တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ – ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E.Ms. Andrea Faulkner အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးနှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ စစ်သံမှူး Colonel Paul Bruce နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့သည် ရှေးယခင်ကပင် ကောင်းမွန်သည့် ဆက်ဆံ ရေးရှိခဲ့ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်လာသည့်အခြေအနေ များ၊ သြစတြေးလျနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် တောမီးလောင်မှု သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး အမြန်ဆုံးမူလအတိုင်း ပြန်လည်ဖြစ် စေလိုပြီး တောရိုင်းတိရစ္ဆာန်များနှင့် မီးငြှိမ်းသတ်ရာတွင် ပါဝင်ကြသူများ၏ ထိခိုက်ဒဏ်ရာရရှိမှုများကို အကောင်းဆုံး ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် သင်တန်းသားများစေလွှတ်မှုများတွင် ပိုမိုတိုးမြင့်ဆောင်ရွက် နိုင်မည့် အခြေအနေများ၊ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ပထဝီနိုင်ငံရေးအခြေအနေများ၊ လွတ်လပ်သော စုံစမ်းစစ် ဆေးရေးကော်မရှင် (ICOE) အစီရင်ခံစာမထွက်ပေါ်မီကပင် လိုအပ်သောစုံစမ်းစစ်ဆေးမှုများနှင့် စစ်တရားရုံးဖွဲ့ စည်းဆောင်ရွက် ခဲ့သည့် အခြေအနေများ၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကြားဖြတ်စီမံဆောင်ရွက်ချက်များ ချမှတ်ခဲ့မှု အပေါ် တပ်မတော်မှ ဥပဒေအတိုင်းသာ ဆောင်ရွက်လျက် ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုများ ဆက်စပ်လျက်ရှိသည့် အခြေအနေများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံက ကူညီဆောင်ရွက်ပေးနိုင် မည့် အခြေအနေများအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ျမန္မာႏိုင္ငံဆိုင္ရာ ၾသစေၾတးလ်ႏိုင္ငံ သံအမတ္ႀကီးအား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ဇန္နဝါရီ – ၂၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏိုင္ငံ ဆိုင္ရာ ၾသစေၾတးလ်ႏိုင္ငံ သံအမတ္ႀကီး H.E.Ms. Andrea Faulkner အား ယေန႔ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏိုင္ငံဆိုင္ရာ ၾသစေၾတးလ်ႏိုင္ငံ သံအမတ္ႀကီးႏွင့္အတူ ျမန္မာ ႏိုင္ငံဆိုင္ရာ ၾသစေၾတးလ်ႏိုင္ငံ စစ္သံမႉး Colonel Paul Bruce ႏွင့္ တာဝန္ရွိသူတို႔ တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံႏွင့္ ၾသစေၾတးလ်ႏိုင္ငံတို႔သည္ ေရွးယခင္ကပင္ ေကာင္းမြန္သည့္ ဆက္ဆံ ေရးရွိခဲ့ၿပီး ခ်စ္ၾကည္ရင္းႏွီးမႈ ပိုမိုတိုးျမင့္လာသည့္အေျခအေန မ်ား၊ ၾသစေၾတးလ်ႏိုင္ငံတြင္ ျဖစ္ပြားခဲ့သည့္ ေတာမီးေလာင္မႈ သဘာဝေဘးအႏၲရာယ္ႏွင့္ ပတ္သက္ၿပီး အျမန္ဆုံးမူလအတိုင္း ျပန္လည္ျဖစ္ ေစလိုၿပီး ေတာ႐ိုင္းတိရစာၦန္မ်ားႏွင့္ မီးျငႇိမ္းသတ္ရာတြင္ ပါဝင္ၾကသူမ်ား၏ ထိခိုက္ဒဏ္ရာရရွိမႈမ်ားကို အေကာင္းဆုံး ေျဖရွင္းေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္ ကာကြယ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ သင္တန္းသားမ်ားေစလႊတ္မႈမ်ားတြင္ ပိုမိုတိုးျမင့္ေဆာင္႐ြက္ ႏိုင္မည့္ အေျခအေနမ်ား၊ အင္ဒို-ပစိဖိတ္ေဒသဆိုင္ရာ ပထဝီႏိုင္ငံေရးအေျခအေနမ်ား၊ လြတ္လပ္ေသာ စုံစမ္းစစ္ ေဆးေရးေကာ္မရွင္ (ICOE) အစီရင္ခံစာမထြက္ေပၚမီကပင္ လိုအပ္ေသာစုံစမ္းစစ္ေဆးမႈမ်ားႏွင့္ စစ္တရား႐ုံးဖြဲ႕ စည္းေဆာင္႐ြက္ ခဲ့သည့္ အေျခအေနမ်ား၊ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္မ်ား ခ်မွတ္ခဲ့မႈ အေပၚ တပ္မေတာ္မွ ဥပေဒအတိုင္းသာ ေဆာင္႐ြက္လ်က္ ရွိသည့္အေျခအေနမ်ား၊ ျမန္မာႏိုင္ငံတြင္ လက္နက္ကိုင္ပဋိပကၡမ်ားႏွင့္ မူးယစ္ေဆးဝါးထုတ္လုပ္မႈမ်ား ဆက္စပ္လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရး ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးႏွင့္ ပတ္သက္၍ ၾသစေၾတးလ်ႏိုင္ငံက ကူညီေဆာင္႐ြက္ေပးႏိုင္ မည့္ အေျခအေနမ်ားအား က်ယ္က်ယ္ျပန႔္ျပန႔္ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ၾသစေၾတးလ်ႏိုင္ငံ သံအမတ္ႀကီး တို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။