တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၇)နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၄)သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်၊ ဒီဇင်ဘာ – ၃၀

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၇)နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ တပ်တော်ဆေးတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမဆောင်၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ နယ်စပ် ရေးရာဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ သင်တန်းဆင်းသူနာပြုများနှင့် မိဘဆွေမျိုး များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သင်တန်းဆင်းသူနာပြုများအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်း သူနာပြုများ၊ မိဘဆွေမျိုးများနှင့်အတူ ညစာသုံးဆောင်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဂုဏ်ပြုစစ် တီးဝိုင်းတပ်ခွဲ၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှု အားပေးပြီး ချီးမြှင့်ငွေများပေးအပ်သည်။

သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် ဘွဲ့နှင်း သဘင်ခန်းမဆောင်၌ မြဝတီတေးဂီတနှင့် အငြိမ့်အဖွဲ့တို့၏ တေးသံသာများ၊ ယိမ်းအကများ၊ အငြိမ့်များဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှု အားပေးခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာသိပၸံဘြဲ႕သင္တန္းအမွတ္စဥ္(၁၇)ႏွင့္ အမ်ိဳးသမီး သူနာျပဳႏွင့္ ေဆးဘက္ပညာသိပၸံဘြဲ႕ သင္တန္းအမွတ္စဥ္(၄)သင္တန္းဆင္း ဂုဏ္ျပဳညစာစားပြဲ အခမ္းအနားက်င္းပ

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၃၀

တပ္မေတာ္သူနာျပဳႏွင့္ေဆးဘက္ပညာသိပၸံဘြဲ႕သင္တန္းအမွတ္စဥ္(၁၇)ႏွင့္ အမ်ိဳးသမီး သူနာျပဳႏွင့္ ေဆးဘက္ပညာသိပၸံဘြဲ႕ သင္တန္း အမွတ္စဥ္(၄)သင္တန္းဆင္း ဂုဏ္ျပဳညစာစားပြဲ အခမ္းအနားကို ယေန႔ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ တပ္ေတာ္ေဆးတကၠသိုလ္ဘြဲ႕ႏွင္း သဘင္ခန္းမေဆာင္၌က်င္းပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ခ်ီးျမႇင့္သည္။

အဆိုပါ သင္တန္းဆင္းဂုဏ္ျပဳညစာစားပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းႏွင့္ဇနီး၊ နယ္စပ္ ေရးရာဝန္ႀကီး ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး၊ တပ္မေတာ္သူနာျပဳႏွင့္ေဆးဘက္ပညာတကၠသိုလ္ ေက်ာင္းအုပ္ႀကီး ႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ ေတာ္မ်ား၊ သင္တန္းဆင္းသူနာျပဳမ်ားႏွင့္ မိဘေဆြမ်ိဳး မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ သင္တန္းဆင္းသူနာျပဳမ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္သည္။ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ သင္တန္းဆင္း သူနာျပဳမ်ား၊ မိဘေဆြမ်ိဳးမ်ားႏွင့္အတူ ညစာသုံးေဆာင္ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသိုလ္ ဂုဏ္ျပဳစစ္ တီးဝိုင္းတပ္ခြဲ၏ ဂုဏ္ျပဳတီးမႈတ္မႈအား ၾကည့္ရႈ အားေပးၿပီး ခ်ီးျမႇင့္ေငြမ်ားေပးအပ္သည္။

သင္တန္းဆင္းဂုဏ္ျပဳညစာစားပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အဖြဲ႕ဝင္မ်ားသည္ ဘြဲ႕ႏွင္း သဘင္ခန္းမေဆာင္၌ ျမဝတီေတးဂီတႏွင့္ အၿငိမ့္အဖြဲ႕တို႔၏ ေတးသံသာမ်ား၊ ယိမ္းအကမ်ား၊ အၿငိမ့္မ်ားျဖင့္ ဂုဏ္ျပဳေဖ်ာ္ေျဖတင္ဆက္မႈမ်ားကို ၾကည့္ရႈ အားေပးခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။