တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၇)နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၄)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြား

နေပြည်တော် ၊ ဒီဇင်ဘာ – ၃၀

ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့် အမျိုးသားတပ်မတော် အတွက် လက်ရုံးရည်၊နှလုံးရည် ပြည့်ဝသည့် တပ်မတော်သူနာပြုများ၊ ဆေးဝါးကျွမ်းကျင် သူများနှင့် ဆေးဘက်ပညာသည်တွေကို လေ့ကျင့်မွေး ထုတ်ပေးရန် ဆိုသည့် တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏ ရည်ရွယ်ချက်နှင့်အညီ ကိုယ်ရည် ကိုယ်သွေးနှင့် ကျင့်ဝတ်သိက္ခာပြည့်စုံသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်ဆေးစစ်သည်များကို ဆေးဝန်ထမ်း တပ်ဖွဲ့အတွက် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိသည်နှင့်အညီ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၇)နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စိန်ဝင်းနှင့် ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ ရဲအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး နှင့် ရန်ကုန်တပ်နယ်မှအရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်းသူနာပြုများ၏ မိဘဆွေမျိုးများ တက် ရောက်ကြသည်။


အခမ်းအနားအစီအစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းတပ်ခွဲများ၏အလေးပြုခြင်းကိုခံယူပြီး သင်တန်းဆင်းတပ်ခွဲများကိုစစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား သင်တန်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၁၇)မှ အကောင်းဆုံးသင်တန်းသားဆု ရရှိသူ သင်တန်းသားအမှတ် ၃၈၉၄၊ သင်တန်းသား မျိုးထက်အောင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်း သားအမှတ် ၃၈၉၈၊ သင်တန်းသား မြတ်သူကျော်၊ စာပေထူးချွန်ဆုရရှိသူ သင်တန်းသားအမှတ် ၃၉၀၁၊ သင်တန်းသား သန့်ဟိန်းစိုး တို့အား ဆုများပေးအပ်ချီးမြှင့်သည်။


ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် တပ်မတော်အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၄)မှ အကောင်းဆုံးသင်တန်းသူဆုရရှိသူ သင် တန်းသူအမှတ် ၂၅၇၊ သင်တန်းသူ ကြည်ကြည်ငြိမ်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသူအမှတ် ၂၂၆၊ သင်တန်းသူ ခင်ဖြူနှင်း၊ စာပေထူးချွန်ဆုရရှိသူ သင်တန်းသူအမှတ် ၂၃၇၊ သင်တန်းသူ သန္တာအောင် တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်း သားများအား မိန့်ခွန်းပြောကြားရာ၌ သင်တန်းဆင်းသူနာပြု များအနေဖြင့် ဘွဲ့ကြိုသင်တန်း ၄ နှစ်တာကာလ အတွင်း စစ်ပညာပိုင်းတွင် တပ်စုမှူး အဆင့်အထိ၊ ဆေးပညာပိုင်းတွင် စစ်မြေပြင်သူနာပြုနှင့်ဆေးဘက်ဆိုင်ရာ အကာအကွယ် ပေးရေးလုပ်ငန်းများဆောင်ရွက်နိုင်သည်အထိ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီးဖြစ်၍ တာဝန်ကျရာ ဒေသအသီးသီးကို သွားရောက်တာဝန်ထမ်းဆောင်ကြသည့်နေရာတွင် သူနာပြုအဓိဋ္ဌာန် ကတိသစ္စာ ၉ ချက်ကို တည်ကြည်ဖြောင့်မတ်စွာ စောင့်ထိန်းပြီး တပ်မတော်နှင့်ပြည်သူအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို စေတနာ၊ မေတ္တာအရင်းခံဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း။

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏ သမိုင်းကိုပြန်ကြည့်ပါက စစ်သူနာပြုသင်တန်းတပ်ဆွယ် ကာလ၊ သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့အမျိုးသမီးဗိုလ်လောင်း သင်တန်းကာလနှင့် တပ်မတော်သူနာပြုတက္ကသိုလ် တည် ထောင်ဖွင့်လှစ်ချိန်ကာလများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရေးနှင့် ပြုစုကုသရေးတို့အတွက် အမျိုးသား၊ အမျိုးသမီး တပ်ဖွဲ့ဝင်များကို သူနာပြုများအဖြစ် လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများလုပ်ဆောင်ရာတွင် ဆရာဝန်၊ သူနာပြုများအရေးကြီးသကဲ့သို့ ဆေးဘက်ပညာအုပ် စုဖြစ်သည့် ဓာတ်ခွဲ၊ ဓာတ်မှန်၊ ကာယကုနှင့်ဆေးဝါးဗေဒပညာရှင် တို့သည်လည်း မရှိမဖြစ်အရေး ပါသည့်အတွက် ဆေးဝါးဖော်စပ်ခြင်း၊ ရောဂါရှာဖွေခြင်း နှင့်ပြန်လည် ထူထောင်ခြင်းဆိုသည့် ဆေးဘက် ပညာသည်များ လေ့ကျင့်မွေးထုတ်ပေး နိုင်ရန် ၂၀၀၂ခုနှစ်တွင် တပ်မတော် သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်ကို တိုးမြှင့် ဖွင့်လှစ်ခဲ့ပြီး ဆေးဝါးကျွမ်းကျင်သူ၊ ဓာတ်ခွဲကျွမ်းကျင်သူ၊ ဓာတ်မှန်ကျွမ်းကျင်သူနှင့် ကာယကုသမှုကျွမ်းကျင်သူများ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း။

သင်တန်းသားဘဝတွင် စာတွေ့လက်တွေ့လေ့လာသင်ယူခဲ့သည်များကို လက်တွေ့ ဘ၀ လုပ်ငန်းခွင်နယ်ပယ်တွင် အကျိုးရှိအောင် အသုံးချသွားရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အသုံးချရာတွင် ကျွမ်းကျင်လိမ္မာမှုမရှိပါက ဆုံးရှုံးမှုများနှင့်ကြုံတွေ့ရနိုင်မည်ဖြစ်သော ကြောင့် လေ့ကျင့်သားပြည့်ဝမှုရှိအောင် မိမိကိုယ်ကို အမြဲဖြည့်ဆည်းတည်ဆောက် နေရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအဖြစ် တာဝန်ကိုကျေပွန်စွာ သယ်ပိုးဆောင်ရွက်ခဲ့ကြသည့် သူနာပြုတပ်ဖွဲ့ ဝင်များသည် သူနာပြု၊ ကျွမ်းကျင်သူများအဆင့်မှသည် တွဲဖက်ပါမောက္ခအဆင့်၊ သူနာပြုအုပ်အဆင့်များအထိ ကျရာတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လျက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျန်းမာသန်စွမ်းပြီး အသိပညာ၊ အတတ် ပညာများနှင့်ပြည့်စုံသည့် နိုင်ငံသူ၊ နိုင်ငံသားများရှိမှသာလျင် နိုင်ငံ၏ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကိစ္စအ၀၀ကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တစ်နည်း အားဖြင့် နိုင်ငံတော်၏ကျန်းမာရေးအဆင့်အတန်းသည် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို ထင်ဟပ်ပြသနေခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းမြင့်မားရန် အတွက် ကျန်းမာရေးအသုံးစရိတ်ကို အကျိုးရှိရှိထိထိရောက်ရောက် သုံးစွဲရန်လိုသကဲ့သို့ ကျန်းမာရေးစနစ်သည်လည်း ကောင်းမွန်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးစနစ်တစ်ခု ကောင်းမွန်ရန်အတွက် ကျန်းမာရေးဆိုင်ရာ လူသား အရင်းအမြစ်ဖွံ့ဖြိုးရေး၊ ကျန်းမာရေး သတင်းအချက်အလက်စနစ်နှင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်များ နိုင်ငံတကာစံချိန် စံညွှန်းပြည့်မီစွာ ရှိနေရန်လိုအပ်ကြောင်း။

