ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ၏ ရာသက်ပန်ဂုဏ်ထူးဆောင် နာယက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား (YMBA) ၏ အမြင့်ဆုံးဘွဲ့တော်ဖြစ်သည့် “အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တော်”ဂုဏ်ပြုချီးမြှင့်

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ၏ ရာသက်ပန်ဂုဏ်ထူးဆောင် နာယက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား (YMBA) ၏ အမြင့်ဆုံးဘွဲ့တော်ဖြစ်သည့် “အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တော်”ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ ဖေဖော်ဝါရီ – ၈

မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ လွတ်လပ်ရေးနှင့် အမျိုးသားနိုင်ငံရေးကို ဦးဆောင်ခဲ့သည့် အစော ဆုံးအမျိုးသားရေးအသင်းအဖွဲ့ကြီးဖြစ်သော ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (YMBA)၏ ရာသက်ပန် ဂုဏ်ထူးဆောင်နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား (YMBA)၏ အမြင့်ဆုံး ဘွဲ့တော်ဖြစ်သည့် “အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တော်”ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ ပြုလုပ်ရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ အဘိဓဇမဟာရဠဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်းရှိ တပ်နယ်အသီးသီးမှ တပ်ရင်း၊ တပ်ဖွဲ့မှူးများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အဖွဲ့ဝင်များ၊ ရွှေတိဂုံ စေတီတော်၊ လောကချမ်းသာအဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၊ ဗိုလ်တစ်ထောင်စေတီတော်၊ ကမ္ဘာအေးစေတီတော်၊ မယ်လမုဘုရား၊ ကျိုက်က္ကဆံ၊ ကျိုက်ခေါက်ဘုရားကြီးတို့မှ ဂေါပကအဖွဲ့များအပါအဝင် ဂေါပကအဖွဲ့(၁၀)ဖွဲ့မှ ဂေါပကအဖွဲ့ဝင်များ၊ လီဆူဗုဒ္ဓဘာသာအဖွဲ့၊ ထေရဝါဒဗုဒ္ဓ ဘာသာအသင်း၊ ဘာသာရေး အသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများ၊ ဂျပန်နိုင်ငံ (YMBA)အသင်းမှ ဦးစီး ဗုဒ္ဓဘာသာဝင်များ တက် ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများက ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ အား ကြိုဆိုကြည်ညိုတော်မူကြပြီး ဆရာတော်များ သီးသန့်နားနေခန်းတွင် လှူဖွယ် ပစ္စည်းများအသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဗုဒ္ဓဘာသာကလျာဏယု၀ အသင်းကြီး (YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား မင်္ဂလာစည်တော်အဖွဲ့မှ အောင်စည်အောင်မောင်း တီးမှုတ်ကြိုဆိုကြသည်။

ဆက်လက်၍ ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွ ချီလာ တော်မူကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ပရိသတ် များက ကြိုဆိုကြည်ညိုတော်မူကြပြီး “အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့တော်”ကို စင်မြင့်ထက်သို့ ပင့်ဆောင်တော်မူကြသည်။ ယင်းနောက် အစီအစဉ်အရ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းချုပ် (YMBA)မှ ဒုတိယဥက္ကဋ္ဌ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဒေါက်တာ အောင်မင်းကျော်သူက မင်္ဂလာအောင်မောင်းတီး၍ အခမ်းအနားကိုဖွင့်လှစ်ပြီး (YMBA)၏ အမြင့်ဆုံးဘွဲ့တော်ဖြစ်သည့် “အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တော်” ဂုဏ်ပြုချီးမြှင့် အပ်နှင်းခြင်း နှင့်ပတ်သက်၍ ဥက္ကဌ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးရဲထွန်း က ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကဥက္ကဌ၊ အဘိဓဇမဟာရဠဂုရု၊ အဘိဓဇအဂ္ဂမ္မဟာသဒ္ဓမဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသက သြဝါဒ စကားမြွက်ကြားရာတွင် အမျိုးသားရေးဦးဆောင်အသင်းကြီးဖြစ်သော (YMBA) အသင်းကြီးက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အား “အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တော်” ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ နိုင်ငံတော်သံဃနာယက ဆရာတော်ကြီးများကို ပင့်ဖိတ်၍ သြဝါဒခံယူခြင်းအပေါ် ဝမ်းမြောက် ဝမ်းသာဖြစ်ရပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ကြီးပွားမြင့်မားရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသူတစ်ဦး ဖြစ်သည့်အတွက် ဤသို့ ချီးမြှင့်ခြင်းမှာ “အတိုင်းထက် အလွန်၊ တံခွန်နှင့် ကုက္ကား” ဖြစ်ပါကြောင်းဖြင့် သြဝါဒစကားမြွက်ကြားသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရက သြဝါဒစကားမြွက်ကြားရာတွင် မင်္ဂလာဆိုသည်မှာ မင်္ဂလသုတ် ပါဋ္ဌိတော်အစပိုင်း၌ ပါရှိသော “သဗ္ဗလောက ဟိတဓရ” -လောက၏ကောင်းကျိုးအတွက် ဆောင်ရွက်ခြင်း၊ “သဗ္ဗပါပ ဝိနာသနံ” – မကောင်းမှုဟူသမျှမှ ရှောင်ကြဉ်ခြင်းဟု အနှစ်ချုပ် အနက်အဓိပ္ပါယ် ရပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်သားအားလုံးသည် နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် အသက်ကိုစွန့်လွှတ်၍ပင် ကောင်းရာကောင်းကျိုး ဆောင်ရွက်နေသူများဖြစ်ကြောင်း၊ မကောင်းမှုဟူ သမျှကို ဖယ်ရှား၊ ပယ်ရှားပေးနေသူများ ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ယခုကဲ့သို့ (YMBA) ၏ အမြင့်ဆုံးဘွဲ့ဖြစ်သည့် “အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော် ကို အပ်နှင်းချီးမြှင့်ပေးခြင်းသည် ထိုက်ထိုက်တန်တန် အပ်နှင်းချီးမြှင့်ခြင်းဖြစ်ကြောင်း မိန့်ကြားပြီး (YMBA)၏ ကောင်းမြတ်သော သမိုင်းအစဉ်အလာများကို ဆက်လက်မိန့် ကြားကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့်လည်း (YMBA) အသင်းကြီးအား အင်အားတောင့်တင်းသော အမျိုးသားလက်ရုံးအသင်းကြီး ဖြစ်ပေါ်လာစေရေး ကြိုးပမ်း ဆောင်ရွက်သွားစေလိုကြောင်းဖြင့် သြဝါဒစကားမြွက်ကြားသည်။

နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ သြဝါဒါစရိယ အင်းစိန်ရွာမ ဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသ က သြဝါဒစကားမြွက်ကြားရာတွင် “စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်” ဆိုသည့် သားသမီးကျင့်ဝတ်အတိုင်း မြန်မာနိုင်ငံသားအားလုံးသည် နိုင်ငံတော်၏ သားသမီး များဖြစ်သော ကြောင့် အမျိုးကို စောင့်ရှောက်ရန်လိုကြောင်း၊ ထိုနည်းတူ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓ၏ သားသမီးများ ဖြစ်သောကြောင့် မိမိတို့၏ ဘာသာကို စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ (YMBA) အသင်းကြီးသည် ထိုကဲ့သို့ မွန်မြတ်သောအလုပ်များကို တစ်စိုက်မတ်မတ် လုပ်ကိုင်နေသည့် အသင်းကြီးဖြစ်၍ ဝေဖန်နေသူများရှိသော် လည်း “ သဒ္ဓါစကား၊ ကောင်းသော်ငြား၊ နားခါးသဒ္ဓါမဲ့သူမှာ” ဆိုသည့်အတိုင်း ၎င်းတို့နှင့် တုပြိုင်ပြီး ဖြေရှင်းနေ ရန်မလိုကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာအရေးကို ခိုင်ခိုင်ခန့်ခန့် ရပ်တည်၍ ဦး ဆောင်ပြုလုပ်နေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား (YMBA) အသင်းကြီး က ယခုကဲ့သို့ ဘွဲ့ချီးမြင့်အပ်နှင်းခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူဖြစ်ရပါကြောင်းဖြင့် သြဝါဒစကားမြွက်ကြားသည်။

ထို့နောက် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး(YMBA)ဥက္ကဋ္ဌ ဦးရဲထွန်း က နိုင်ငံတော်သံဃ မဟာနာ ယကဥက္ကဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီးထံသို့ (YMBA)၏ အမြင့်ဆုံးဘွဲ့ဖြစ်သည့် “အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ကို ဆက်ကပ် ၍ ဆရာတော်ဘုရားကြီးနှင့်အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား စလွယ်တော်၊ လည်ဆွဲတံဆိပ်တော်၊ ရင်ထိုးတံဆိပ်တော်နှင့် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့လက်မှတ် တို့ကိုဂုဏ်ပြုချီးမြှင့်အပ်နှင်းရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က လက်ခံရယူသည်။

ဆက်လက်ပြီး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး(YMBA)၏ ရာသက်ပန် ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျေးဇူးတင်စကားပြန်လည် ပြောကြား ရာတွင် ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးများ၏ သြဝါဒကထာမြွက်ကြားမှုများအပေါ် အလွန်ပင် ကြည်နူး ဝမ်းသာဖြစ်ရပါကြောင်း၊ အခမ်းအနားသို့ ကြွရောက်တော်မူကြသည့် သံဃာတော် အရှင်သူမြတ်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ၏ နာယက ကြီးများ၊ အမှုဆောင်အဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ တပ်မတော်အရာရှိ ကြီးများနှင့်တက်ရောက်လာကြသူအားလုံး ဗုဒ္ဓ၏မေတ္တာရိပ်အောက်တွင် နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေဟု ဦးစွာဆန္ဒပြုပါကြောင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)၏ အမြင့်ဆုံး ဘွဲ့တော်ဖြစ်သည့် “အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တော်” လက်ခံရယူရခြင်းအပေါ် အလေးထား ဂုဏ်ယူပါကြောင်းနှင့် ယင်းဘွဲ့တံဆိပ်၏ ဂုဏ်ဒြပ်၊ ရာသက်ပန်ဂုဏ်ထူးဆောင်နာယကဆိုသည့် တာဝန်များအပေါ် ထိုက်ထိုက်တန်တန် ကျေကျေပွန်ပွန်ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ နိုင်ငံတော်ကြီး၏ ကောင်းကျိုးအတွက် “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ”ဆိုသည့် (YMBA)အသင်းကြီး၏ ကောင်းမွန် မြင့်မြတ် သည့်ရည်ရွယ်ချက်များအပေါ် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

