တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေး၊ ဒေသခံစိုက်ပျိုးရေး တောင်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ရင်းရင်းနှီးနှီးဆွေးနွေး 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေး၊ ဒေသခံစိုက်ပျိုးရေး တောင်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ရင်းရင်းနှီးနှီးဆွေးနွေး 

နေပြည်တော် ၊ ဖေဖော်ဝါရီ  ၁၆ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီး များ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့်တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး နေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။ 

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်သို့ ရောက်ရှိကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ ဥက္ကဌ ဦးအာကာလင်း၊ ရွာငံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦးနှင့် တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူ များက ရိုးရာအိုးစည်အကများဖြင့် ရင်းနှီးလှိုက်လှဲစွာကြိုဆိုနှုတ်ဆက်ကြသည်။ 

ထို့နောက် အနန္တဇိနသမ္ဗုဒ္ဓေစေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် တည်ဆောက်ပူဇော်နေမှု အခြေအနေ များအား တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘဒ္ဒန္တဝံသပါလာလင်္ကာရနှင့်အတူ ဖူးမြော်ကြည့်ရှုရာ စေတီတော်တည်ဆောက်ရေး လုပ်ငန်းအုပ်ချုပ်ရေးမှူး ဦးထွန်းဦးနှင့် တာဝန်ရှိသူများက လိုက်လံရှင်း လင်းပြသ ကြသည်။ စေတီတော်ကြီးအတွင်းနှင့် စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ကြည့်ရှုဖူးမြော်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထေရဝါရဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် စေတီပုထိုး များကို တည်ထားကိုးကွယ်ရာတွင် ဘုရားဖူးလာသူများ ရင်သပ် ရှုမောဖွယ်၊ ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်အောင် ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ၊ မြန်မာ့ထုံးတမ်းစဉ်လာအနုပညာလက်ရာများနှင့်အညီ တည်ဆောက် သင့်ပါကြောင်း၊ စေတီတော်ကြီးကို ရွာငံဒေသ၏အထိမ်းအမှတ် (Local Landmark)ဖြစ်အောင် လက်ရာ ကောင်းမွန်စွာဖြင့် အချိန်ယူ တည်ဆောက်ရမည်ဖြစ်ကြောင်းနှင့် တပ်မတော်မှ လည်းလိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် တင်ပြ လျှောက်ထားသည်။ 

ထို့နောက် စေတီတော်ပရိဝဏ်အတွင်းရှိ အနန္တဇိနခြေတော်ရာဘုရားအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်ပူဇော်သည်။ ယင်းနောက် ပန်တော်မူ ဓမ္မာရုံတွင် မင်းကွန်း ဆရာတော်ဘုရားကြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ အပါအဝင် ထင်ရှားသည့် ဆရာ တော်ကြီးများ၏ ပုံတူရုပ်တုများထုလုပ်ပူဇော်ထားရှိမှုကို ကြည့်ရှုဖူးမြော်ပြီး စေတီတော်တည် ဆောက်ရေးဆိုင်ရာများအား ဆရာတော်များထံတင်ပြလျှောက်ထား သည်။ ၎င်းင်းနောက် ဆရာတော်များထံသို့ စေတီတော်ကြီးပေါ်တွင်ထားရှိပူဇော်မည့် မင်္ဂလာအောင်မောင်းများ၊ ဘက်စုံအလှူငွေများနှင့် လှူဖွယ်ပစ္စည်း များကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။ 

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရွာငံမြို့၊ မင်္ဂလာမြို့ဦးကျောင်းနှင့် ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်၍ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များ က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှု အား သွားရောက်ကြည့်ရှုအားပေးရာ ဒေသခံတိုင်းရင်းသားများက လှိုက်လှဲစွာကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးကုသမှုခံယူနေသည့်ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားသည်။ 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရွာငံမြို့ရှိ ကော်ဖီ သုတေသန စိုက်ပျိုးရေးခြံတွင် ကော်ဖီစိုက်တောင်သူများ၊ ဒေသခံပြည်သူများ အားလည်းကောင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်း ကျေးရွာအုပ်စုရှိ မြတ်ဆရာခန်းမ ဒေသခံပြည်သူများအားလည်းကောင်း သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။ 