မိမိတို့တပ်မတော်က လေ့ကျင့်မွေးထုတ်ပေးလိုက်သည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် သူများသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် လူတစ်ဦး ချင်းစီသော်လည်းကောင်း၊ မိသားစုဝင်များနှင့် လူမှုအသိုင်းအဝိုင်းကိုသော်လည်းကောင်း ဘဝ၏အကောင်းဆုံးကျန်းမာရေးအရည်အသွေး (Quality of Life) ရရှိရန် ဆောင်ရွက်ပေးနိုင်ခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် မရှိမဖြစ်အရေးပါ သည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် သူနာပြုကောင်းတစ်ဦးဖြစ်ရန်အတွက် သူနာပြု စိတ်ဓာတ် (The Spirit of nursing) အပြည့်အဝရှိရန်၊ သူနာပြုကောင်းတစ်ဦးတွင်ရှိရမည့် အရည်အချင်းများနှင့်လည်း ပြည့်စုံနေရန် မိမိ၏အရည်အသွေးများ မြင့်မားသည်ထက် မြင့်မားအောင် အမြဲတမ်းကြိုးစားအားထုတ်သွားကြရန်လိုကြောင်း။

သူနာပြုများသည် ဝေဒနာခံစားနေရသည့်လူနာများ သက်သာစေရန် ဆောင်ရွက် ပေးခြင်း၊ ရောဂါဒဏ်ရာများ ပြုစုကုသရာတွင် အချိန်အနည်းဆုံးနှင့် ပျောက်ကင်းအောင် ဆောင်ရွက်ပေးခြင်း၊ လူနာများအပေါ် မိမိ၏ သွေးသားရင်းခြာကဲ့သို့ပြုစုပေးခြင်း၊ လူနာများ ကျန်းမာရေးဗဟုသုတပြည့်ဝစေရန် သင်ကြားလမ်းညွှန်ပေးခြင်း များကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ သူနာပြုတစ်ဦးအနေဖြင့် ကျန်းမာရေးပြုစုကုသမှုပေးရာတွင် ကျန်းမာရေးဆိုင်ရာပညာပေးသူ (Health Educator)၊ ဆွေးနွေးအကြံပြုသူ၊ ပြုစုစောင့်ရှောက်ပေးသည့်သူ စသည့်အသွင်သဏ္ဍန်မျိုးစုံဖြင့် ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများတွင် ပါဝင်နေကြခြင်းဖြစ်၍ သူနာပြု စိတ်ဓာတ်၏အခြေခံဖြစ်သည့် ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာဆိုသည့် နာ ၅ နာနှင့်အညီ လူနာများအပေါ် စေတနာမေတ္တာ ထား ပြုစုကုသပေးသွားကြရန် မှာကြားလိုကြောင်း။

တပ်မတော်သူနာပြုများသည် ဆေးရုံများတွင် ပြုစုကုသမှုတာဝန်များ ထမ်းဆောင် နေသကဲ့သို့ ရှေ့တန်းစစ် မြေပြင်အထိ လိုက်ပါပြီး စစ်မြေပြင်ဆေးအကာအကွယ်ပေးရေး လုပ်ငန်းများတွင်လည်း တိုက်ခိုက်ရေး တပ်ဖွဲ့များနှင့်အတူ တာဝန်ထမ်းဆောင်လျက်ရှိ နေကြကြောင်း၊ ထို့ကြောင့် တပ်မတော်၏ တိုက်စွမ်းရည်မြင့် မားရေးအတွက် အရေးကြီး သည့် အခန်းကဏ္ဍတွင် ပါဝင်သည်ဆိုခြင်းကို သိရှိနားလည်ထားရန်လိုကြောင်း၊ ရှေ့တန်းတာဝန်ထမ်းဆောင်စဉ်အတွင်း နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်စွန့် ခဲ့ရသူများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ စွန့်ခဲ့ရသူများရှိခဲ့ပြီး ထူးချွန်မှုများအတွက် ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ခံရသူများလည်း ပေါ်ထွန်းခဲ့သည်ကို အထင်အရှားတွေ့မြင် ရမည်ဖြစ်ကြောင်း။

ထို့ကြောင့် တာဝန်ကျရာဒေသအသီးသီးကို သွားရောက်တာဝန်ထမ်းဆောင်ကြတော့မည့် သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများသည် တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏ သူရ၊ ပညာ၊ ကျွမ်းကျင် ဆိုသည့် ဆောင်ပုဒ်ကိုလက်ကိုင်ပြုပြီး တပ်မတော်သားများ၊ မိသားစုဝင်များနှင့် တိုင်းရင်းသား ပြည်သူများကို ရောဂါရှာဖွေတားဆီးကာကွယ်ရေး၊ ပြုစုကုသရေး၊ ကျန်းမာရေးမြှင့်တင်ရေးနှင့် ပြန်လည် သန်စွမ်းရေး စသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မိမိတို့ တတ်စွမ်း သမျှသော သူနာပြုနှင့် ဆေးဘက်ဆိုင်ရာပညာရပ်များ အစွမ်းကုန်အသုံးချပြီး ပြုစုစောင့်ရှောက်ပေးသွားကြရန်လိုကြောင်း၊ ယနေ့ကာလတွင် နိုင်ငံတကာဖြစ်စဉ်ဖြစ်ရပ်များအရ ကမ္ဘာ့နိုင်ငံငယ်များ၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကို ကာကွယ်ရန်အတွက် ခေတ်မီတပ်မတော်တည်ဆောက်ရေးနှင့် တပ်မတော်အင်အား တောင့်တင်းရေးသည် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း၊ တပ်မတော်ပြိုကွဲသည်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများပါယိမ်းယိုင်သွားပြီး နိုင်ငံတော်၏လုံခြုံရေးလည်း ကျိုးပေါက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် လုံခြုံရေးကျိုးပေါက်သည်နှင့်ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့အတွက် အန္တရာယ်ရှိလာမည်ဖြစ်ကြောင်း။

ထို့ကြောင့် မိမိတို့တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ် ထားပြီး နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိရာတွင် နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်နိမိတ်နှင့်နိုင်ငံ အတွင်းတွင်ရှိသည့် သယံဇာတများကို ကာကွယ်စောင့်ရှောက်ပေးသည့်အပြင် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကိုလည်း စွန့်လွှတ်စွန့်စားစွာဖြင့် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော် လုံခြုံရေး ဆောင်ရွက်ရာတွင် အလွန်နက်နဲကျယ်ဝန်းသည်နှင့်အမျှ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သံတမန်ရေးဆိုင်ရာကိစ္စရပ်များ လွှမ်းခြုံပတ်သက်မှုများရှိလာပြီး နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ အယူအဆ များအရ ပြည်သူလူထုတစ်ဦးချင်းစီ၏ လုံခြုံရေး၊ တစ်နည်း အားဖြင့် လူသားလုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်လာသည်ကို လေ့လာ တွေ့ရှိရမည်ဖြစ်ကြောင်း။

