တောင်ကြီးမြို့ရှိ ပရိယတ္တိစာသင်တိုက်များနှင့် သာသနာ့နွယ်ဝင် သီလရှင်စာသင်တိုက် များသို့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်း 

တောင်ကြီးမြို့ရှိ ပရိယတ္တိစာသင်တိုက်များနှင့် သာသနာ့နွယ်ဝင် သီလရှင်စာသင်တိုက် များသို့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်း 

နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၆ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့နွယ်ဝင်သီလရှင် စာသင် တိုက်များသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ က ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပဒေ သာပင် အလှူငွေများဆက်ကပ်လှူဒါန်း ခြင်းကို ယနေ့ညနေပိုင်းတွင် အတုလမာရဇိန်ဆုတောင်း ပြည့်မြတ်စွာ ဘုရား၊ မြို့လယ် ဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ရာ သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓာန နာယက၊ ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဌ၊ မဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တ တေဇဝန္တ ဆရာတော်ကြီး အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။ 

အဆိုပါ လှူဒါန်းပွဲသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ဝတ်အသင်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည်မိသားစုများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။ 

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အခမ်းအနားတက်ရောက်လာကြသူများသည် သိမ်တောင် ပရိယတ္တိ စာသင်တိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွား ချီးမြှင့် တော်မူကြသည့် မေတ္တသုတ်ပရိတ် တရားတော်များကိုနာယူကြသည်။ ထို့နောက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှတို့က သိမ်တောင်ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ 

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများအား လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးနှင့် အဖွဲ့ ဝင်များက သီလရှင်ဆရာကြီးများအားလည်းကောင်း လှူဖွယ်ပစ္စည်းများအသီးသီးဆက်ကပ် လှူဒါန်းကြသည်။ 

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများမှလှူဒါန်းသည့် ဆွမ်းပဒေသာပင်အလှူငွေများအား ပေးအပ်လှူဒါန်းရာ မြို့လယ် ဓမ္မာရုံဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် မှလက်ခံရယူသည်။ 

ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပ ဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းရခြင်း၏ရည်ရွယ်ချက် နှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က တင်ပြလျှောက်ထားရာတွင် တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၉၉ ကျောင်း၊ သီလရှင်ကျောင်း ၂ ကျောင်း တို့အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်းခြင်းသည် ဓူရနှစ်ဖြာသာသနာကို ကြိုးစားအားထုတ် တော်မူ လျက် ရှိကြသည့် သဃာတော်များ စိတ်ချမ်းမြေ့စွာ သာသနာပြုနိုင်ရေးအတွက် ဆွမ်း၊ ကွမ်းစသည့် ပစ္စည်းလေးပါးတို့ ပြည့်စုံစေရန် စုပေါင်းဆက်ကပ် လှူဒါန်းပူဇော်ခြင်းဖြစ်ပါကြောင်း၊ လှူဒါန်းဆက်ကပ်ရခြင်း၏ ပထမ ရည်ရွယ် ချက်အနေဖြင့် ရဟန်းသံဃာတော်များသည် သာသနာတော်ကို စောင့်ရှောက်နေကြသူများ ဖြစ်ကြပါကြောင်း၊ သာသနာကို စောင့်ရှောက်နေခြင်းသည် တိုင်းပြည်ကိုစောင့်ရှောက် နေခြင်းပင်ဖြစ်ပါကြောင်း၊ ဗုဒ္ဓသာသနာ စည်ပင်ဝပြောစေရေးအတွက် ဘုရားအဆုံးအမ နှင့်အညီ ဆရာတော်၊ သံဃာတော်များ၏ ဦးဆောင်မှုဖြင့် သွန်သင်ဆုံးမ လမ်းညွှန်မှုများ သည် အေးချမ်းမှုအတွက် အထောက်အကူဖြစ်သောကြောင့် ဒေသခံပြည် သူများအတွက်လည်း စိတ်နှလုံးအေးချမ်းမှုကို ရရှိခံစားရစေပါကြောင်း၊ ထို့ကြောင့် ဘာသာ၊ သာသနာ ယဉ်ကျေးမှုအကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းစေရန် ရည်ရွယ်၍ ယခုကဲ့သို့ လှူဒါန်း ရခြင်းဖြစ်ပါကြောင်း။ 

