တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပအိုဝ်းငြိမ်းချမ်းရေး အဖွဲ့ (PNO) အသွင် ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ နာယက ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ၊ ဒေသဖွံ့ဖြိုးတိုး တက်ရေးများ ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင် ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ နာယက ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ၊ ဒေသဖွံ့ဖြိုးတိုး တက်ရေးများ ဆွေးနွေး

နေပြည်တော်၊ ဇန်နဝါရီ – ၁၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ နာယက ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ဥက္ကဌနှင့်အတူ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နောင်တရားမြို့နယ်နှင့် ပင်လောင်းမြို့နယ်များသို့သွားရောက်၍ ဒေသခံ စိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံ၍ ဒေသတွင်း စိုက်ပျိုးရေးဆိုင်ရာနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက် များအား ဆွေးနွေးခဲ့ကြောင်း၊ ပအိုဝ်းဒေသသည် စိုက်ပျိုးရေးကိုအခြေခံသော ဒေသတစ်ခုဖြစ်ပြီး လက်ဖက်၊ အာလူး၊ ထောပတ်၊ ကြက်သွန်နှင့် အခြားစိုက်ပျိုးရေးသီးနှံများကို ဒေသခံအများစုက စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်နိုင်သဖြင့် ခေတ်မီနည်းစနစ်များအသုံးပြုကာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ တပ်မတော် ကလည်း တတ်နိုင်သမျှ အားပေးကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဒေသထွက်ကုန် ဖြစ်သော အာလူးကို တစ်နိုင်ငံလုံးက နှစ်သက်ကြသဖြင့် ဒေသထွက် အာလူးမျိုးများ သိုလှောင်ထိန်းသိမ်းဖြန့်ချိနိုင်ရေးအတွက် အအေးခန်းသိုလှောင်သေတ္တာများအား တပ်မတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသထွက် သီးနှံမျိုးကောင်း မျိုးသန့်များအား စနစ်တကျ သုတေသနပြုလုပ် စိုက်ပျိုး၍ ထွက်ရှိလာသည့် သီးနှံများ ကိုလည်း ကုန်ချောအဆင့်ထိထုတ်လုပ်ကာ သန့်ရှင်းသပ်ရပ်ပြီး ထုတ်ပိုးမှုစနစ် ကောင်းမွန်သေသပ်စွာဖြင့် ဈေးကွက်သို့ ဖြန့်ချိရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ ဖြိုးတိုးတက်ရေး နှင့် ဒေသထွက်ကုန်များ အောင်မြင်စွာ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် ဒေသ အတွင်းသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားများသည်လည်း အဓိကအရေးပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၌ ဉာဏ်တော် ၅၄ ပေ ရှိ အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ သာယာအေးချမ်းမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် တည်ထားကိုးကွယ်လျက်ရှိပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မွေတော်ကက္ကူဘုရားကြီး ကိုလည်း အလားတူရည်ရွယ်ချက်များဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများသည် ထေရဝါဒဗုဒ္ဓဘာသာကို နက်နက်ရှိုင်းရှိုင်းအလေးအနက်ထား ကိုးကွယ်ကြသူများဖြစ်ပြီး မိမိတို့ဒေသရှိ တန်ခိုးကြီး မွေတော်ကက္တူဘုရားကြီးကို ရှေးမူမပျက် ခမ်းနား၊ တင့်တယ်၊ သပ်ရပ်သန့်ရှင်းစွာ ထိန်းသိမ်းပြုပြင်မွမ်းမံခြင်းဖြင့် ဂုဏ်ယူနိုင်မည်ဖြစ်သလို ခရီးသွားဧည့်သည် များကိုလည်း ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွားများ များပြား လာပါက မိမိဒေသ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများကို သိရှိသူများပြားလာပြီး ဒေသဖွံ့ ဖြိုးတိုးတက်ရေးအတွက် အထောက် အကူဖြစ်နိုင်မည် ဖြစ်ပါကြောင်းနှင့် ဒေသခံပြည်သူလူထုများကလည်း ကြိုးစား အားထုတ် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် အကြံပြုပြောကြားသည်။

ထို့နောက် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး (၁)ဦးနေဝင်းထွန်းနှင့် အဖွဲ့ဝင်များက မိမိတို့ဒေသအတွင်း ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အားပေးကူညီဆောင်ရွက်မှုများအား ကျေးဇူးတင်ရှိပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် လာရောက်၍ ဒေသခံများနှင့် ထိတွေ့ဆက်ဆံကာ ဆွေးနွေးပြောကြားပေးမှုများအတွက်လည်း မိမိတို့ဒေသ တစ်ခုလုံးက ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ မိမိတို့ဒေသအတွင်းရှိ ထုတ်ကုန်များအနေဖြင့် အရည် အသွေးကောင်းမွန်မှုရှိသော်လည်း ထုတ်လုပ်မှုကုန်ကျစရိတ်များပြားခြင်း၊ မျိုးထိန်း ဥယျာဉ်များမရှိခြင်းကြောင့် ဈေးကွက်ကိုမထိန်းနိုင်ခြင်းနှင့် ပြည်ပမှဝင်ရောက်လာသည့် ဈေးနှုန်းနည်းပါးသော စားကုန်များကို ဈေးကွက် မယှဉ်ပြိုင်နိုင်ခြင်းစသည့် အခက်အခဲများ ကြုံတွေ့ရလျက်ရှိပါကြောင်း၊ တပ်မတော်မှ သီးနှံမျိုးများထိန်းသိမ်းရန် အအေးခန်း သိုလှောင်ကုန်သေတ္တာများအား ကူညီဆောင်ရွက်ပေးမည်ဖြစ်၍ များစွာအကျိုးဖြစ်ထွန်း လာမည် ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူလူထုများကိုလည်း မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားလုံးပါဝင်လုပ်ကိုင် ဆောင်ရွက်ပြီး ကြိုးစားအားထုတ် ဆောင်ရွက်ကြရန် တိုက်တွန်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဒေသဖွံ့ ဖြိုးရေးအတွက် သီးနှံမျိုး ဓာတ်ခွဲခန်းနှင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး လိုအပ်ချက်များအား အသီးသီး တင်ပြ ဆွေးနွေးကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် မိမိဒေသအတွင်းရှိ သဘာ၀ မြေအရင်းအမြစ်ကို အကျိုးရှိရှိအသုံးချရမည်ဖြစ်ပြီး သီးနှံသဘောသဘာဝကိုသိရှိ၍ ရာသီဥတုမရွေး စိုက်ပျိုး ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေနိုင်သည့် လျှပ်စစ်စွမ်းအင် လိုအပ်ချက်အတွက် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး စနစ်တကျကွင်းဆင်းတိုင်းတာစစ်ဆေးမှုများ ဆောင် ရွက်ကြရန်လိုအပ်ပြီး တပ်မတော်မှလည်း ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နောင်တရား၊ ပင်လောင်းမြို့နယ်များသာမက ပအိုဝ်းဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာအောင် တက်ညီလက်ညီ ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူမှုစနစ်ကို စနစ်တကျဖြင့်အောင်မြင် အောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် အသိပညာ၊ အတတ်ပညာများပြည့်စုံသော ပညာရှင်များပေါ် ထွက်လာရေးအတွက် ပညာရေးကိုလည်း အားပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၌ ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ ငါး စသည်တို့ကို အဓိကစားသုံးပြီး ဤဒေသတွင် မွေးမြူနိုင်သော ကြက်၊ ဝက်၊ ဆိတ်၊ နွား မွေးမြူရေး လုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ကြစေလိုကြောင်းနှင့် မွေးမြူရေး ဆိုင်ရာ နည်းပညာနှင့်လိုအပ် သည်များအား တပ်မတော်မှကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများအား လုပ်ကိုင်နိုင်ရန် အတွက် လူတိုင်းကျန်းမာရန် လိုကြောင်း၊ ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် အရက်၊ ကွမ်းယာ၊ ဆေးလိပ်၊ အသောက် အစားနှင့် အပျော်အပါးကို မိမိကိုယ်ကိုထိန်းသိမ်း၍ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်းနှင့် တပ်မတော် မှလည်း နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များစေလွှတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိဒေသ အတွင်းရှိ မြေအရင်းအမြစ်နှင့် ရာသီဥတုကို ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်သစ်တောများ စိုက်ပျိုးရေးကို ပအိုဝ်းတိုင်းရင်းသား အားလုံး၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ နာယက ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ပအုိ၀္းၿငိမ္းခ်မ္းေရး အဖြဲ႕ (PNO) အသြင္ ေျပာင္းျပည္သူ႕စစ္(ဌာေန)အဖြဲ႕ နာယက ဦးေအာင္ခမ္းထီႏွင့္ အဖြဲ႕၀င္မ်ားအား လက္ခံေတြ႕ဆုံ၊ ေဒသဖြံ႕ၿဖိဳးတုိး တက္ေရးမ်ား ေဆြးေႏြး

