တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၅၈)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်အားပေး

နေပြည်တော်၊ ဇန်နဝါရီ – ၁၃

(၅၈)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် အသင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။

ပြိုင်ပွဲမစတင်မီ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြား ရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီ တေးဂီတအဖွဲ့မှ တေးသံသာများဖြင့် သီဆိုဖျော်ဖြေ ကြသည်။

ပွဲကစားချိန်တွင် ဗိုလ်လုပွဲသို့ အကြိတ်အနယ်ယှဉ်ပြိုင်တက်ရောက်လာသည့် အသင်းများဖြစ်သည့်နှင့်အညီ ခြေရည်တူစွာ တစ်ဖက်နှင့်တစ်ဖက် ဦးဆောင်ဂိုးရရှိနိုင်ရေးအတွက် အင်နှင့်အားနှင့် ယှဉ်ပြိုင်ကစားခဲ့ကာ ဂိုးရရှိနိုင်သည့် အခွင့်အရေးများ အပြန်အလှန်ရရှိခဲ့ကြပြီး ပွဲကစားချိန် ၈၁ မိနစ်တွင် အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်အသင်းမှ ကွင်းလယ်ကစားသမား ရဲဝေယံစိုးက အဖိုးတန်အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့သောကြောင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ် အသင်းအားတစ်ဂိုး ဂိုးမရှိဖြင့် ထိုက်တန်စွာ အနိုင်ရရှိခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)ရုံး/ဌာန အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်ဘောလုံးအကယ်ဒမီမှ သင်တန်းသားများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် အားကစားဝါသနာရှင်ပရိသတ်များ တက်ရောက်ကြသည်။

ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တပ်မတော် (ကြည်း၊ရေ၊လေ) ဘောလုံး ပြိုင်ပွဲ(ခ)အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုရရှိသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အသင်းနှင့် (က) အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းတို့အား စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ဆုဖလားနှင့် ငွေသားဆုများကိုလည်းကောင်း (ခ)အဆင့်ပြိုင်ပွဲတွင် တတိယ ဆုရရှိသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အသင်းနှင့် (က)အဆင့်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံးအသင်းတို့အား ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က ငွေသားဆုနှင့် တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် ဒုတိယ ဆုရရှိသည့် နေပြည်တော် တိုင်းစစ်ဌာနချုပ်(ခ)အသင်းနှင့် (က)အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်း စစ်ဌာနချုပ်အသင်းတို့အား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့် ကြသည်။

ဆက်လက်၍ (ခ)အဆင့်ပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံး အားကစား သမားဆုရရှိသူများအား ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက တစ်ဦးချင်းဆုကလပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ (က)အဆင့်ပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုရရှိသူများအား နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က တစ်ဦးချင်းဆုကလပ်နှင့် ငွေသား ဆုများကို လည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) အသင်းမှ အားကစားသမားများအား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ (က)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အလယ်ပိုင်း တိုင်းစစ် ဌာနချုပ်မှ အားကစားသမားများအား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြ သည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ (ခ)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ)အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဆုဖလား၊ ကိုယ်ပွားဆုဖလားနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော် (ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ (က)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဆုဖလား၊ ကိုယ်ပွားဆုဖလားနှင့် ငွေသားဆု များအား ပေးအပ်ချီးမြှင့်သည်။

အဆိုပါ (၅၈)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ရေ၊လေ) ဘောလုံး ပြိုင်ပွဲကို (က)အဆင့်ပြိုင်ပွဲနှင့် (ခ)အဆင့်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲ နှစ်မျိုးခွဲခြားကာ ပထမအဆင့် အုပ်စုပတ် လည်ပြိုင်ပွဲများကို တိုင်းစစ်ဌာနချုပ်များအလိုက် ဇုန်များခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ကြပြီး နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ ဒုတိယအဆင့်ရှုံး/ထွက် ပွဲစဉ်များနှင့် ဗိုလ်လုပွဲများအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်မှ စတင်၍ (က)အဆင့်နှင့် (ခ)အဆင့်ပြိုင်ပွဲဝင်အသင်း ၈ သင်းစီဖြင့် ယှဉ်ပြိုင် ကစားခဲ့ကြပြီး ယနေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ (၅၈)ႀကိမ္ေျမာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဖလား၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)ေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲသို႔ တက္ေရာက္အားေပး