(YMBA)အသင်းကြီးသည် ၁၉၀၆ ခုနှစ်ကတည်းက စတင်ပေါ်ပေါက်လာပြီး ယခုနှစ်ဆိုလျှင် နှစ်ပေါင်း ၁၁၄ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ခေတ်၊စနစ်ပြောင်းလဲမှု အဖုံဖုံ များအကြားတွင် ကြံ့ကြံ့ခံကျော်ဖြတ်လာသည့် တစ်ခုတည်းသော သက်တမ်းအရှည်ဆုံး အသင်းကြီးလည်းဖြစ်ကြောင်း၊ အသင်းကြီးစတင်ကတည်းက ရည်ရွယ်ချက်သည် “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ” ကြီးပွားမြင့်မားရေးဖြစ်ပြီး မူလချမှတ်ခဲ့သည့် ရည်ရွယ်ချက် များကို ယနေ့အချိန်ထိတိုင် မပျောက်ပျက်စေဘဲ ခေတ်စနစ်၊ အချိန်ကာလတို့အပေါ် မူတည်ပြီး မှန်ကန်စွာဆောင်ရွက်လျက်ရှိကြောင်းကို ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ တွေ့ရှိ ရပါကြောင်း၊ (YMBA) အသင်းကြီး၏ ရည်ရွယ်ချက်များတွင် ပထမရည်ရွယ်ချက်ဖြစ် သည့် “အမျိုး” နှင့်ပတ်သက်လာလျှင် “ အမျိုးသားများ ကြီးပွားတိုးတက်ရေး၊ အမျိုးသား များနှင့်သက်ဆိုင်သောအရေးအခင်းများ” ဟု ယခင်က တည်းက အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြောင်း၊ အမျိုးနှင့်သက်ဆိုင်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည် များကို အားလုံးခြုံငုံမိစေရန်အတွက် “အမျိုးသားရေးစိတ်ဓာတ်” ဟု ဆိုရမည်ပင်ဖြစ် ကြောင်း၊ ကမ္ဘာ့နိုင်ငံတိုင်းသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲယှဉ်ပြိုင်နေရပြီး ရပ်တည်ရေးအတွက် စဉ်ဆက်မပြတ်တည်ဆောက်နေရပါကြောင်း၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအတွက် သမိုင်းနှင့်ချီပြီး ကြိုးစားရုန်းကန်ခဲ့ရပြီး ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် စဉ်ဆက်မပြတ်သတိကပ်နေရပါကြောင်း၊ “ဘဝဟူသည် တိုက်ပွဲ” ဆိုသည့်ဆိုရိုးစကားတစ်ရပ်ရှိပါကြောင်း၊ လူတစ်ဦးချင်းစီ၏ ဘဝကိုပင် ယခုကဲ့သို့ အဓိပ္ပာယ်ကောက်ယူနိုင်ပါက နိုင်ငံတစ်ခု၏ ဘဝရပ်တည်ရေး၊ ဆက်လက် ရှင်သန်ရေးဆိုခြင်းသည် ပိုပြီး ကျယ်ပြန့်သည့်၊ မဆုံးနိုင်သည့် ရုန်းကန်လှုပ်ရှား ကြိုးစားမှု တို့၏ ပြိုင်ပွဲကြီးဖြစ်ပါကြောင်း၊ ယင်းနေရာတွင် စဉ်းစားဆင်ခြင်သုံးသပ်ကြည့်ပါက နိုင်ငံတစ်ခုတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးရေးကိုဦး တည်သည့် “ရွေ့လျားနိုင် သည့်အား” တစ်နည်းအားဖြင့် “အရွေ့” ကို လိုမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လွတ်လပ်ရေး နှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးခိုင်မြဲစွာ ရပ်တည်နိုင်မှုကို ဦးတည်သည့် “ရပ်တည်နိုင်သည့်အား” တစ်နည်းအားဖြင့် “အရပ်” ကို လိုမည်ဖြစ်ပါကြောင်း၊ ရွေ့သင့်တာရွေ့ရန်၊ ရပ်သင့် တာရပ်ရန် ယင်းအင်အားများကို နိုင်ငံများက ဘယ်လိုဖန်တီး လုပ်ဆောင်နေသည်ဆိုခြင်းသည် စိတ်ဝင်စား စရာကောင်းသည့် လက်တွေ့အမျိုးသား နိုင်ငံရေးပင်ဖြစ်ကြောင်း။
နိုင်ငံတစ်ခုအတွက် ကြီးမားသည့် “အရွေ့” တစ်ခုရွေ့အောင် အမျိုးသားရေးစိတ် ဓာတ်ဖြင့် ဖော်ဆောင်ကြပါကြောင်း၊ အလားတူ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ကောင်းမွန်သည့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းပြီး အမျိုးသားရေးစရိုက်လက္ခဏာများကို ကာကွယ်နိုင်ရန်၊Globalizatoin နှင့်အတူပါ လာသည့် ပုံပန်းပျက်အပြုအမူ၊ အတွေးအခေါ်များကို ကာကွယ်နိုင်ရန် သက်ရောက်မှုရှိသည့် “အရပ်” တစ်ခုဖြစ်ရန် ယင်းအမျိုး သားရေးစိတ်ဓာတ်ကို သုံးခဲ့ကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ခုအတွက် ဘုံကျသည့် စွမ်းအား သည် အမျိုးသားရေးစိတ်ဓာတ်ဟု ကောက်ချက်ချရမည်ဖြစ်ပါကြောင်း၊ အမျိုးသားရေး စိတ်ဓာတ် ဟုပြော လိုက်သည်နှင့် လူမျိုးဆိုသည့် ကျဉ်းမြောင်းသည့်အမြင် ဖြင့် မြင်ချင်ကြပါကြောင်း၊ “ မြန်မာနိုင်ငံသားအားလုံး မြန်မာစိတ်မွေးပြီး အမျိုးနဲ့ တိုင်းပြည်ကို ချစ်ရမယ်။ နိုင်ငံသား အားလုံးရဲ့အကျိုး၊ တိုင်းပြည်ရဲ့အကျိုးကို သယ်ပိုးနိုင် ရမယ်” ဟု ဆိုလိုခြင်းပင်ဖြစ်ပါကြောင်း၊ ကမ္ဘာတွင် ခေတ်၊ စနစ်များ မည်သို့ပင် ပြောင်းသည်ဖြစ်စေ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံအကျဆုံးအင်အားအဖြစ် လက်ကိုင်ပြုနေရသည် ဆိုခြင်းသည် အမေရိကန်၏ ” Make American Great Again” ဆိုသည့်ကြွေးကြော်ချက်၊ ရုရှား၏ ” Great Russia” ဆိုသည့် ရည်မှန်းချက်များက သက်သေပြလျက်ရှိပါကြောင်း၊ EU နိုင်ငံများအပါအဝင် ဒီမိုကရေစီ ရင့်ကျက်နေသည့် နိုင်ငံများပင်လျှင် အမျိုးသားရေးကို ဦးတည်နေခြင်းကို တွေ့ရမည်ဖြစ်ကြောင်း။

မိမိတို့ မြန်မာများသည်လည်း အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေးကိုယ်ခံ စွမ်းအား နည်းသူများ မဟုတ်ပါကြောင်း၊ စစ်ပွဲကြီးသုံးကြိမ် ဆင်နွှဲပြီးမှ နယ်ချဲ့အင်္ဂလိပ် လက်အောက်ကို ကျရောက်ခဲ့ခြင်းဖြစ်ပြီး နယ်ချဲ့လက်အောက် ကျရောက်ခါစတွင် တိုင်းရင်းသားအားလုံး တစ်နည်းအားဖြင့် မြန်မာတစ်မျိုးသား လုံးပါဝင်သည့် ဆယ်နှစ်ကြာ မျိုးချစ်စစ်ပွဲကြီးကို ဆင်နွှဲခဲ့ကြပါကြောင်း၊ လွတ်လပ်ရေးဆုံးရှုံးပြီး နှစ် ၂၀ အကြာတွင် မြန်မာ့အမျိုးသားနိုင်ငံရေးကို ဦးဆောင်မည့် YMBA အသင်းကြီး ပေါ်ပေါက်လာပါ ကြောင်း၊ YMBA ကိုအခြေခံပြီး GCBA အသင်းကြီးထပ်မံပေါ်ထွန်းခဲ့ပါကြောင်း၊GCBA အသင်းကြီးကို ထိုခေတ်က ဝံသာနု အသင်းဟုလည်း ခေါ်ဆိုကြပါကြောင်း၊ ယင်းတို့ကို အခြေခံပြီး တို့ဗမာအစည်းအရုံး ပေါ်ပေါက်လာပါကြောင်း၊ တို့ဗမာ အစည်းအရုံးဝင် သခင်လူငယ်များမှတစ်ဆင့် ရဲဘော်သုံးကျိပ်၊ ရဲဘော်သုံးကျိပ်မှ မြန်မာ့ လွတ်လပ်ရေး ကို ပြည်သူနှင့်အတူ လက်တွဲရယူပေးခဲ့သည့် ခေတ်သစ်မြန်မာ့တပ်မတော် ပေါ်ပေါက်လာရခြင်း ပင်ဖြစ်ပါကြောင်း၊ မြန်မာ့လွတ်လပ်ရေးသည် မြန်မာနိုင်ငံသား အားလုံး၏ မျိုးချစ်စိတ်၊ အမျိုးသားရေး စိတ်ဓာတ်တွန်းအားဖြင့်သာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုချင်ပါကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်လည်း အမျိုးသားရေးစိတ်ဓာတ်ခွန်အားနှင့်ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တပ်မတော်၏သမိုင်းအစ BIA က ဆိုသကဲ့သို့ မျိုးချစ်စိတ်၏အစ YMBA ကဟု ပြောရမည်ဖြစ်ပါကြောင်း၊ YMBA အသင်းကြီး အနေဖြင့်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ လက်တွေ့လို အပ်နေသည့် အမျိုးသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ကြီးပွားတိုးတက်ရေးတို့ကို အမျိုးသားရေးစိတ်ဓာတ် ခွန်အားဖြင့် တည်ဆောက်ရယူသွားကြရမည်ဖြစ်ပါကြောင်း။

