အားကစားစွမ်းရည်ကို မြှင့်တင်ခြင်းသည် နိုင်ငံတော်ကာကွယ်ရေးစွမ်းအားကို မြှင့်တင်နေခြင်း ဖြစ်သဖြင့် တပ်မတော်အားကစားကဏ္ဍကိုမြှင့်တင်အားပေးပြီး အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် စနစ်တကျလေ့ကျင့်မွေးထုတ်ပေးရမည်ဖြစ်

အားကစားစွမ်းရည်ကို မြှင့်တင်ခြင်းသည် နိုင်ငံတော်ကာကွယ်ရေးစွမ်းအားကို မြှင့်တင်နေခြင်း ဖြစ်သဖြင့် တပ်မတော်အားကစားကဏ္ဍကိုမြှင့်တင်အားပေးပြီး အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် စနစ်တကျလေ့ကျင့်မွေးထုတ်ပေးရမည်ဖြစ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၃

အားကစားစွမ်းရည်ကို မြှင့်တင်ခြင်းသည် နိုင်ငံတော်ကာကွယ်ရေးစွမ်းအားကို မြှင့်တင်နေခြင်းပင်ဖြစ်ပြီး အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းစေခြင်း၊ ယှဉ်ပြိုင်သူများကိုသာမက အားပေးကြသော ပရိတ်သတ်များကိုလည်း စိတ်ဓာတ်တက်ကြွ စေနိုင်ခြင်း၊ တိုင်းချစ်ပြည်ချစ်စိတ်များကို ဖြစ်ပေါ်စေခြင်းတို့ ကြောင့် တပ်မတော်အားကစားကဏ္ဍကို မြှင့်တင်ပြီး အရည်အသွေးရှိသည့် အားကစားသမားများပေါ်ထွက် လာအောင် စနစ်တကျလေ့ကျင့်မွေးထုတ်ပေးရမည် ဖြစ်ကြောင်းဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်သော တပ်မတော်အားကစား ဆိုင်ရာအစည်းအဝေး တွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိကြီးများ၊ တိုင်းမှူးများ၊ တပ်မတော်အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေးအဖွဲ့နှင့် တပ်မတော်အားကစား ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ တက်ရောက် ကြသည်။

ဦးစွာ တပ်မတော်တပ်မတော်အားကစားနှင့်ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက တပ်မတော်အားကစားဆိုင်ရာ ဆောင်ရွက် နေမှုများ၊ ပြည်တွင်း၊ ပြည်ပအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တပ်မတော်အားကစား ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက အားကစားဆိုင်ရာ ဆောင်ရွက်နေမှုများအား ဆက်လက် ရှင်းလင်း တင်ပြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အားကစားဆိုင်ရာများနှင့် ပတ်သက်၍ လမ်းညွှန်အမှာ စကားပြောကြားရာတွင် အားကစားစွမ်းရည်မြှင့်တင်ခြင်းသည် နိုင်ငံတော်ကာကွယ်ရေးစွမ်းအားကို အထောက် အကူဖြစ်စေပြီး ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းစေခြင်း၊ ယှဉ်ပြိုင်ကြသူများသာမက အားပေးကြသော ပရိတ်သတ် များကိုပါ စိတ်ဓာတ် တတ်ကြွစေပြီး တိုင်းချစ်ပြည်ချစ်စိတ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ကာကွယ်ရေး တာဝန်များ ကို ထမ်းဆောင်ရာတွင်လည်း ကျန်းမာကြံ့ခိုင်မှုနှင့် တိုင်းချစ်ပြည်ချစ်စိတ်ရှိရန် လိုအပ်သည် ဖြစ်ကြောင်း၊ တပ်မတော်သားအားကစားသမားကောင်းများပေါ်ထွက်လာစေရေးအတွက် အားကစားပြိုင်ပွဲများကို စဉ်ဆက် မပြတ်ပြုလုပ် ယှဉ်ပြိုင်စေလျက်ရှိကြောင်း၊ တပ်မတော်သားများနှင့် ကိုက်ညီသည့် ဘောလုံး၊ ဘော်လီဘော၊ သေနတ်ပစ်၊ လက်ဝှေ့၊ ပြေးခုန်ပစ်စသည့် နိုင်ငံတော်ကာကွယ်ရေးနှင့်ပတ်သက်သည့် အားကစားနည်း ၅ မျိုးကို မဖြစ်မနေယှဉ်ပြိုင် စေလျက်ရှိပြီး အနိုင်အရှုံးသည် အဓိကမဟုတ်ဘဲ ယှဉ်ပြိုင်ခြင်းသည် အဓိကဖြစ် ကြောင်း။

