တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မင်္ဂလာဒုံမြို့နယ်တွင် Kha Yae Pin Mart (တပ်မတော်စက်ရုံထုတ်ပစ္စည်း အရောင်းဆိုင်) နှင့် အင်းဝဘဏ် လီမိတက် (မင်္ဂလာဒုံဘဏ်ခွဲ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

နေပြည်တော်၊ ဒီဇင်ဘာ – ၃၀

တပ်မတော်စက်ရုံများ၊ မြန်မာစီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက်၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သော စားသောက်ကုန်၊ လူသုံး ကုန်ပစ္စည်းအမျိုးမျိုးကို စျေးနှုန်းချိုသာစွာဖြင့် တစ်နေရာတည်းတွင် လွယ်ကူမြန်ဆန်စွာ ဝယ်ယူနိုင်ရန် ရည်ရွယ်၍ Kha Yae Pin Mart (တပ်မတော်စက်ရုံ ထုတ်ပစ္စည်း အရောင်း ဆိုင်) ဖွင့်ပွဲအခမ်းအနားနှင့် အင်းဝဘဏ်လီမိတက်(မင်္ဂလာဒုံဘဏ်ခွဲ) ဖွင့်ခွဲအခမ်းအနား အား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အဆိုပါ Mart ရှေ့၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ နယ်စပ် ရေးရာဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Kha Yae Pin Mart ဆိုင်းဘုတ်နှင့် အင်းဝဘဏ်လီမိတက် (မင်္ဂလာဒုံဘဏ်ခွဲ)ဆိုင်းဘုတ်တို့အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တက်ရောက်လာကြသူများ သည် Kha Yae Pin Mart အတွင်း အရောင်းဆိုင်များ၏ ခင်းကျင်းပြသ ရောင်းချနေမှု များအားလှည့်လည်ကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ် သည်များ ဆွေးနွေးမှာကြားပြီး စျေးလာရောက်ဝယ်ယူသူများအားလည်း ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်းသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းဝဘဏ် လီမိတက် (မင်္ဂလာဒုံဘဏ်ခွဲ) အတွင်းရှိ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ပြီး အခမ်းအနားတက်ရောက် လာသော ဧည့်သည်တော်များနှင့်အတူ ဘဏ် အတွင်းလှည့်လည်ကြည့်ရှုကြသည်။ ယနေ့ဖွင့်လှစ်လိုက်သော အင်းဝဘဏ် လီမိတက် (မင်္ဂလာဒုံဘဏ်ခွဲ)သည် အင်းဝဘဏ်လီမိတက်၏ (၆၄) ခုမြောက်ဘဏ်ခွဲဖြစ်ပြီး အပ်ငွေ များလက်ခံခြင်း၊ ငွေစုဘဏ် လုပ်ငန်းဆောင်ရွက်ခြင်း၊ ငွေလွှဲလုပ်ငန်းများဆောင်ရွက် ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေများထုတ်ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ Payment Order များ ထုတ်ပေးခြင်း၊ ဘဏ်အာမခံ Bank Gurantee အမျိုးမျိုးထုတ်ပေးခြင်း၊ Debit Card များ ထုတ်ပေးခြင်းစသည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအား ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ အင်းဝဘဏ်လီမိ တက်အနေဖြင့် မြန်မာနိုင်ငံအဝန်းရှိ ပြည်သူများအကြား ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ အဆင်ပြေလွယ်ကူ ချောမွေ့စွာ လည်ပတ်နိုင်ရေး၊ ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရ သည်။

