ရန်ကင်းမြို့နယ်၊ ဓမ္မစကြာပဋိပတ်ရိပ်သာကျောင်းတိုက်အတွင်း စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းသည့် အနန္တသုခဓမ္မစကြာဓမ္မဗိမာန် ငါးထပ်ကျောင်းတော်ကြီး မဟာပန္နက်တော်တင်၊ တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားပြုလုပ်

ရန်ကင်းမြို့နယ်၊ ဓမ္မစကြာပဋိပတ်ရိပ်သာကျောင်းတိုက်အတွင်း စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းသည့် အနန္တသုခဓမ္မစကြာဓမ္မဗိမာန် ငါးထပ်ကျောင်းတော်ကြီး မဟာပန္နက်တော်တင်၊ တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားပြုလုပ်

နေပြည်တော် ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ဓမ္မစကြာ ပဋိပတ်ရိပ်သာကျောင်းတိုက်အတွင်း၌ စေတနာရှင်အလှူရှင်များစုပေါင်းလှူဒါန်းသည့် အနန္တသုခဓမ္မစကြာဓမ္မဗိမာန် ငါးထပ်ကျောင်းတော်ကြီး မဟာပန္နက်တော်တင်၊ တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ရွှေသုဝဏ် ဆရာတော်ဘုရားကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တ သဒ္ဓိယ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ပန္နက်တော်တင်မင်္ဂလာပြုလုပ်သည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် တပ်ရင်း၊ တပ်ဖွဲ့မှူးများ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မဟာပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ရွှေသုဝဏ်ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ် ရွတ်ဖတ်သရဇ္ဈာယ်ကြသော အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွှေသုဝဏ်ဆရာတော်ဘုရားကြီးထံ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ငါးထပ်ကျောင်းတော်ကြီးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှ လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်း ၅၀၀ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မိသားစုမှလှူဒါန်းသည့် အလှူငွေများကိုပေးအပ်လှူဒါန်းရာ ဓမ္မစကြာပဋိပတ်ရိပ်သာ ဥပတ္ထမ္ဘမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဦးစိန်လှဝင်းက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရွှေသုဝဏ်ဆရာတော်ဘုရားကြီးက ကျမ်းစာအုပ်များ ဓမ္မလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည်။

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တက်ရောက်လာကြ သည့် အရာရှိကြီးများ၊ စေတနာရှင်အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြရာ ဓမ္မစကြာရိပ်သာကျောင်းတိုက် ဆရာတော်ကြီးက ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများ သည် မင်္ဂလာဒုံမြို့နယ်၊ ကံသုံးဆင့် ပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဂုဏိကာဘိဝံသထံမှ အနုမောဒနာတရားနာယူကြ ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့နောက် ရွှေသုဝဏ်ဆရာတော်ဘုရားကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များသည် မဟာပန္နက်တော်တင်ပြုလုပ်မည့် မြေနေရာသို့ အစီအစဉ်အတိုင်းကြွရောက်လိုက်ပါကြပြီး မင်္ဂလာအချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ပန္နက်တော်တင်မည့်အကြီးအကဲများသည် သတ်မှတ်နေရာ အသီးသီးတွင်နေရာယူကြကာ ပန္နက်တော်များအား ၉ ချက်စီရိုက်၍ မင်္ဂလာပြုလုပ်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်ကြဆက်လက်၍ ဆရာတော်အရှင်သူမြတ်အပေါင်းတို့ကဦးဆောင်၍ ဇယန္တော ဗောဓိယာမူလေ ဇယမင်္ဂလာအောင်ဂါထာတော်များ ရွတ်ဖတ် ဆုတောင်းကြပြီးနောက် မင်္ဂလာအချိန်တွင် သတ်မှတ်နေရာများ၌ တွင်းတော်ဝန်းမင်္ဂလာ ပြုလုပ်ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အနန္တသုခ ဓမ္မစကြာဓမ္မဗိမာန် ငါးထပ်ကျောင်းတော်ကြီး မဟာပန္နက်တော်တင်၊ တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား အောင်မြင်စွာပြီးမြောက်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြပြီး ရွှေသုဝဏ်ဆရာတော်ဘုရားကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

