တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သော စစ်တွေမြို့ရပ်မိရပ်ဖများအား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သော စစ်တွေမြို့ရပ်မိရပ်ဖများအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ – ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရပ်မိရပ်ဖများ အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်အတူ စစ်တွေမြို့မှ ရပ်မိရပ်ဖများဖြစ်ကြသည့် ဦးရွှေမောင်၊ ဦးသန်းရွှေ၊ ဦးရွှေကျော်သာ၊ ဦးသာနို့ အောင်၊ ဦးမြင့်ကျော်နှင့် ဦးစိန်သာဦးတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာ ရှင်ပြည်သူများ၏စုပေါင်းလှူဒါန်းမှုဖြင့် မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ပြီး စီးခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်ရှိ စာဖြေသံဃာတော်များအတွက် ကိုယ်စိတ်ချမ်းမြေ့စွာဖြင့် ပရိယတ္တိစာမေးပွဲများ ကျင်းပနိုင်ခြင်း၊ ဓမ္မသဘင်များ ကျင်းပနိုင်ခြင်းစသည့် သာသနာရေးဆိုင်ရာအခမ်းအနားများ ကျင်းပနိုင်ပြီဖြစ်၍ ရဟန်းရှင်လူ ပြည်သူများက ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရသည့်အခြေအနေများ၊ အိန္ဒိယနိုင်ငံနှင့် နီပေါ နိုင်ငံတို့တွင် ဗုဒ္ဓဘာသာထွန်းကား ပြန့်ပွားရေးအတွက် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့ သော ကမ္ဘာ့သာ သနာပြုဆရာတော်ကြီး ဥူးစန္ဒြမဏိ၏ ကြေးရုပ်တုတည်ထားရန် တပ်မတော်၏လှူဒါန်းမြေတွင် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် အခြားသော သာသနိက အဆောက်အဦများဆောက်လုပ် လှူဒါန်းမှုပြုလုပ် လျက်ရှိသည့် အခြေအနေများ၊ စစ်တွေမြို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒေသတည်ငြိမ်အေးချမ်းမှု ရှိရန်လိုအပ်သည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေး ရာဝန်ကြီးနှင့် စစ်တွေမြို့မှရပ်မိရပ်ဖများအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကာ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ရခိုင္ တိုင္းရင္းသားေရးရာဝန္ႀကီး ဦးေဆာင္ေသာ စစ္ေတြၿမိဳ႕ရပ္မိရပ္ဖမ်ားအား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ – ၁၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီး ဦးေဇာ္ေအးေမာင္ ဦးေဆာင္ေသာ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွ ရပ္မိရပ္ဖမ်ား အား ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအးဝင္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ ၾကၿပီး ရခိုင္တိုင္းရင္းသားေရးရာ ဝန္ႀကီးႏွင့္အတူ စစ္ေတြၿမိဳ႕မွ ရပ္မိရပ္ဖမ်ားျဖစ္ၾကသည့္ ဦးေ႐ႊေမာင္၊ ဦးသန္းေ႐ႊ၊ ဦးေ႐ႊေက်ာ္သာ၊ ဦးသာႏို႔ ေအာင္၊ ဦးျမင့္ေက်ာ္ႏွင့္ ဦးစိန္သာဦးတို႔ တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕တြင္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ ေစတနာ ရွင္ျပည္သူမ်ား၏စုေပါင္းလႉဒါန္းမႈျဖင့္ ၿမိဳ႕က်က္သေရေဆာင္ သာသနာ့ဗိမာန္ေတာ္ႀကီး တည္ေဆာက္ၿပီး စီးခဲ့ျခင္းေၾကာင့္ ရခိုင္ျပည္နယ္ရွိ စာေျဖသံဃာေတာ္မ်ားအတြက္ ကိုယ္စိတ္ခ်မ္းေျမ့စြာျဖင့္ ပရိယတၱိစာေမးပြဲမ်ား က်င္းပႏိုင္ျခင္း၊ ဓမၼသဘင္မ်ား က်င္းပႏိုင္ျခင္းစသည့္ သာသနာေရးဆိုင္ရာအခမ္းအနားမ်ား က်င္းပႏိုင္ၿပီျဖစ္၍ ရဟန္းရွင္လူ ျပည္သူမ်ားက ဝမ္းေျမာက္ဝမ္းသာ ျဖစ္ၾကရသည့္အေျခအေနမ်ား၊ အိႏၵိယႏိုင္ငံႏွင့္ နီေပါ ႏိုင္ငံတို႔တြင္ ဗုဒၶဘာသာထြန္းကား ျပန႔္ပြားေရးအတြက္ စြမ္းစြမ္းတမံႀကိဳးစားေဆာင္႐ြက္ခဲ့ ေသာ ကမာၻ႔သာ သနာျပဳဆရာေတာ္ႀကီး ဥဴးစျႏၵမဏိ၏ ေၾကး႐ုပ္တုတည္ထားရန္ တပ္မေတာ္၏လႉဒါန္းေျမတြင္ ေဆာင္႐ြက္ လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ အျခားေသာ သာသနိက အေဆာက္အဦမ်ားေဆာက္လုပ္ လႉဒါန္းမႈျပဳလုပ္ လ်က္ရွိသည့္ အေျခအေနမ်ား၊ စစ္ေတြၿမိဳ႕ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ ရခိုင္ျပည္နယ္အတြင္း ပညာေရး၊ က်န္းမာေရး၊ စီးပြားေရးႏွင့္ လူမႈေရးဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္ ေဒသတည္ၿငိမ္ေအးခ်မ္းမႈ ရွိရန္လိုအပ္သည့္ အေျခအေနမ်ားအား ခင္မင္ရင္းႏွီးစြာ အျပန္အလွန္ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ရခိုင္တိုင္းရင္းသားေရး ရာဝန္ႀကီးႏွင့္ စစ္ေတြၿမိဳ႕မွရပ္မိရပ္ဖမ်ားအား အမွတ္တရ လက္ေဆာင္ပစၥည္းမ်ားေပးအပ္ကာ စုေပါင္း ဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။