ဒုတိယရည်ရွယ်ချက်အနေဖြင့် တပည့်တော်တို့ တပ်မတော်သားများအနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာ တော်ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် နိုင်ငံတော်ကာကွယ် ရေးတာဝန်များကို အချိန်ပြည့်ထမ်း ဆောင်နေ ကြရပါကြောင်း၊ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်အမှုပွားများ တည်ဆောက်ရန် အချိန်ကောင်း၊ အခါကောင်းနှင့် ကြုံကြိုက်ရပါသဖြင့် ကုသိုလ်ဒါန ကမကထမြောက်စေရန် ယခုလိုလှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ တတိယ ရည်ရွယ်ချက်အနေဖြင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအစဉ်အလာ သည် ဗုဒ္ဓယဉ်ကျေးမှု များပင်ဖြစ်ပါကြောင်း၊ မြတ်စွာဘုရားရှင်သည် လောကလူသားများ၏ ပစ္စုပ္ပန်ချမ်းသာရေးအတွက် မင်္ဂလာတရား တော်များ၊ ဂိဟိဝိနယ လူ့ကျင့်ဝတ်များကို ဘက်စုံ၊ ထောင့်စုံမှဟောပြောပြသ လမ်းညွှန်ခဲ့သည့်အပြင် လောက ဆင်းရဲမှ လွတ်မြောက် ရေးကျင့်စဉ်များကိုလည်း နည်းလမ်းအသွယ်သွယ်ဖြင့် လမ်းညွှန်ခဲ့သည်ကို ဆရာတော် ကြီးများထံမှတစ်ဆင့် နာယူမှတ်သားခွင့်ရသည့်အတွက် ဗုဒ္ဓတရားတော်ကို အခြေခံသည့် ယဉ်ကျေးမှုနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို ထိန်းသိမ်းကာကွယ်လိုစိတ်များ ကိန်းအောင်း တည်ရှိနေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု အကျင့် ကောင်းများကို ဆက်လက်ထိန်းသိမ်းစေရန် ရည်ရွယ်၍ လှူဒါန်းရခြင်းဖြစ်ပါကြောင်းဖြင့် လျှောက်ထားတင်ပြသည်။ 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများ သည် သိမ်တောင်ပရိယ တ္တိစာသင်တိုက် ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူ၍လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်း ချအမျှပေးဝေကြသည်။ 

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများ၏ ယနေ့ ကျင်းပပြုလုပ်သည့် လှူဒါန်းမှုအစုစုအနေဖြင့် ဆွမ်းပဒေသာပင်အလှူငွေ ၁၂၇ သိန်း၊ ဆန် ၅၀၅ အိတ်၊ ဆီ ၁၀၁၀ ပိဿာ၊ ပဲ ၅၀၅ ပိဿာ၊ ဆား ၅၀၅ ပိဿာ တို့နှင့်လှူဖွယ်ပစ္စည်းများအား လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ 

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ နယ်ရှိ ရှေးဟောင်းသမိုင်းဝင်မွေတော်ကက္ကူဘုရား သို့သွားရောက်ဖူးမြော် ကြည်ညိုသည်။ 