(Zawgyi Version)

ရန္ကင္းၿမိဳ႕နယ္၊ ဓမၼစၾကာပဋိပတ္ရိပ္သာေက်ာင္းတိုက္အတြင္း ေစတနာရွင္အလႉရွင္မ်ား စုေပါင္းလႉဒါန္းသည့္ အနႏၲသုခဓမၼစၾကာဓမၼဗိမာန္ ငါးထပ္ေက်ာင္းေတာ္ႀကီး မဟာပႏၷက္ေတာ္တင္၊ တြင္းေတာ္ဝန္းမဂၤလာ အခမ္းအနားျပဳလုပ္

ေနျပည္ေတာ္ ဇန္နဝါရီ ၁၂

ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကင္းၿမိဳ႕နယ္၊ ကမာၻေအးဘုရားလမ္းရွိ ဓမၼစၾကာ ပဋိပတ္ရိပ္သာေက်ာင္းတိုက္အတြင္း၌ ေစတနာရွင္အလႉရွင္မ်ားစုေပါင္းလႉဒါန္းသည့္ အနႏၲသုခဓမၼစၾကာဓမၼဗိမာန္ ငါးထပ္ေက်ာင္းေတာ္ႀကီး မဟာပႏၷက္ေတာ္တင္၊ တြင္းေတာ္ဝန္း မဂၤလာအခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ က်င္းပျပဳလုပ္ရာ ေ႐ႊသုဝဏ္ ဆရာေတာ္ဘုရားႀကီး အဘိဓဇမဟာရ႒ဂု႐ု၊ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼ ေဇာတိကဓဇ၊ ဘဒၵႏၲ သဒၶိယ အမႉးျပဳေသာ ဆရာေတာ္၊ သံဃာေတာ္မ်ား ႂကြေရာက္ ခ်ီးျမႇင့္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္၍ ပႏၷက္ေတာ္တင္မဂၤလာျပဳလုပ္သည္။

အခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ တိုင္းစစ္ဌာနခ်ဳပ္မွ အရာရွိႀကီးမ်ားႏွင့္ တပ္ရင္း၊ တပ္ဖြဲ႕မႉးမ်ား၊ အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးမ်ား၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ဝတ္အသင္းအဖြဲ႕မ်ားႏွင့္ ေစတနာရွင္ အလႉရွင္မ်ား တက္ေရာက္ၾကသည္။

အစီအစဥ္အရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနား တက္ေရာက္လာၾကသူမ်ားသည္ မဟာပႏၷက္ေတာ္တင္မဂၤလာအခမ္းအနားကို နေမာတႆသုံးႀကိမ္ ႐ြတ္ဆို ဘုရားကန္ေတာ့ဖြင့္လွစ္၍ ေ႐ႊသုဝဏ္ဆရာေတာ္ဘုရားႀကီးထံမွ ငါးပါးသီလခံယူ ေဆာက္တည္ၾကၿပီး သံဃာေတာ္အရွင္သူျမတ္ ႐ြတ္ဖတ္သရဇၩာယ္ၾကေသာ အႏၲရာယ္ကင္း ပရိတ္တရားေတာ္မ်ားကို နာယူၾကည္ညိဳၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေ႐ႊသုဝဏ္ဆရာေတာ္ဘုရားႀကီးထံ လႉဖြယ္ပစၥည္းမ်ားဆက္ကပ္လႉဒါန္းၿပီး ငါးထပ္ေက်ာင္းေတာ္ႀကီးအတြက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားမွ လႉဒါန္းသည့္ အလႉေတာ္ေငြ က်ပ္သိန္း ၅၀၀ ႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ မိသားစုမွလႉဒါန္းသည့္ အလႉေငြမ်ားကိုေပးအပ္လႉဒါန္းရာ ဓမၼစၾကာပဋိပတ္ရိပ္သာ ဥပတၳမၻမဟာ သီရိသုဓမၼ မဏိေဇာတဓရ ဦးစိန္လွဝင္းက လက္ခံရယူကာ ဂုဏ္ျပဳမွတ္တမ္းလႊာျပန္လည္ေပးအပ္သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ေ႐ႊသုဝဏ္ဆရာေတာ္ဘုရားႀကီးက က်မ္းစာအုပ္မ်ား ဓမၼလက္ေဆာင္အျဖစ္ ျပန္လည္ေပးအပ္သည္။