ဦးစွာ အုပ်ချုပ်ရေးမှူးများက ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသအတွင်း စီးပွားရေးအခြေအနေ၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များအား လည်းကောင်း၊ ဒေသခံပြည်သူများက ဒေသအတွင်းလိုအပ်ချက်များအား လည်းကောင်းအသီးသီးတင်ပြကြသည်။ 

တင်ပြချက်များအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြုပြောကြားရာတွင် ဤဒေသ တွင်နေထိုင်ကြသည့် ဓနုတိုင်းရင်းသားများသည် သမိုင်းအစဉ် အလာရှိပြီး ဘာသာတရား ရိုသေကိုင်းရှိုင်းမှုလည်း ရှိကြပါကြောင်း၊ ဒေသတည်ငြိမ် အေးချမ်းမှုရှိသောကြောင့် မိမိဒေသအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သည့် အခွင့်အလမ်း များစွာရှိကြောင်း၊ ဓနုဒေသသည် မြေသယံဇာတများစွာရှိသည့်အတွက် စိုက်ပျိုးရေးအပြင် မွေးမြူရေးကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် မိမိဒေသနှင့် ကိုက်ညီမည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးမြေများကို အကျိုးရှိစွာ အသုံးချ ရမည်ဖြစ်ပြီး အထွက်နှုန်းပြည့်မီအောင် နည်းစနစ်တကျဖြင့် စိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် ရေ၊ အစာ၊ ဆေးကို လူသားများကဲ့သို့ သင့်တင့်လျောက်ပတ်အောင် သုံးစွဲပေးရမည်ဖြစ်ပြီး စနစ်တကျ ပြုပြင်ထိန်းသိမ်း ခြင်းများဖြင့် အထွက်နှုန်းတိုးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုများသည် ရောဂါဘယများကို ဖြစ်စေနိုင်သောကြောင့် သတ်မှတ်စံချိန်စံညွှန်းများ အတိုင်းသာစနစ်တကျသုံးစွဲရန်လိုပြီး နွားချေးမှရရှိသော သဘာဝဓာတ်မြေသြဇာနှင့် တီကောင်မြေဆွေးများကိုလည်း စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန် ၊ မွေးမြူရေး ထုတ်ကုန်များကို အရည်အသွေးပြည့်မီစွာဖြင့် ပြည်တွင်း၊ ပြည်ပသို့ တင်ပို့နိုင်သည်အထိ ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း။ 

ကျန်းမာမှ အလုပ်လုပ်နိုင်မည် ဖြစ်သည့်အတွက် လူတိုင်းသည် ကျန်းမာသည့် ဘဝကိုသာ လိုချင်ကြ မည်ဖြစ်ကြောင်း၊ တပ်မတော်မှလည်း ပြည်သူများ၏ကျန်းမာရေး ကဏ္ဍ တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေရေးအတွက် နယ်လှည့်ဆေးကုသရေး အဖွဲ့များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိ သောလည်း မိမိ၏ ကျန်းမာရေးကောင်းမွန်ရေးအတွက် မိမိကိုယ်တိုင် ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှုရှိရမည်ဖြစ်သဖြင့် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းဆင်ခြင် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ဝင်ငွေရရှိရန်အဓိက အရေးကြီးပြီး ဝင်ငွေရရှိမှသာလျင် ဒေသ၏လူမှုစီးပွားဘဝမြင့်မားလာမည်ဖြစ်ကြောင်း၊ ဒေသထွက်ကုန်များအရည် အသွေး မြင့်မားကောင်းမွန်ရန် အသိပညာရှင်၊ အတတ်ပညာ ရှင်များလိုအပ်မည်ဖြစ်သဖြင့် ပညာရေးကို အလေးထားအားပေးဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဒေသတိုးတက်ရေးအတွက် အုပ်ချုပ်သူများနှင့် ဒေသခံပြည်သူများ စုစည်းညီညွတ်စွာပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းနေချိန်တွင် ပြည်သူများမှလည်း ဥပဒေကိုလေးစား လိုက်နာပြီး စနစ်တကျ နေထိုင်ခြင်းအားဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးပေးရမည်ဖြစ်ကြောင်းနှင့် မိမိဒေသ၊ မိမိတိုင်းပြည်တိုးတက်ရေးအတွက် တစ်ဦး ချင်းအသိစိတ်ဖြင့် နေထိုင်မှု စနစ်ကျရမည်ဖြစ်ပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။ 

တွေ့ဆုံဆွေးနွေးပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံ ပြည်သူများအား တပ်မတော် စက်ရုံများမှ ထုတ်လုပ်သော စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရ ယူကြပြီး ဒေသထွက်လက်ဆောင်များ ပြန်လည်ပေးအပ်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။ 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေဒသခံျပည္သူမ်ား အား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္႐ြက္ေနမႈအား သြားေရာက္ၾကည့္ရႈ အားေပး၊ ေဒသခံစိုက္ပ်ိဳးေရး ေတာင္သူမ်ားႏွင့္ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ ကိစၥရပ္မ်ား ရင္းရင္းႏွီးႏွီးေဆြးေႏြး

ေနျပည္ေတာ္ ၊ ေဖေဖာ္ဝါရီ ၁၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီး မ်ား၊ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ လင္းေအာင္ႏွင့္တာဝန္ရွိသူမ်ားလိုက္ပါၿပီး ယေန႔ နံနက္ပိုင္းတြင္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ႐ြာငံၿမိဳ႕၊ ကေလာၿမိဳ႕နယ္၊ ေဘာ္ဆိုင္းေက်း႐ြာအုပ္စုႏွင့္ ပတ္ဝန္းက်င္ ေက်း႐ြာမ်ားမွ ေဒသခံျပည္သူမ်ားအား တပ္မေတာ္နယ္လွည့္ ေဆးကုသေရးအဖြဲ႕မ်ားက က်န္းမာေရးေစာင့္ ေရွာက္မႈလုပ္ငန္းမ်ားေဆာင္႐ြက္ေပး ေနမႈအား သြားေရာက္ၾကည့္ရႈအားေပးသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဇနီးေဒၚၾကဴၾကဴလွႏွင့္ အဖြဲ႕ဝင္မ်ား သည္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ႐ြာငံၿမိဳ႕နယ္သို႔ ေရာက္ရွိၾကရာ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသဦးစီး အဖြဲ႕ ဥကၠဌ ဦးအာကာလင္း၊ ႐ြာငံ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးၫြန႔္ဦးႏွင့္ တာဝန္ရွိသူမ်ား၊ ေဒသခံတိုင္းရင္းသားျပည္သူ မ်ားက ႐ိုးရာအိုးစည္အကမ်ားျဖင့္ ရင္းႏွီးလႈိက္လွဲစြာႀကိဳဆိုႏႈတ္ဆက္ၾကသည္။