တပ်မတော်သည် နိုင်ငံ့အတွက် အားကစားသမားများ မွေးထုတ်ပေးသည့် နေရာဌာန မဟုတ်သော်လည်း အရည်အသွေးရှိသည့် အားကစားသမားများ ထွက်ပေါ်လာအောင် လုပ်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ မည်သည့်နေရာတွင်မဆို အောင်မြင်တိုးတက်လိုပါက မိမိတို့ကိုယ်တိုင်ကြိုးစားရန်၊ အလုပ်လုပ်ကြရန်၊ စဉ်းစားကြံဆရန်လိုအပ်ကြောင်း၊ အားကစားကဏ္ဍကို အားပေးရမည်ဖြစ်ပြီး အားကစားသမားကောင်းများ ထွက်ပေါ်လာရန် အဆင့်အတန်းမီသည့် အားကစားကွင်း၊ အားကစားရုံများ ရှိရန်လိုအပ်သဖြင့် ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ထို့ပြင် အထောက်အကူပြုပစ္စည်းများနှင့် ရုပ်ပိုင်းဆိုင်ရာလိုအပ်မှုများ ကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး နည်းပြများအနေဖြင့် နည်းစနစ်ပိုင်းနှင့် ကြံ့ခိုင်မှုအပိုင်းတွင် အရည်အချင်းပြည့်ဝရန်လိုအပ်ကြောင်း၊ လေ့ကျင့်မှုတွင် နည်းစနစ်နည်းပြနှင့် ကြံ့ခိုင်ရေးနည်းပြတို့ဖြင့် ပြင်းပြင်းထန်ထန်လေ့ကျင့်ရန်လိုပြီး အားကစားသမားများ၏ ခွန်အားနှင့် ကျန်းမာကြံ့ခိုင်မှုရရှိစေရန်အတွက် အဟာရပြည့်ဝသည့် အစားအစာများကို ကျွေးမွေးရမည်ဖြစ်ကြောင်း၊ ကိုယ်ခန္ဓာကြံ့ခိုင် သန်စွမ်းထွား ကျိုင်းစေရေးအတွက် ထမင်းကိုဗဟိုပြုစားမှုကို ဆန်းစစ်ပြီး ဂျုံ၊ အသား၊ ငါး၊ ကြက်ဥများ စားသုံးမှုဖြင့် ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားကစားပွဲတွင် အောင်မြင်မှုရှိမှသာ စိတ်ဓာတ်တက်ကြွစေနိုင်မည်ဖြစ်ပြီး အောင်မြင်မှုရှိသော စံနမူနာပြ အားကစားသမားကောင်းများ ထွက်ပေါ်မှသာ မျိုးဆက်သစ် အားကစား သမားများ အားကျအတုယူ လိုက်ပါဆောင်ရွက်ကြ မည်ဖြစ်ကြောင်း။

