တပ်မတော်သားတိုင်းတစ်ဦးချင်းစွမ်းရည်တိုးတက်ရေးအတွက် ကျန်းမာ၊ ကြံ့ခိုင်၊ ကျွမ်းကျင်မှု ရှိအောင်လေ့ကျင့်ရမည်ဖြစ်ပြီး စစ်စည်းကမ်းကောင်းမွန်ရေးနှင့် အမိန့်နာခံမှုရှိစေရေး အဓိကထားလေ့ကျင့် ရမည်ဖြစ်

တပ်မတော်သားတိုင်းတစ်ဦးချင်းစွမ်းရည်တိုးတက်ရေးအတွက် ကျန်းမာ၊ ကြံ့ခိုင်၊ ကျွမ်းကျင်မှု ရှိအောင်လေ့ကျင့်ရမည်ဖြစ်ပြီး စစ်စည်းကမ်းကောင်းမွန်ရေးနှင့် အမိန့်နာခံမှုရှိစေရေး အဓိကထားလေ့ကျင့် ရမည်ဖြစ်

နေပြည်တော်၊ ဖေဖော်ဝါရီ – ၇

တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရန်ဖြစ်သည့်အတွက် တပ်မတော်သားများ အနေဖြင့် စွမ်းရည်သုံးရပ်ဖြစ်သည့် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေးစွမ်းရည်များ ပြည့်ဝနေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားတိုင်း၏ စွမ်းရည်တိုးတက်စေရေးအတွက် အတန်းပညာ၊ အတတ်ပညာများနှင့် လျော်ညီသည့်လေ့ကျင့်မှုများကို သင်တန်းကျောင်းအသီးသီးမှ လေ့ကျင့်ပေးလျက် ရှိသောကြောင့် ကြုံတွေ့လာမည့် ဘေးအန္တရယ်များကို ကျော်လွှားနိုင်ရေးအတွက် ကျန်းမာမှု၊ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုနှင့် ရဲစွမ်းသတ္တိရှိအောင် နည်းစနစ်ကျနစွာဖြင့် ထိရောက်စွာလေ့ကျင့်ကြရမည်ဖြစ်ပြီး စစ်စည်းကမ်း ကောင်းမွန်ရေးနှင့်အမိန့်နာခံမှုရှိစေရေး အဓိကထားလေ့ကျင့်ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုက်ကြီးတပ်နယ်ရှိ နယ်မြေခံ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ အရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအား ယနေ့နံနက်ပိုင်း တွင် အဆိုပါလေ့ကျင့်ရေးကျောင်းခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ လေ့ကျင့်ရေးကျောင်းမှ အရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ရေးပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ပြောကြားရာတွင် စစ်သည်တစ်ဦးချင်း၏ စွမ်းရည်မြှင့်တင်ပေးရန်၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အရည်အချင်း ပြည့်ဝစွာဖြင့် ထမ်းဆောင်နိုင်ရေးနှင့် တစ်ဆင့်မြင့်ရာထူးများ ထမ်းဆောင်ရာတွင် ထိုက်ထိုက်တန်တန် တာဝန်ပေးအပ်နိုင်ရေးအတွက် ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်လေ့ကျင့်ပေးရခြင်းပင်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးဆိုသည်ကို နိုင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်းကလုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်ကိုထမ်းဆောင်မည့် တပ်မတော်တွင် လေ့ကျင့်သားပြည့်ဝရန် ပိုမိုလိုအပ်ကြောင်း၊ ထို့ကြောင့် စစ်သည် တိုင်း ကျန်းမာ၊ ကြံ့ခိုင်၊ သန်စွမ်းနေရမည်ဖြစ်ကြောင်း၊ စစ်သည်များ၏ ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ၌ ကျန်းမာ ရေးသည် လူနေမှုပုံစံနှင့်အများဆုံးသက်ဆိုင်ပြီး ကြံ့ခိုင်ရေးသည် လေ့ကျင့်ခြင်းနှင့် အများဆုံးသက်ဆိုင်သဖြင့် ကျန်းမာစွာနေထိုင်၊ စားသောက်တတ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်သလို ကြံ့ခိုင်ရေးအတွက် တစ်ဦးချင်း လေ့ကျင့်မှု၊ အစုအဖွဲ့လိုက်လေ့ကျင့်မှုတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူနေမှုပုံစံတွင် သတိလွတ်၍မရပဲ ရာသီဥတု၊ အစားအသောက်၊ အနေအထိုင်ကို သတိဖြင့်ဆင်ခြင်နေထိုင်ရမည်ဖြစ်ကြောင်း၊ မိမိကိုခွန်အား ဖြစ်စေသည့် အသားဓာတ်၊ ပရိုတိန်းဓာတ်များကို တိုးပွားစေမည့် အသား၊ ငါး၊ ဥများကို စားသောက်ရမည်ဖြစ် ကြောင်း။

မိမိတို့ဆောင်ရွက်ရမည့် ပုံမှန်လေ့ကျင့်ရေး ဆောင်ရွက်မှုများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း အားဖြင့် တပ်မတော်၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားကို မြှင့်တင်နေခြင်းပင်ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် တိုက်ပွဲဝင်ချိန်၌ ကြံ့ခိုင်မှုမပြည့်ဝပါက တာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်မည်မဟုတ်၍ တစ်ဦးချင်း လေ့ကျင့်မှု၊ အစုအဖွဲ့လိုက် လေ့ကျင့်မှုများကို မှန်မှန်ကန်ကန်လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ တပ်တိုင်း၊ ရဲဘော်တိုင်း ပျက်ကွက်မှုမရှိ လေ့ကျင့်မှုအပြည့်အဝရရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများက စီစဉ်ကြပ်မတ် ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့သင်ကြားလေ့ကျင့်ထားသည့် ကျန်းမာကြံ့ခိုင်မှုနှင့် စစ်ပညာကိုပိုင်နိုင်စွာ အသုံးချနိုင်ရမည်ဖြစ်ပြီး သင်တန်းများပြီးဆုံးပါကလည်း ကျွမ်းကျင်မှုများအလိုက် လူမှန်နေရာမှန်ဖြင့် သင့်တော်သည့်နေရာတွင် တာဝန်ချထားကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ရဲစွမ်းသတ္တိရှိရမည်ဖြစ်ပြီး ရဲစွမ်းသတ္တိကို လေ့ကျင့်ရေးမှသာရရှိနိုင်မည်ဖြစ်ကြောင်း၊ “ရဲရဲတိုက်၊ ရဲရဲတက်၊ ရဲရဲချေမှုန်း” ဆိုသည်မှာ လေ့ကျင့်ရေးမှရရှိလာသည့် ရဲဝံ့စွန့်စားသည့်စိတ်ဖြင့် စနစ်တကျတိုက်ပွဲဝင်ခြင်းပင်ဖြစ်ကြောင်း၊ တစ်ဦးချင်း ရဲစွမ်းသတ္တိမြှင့်တင်နိုင်ရေးနှင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရေးအတွက် ကိုယ်လုံပညာများ တတ်ကျွမ်းရမည် ဖြစ်ပြီး မြန်မာတို့၏ကိုယ်ပိုင်ကိုယ်လုံပညာဖြစ်သည့် မြန်မာ့သိုင်းကို တပ်မတော်၏အဓိကကိုယ်လုံပညာအဖြစ် ပေါ်ထွက်လာစေရေး မိမိလက်ထက်မှစ၍ဆောင်ရွက်ခဲ့ရာ ယခုအခါလေ့ကျင့်ရေးသင်တန်းကျောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့်သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ ထိုသို့လေ့ကျင့်ပေးနေခြင်းသည် သတ္တိရှိအောင်၊ လုပ်နိုင်ကိုင်နိုင်အောင်နှင့် ဘေးတွေ့နိုင်သည့်အန္တရာယ်များမှ ကျော်လွှားနိုင်အောင် လေ့ကျင့်နေခြင်းပင် ဖြစ်ကြောင်း။