ေနျပည္ေတာ္၊ ဇန္နဝါရီ – ၁၃

(၅၈)ႀကိမ္ေျမာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဖလား၊ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) ေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲကို ယေန႔ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိတပ္မေတာ္အားကစားကြင္း၌ က်င္းပျပဳလုပ္ရာ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ အသင္းႏွင့္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကသည္။

ၿပိဳင္ပြဲမစတင္မီ ျပည္သူ႔ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရးၫႊန္ၾကား ေရးမႉး႐ုံး ကြပ္ကဲမႈေအာက္ ျမဝတီ ေတးဂီတအဖြဲ႕မွ ေတးသံသာမ်ားျဖင့္ သီဆိုေဖ်ာ္ေျဖ ၾကသည္။

ပြဲကစားခ်ိန္တြင္ ဗိုလ္လုပြဲသို႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္တက္ေရာက္လာသည့္ အသင္းမ်ားျဖစ္သည့္ႏွင့္အညီ ေျခရည္တူစြာ တစ္ဖက္ႏွင့္တစ္ဖက္ ဦးေဆာင္ဂိုးရရွိႏိုင္ေရးအတြက္ အင္ႏွင့္အားႏွင့္ ယွဥ္ၿပိဳင္ကစားခဲ့ကာ ဂိုးရရွိႏိုင္သည့္ အခြင့္အေရးမ်ား အျပန္အလွန္ရရွိခဲ့ၾကၿပီး ပြဲကစားခ်ိန္ ၈၁ မိနစ္တြင္ အလယ္ပိုင္းတိုင္း စစ္ဌာန ခ်ဳပ္အသင္းမွ ကြင္းလယ္ကစားသမား ရဲေဝယံစိုးက အဖိုးတန္အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ေသာေၾကာင့္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္အသင္းက ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ အသင္းအားတစ္ဂိုး ဂိုးမရွိျဖင့္ ထိုက္တန္စြာ အႏိုင္ရရွိခဲ့သည္။

အဆိုပါ ေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ ညႇိႏႈိင္းကြပ္ကဲေရး မႉး(ၾကည္း၊ ေရ၊ ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္ တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ဇနီး၊ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မွ သင္တန္းသား အရာရွိႀကီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ေရ၊ေလ)႐ုံး/ဌာန အသီးသီးမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္ရွိ တပ္နယ္မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ တပ္မေတာ္ေဘာလုံးအကယ္ဒမီမွ သင္တန္းသားမ်ား၊ ဖိတ္ၾကား ထားသည့္ ဧည့္သည္ေတာ္မ်ားႏွင့္ အားကစားဝါသနာရွင္ပရိသတ္မ်ား တက္ေရာက္ၾကသည္။

ယင္းေနာက္ ဆုခ်ီးျမႇင့္ျခင္းအခမ္းအနားကို ဆက္လက္ျပဳလုပ္ရာ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) ေဘာလုံး ၿပိဳင္ပြဲ(ခ)အဆင့္ၿပိဳင္ပြဲတြင္ အသန႔္ရွင္းဆုံးဆုရရွိသည့္ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္အသင္းႏွင့္ (က) အဆင့္ၿပိဳင္ပြဲတြင္ အသန႔္ရွင္းဆုံးဆုရရွိသည့္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္အသင္းတို႔အား စစ္ေရးခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းက ဆုဖလားႏွင့္ ေငြသားဆုမ်ားကိုလည္းေကာင္း (ခ)အဆင့္ၿပိဳင္ပြဲတြင္ တတိယ ဆုရရွိသည့္ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္အသင္းႏွင့္ (က)အဆင့္ၿပိဳင္ပြဲတြင္ တတိယဆုရရွိသည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) စခန္းမႉး႐ုံးအသင္းတို႔အား ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္က ေငြသားဆုႏွင့္ တစ္ဦးခ်င္း ဆုတံဆိပ္မ်ားကိုလည္းေကာင္း၊ (ခ)အဆင့္ၿပိဳင္ပြဲတြင္ ဒုတိယ ဆုရရွိသည့္ ေနျပည္ေတာ္ တိုင္းစစ္ဌာနခ်ဳပ္(ခ)အသင္းႏွင့္ (က)အဆင့္ၿပိဳင္ပြဲတြင္ ဒုတိယဆုရရွိသည့္ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္အသင္းတို႔အား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက ေငြသားဆုႏွင့္ တစ္ဦးခ်င္းဆုတံဆိပ္မ်ားကိုလည္းေကာင္း အသီးသီးေပးအပ္ခ်ီးျမႇင့္ ၾကသည္။