ယနေ့ဖွင့်လှစ်သော Kha Yae Pin Martတွင် တပ်မတော်စက်ရုံများ၊ မြန်မာ စီးပွားရေးဦးပိုင် အများ နှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာစီးပွားရေးကော်ပို ရေးရှင်းတို့မှထုတ်လုပ်သော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို စျေးနှုန်း ချိုသာစွာ ရောင်းချပေးသွားမည်ဖြစ်ပြီး နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီ အထိ ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) နှင့် အိမ်ရာအနီးရှိ မြန်မာ့ စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်၊ အထည်ချုပ်စက်ရုံ (ရန်ကုန်) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား အထည်ချုပ်စက်ရုံ (ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက စက်ရုံအစည်းအဝေးခန်းမတွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အများပြည်သူအတွက် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ပေးနိုင်ရန်နှင့် တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းများ၏ မှီခိုသူ ဇနီး၊ သားသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်ရုံ အနေဖြင့် အရည်အသွေး ကောင်းမွန်ပြီး လက်ရာသေသပ်ကောင်းမွန်သော အဝတ်အထည်များထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွား ကြရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်း အိမ်ရာ(လေးထောင့်ကန်)သို့ ရောက်ရှိကြရာ စစ်ထောက် ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြား ရေးမှူး ဗိုလ်မှူးချုပ် မျိုးသန့်တို့က အိမ် ရာတည်ဆောက်နေမှုအခြေအနေများ၊ ခြံစည်းရိုးပင်များ စိုက်ပျိုးထား ရှိမှု အခြေအနေများ၊ အဆင့်မြင့်ဥစားကြက်ခြံလုပ်ငန်းလည်ပတ်နေမှုအခြေအနေများနှင့် အိမ်ရာအတွင်း ကလေးကစားကွင်းနှင့် စာကြည့်တိုက်ထည့်သွင်းတည်ဆောက်နေမှု အခြေအနေများအား ရှင်းလင်းတင် ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆောက်အဦများအား အရည်အသွေး ပြည့်မီစွာဆောက်လုပ်ရန်၊ အရိပ်ရလေကာပင် များ ထည့်သွင်းစိုက်ပျိုး၍ စစ်မှုထမ်းဟောင်းအိမ်ရာ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး ဆောင်ရွက်သွားရန်၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အသေးစားစက်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးဆောင်ရွက်ရန်နှင့် ဥစားကြက်ခြံ မွေးမြူရေးလုပ်ငန်းအား ထပ်မံတိုးချဲ့ဆောင်ရွက်သွားရန်တို့အား မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်း ဟောင်းအိမ်ရာ ဆောက်လုပ်ပြီး စီးမှုအခြေအနေများနှင့် အဆင့်မြင့်ဥစားကြက်ခြံ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား လည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

(Zawgyi Version)

မဂၤလာဒုံၿမိဳ႕နယ္တြင္ Kha Yae Pin Mart (တပ္မေတာ္စက္႐ုံထုတ္ပစၥည္း အေရာင္းဆိုင္) ႏွင့္ အင္းဝဘဏ္ လီမိတက္ (မဂၤလာဒုံဘဏ္ခြဲ) ဖြင့္ပြဲအခမ္းအနားက်င္းပ

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၃၀

တပ္မေတာ္စက္႐ုံမ်ား၊ ျမန္မာစီးပြားေရးဦးပိုင္ အမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီ လီမိတက္၊ ျမန္မာစီးပြားေရး ေကာ္ပိုေရးရွင္းတို႔မွ ထုတ္လုပ္ေသာ စားေသာက္ကုန္၊ လူသုံး ကုန္ပစၥည္းအမ်ိဳးမ်ိဳးကို ေစ်းႏႈန္းခ်ိဳသာစြာျဖင့္ တစ္ေနရာတည္းတြင္ လြယ္ကူျမန္ဆန္စြာ ဝယ္ယူႏိုင္ရန္ ရည္႐ြယ္၍ Kha Yae Pin Mart (တပ္မေတာ္စက္႐ုံ ထုတ္ပစၥည္း အေရာင္း ဆိုင္) ဖြင့္ပြဲအခမ္းအနားႏွင့္ အင္းဝဘဏ္လီမိတက္(မဂၤလာဒုံဘဏ္ခြဲ) ဖြင့္ခြဲအခမ္းအနား အား ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္ရွိ အဆိုပါ Mart ေရွ႕၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ဖြင့္လွစ္ေပးသည္။