အရည်အချင်းပြည့်ဝသည့် စစ်သည်များနှင့် အရည်အချင်းပြည့်ဝသောတပ်များ ဖြစ်စေရေး မှာကြားရာ တွင် တပ်မတော်သားတိုင်းသည် နိုင်ငံတော်နှင့်ပြည်သူကို ကာကွယ်ပေးမည်ဆိုသည့် မွန်မြတ်သည့် စိတ်ဆန္ဒဖြင့် တပ်မတော်သို့ မည်သူ၏တိုက်တွန်းချက်မှမပါဘဲ (Volunteer) ဝင်ရောက်အမှုထမ်းကြ သူများ ဖြစ်သည်နှင့်အညီ တိုင်းပြည်၏လိုအပ်ချက်များကိုလည်း တတ်စွမ်းသ၍ ကူညီဆောင်ရွက်ပေးကြရ မည်ဖြစ် ကြောင်း၊ မိမိတို့တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်နှင့်အညီ လျှောက်လှမ်းနေသည်ဖြစ်ပြီး တစ်ဦးချင်း အသိစိတ်ဖြင့် မိမိကိုယ်ကိုထိန်းသိမ်းကာ စည်းကမ်းစနစ်တကျနေထိုင်ရမည်ဖြစ်ကြောင်း၊ စည်းကမ်းသည် တပ်မတော်၏ကျောရိုးဖြစ်သည့်အတွက် အသေးအဖွဲကအစ စည်းကမ်းလိုက်နာရမည်ဖြစ်ကာ မိမိတို့တစ်ဦး ချင်းနှင့် တပ်များစွမ်းရည်မြင့်ရေးအတွက် ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ကြောင်းနှင့် မှန်မှန်ကန်ကန် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ဝတ်စားဆင်ယင်မှုတွင်လည်း စနစ်ကျနရမည်ဖြစ်ပြီး စစ်ဝတ်များကို မိမိ လက်ထက်မှစ၍ အရောင်အသွေး၊ အမျိုးအစား တစ်ပုံစံတည်းဖြစ် အောင်ဆောင်ရွက်ပေးထားကြောင်း၊ အရပ်ဝတ်များကိုလည်း တပ်မတော်စက်ရုံများမှ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့်စားရေး၊ ဝတ်ရေးနှင့် နေရေး အဆင်ပြေစေရန် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်၍ တပ်မတော် သားတစ်ယောက်ပီသစွာဖြင့် နေထိုင် ကျင့်ကြံသွားကြရမည်ဖြစ်ကြောင်း။

ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်သည့်အတွက် မိမိတို့ တစ်ဦးချင်း၏ အသောက်အစား၊ အစား အသောက်ကို ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ မိမိအတွက် အကျိုးမရှိနိုင်သည့် ဆေးလိပ်၊ ကွမ်းယာ စားသုံးမှုတို့ကို ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း၊ ဆေးလိပ်၊ ကွမ်းယာစားသုံးရာတွင် ကုန်ကျမည့်ငွေကြေးများကို မိမိကျန်းမာရေးအတွက် အကျိုးရှိမည့် ကြက်ဥ၊ အသား၊ ငါး များကိုစားသုံးရာတွင် သုံးစွဲသင့်ကြောင်း၊ အရက် သောက်သုံးမှုမှတစ်ဆင့် မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းကျဆင်းပြီး အမှုအခင်းများကို ဖြစ်ပေါ်စေနိုင်သော ကြောင့် တတ်နိုင်သမျှရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ ကျန်းမာအောင် နေထိုင်ရမည်၊ ကြံ့ခိုင်အောင်လေ့ကျင့် ရမည်ဖြစ်ပြီး စစ်သားပုံပေါက်အောင် နေထိုင် ကျင့်ကြံရမည်ဖြစ်ကြောင်း၊ လုပ်သင့်လုပ်ထိုက်သည့် ကြံ့ခိုင်မှု များကို နေ့စဉ်လုပ်ဆောင်နေကြရမည်ဖြစ်ကြောင်း။

တပ်မတော်၏စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍မှာကြားရာတွင် တပ်မတော်သည် နိုင်ငံ တော်၏အစိတ်အပိုင်း၊ ပြည်သူ၏အစိတ်အပိုင်းဖြစ်သောကြောင့် ဖွံ့ဖြိုးစနိုင်ငံ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးတို့အပေါ် အထောက်အကူပြုနိုင်စေရန်နှင့် မိမိကိုယ်ကိုယ် ရပ်တည်နိုင်ရေးဆောင်ရွက်နေခြင်း ဖြစ်သည်ကိုတပ်တိုင်း၊ ရဲဘော်တိုင်းက သဘောပေါက်နားလည်ရန်လိုအပ်ကြောင်း၊ တပ်မတော်၏စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများမှ ထွက်ရှိလာသည့်အသား၊ ငါး၊ အသီးအရွက်နှင့် ဥအမျိုးမျိုးတို့ကို သက်သာသောဈေးနှုန်း များဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် မိမိတို့ စစ်သည်များ၏ သက်သာချောင်ချိမှုအတွက်ပင်ဖြစ်ပြီး ရရှိသောလစာကို စားရေးဖြင့်သာကုန်၍မရဘဲ ဝတ်ရေးနှင့် နေရေးတို့အတွက် ဖူလုံအောင်သုံးစွဲနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍မှာကြားရာတွင် နိုင်ငံရေးအရတည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရန် အဓိကအရေးကြီးကြောင်း၊ နိုင်ငံရေးအရတည်ငြိမ် အေးချမ်းရန်အတွက် သက်ဆိုင်ရာ အစိုးရ၏ နိုင်ငံရေးမူဝါဒများအပေါ်များစွာမူတည်ကြောင်း၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းရန်အတွက် တရား ဥပဒေစိုးမိုးရန်လိုအပ်ပြီး စီးပွားရေးကျဆင်းပါက တရားဥပဒေစိုးမိုးရေးအားထိခိုက်ကာ တည်ငြိမ်အေးချမ်းမှု ရှိမည်မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် ဆွေးနွေးပွဲများပြုလုပ်ဆောင်ရွက်လျက်ရှိသော်လည်း အချို့သောဒေသများတွင် ယခုထိအေးချမ်းမှုမရှိသေးကြောင်း၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးစသည့် ဘက်ပေါင်းစုံမှ စဉ်းစားလုပ် ဆောင်လျက်ရှိကြောင်း၊ မိမိတို့တိုင်းပြည်တွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေခြင်းသည် နိုင်ငံ၏ ကာကွယ်ရေး စွမ်းပကားကိုထိခိုက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အရေးပါမှု ကိုသိရှိနားလည်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် လက်နက်ကိုင်တောင်းဆိုမှု၊ တိုက်ပွဲဆင်နွဲတောင်းဆိုမှုများကိုစွန့်လွှတ်၍ ဒီမိုကရေစီစနစ်နှင့်လိုက်လျောညီထွေသော ဆွေးနွေး ညှိနှိုင်းမှု နည်းလမ်းများဖြင့်သာ ငြိမ်းချမ်းရေးကိုတည်ဆောက်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လေ့ကျင့်ရေး ကျောင်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အကြပ်ကြီး သင်တန်းစားရိပ်သာ၌ သင်တန်းသားများ နှင့်အတူ နေ့လည်စာကိုအတူတကွသုံးဆောင်ခဲ့ကြကာ သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်ခဲ့ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ကျောင်းဌာနချုပ်ရုံးတွင် ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်က လေ့ကျင့်ရေးကျောင်း၏သမိုင်းကြောင်းအကျဉ်း၊ ဦး၊ ရေး၊ ထောက်ဆိုင်ရာများနှင့် အရာရှိ၊ စစ်သည်များအား လေ့ကျင့်ရေးဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်သည်တစ်ဦးချင်း၏ စွမ်းရည်မြှင့် တင်ပေးရန်လိုအပ်သည့်အတွက် လေ့ကျင့်ရေးကျောင်းအနေဖြင့် အရာရှိ၊ စစ်သည်များအားလုံးကို ထိထိရောက် ရောက်တတ်ကျွမ်းစေရေး လေ့ကျင့်ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့တပ်မတော်၌ တပ်တိုင်းတိုက်ပွဲဝင် အသင့် (Combat Ready) ဖြစ်ရန်လိုပြီး ထိုသို့ဖြစ်ရန်အတွက် လေ့ကျင့်ရေးသည် အဓိကကျသောကြောင့် ထိရောက်သောလေ့ကျင့်မှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အမိန့်နာခံတတ်မှုနှင့် စစ်စည်းကမ်းကောင်းမွန်မှုကို Second Nature ဖြစ်သည်အထိ လေ့ကျင့်ပေးရမည်ဖြစ်ကြောင်းနှင့် အဆင့်နှင့် လျော်ညီသည့် လေ့ကျင့်ရေးရလဒ်များ ထွက်ပေါ်လာရေးအတွက် နည်းပြများသည်လည်း နည်းပြအဆင့်မီ ရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္သားတိုင္းတစ္ဦးခ်င္းစြမ္းရည္တိုးတက္ေရးအတြက္ က်န္းမာ၊ ႀကံ့ခိုင္၊ ကြၽမ္းက်င္မႈ ရွိေအာင္ေလ့က်င့္ရမည္ျဖစ္ၿပီး စစ္စည္းကမ္းေကာင္းမြန္ေရးႏွင့္ အမိန႔္နာခံမႈရွိေစေရး အဓိကထားေလ့က်င့္ ရမည္ျဖစ္

