးရန္၊ ျပသေပးရန္၊ ဘုရားရွင္ကိုယ္တိုင္ လူ႔ဇာတိကိုယူခဲ့ျခင္းပင္ျဖစ္ေၾကာင္း၊ ခရစၥမတ္ ပြဲေတာ္ကာလတြင္ တစ္ဦးႏွင့္တစ္ဦး ျႏမမပ ဃ့မင်အာေ် ဟု ႏႈတ္ဆက္ျခင္းသည္ တစ္ဦးေပၚတစ္ဦး ခ်စ္ျခင္းေမတၱာရွိျခင္းဆိုသည့္ ခရစၥမတ္အႏွစ္သာရကို ေဖာ္ျပ ျခင္းသာ ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံေတာ္ႀကီးတြင္ မွီတင္းေနထိုင္ၾကသူတိုင္း ေကာင္းခ်ီး မဂၤလာေတာ္ႏွင့္ ျပည့္ဝၿပီး ထာဝရတည္တံ့ေသာၿငိမ္းခ်မ္းျခင္း အျမန္ဆုံးတည္ေဆာက္ႏိုင္ၾကပါေစေၾကာင္းျဖင့္ ခရစၥမတ္ဆုေတာင္းေပးသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ခရစၥမတ္ႏႈတ္ခြန္းဆက္စကား ေျပာၾကားရာတြင္ ယေန႔သည့္ ခရစ္ယာန္ဘာသာဝင္မ်ား၏ ထူးကဲႀကီးျမတ္ေသာေန႔ တစ္ေန႔ ျဖစ္သကဲ့သို႔ တပ္မေတာ္ေခါင္းေဆာင္မ်ားအေနျဖင့္လည္း ယခုကဲ့သို႔ ခရစၥမတ္ပြဲေတာ္ကို အတူတကြဆင္ႏြဲျခင္းသည္ ပထမဦးဆုံးအႀကိမ္ျဖစ္သည့္အတြက္ သမိုင္းဝင္ေန႔တစ္ေန႔ ျဖစ္ပါေၾကာင္း၊ ခရစ္ယာန္ဘာသာဝင္မ်ား အေလးအျမတ္ထား သည့္ ခရစၥမတ္ေန႔အခ်ိန္ကာလတြင္ ခရစ္ယာန္ဘာသာဝင္မ်ား အားလုံး၊ ျမန္မာႏိုင္ငံသူ၊ ႏိုင္ငံသားအားလုံးႏွင့္ ကမာၻသူ၊ ကမာၻသား အားလုံး ေမတၱာတရားျဖင့္ ၿငိမ္းခ်မ္းသာယာ ရွိၾကပါေစေၾကာင္းျဖင့္ ဆႏၵျပဳဆုေတာင္းေမတၱာပို႔သအပ္ပါေၾကာင္း ဦးစြာေျပာၾကား သည္။

ဆက္လက္ၿပီး မိမိတို႔ ကမာၻတြင္ ကိုးကြယ္ရာဘာသာ အသီးသီးရွိၾကၿပီး ကိုးကြယ္မႈ၊ ဆည္းကပ္မႈဆိုသည္မွာ ယုံၾကည္မႈ၊ ေလးစားမႈႏွင့္ တန္ဖိုးထားမႈတို႔ ပါဝင္ပါေၾကာင္း၊ ဘာသာတရားကို ကိုးကြယ္ဆည္းကပ္မႈသည္ ပိုမိုေလးနက္မႈရွိပါေၾကာင္း၊ ယုံၾကည္၊ ေလးစား၊ တန္ဖိုးထားမႈမ်ားအျပင္ ဘာသာတရား၏အဆုံးအမမ်ားကို လိုက္နာျခင္း၊ က်င့္ႀကံရမည္မ်ားကို က်င့္ႀကံျခင္းဆိုသည့္ လက္ေတြ႕လုပ္ေဆာင္မႈမ်ား ပါဝင္မည္ ျဖစ္ပါေၾကာင္း။

ဘာသာတရားတိုင္းသည္ လူသားမ်ားအတြက္ ေလာကီေကာင္းက်ိဳး၊ ေလာကုတၱရာ ေကာင္းက်ိဳး၊ ၿငိမ္းခ်မ္းမႈႏွင့္ ေမတၱာတရားမ်ားကိုသာ ၫႊန္ျပေနသည္ကို ေတြ႕ျမင္ရပါ ေၾကာင္း၊ ၫႊန္ျပေနသည္မ်ားကို လူသားတိုင္းက မွန္မွန္ကန္ကန္ လိုက္နာၾကမည္ဆိုပါက မိမိတို႔ ေနထိုင္သည့္ကမာၻ၊ မိမိတို႔ေနထိုင္သည့္ႏိုင္ငံႏွင့္ လူ႔အသိုက္အဝန္းသည္ ေမတၱာႏွင့္ယွဥ္ေသာ ႏွလုံးသား၊ နားလည္သည္းခံခြင့္လႊတ္ေသာ စိတ္ထားမ်ားႏွင့္ ၿငိမ္းခ်မ္းသာယာေသာ လူ႔အဖြဲ႕အစည္းႀကီးတစ္ခုအျဖစ္ ရပ္တည္ႏိုင္မည္မွာ ဧကန္မလြဲ ျဖစ္ပါေၾကာင္း။

