(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ

(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ

ချစ်ခင်လေးစားရပါသော ကယားပြည်နယ်ရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ –

ယနေ့ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ကျရောက်သော (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့မှာ ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေကြာင်း ဆုမွန်ကောင်းများဖြင့် နှုတ်ခွန်းဆက်သအပ်ပါတယ်။

၁၉၅၂ ခုနှစ် ၊ ဇန်နဝါရီလ ၁၅ ရက် နေ့ကို ကယားပြည်နယ်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့တာ ယခုဆိုရင် (၆၈)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံတစ်ခုဖြစ်သည့် ကျွန်ုပ်တို့မြန်မာ နိုင်ငံတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများဖြင့် ပေါင်းစည်းတည်ထောင်ထားပြီး ကယားပြည်နယ်ဟာ လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့ ပြည်နယ်များထဲက ဂုဏ်ယူစရာသွေးချင်းတို့ရဲ့ ဌာနေတစ်ခု အဖြစ်ပါဝင်ပါတယ်။

ဂုဏ်ယူစရာသဘာဝတရားများစွာရှိတဲ့ ကယားပြည်နယ်ကို “ကန္ဒရဝတီငွေတောင်ပြည်” လို့လည်း တင်စားခေါ်ဝေါ်သတ်မှတ်ကြပါတယ်။ ခဲမဖြူ ၊ အဖြိုက်နက်ကဲ့သို့ တွင်းထွက်ပစ္စည်းများ ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံအတွက် အဓိကအရေးပါတဲ့ လျှပ်စစ်ဓာတ်အားထုတ်လွှတ်ပေးတဲ့ လောပိတ ရေအား လျှပ်စစ်စက်ရုံကြီး တည်ရှိတဲ့ပြည်နယ်လည်းဖြစ်ပါတယ်။ ထို့ပြင် ကယားမျိုးနွယ်စု တိုင်းရင်းသား ၉ မျိုးဖြစ်သည့် ကယား ၊ ကယန်း(ပဒေါင်) ၊ ယင်းဘော် ၊ ကဲ့ခို ၊ ဇယိမ်း ၊ ပရဲ(ကယော်) ၊ ဂေဘား ၊ ယင်းတလဲနှင့် မနုမနော တို့အပြင် အခြားတိုင်းရင်းသားများ ဖြစ်သော ရှမ်း ၊ ဗမာ ၊ ပအိုဝ်း ၊ ကရင် ၊ အင်းသား ၊ လီဆူး စသည်တို့ဟာလည်း ရိုးသားအေးချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက်ရှိကြပါတယ်။

ယခုအချိန်မှာ ကယားပြည်နယ်ဟာ တည်ငြိမ်အေးချမ်းလျက်ရှိတာကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရမယ့် ကာလလည်းဖြစ်ပါတယ်။ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် သာယာလှပပြီး ထူးခြားဆန်းကြယ်သော တောတောင်ရေမြေသဘာဝများကို အခြေခံတဲ့ ကာလလည်း ဖြစ်ပါတယ်။ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သာယာလှပပြီး ထူးခြားဆန်းကြယ် သော တောတောင်ရေမြေ သဘာဝများကိုအခြေခံတဲ့ ခရီးသွားလုပ်ငန်းများနဲ့ အခြားသော သဘာဝအရင်းအမြစ်ဆိုင်ရာ စီးပွားရေးအခွင့်အလမ်းများစွာ ပိုင်ဆိုင်ထားတာဖြစ်လို့ ဒါတွေကို နည်းလမ်းတကျ ဆောင်ရွက်သွားမယ်ဆိုရင် ဒေသခံတိုင်းရင်းသားပြည်သူများရဲ့ နေ့စဉ်လူမူစီးပွား ဘဝဟာလည်း တိုးတက်မှုရရှိလာမှာ မလွဲပါဘူး။