လူသားလုံခြုံရေးကို ဆောင်ရွက်ရာတွင် စီးပွားရေးလုံခြုံမှု၊ အစားအသောက်လုံခြုံမှု၊ ကျန်းမာရေးလုံခြုံမှု၊ သဘာဝဘေးအန္တရာယ်လုံခြုံမှု၊ လူသားတစ်ဦးချင်းစီ၏လုံခြုံမှု၊ လူ့အဖွဲ့ အစည်း၏လုံခြုံမှုနှင့် နိုင်ငံရေးဆိုင်ရာ လုံခြုံမှုဆိုသည့် နယ်ပယ် ၇ ခုကို လုံခြုံအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထို့အပြင် သဘာဝပတ်ဝန်း ကျင်ပြောင်းလဲလာမှုကြောင့် ဆိုးရွားသည့်ရာသီဥတုနှင့်ဘေးအန္တရာယ်ကျရောက်မှုများသည် လူသားလုံခြုံရေး ကို ကြီးမားစွာထိခိုက်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်နေသည့်အတွက် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း အလေးထားလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝဘေး အန္တရာယ်ကြုံလာတိုင်း အလျင်မြန်ဆုံးနှင့်အထိရောက်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သူများ သည် တပ်မတော်သားများပင် ဖြစ်ကြောင်း၊ တပ်မတော်သည် စနစ်တကျစုဖွဲ့ထားသည့် အဖွဲ့အစည်းဖြစ်ခြင်း၊ စနစ်တကျ လေ့ကျင့်ထားခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့်အုပ်ချုပ်ထောက်ပံ့မှုစွမ်းရည်များ ပိုင်ဆိုင် ထားခြင်း၊ ကြီးကြပ်ကွပ်ကဲမှုနှင့်စီမံခန့်ခွဲမှုအတွေ့အကြုံများစွာရှိခြင်း၊ လုပ်ငန်း ဆောင်ရွက်ရန်အတွက် အချိန်တို အတွင်းအသင့်ဖြစ်ခြင်း၊ တညီတညွတ်တည်း စုပေါင်း ဆောင်ရွက်တတ်ခြင်း၊ စီမံချက်ရေးဆွဲပြီး ကြီးမား သည့်လုပ်ငန်းများကို ဆောင်ရွက် နိုင်ခြင်းတို့ကြောင့် ရုတ်တရက်ကျရောက်လာသည့် ဘေးအန္တရာယ်များကို ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်တိုအတွင်း အထိရောက်ဆုံးစွမ်းဆောင်နိုင်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း။

တာဝန်ကျရာဒေသအသီးသီးကို ရောက်ရှိတာဝန်ထမ်းဆောင်ချိန်တွင် သဘာ၀ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာရပါက မိမိတို့တတ်ကျွမ်းထားသည့် ဆေးပညာ ရပ်များကို အသုံးချပြီး ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်သွားကြရန် အလေးအနက် ထားမှာကြားလိုကြောင်း၊ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပေးသည့် နေရာတွင် မိမိတို့တပ်မတော်သားတိုင်း အလေးထား လိုက်နာကျင့်ကြံရသည့် ကျင့်ဝတ် ၆၀ အတွင်းမှ ပြည်သူလူထူအပေါ်ပြုကျင့်ရမည့်ကျင့်ဝတ် ၁၀ ပါးကို တိကျစွာ လိုက်နာ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် ပြုကျင့်ရမည့်ကျင့်ဝတ်များကို လိုက်နာကျင့်သုံးခြင်းသည် တပ်မတော်၏ တပ်ပြင်စည်းရုံးရေးဆောင်ရွက်မှုကို ပိုမို အောင်မြင်စေမည်ဖြစ်သကဲ့သို့ စစ်သားကောင်း တစ်ယောက်ပီသစွာနှင့် တပ်မတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။


ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် သင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်း အနားမှပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်ဆေးတက္ကသိုလ်၊ ပင်မဆောင်ရှိ ဧည့်ခန်းမဆောင်၌ သူနာပြုနှင့်ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၁၇)မှ ထူးချွန်ဆု ရရှိခဲ့ကြသည့် သင်တန်းသားများနှင့်၎င်းင်းတို့ ၏မိဘများ၊ အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၄)မှ ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသူများနှင့် ၎င်းင်းတို့၏မိဘများအား တွေ့ဆုံ၍ဂုဏ်ပြုအမှာ စကားပြောကြားသည်။


ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အကောင်းဆုံးဆုများရရှိပြီး ထူးချွန်စွာသင်တန်း ဆင်းခဲ့ကြသည့်အတွက် တပ်မတော်အကြီးအကဲတစ်ဦးအနေဖြင့် ဝမ်းသာဂုဏ်ယူကြောင်းနှင့် မိဘများ အနေဖြင့်လည်း သာမာန်တောင်သူနှင့် နိုင်ငံ့ဝန်ထမ်း များဖြစ်၍ ပိုမိုဝမ်းသာဂုဏ်ယူကြမည်ဖြစ်ပါကြောင်း၊ စုပေါင်းအားကောင်းမွန်မှုသည် အဖွဲ့အစည်းကို တိုးတက်အောင်မြင်စေမည်ဖြစ်ပြီး အဖွဲ့အစည်းအားလုံး ကောင်းမွန် နေပါက တိုင်းပြည်သည်လည်း တိုးတက်ကောင်းမွန်စေမည်ဖြစ်ပါကြောင်း၊ သူနာပြု များသည် ထူးခြားသည့်ပညာသည်အုပ်စုဖြစ်သဖြင့် သင်တန်းဆင်းပြီးနောက် သတ်မှတ် ထားသည့်အချိန်ကာလနှင့် သင်တန်းများ ဆက်လက်တက်ရောက်ပြီးပါက ပြန်တမ်းဝင် အရာရှိများ ဖြစ်လာကြမည်ဖြစ်ကြောင်း၊ ဦးစီး အရာရှိ၏တာဝန်သည် ပိုမို လေးနက်ပြီး တာဝန်ကြီးလေးမည်ဖြစ်သောကြောင့် မိမိကိုယ်ပိုင် စဉ်းစားတွေးခေါ်မှု၊ အတွေ့အကြုံ၊ အသိပညာနှင့် အတတ်ပညာတို့ကို ပေါင်းစပ်ပြီး ထိန်းထိန်းသိမ်းသိမ်း နေထိုင်သွား ကြရမည်ဖြစ်ကြောင်း၊ ၄ နှစ်တာကာလလုံး စာတွေ့၊ လက်တွေ့၊ စိတ်ဓာတ် စည်းကမ်းကောင်းမွန်စွာဖြင့် အမြဲမပြတ်ကြိုးစားအားထုတ်ခဲ့သောကြောင့် သင်တန်းဆင်း မှတ်ချက်ကောင်းမွန်စွာအောင်မြင်ခဲ့ခြင်းဖြစ်ပြီး မိမိတို့ ဘဝတစ်လျှောက်လုံး ယခုကဲ့သို့ ကောင်းမွန်သည့် အလေ့အကျင့်များကို ဆက်လက်ထိန်းသိမ်း သွားကြရမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်မှုသည် ဘဝကိုအောင်မြင်အောင် တွန်းအားပေး သည့် အခြေခံအချက်ပင် ဖြစ်ပြီး စည်းကမ်းစနစ်တကျဖြင့် ပေးအပ်လာသည့် အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ စေတနာထားလုပ်ဆောင်ခြင်းဖြင့် အကျိုးခံစားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ကို လူလားမြောက် အောင်ကျွေးမွေးပြုစုပျိုးထောင်ပေးခဲ့သည့် မိဘများ၏ကျေးဇူးကို မိဘများ ၏စကားနားထောင်ခြင်း၊ မိဘများ၏လိုအပ်ချက်ကို တတ်စွမ်းသရွေ့ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းတို့ဖြင့် ကျေးဇူးဆပ်ရာရောက်ပြီး သတ်မှတ်ထားသည့် ကျင့်ဝတ် စည်းကမ်းများကို လိုက်နာစောင့်ထိန်းခြင်းပြီး စည်းကမ်း စနစ်တကျ နေထိုင်ခြင်းဖြင့်လည်း နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိခြင်းပင်ဖြစ်ကြောင်း၊ မိမိကိုယ်ကို၊ မိမိ အလုပ်ကို၊ မိမိတပ်မတော်နှင့် တိုင်းပြည်အပေါ် သစ္စာရှိစွာဖြင့် မိမိအလုပ်ကို မှန်မှန် ကန်ကန်တာဝန်ကျေစွာလုပ်ဆောင်၍ မိမိတို့၏ရည်မှန်းချက်ကို အောင်မြင်အောင် မိမိကိုယ်ကိုစောင့်ထိန်းပြီး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ဂုဏ်ပြု အမှာစကား ပြောကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသိုလ္၊ သူနာျပဳႏွင့္ေဆးဘက္ပညာ သိပၸံဘြဲ႕သင္တန္းအမွတ္စဥ္ (၁၇)ႏွင့္ အမ်ိဳးသမီးသူနာျပဳႏွင့္ေဆးဘက္ပညာသိပၸံဘြဲ႕သင္တန္းအမွတ္စဥ္ (၄) သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပ အခမ္း အနားက်င္းပ