ထို႔ေနာက္ အနႏၲဇိနသမၺဳေဒၶေစတီေတာ္ျမတ္ႀကီး တည္ထားကိုးကြယ္ရန္ တည္ေဆာက္ပူေဇာ္ေနမႈ အေျခအေန မ်ားအား တိပိဋကဓရ ဓမၼဘ႑ာဂါရိက ဆရာေတာ္ဘဒၵႏၲဝံသပါလာလကၤာရႏွင့္အတူ ဖူးေျမာ္ၾကည့္ရႈရာ ေစတီေတာ္တည္ေဆာက္ေရး လုပ္ငန္းအုပ္ခ်ဳပ္ေရးမႉး ဦးထြန္းဦးႏွင့္ တာဝန္ရွိသူမ်ားက လိုက္လံရွင္း လင္းျပသ ၾကသည္။ ေစတီေတာ္ႀကီးအတြင္းႏွင့္ ေစတီေတာ္ႀကီးအား လက္ယာရစ္လွည့္လည္ၾကည့္ရႈဖူးေျမာ္ၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ေထရဝါရဗုဒၶသာသနာေတာ္ ထြန္းကားျပန႔္ပြားေရးအတြက္ ေစတီပုထိုး မ်ားကို တည္ထားကိုးကြယ္ရာတြင္ ဘုရားဖူးလာသူမ်ား ရင္သပ္ ရႈေမာဖြယ္၊ ၾကည္ညိဳသပၸါယ္ဖြယ္ျဖစ္ေအာင္ ဘာသာေရးအရ၊ ယဥ္ေက်းမႈအရ၊ ျမန္မာ့ထုံးတမ္းစဥ္လာအႏုပညာလက္ရာမ်ားႏွင့္အညီ တည္ေဆာက္ သင့္ပါေၾကာင္း၊ ေစတီေတာ္ႀကီးကို ႐ြာငံေဒသ၏အထိမ္းအမွတ္ (Local Landmark)ျဖစ္ေအာင္ လက္ရာ ေကာင္းမြန္စြာျဖင့္ အခ်ိန္ယူ တည္ေဆာက္ရမည္ျဖစ္ေၾကာင္းႏွင့္ တပ္မေတာ္မွ လည္းလိုအပ္သည္မ်ားကို ကူညီ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းျဖင့္ တင္ျပ ေလွ်ာက္ထားသည္။

ထို႔ေနာက္ ေစတီေတာ္ပရိဝဏ္အတြင္းရွိ အနႏၲဇိနေျခေတာ္ရာဘုရားအား ဖူးေျမာ္ၾကည္ညိဳၿပီး ပန္း၊ ေရခ်မ္း၊ ဆီမီး ဆက္ကပ္ပူေဇာ္သည္။ ယင္းေနာက္ ပန္ေတာ္မူ ဓမၼာ႐ုံတြင္ မင္းကြန္း ဆရာေတာ္ဘုရားႀကီး ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ အက်ိဳးေတာ္ေဆာင္ခ်ဳပ္ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာ သဒၶမၼေဇာတိက တိပိဋကဓရ ဓမၼဘ႑ာဂါရိက ဘဒၵႏၲဝိစိတၱသာရာဘိဝံသ အပါအဝင္ ထင္ရွားသည့္ ဆရာ ေတာ္ႀကီးမ်ား၏ ပုံတူ႐ုပ္တုမ်ားထုလုပ္ပူေဇာ္ထားရွိမႈကို ၾကည့္ရႈဖူးေျမာ္ၿပီး ေစတီေတာ္တည္ ေဆာက္ေရးဆိုင္ရာမ်ားအား ဆရာေတာ္မ်ားထံတင္ျပေလွ်ာက္ထား သည္။ ၎င္းေနာက္ ဆရာေတာ္မ်ားထံသို႔ ေစတီေတာ္ႀကီးေပၚတြင္ထားရွိပူေဇာ္မည့္ မဂၤလာေအာင္ေမာင္းမ်ား၊ ဘက္စုံအလႉေငြမ်ားႏွင့္ လႉဖြယ္ပစၥည္း မ်ားကို အသီးသီး ဆက္ကပ္လႉဒါန္းၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ႐ြာငံၿမိဳ႕၊ မဂၤလာၿမိဳ႕ဦးေက်ာင္းႏွင့္ ကေလာၿမိဳ႕နယ္၊ ေဘာ္ဆိုင္းေက်း႐ြာအုပ္စု၊ အေျခခံပညာ အထက္တန္းေက်ာင္းတို႔သို႔ သြားေရာက္၍ တပ္မေတာ္နယ္လွည့္ေဆးကုသေရးအဖြဲ႕မ်ား က ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္႐ြက္ေပးေနမႈ အား သြားေရာက္ၾကည့္ရႈအားေပးရာ ေဒသခံတိုင္းရင္းသားမ်ားက လႈိက္လွဲစြာႀကိဳဆို ႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေဆးကုသမႈခံယူေနသည့္ေဒသခံျပည္သူမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္၍ အားေပးစကားမ်ား ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ႐ြာငံၿမိဳ႕ရွိ ေကာ္ဖီ သုေတသန စိုက္ပ်ိဳးေရးၿခံတြင္ ေကာ္ဖီစိုက္ေတာင္သူမ်ား၊ ေဒသခံျပည္သူမ်ား အားလည္းေကာင္း၊ ကေလာၿမိဳ႕နယ္၊ ေဘာ္ဆိုင္း ေက်း႐ြာအုပ္စုရွိ ျမတ္ဆရာခန္းမ ေဒသခံျပည္သူမ်ားအားလည္းေကာင္း သီးျခားစီေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ား ေဆြးေႏြးေျပာၾကားသည္။