ကယားပြည်နယ်အပါအဝင် ပြည်ထောင်စုတစ်ဝှမ်းလုံး ငြိမ်းချမ်းသာယာ စည်ပင်ဝပြောစေရေးအတွက် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကြိုးပမ်းကြရမှာပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းသာယာဖို့အတွက် သည်းခံခြင်း ၊ နားလည်ခွင့်လွှတ်ခြင်း ၊ စိတ်သဘောထားကြီးမြတ်ခြင်းတို့ထားရှိပြီး အတူတကွ ယှဉ်တွဲနေထိုင် သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အမိမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာစည်ပင်ဝပြောရေး အတွက် စည်းလုံးညီညွတ်သည့် ပြည်ထောင်စုစိတ်ဓာတ် ၊ မျိုးချစ်စိတ်ဓာတ်တို့ဖြင့် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းများဖြင့် သဝဏ်လွှာပို့သအပ်ပါတယ် ခင်ဗျား။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

(Zawgyi Version)

(၆၈)ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေပးပို႔သည့္သဝဏ္လႊာ

ခ်စ္ခင္ေလးစားရပါေသာ ကယားျပည္နယ္ရွိ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားခင္ဗ်ာ –

ယေန႔ ဇန္နဝါရီ ၁၅ ရက္ေန႔တြင္ က်ေရာက္ေသာ (၆၈)ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔မွာ ကယားျပည္နယ္အတြင္း မွီတင္းေနထိုင္ၾကသည့္ တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမမ်ားအားလုံး စိတ္၏ ခ်မ္းသာျခင္း ၊ ကိုယ္၏က်န္းမာျခင္း ေကာင္းက်ိဳးမဂၤလာအျဖာျဖာတို႔ႏွင့္ ျပည့္စုံၾကပါေစၾကာင္း ဆုမြန္ေကာင္းမ်ားျဖင့္ ႏႈတ္ခြန္းဆက္သအပ္ပါတယ္။

၁၉၅၂ ခုႏွစ္ ၊ ဇန္နဝါရီလ ၁၅ ရက္ ေန႔ကို ကယားျပည္နယ္ေန႔အျဖစ္ သတ္မွတ္က်င္းပခဲ့တာ ယခုဆိုရင္ (၆၈)ႏွစ္ျပည့္ေျမာက္ခဲ့ၿပီျဖစ္ပါတယ္။ ျပည္ေထာင္စုႏိုင္ငံတစ္ခုျဖစ္သည့္ ကြၽႏ္ုပ္တို႔ျမန္မာ ႏိုင္ငံတြင္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးမ်ားျဖင့္ ေပါင္းစည္းတည္ေထာင္ထားၿပီး ကယားျပည္နယ္ဟာ လည္း ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံရဲ႕ ျပည္နယ္မ်ားထဲက ဂုဏ္ယူစရာေသြးခ်င္းတို႔ရဲ႕ ဌာေနတစ္ခု အျဖစ္ပါဝင္ပါတယ္။

ဂုဏ္ယူစရာသဘာဝတရားမ်ားစြာရွိတဲ့ ကယားျပည္နယ္ကို “ကႏၵရဝတီေငြေတာင္ျပည္” လို႔လည္း တင္စားေခၚေဝၚသတ္မွတ္ၾကပါတယ္။ ခဲမျဖဴ ၊ အၿဖိဳက္နက္ကဲ့သို႔ တြင္းထြက္ပစၥည္းမ်ား ပိုင္ဆိုင္ၿပီး ျမန္မာႏိုင္ငံအတြက္ အဓိကအေရးပါတဲ့ လွ်ပ္စစ္ဓာတ္အားထုတ္လႊတ္ေပးတဲ့ ေလာပိတ ေရအား လွ်ပ္စစ္စက္႐ုံႀကီး တည္ရွိတဲ့ျပည္နယ္လည္းျဖစ္ပါတယ္။ ထို႔ျပင္ ကယားမ်ိဳးႏြယ္စု တိုင္းရင္းသား ၉ မ်ိဳးျဖစ္သည့္ ကယား ၊ ကယန္း(ပေဒါင္) ၊ ယင္းေဘာ္ ၊ ကဲ့ခို ၊ ဇယိမ္း ၊ ပရဲ(ကေယာ္) ၊ ေဂဘား ၊ ယင္းတလဲႏွင့္ မႏုမေနာ တို႔အျပင္ အျခားတိုင္းရင္းသားမ်ား ျဖစ္ေသာ ရွမ္း ၊ ဗမာ ၊ ပအိုဝ္း ၊ ကရင္ ၊ အင္းသား ၊ လီဆူး စသည္တို႔ဟာလည္း ႐ိုးသားေအးခ်မ္းစြာ အတူယွဥ္တြဲေနထိုင္လ်က္ရွိၾကပါတယ္။