မိမိတို႔ ျမန္မာႏိုင္ငံတြင္ ခရစ္ယာန္ဘာသာဝင္ ၃.၂ သန္း ခန႔္ရွိၿပီး လူဦးေရ၏ ၆ ရာခိုင္ႏႈန္းခန႔္ရွိပါေၾကာင္း၊ ျမန္မာႏိုင္ငံ၏ လူဦးေရအမ်ားစုကိုးကြယ္ရာ ဗုဒၶဘာသာ ႏွင့္အတူ ခရစ္ယာန္၊ မြတ္ဆလင္၊ ဟိႏၵဴႏွင့္ အျခားဘာသာဝင္မ်ားသည္ ႏွစ္ေပါင္း မ်ားစြာကတည္းက အခ်င္းခ်င္းစည္းလုံးညီၫြတ္စြာျဖင့္ အမိႏိုင္ငံေတာ္ ေကာင္းက်ိဳးကို ေဆာင္႐ြက္ခဲ့ၾကပါေၾကာင္း၊ ဘာသာတရား အသီးသီး၏ မြန္ျမတ္သည့္ အဆုံးအမမ်ား ေအာက္တြင္ ညီရင္းအကို၊ ေမာင္ရင္းႏွမစိတ္ဓာတ္ အစဥ္အလာေကာင္းမ်ားႏွင့္ ေနထိုင္ လ်က္ရွိၾကပါေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ ပုဒ္မ ၃၆၂ ႏွင့္ ၃၆၃ တို႔တြင္ ဘာသာေရးလြတ္လပ္ခြင့္ႏွင့္ ကူညီေစာင့္ေရွာက္မႈတို႔အတြက္ အာမခံေပးထားၿပီး ျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ ဘာသာေရးကိုအသုံးခ်ၿပီး မိမိတို႔ ႏိုင္ငံသူ၊ ႏိုင္ငံသား အခ်င္းခ်င္း စည္းလုံးမႈၿပိဳကြဲေအာင္ လုပ္ေဆာင္ေနမႈမ်ားကို မိမိတို႔အားလုံး ဂ႐ုျပဳၾကရန္ လိုအပ္မည္ျဖစ္ပါေၾကာင္း၊

မိမိတို႔ ႏိုင္ငံ၏ အဓိကလိုအပ္ခ်က္သည္ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းမႈရွိရန္ျဖစ္သည့္အတြက္ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ ေနၾကသည့္ ဘာသာတရားအားလုံးအေနျဖင့္ ၿငိမ္းခ်မ္းစြာအတူ ယွဥ္တြဲေနထိုင္ေရး ဆိုသည့္ အခြင့္အေရးကို ႏိုင္ငံသူ၊ ႏိုင္ငံသားအားလုံးရရွိေအာင္ ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္႐ြက္သြားၾကေစလိုေၾကာင္းစသည္ျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ကက္သလစ္ဂိုဏ္းခ်ဳပ္ ဆရာေတာ္ႀကီး ကာဒီနယ္ခ်ားလ္စ္ဘိုက ခရစၥမတ္လက္ေဆာင္ေပးအပ္ၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ရန္ကုန္ကက္သလစ္ဂိုဏ္းခ်ဳပ္ဆရာေတာ္ေက်ာင္းတိုက္အတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား၏အလႉေငြ က်ပ္သိန္း ၅၀ အား ေပးအပ္ လႉဒါန္းသည္။

ယင္းေနာက္ တက္ေရာက္လာၾကသူမ်ားအား ခရစၥမတ္လက္ေဆာင္မ်ား ေပးအပ္ၿပီး ရန္ကုန္ကက္သလစ္ဂိုဏ္းခ်ဳပ္ သာသနာ၊ လက္ေထာက္ဆရာေတာ္ႀကီး ဂြၽန္ေစာေယာဟန္က ခရစၥမတ္ဆုမြန္ေကာင္းစကားေျပာၾကားၿပီး ဆုေတာင္းေမတၱာပို႔သ သည္။ ၎င္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသူမ်ား သည္ ခရစၥမတ္ဂုဏ္ျပဳေန႔လည္စာကို အတူတကြသုံးေဆာင္ခဲ့ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စိန႔္ေမရီကယ္သီျဒယ္ဘုရားရွိခိုးေက်ာင္းအတြင္းသို႔ သြားေရာက္ေလ့လာၾကည့္ရႈၾကရာ ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီးႏွင့္ တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္းျပသခဲ့ၾကၿပီး အမွတ္တရ စုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။