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ – ၃၀

ဒို႔တာဝန္အေရးသုံးပါးကို ကာကြယ္ေစာင့္ေရွာက္မည့္ အမ်ိဳးသားတပ္မေတာ္ အတြက္ လက္႐ုံးရည္၊ႏွလုံးရည္ ျပည့္ဝသည့္ တပ္မေတာ္သူနာျပဳမ်ား၊ ေဆးဝါးကြၽမ္းက်င္ သူမ်ားႏွင့္ ေဆးဘက္ပညာသည္ေတြကို ေလ့က်င့္ေမြး ထုတ္ေပးရန္ ဆိုသည့္ တပ္မေတာ္ သူနာျပဳႏွင့္ေဆးဘက္ပညာတကၠသိုလ္၏ ရည္႐ြယ္ခ်က္ႏွင့္အညီ ကိုယ္ရည္ ကိုယ္ေသြးႏွင့္ က်င့္ဝတ္သိကၡာျပည့္စုံသည့္ သူနာျပဳမ်ား၊ ေဆးဝါးကြၽမ္းက်င္ေဆးစစ္သည္မ်ားကို ေဆးဝန္ထမ္း တပ္ဖြဲ႕အတြက္ ေလ့က်င့္ေမြးထုတ္ေပးလ်က္ရွိသည္ႏွင့္အညီ တပ္မေတာ္ သူနာျပဳႏွင့္ ေဆးဘက္ပညာ သိပၸံဘြဲ႕သင္တန္းအမွတ္စဥ္(၁၇)ႏွင့္ အမ်ိဳးသမီးသူနာျပဳႏွင့္ေဆးဘက္ပညာ သိပၸံဘြဲ႕သင္တန္း အမွတ္စဥ္(၄)သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနားကို ယေန႔ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ တပ္မေတာ္ေဆးတကၠသိုလ္စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ တက္ေရာက္မိန႔္ခြန္း ေျပာၾကားသည္။

အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ စိန္ဝင္းႏွင့္ ဇနီး၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး သီရိပ်ံခ်ီ ရဲေအာင္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး၊ တပ္မေတာ္သူနာျပဳႏွင့္ေဆးဘက္ပညာ တကၠသိုလ္ေက်ာင္းအုပ္ႀကီး ႏွင့္ ရန္ကုန္တပ္နယ္မွအရာရွိႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ားႏွင့္ သင္တန္းဆင္းသူနာျပဳမ်ား၏ မိဘေဆြမ်ိဳးမ်ား တက္ ေရာက္ၾကသည္။
အခမ္းအနားအစီအစဥ္အရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က သင္တန္းတပ္ခြဲမ်ား၏အေလးျပဳျခင္းကိုခံယူၿပီး သင္တန္းဆင္းတပ္ခြဲမ်ားကိုစစ္ေဆးသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္အား သင္တန္းတပ္ခြဲမ်ားက အေႏွးေလွ်ာက္၊ အျမန္ေလွ်ာက္တို႔ျဖင့္ ခ်ီတက္အေလးျပဳၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသိုလ္၊ တပ္မေတာ္သူနာျပဳႏွင့္ေဆးဘက္ပညာသိပၸံဘြဲ႕ သင္တန္း အမွတ္စဥ္(၁၇)မွ အေကာင္းဆုံးသင္တန္းသားဆု ရရွိသူ သင္တန္းသားအမွတ္ ၃၈၉၄၊ သင္တန္းသား မ်ိဳးထက္ေအာင္၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရွိသူ သင္တန္း သားအမွတ္ ၃၈၉၈၊ သင္တန္းသား ျမတ္သူေက်ာ္၊ စာေပထူးခြၽန္ဆုရရွိသူ သင္တန္းသားအမွတ္ ၃၉၀၁၊ သင္တန္းသား သန႔္ဟိန္းစိုး တို႔အား ဆုမ်ားေပးအပ္ခ်ီးျမႇင့္သည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသိုလ္ တပ္မေတာ္အမ်ိဳးသမီးသူနာျပဳႏွင့္ေဆးဘက္ပညာသိပၸံဘြဲ႕ သင္တန္းအမွတ္စဥ္(၄)မွ အေကာင္းဆုံးသင္တန္းသူဆုရရွိသူ သင္ တန္းသူအမွတ္ ၂၅၇၊ သင္တန္းသူ ၾကည္ၾကည္ၿငိမ္း၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရွိသူ သင္တန္းသူအမွတ္ ၂၂၆၊ သင္တန္းသူ ခင္ျဖဴႏွင္း၊ စာေပထူးခြၽန္ဆုရရွိသူ သင္တန္းသူအမွတ္ ၂၃၇၊ သင္တန္းသူ သႏၲာေအာင္ တို႔အား ဆုမ်ားေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က သင္တန္း သားမ်ားအား မိန႔္ခြန္းေျပာၾကားရာ၌ သင္တန္းဆင္းသူနာျပဳ မ်ားအေနျဖင့္ ဘြဲ႕ႀကိဳသင္တန္း ၄ ႏွစ္တာကာလ အတြင္း စစ္ပညာပိုင္းတြင္ တပ္စုမႉး အဆင့္အထိ၊ ေဆးပညာပိုင္းတြင္ စစ္ေျမျပင္သူနာျပဳႏွင့္ေဆးဘက္ဆိုင္ရာ အကာအကြယ္ ေပးေရးလုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္သည္အထိ စာေတြ႕လက္ေတြ႕ သင္ၾကားေပးခဲ့ၿပီးျဖစ္၍ တာဝန္က်ရာ ေဒသအသီးသီးကို သြားေရာက္တာဝန္ထမ္းေဆာင္ၾကသည့္ေနရာတြင္ သူနာျပဳအဓိ႒ာန္ ကတိသစၥာ ၉ ခ်က္ကို တည္ၾကည္ေျဖာင့္မတ္စြာ ေစာင့္ထိန္းၿပီး တပ္မေတာ္ႏွင့္ျပည္သူအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို ေစတနာ၊ ေမတၱာအရင္းခံျဖင့္ ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း။