ဒုတိယရည်ရွယ်ချက်ဖြစ်သည့် “ ဘာသာ ” ဆိုရာတွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၄၅၀ အရ ပြည်ထောင်စု၏ ရုံးသုံးစာသည် မြန်မာစာဖြစ်ပြီး ပြည်ထောင်စု ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစာ၊ မြန်မာစကားကို တတ်မြောက်ရမည်ဖြစ်သကဲ့သို့ သတ်ပုံများကအစ မှားယွင်းမှုမရှိအောင် ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားဘာသာစကားများကို အထင်ကြီးပြီး မိမိဘာသာ စကားကို ပြောဆိုနေရာတွင် ရှက်ကြောက်နေရန်မလိုသကဲ့သို့ မိမိဘာသာစကားကို ပီပီသသ၊ ဌာန်ကရိုဏ်း ကျကျ ပြောဆိုနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြန်မာစာပေဖြင့် ရေးသားထုတ်ဝေသည့် စာအုပ်၊ စာပေများကိုလည်း အားပေးရန်လိုအပ်ပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း မြဝတီ၊ ငွေတာရီနှင့် အခြားသုတ၊ ရသစာပေများကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက အစဉ်အဆက်ထုတ်ဝေခဲ့ပြီး ဘာသာ စာပေကို အားပေးလျက်ရှိပါကြောင်း၊ ယနေ့သတင်းခေတ် (Information Age) တွင် သတင်းအချက်အလက်၊ သုတက အားကောင်းနေသည်ဆိုသော်လည်း လူသားများ၏ စိတ်နှလုံး၊ စိတ်နေ သဘောထားနှင့် ယဉ်ကျေးမှုများအတွက် ရသစာပေကလည်း အရေးကြီးသည် ဆိုခြင်းကို သတိပြုရမည်ဖြစ်ကြောင်း၊ ရေးထုံး ကိုခိုင်ခံ့အောင် လုပ်ရမည်ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ယဉ်ကျေးမှုအမွေအနှစ် Cultural Heritage ဖြစ်သည့်မြန်မာ့ ဂန္ဓဝင်ကဗျာ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် အတွင်းက ပြုလုပ်ပေးခဲ့ပါကြောင်း၊ ဂန္ဓဝင်ကဗျာ တိမ်ကောပျောက်ကွယ်သွားမည့် အရေးမှ တားဆီး ကာကွယ်ပေး နိုင်ခဲ့သည့်အပြင် ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နောက်ဆက်တွဲ အနေဖြင့် ဂန္ဓဝင်ကဗျာနဲ့ပတ်သက်သည့် စာအုပ်များ၊ ရုပ်မြင်သံကြား၊ ရေဒီယိုများမှတစ်ဆင့် ထုတ်လွှင့်ပေး မှုများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် မြန်မာ့ဂန္ဓဝင်ကဗျာကို တန်ဖိုးထား လေးစားမြတ်နိုးသူတွေ၊ စာပေပညာရှင်များနှင့် ရိုးရာယဉ်ကျေးမှုအပေါ် စိတ်ဝင်စားသူများက ယနေ့အထိ တပ်မတော်၏ လုပ်ဆောင်ချက်အပေါ်မှာ ဂုဏ်ယူဝမ်းမြောက်နေဆဲဖြစ်ပါကြောင်း။

တတိယရည်ရွယ်ချက်ဖြစ်သည့် “ သာသနာကို ချီးမြှင့်ပါ” ဆိုရာတွင် သာသနာကို မြန်မာအဘိဓာန်တွင် “မြတ်စွာဘုရား၏ အဆုံးအမ” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားပါ ကြောင်း၊ သာသနာတော်ထွန်းကားပြန့်ပွားစေရေး ထိန်းသိမ်းဆောင်ရွက်ရမည့်အပြင် သာသနာ့ဝန်ထမ်းများကိုလည်း အလေးထားချီးမြှင့်ရမည်ဖြစ်ပါကြောင်း၊ နည်းမှန်လမ်းမှန်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အစွန်းတရားများ၊ အစွန်းရောက်မှုများကို ရှောင်ရှား ပြီး ဘုရားရှင်၏ တရားဦးဓမ္မစကြာမှာဟောကြားခဲ့သည့် မဇ္ဈိမပဋိပဒါလမ်းစဉ်အတိုင်း ကျင့်သုံးသွားရမည်ဖြစ် ပါကြောင်း၊ သာသနာကိုစောင့်ရှောက်၊ စောင့်ထိန်းရာတွင် အခြေခံကျကျတစ်ဦးချင်း စောင့်ထိန်းရမည်များ၊ အစုအဖွဲ့အလိုက် စောင့်ထိန်းရမည်များကို စောင့်ထိန်းသွားမှ အခြေခံခိုင်မာမည်ဖြစ်ပါကြောင်း၊ နံနက်အိပ်ယာထတွင် လူတိုင်း လူတိုင်း ကိုယ်လက်သန့်စင်၊ မျက်နှာသစ်၊ သွားတိုက်ကြပါကြောင်း၊ ည အိပ်ယာဝင်ရာတွင် လည်း လုပ်ကြပါကြောင်း၊ ၎င်းသည် မိမိကိုယ်ကို၊ ခန္ဓာကိုယ်ကို သန့်စင်ကြခြင်းပင် ဖြစ်ကြောင်း၊ ထို့အတူ ဗုဒ္ဓဘာသာဝင်များသည် အနည်းဆုံး အိပ်ယာထ တစ်ကြိမ်၊ ညအိပ်ယာဝင်တစ်ကြိမ် မြတ်စွာဘုရားကို ရှိခိုးပူဇော်ကြကြောင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး တတ်နိုင်ရာကပ်လှူကြကြောင်း၊ ယင်းသည် မိမိစိတ်ကို သာသနာအဆုံးအမ၊ ဘုရားရှင်၏ အဆုံးအမနှင့်သန့်စင်ကြသည်ပင်ဖြစ်ကြောင်း၊ ထိုသို့အခြေခံ ကစပြီး “အပ္ပမာ ဒေန သမ္ဗာဒေထ ” ဆိုသည့် မမေ့မလျော့သောသတိဖြင့် ဆောင်ရွက်သွားခြင်းဖြင့် သာသနာ ကို မြှင့်တင်ရမည်ဖြစ်ပါကြောင်း။

ထိုမှတစ်ဆင့် မိမိတို့သာသနာ၏ ဂုဏ်ဒြပ်များဖြစ်သည့် ဘုရား၊ ကျောင်း၊ ကန်၊ သာသနာ့အမွေအနှစ်များကို ကြည်ညိုဖွယ်၊ လေးစားဖွယ်ဖြစ်နေစေရန် သန့်ရှင်းသပ်ရပ် လှပမှုရှိနေစေရန် YMBA အသင်းကြီးက တက်တက်ကြွကြွ ဦးဆောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြတ်ဗုဒ္ဓသာသနာသည် ကမ္ဘာ့၏စံပြဖြစ် သကဲ့သို့ ဘုရား၊ကျောင်း၊ကန် များသည်လည်း စံပြဖြစ်နေရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက မိမိတို့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၊ ဘုရား၊ စေတီ၊ သာသနိကအဆောက်အဦများ ထိန်းသိမ်း၊ စောင့်ရှောက် မှုတွင် လိုအပ်ချက်များ ရှိနေပါကြောင်း၊ ထုံးတမ်းအစဉ်အလာလည်းမပယ်၊ ခေတ်နှင့်လည်း လျော်ညီအောင် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သာသနာ့ အဆုံးအမများ ရင်ထဲ၊ နှလုံးသားထဲအထိစိမ့်ဝင်ပြီး ပဋိယတ်၊ ပဋိပတ် သာသနာတော် အပေါ်တွင် လေးစားမြတ်နိုး သဒ္ဓါတရားပွားများစေရန်၊ သဒ္ဓါသည် ရဲစွမ်းသတ္တိ (Belief is Courage) ဖြစ်လာစေရန်၊ စိတ်ကောင်း၊ နှလုံးကောင်းနှင့် ဗြဟ္မစိုတရားများ ထွန်းကား လာစေရန် လူငယ်၊ လူရွယ်များကို ငယ်စဉ်ကတည်းက သာသနာ၏ အဆုံးအမ များကို သိရှိအောင် လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက် အားလပ်ချိန်သည် အချိန်ကာလနည်းသည်ဆိုသော်လည်း အချိန်နည်းသည်ကို အကြောင်းမပြဘဲ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ၊ သာသနာရေးဆိုင်ရာ ပညာပေး မှုများကို ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ရသမျှအချိန်အတွင်း တစ်နှစ်ပတ်လုံး ဆောင်ရွက် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

အသင်းကြီး၏ စတုတ္ထရည်ရွယ်ချက်ဖြစ်သည့် “ ပညာကိုအားပေးပါ” ဆိုရာတွင် မိမိဒေသ၊ မိမိနိုင်ငံ၊ မိမိတိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် ပညာတတ်များ ပေါ်ထွက် လာစေရန် ပညာရေးကို အားပေးရမည်ဖြစ်ပါ ကြောင်း၊ ပညာရေး၏ အခြေခံဖြစ်သည့် အတန်းပညာ၊ ကျောင်း ပညာရေးကို အားပေး မြှင့်တင်ရမည်ဖြစ်၍ ကျောင်းနေအရွယ်ကလေးတိုင်း အတန်းပညာ သင်ကြားနိုင်ရေးကို အလေးထားပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ပြီး ၃၀ ရာခိုင်နှုန်း သည် မြို့ပြနေသူများ ဖြစ်ကြောင်း၊ တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ၃ ခုတွင် မြို့ပြနေ လူဦးရေသည် ၃၀ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ ထို့ကြောင့် ပညာရေးကို အားပေးမြှင့်တင်သည့် အခါတွင် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ တိုင်းရင်းသားဒေသများ၏ ပညာရေးကို အထူး အားပေးဂရုစိုက်မြှင့်တင်ရန်လိုအပ်ကြောင်း၊ ကျေးလက်ဒေသများ၏ သဘောသဘာဝအရ ရွာတိုင်းတွင် အခြေခံပညာအထက်တန်းကျောင်းထိမရှိနိုင်သော်လည်း ကျေးလက် နှင့်မြို့ပြပညာရေး ကွာဟချက်နည်းနိုင် သမျှနည်းစေရန် အားလုံးသည် အခြေခံပညာ အလယ်တန်းပြီးမြောက်သည်အထိ ပညာသင်ကြားနိုင်ရေး မြှင့်တင်ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ ကျေးလက်၊ မြို့ပြ ခရီးအနီးအဝေး၊ အချိန် ရရှိမှု၊ လူ့စွမ်းအား အရင်းအမြစ်နှင့် အခြေခံအဆောက်အဦရရှိမှုများကို ကျော်လွှားနိုင်သည့် ခေတ်မီနည်းပညာများကို အသုံးပြု၍ အသိပညာ၊ အတတ်ပညာများကို လူတိုင်းကိုယ်စီ စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ အထက်တန်းပညာ၊ အဆင့်မြင့်ပညာသင်ကြားလိုသူများကို တတ်စွမ်းသမျှ စုပေါင်းအား နှင့် ပံ့ပိုးနိုင်ရေးကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ပညာရည်မြှင့်တင်မှုနှင့်အတူ “စာမတတ်သူ ပပျောက်ရေးမှသည် စာမဖတ်သူပပျောက်ရေး” ကိုလည်း ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။