အဆိုပါဖြင့္ပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္ စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ နယ္စပ္ ေရးရာဝန္ႀကီး ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာန ခ်ဳပ္တိုင္းမႉး၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား၊ ရပ္မိရပ္ဖမ်ားႏွင့္ ေဒသခံျပည္သူမ်ား တက္ေရာက္ ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က Kha Yae Pin Mart ဆိုင္းဘုတ္ႏွင့္ အင္းဝဘဏ္လီမိတက္ (မဂၤလာဒုံဘဏ္ခြဲ)ဆိုင္းဘုတ္တို႔အား စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးသည္။ ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသူမ်ား သည္ Kha Yae Pin Mart အတြင္း အေရာင္းဆိုင္မ်ား၏ ခင္းက်င္းျပသ ေရာင္းခ်ေနမႈ မ်ားအားလွည့္လည္ၾကည့္ရႈခဲ့ၾကၿပီး တာဝန္ရွိသူမ်ား၏ လိုက္လံရွင္းလင္းျပသမႈမ်ားအေပၚ လိုအပ္ သည္မ်ား ေဆြးေႏြးမွာၾကားၿပီး ေစ်းလာေရာက္ဝယ္ယူသူမ်ားအားလည္း ရင္းရင္းႏွီးႏွီး ေတြ႕ဆုံေမးျမန္းသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ အင္းဝဘဏ္ လီမိတက္ (မဂၤလာဒုံဘဏ္ခြဲ) အတြင္းရွိ ကမၸည္းေမာ္ကြန္းအား အေမႊးနံ႔သာရည္မ်ားျဖင့္ ပက္ျဖန္းေပးခဲ့ၿပီး အခမ္းအနားတက္ေရာက္ လာေသာ ဧည့္သည္ေတာ္မ်ားႏွင့္အတူ ဘဏ္ အတြင္းလွည့္လည္ၾကည့္ရႈၾကသည္။ ယေန႔ဖြင့္လွစ္လိုက္ေသာ အင္းဝဘဏ္ လီမိတက္ (မဂၤလာဒုံဘဏ္ခြဲ)သည္ အင္းဝဘဏ္လီမိတက္၏ (၆၄) ခုေျမာက္ဘဏ္ခြဲျဖစ္ၿပီး အပ္ေငြ မ်ားလက္ခံျခင္း၊ ေငြစုဘဏ္ လုပ္ငန္းေဆာင္႐ြက္ျခင္း၊ ေငြလႊဲလုပ္ငန္းမ်ားေဆာင္႐ြက္ ေပးျခင္း၊ စီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ေခ်းေငြမ်ားထုတ္ေခ်းေပးျခင္း၊ ေငြေပးအမိန႔္လႊာ Payment Order မ်ား ထုတ္ေပးျခင္း၊ ဘဏ္အာမခံ Bank Gurantee အမ်ိဳးမ်ိဳးထုတ္ေပးျခင္း၊ Debit Card မ်ား ထုတ္ေပးျခင္းစသည့္ ဘဏ္ဝန္ေဆာင္မႈလုပ္ငန္းမ်ားအား ဝန္ေဆာင္မႈေပးသြားမည္ျဖစ္သည္။ အင္းဝဘဏ္လီမိ တက္အေနျဖင့္ ျမန္မာႏိုင္ငံအဝန္းရွိ ျပည္သူမ်ားအၾကား ေငြေၾကးဆိုင္ရာဝန္ေဆာင္မႈမ်ား အဆင္ေျပလြယ္ကူ ေခ်ာေမြ႕စြာ လည္ပတ္ႏိုင္ေရး၊ ေကာင္းမြန္ေသာဝန္ေဆာင္မႈမ်ားျဖင့္ ေဆာင္႐ြက္ေပးလ်က္ ရွိေၾကာင္း သိရွိရ သည္။