တပ္မေတာ္သူနာျပဳႏွင့္ေဆးဘက္ပညာတကၠသိုလ္၏ သမိုင္းကိုျပန္ၾကည့္ပါက စစ္သူနာျပဳသင္တန္းတပ္ဆြယ္ ကာလ၊ သူနာျပဳႏွင့္ေဆးဘက္ပညာသိပၸံဘြဲ႕အမ်ိဳးသမီးဗိုလ္ေလာင္း သင္တန္းကာလႏွင့္ တပ္မေတာ္သူနာျပဳတကၠသိုလ္ တည္ ေထာင္ဖြင့္လွစ္ခ်ိန္ကာလမ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္မႈေပးေရးႏွင့္ ျပဳစုကုသေရးတို႔အတြက္ အမ်ိဳးသား၊ အမ်ိဳးသမီး တပ္ဖြဲ႕ဝင္မ်ားကို သူနာျပဳမ်ားအျဖစ္ ေလ့က်င့္ေမြးထုတ္ေပးႏိုင္ခဲ့ေၾကာင္း၊ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားလုပ္ေဆာင္ရာတြင္ ဆရာဝန္၊ သူနာျပဳမ်ားအေရးႀကီးသကဲ့သို႔ ေဆးဘက္ပညာအုပ္ စုျဖစ္သည့္ ဓာတ္ခြဲ၊ ဓာတ္မွန္၊ ကာယကုႏွင့္ေဆးဝါးေဗဒပညာရွင္ တို႔သည္လည္း မရွိမျဖစ္အေရး ပါသည့္အတြက္ ေဆးဝါးေဖာ္စပ္ျခင္း၊ ေရာဂါရွာေဖြျခင္း ႏွင့္ျပန္လည္ ထူေထာင္ျခင္းဆိုသည့္ ေဆးဘက္ ပညာသည္မ်ား ေလ့က်င့္ေမြးထုတ္ေပး ႏိုင္ရန္ ၂၀၀၂ခုႏွစ္တြင္ တပ္မေတာ္ သူနာျပဳႏွင့္ ေဆးဘက္ ပညာတကၠသိုလ္ကို တိုးျမႇင့္ ဖြင့္လွစ္ခဲ့ၿပီး ေဆးဝါးကြၽမ္းက်င္သူ၊ ဓာတ္ခြဲကြၽမ္းက်င္သူ၊ ဓာတ္မွန္ကြၽမ္းက်င္သူႏွင့္ ကာယကုသမႈကြၽမ္းက်င္သူမ်ား ေလ့က်င့္ေမြးထုတ္ေပးႏိုင္ခဲ့ေၾကာင္း။

သင္တန္းသားဘဝတြင္ စာေတြ႕လက္ေတြ႕ေလ့လာသင္ယူခဲ့သည္မ်ားကို လက္ေတြ႕ ဘ၀ လုပ္ငန္းခြင္နယ္ပယ္တြင္ အက်ိဳးရွိေအာင္ အသုံးခ်သြားရမည္ျဖစ္ေၾကာင္း၊ ထိုကဲ့သို႔ အသုံးခ်ရာတြင္ ကြၽမ္းက်င္လိမၼာမႈမရွိပါက ဆုံးရႈံးမႈမ်ားႏွင့္ႀကဳံေတြ႕ရႏိုင္မည္ျဖစ္ေသာ ေၾကာင့္ ေလ့က်င့္သားျပည့္ဝမႈရွိေအာင္ မိမိကိုယ္ကို အၿမဲျဖည့္ဆည္းတည္ေဆာက္ ေနရမည္ျဖစ္ေၾကာင္း၊ ေခတ္အဆက္ဆက္ တပ္မေတာ္ ေဆးဝန္ထမ္းတပ္ဖြဲ႕ဝင္မ်ားအျဖစ္ တာဝန္ကိုေက်ပြန္စြာ သယ္ပိုးေဆာင္႐ြက္ခဲ့ၾကသည့္ သူနာျပဳတပ္ဖြဲ႕ ဝင္မ်ားသည္ သူနာျပဳ၊ ကြၽမ္းက်င္သူမ်ားအဆင့္မွသည္ တြဲဖက္ပါေမာကၡအဆင့္၊ သူနာျပဳအုပ္အဆင့္မ်ားအထိ က်ရာတာဝန္ကိုေက်ပြန္စြာ ထမ္းေဆာင္လ်က္ရွိေနသည္ကို ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း။

ႏိုင္ငံတစ္ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ က်န္းမာသန္စြမ္းၿပီး အသိပညာ၊ အတတ္ ပညာမ်ားႏွင့္ျပည့္စုံသည့္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားရွိမွသာလ်င္ ႏိုင္ငံ၏ စစ္ေရး၊ စီးပြားေရး၊ ႏိုင္ငံေရး၊ လူမႈေရးကိစၥအ၀၀ကို ေကာင္းမြန္စြာ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ တစ္နည္း အားျဖင့္ ႏိုင္ငံေတာ္၏က်န္းမာေရးအဆင့္အတန္းသည္ ႏိုင္ငံတစ္ခု၏ ဖြံ႕ၿဖိဳးတိုးတက္မႈကို ထင္ဟပ္ျပသေနျခင္းေၾကာင့္ က်န္းမာေရးေစာင့္ေရွာက္မႈအဆင့္အတန္းျမင့္မားရန္ အတြက္ က်န္းမာေရးအသုံးစရိတ္ကို အက်ိဳးရွိရွိထိထိေရာက္ေရာက္ သုံးစြဲရန္လိုသကဲ့သို႔ က်န္းမာေရးစနစ္သည္လည္း ေကာင္းမြန္ရန္လိုအပ္ေၾကာင္း၊ က်န္းမာေရးစနစ္တစ္ခု ေကာင္းမြန္ရန္အတြက္ က်န္းမာေရးဆိုင္ရာ လူသား အရင္းအျမစ္ဖြံ႕ၿဖိဳးေရး၊ က်န္းမာေရး သတင္းအခ်က္အလက္စနစ္ႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈ စနစ္မ်ား ႏိုင္ငံတကာစံခ်ိန္ စံၫႊန္းျပည့္မီစြာ ရွိေနရန္လိုအပ္ေၾကာင္း။