ကျေးရွာတိုင်းတွင် စာကြည့်တိုက်များ ပြန်လည်အသက်ဝင်လာအောင် ပြန်လည် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ “ ပညာသတိ၊ ပညာအသိ ” သည် လူ့ဘ၀ တိုးတက်မှု အတွက် အလွန်အရေးကြီးပြီး အသိသည် ဖြတ်သန်းလာရသည့်ဘဝတွင် လေ့လာသင်ယူ မှုကရရှိခြင်းဖြစ်ကြောင်း၊ ရသည့်အချိန်အတွင်း၌ အတတ်ပညာကိုသင်ယူပြီး၊ အသိနှင့်ယှဉ်ပြီး လုပ်ဆောင်ပါက ကြီးပွားတိုးတက်မည်ဖြစ်သည့်အတွက် မိမိတို့အသင်းကြီး၏ ဦးတည်ချက်ဖြစ်သည့် ပညာကိုအားပေးခြင်းသည် လူတိုင်းလိုလားသည့် လူမှုဘ၀ တိုးတက်ရန်အတွက် အားပေးခြင်းပင်ဖြစ်ပါကြောင်း၊ “ အလိမ္မာစာမှာရှိ ” ၊ “ပညာစာမှာရှိ” ဆိုသည့် စကားရပ်ကို တစ်နိုင်ငံလုံး ရင်ထဲ၊ အတွေးအခေါ်ထဲအထိ နက်နက်ရှိုင်းရှိုင်း ခံယူသွားအောင် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ YMBA အသင်းကြီး၏ အမြင့်ဆုံး ဖြစ်သည့် “အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တော်” ဖြင့် ဂုဏ်ပြုချီးမြှင့်ခြင်း အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဆရာတော်ဘုရားကြီးများ၏ သြဝါဒများကို ဦးထိပ်ပန်ဆင်ပြီးနိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကောင်းရာကောင်းကျိုးအတွက် “ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ” လုပ်ငန်းများကို ဘုရားရှင်၏ အဆုံးအမဖြစ်သည့် “အပ္ပမာဒေန သမ္ဗဒေထ” မမေ့မလျော့ သောသတိ ဖြင့် အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဘွဲ့တံဆိပ်တော်အပ်နှင်းခြင်း အခမ်းအနားကို ဝိုင်အမ်ဘီဆရာတင် ကိုယ်တိုင် ရေးစပ်သီကုံး ထားသော “ဒို့ဗမာ” သီချင်းဖွင့်၍ အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ၏ ရာသက်ပန် ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အခမ်းအနားတက် ရောက် လာကြသူများသည် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက် လာကြသူများက ဗန်းမော်ဆရာတော် ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် တက်ရောက် လာကြသည့် ဧည့်ပရိသတ်များနှင့်အတူ နေ့လည်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။

(Zawgyi Version)

ဗုဒၶဘာသာကလ်ာဏယုဝအသင္းႀကီး (YMBA) ၏ ရာသက္ပန္ဂုဏ္ထူးေဆာင္ နာယက တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား (YMBA) ၏ အျမင့္ဆုံးဘြဲ႕ေတာ္ျဖစ္သည့္ “အဂၢမဟာမဂၤလဓမၼေဇာတိကဓဇဘြဲ႕ေတာ္”ဂုဏ္ျပဳခ်ီးျမႇင့္

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ – ၈

ျမန္မာျပည္လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္း၌ လြတ္လပ္ေရးႏွင့္ အမ်ိဳးသားႏိုင္ငံေရးကို ဦးေဆာင္ခဲ့သည့္ အေစာ ဆုံးအမ်ိဳးသားေရးအသင္းအဖြဲ႕ႀကီးျဖစ္ေသာ ဗုဒၶဘာသာ ကလ်ာဏယုဝအသင္းႀကီး (YMBA)၏ ရာသက္ပန္ ဂုဏ္ထူးေဆာင္နာယက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား (YMBA)၏ အျမင့္ဆုံး ဘြဲ႕ေတာ္ျဖစ္သည့္ “အဂၢမဟာမဂၤလဓမၼေဇာတိကဓဇဘြဲ႕ေတာ္”ဂုဏ္ျပဳခ်ီးျမႇင့္ျခင္း အခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ ေဇယ်ာသီရိဗိမာန္ဧည့္ခန္းမေဆာင္၌ ျပဳလုပ္ရာ ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ ဥကၠဌ၊ အဘိဓဇမဟာရဠဂု႐ု၊ အဘိဓဇ အဂၢမဟာသဒၶမၼေဇာတိက၊ အဂၢမဟာပ႑ိတ၊ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး ေဒါက္တာ ဘဒၵႏၲကုမာရာဘိဝံသ အမႉးျပဳေသာ ဆရာေတာ္၊ သံဃာေတာ္ အရွင္သူျမတ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကသည္။

အဆိုပါ အခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ဇနီး၊  ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္အတြင္းရွိ တပ္နယ္အသီးသီးမွ တပ္ရင္း၊ တပ္ဖြဲ႕မႉးမ်ား၊ ဗုဒၶဘာသာကလ်ာဏယုဝအသင္းႀကီး(YMBA) ဥကၠ႒ ဦးရဲထြန္းႏွင့္ အဖြဲ႕ဝင္မ်ား၊ ေ႐ႊတိဂုံ ေစတီေတာ္၊ ေလာကခ်မ္းသာအဘယလာဘမုနိ ႐ုပ္ပြားေတာ္ျမတ္ႀကီး၊  ဗိုလ္တစ္ေထာင္ေစတီေတာ္၊ ကမာၻေအးေစတီေတာ္၊ မယ္လမုဘုရား၊ က်ိဳက္ကၠဆံ၊ က်ိဳက္ေခါက္ဘုရားႀကီးတို႔မွ ေဂါပကအဖြဲ႕မ်ားအပါအဝင္ ေဂါပကအဖြဲ႕(၁၀)ဖြဲ႕မွ ေဂါပကအဖြဲ႕ဝင္မ်ား၊ လီဆူဗုဒၶဘာသာအဖြဲ႕၊ ေထရဝါဒဗုဒၶ ဘာသာအသင္း၊ ဘာသာေရး အသင္းအဖြဲ႕မ်ားမွ ဖိတ္ၾကားထားသူမ်ား၊ ဂ်ပန္ႏိုင္ငံ (YMBA)အသင္းမွ ဦးစီး ဗုဒၶဘာသာဝင္မ်ား တက္ ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသူမ်ားက ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး အမႉးျပဳေသာ ဆရာေတာ္၊ သံဃာေတာ္အရွင္သူျမတ္တို႔ အား ႀကိဳဆိုၾကည္ညိဳေတာ္မူၾကၿပီး ဆရာေတာ္မ်ား သီးသန႔္နားေနခန္းတြင္ လႉဖြယ္ ပစၥည္းမ်ားအသီးသီး ဆက္ကပ္လႉဒါန္းၾကသည္။

ထို႔ေနာက္ အခမ္းအနားကို ဆက္လက္ျပဳလုပ္ရာ ဗုဒၶဘာသာကလ်ာဏယု၀ အသင္းႀကီး (YMBA)၏ ရာသက္ပန္ဂုဏ္ထူးေဆာင္နာယက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားအား မဂၤလာစည္ေတာ္အဖြဲ႕မွ ေအာင္စည္ေအာင္ေမာင္း တီးမႈတ္ႀကိဳဆိုၾကသည္။

ဆက္လက္၍ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး အမႉးျပဳေသာ ဆရာေတာ္ သံဃာေတာ္မ်ား ႂကြ ခ်ီလာ ေတာ္မူၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ပရိသတ္ မ်ားက ႀကိဳဆိုၾကည္ညိဳေတာ္မူၾကၿပီး “အဂၢမဟာမဂၤလဓမၼ ေဇာတိကဓဇဘြဲ႕ေတာ္”ကို စင္ျမင့္ထက္သို႔ ပင့္ေဆာင္ေတာ္မူၾကသည္။ ယင္းေနာက္ အစီအစဥ္အရ ဗုဒၶဘာသာ ကလ်ာဏယုဝအသင္းခ်ဳပ္ (YMBA)မွ ဒုတိယဥကၠ႒ မဟာမဂၤလဓမၼေဇာတိကဓဇ ေဒါက္တာ ေအာင္မင္းေက်ာ္သူက မဂၤလာေအာင္ေမာင္းတီး၍ အခမ္းအနားကိုဖြင့္လွစ္ၿပီး (YMBA)၏ အျမင့္ဆုံးဘြဲ႕ေတာ္ျဖစ္သည့္ “အဂၢမဟာမဂၤလဓမၼ ေဇာတိကဓဇ ဘြဲ႕ေတာ္” ဂုဏ္ျပဳခ်ီးျမႇင့္ အပ္ႏွင္းျခင္း ႏွင့္ပတ္သက္၍ ဥကၠဌ မဟာမဂၤလဓမၼေဇာတိကဓဇ ဦးရဲထြန္း က ရွင္းလင္းတင္ျပသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္သံဃမဟာနာယကဥကၠဌ၊ အဘိဓဇမဟာရဠဂု႐ု၊ အဘိဓဇအဂၢမၼဟာသဒၶမေဇာတိက၊ အဂၢမဟာပ႑ိတ၊ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး ေဒါက္တာ ဘဒၵႏၲ ကုမာရာဘိဝံသက ၾသဝါဒ စကားႁမြက္ၾကားရာတြင္ အမ်ိဳးသားေရးဦးေဆာင္အသင္းႀကီးျဖစ္ေသာ (YMBA) အသင္းႀကီးက တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ အား “အဂၢမဟာမဂၤလဓမၼ ေဇာတိကဓဇ ဘြဲ႕ေတာ္” ဂုဏ္ျပဳခ်ီးျမႇင့္အပ္ႏွင္းျခင္း  အခမ္းအနားသို႔ ႏိုင္ငံေတာ္သံဃနာယက ဆရာေတာ္ႀကီးမ်ားကို ပင့္ဖိတ္၍ ၾသဝါဒခံယူျခင္းအေပၚ ဝမ္းေျမာက္ ဝမ္းသာျဖစ္ရပါေၾကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ သည္ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာ ႀကီးပြားျမင့္မားေရးကို အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္႐ြက္ေနသူတစ္ဦး ျဖစ္သည့္အတြက္ ဤသို႔ ခ်ီးျမႇင့္ျခင္းမွာ “အတိုင္းထက္ အလြန္၊ တံခြန္ႏွင့္ ကုကၠား” ျဖစ္ပါေၾကာင္းျဖင့္ ၾသဝါဒစကားႁမြက္ၾကားသည္။