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မွေတော် ကက္ကူဘုရားသို့ရောက်ရှိရာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများကလှိုက်လှဲစွာ ကြိုဆိုနှုတ် ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် မြောက်ဘက်အရုဏ်ခံအတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်အားဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီး များကပ်လှူပူဇော်ပြီး ဘက်စုံအလှူငွေများပေးအပ်လှူဒါန်းသည်။ ထို့နောက် သမိုင်းဝင်မွေတော်ကက္ကူဘုရားကြီးသို့ ရောက်ရှိဖူး မြော်ခွင့်၊ ပြုပြင်ထိန်းသိမ်းကြည်ညိုခွင့်ရရှိသည့်အတွက် ဝမ်းသာကြည်နူးရပါကြောင်း၊ ဗုဒ္ဓဘာသာသာသနာ တော်ကြီး ကမ္ဘာတည်သရွေ့ ထွန်းလင်းတောက်ပပြီး တည်တံ့ခိုင်မြဲပါစေကြောင်းနှင့် ပအိုဝ်းဒေသကြီးတစ်ခုလုံး အေးချမ်းသာယာဝပြောပါစေကြောင်းဖြင့် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် ရေးသား ပူဇော်သည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကက္ကူဘုရား အတွင်းလှည့်လည်ကြည့်ရှုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်များ အားပြန်လည်ပြုပြင်ထိန်းသိမ်းမွမ်းမံရာတွင် ရေရှည် တည်တံခိုင်မြဲရေးအတွက် အသေးစိတ်ကြည့်ရှုစစ်ဆေးကာ စနစ်တကျထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် ဘုရား ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ အား အကြံပြုပြောကြားသည်။ ယင်းနောက် တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ ပင့် ဆောင်တော်မူလာသည့် စွယ်တော်ပွားများ တည်ထားကိုးကွယ်ရန် စွယ်တော်တိုက် ဆောက်လုပ်ပူဇော်လျက်ရှိသည့် အခြေအ နေများအားကြည့်ရှု၍ လိုအပ်သည်များ ဆွေးနွေးအကြံပြုပြောကြားသည်။ 

ယင်းနောက် တပ်မတော်ကာကွယ်ကာကွယ်ရေးဦးစီးချုပ်သည် ဗုဒ္ဓရက္ခိတ ကျောင်းတိုက်၌ ပင်စုံကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တကေသရနှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ ဓမ္မလက် ဆောင် များပြန်လည်ပေးအပ်သည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တောင်ကြီမြို့ရှိ ရွှေဘုန်းပွင့်စေတီ တော် မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြရာ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးဂေါပကအဖွဲ့နာယက ဝဏ္ဏကျော်ထင်၊ စည်သူ၊ သရေစည်သူ ဦးအောင်ကိုဝင်းနှင့် ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး စေတီတော်ကြီးအား လက်ယာရစ် လှည့်လည် ဖူးမြော်ကြည်ညိုသည်။ ယင်းနောက် ဘက်စုံအလှူငွေများအား ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံ ရယူသည်။ 

၎င်းနောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ စုပေါင်းလှူဒါန်းမှုဖြင့် စေတီတော်ကြီး မြေထိန်း နံရံပြုပြင်ခြင်းလုပ်ငန်း၊ ရင်ပြင်တော်ကြမ်းခင်းများ နိမ့်ကျ အက်ကွဲနေမှုအား ပြုပြင်ခြင်းလုပ်ငန်းနှင့် ရင်ပြင်တော် နေပူခံကျောက်ပြားများ ခင်းကျင်း ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ဂေါပကအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက လိုက်လံရှင်းလင်းပြသခဲ့ကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။

(Zawgyi Version)

ေတာင္ႀကီးၿမိဳ႕ရွိ ပရိယတၱိစာသင္တိုက္မ်ားႏွင့္ သာသနာ့ႏြယ္ဝင္ သီလရွင္စာသင္တိုက္ မ်ားသို႔ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစုမ်ားက ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ ပဲ၊ ေဆးႏွင့္ ဆြမ္းပေဒသာပင္အလႉေငြမ်ား လႉဒါန္း