မိမိတို႔တပ္မေတာ္က ေလ့က်င့္ေမြးထုတ္ေပးလိုက္သည့္ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ သူမ်ားသည္ က်န္းမာေရးေစာင့္ေရွာက္မႈက႑တြင္ လူတစ္ဦး ခ်င္းစီေသာ္လည္းေကာင္း၊ မိသားစုဝင္မ်ားႏွင့္ လူမႈအသိုင္းအဝိုင္းကိုေသာ္လည္းေကာင္း ဘဝ၏အေကာင္းဆုံးက်န္းမာေရးအရည္အေသြး (Quality of Life) ရရွိရန္ ေဆာင္႐ြက္ေပးႏိုင္ျခင္းေၾကာင့္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားတြင္ မရွိမျဖစ္အေရးပါ သည့္သူမ်ားျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ သူနာျပဳေကာင္းတစ္ဦးျဖစ္ရန္အတြက္ သူနာျပဳ စိတ္ဓာတ္ (The Spirit of nursing) အျပည့္အဝရွိရန္၊ သူနာျပဳေကာင္းတစ္ဦးတြင္ရွိရမည့္ အရည္အခ်င္းမ်ားႏွင့္လည္း ျပည့္စုံေနရန္ မိမိ၏အရည္အေသြးမ်ား ျမင့္မားသည္ထက္ ျမင့္မားေအာင္ အၿမဲတမ္းႀကိဳးစားအားထုတ္သြားၾကရန္လိုေၾကာင္း။

သူနာျပဳမ်ားသည္ ေဝဒနာခံစားေနရသည့္လူနာမ်ား သက္သာေစရန္ ေဆာင္႐ြက္ ေပးျခင္း၊ ေရာဂါဒဏ္ရာမ်ား ျပဳစုကုသရာတြင္ အခ်ိန္အနည္းဆုံးႏွင့္ ေပ်ာက္ကင္းေအာင္ ေဆာင္႐ြက္ေပးျခင္း၊ လူနာမ်ားအေပၚ မိမိ၏ ေသြးသားရင္းျခာကဲ့သို႔ျပဳစုေပးျခင္း၊ လူနာမ်ား က်န္းမာေရးဗဟုသုတျပည့္ဝေစရန္ သင္ၾကားလမ္းၫႊန္ေပးျခင္း မ်ားကို လုပ္ေဆာင္ေပးရမည္ျဖစ္ေၾကာင္း၊ သူနာျပဳတစ္ဦးအေနျဖင့္ က်န္းမာေရးျပဳစုကုသမႈေပးရာတြင္ က်န္းမာေရးဆိုင္ရာပညာေပးသူ (Health Educator)၊ ေဆြးေႏြးအႀကံျပဳသူ၊ ျပဳစုေစာင့္ေရွာက္ေပးသည့္သူ စသည့္အသြင္သ႑န္မ်ိဳးစုံျဖင့္ က်န္းမာေရးျမႇင့္တင္မႈလုပ္ငန္းမ်ားတြင္ ပါဝင္ေနၾကျခင္းျဖစ္၍ သူနာျပဳ စိတ္ဓာတ္၏အေျခခံျဖစ္သည့္ ဝါသနာ၊ ေစတနာ၊ အၾကင္နာ၊ အနစ္နာ၊ နမူနာဆိုသည့္ နာ ၅ နာႏွင့္အညီ လူနာမ်ားအေပၚ ေစတနာေမတၱာ ထား ျပဳစုကုသေပးသြားၾကရန္ မွာၾကားလိုေၾကာင္း။

တပ္မေတာ္သူနာျပဳမ်ားသည္ ေဆး႐ုံမ်ားတြင္ ျပဳစုကုသမႈတာဝန္မ်ား ထမ္းေဆာင္ ေနသကဲ့သို႔ ေရွ႕တန္းစစ္ ေျမျပင္အထိ လိုက္ပါၿပီး စစ္ေျမျပင္ေဆးအကာအကြယ္ေပးေရး လုပ္ငန္းမ်ားတြင္လည္း တိုက္ခိုက္ေရး တပ္ဖြဲ႕မ်ားႏွင့္အတူ တာဝန္ထမ္းေဆာင္လ်က္ရွိ ေနၾကေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္၏ တိုက္စြမ္းရည္ျမင့္ မားေရးအတြက္ အေရးႀကီး သည့္ အခန္းက႑တြင္ ပါဝင္သည္ဆိုျခင္းကို သိရွိနားလည္ထားရန္လိုေၾကာင္း၊ ေရွ႕တန္းတာဝန္ထမ္းေဆာင္စဥ္အတြင္း ႏိုင္ငံေတာ္ႏွင့္တပ္မေတာ္အတြက္ အသက္စြန႔္ ခဲ့ရသူမ်ားႏွင့္ ခႏၶာကိုယ္အစိတ္အပိုင္းမ်ား စြန႔္ခဲ့ရသူမ်ားရွိခဲ့ၿပီး ထူးခြၽန္မႈမ်ားအတြက္ ဘြဲ႕ထူးဂုဏ္ထူး ခ်ီးျမႇင့္ခံရသူမ်ားလည္း ေပၚထြန္းခဲ့သည္ကို အထင္အရွားေတြ႕ျမင္ ရမည္ျဖစ္ေၾကာင္း။

ထို႔ေၾကာင့္ တာဝန္က်ရာေဒသအသီးသီးကို သြားေရာက္တာဝန္ထမ္းေဆာင္ၾကေတာ့မည့္ သူနာျပဳမ်ားႏွင့္ ေဆးဘက္ဆိုင္ရာကြၽမ္းက်င္သူမ်ားသည္ တပ္မေတာ္ သူနာျပဳႏွင့္ေဆးဘက္ပညာတကၠသိုလ္၏ သူရ၊ ပညာ၊ ကြၽမ္းက်င္ ဆိုသည့္ ေဆာင္ပုဒ္ကိုလက္ကိုင္ျပဳၿပီး တပ္မေတာ္သားမ်ား၊ မိသားစုဝင္မ်ားႏွင့္ တိုင္းရင္းသား ျပည္သူမ်ားကို ေရာဂါရွာေဖြတားဆီးကာကြယ္ေရး၊ ျပဳစုကုသေရး၊ က်န္းမာေရးျမႇင့္တင္ေရးႏွင့္ ျပန္လည္ သန္စြမ္းေရး စသည့္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို မိမိတို႔ တတ္စြမ္း သမွ်ေသာ သူနာျပဳႏွင့္ ေဆးဘက္ဆိုင္ရာပညာရပ္မ်ား အစြမ္းကုန္အသုံးခ်ၿပီး ျပဳစုေစာင့္ေရွာက္ေပးသြားၾကရန္လိုေၾကာင္း၊ ယေန႔ကာလတြင္ ႏိုင္ငံတကာျဖစ္စဥ္ျဖစ္ရပ္မ်ားအရ ကမာၻ႔ႏိုင္ငံငယ္မ်ား၏ အခ်ဳပ္အျခာအာဏာႏွင့္ နယ္ေျမ တည္တံ့ခိုင္ၿမဲေရးကို ကာကြယ္ရန္အတြက္ ေခတ္မီတပ္မေတာ္တည္ေဆာက္ေရးႏွင့္ တပ္မေတာ္အင္အား ေတာင့္တင္းေရးသည္ အဓိကလိုအပ္ခ်က္တစ္ရပ္ျဖစ္ေၾကာင္း၊ တပ္မေတာ္ၿပိဳကြဲသည္ႏွင့္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးမ်ားပါယိမ္းယိုင္သြားၿပီး ႏိုင္ငံေတာ္၏လုံၿခဳံေရးလည္း က်ိဳးေပါက္သြားမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ လုံၿခဳံေရးက်ိဳးေပါက္သည္ႏွင့္ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္မ်ား ထိခိုက္ဆုံးရႈံးၿပီး ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာႏွင့္ နယ္ေျမတည္တံ့ခိုင္ၿမဲေရးတို႔အတြက္ အႏၲရာယ္ရွိလာမည္ျဖစ္ေၾကာင္း။