 သီတဂူကမာၻ႔ဗုဒၶတကၠသိုလ္မ်ားႏွင့္ သီတဂူ ေဆး႐ုံေတာ္မ်ား၏ အဓိပတိ၊ အဘိဓဇမဟာရ႒ဂု႐ု၊ အဂၢမဟာပ႑ိတ၊ မဟာဓမၼကထိက၊ ဗဟုဇနဟိတဓရ၊ တြဲဖက္ေ႐ႊက်င္သာသနာပိုင္၊ သီတဂူဆရာေတာ္ ေဒါက္တာ ဘဒၵႏၲဉာဏိႆရက ၾသဝါဒစကားႁမြက္ၾကားရာတြင္ မဂၤလာဆိုသည္မွာ မဂၤလသုတ္ ပါ႒ိေတာ္အစပိုင္း၌ ပါရွိေသာ “သဗၺေလာက ဟိတဓရ” -ေလာက၏ေကာင္းက်ိဳးအတြက္ ေဆာင္႐ြက္ျခင္း၊ “သဗၺပါပ ဝိနာသနံ” – မေကာင္းမႈဟူသမွ်မွ ေရွာင္ၾကဥ္ျခင္းဟု အႏွစ္ခ်ဳပ္ အနက္အဓိပၸါယ္ ရပါေၾကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အပါအဝင္ တပ္မေတာ္သားအားလုံးသည္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထု အတြက္ အသက္ကိုစြန႔္လႊတ္၍ပင္ ေကာင္းရာေကာင္းက်ိဳး ေဆာင္႐ြက္ေနသူမ်ားျဖစ္ေၾကာင္း၊ မေကာင္းမႈဟူ သမွ်ကို ဖယ္ရွား၊ ပယ္ရွားေပးေနသူမ်ား ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ယခုကဲ့သို႔ (YMBA) ၏ အျမင့္ဆုံးဘြဲ႕ျဖစ္သည့္ “အဂၢမဟာမဂၤလဓမၼေဇာတိကဓဇ” ဘြဲ႕တံဆိပ္ေတာ္ ကို အပ္ႏွင္းခ်ီးျမႇင့္ေပးျခင္းသည္ ထိုက္ထိုက္တန္တန္ အပ္ႏွင္းခ်ီးျမႇင့္ျခင္းျဖစ္ေၾကာင္း မိန႔္ၾကားၿပီး (YMBA)၏ ေကာင္းျမတ္ေသာ သမိုင္းအစဥ္အလာမ်ားကို ဆက္လက္မိန႔္ ၾကားကာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ အေနျဖင့္လည္း (YMBA) အသင္းႀကီးအား  အင္အားေတာင့္တင္းေသာ အမ်ိဳးသားလက္႐ုံးအသင္းႀကီး ျဖစ္ေပၚလာေစေရး ႀကိဳးပမ္း ေဆာင္႐ြက္သြားေစလိုေၾကာင္းျဖင့္ ၾသဝါဒစကားႁမြက္ၾကားသည္။

ႏိုင္ငံေတာ္ၾသဝါဒါစရိယ အဂၢမဟာပ႑ိတ၊ ေ႐ႊတိဂုံေစတီေတာ္ေဂါပကအဖြဲ႕၏ ၾသဝါဒါစရိယ အင္းစိန္႐ြာမ ဆရာေတာ္ႀကီး ဘဒၵႏၲတိေလာကာဘိဝံသ က ၾသဝါဒစကားႁမြက္ၾကားရာတြင္ “ေစာင့္ေလမ်ိဳးႏြယ္ ဝတ္ငါးသြယ္” ဆိုသည့္ သားသမီးက်င့္ဝတ္အတိုင္း ျမန္မာႏိုင္ငံသားအားလုံးသည္ ႏိုင္ငံေတာ္၏ သားသမီး မ်ားျဖစ္ေသာ ေၾကာင့္ အမ်ိဳးကို ေစာင့္ေရွာက္ရန္လိုေၾကာင္း၊ ထိုနည္းတူ ဗုဒၶဘာသာဝင္မ်ားသည္ ဗုဒၶ၏ သားသမီးမ်ား ျဖစ္ေသာေၾကာင့္ မိမိတို႔၏ ဘာသာကို ေစာင့္ေရွာက္ရမည္ျဖစ္ေၾကာင္း၊  (YMBA) အသင္းႀကီးသည္ ထိုကဲ့သို႔ မြန္ျမတ္ေသာအလုပ္မ်ားကို တစ္စိုက္မတ္မတ္ လုပ္ကိုင္ေနသည့္ အသင္းႀကီးျဖစ္၍ ေဝဖန္ေနသူမ်ားရွိေသာ္ လည္း “ သဒၶါစကား၊ ေကာင္းေသာ္ျငား၊ နားခါးသဒၶါမဲ့သူမွာ” ဆိုသည့္အတိုင္း ၎တို႔ႏွင့္ တုၿပိဳင္ၿပီး ေျဖရွင္းေန ရန္မလိုေၾကာင္း၊ အမ်ိဳး၊ ဘာသာ၊ သာသနာအေရးကို ခိုင္ခိုင္ခန႔္ခန႔္ ရပ္တည္၍ ဦး ေဆာင္ျပဳလုပ္ေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား (YMBA) အသင္းႀကီး က ယခုကဲ့သို႔ ဘြဲ႕ခ်ီးျမင့္အပ္ႏွင္းျခင္းအေပၚ ဝမ္းေျမာက္ဂုဏ္ယူျဖစ္ရပါေၾကာင္းျဖင့္  ၾသဝါဒစကားႁမြက္ၾကားသည္။

ထို႔ေနာက္ ဗုဒၶဘာသာ ကလ်ာဏယုဝအသင္းႀကီး(YMBA)ဥကၠ႒ ဦးရဲထြန္း က ႏိုင္ငံေတာ္သံဃ မဟာနာ ယကဥကၠဌ၊ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးထံသို႔ (YMBA)၏ အျမင့္ဆုံးဘြဲ႕ျဖစ္သည့္ “အဂၢမဟာမဂၤလ ဓမၼေဇာတိကဓဇ” ဘြဲ႕တံဆိပ္ေတာ္ကို ဆက္ကပ္ ၍ ဆရာေတာ္ဘုရားႀကီးႏွင့္အတူ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား စလြယ္ေတာ္၊ လည္ဆြဲတံဆိပ္ေတာ္၊ ရင္ထိုးတံဆိပ္ေတာ္ႏွင့္ အဂၢမဟာမဂၤလဓမၼေဇာတိကဓဇဘြဲ႕လက္မွတ္ တို႔ကိုဂုဏ္ျပဳခ်ီးျမႇင့္အပ္ႏွင္းရာ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္က လက္ခံရယူသည္။

ဆက္လက္ၿပီး ဗုဒၶဘာသာ ကလ်ာဏယုဝအသင္းႀကီး(YMBA)၏ ရာသက္ပန္ ဂုဏ္ထူးေဆာင္နာယက အဂၢမဟာ မဂၤလဓမၼေဇာတိကဓဇ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေက်းဇူးတင္စကားျပန္လည္ ေျပာၾကား ရာတြင္ ေက်းဇူးေတာ္ရွင္ ဆရာေတာ္ဘုရားႀကီးမ်ား၏ ၾသဝါဒကထာႁမြက္ၾကားမႈမ်ားအေပၚ အလြန္ပင္ ၾကည္ႏူး ဝမ္းသာျဖစ္ရပါေၾကာင္း၊ အခမ္းအနားသို႔ ႂကြေရာက္ေတာ္မူၾကသည့္ သံဃာေတာ္ အရွင္သူျမတ္မ်ား၊ ဗုဒၶဘာသာကလ်ာဏယုဝအသင္းႀကီး (YMBA) ၏ နာယက ႀကီးမ်ား၊ အမႈေဆာင္အဖြဲ႕ဝင္မ်ား၊ ဘာသာေရး အသင္းအဖြဲ႕မ်ား၊ တပ္မေတာ္အရာရွိ ႀကီးမ်ားႏွင့္တက္ေရာက္လာၾကသူအားလုံး ဗုဒၶ၏ေမတၱာရိပ္ေအာက္တြင္ ႏွလုံးစိတ္ဝမ္း ေအးခ်မ္းၾကပါေစဟု ဦးစြာဆႏၵျပဳပါေၾကာင္း၊ ဗုဒၶဘာသာကလ်ာဏယုဝအသင္းႀကီး (YMBA)၏ အျမင့္ဆုံး ဘြဲ႕ေတာ္ျဖစ္သည့္ “အဂၢမဟာမဂၤလဓမၼေဇာတိကဓဇ ဘြဲ႕ေတာ္”  လက္ခံရယူရျခင္းအေပၚ အေလးထား ဂုဏ္ယူပါေၾကာင္းႏွင့္ ယင္းဘြဲ႕တံဆိပ္၏ ဂုဏ္ျဒပ္၊ ရာသက္ပန္ဂုဏ္ထူးေဆာင္နာယကဆိုသည့္ တာဝန္မ်ားအေပၚ ထိုက္ထိုက္တန္တန္ ေက်ေက်ပြန္ပြန္ေဆာင္႐ြက္သြားမည္ျဖစ္သကဲ့သို႔ ႏိုင္ငံေတာ္ႀကီး၏ ေကာင္းက်ိဳးအတြက္ “အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာ”ဆိုသည့္ (YMBA)အသင္းႀကီး၏ ေကာင္းမြန္ ျမင့္ျမတ္ သည့္ရည္႐ြယ္ခ်က္မ်ားအေပၚ  ကိုယ္စြမ္း၊ ဉာဏ္စြမ္းရွိသေ႐ြ႕ ႀကိဳးပမ္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း။