ဆက္လက္ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ တက္ေရာက္လာၾက သည့္ အရာရွိႀကီးမ်ား၊ ေစတနာရွင္အလႉရွင္မ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားအား လႉဖြယ္ပစၥည္းမ်ား အသီးသီးဆက္ကပ္လႉဒါန္းၾကရာ ဓမၼစၾကာရိပ္သာေက်ာင္းတိုက္ ဆရာေတာ္ႀကီးက ဓမၼလက္ေဆာင္မ်ား ျပန္လည္ေပးအပ္သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသူမ်ား သည္ မဂၤလာဒုံၿမိဳ႕နယ္၊ ကံသုံးဆင့္ ပရိယတၱိစာသင္တိုက္၊ ဦးစီးပဓာနနာယက ဆရာေတာ္ အဂၢမဟာပ႑ိတ၊ ဘဒၵႏၲဂုဏိကာဘိဝံသထံမွ အႏုေမာဒနာတရားနာယူၾက ၿပီး လႉဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ်အမွ်ေပးေဝၾကသည္။

ထို႔ေနာက္ ေ႐ႊသုဝဏ္ဆရာေတာ္ဘုရားႀကီး အမႉးျပဳေသာ ဆရာေတာ္၊ သံဃာေတာ္မ်ားႏွင့္ ဧည့္ပရိသတ္မ်ားသည္ မဟာပႏၷက္ေတာ္တင္ျပဳလုပ္မည့္ ေျမေနရာသို႔ အစီအစဥ္အတိုင္းႂကြေရာက္လိုက္ပါၾကၿပီး မဂၤလာအခ်ိန္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ပႏၷက္ေတာ္တင္မည့္အႀကီးအကဲမ်ားသည္ သတ္မွတ္ေနရာ အသီးသီးတြင္ေနရာယူၾကကာ ပႏၷက္ေတာ္မ်ားအား ၉ ခ်က္စီ႐ိုက္၍ မဂၤလာျပဳလုပ္ၿပီး အေမႊးနံ႔သာရည္မ်ား ပက္ဖ်န္းၾကသည္ၾကဆက္လက္၍ ဆရာေတာ္အရွင္သူျမတ္အေပါင္းတို႔ကဦးေဆာင္၍ ဇယေႏၲာ ေဗာဓိယာမူေလ ဇယမဂၤလာေအာင္ဂါထာေတာ္မ်ား ႐ြတ္ဖတ္ ဆုေတာင္းၾကၿပီးေနာက္ မဂၤလာအခ်ိန္တြင္ သတ္မွတ္ေနရာမ်ား၌ တြင္းေတာ္ဝန္းမဂၤလာ ျပဳလုပ္ၾကၿပီး ဗုဒၶသာသနံ စိရံ တိဌတု သုံးႀကိမ္႐ြတ္ဆိုကာ အခမ္းအနားကို ႐ုတ္သိမ္းခဲ့သည္။

အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အနႏၲသုခ ဓမၼစၾကာဓမၼဗိမာန္ ငါးထပ္ေက်ာင္းေတာ္ႀကီး မဟာပႏၷက္ေတာ္တင္၊ တြင္းေတာ္ဝန္း မဂၤလာအခမ္းအနား ေအာင္ျမင္စြာၿပီးေျမာက္ျခင္းအထိမ္းအမွတ္ ရတနာေ႐ႊမိုး၊ ေငြမိုးမ်ား ႐ြာသြန္းၿဖိဳးခဲ့ၾကၿပီး ေ႐ႊသုဝဏ္ဆရာေတာ္ဘုရားႀကီး အမႉးျပဳေသာ ဆရာေတာ္၊ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လႉဒါန္းခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။