ဦးစြာ အုပ္ခ်ဳပ္ေရးမႉးမ်ားက ေဒသဆိုင္ရာအခ်က္အလက္မ်ားႏွင့္ ေဒသအတြင္း စီးပြားေရးအေျခအေန၊ စိုက္ပ်ိဳးေရးလုပ္ငန္းေဆာင္႐ြက္ေနမႈအေျခအေန မ်ားအား လည္းေကာင္း၊ ေဒသခံျပည္သူမ်ားက ေဒသအတြင္းလိုအပ္ခ်က္မ်ားအား လည္းေကာင္းအသီးသီးတင္ျပၾကသည္။

တင္ျပခ်က္မ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသဖြံ႕ၿဖိဳး တိုးတက္ေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးအႀကံျပဳေျပာၾကားရာတြင္ ဤေဒသ တြင္ေနထိုင္ၾကသည့္ ဓႏုတိုင္းရင္းသားမ်ားသည္ သမိုင္းအစဥ္ အလာရွိၿပီး ဘာသာတရား ႐ိုေသကိုင္းရႈိင္းမႈလည္း ရွိၾကပါေၾကာင္း၊ ေဒသတည္ၿငိမ္ ေအးခ်မ္းမႈရွိေသာေၾကာင့္ မိမိေဒသအား ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ႏိုင္သည့္ အခြင့္အလမ္း မ်ားစြာရွိေၾကာင္း၊ ဓႏုေဒသသည္ ေျမသယံဇာတမ်ားစြာရွိသည့္အတြက္ စိုက္ပ်ိဳးေရးအျပင္ ေမြးျမဴေရးကိုပါ ေဆာင္႐ြက္ႏိုင္မည္ျဖစ္သည့္အတြက္ မိမိေဒသႏွင့္ ကိုက္ညီမည့္ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ စိုက္ပ်ိဳးေျမမ်ားကို အက်ိဳးရွိစြာ အသုံးခ် ရမည္ျဖစ္ၿပီး အထြက္ႏႈန္းျပည့္မီေအာင္ နည္းစနစ္တက်ျဖင့္ စိုက္ပ်ိဳးၾကရမည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေရးတြင္ ေရ၊ အစာ၊ ေဆးကို လူသားမ်ားကဲ့သို႔ သင့္တင့္ေလ်ာက္ပတ္ေအာင္ သုံးစြဲေပးရမည္ျဖစ္ၿပီး စနစ္တက် ျပဳျပင္ထိန္းသိမ္း ျခင္းမ်ားျဖင့္ အထြက္ႏႈန္းတိုးေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ဓာတ္ေျမၾသဇာသုံးစြဲမႈမ်ားသည္ ေရာဂါဘယမ်ားကို ျဖစ္ေစႏိုင္ေသာေၾကာင့္ သတ္မွတ္စံခ်ိန္စံၫႊန္းမ်ား အတိုင္းသာစနစ္တက်သုံးစြဲရန္လိုၿပီး ႏြားေခ်းမွရရွိေသာ သဘာဝဓာတ္ေျမၾသဇာႏွင့္ တီေကာင္ေျမေဆြးမ်ားကိုလည္း စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳႏိုင္ေၾကာင္း၊ စိုက္ပ်ိဳးေရးထုတ္ကုန္ ၊ ေမြးျမဴေရး ထုတ္ကုန္မ်ားကို အရည္အေသြးျပည့္မီစြာျဖင့္ ျပည္တြင္း၊ ျပည္ပသို႔ တင္ပို႔ႏိုင္သည္အထိ ထုတ္လုပ္ႏိုင္ရမည္ျဖစ္ေၾကာင္း။