(YMBA)အသင္းႀကီးသည္ ၁၉၀၆ ခုႏွစ္ကတည္းက စတင္ေပၚေပါက္လာၿပီး ယခုႏွစ္ဆိုလွ်င္ ႏွစ္ေပါင္း ၁၁၄ ႏွစ္တိုင္ခဲ့ၿပီျဖစ္ေၾကာင္း၊ ေခတ္၊စနစ္ေျပာင္းလဲမႈ အဖုံဖုံ မ်ားအၾကားတြင္ ႀကံ့ႀကံ့ခံေက်ာ္ျဖတ္လာသည့္ တစ္ခုတည္းေသာ သက္တမ္းအရွည္ဆုံး အသင္းႀကီးလည္းျဖစ္ေၾကာင္း၊ အသင္းႀကီးစတင္ကတည္းက ရည္႐ြယ္ခ်က္သည္ “အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာ” ႀကီးပြားျမင့္မားေရးျဖစ္ၿပီး မူလခ်မွတ္ခဲ့သည့္ ရည္႐ြယ္ခ်က္ မ်ားကို ယေန႔အခ်ိန္ထိတိုင္ မေပ်ာက္ပ်က္ေစဘဲ ေခတ္စနစ္၊ အခ်ိန္ကာလတို႔အေပၚ မူတည္ၿပီး မွန္ကန္စြာေဆာင္႐ြက္လ်က္ရွိေၾကာင္းကို ဝမ္းေျမာက္ဂုဏ္ယူဖြယ္ရာ ေတြ႕ရွိ ရပါေၾကာင္း၊ (YMBA) အသင္းႀကီး၏ ရည္႐ြယ္ခ်က္မ်ားတြင္ ပထမရည္႐ြယ္ခ်က္ျဖစ္ သည့္ “အမ်ိဳး” ႏွင့္ပတ္သက္လာလွ်င္ “ အမ်ိဳးသားမ်ား ႀကီးပြားတိုးတက္ေရး၊ အမ်ိဳးသား မ်ားႏွင့္သက္ဆိုင္ေသာအေရးအခင္းမ်ား” ဟု ယခင္က တည္းက အဓိပၸာယ္ဖြင့္ဆိုခဲ့ေၾကာင္း၊ အမ်ိဳးႏွင့္သက္ဆိုင္သည့္ အဓိပၸာယ္ဖြင့္ဆိုခ်က္၊ လုပ္ေဆာင္သင့္၊ လုပ္ေဆာင္ထိုက္သည္ မ်ားကို အားလုံးၿခဳံငုံမိေစရန္အတြက္ “အမ်ိဳးသားေရးစိတ္ဓာတ္” ဟု ဆိုရမည္ပင္ျဖစ္ ေၾကာင္း၊ ကမာၻ႔ႏိုင္ငံတိုင္းသည္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အၿမဲယွဥ္ၿပိဳင္ေနရၿပီး ရပ္တည္ေရးအတြက္ စဥ္ဆက္မျပတ္တည္ေဆာက္ေနရပါေၾကာင္း၊ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာအတြက္ သမိုင္းႏွင့္ခ်ီၿပီး ႀကိဳးစား႐ုန္းကန္ခဲ့ရၿပီး ဆက္လက္ထိန္းသိမ္းႏိုင္ေရးအတြက္ စဥ္ဆက္မျပတ္သတိကပ္ေနရပါေၾကာင္း၊ “ဘဝဟူသည္ တိုက္ပြဲ” ဆိုသည့္ဆို႐ိုးစကားတစ္ရပ္ရွိပါေၾကာင္း၊ လူတစ္ဦးခ်င္းစီ၏ ဘဝကိုပင္ ယခုကဲ့သို႔ အဓိပၸာယ္ေကာက္ယူႏိုင္ပါက ႏိုင္ငံတစ္ခု၏ ဘဝရပ္တည္ေရး၊ ဆက္လက္ ရွင္သန္ေရးဆိုျခင္းသည္ ပိုၿပီး က်ယ္ျပန႔္သည့္၊ မဆုံးႏိုင္သည့္ ႐ုန္းကန္လႈပ္ရွား ႀကိဳးစားမႈ တို႔၏ ၿပိဳင္ပြဲႀကီးျဖစ္ပါေၾကာင္း၊ ယင္းေနရာတြင္ စဥ္းစားဆင္ျခင္သုံးသပ္ၾကည့္ပါက ႏိုင္ငံတစ္ခုတြင္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဖြံ႕ၿဖိဳးေရးကိုဦး တည္သည့္ “ေ႐ြ႕လ်ားႏိုင္ သည့္အား” တစ္နည္းအားျဖင့္ “အေ႐ြ႕” ကို လိုမည္ျဖစ္ပါေၾကာင္း၊ ထို႔ျပင္ လြတ္လပ္ေရး ႏွင့္ အခ်ဳပ္အျခာအာဏာကို ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ေရးခိုင္ၿမဲစြာ ရပ္တည္ႏိုင္မႈကို ဦးတည္သည့္ “ရပ္တည္ႏိုင္သည့္အား” တစ္နည္းအားျဖင့္ “အရပ္” ကို လိုမည္ျဖစ္ပါေၾကာင္း၊ ေ႐ြ႕သင့္တာေ႐ြ႕ရန္၊ ရပ္သင့္ တာရပ္ရန္ ယင္းအင္အားမ်ားကို ႏိုင္ငံမ်ားက ဘယ္လိုဖန္တီး လုပ္ေဆာင္ေနသည္ဆိုျခင္းသည္ စိတ္ဝင္စား စရာေကာင္းသည့္ လက္ေတြ႕အမ်ိဳးသား ႏိုင္ငံေရးပင္ျဖစ္ေၾကာင္း။

ႏိုင္ငံတစ္ခုအတြက္ ႀကီးမားသည့္ “အေ႐ြ႕” တစ္ခုေ႐ြ႕ေအာင္ အမ်ိဳးသားေရးစိတ္ ဓာတ္ျဖင့္ ေဖာ္ေဆာင္ၾကပါေၾကာင္း၊ အလားတူ ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္မ်ား၊ ေကာင္းမြန္သည့္ ဓေလ့ထုံးတမ္းမ်ားကို ထိန္းသိမ္းၿပီး အမ်ိဳးသားေရးစ႐ိုက္လကၡဏာမ်ားကို ကာကြယ္ႏိုင္ရန္၊Globalizatoin ႏွင့္အတူပါ လာသည့္ ပုံပန္းပ်က္အျပဳအမူ၊ အေတြးအေခၚမ်ားကို ကာကြယ္ႏိုင္ရန္ သက္ေရာက္မႈရွိသည့္ “အရပ္” တစ္ခုျဖစ္ရန္ ယင္းအမ်ိဳး သားေရးစိတ္ဓာတ္ကို သုံးခဲ့ၾကပါေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံတစ္ခုအတြက္ ဘုံက်သည့္ စြမ္းအား သည္ အမ်ိဳးသားေရးစိတ္ဓာတ္ဟု ေကာက္ခ်က္ခ်ရမည္ျဖစ္ပါေၾကာင္း၊ အမ်ိဳးသားေရး စိတ္ဓာတ္ ဟုေျပာ လိုက္သည္ႏွင့္ လူမ်ိဳးဆိုသည့္ က်ဥ္းေျမာင္းသည့္အျမင္ ျဖင့္ ျမင္ခ်င္ၾကပါေၾကာင္း၊ “ ျမန္မာႏိုင္ငံသားအားလုံး ျမန္မာစိတ္ေမြးၿပီး အမ်ိဳးနဲ႔ တိုင္းျပည္ကို ခ်စ္ရမယ္။ ႏိုင္ငံသား အားလုံးရဲ႕အက်ိဳး၊ တိုင္းျပည္ရဲ႕အက်ိဳးကို သယ္ပိုးႏိုင္ ရမယ္”  ဟု ဆိုလိုျခင္းပင္ျဖစ္ပါေၾကာင္း၊ ကမာၻတြင္ ေခတ္၊ စနစ္မ်ား မည္သို႔ပင္ ေျပာင္းသည္ျဖစ္ေစ အမ်ိဳးသားေရးစိတ္ဓာတ္ကို အေျခခံအက်ဆုံးအင္အားအျဖစ္ လက္ကိုင္ျပဳေနရသည္ ဆိုျခင္းသည္ အေမရိကန္၏ ” Make American Great Again” ဆိုသည့္ေႂကြးေၾကာ္ခ်က္၊ ႐ုရွား၏ ” Great Russia” ဆိုသည့္ ရည္မွန္းခ်က္မ်ားက သက္ေသျပလ်က္ရွိပါေၾကာင္း၊ EU ႏိုင္ငံမ်ားအပါအဝင္ ဒီမိုကေရစီ ရင့္က်က္ေနသည့္ ႏိုင္ငံမ်ားပင္လွ်င္ အမ်ိဳးသားေရးကို ဦးတည္ေနျခင္းကို ေတြ႕ရမည္ျဖစ္ေၾကာင္း။

မိမိတို႔ ျမန္မာမ်ားသည္လည္း အမ်ိဳးသားေရးစိတ္ဓာတ္၊ အမ်ိဳးသားေရးကိုယ္ခံ စြမ္းအား နည္းသူမ်ား မဟုတ္ပါေၾကာင္း၊ စစ္ပြဲႀကီးသုံးႀကိမ္ ဆင္ႏႊဲၿပီးမွ နယ္ခ်ဲ႕အဂၤလိပ္ လက္ေအာက္ကို က်ေရာက္ခဲ့ျခင္းျဖစ္ၿပီး နယ္ခ်ဲ႕လက္ေအာက္ က်ေရာက္ခါစတြင္ တိုင္းရင္းသားအားလုံး တစ္နည္းအားျဖင့္ ျမန္မာတစ္မ်ိဳးသား လုံးပါဝင္သည့္ ဆယ္ႏွစ္ၾကာ မ်ိဳးခ်စ္စစ္ပြဲႀကီးကို ဆင္ႏႊဲခဲ့ၾကပါေၾကာင္း၊ လြတ္လပ္ေရးဆုံးရႈံးၿပီး ႏွစ္ ၂၀ အၾကာတြင္ ျမန္မာ့အမ်ိဳးသားႏိုင္ငံေရးကို ဦးေဆာင္မည့္ YMBA အသင္းႀကီး ေပၚေပါက္လာပါ ေၾကာင္း၊ YMBA ကိုအေျခခံၿပီး GCBA အသင္းႀကီးထပ္မံေပၚထြန္းခဲ့ပါေၾကာင္း၊GCBA အသင္းႀကီးကို ထိုေခတ္က ဝံသာႏု အသင္းဟုလည္း ေခၚဆိုၾကပါေၾကာင္း၊ ယင္းတို႔ကို အေျခခံၿပီး တို႔ဗမာအစည္းအ႐ုံး ေပၚေပါက္လာပါေၾကာင္း၊ တို႔ဗမာ အစည္းအ႐ုံးဝင္ သခင္လူငယ္မ်ားမွတစ္ဆင့္ ရဲေဘာ္သုံးက်ိပ္၊ ရဲေဘာ္သုံးက်ိပ္မွ ျမန္မာ့ လြတ္လပ္ေရး ကို ျပည္သူႏွင့္အတူ လက္တြဲရယူေပးခဲ့သည့္ ေခတ္သစ္ျမန္မာ့တပ္မေတာ္ ေပၚေပါက္လာရျခင္း ပင္ျဖစ္ပါေၾကာင္း၊ ျမန္မာ့လြတ္လပ္ေရးသည္ ျမန္မာႏိုင္ငံသား အားလုံး၏ မ်ိဳးခ်စ္စိတ္၊ အမ်ိဳးသားေရး စိတ္ဓာတ္တြန္းအားျဖင့္သာ ရရွိခဲ့ျခင္းျဖစ္သည္ဟု ဆိုခ်င္ပါေၾကာင္း၊ ထို႔ေၾကာင့္ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာ အာဏာတည္တံ့ခိုင္ၿမဲရန္၊ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ရန္လည္း အမ်ိဳးသားေရးစိတ္ဓာတ္ခြန္အားႏွင့္ဆက္လက္ ေဆာင္႐ြက္ရမည္ျဖစ္ပါေၾကာင္း၊ တပ္မေတာ္၏သမိုင္းအစ BIA က ဆိုသကဲ့သို႔ မ်ိဳးခ်စ္စိတ္၏အစ YMBA ကဟု ေျပာရမည္ျဖစ္ပါေၾကာင္း၊ YMBA အသင္းႀကီး အေနျဖင့္လည္း ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ား လက္ေတြ႕လို အပ္ေနသည့္ အမ်ိဳးသား စည္းလုံးညီၫြတ္ေရး၊ အမ်ိဳးသား ႀကီးပြားတိုးတက္ေရးတို႔ကို အမ်ိဳးသားေရးစိတ္ဓာတ္ ခြန္အားျဖင့္ တည္ေဆာက္ရယူသြားၾကရမည္ျဖစ္ပါေၾကာင္း။