အားကစားသမားများရွေးချယ်ရာတွင်လည်း ရေရှည်မျှော်တွေး၍ ပါရမီရှိမှု ကျန်းမာ ကြံ့ခိုင်မှု၊ အသက်အရွယ်၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှုနှင့် စိတ်ပါဝင်စားမှုတို့ကို ကဏ္ဍပေါင်းစုံမှကြည့်၍ ရွေးချယ်လေ့ကျင့်ပေး ရမည်ဖြစ်ကြောင်း၊ အားကစားသမားများ၊ နည်းပြများအနေဖြင့် ကြံ့ခိုင်ရေးသာမက နည်းစနစ်ပိုင်းကိုပါ သိရှိနားလည်ရမည်ဖြစ်ကြောင်း၊ ကစားကွက်ကို အသုံးပြုသည့် အားကစားနှင့် ခွန်အားကို အသုံးပြုသည့် အားကစားတို့ကို ခွဲခြားသိမြင်ရမည်ဖြစ်သည့်အတွက် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားသည့် အားကစားသမား များကို ရွေးချယ်ရန်လိုအပ်ကြောင်း၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ဆေးစစ်ဆေးမှုများကို ဆောင်ရွက်ပေးလျက် ရှိသော်လည်း အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများအားလုံး အရက်၊ ကွမ်း၊ ဆေးလိပ် လုံး၀ ကင်းရှင်းကြရန်၊ ဆင်ခြင်တုံတရားဖြင့် စားသောက်နေထိုင်ကြရန် လိုကြောင်း၊ အားကစားပုံစံမကျသည့် ကစားသမားများနှင့် နည်းပြများကို ပြုပြင်ပီသအောင် ဆောင်ရွက်ရန်လိုကြောင်း။

တပ်မတော်အတွက် ဂုဏ်ထူးဆောင်နိုင်ပြီး နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေးနိုင်သည့် တပ်မတော် သားအားကစားသမားများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခြင်းများဖြင့် အသိအမှတ်ပြုရမည် ဖြစ်ကြောင်း၊ ထူးချွန်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၏ နေထိုင်စားသောက်ရေး၊ ဘဝနောင်ရေး အာမခံချက်ရှိအောင်လည်း ဆောင်ရွက်အားပေးကြရမည်ဖြစ်ကြောင်း၊ အားကစားပွဲများကို လူကြီး၊ လူငယ်၊ ဖိတ်ခေါ် စသည်ဖြင့် ပြိုင်ပွဲများစွာပြုလုပ်ခြင်း၊ အသက်ငယ်ရွယ်သည့် အားကစားသမားများ ဖော်ထုတ်လေ့ကျင့် မွေးထုတ်ခြင်းများ ပြုလုပ်ရန်လိုကြောင်းနှင့် တပ်မတော်အားကစား ကော်မတီများအလိုက် တာဝန်ယူကြရသည့် အားကစားနည်းများ တိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ အားကစားသမားကောင်း၊ နည်းပြကောင်းများ ထွက်ပေါ် လာစေရန် အားကစား သင်တန်းများ၊ နည်းပြသင်တန်းများ စနစ်တကျဖွင့်လှစ်၍ အကျိုးရှိ အောင်ဆောင်ရွက်ကြရန်၊ တပ်မတော်သားများနှင့် မိသားစုဝင်များအားလုံး ကျန်းမာရေး လိုက်စား ကြရန်၊ နွေရာသီ ကျောင်းပိတ်ရက်၊ ဒီဇင်ဘာ အားကစားလဟူ၍ အချိန်ရွေးမနေဘဲ နွေ၊ မိုး၊ ဆောင်း အမြဲတမ်းစဉ်ဆက်မပြတ်နေ့စဉ် Outdoor ၊ Indoor Game များနှင့် ကျန်းမာရေး လေ့ကျင့်ဆောင်ရွက်မှုများ မှန်မှန်ပြုလုပ်ကြရန်၊ အားလပ်ချိန်များတွင် ဝါသနာပါရာ အားကစားပြုလုပ်ခြင်းနှင့် အနားယူခြင်းများကို စနစ်တကျဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

(Zawgyi Version)










ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။