က်န္းမာမွ အလုပ္လုပ္ႏိုင္မည္ ျဖစ္သည့္အတြက္ လူတိုင္းသည္ က်န္းမာသည့္ ဘဝကိုသာ လိုခ်င္ၾက မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္မွလည္း ျပည္သူမ်ား၏က်န္းမာေရး က႑ တစ္ဖက္တစ္လမ္းမွ အေထာက္ အကူျဖစ္ေစေရးအတြက္ နယ္လွည့္ေဆးကုသေရး အဖြဲ႕မ်ားျဖင့္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ေဆးကုသမႈမ်ားေဆာင္႐ြက္ေပးလ်က္ရွိ ေသာလည္း မိမိ၏ က်န္းမာေရးေကာင္းမြန္ေရးအတြက္ မိမိကိုယ္တိုင္ က်န္းမာေရးႏွင့္ ညီၫြတ္သည့္ ေနထိုင္စားေသာက္မႈရွိရမည္ျဖစ္သျဖင့္ ကိုယ့္ကိုယ္ကိုယ္ ထိန္းသိမ္းဆင္ျခင္ ၾကရမည္ျဖစ္ေၾကာင္း၊ မိမိတို႔၏ ေဒသဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ ဝင္ေငြရရွိရန္အဓိက အေရးႀကီးၿပီး ဝင္ေငြရရွိမွသာလ်င္ ေဒသ၏လူမႈစီးပြားဘဝျမင့္မားလာမည္ျဖစ္ေၾကာင္း၊ ေဒသထြက္ကုန္မ်ားအရည္ အေသြး ျမင့္မားေကာင္းမြန္ရန္ အသိပညာရွင္၊ အတတ္ပညာ ရွင္မ်ားလိုအပ္မည္ျဖစ္သျဖင့္ ပညာေရးကို အေလးထားအားေပးေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္း၊ ေဒသတိုးတက္ေရးအတြက္ အုပ္ခ်ဳပ္သူမ်ားႏွင့္ ေဒသခံျပည္သူမ်ား စုစည္းညီၫြတ္စြာပူးေပါင္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ ပါတီစုံ ဒီမိုကေရစီစနစ္ျဖင့္ ေလွ်ာက္လွမ္းေနခ်ိန္တြင္ ျပည္သူမ်ားမွလည္း ဥပေဒကိုေလးစား လိုက္နာၿပီး စနစ္တက် ေနထိုင္ျခင္းအားျဖင့္ ဝိုင္းဝန္းကူညီပံ့ပိုးေပးရမည္ျဖစ္ေၾကာင္းႏွင့္ မိမိေဒသ၊ မိမိတိုင္းျပည္တိုးတက္ေရးအတြက္ တစ္ဦး ခ်င္းအသိစိတ္ျဖင့္ ေနထိုင္မႈ စနစ္က်ရမည္ျဖစ္ၿပီး ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ ေဆြးေႏြး ေျပာၾကားသည္။

ေတြ႕ဆုံေဆြးေႏြးပြဲမ်ားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသခံ ျပည္သူမ်ားအား တပ္မေတာ္ စက္႐ုံမ်ားမွ ထုတ္လုပ္ေသာ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ရာ တာဝန္ရွိသူမ်ားက အသီးသီး လက္ခံရ ယူၾကၿပီး ေဒသထြက္လက္ေဆာင္မ်ား ျပန္လည္ေပးအပ္ၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ား သည္ ေဒသခံျပည္သူမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့ၾကသည္။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။