ဒုတိယရည္႐ြယ္ခ်က္ျဖစ္သည့္ “ ဘာသာ ” ဆိုရာတြင္ ျပည္ေထာင္စုသမၼတျမန္မာ ႏိုင္ငံေတာ္၊ ဖြဲ႕စည္းပုံ အေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)၊ ပုဒ္မ ၄၅၀ အရ ျပည္ေထာင္စု၏ ႐ုံးသုံးစာသည္ ျမန္မာစာျဖစ္ၿပီး ျပည္ေထာင္စု ႐ုံးသုံးဘာသာစကားျဖစ္သည့္ ျမန္မာစာ၊ ျမန္မာစကားကို တတ္ေျမာက္ရမည္ျဖစ္သကဲ့သို႔ သတ္ပုံမ်ားကအစ မွားယြင္းမႈမရွိေအာင္ ထိန္းသိမ္းရမည္ျဖစ္ပါေၾကာင္း၊ ႏိုင္ငံျခားဘာသာစကားမ်ားကို အထင္ႀကီးၿပီး မိမိဘာသာ စကားကို ေျပာဆိုေနရာတြင္ ရွက္ေၾကာက္ေနရန္မလိုသကဲ့သို႔ မိမိဘာသာစကားကို ပီပီသသ၊ ဌာန္က႐ိုဏ္း က်က် ေျပာဆိုႏိုင္ေရး ေဆာင္႐ြက္ရမည္ျဖစ္ပါေၾကာင္း၊ ျမန္မာစာေပျဖင့္ ေရးသားထုတ္ေဝသည့္ စာအုပ္၊ စာေပမ်ားကိုလည္း အားေပးရန္လိုအပ္ပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း ျမဝတီ၊ ေငြတာရီႏွင့္ အျခားသုတ၊ ရသစာေပမ်ားကို လြန္ခဲ့သည့္ ႏွစ္ေပါင္းမ်ားစြာကတည္းက အစဥ္အဆက္ထုတ္ေဝခဲ့ၿပီး ဘာသာ စာေပကို အားေပးလ်က္ရွိပါေၾကာင္း၊ ယေန႔သတင္းေခတ္ (Information Age) တြင္ သတင္းအခ်က္အလက္၊ သုတက အားေကာင္းေနသည္ဆိုေသာ္လည္း လူသားမ်ား၏ စိတ္ႏွလုံး၊ စိတ္ေန သေဘာထားႏွင့္ ယဥ္ေက်းမႈမ်ားအတြက္ ရသစာေပကလည္း အေရးႀကီးသည္ ဆိုျခင္းကို သတိျပဳရမည္ျဖစ္ေၾကာင္း၊ ေရးထုံး ကိုခိုင္ခံ့ေအာင္ လုပ္ရမည္ျဖစ္ပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ယဥ္ေက်းမႈအေမြအႏွစ္ Cultural Heritage ျဖစ္သည့္ျမန္မာ့ ဂႏၶဝင္ကဗ်ာ ေရရွည္တည္တံ့ဖြံ႕ၿဖိဳးေရးအတြက္ အလုပ္႐ုံေဆြးေႏြးပြဲကို ၂၀၁၇ ခုႏွစ္ အတြင္းက ျပဳလုပ္ေပးခဲ့ပါေၾကာင္း၊ ဂႏၶဝင္ကဗ်ာ တိမ္ေကာေပ်ာက္ကြယ္သြားမည့္ အေရးမွ တားဆီး ကာကြယ္ေပး ႏိုင္ခဲ့သည့္အျပင္ ေရရွည္တည္တံ့ေအာင္ ထိန္းသိမ္းႏိုင္ေရး ေဆာင္႐ြက္ႏိုင္ခဲ့ပါေၾကာင္း၊ ေနာက္ဆက္တြဲ အေနျဖင့္ ဂႏၶဝင္ကဗ်ာနဲ႔ပတ္သက္သည့္ စာအုပ္မ်ား၊ ႐ုပ္ျမင္သံၾကား၊ ေရဒီယိုမ်ားမွတစ္ဆင့္ ထုတ္လႊင့္ေပး မႈမ်ားကိုလည္း က်ယ္က်ယ္ျပန႔္ျပန႔္ ေဆာင္႐ြက္ေပးႏိုင္ခဲ့သျဖင့္ ျမန္မာ့ဂႏၶဝင္ကဗ်ာကို တန္ဖိုးထား ေလးစားျမတ္ႏိုးသူေတြ၊ စာေပပညာရွင္မ်ားႏွင့္ ႐ိုးရာယဥ္ေက်းမႈအေပၚ စိတ္ဝင္စားသူမ်ားက ယေန႔အထိ တပ္မေတာ္၏ လုပ္ေဆာင္ခ်က္အေပၚမွာ ဂုဏ္ယူဝမ္းေျမာက္ေနဆဲျဖစ္ပါေၾကာင္း။

တတိယရည္႐ြယ္ခ်က္ျဖစ္သည့္ “ သာသနာကို ခ်ီးျမႇင့္ပါ” ဆိုရာတြင္ သာသနာကို ျမန္မာအဘိဓာန္တြင္ “ျမတ္စြာဘုရား၏ အဆုံးအမ” ဟူ၍ အဓိပၸာယ္ဖြင့္ဆိုထားပါ ေၾကာင္း၊ သာသနာေတာ္ထြန္းကားျပန႔္ပြားေစေရး ထိန္းသိမ္းေဆာင္႐ြက္ရမည့္အျပင္ သာသနာ့ဝန္ထမ္းမ်ားကိုလည္း အေလးထားခ်ီးျမႇင့္ရမည္ျဖစ္ပါေၾကာင္း၊ နည္းမွန္လမ္းမွန္ျဖင့္ ေဆာင္႐ြက္ရမည္ျဖစ္ပါေၾကာင္း၊ အစြန္းတရားမ်ား၊ အစြန္းေရာက္မႈမ်ားကို ေရွာင္ရွား ၿပီး ဘုရားရွင္၏ တရားဦးဓမၼစၾကာမွာေဟာၾကားခဲ့သည့္ မဇၩိမပဋိပဒါလမ္းစဥ္အတိုင္း က်င့္သုံးသြားရမည္ျဖစ္ ပါေၾကာင္း၊ သာသနာကိုေစာင့္ေရွာက္၊ ေစာင့္ထိန္းရာတြင္ အေျခခံက်က်တစ္ဦးခ်င္း ေစာင့္ထိန္းရမည္မ်ား၊ အစုအဖြဲ႕အလိုက္ ေစာင့္ထိန္းရမည္မ်ားကို ေစာင့္ထိန္းသြားမွ အေျခခံခိုင္မာမည္ျဖစ္ပါေၾကာင္း၊ နံနက္အိပ္ယာထတြင္ လူတိုင္း လူတိုင္း ကိုယ္လက္သန႔္စင္၊ မ်က္ႏွာသစ္၊ သြားတိုက္ၾကပါေၾကာင္း၊ ည အိပ္ယာဝင္ရာတြင္ လည္း လုပ္ၾကပါေၾကာင္း၊ ၎သည္ မိမိကိုယ္ကို၊ ခႏၶာကိုယ္ကို သန႔္စင္ၾကျခင္းပင္ ျဖစ္ေၾကာင္း၊ ထို႔အတူ ဗုဒၶဘာသာဝင္မ်ားသည္ အနည္းဆုံး အိပ္ယာထ တစ္ႀကိမ္၊ ညအိပ္ယာဝင္တစ္ႀကိမ္ ျမတ္စြာဘုရားကို ရွိခိုးပူေဇာ္ၾကေၾကာင္း၊ ပန္း၊ ေရခ်မ္း၊ ဆီမီး တတ္ႏိုင္ရာကပ္လႉၾကေၾကာင္း၊ ယင္းသည္ မိမိစိတ္ကို သာသနာအဆုံးအမ၊ ဘုရားရွင္၏ အဆုံးအမႏွင့္သန႔္စင္ၾကသည္ပင္ျဖစ္ေၾကာင္း၊ ထိုသို႔အေျခခံ  ကစၿပီး “အပၸမာ ေဒန သမၺာေဒထ ”  ဆိုသည့္ မေမ့မေလ်ာ့ေသာသတိျဖင့္ ေဆာင္႐ြက္သြားျခင္းျဖင့္  သာသနာ ကို ျမႇင့္တင္ရမည္ျဖစ္ပါေၾကာင္း။