ထို႔ေၾကာင့္ မိမိတို႔တပ္မေတာ္အေနျဖင့္ ဒို႔တာဝန္အေရးသုံးပါးကို အစဥ္ဦးထိပ္ ထားၿပီး ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ကာကြယ္ေရးတာဝန္မ်ားကို ထမ္းေဆာင္လ်က္ရွိရာတြင္ ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာ၊ နယ္နိမိတ္ႏွင့္ႏိုင္ငံ အတြင္းတြင္ရွိသည့္ သယံဇာတမ်ားကို ကာကြယ္ေစာင့္ေရွာက္ေပးသည့္အျပင္ ျပည္သူလူထု၏ အသက္ အိုးအိမ္စည္းစိမ္ကိုလည္း စြန႔္လႊတ္စြန႔္စားစြာျဖင့္ ကာကြယ္ေစာင့္ေရွာက္ေပးလ်က္ရွိေၾကာင္း၊ ႏိုင္ငံေတာ္ လုံၿခဳံေရး ေဆာင္႐ြက္ရာတြင္ အလြန္နက္နဲက်ယ္ဝန္းသည္ႏွင့္အမွ် ႏိုင္ငံေရး၊ စစ္ေရး၊ စီးပြားေရး၊ လူမႈေရးႏွင့္ သံတမန္ေရးဆိုင္ရာကိစၥရပ္မ်ား လႊမ္းၿခဳံပတ္သက္မႈမ်ားရွိလာၿပီး ႏိုင္ငံတကာ လုံၿခဳံေရးဆိုင္ရာ အယူအဆ မ်ားအရ ျပည္သူလူထုတစ္ဦးခ်င္းစီ၏ လုံၿခဳံေရး၊ တစ္နည္း အားျဖင့္ လူသားလုံၿခဳံေရးကိုလည္း ထည့္သြင္းစဥ္းစားေဆာင္႐ြက္လာသည္ကို ေလ့လာ ေတြ႕ရွိရမည္ျဖစ္ေၾကာင္း။

လူသားလုံၿခဳံေရးကို ေဆာင္႐ြက္ရာတြင္ စီးပြားေရးလုံၿခဳံမႈ၊ အစားအေသာက္လုံၿခဳံမႈ၊ က်န္းမာေရးလုံၿခဳံမႈ၊ သဘာဝေဘးအႏၲရာယ္လုံၿခဳံမႈ၊ လူသားတစ္ဦးခ်င္းစီ၏လုံၿခဳံမႈ၊ လူ႔အဖြဲ႕ အစည္း၏လုံၿခဳံမႈႏွင့္ ႏိုင္ငံေရးဆိုင္ရာ လုံၿခဳံမႈဆိုသည့္ နယ္ပယ္ ၇ ခုကို လုံၿခဳံေအာင္ ေဆာင္႐ြက္ႏိုင္ရန္လိုေၾကာင္း၊ ထို႔အျပင္ သဘာဝပတ္ဝန္း က်င္ေျပာင္းလဲလာမႈေၾကာင့္ ဆိုး႐ြားသည့္ရာသီဥတုႏွင့္ေဘးအႏၲရာယ္က်ေရာက္မႈမ်ားသည္ လူသားလုံၿခဳံေရး ကို ႀကီးမားစြာထိခိုက္ဆုံးရႈံးနစ္နာမႈမ်ား ျဖစ္ေပၚေနသည့္အတြက္ သဘာဝေဘးအႏၲရာယ္ ကယ္ဆယ္ေရး လုပ္ငန္းမ်ားကိုလည္း အေလးထားလုပ္ေဆာင္သြားၾကရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ သဘာဝေဘး အႏၲရာယ္ႀကဳံလာတိုင္း အလ်င္ျမန္ဆုံးႏွင့္အထိေရာက္ဆုံး ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ႏိုင္သူမ်ား သည္ တပ္မေတာ္သားမ်ားပင္ ျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ စနစ္တက်စုဖြဲ႕ထားသည့္ အဖြဲ႕အစည္းျဖစ္ျခင္း၊ စနစ္တက် ေလ့က်င့္ထားျခင္း၊ သယ္ယူပို႔ေဆာင္ေရးႏွင့္အုပ္ခ်ဳပ္ေထာက္ပံ့မႈစြမ္းရည္မ်ား ပိုင္ဆိုင္ ထားျခင္း၊ ႀကီးၾကပ္ကြပ္ကဲမႈႏွင့္စီမံခန႔္ခြဲမႈအေတြ႕အႀကဳံမ်ားစြာရွိျခင္း၊ လုပ္ငန္း ေဆာင္႐ြက္ရန္အတြက္ အခ်ိန္တို အတြင္းအသင့္ျဖစ္ျခင္း၊ တညီတၫြတ္တည္း စုေပါင္း ေဆာင္႐ြက္တတ္ျခင္း၊ စီမံခ်က္ေရးဆြဲၿပီး ႀကီးမား သည့္လုပ္ငန္းမ်ားကို ေဆာင္႐ြက္ ႏိုင္ျခင္းတို႔ေၾကာင့္ ႐ုတ္တရက္က်ေရာက္လာသည့္ ေဘးအႏၲရာယ္မ်ားကို ကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ အခ်ိန္တိုအတြင္း အထိေရာက္ဆုံးစြမ္းေဆာင္ႏိုင္သည့္ အဖြဲ႕အစည္းတစ္ရပ္ျဖစ္ေၾကာင္း။