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ ၁၆

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕ေပၚရွိ ပရိယတၱိစာသင္တိုက္မ်ား၊ သာသနာ့ႏြယ္ဝင္သီလရွင္ စာသင္ တိုက္မ်ားသို႔ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ား က ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ ပဲ၊ ေဆးႏွင့္ဆြမ္းပေဒ သာပင္ အလႉေငြမ်ားဆက္ကပ္လႉဒါန္း ျခင္းကို ယေန႔ညေနပိုင္းတြင္ အတုလမာရဇိန္ဆုေတာင္း ျပည့္ျမတ္စြာ ဘုရား၊ ၿမိဳ႕လယ္ ဓမၼာ႐ုံႀကီး၌ က်င္းပျပဳလုပ္ရာ သိမ္ေတာင္ပရိယတၱိစာသင္တိုက္ ပဓာန နာယက၊ ျပည္နယ္ သံဃနာယကအဖြဲ႕ဥကၠဌ၊ မဟာဂႏၲဝါစကပ႑ိတ၊ ဘဒၵႏၲ ေတဇဝႏၲ ဆရာေတာ္ႀကီး အမႉးျပဳေသာ ဆရာေတာ္ သံဃာေတာ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကသည္။

အဆိုပါ လႉဒါန္းပြဲသို႔တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ဇနီး၊ ဝတ္အသင္းအဖြဲ႕မ်ားႏွင့္ အရာရွိ၊ စစ္သည္မိသားစုမ်ား၊ ဖိတ္ၾကားထားသူမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ သိမ္ေတာင္ ပရိယတၱိ စာသင္တိုက္ ဆရာေတာ္ႀကီးထံမွ ငါးပါးသီလခံယူ ေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ား႐ြတ္ပြား ခ်ီးျမႇင့္ ေတာ္မူၾကသည့္ ေမတၱသုတ္ပရိတ္ တရားေတာ္မ်ားကိုနာယူၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာ ကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွတို႔က သိမ္ေတာင္ပရိယတၱိစာသင္တိုက္ ဆရာေတာ္ႀကီးထံ ဆြမ္းဆန္ ေတာ္၊ ဆီ၊ ဆား၊ ပဲႏွင့္ လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္လႉဒါန္းသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီးမ်ားက သံဃာေတာ္မ်ားအား လႉဖြယ္ပစၥည္းမ်ားအား လည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီးႏွင့္ အဖြဲ႕ ဝင္မ်ားက သီလရွင္ဆရာႀကီးမ်ားအားလည္းေကာင္း လႉဖြယ္ပစၥည္းမ်ားအသီးသီးဆက္ကပ္ လႉဒါန္းၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစုမ်ားမွလႉဒါန္းသည့္ ဆြမ္းပေဒသာပင္အလႉေငြမ်ားအား ေပးအပ္လႉဒါန္းရာ ၿမိဳ႕လယ္ ဓမၼာ႐ုံေဂါပကအဖြဲ႕ဥကၠ႒ ဦးေမာင္ေမာင္ျမင့္ မွလက္ခံရယူသည္။