ထိုမွတစ္ဆင့္ မိမိတို႔သာသနာ၏ ဂုဏ္ျဒပ္မ်ားျဖစ္သည့္ ဘုရား၊ ေက်ာင္း၊ ကန္၊ သာသနာ့အေမြအႏွစ္မ်ားကို ၾကည္ညိဳဖြယ္၊ ေလးစားဖြယ္ျဖစ္ေနေစရန္ သန႔္ရွင္းသပ္ရပ္ လွပမႈရွိေနေစရန္ YMBA    အသင္းႀကီးက တက္တက္ႂကြႂကြ ဦးေဆာင္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ျမတ္ဗုဒၶသာသနာသည္ ကမာၻ႔၏စံျပျဖစ္ သကဲ့သို႔ ဘုရား၊ေက်ာင္း၊ကန္ မ်ားသည္လည္း စံျပျဖစ္ေနရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံတကာႏွင့္ႏႈိင္းယွဥ္ပါက မိမိတို႔ ဗုဒၶဘာသာ ဘုန္းႀကီးေက်ာင္း၊ ဘုရား၊ ေစတီ၊ သာသနိကအေဆာက္အဦမ်ား ထိန္းသိမ္း၊ ေစာင့္ေရွာက္ မႈတြင္  လိုအပ္ခ်က္မ်ား ရွိေနပါေၾကာင္း၊ ထုံးတမ္းအစဥ္အလာလည္းမပယ္၊ ေခတ္ႏွင့္လည္း ေလ်ာ္ညီေအာင္ ေဆာင္႐ြက္သြားရန္ လိုအပ္မည္ျဖစ္ပါေၾကာင္း၊ သာသနာ့ အဆုံးအမမ်ား ရင္ထဲ၊ ႏွလုံးသားထဲအထိစိမ့္ဝင္ၿပီး ပဋိယတ္၊ ပဋိပတ္ သာသနာေတာ္ အေပၚတြင္ ေလးစားျမတ္ႏိုး သဒၶါတရားပြားမ်ားေစရန္၊ သဒၶါသည္ ရဲစြမ္းသတၱိ (Belief is Courage)  ျဖစ္လာေစရန္၊ စိတ္ေကာင္း၊ ႏွလုံးေကာင္းႏွင့္ ျဗဟၼစိုတရားမ်ား ထြန္းကား လာေစရန္ လူငယ္၊ လူ႐ြယ္မ်ားကို ငယ္စဥ္ကတည္းက သာသနာ၏ အဆုံးအမ မ်ားကို သိရွိေအာင္ လုပ္ေဆာင္ ေပးရမည္ျဖစ္ေၾကာင္း၊ ေႏြရာသီ ေက်ာင္းပိတ္ရက္ အားလပ္ခ်ိန္သည္ အခ်ိန္ကာလနည္းသည္ဆိုေသာ္လည္း အခ်ိန္နည္းသည္ကို အေၾကာင္းမျပဘဲ ဗုဒၶဘာသာယဥ္ေက်းမႈသင္တန္းမ်ား၊ သာသနာေရးဆိုင္ရာ ပညာေပး မႈမ်ားကို ဆက္လက္ေဆာင္႐ြက္သြားရမည္ ျဖစ္ေၾကာင္း၊ ရသမွ်အခ်ိန္အတြင္း တစ္ႏွစ္ပတ္လုံး ေဆာင္႐ြက္ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း။

အသင္းႀကီး၏ စတုတၳရည္႐ြယ္ခ်က္ျဖစ္သည့္ “ ပညာကိုအားေပးပါ” ဆိုရာတြင္ မိမိေဒသ၊ မိမိႏိုင္ငံ၊ မိမိတိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေစရန္ အသိပညာ၊ အတတ္ပညာႏွင့္ ျပည့္စုံသည့္ ပညာတတ္မ်ား ေပၚထြက္ လာေစရန္ ပညာေရးကို အားေပးရမည္ျဖစ္ပါ ေၾကာင္း၊ ပညာေရး၏ အေျခခံျဖစ္သည့္ အတန္းပညာ၊ ေက်ာင္း ပညာေရးကို အားေပး ျမႇင့္တင္ရမည္ျဖစ္၍ ေက်ာင္းေနအ႐ြယ္ကေလးတိုင္း အတန္းပညာ သင္ၾကားႏိုင္ေရးကို အေလးထားၿပီး က်ယ္က်ယ္ျပန႔္ျပန႔္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ ႏိုင္ငံလူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းသည္ ေက်းလက္ေနျပည္သူမ်ားျဖစ္ၿပီး ၃၀ ရာခိုင္ႏႈန္း သည္ ၿမိဳ႕ျပေနသူမ်ား ျဖစ္ေၾကာင္း၊ တိုင္းႏွင့္ျပည္နယ္ ၁၄ ခုအနက္ ကခ်င္ျပည္နယ္၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ ရန္ကုန္တိုင္းေဒသႀကီး ၃ ခုတြင္ ၿမိဳ႕ျပေန လူဦးေရသည္ ၃၀ ရာခိုင္ႏႈန္းေက်ာ္ရွိေၾကာင္း၊ ထို႔ေၾကာင့္ ပညာေရးကို အားေပးျမႇင့္တင္သည့္ အခါတြင္ ေက်းလက္ေနျပည္သူမ်ား၏ ပညာေရး၊ တိုင္းရင္းသားေဒသမ်ား၏ ပညာေရးကို အထူး အားေပးဂ႐ုစိုက္ျမႇင့္တင္ရန္လိုအပ္ေၾကာင္း၊ ေက်းလက္ေဒသမ်ား၏ သေဘာသဘာဝအရ ႐ြာတိုင္းတြင္ အေျခခံပညာအထက္တန္းေက်ာင္းထိမရွိႏိုင္ေသာ္လည္း ေက်းလက္ ႏွင့္ၿမိဳ႕ျပပညာေရး ကြာဟခ်က္နည္းႏိုင္ သမွ်နည္းေစရန္ အားလုံးသည္ အေျခခံပညာ အလယ္တန္းၿပီးေျမာက္သည္အထိ ပညာသင္ၾကားႏိုင္ေရး ျမႇင့္တင္ေဆာင္႐ြက္သြားရ မည္ျဖစ္ပါေၾကာင္း၊ ေက်းလက္၊ ၿမိဳ႕ျပ ခရီးအနီးအေဝး၊ အခ်ိန္ ရရွိမႈ၊ လူ႔စြမ္းအား အရင္းအျမစ္ႏွင့္ အေျခခံအေဆာက္အဦရရွိမႈမ်ားကို ေက်ာ္လႊားႏိုင္သည့္ ေခတ္မီနည္းပညာမ်ားကို အသုံးျပဳ၍ အသိပညာ၊ အတတ္ပညာမ်ားကို လူတိုင္းကိုယ္စီ စဥ္ဆက္မျပတ္ေလ့လာသင္ယူႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ သြားၾကရမည္ျဖစ္ေၾကာင္း၊ အထက္တန္းပညာ၊ အဆင့္ျမင့္ပညာသင္ၾကားလိုသူမ်ားကို တတ္စြမ္းသမွ် စုေပါင္းအား ႏွင့္ ပံ့ပိုးႏိုင္ေရးႀကိဳးစားၾကရမည္ျဖစ္ပါေၾကာင္း၊ ပညာရည္ျမႇင့္တင္မႈႏွင့္အတူ                  “စာမတတ္သူ ပေပ်ာက္ေရးမွသည္ စာမဖတ္သူပေပ်ာက္ေရး” ကိုလည္း ေဆာင္႐ြက္ ရမည္ျဖစ္ပါေၾကာင္း။

ေက်း႐ြာတိုင္းတြင္ စာၾကည့္တိုက္မ်ား ျပန္လည္အသက္ဝင္လာေအာင္ ျပန္လည္ ေဆာင္႐ြက္ ရမည္ျဖစ္ပါေၾကာင္း၊ “ ပညာသတိ၊ ပညာအသိ ”  သည္ လူ႔ဘ၀ တိုးတက္မႈ အတြက္ အလြန္အေရးႀကီးၿပီး အသိသည္ ျဖတ္သန္းလာရသည့္ဘဝတြင္ ေလ့လာသင္ယူ မႈကရရွိျခင္းျဖစ္ေၾကာင္း၊ ရသည့္အခ်ိန္အတြင္း၌ အတတ္ပညာကိုသင္ယူၿပီး၊ အသိႏွင့္ယွဥ္ၿပီး လုပ္ေဆာင္ပါက ႀကီးပြားတိုးတက္မည္ျဖစ္သည့္အတြက္ မိမိတို႔အသင္းႀကီး၏ ဦးတည္ခ်က္ျဖစ္သည့္ ပညာကိုအားေပးျခင္းသည္ လူတိုင္းလိုလားသည့္ လူမႈဘ၀ တိုးတက္ရန္အတြက္ အားေပးျခင္းပင္ျဖစ္ပါေၾကာင္း၊ “ အလိမၼာစာမွာရွိ ”  ၊ “ပညာစာမွာရွိ”  ဆိုသည့္ စကားရပ္ကို တစ္ႏိုင္ငံလုံး ရင္ထဲ၊ အေတြးအေခၚထဲအထိ နက္နက္ရႈိင္းရႈိင္း ခံယူသြားေအာင္ ေဆာင္႐ြက္ရ မည္ျဖစ္ေၾကာင္း၊ YMBA  အသင္းႀကီး၏ အျမင့္ဆုံး ျဖစ္သည့္ “အဂၢမဟာမဂၤလဓမၼေဇာတိကဓဇဘြဲ႕ေတာ္”  ျဖင့္ ဂုဏ္ျပဳခ်ီးျမႇင့္ျခင္း အတြက္ အထူးပင္ေက်းဇူးတင္ရွိပါေၾကာင္း၊ ဆရာေတာ္ဘုရားႀကီးမ်ား၏ ၾသဝါဒမ်ားကို ဦးထိပ္ပန္ဆင္ၿပီးႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ား၏ ေကာင္းရာေကာင္းက်ိဳးအတြက္ “ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာ” လုပ္ငန္းမ်ားကို ဘုရားရွင္၏ အဆုံးအမျဖစ္သည့္               “အပၸမာေဒန သမၺေဒထ” မေမ့မေလ်ာ့ ေသာသတိ ျဖင့္ အေကာင္းဆုံးျဖစ္ေအာင္ ထိန္းသိမ္းေဆာင္႐ြက္သြားမည္ ျဖစ္ပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ ဘြဲ႕တံဆိပ္ေတာ္အပ္ႏွင္းျခင္း အခမ္းအနားကို ဝိုင္အမ္ဘီဆရာတင္ ကိုယ္တိုင္ ေရးစပ္သီကုံး ထားေသာ “ဒို႔ဗမာ” သီခ်င္းဖြင့္၍ ေအာင္ျမင္စြာ ႐ုတ္သိမ္းခဲ့သည္။

ဆက္လက္၍ ဗုဒၶဘာသာကလ်ာဏယုဝအသင္းႀကီး (YMBA) ၏ ရာသက္ပန္ ဂုဏ္ထူးေဆာင္နာယက အဂၢမဟာမဂၤလဓမၼေဇာတိကဓဇ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ အခမ္းအနားတက္ ေရာက္ လာၾကသူမ်ားသည္ အမွတ္တရစုေပါင္း ဓာတ္ပုံ႐ိုက္ခဲ့ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္ လာၾကသူမ်ားက  ဗန္းေမာ္ဆရာေတာ္ ဘုရားႀကီး ေဒါက္တာ ဘဒၵႏၲ ကုမာရာဘိဝံသ အမႉးျပဳေသာ ဆရာေတာ္၊ သံဃာေတာ္ အရွင္သူျမတ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လႉဒါန္းခဲ့ၾကသည္။ ယင္းေနာက္ တက္ေရာက္ လာၾကသည့္ ဧည့္ပရိသတ္မ်ားႏွင့္အတူ ေန႔လည္စာအတူတကြ သုံးေဆာင္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။