ဆက္လက္၍ (ခ)အဆင့္ၿပိဳင္ပြဲတြင္ ေနရာအလိုက္အေကာင္းဆုံး အားကစား သမားဆုရရွိသူမ်ားအား ညႇိႏႈိင္း ကြပ္ကဲေရးမႉး (ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက တစ္ဦးခ်င္းဆုကလပ္ႏွင့္ ေငြသားဆုမ်ားကို လည္းေကာင္း၊ (က)အဆင့္ၿပိဳင္ပြဲတြင္ ေနရာအလိုက္အေကာင္းဆုံးအားကစားသမားဆုရရွိသူမ်ားအား နယ္စပ္ ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္က တစ္ဦးခ်င္းဆုကလပ္ႏွင့္ ေငြသား ဆုမ်ားကို လည္းေကာင္း၊ (ခ)အဆင့္ၿပိဳင္ပြဲတြင္ ပထမဆုရရွိသည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ေလ) အသင္းမွ အားကစားသမားမ်ားအား ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းက တစ္ဦးခ်င္းဆုတံဆိပ္မ်ားကိုလည္းေကာင္း၊ (က)အဆင့္ၿပိဳင္ပြဲတြင္ ပထမဆုရရွိသည့္ အလယ္ပိုင္း တိုင္းစစ္ ဌာနခ်ဳပ္မွ အားကစားသမားမ်ားအား ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြက တစ္ဦးခ်င္းဆုတံဆိပ္မ်ားကိုလည္းေကာင္း အသီးသီး ေပးအပ္ခ်ီးျမႇင့္ၾက သည္။

ယင္းေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက တပ္မေတာ္(ၾကည္း၊ေရ၊ေလ)ေဘာလုံးၿပိဳင္ပြဲ (ခ)အဆင့္ၿပိဳင္ပြဲတြင္ ပထမဆုရရွိေသာ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ေလ)အသင္းအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ တံခြန္စိုက္ဆုဖလား၊ ကိုယ္ပြားဆုဖလားႏွင့္ ေငြသားဆုမ်ားအား ေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က တပ္မေတာ္ (ၾကည္း၊ေရ၊ေလ)ေဘာလုံးၿပိဳင္ပြဲ (က)အဆင့္ၿပိဳင္ပြဲတြင္ ပထမဆုရရွိေသာ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ အသင္းအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ တံခြန္စိုက္ဆုဖလား၊ ကိုယ္ပြားဆုဖလားႏွင့္ ေငြသားဆု မ်ားအား ေပးအပ္ခ်ီးျမႇင့္သည္။

အဆိုပါ (၅၈)ႀကိမ္ေျမာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဖလား၊ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) ေဘာလုံး ၿပိဳင္ပြဲကို (က)အဆင့္ၿပိဳင္ပြဲႏွင့္ (ခ)အဆင့္ၿပိဳင္ပြဲဟူ၍ ၿပိဳင္ပြဲ ႏွစ္မ်ိဳးခြဲျခားကာ ပထမအဆင့္ အုပ္စုပတ္ လည္ၿပိဳင္ပြဲမ်ားကို တိုင္းစစ္ဌာနခ်ဳပ္မ်ားအလိုက္ ဇုန္မ်ားခြဲ၍ ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး ေနျပည္ေတာ္ရွိ ေဇယ်ာသီရိတပ္မေတာ္ အားကစားကြင္း၌ ဒုတိယအဆင့္ရႈံး/ထြက္ ပြဲစဥ္မ်ားႏွင့္ ဗိုလ္လုပြဲမ်ားအား ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာ ၂၇ ရက္မွ စတင္၍ (က)အဆင့္ႏွင့္ (ခ)အဆင့္ၿပိဳင္ပြဲဝင္အသင္း ၈ သင္းစီျဖင့္ ယွဥ္ၿပိဳင္ ကစားခဲ့ၾကၿပီး ယေန႔တြင္ ေအာင္ျမင္စြာက်င္းပၿပီးစီးခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။