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၁၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ပအုိ၀္းၿငိမ္းခ်မ္းေရးအဖြဲ႕ (PNO) အသြင္ေျပာင္းျပည္သူ႕စစ္(ဌာေန)အဖြဲ႕ နာယက ဦးေအာင္ခမ္းထီႏွင့္ အဖြဲ႕၀င္မ်ားအား ယေန႕နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံ၍ ပအို၀္းကုိယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဖြြံ႕ၿဖိဳး တုိးတက္ေရးဆုိင္ရာ ကိစၥရပ္မ်ားအား ေဆြးေႏြးသည္။

ေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း)မွ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ပအုိ၀္းၿငိမ္းခ်မ္းေရးအဖြဲ႕ (PNO) အသြင္ေျပာင္းျပည္သူ႕စစ္(ဌာေန)အဖြဲ႕ဥကၠဌႏွင့္အတူ ျပည္သူ႕စစ္(ဌာေန)အဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

ထုိသို႔ေတြ႕ဆံုရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလအတြင္း၌ ပအို၀္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္းရွိ ေနာင္တရားၿမိဳ႕နယ္ႏွင့္ ပင္ေလာင္းၿမိဳ႕နယ္မ်ားသို႔သြားေရာက္၍ ေဒသခံ စိုက္ပ်ိဳးေရးေတာင္သူမ်ားႏွင့္ ေတြ႕ဆံု၍ ေဒသတြင္း စိုက္ပ်ိဳးေရးဆုိင္ရာႏွင့္ ဖြံ႕ၿဖိဳးေရးဆုိင္ရာလုိအပ္ခ်က္ မ်ားအား ေဆြးေႏြးခဲ့ေၾကာင္း၊ ပအို၀္းေဒသသည္ စိုက္ပ်ိဳးေရးကိုအေျခခံေသာ ေဒသတစ္ခုျဖစ္ၿပီး လက္ဖက္၊ အာလူး၊ ေထာပတ္၊ ၾကက္သြန္ႏွင့္ အျခားစိုက္ပ်ိဳးေရးသီးႏွံမ်ားကို ေဒသခံအမ်ားစုက စီးပြားျဖစ္ စိုက္ပ်ဳိး ထုတ္လုပ္ႏိုင္သျဖင့္ ေခတ္မီနည္းစနစ္မ်ားအသံုးျပဳကာ စိုက္ပ်ဳိးေရး၊ ကုန္ထုတ္လုပ္ငန္းမ်ား ေအာင္ျမင္ေအာင္ ႀကိဳးပမ္းေဆာင္ရြက္ေစလုိေၾကာင္း၊ တပ္မေတာ္ ကလည္း တတ္ႏိုင္သမွ် အားေပးကူညီေဆာင္ရြက္ ေပးလ်က္ရွိေၾကာင္း၊ ေဒသထြက္ကုန္ ျဖစ္ေသာ အာလူးကုိ တစ္ႏိုင္ငံလံုးက ႏွစ္သက္ၾကသျဖင့္ ေဒသထြက္ အာလူးမ်ဳိးမ်ား သိုေလွာင္ထိန္းသိမ္းျဖန္႕ခ်ိႏိုင္ေရးအတြက္ အေအးခန္းသိုေလွာင္ေသတၱာမ်ားအား တပ္မေတာ္မွ ကူညီေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ ေဒသထြက္ သီးႏွံမ်ဳိးေကာင္း မ်ဳိးသန္႕မ်ားအား စနစ္တက် သုေတသနျပဳလုပ္ စိုက္ပ်ိဳး၍ ထြက္ရွိလာသည့္ သီးႏွံမ်ား ကိုလည္း ကုန္ေခ်ာအဆင့္ထိထုတ္လုပ္ကာ သန္႔ရွင္းသပ္ရပ္ၿပီး ထုတ္ပိုးမႈစနစ္ ေကာင္းမြန္ေသသပ္စြာျဖင့္ ေစ်းကြက္သို႔ ျဖန္႔ခ်ိရမည္ျဖစ္ေၾကာင္း၊ ေဒသဖြံ႕ ၿဖိဳးတိုးတက္ေရး ႏွင့္ ေဒသထြက္ကုန္မ်ား ေအာင္ျမင္စြာ ေရာင္း၀ယ္ေဖာက္ကားႏိုင္ေရးအတြက္ ေဒသ အတြင္းသို႔ လာေရာက္လည္ပတ္သည့္ ျပည္တြင္း၊ ျပည္ပခရီးသြားမ်ားသည္လည္း အဓိကအေရးပါေၾကာင္း၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသ၌ ဥာဏ္ေတာ္ ၅၄ ေပ ရွိ အဘယရာဇမုနိ႐ုပ္ပြားေတာ္ျမတ္ႀကီးကုိ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသ သာယာေအးခ်မ္းမႈရွိေစရန္၊ ေထရ၀ါဒဗုဒၶဘာသာ တည္တံ့ခိုင္ၿမဲေစရန္ႏွင့္ ျပည္တြင္း၊ ျပည္ပ ဘုရားဖူးမ်ားလာေရာက္ျခင္းျဖင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျဖစ္ေစရန္ တည္ထားကိုးကြယ္လ်က္ရွိပါေၾကာင္း၊ ပအို၀္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္းရွိ ေမြေတာ္ကကၠဴဘုရားႀကီး ကိုလည္း အလားတူရည္ရြယ္ခ်က္မ်ားျဖင့္ ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းမ်ား ကူညီေဆာင္ရြက္ေပးလ်က္ ရွိပါေၾကာင္း၊ ပအို၀္းတုိင္းရင္းသားမ်ားသည္ ေထရ၀ါဒဗုဒၶဘာသာကို နက္နက္႐ိႈင္း႐ိႈင္းအေလးအနက္ထား ကုိးကြယ္ၾကသူမ်ားျဖစ္ၿပီး မိမိတုိ႕ေဒသရွိ တန္ခုိးႀကီး ေမြေတာ္ကကၱဴဘုရားႀကီးကို ေရွးမူမပ်က္ ခမ္းနား၊ တင့္တယ္၊ သပ္ရပ္သန္႕ရွင္းစြာ ထိန္းသိမ္းျပဳျပင္မြမ္းမံျခင္းျဖင့္ ဂုဏ္ယူႏိုင္မည္ျဖစ္သလုိ ခရီးသြားဧည့္သည္ မ်ားကိုလည္း ဆြဲေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း၊ မိမိေဒသသုိ႔ လာေရာက္လည္ပတ္သည့္ ခရီးသြားမ်ား မ်ားျပား လာပါက မိမိေဒသ၏ ႐ိုးရာယဥ္ေက်းမႈ၊ ဓေလ့ထံုးတမ္း အစဥ္အလာမ်ားကို သိရွိသူမ်ားျပားလာၿပီး ေဒသဖြံ႕ ၿဖိဳးတိုးတက္ေရးအတြက္ အေထာက္ အကူျဖစ္ႏိုင္မည္ ျဖစ္ပါေၾကာင္းႏွင့္ ေဒသခံျပည္သူလူထုမ်ားကလည္း ႀကိဳးစား အားထုတ္ ေဆာင္ရြက္ၾကရန္လိုေၾကာင္းျဖင့္ အႀကံျပဳေျပာၾကားသည္။

ထုိ႔ေနာက္ ပအုိ၀္းၿငိမ္းခ်မ္းေရးအဖြဲ႕ (PNO) အသြင္ေျပာင္းျပည္သူ႕စစ္(ဌာေန)အဖြဲ႕မွ တြဲဖက္အတြင္းေရးမွဴး (၁)ဦးေန၀င္းထြန္းႏွင့္ အဖြဲ႕၀င္မ်ားက မိမိတုိ႔ေဒသအတြင္း ဖြံ႕ၿဖိဳး တိုးတက္ေရးလုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္ အားေပးကူညီေဆာင္ရြက္မႈမ်ားအား ေက်းဇူးတင္ရွိပါေၾကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကုိယ္တုိင္ လာေရာက္၍ ေဒသခံမ်ားႏွင့္ ထိေတြ႕ဆက္ဆံကာ ေဆြးေႏြးေျပာၾကားေပးမႈမ်ားအတြက္လည္း မိမိတုိ႕ေဒသ တစ္ခုလံုးက ၀မ္းေျမာက္၀မ္းသာျဖစ္ရပါေၾကာင္း၊ မိမိတို႔ေဒသအတြင္းရွိ ထုတ္ကုန္မ်ားအေနျဖင့္ အရည္ အေသြးေကာင္းမြန္မႈရွိေသာ္လည္း ထုတ္လုပ္မႈကုန္က်စရိတ္မ်ားျပားျခင္း၊ မ်ိဳးထိန္း ဥယ်ာဥ္မ်ားမရွိျခင္းေၾကာင့္ ေစ်းကြက္ကိုမထိန္းႏိုင္ျခင္းႏွင့္ ျပည္ပမွ၀င္ေရာက္လာသည့္ ေစ်းႏႈန္းနည္းပါးေသာ စားကုန္မ်ားကို ေစ်းကြက္ မယွဥ္ၿပိဳင္ႏုိင္ျခင္းစသည့္ အခက္အခဲမ်ား ႀကံဳေတြ႕ရလ်က္ရွိပါေၾကာင္း၊ တပ္မေတာ္မွ သီးႏွံမ်ိဳးမ်ားထိန္းသိမ္းရန္ အေအးခန္း သိုေလွာင္ကုန္ေသတၱာမ်ားအား ကူညီေဆာင္ရြက္ေပးမည္ျဖစ္၍ မ်ားစြာအက်ိဳးျဖစ္ထြန္း လာမည္ ျဖစ္ပါေၾကာင္း၊ ေဒသခံျပည္သူလူထုမ်ားကိုလည္း မိမိေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ အားလံုးပါ၀င္လုပ္ကိုင္ ေဆာင္ရြက္ၿပီး ႀကိဳးစားအားထုတ္ ေဆာင္ရြက္ၾကရန္ တိုက္တြန္းေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္းႏွင့္ ေဒသဖြံ႕ ၿဖိဳးေရးအတြက္ သီးႏွံမ်ဳိး ဓာတ္ခြဲခန္းႏွင့္ ေရအားလွ်ပ္စစ္ထုတ္လုပ္ႏိုင္ေရး လိုအပ္ခ်က္မ်ားအား အသီးသီး တင္ျပ ေဆြးေႏြးၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ပအို၀္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအေနျဖင့္ မိမိေဒသအတြင္းရွိ သဘာ၀ ေျမအရင္းအျမစ္ကို အက်ိဳးရွိရွိအသံုးခ်ရမည္ျဖစ္ၿပီး သီးႏွံသေဘာသဘာ၀ကိုသိရွိ၍ ရာသီဥတုမေရြး စိုက္ပ်ိဳး ထုတ္လုပ္ႏိုင္ရမည္ျဖစ္ေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးေရးအတြက္ အေထာက္အကူျဖစ္ေစႏိုင္သည့္ လွ်ပ္စစ္စြမ္းအင္ လိုအပ္ခ်က္အတြက္ ေရအားလွ်ပ္စစ္ထုတ္လုပ္ႏုိင္ေရး စနစ္တက်ကြင္းဆင္းတုိင္းတာစစ္ေဆးမႈမ်ား ေဆာင္ ရြက္ၾကရန္လိုအပ္ၿပီး တပ္မေတာ္မွလည္း ကူညီေဆာင္ရြက္ ေပးသြားမည္ျဖစ္ေၾကာင္း၊ ေနာင္တရား၊ ပင္ေလာင္းၿမိဳ႕နယ္မ်ားသာမက ပအို၀္းေဒသတစ္ခုလံုး ဖြံ႕ၿဖိဳးတိုးတက္လာေအာင္ တက္ညီလက္ညီ ႀကိဳးစား ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စုိက္ပ်ိဳးေမြးျမဴမႈစနစ္ကို စနစ္တက်ျဖင့္ေအာင္ျမင္ ေအာင္ ေဆာင္ရြက္ၾကေစလိုေၾကာင္းႏွင့္ အသိပညာ၊ အတတ္ပညာမ်ားျပည့္စံုေသာ ပညာရွင္မ်ားေပၚ ထြက္လာေရးအတြက္ ပညာေရးကိုလည္း အားေပးရန္လိုေၾကာင္း၊ မိမိတုိ႔ႏိုင္ငံ၌ ၾကက္၊ ၀က္၊ ႏြား၊ ဆိတ္၊ ငါး စသည္တုိ႔ကို အဓိကစားသံုးၿပီး ဤေဒသတြင္ ေမြးျမဴႏုိင္ေသာ ၾကက္၊ ၀က္၊ ဆိတ္၊ ႏြား ေမြးျမဴေရး လုပ္ငန္းမ်ားကို ထိထိေရာက္ေရာက္ေဆာင္ရြက္ၾကေစလုိေၾကာင္းႏွင့္ ေမြးျမဴေရး ဆိုင္ရာ နည္းပညာႏွင့္လိုအပ္ သည္မ်ားအား တပ္မေတာ္မွကူညီေဆာင္ရြက္ေပးမည္ ျဖစ္ေၾကာင္း၊ စီးပြားေရးလုပ္ငန္းမ်ားအား လုပ္ကိုင္ႏိုင္ရန္ အတြက္ လူတုိင္းက်န္းမာရန္ လုိေၾကာင္း၊ က်န္းမာေရးကိုထိခိုက္ေစႏိုင္သည့္ အရက္၊ ကြမ္းယာ၊ ေဆးလိပ္၊ အေသာက္ အစားႏွင့္ အေပ်ာ္အပါးကို မိမိကိုယ္ကိုထိန္းသိမ္း၍ ေရွာင္ၾကဥ္ရမည္ျဖစ္ေၾကာင္းႏွင့္ တပ္မေတာ္ မွလည္း နယ္လွည့္က်န္းမာေရးေစာင့္ေရွာက္မႈအဖြဲ႕မ်ားေစလႊတ္ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ မိမိေဒသ အတြင္းရွိ ေျမအရင္းအျမစ္ႏွင့္ ရာသီဥတုကို ထိန္းသိမ္းႏိုင္ေရးအတြက္ သစ္ပင္သစ္ေတာမ်ား စိုက္ပ်ဳိးေရးကို ပအုိ၀္းတုိင္းရင္းသား အားလံုး၏ အမ်ိဳးသားေရးတာ၀န္တစ္ရပ္အျဖစ္ ေဆာင္ရြက္သြားၾကရန္လိုေၾကာင္းျဖင့္ ျပန္လည္ေဆြးေႏြးေျပာၾကားသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ပအုိ၀္းၿငိမ္းခ်မ္းေရးအဖြဲ႕ (PNO) အသြင္ေျပာင္းျပည္သူ႕စစ္(ဌာေန)အဖြဲ႕ နာယက ဦးေအာင္ခမ္းထီႏွင့္ အဖြဲ႕၀င္မ်ားအား အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။