ယခုအခ်ိန္မွာ ကယားျပည္နယ္ဟာ တည္ၿငိမ္ေအးခ်မ္းလ်က္ရွိတာေၾကာင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္သြားရမယ့္ ကာလလည္းျဖစ္ပါတယ္။ ျပည္နယ္ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ သာယာလွပၿပီး ထူးျခားဆန္းၾကယ္ေသာ ေတာေတာင္ေရေျမသဘာဝမ်ားကို အေျခခံတဲ့ ကာလလည္း ျဖစ္ပါတယ္။ ျပည္နယ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ သာယာလွပၿပီး ထူးျခားဆန္းၾကယ္ ေသာ ေတာေတာင္ေရေျမ သဘာဝမ်ားကိုအေျခခံတဲ့ ခရီးသြားလုပ္ငန္းမ်ားနဲ႔ အျခားေသာ သဘာဝအရင္းအျမစ္ဆိုင္ရာ စီးပြားေရးအခြင့္အလမ္းမ်ားစြာ ပိုင္ဆိုင္ထားတာျဖစ္လို႔ ဒါေတြကို နည္းလမ္းတက် ေဆာင္႐ြက္သြားမယ္ဆိုရင္ ေဒသခံတိုင္းရင္းသားျပည္သူမ်ားရဲ႕ ေန႔စဥ္လူမူစီးပြား ဘဝဟာလည္း တိုးတက္မႈရရွိလာမွာ မလြဲပါဘူး။

ကယားျပည္နယ္အပါအဝင္ ျပည္ေထာင္စုတစ္ဝွမ္းလုံး ၿငိမ္းခ်မ္းသာယာ စည္ပင္ဝေျပာေစေရးအတြက္ ကြၽန္ေတာ္တို႔အားလုံး ဝိုင္းဝန္းႀကိဳးပမ္းၾကရမွာပဲ ျဖစ္ပါတယ္။ ၿငိမ္းခ်မ္းသာယာဖို႔အတြက္ သည္းခံျခင္း ၊ နားလည္ခြင့္လႊတ္ျခင္း ၊ စိတ္သေဘာထားႀကီးျမတ္ျခင္းတို႔ထားရွိၿပီး အတူတကြ ယွဥ္တြဲေနထိုင္ သြားရမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အမိျမန္မာႏိုင္ငံေတာ္ႀကီး ၿငိမ္းခ်မ္းသာယာစည္ပင္ဝေျပာေရး အတြက္ စည္းလုံးညီၫြတ္သည့္ ျပည္ေထာင္စုစိတ္ဓာတ္ ၊ မ်ိဳးခ်စ္စိတ္ဓာတ္တို႔ျဖင့္ ဝိုင္းဝန္းႀကိဳးပမ္း တည္ေဆာက္ႏိုင္ၾကပါေစေၾကာင္း ဆုမြန္ေကာင္းမ်ားျဖင့္ သဝဏ္လႊာပို႔သအပ္ပါတယ္ ခင္ဗ်ား။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။