တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General VONG PISEN အားဂုဏ်ပြုညစာ ဖြင့်တည်ခင်းဧည့်ခံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General VONG PISEN အားဂုဏ်ပြုညစာ ဖြင့်တည်ခင်းဧည့်ခံ

နေပြည်တော်၊ ဇန်နဝါရီ – ၁၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General VONG PISEN အား ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ Aureum Palace Hotel ၌ ဂုဏ်ပြုညစာဖြင့်တည်ခင်း ဧည့်ခံသည်။

အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းကိုကို တို့တက်ရောက်ကြပြီး ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကမ္ဘောဒီးယားဘုရင့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ ဒုတိယကာကွယ်ရေးဦးစီးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံစစ်သံမှူး Colonel Keo Cheysothearith နှင့် ကမ္ဘောဒီးယား တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုနှုတ်ဆက်ကြပြီးနောက် နှုတ်ခွန်းဆက် စကားများ အသီးသီးပြောကြားကြသည်။

ညစာမသုံးဆောင်မီနှင့်သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က နှစ်နိုင်ငံ တေးသီချင်းများ၊ အကပဒေသာများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ် ရေးဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး သီဆိုကပြဖျော် ဖြေခဲ့ကြသော ဖျော်ဖြေရေးအဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများ အသီးသီးပေး အပ်ကြပြီးအမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကေမာၻဒီးယား ဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ General VONG PISEN အားဂုဏ္ျပဳညစာ ျဖင့္တည္ခင္းဧည့္ခံ

ေနျပည္ေတာ္၊ ဇန္နဝါရီ – ၁၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ကေမာၻဒီးယား ဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ General VONG PISEN အား ယေန႔ညပိုင္းတြင္ ေနျပည္ေတာ္ရွိ Aureum Palace Hotel ၌ ဂုဏ္ျပဳညစာျဖင့္တည္ခင္း ဧည့္ခံသည္။

အဆိုပါဂုဏ္ျပဳညစာစားပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အတူ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ညႇိႏႈိင္းကြပ္ကဲ ေရးမႉး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ ကေမာၻဒီးယားႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံ စစ္သံမႉး ဗိုလ္မႉးခ်ဳပ္ ဝင္းကိုကို တို႔တက္ေရာက္ၾကၿပီး ကေမာၻဒီးယား ဘုရင့္တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အတူ ကေမာၻဒီးယားဘုရင့္ ၾကည္းတပ္၊ ေရတပ္၊ ေလတပ္တို႔မွ ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္မ်ား၊ ျမန္မာႏိုင္ငံဆိုင္ရာ ကေမာၻဒီးယားႏိုင္ငံစစ္သံမႉး Colonel Keo Cheysothearith ႏွင့္ ကေမာၻဒီးယား တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ကေမာၻဒီးယားဘုရင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ဦးေဆာင္သည့္ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕အား ႀကိဳဆိုႏႈတ္ဆက္ၾကၿပီးေနာက္ ႏႈတ္ခြန္းဆက္ စကားမ်ား အသီးသီးေျပာၾကားၾကသည္။

ညစာမသုံးေဆာင္မီႏွင့္သုံးေဆာင္ေနစဥ္အတြင္း ျပည္သူ႔ဆက္ဆံေရးႏွင့္ စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကား ေရးမႉး႐ုံးကြပ္ကဲမႈေအာက္ ျမဝတီေတးဂီတအဖြဲ႕က ႏွစ္ႏိုင္ငံ ေတးသီခ်င္းမ်ား၊ အကပေဒသာမ်ားျဖင့္ ေဖ်ာ္ေျဖ တင္ဆက္ၾကသည္။

ညစာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ကေမာၻဒီးယား ဘုရင့္တပ္မေတာ္ ကာကြယ္ ေရးဦးစီးခ်ဳပ္တို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး သီဆိုကျပေဖ်ာ္ ေျဖခဲ့ၾကေသာ ေဖ်ာ္ေျဖေရးအဖြဲ႕မွ စစ္သည္၊ စစ္သမီးမ်ားအား ဂုဏ္ျပဳပန္းျခင္းမ်ား အသီးသီးေပး အပ္ၾကၿပီးအမွတ္တရ စုေပါင္းဓာတ္ပုံ ႐ိုက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။