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ – ၇

တပ္မေတာ္၏ အဓိကတာဝန္မွာ ႏိုင္ငံေတာ္ကာကြယ္ရန္ျဖစ္သည့္အတြက္ တပ္မေတာ္သားမ်ား အေနျဖင့္ စြမ္းရည္သုံးရပ္ျဖစ္သည့္ စစ္ေရးစြမ္းရည္၊ စည္း႐ုံးေရးစြမ္းရည္ႏွင့္ အုပ္ခ်ဳပ္ေရးစြမ္းရည္မ်ား ျပည့္ဝေနရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားတိုင္း၏ စြမ္းရည္တိုးတက္ေစေရးအတြက္ အတန္းပညာ၊ အတတ္ပညာမ်ားႏွင့္ ေလ်ာ္ညီသည့္ေလ့က်င့္မႈမ်ားကို သင္တန္းေက်ာင္းအသီးသီးမွ ေလ့က်င့္ေပးလ်က္ ရွိေသာေၾကာင့္ ႀကဳံေတြ႕လာမည့္ ေဘးအႏၲရယ္မ်ားကို ေက်ာ္လႊားႏိုင္ေရးအတြက္ က်န္းမာမႈ၊ ႀကံ့ခိုင္မႈ၊ ကြၽမ္းက်င္မႈႏွင့္ ရဲစြမ္းသတၱိရွိေအာင္ နည္းစနစ္က်နစြာျဖင့္ ထိေရာက္စြာေလ့က်င့္ၾကရမည္ျဖစ္ၿပီး စစ္စည္းကမ္း ေကာင္းမြန္ေရးႏွင့္အမိန႔္နာခံမႈရွိေစေရး အဓိကထားေလ့က်င့္ရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ က ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္၊ တိုက္ႀကီးတပ္နယ္ရွိ နယ္ေျမခံ တပ္မေတာ္တန္းျမင့္ေလ့က်င့္ေရးေက်ာင္းမွ အရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသားမ်ားအား ယေန႔နံနက္ပိုင္း တြင္ အဆိုပါေလ့က်င့္ေရးေက်ာင္းခန္းမ၌ ေတြ႕ဆုံအမွာစကား ေျပာၾကားစဥ္ ထည့္သြင္း ေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္ အရာရွိ ႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ သက္ပုံ၊ ေလ့က်င့္ေရးေက်ာင္းမွ အရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသားမ်ား တက္ေရာက္ၾကသည္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေလ့က်င့္ေရးပိုင္းဆိုင္ရာႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ စစ္သည္တစ္ဦးခ်င္း၏ စြမ္းရည္ျမႇင့္တင္ေပးရန္၊ မိမိတို႔၏ တာဝန္မ်ားကို ထမ္းေဆာင္ရာတြင္ အရည္အခ်င္း ျပည့္ဝစြာျဖင့္ ထမ္းေဆာင္ႏိုင္ေရးႏွင့္ တစ္ဆင့္ျမင့္ရာထူးမ်ား ထမ္းေဆာင္ရာတြင္ ထိုက္ထိုက္တန္တန္ တာဝန္ေပးအပ္ႏိုင္ေရးအတြက္ ယခုကဲ့သို႔ သင္တန္းမ်ားဖြင့္လွစ္ေလ့က်င့္ေပးရျခင္းပင္ျဖစ္ေၾကာင္း၊ ေလ့က်င့္ေရးဆိုသည္ကို ႏိုင္ငံတိုင္း၊ အဖြဲ႕အစည္းတိုင္းကလုပ္ေဆာင္လ်က္ရွိၿပီး ႏိုင္ငံေတာ္ ကာကြယ္ေရး တာဝန္ကိုထမ္းေဆာင္မည့္ တပ္မေတာ္တြင္ ေလ့က်င့္သားျပည့္ဝရန္ ပိုမိုလိုအပ္ေၾကာင္း၊ ထို႔ေၾကာင့္ စစ္သည္ တိုင္း က်န္းမာ၊ ႀကံ့ခိုင္၊ သန္စြမ္းေနရမည္ျဖစ္ေၾကာင္း၊ စစ္သည္မ်ား၏ က်န္းမာႀကံ့ခိုင္ေရးဆိုင္ရာ၌ က်န္းမာ ေရးသည္ လူေနမႈပုံစံႏွင့္အမ်ားဆုံးသက္ဆိုင္ၿပီး ႀကံ့ခိုင္ေရးသည္ ေလ့က်င့္ျခင္းႏွင့္ အမ်ားဆုံးသက္ဆိုင္သျဖင့္ က်န္းမာစြာေနထိုင္၊ စားေသာက္တတ္ေအာင္ ေဆာင္႐ြက္ေပးရမည္ျဖစ္သလို ႀကံ့ခိုင္ေရးအတြက္ တစ္ဦးခ်င္း ေလ့က်င့္မႈ၊ အစုအဖြဲ႕လိုက္ေလ့က်င့္မႈတို႔ကို ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ လူေနမႈပုံစံတြင္ သတိလြတ္၍မရပဲ ရာသီဥတု၊ အစားအေသာက္၊ အေနအထိုင္ကို သတိျဖင့္ဆင္ျခင္ေနထိုင္ရမည္ျဖစ္ေၾကာင္း၊ မိမိကိုခြန္အား ျဖစ္ေစသည့္ အသားဓာတ္၊ ပ႐ိုတိန္းဓာတ္မ်ားကို တိုးပြားေစမည့္ အသား၊ ငါး၊ ဥမ်ားကို စားေသာက္ရမည္ျဖစ္ ေၾကာင္း။

မိမိတို႔ေဆာင္႐ြက္ရမည့္ ပုံမွန္ေလ့က်င့္ေရး ေဆာင္႐ြက္မႈမ်ားကို မွန္မွန္ကန္ကန္ လုပ္ေဆာင္ျခင္း အားျဖင့္ တပ္မေတာ္၏ တိုက္စြမ္းရည္၊ တိုက္စြမ္းအားကို ျမႇင့္တင္ေနျခင္းပင္ျဖစ္ေၾကာင္း၊ စစ္ေျမျပင္တြင္ တိုက္ပြဲဝင္ခ်ိန္၌ ႀကံ့ခိုင္မႈမျပည့္ဝပါက တာဝန္ကိုေက်ပြန္စြာထမ္းေဆာင္ႏိုင္မည္မဟုတ္၍ တစ္ဦးခ်င္း ေလ့က်င့္မႈ၊ အစုအဖြဲ႕လိုက္ ေလ့က်င့္မႈမ်ားကို မွန္မွန္ကန္ကန္ေလ့က်င့္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္တိုင္း၊ ရဲေဘာ္တိုင္း ပ်က္ကြက္မႈမရွိ ေလ့က်င့္မႈအျပည့္အဝရရွိေစေရး သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စီစဥ္ၾကပ္မတ္ ေပးရမည္ျဖစ္ေၾကာင္း၊ မိမိတို႔သင္ၾကားေလ့က်င့္ထားသည့္ က်န္းမာႀကံ့ခိုင္မႈႏွင့္ စစ္ပညာကိုပိုင္ႏိုင္စြာ အသုံးခ်ႏိုင္ရမည္ျဖစ္ၿပီး သင္တန္းမ်ားၿပီးဆုံးပါကလည္း ကြၽမ္းက်င္မႈမ်ားအလိုက္ လူမွန္ေနရာမွန္ျဖင့္ သင့္ေတာ္သည့္ေနရာတြင္ တာဝန္ခ်ထားၾကရမည္ျဖစ္ေၾကာင္း၊ တစ္ဖက္ကလည္း ရဲစြမ္းသတၱိရွိရမည္ျဖစ္ၿပီး ရဲစြမ္းသတၱိကို ေလ့က်င့္ေရးမွသာရရွိႏိုင္မည္ျဖစ္ေၾကာင္း၊ “ရဲရဲတိုက္၊ ရဲရဲတက္၊ ရဲရဲေခ်မႈန္း” ဆိုသည္မွာ ေလ့က်င့္ေရးမွရရွိလာသည့္ ရဲဝံ့စြန႔္စားသည့္စိတ္ျဖင့္ စနစ္တက်တိုက္ပြဲဝင္ျခင္းပင္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္း ရဲစြမ္းသတၱိျမႇင့္တင္ႏိုင္ေရးႏွင့္ မိမိကိုယ္ကိုယ္ ကာကြယ္ႏိုင္ေရးအတြက္ ကိုယ္လုံပညာမ်ား တတ္ကြၽမ္းရမည္ ျဖစ္ၿပီး ျမန္မာတို႔၏ကိုယ္ပိုင္ကိုယ္လုံပညာျဖစ္သည့္ ျမန္မာ့သိုင္းကို တပ္မေတာ္၏အဓိကကိုယ္လုံပညာအျဖစ္ ေပၚထြက္လာေစေရး မိမိလက္ထက္မွစ၍ေဆာင္႐ြက္ခဲ့ရာ ယခုအခါေလ့က်င့္ေရးသင္တန္းေက်ာင္းမ်ားတြင္ က်ယ္က်ယ္ျပန႔္ျပန႔္သင္ၾကားေလ့က်င့္ေပးလ်က္ရွိေၾကာင္း၊ ထိုသို႔ေလ့က်င့္ေပးေနျခင္းသည္ သတၱိရွိေအာင္၊ လုပ္ႏိုင္ကိုင္ႏိုင္ေအာင္ႏွင့္ ေဘးေတြ႕ႏိုင္သည့္အႏၲရာယ္မ်ားမွ ေက်ာ္လႊားႏိုင္ေအာင္ ေလ့က်င့္ေနျခင္းပင္ ျဖစ္ေၾကာင္း။

အရည္အခ်င္းျပည့္ဝသည့္ စစ္သည္မ်ားႏွင့္ အရည္အခ်င္းျပည့္ဝေသာတပ္မ်ား ျဖစ္ေစေရး မွာၾကားရာ တြင္ တပ္မေတာ္သားတိုင္းသည္ ႏိုင္ငံေတာ္ႏွင့္ျပည္သူကို ကာကြယ္ေပးမည္ဆိုသည့္ မြန္ျမတ္သည့္ စိတ္ဆႏၵျဖင့္ တပ္မေတာ္သို႔ မည္သူ၏တိုက္တြန္းခ်က္မွမပါဘဲ (Volunteer) ဝင္ေရာက္အမႈထမ္းၾက သူမ်ား ျဖစ္သည္ႏွင့္အညီ တိုင္းျပည္၏လိုအပ္ခ်က္မ်ားကိုလည္း တတ္စြမ္းသ၍ ကူညီေဆာင္႐ြက္ေပးၾကရ မည္ျဖစ္ ေၾကာင္း၊ မိမိတို႔တပ္မေတာ္သည္ ပါတီစုံဒီမိုကေရစီစနစ္ႏွင့္အညီ ေလွ်ာက္လွမ္းေနသည္ျဖစ္ၿပီး တစ္ဦးခ်င္း အသိစိတ္ျဖင့္ မိမိကိုယ္ကိုထိန္းသိမ္းကာ စည္းကမ္းစနစ္တက်ေနထိုင္ရမည္ျဖစ္ေၾကာင္း၊ စည္းကမ္းသည္ တပ္မေတာ္၏ေက်ာ႐ိုးျဖစ္သည့္အတြက္ အေသးအဖြဲကအစ စည္းကမ္းလိုက္နာရမည္ျဖစ္ကာ မိမိတို႔တစ္ဦး ခ်င္းႏွင့္ တပ္မ်ားစြမ္းရည္ျမင့္ေရးအတြက္ ထုတ္ျပန္ထားသည့္ စည္းမ်ဥ္း၊ စည္းကမ္းမ်ားကို လိုက္နာေဆာင္႐ြက္ ၾကရမည္ျဖစ္ေၾကာင္းႏွင့္ မွန္မွန္ကန္ကန္ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ ဝတ္စားဆင္ယင္မႈတြင္လည္း စနစ္က်နရမည္ျဖစ္ၿပီး စစ္ဝတ္မ်ားကို မိမိ လက္ထက္မွစ၍ အေရာင္အေသြး၊ အမ်ိဳးအစား တစ္ပုံစံတည္းျဖစ္ ေအာင္ေဆာင္႐ြက္ေပးထားေၾကာင္း၊ အရပ္ဝတ္မ်ားကိုလည္း တပ္မေတာ္စက္႐ုံမ်ားမွ ေဈးႏႈန္း သက္သာစြာျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္အေနျဖင့္စားေရး၊ ဝတ္ေရးႏွင့္ ေနေရး အဆင္ေျပေစရန္ အတတ္ႏိုင္ဆုံး ျဖည့္ဆည္းေဆာင္႐ြက္ေပးထားၿပီးျဖစ္၍ တပ္မေတာ္ သားတစ္ေယာက္ပီသစြာျဖင့္ ေနထိုင္ က်င့္ႀကံသြားၾကရမည္ျဖစ္ေၾကာင္း။

က်န္းမာမွ အလုပ္လုပ္ႏိုင္မည္ျဖစ္သည့္အတြက္ မိမိတို႔ တစ္ဦးခ်င္း၏ အေသာက္အစား၊ အစား အေသာက္ကို ထိန္းသိမ္းၾကရမည္ျဖစ္ေၾကာင္း၊ မိမိအတြက္ အက်ိဳးမရွိႏိုင္သည့္ ေဆးလိပ္၊ ကြမ္းယာ စားသုံးမႈတို႔ကို ေရွာင္ၾကဥ္ရမည္ ျဖစ္ေၾကာင္း၊ ေဆးလိပ္၊ ကြမ္းယာစားသုံးရာတြင္ ကုန္က်မည့္ေငြေၾကးမ်ားကို မိမိက်န္းမာေရးအတြက္ အက်ိဳးရွိမည့္ ၾကက္ဥ၊ အသား၊ ငါး မ်ားကိုစားသုံးရာတြင္ သုံးစြဲသင့္ေၾကာင္း၊ အရက္ ေသာက္သုံးမႈမွတစ္ဆင့္ မိမိကိုယ္ကိုယ္ ထိန္းသိမ္းႏိုင္စြမ္းက်ဆင္းၿပီး အမႈအခင္းမ်ားကို ျဖစ္ေပၚေစႏိုင္ေသာ ေၾကာင့္ တတ္ႏိုင္သမွ်ေရွာင္ၾကဥ္ရမည္ျဖစ္ေၾကာင္း၊ က်န္းမာေအာင္ ေနထိုင္ရမည္၊ ႀကံ့ခိုင္ေအာင္ေလ့က်င့္ ရမည္ျဖစ္ၿပီး စစ္သားပုံေပါက္ေအာင္ ေနထိုင္ က်င့္ႀကံရမည္ျဖစ္ေၾကာင္း၊ လုပ္သင့္လုပ္ထိုက္သည့္ ႀကံ့ခိုင္မႈ မ်ားကို ေန႔စဥ္လုပ္ေဆာင္ေနၾကရမည္ျဖစ္ေၾကာင္း။
တပ္မေတာ္၏စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍မွာၾကားရာတြင္ တပ္မေတာ္သည္ ႏိုင္ငံ ေတာ္၏အစိတ္အပိုင္း၊ ျပည္သူ၏အစိတ္အပိုင္းျဖစ္ေသာေၾကာင့္ ဖြံ႕ၿဖိဳးစႏိုင္ငံ၏ စီးပြားေရးႏွင့္ ဖြံ႕ၿဖိဳးတိုး တက္ေရးတို႔အေပၚ အေထာက္အကူျပဳႏိုင္ေစရန္ႏွင့္ မိမိကိုယ္ကိုယ္ ရပ္တည္ႏိုင္ေရးေဆာင္႐ြက္ေနျခင္း ျဖစ္သည္ကိုတပ္တိုင္း၊ ရဲေဘာ္တိုင္းက သေဘာေပါက္နားလည္ရန္လိုအပ္ေၾကာင္း၊ တပ္မေတာ္၏စိုက္ပ်ိဳးေမြးျမဴ ေရးလုပ္ငန္းမ်ားမွ ထြက္ရွိလာသည့္အသား၊ ငါး၊ အသီးအ႐ြက္ႏွင့္ ဥအမ်ိဳးမ်ိဳးတို႔ကို သက္သာေသာေဈးႏႈန္း မ်ားျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနျခင္းသည္ မိမိတို႔ စစ္သည္မ်ား၏ သက္သာေခ်ာင္ခ်ိမႈအတြက္ပင္ျဖစ္ၿပီး ရရွိေသာလစာကို စားေရးျဖင့္သာကုန္၍မရဘဲ ဝတ္ေရးႏွင့္ ေနေရးတို႔အတြက္ ဖူလုံေအာင္သုံးစြဲႏိုင္ေရး ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း။

ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍မွာၾကားရာတြင္ ႏိုင္ငံေရးအရတည္ၿငိမ္ေအးခ်မ္းရန္ႏွင့္ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းရန္ အဓိကအေရးႀကီးေၾကာင္း၊ ႏိုင္ငံေရးအရတည္ၿငိမ္ ေအးခ်မ္းရန္အတြက္ သက္ဆိုင္ရာ အစိုးရ၏ ႏိုင္ငံေရးမူဝါဒမ်ားအေပၚမ်ားစြာမူတည္ေၾကာင္း၊ လုံၿခဳံေရးအရတည္ၿငိမ္ေအးခ်မ္းရန္အတြက္ တရား ဥပေဒစိုးမိုးရန္လိုအပ္ၿပီး စီးပြားေရးက်ဆင္းပါက တရားဥပေဒစိုးမိုးေရးအားထိခိုက္ကာ တည္ၿငိမ္ေအးခ်မ္းမႈ ရွိမည္မဟုတ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ေဆြးေႏြးပြဲမ်ားျပဳလုပ္ေဆာင္႐ြက္လ်က္ရွိေသာ္လည္း အခ်ိဳ႕ေသာေဒသမ်ားတြင္ ယခုထိေအးခ်မ္းမႈမရွိေသးေၾကာင္း၊ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး ထာဝရၿငိမ္းခ်မ္းေရးရရွိေရးအတြက္ စစ္ေရး၊ ႏိုင္ငံေရး၊ သံတမန္ေရးစသည့္ ဘက္ေပါင္းစုံမွ စဥ္းစားလုပ္ ေဆာင္လ်က္ရွိေၾကာင္း၊ မိမိတို႔တိုင္းျပည္တြင္ လက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ပြားေနျခင္းသည္ ႏိုင္ငံ၏ ကာကြယ္ေရး စြမ္းပကားကိုထိခိုက္ေစမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ မိမိႏိုင္ငံ၏ ပထဝီႏိုင္ငံေရးအရ အေရးပါမႈ ကိုသိရွိနားလည္ၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ အစည္းမ်ားအေနျဖင့္ လက္နက္ကိုင္ေတာင္းဆိုမႈ၊ တိုက္ပြဲဆင္ႏြဲေတာင္းဆိုမႈမ်ားကိုစြန႔္လႊတ္၍ ဒီမိုကေရစီစနစ္ႏွင့္လိုက္ေလ်ာညီေထြေသာ ေဆြးေႏြး ညႇိႏႈိင္းမႈ နည္းလမ္းမ်ားျဖင့္သာ ၿငိမ္းခ်မ္းေရးကိုတည္ေဆာက္ရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေလ့က်င့္ေရး ေက်ာင္းအတြင္း ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ၾကည့္ရႈစစ္ေဆးခဲ့ၿပီး အၾကပ္ႀကီး သင္တန္းစားရိပ္သာ၌ သင္တန္းသားမ်ား ႏွင့္အတူ ေန႔လည္စာကိုအတူတကြသုံးေဆာင္ခဲ့ၾကကာ သင္တန္းသားမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ ဆက္ခဲ့ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ေက်ာင္းဌာနခ်ဳပ္႐ုံးတြင္ ေခတၱေက်ာင္းအုပ္ႀကီး ဗိုလ္မႉးႀကီး မိုးမင္းႏိုင္က ေလ့က်င့္ေရးေက်ာင္း၏သမိုင္းေၾကာင္းအက်ဥ္း၊ ဦး၊ ေရး၊ ေထာက္ဆိုင္ရာမ်ားႏွင့္ အရာရွိ၊ စစ္သည္မ်ားအား ေလ့က်င့္ေရးေဆာင္႐ြက္ေပးေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စစ္သည္တစ္ဦးခ်င္း၏ စြမ္းရည္ျမႇင့္ တင္ေပးရန္လိုအပ္သည့္အတြက္ ေလ့က်င့္ေရးေက်ာင္းအေနျဖင့္ အရာရွိ၊ စစ္သည္မ်ားအားလုံးကို ထိထိေရာက္ ေရာက္တတ္ကြၽမ္းေစေရး ေလ့က်င့္ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ မိမိတို႔တပ္မေတာ္၌ တပ္တိုင္းတိုက္ပြဲဝင္ အသင့္ (Combat Ready) ျဖစ္ရန္လိုၿပီး ထိုသို႔ျဖစ္ရန္အတြက္ ေလ့က်င့္ေရးသည္ အဓိကက်ေသာေၾကာင့္ ထိေရာက္ေသာေလ့က်င့္မႈမ်ားကို စဥ္ဆက္မျပတ္လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ အမိန႔္နာခံတတ္မႈႏွင့္ စစ္စည္းကမ္းေကာင္းမြန္မႈကို Second Nature ျဖစ္သည္အထိ ေလ့က်င့္ေပးရမည္ျဖစ္ေၾကာင္းႏွင့္ အဆင့္ႏွင့္ ေလ်ာ္ညီသည့္ ေလ့က်င့္ေရးရလဒ္မ်ား ထြက္ေပၚလာေရးအတြက္ နည္းျပမ်ားသည္လည္း နည္းျပအဆင့္မီ ရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။