တာဝန္က်ရာေဒသအသီးသီးကို ေရာက္ရွိတာဝန္ထမ္းေဆာင္ခ်ိန္တြင္ သဘာ၀ ေဘးအႏၲရာယ္မ်ားႏွင့္ ရင္ဆိုင္ႀကဳံေတြ႕လာရပါက မိမိတို႔တတ္ကြၽမ္းထားသည့္ ေဆးပညာ ရပ္မ်ားကို အသုံးခ်ၿပီး ျပည္သူလူထုကို ကာကြယ္ေစာင့္ေရွာက္သြားၾကရန္ အေလးအနက္ ထားမွာၾကားလိုေၾကာင္း၊ ျပည္သူလူထုကို ကာကြယ္ေစာင့္ေရွာက္ေပးသည့္ ေနရာတြင္ မိမိတို႔တပ္မေတာ္သားတိုင္း အေလးထား လိုက္နာက်င့္ႀကံရသည့္ က်င့္ဝတ္ ၆၀ အတြင္းမွ ျပည္သူလူထူအေပၚျပဳက်င့္ရမည့္က်င့္ဝတ္ ၁၀ ပါးကို တိက်စြာ လိုက္နာ ေဆာင္႐ြက္ သြားရမည္ျဖစ္ေၾကာင္း၊ ျပည္သူလူထုအေပၚ ျပဳက်င့္ရမည့္က်င့္ဝတ္မ်ားကို လိုက္နာက်င့္သုံးျခင္းသည္ တပ္မေတာ္၏ တပ္ျပင္စည္း႐ုံးေရးေဆာင္႐ြက္မႈကို ပိုမို ေအာင္ျမင္ေစမည္ျဖစ္သကဲ့သို႔ စစ္သားေကာင္း တစ္ေယာက္ပီသစြာႏွင့္ တပ္မေတာ္၏ ဂုဏ္သိကၡာကို ျမႇင့္တင္ႏိုင္မည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ သင္တန္းတပ္ခြဲမ်ား၏ အေလးျပဳျခင္းကိုခံယူၿပီး စစ္ေရးျပအခမ္း အနားမွျပန္လည္ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တပ္မေတာ္ေဆးတကၠသိုလ္၊ ပင္မေဆာင္ရွိ ဧည့္ခန္းမေဆာင္၌ သူနာျပဳႏွင့္ေဆးဘက္ပညာ သိပၸံဘြဲ႕သင္တန္းအမွတ္စဥ္ (၁၇)မွ ထူးခြၽန္ဆု ရရွိခဲ့ၾကသည့္ သင္တန္းသားမ်ားႏွင့္၎င္းတို႔ ၏မိဘမ်ား၊ အမ်ိဳးသမီးသူနာျပဳႏွင့္ေဆးဘက္ပညာသိပၸံဘြဲ႕ သင္တန္းအမွတ္စဥ္(၄)မွ ထူးခြၽန္ဆုရရွိခဲ့ၾကသည့္ သင္တန္းသူမ်ားႏွင့္ ၎င္းတို႔၏မိဘမ်ားအား ေတြ႕ဆုံ၍ဂုဏ္ျပဳအမွာ စကားေျပာၾကားသည္။

ဂုဏ္ျပဳအမွာစကားေျပာၾကားရာတြင္ ယခုကဲ့သို႔ အေကာင္းဆုံးဆုမ်ားရရွိၿပီး ထူးခြၽန္စြာသင္တန္း ဆင္းခဲ့ၾကသည့္အတြက္ တပ္မေတာ္အႀကီးအကဲတစ္ဦးအေနျဖင့္ ဝမ္းသာဂုဏ္ယူေၾကာင္းႏွင့္ မိဘမ်ား အေနျဖင့္လည္း သာမာန္ေတာင္သူႏွင့္ ႏိုင္ငံ့ဝန္ထမ္း မ်ားျဖစ္၍ ပိုမိုဝမ္းသာဂုဏ္ယူၾကမည္ျဖစ္ပါေၾကာင္း၊ စုေပါင္းအားေကာင္းမြန္မႈသည္ အဖြဲ႕အစည္းကို တိုးတက္ေအာင္ျမင္ေစမည္ျဖစ္ၿပီး အဖြဲ႕အစည္းအားလုံး ေကာင္းမြန္ ေနပါက တိုင္းျပည္သည္လည္း တိုးတက္ေကာင္းမြန္ေစမည္ျဖစ္ပါေၾကာင္း၊ သူနာျပဳ မ်ားသည္ ထူးျခားသည့္ပညာသည္အုပ္စုျဖစ္သျဖင့္ သင္တန္းဆင္းၿပီးေနာက္ သတ္မွတ္ ထားသည့္အခ်ိန္ကာလႏွင့္ သင္တန္းမ်ား ဆက္လက္တက္ေရာက္ၿပီးပါက ျပန္တမ္းဝင္ အရာရွိမ်ား ျဖစ္လာၾကမည္ျဖစ္ေၾကာင္း၊ ဦးစီး အရာရွိ၏တာဝန္သည္ ပိုမို ေလးနက္ၿပီး တာဝန္ႀကီးေလးမည္ျဖစ္ေသာေၾကာင့္ မိမိကိုယ္ပိုင္ စဥ္းစားေတြးေခၚမႈ၊ အေတြ႕အႀကဳံ၊ အသိပညာႏွင့္ အတတ္ပညာတို႔ကို ေပါင္းစပ္ၿပီး ထိန္းထိန္းသိမ္းသိမ္း ေနထိုင္သြား ၾကရမည္ျဖစ္ေၾကာင္း၊ ၄ ႏွစ္တာကာလလုံး စာေတြ႕၊ လက္ေတြ႕၊ စိတ္ဓာတ္ စည္းကမ္းေကာင္းမြန္စြာျဖင့္ အၿမဲမျပတ္ႀကိဳးစားအားထုတ္ခဲ့ေသာေၾကာင့္ သင္တန္းဆင္း မွတ္ခ်က္ေကာင္းမြန္စြာေအာင္ျမင္ခဲ့ျခင္းျဖစ္ၿပီး မိမိတို႔ ဘဝတစ္ေလွ်ာက္လုံး ယခုကဲ့သို႔ ေကာင္းမြန္သည့္ အေလ့အက်င့္မ်ားကို ဆက္လက္ထိန္းသိမ္း သြားၾကရမည္ျဖစ္ေၾကာင္း၊ စိတ္ဓာတ္စည္းကမ္းေကာင္းမြန္မႈသည္ ဘဝကိုေအာင္ျမင္ေအာင္ တြန္းအားေပး သည့္ အေျခခံအခ်က္ပင္ ျဖစ္ၿပီး စည္းကမ္းစနစ္တက်ျဖင့္ ေပးအပ္လာသည့္ အမိန႔္ႏွင့္တာဝန္ကို ေက်ပြန္စြာ ေစတနာထားလုပ္ေဆာင္ျခင္းျဖင့္ အက်ိဳးခံစားၾကရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ကို လူလားေျမာက္ ေအာင္ေကြၽးေမြးျပဳစုပ်ိဳးေထာင္ေပးခဲ့သည့္ မိဘမ်ား၏ေက်းဇူးကို မိဘမ်ား ၏စကားနားေထာင္ျခင္း၊ မိဘမ်ား၏လိုအပ္ခ်က္ကို တတ္စြမ္းသေ႐ြ႕ ျဖည့္ဆည္း ေဆာင္႐ြက္ေပးျခင္းတို႔ျဖင့္ ေက်းဇူးဆပ္ရာေရာက္ၿပီး သတ္မွတ္ထားသည့္ က်င့္ဝတ္ စည္းကမ္းမ်ားကို လိုက္နာေစာင့္ထိန္းျခင္းၿပီး စည္းကမ္း စနစ္တက် ေနထိုင္ျခင္းျဖင့္လည္း ႏိုင္ငံေတာ္ႏွင့္တပ္မေတာ္အေပၚ သစၥာေစာင့္သိျခင္းပင္ျဖစ္ေၾကာင္း၊ မိမိကိုယ္ကို၊ မိမိ အလုပ္ကို၊ မိမိတပ္မေတာ္ႏွင့္ တိုင္းျပည္အေပၚ သစၥာရွိစြာျဖင့္ မိမိအလုပ္ကို မွန္မွန္ ကန္ကန္တာဝန္ေက်စြာလုပ္ေဆာင္၍ မိမိတို႔၏ရည္မွန္းခ်က္ကို ေအာင္ျမင္ေအာင္ မိမိကိုယ္ကိုေစာင့္ထိန္းၿပီး ႀကိဳးပမ္းေဆာင္႐ြက္သြားၾကေစလိုေၾကာင္းျဖင့္ ဂုဏ္ျပဳ အမွာစကား ေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။