ယေန႔ဖြင့္လွစ္ေသာ Kha Yae Pin Martတြင္ တပ္မေတာ္စက္႐ုံမ်ား၊ ျမန္မာ စီးပြားေရးဦးပိုင္ အမ်ား ႏွင့္သက္ဆိုင္ေသာ ကုမၸဏီလီမိတက္၊ ျမန္မာစီးပြားေရးေကာ္ပို ေရးရွင္းတို႔မွထုတ္လုပ္ေသာ စားေသာက္ကုန္၊ လူသုံးကုန္ပစၥည္းအမ်ိဳးမ်ိဳးကို ေစ်းႏႈန္း ခ်ိဳသာစြာ ေရာင္းခ်ေပးသြားမည္ျဖစ္ၿပီး ေန႔စဥ္ နံနက္ ၈ နာရီမွ ည ၈ နာရီ အထိ ဖြင့္လွစ္ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ယေန႔ ေန႔လည္ပိုင္းတြင္ ရန္ကုန္တိုင္း ေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ရွိ ျမန္မာ့သားေကာင္းစစ္မႈထမ္းေဟာင္းအိမ္ရာ (ေလးေထာင့္ကန္) ႏွင့္ အိမ္ရာအနီးရွိ ျမန္မာ့ စီးပြားေရးဦးပိုင္အမ်ားႏွင့္ သက္ဆိုင္ေသာကုမၸဏီလီမိတက္၊ အထည္ခ်ဳပ္စက္႐ုံ (ရန္ကုန္) တို႔သို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားအား အထည္ခ်ဳပ္စက္႐ုံ (ရန္ကုန္)မွ တာဝန္ရွိသူတစ္ဦးက စက္႐ုံအစည္းအေဝးခန္းမတြင္ လုပ္ငန္းေဆာင္႐ြက္ေနမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။ ရွင္းလင္း တင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမ်ားျပည္သူအတြက္ လူသုံးကုန္ပစၥည္းမ်ား ထုတ္လုပ္ေပးႏိုင္ရန္ႏွင့္ တပ္မေတာ္သားမ်ား၊ စစ္မႈထမ္းေဟာင္းမ်ား၏ မွီခိုသူ ဇနီး၊ သားသမီးမ်ား အလုပ္အကိုင္ အခြင့္အလမ္းရရွိေစရန္ ရည္႐ြယ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ စက္႐ုံ အေနျဖင့္ အရည္အေသြး ေကာင္းမြန္ၿပီး လက္ရာေသသပ္ေကာင္းမြန္ေသာ အဝတ္အထည္မ်ားထုတ္လုပ္ႏိုင္ေအာင္ ေဆာင္႐ြက္သြား ၾကရန္လိုေၾကာင္းျဖင့္ မွာၾကားသည္။

ထို႔ေနာက္ ျမန္မာ့သားေကာင္းစစ္မႈထမ္းေဟာင္း အိမ္ရာ(ေလးေထာင့္ကန္)သို႔ ေရာက္ရွိၾကရာ စစ္ေထာက္ ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ တိုင္းမႉး ဗိုလ္ခ်ဳပ္ သက္ပုံႏွင့္ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမႉး႐ုံး ၫႊန္ၾကား ေရးမႉး ဗိုလ္မႉးခ်ဳပ္ မ်ိဳးသန႔္တို႔က အိမ္ ရာတည္ေဆာက္ေနမႈအေျခအေနမ်ား၊ ၿခံစည္း႐ိုးပင္မ်ား စိုက္ပ်ိဳးထား ရွိမႈ အေျခအေနမ်ား၊ အဆင့္ျမင့္ဥစားၾကက္ၿခံလုပ္ငန္းလည္ပတ္ေနမႈအေျခအေနမ်ားႏွင့္ အိမ္ရာအတြင္း ကေလးကစားကြင္းႏွင့္ စာၾကည့္တိုက္ထည့္သြင္းတည္ေဆာက္ေနမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အေဆာက္အဦမ်ားအား အရည္အေသြး ျပည့္မီစြာေဆာက္လုပ္ရန္၊ အရိပ္ရေလကာပင္ မ်ား ထည့္သြင္းစိုက္ပ်ိဳး၍ စစ္မႈထမ္းေဟာင္းအိမ္ရာ ပတ္ဝန္းက်င္ စိမ္းလန္းစိုေျပေစေရး ေဆာင္႐ြက္သြားရန္၊ စစ္မႈထမ္းေဟာင္းမိသားစုဝင္မ်ား အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရွိေစရန္အတြက္ အေသးစားစက္မႈလုပ္ငန္းမ်ား လုပ္ေဆာင္ႏိုင္ေရးေဆာင္႐ြက္ရန္ႏွင့္ ဥစားၾကက္ၿခံ ေမြးျမဴေရးလုပ္ငန္းအား ထပ္မံတိုးခ်ဲ႕ေဆာင္႐ြက္သြားရန္တို႔အား မွာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စစ္မႈထမ္း ေဟာင္းအိမ္ရာ ေဆာက္လုပ္ၿပီး စီးမႈအေျခအေနမ်ားႏွင့္ အဆင့္ျမင့္ဥစားၾကက္ၿခံ လုပ္ငန္းလည္ပတ္ေနမႈ အေျခအေနမ်ားအား လည့္လည္ၾကည့္ရႈ စစ္ေဆးၿပီး လိုအပ္သည္မ်ား မွာၾကားျဖည့္ဆည္းေဆာင္႐ြက္ေပးခဲ့သည္။

(Zawgyi Version)

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။