ထို႔ေနာက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားက ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ ပဲ၊ ေဆးႏွင့္ဆြမ္းပ ေဒသာပင္အလႉေငြမ်ားေပးအပ္လႉဒါန္းရျခင္း၏ရည္႐ြယ္ခ်က္ ႏွင့္ပတ္သက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္က တင္ျပေလွ်ာက္ထားရာတြင္ ေတာင္ႀကီးၿမိဳ႕ေပၚရွိ ဘုန္းေတာ္ႀကီးေက်ာင္း ၉၉ ေက်ာင္း၊ သီလရွင္ေက်ာင္း ၂ ေက်ာင္း တို႔အတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားမွ ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ ပဲ၊ ေဆးႏွင့္ ဆြမ္းပေဒသာပင္အလႉေငြမ်ား လႉဒါန္းျခင္းသည္ ဓူရႏွစ္ျဖာသာသနာကို ႀကိဳးစားအားထုတ္ ေတာ္မူ လ်က္ ရွိၾကသည့္ သဃာေတာ္မ်ား စိတ္ခ်မ္းေျမ့စြာ သာသနာျပဳႏိုင္ေရးအတြက္ ဆြမ္း၊ ကြမ္းစသည့္ ပစၥည္းေလးပါးတို႔ ျပည့္စုံေစရန္ စုေပါင္းဆက္ကပ္ လႉဒါန္းပူေဇာ္ျခင္းျဖစ္ပါေၾကာင္း၊ လႉဒါန္းဆက္ကပ္ရျခင္း၏ ပထမ ရည္႐ြယ္ ခ်က္အေနျဖင့္ ရဟန္းသံဃာေတာ္မ်ားသည္ သာသနာေတာ္ကို ေစာင့္ေရွာက္ေနၾကသူမ်ား ျဖစ္ၾကပါေၾကာင္း၊ သာသနာကို ေစာင့္ေရွာက္ေနျခင္းသည္ တိုင္းျပည္ကိုေစာင့္ေရွာက္ ေနျခင္းပင္ျဖစ္ပါေၾကာင္း၊ ဗုဒၶသာသနာ စည္ပင္ဝေျပာေစေရးအတြက္ ဘုရားအဆုံးအမ ႏွင့္အညီ ဆရာေတာ္၊ သံဃာေတာ္မ်ား၏ ဦးေဆာင္မႈျဖင့္ သြန္သင္ဆုံးမ လမ္းၫႊန္မႈမ်ား သည္ ေအးခ်မ္းမႈအတြက္ အေထာက္အကူျဖစ္ေသာေၾကာင့္ ေဒသခံျပည္ သူမ်ားအတြက္လည္း စိတ္ႏွလုံးေအးခ်မ္းမႈကို ရရွိခံစားရေစပါေၾကာင္း၊ ထို႔ေၾကာင့္ ဘာသာ၊ သာသနာ ယဥ္ေက်းမႈအက်င့္ေကာင္းမ်ားကို ဆက္လက္ထိန္းသိမ္းေစရန္ ရည္႐ြယ္၍ ယခုကဲ့သို႔ လႉဒါန္း ရျခင္းျဖစ္ပါေၾကာင္း။

ဒုတိယရည္႐ြယ္ခ်က္အေနျဖင့္ တပည့္ေတာ္တို႔ တပ္မေတာ္သားမ်ားအေနျဖင့္ အမ်ိဳး၊ ဘာသာ၊ သာသနာ ေတာ္ကို ထိန္းသိမ္းေစာင့္ေရွာက္ေရးႏွင့္ ႏိုင္ငံေတာ္ကာကြယ္ ေရးတာဝန္မ်ားကို အခ်ိန္ျပည့္ထမ္း ေဆာင္ေန ၾကရပါေၾကာင္း၊ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ္အမႈပြားမ်ား တည္ေဆာက္ရန္ အခ်ိန္ေကာင္း၊ အခါေကာင္းႏွင့္ ႀကဳံႀကိဳက္ရပါသျဖင့္ ကုသိုလ္ဒါန ကမကထေျမာက္ေစရန္ ယခုလိုလႉဒါန္းရျခင္းျဖစ္ပါေၾကာင္း၊ တတိယ ရည္႐ြယ္ခ်က္အေနျဖင့္ ဗုဒၶဘာသာျမန္မာလူမ်ိဳးတို႔၏ ယဥ္ေက်းမႈအစဥ္အလာ သည္ ဗုဒၶယဥ္ေက်းမႈ မ်ားပင္ျဖစ္ပါေၾကာင္း၊ ျမတ္စြာဘုရားရွင္သည္ ေလာကလူသားမ်ား၏ ပစၥဳပၸန္ခ်မ္းသာေရးအတြက္ မဂၤလာတရား ေတာ္မ်ား၊ ဂိဟိဝိနယ လူ႔က်င့္ဝတ္မ်ားကို ဘက္စုံ၊ ေထာင့္စုံမွေဟာေျပာျပသ လမ္းၫႊန္ခဲ့သည့္အျပင္ ေလာက ဆင္းရဲမွ လြတ္ေျမာက္ ေရးက်င့္စဥ္မ်ားကိုလည္း နည္းလမ္းအသြယ္သြယ္ျဖင့္ လမ္းၫႊန္ခဲ့သည္ကို ဆရာေတာ္ ႀကီးမ်ားထံမွတစ္ဆင့္ နာယူမွတ္သားခြင့္ရသည့္အတြက္ ဗုဒၶတရားေတာ္ကို အေျခခံသည့္ ယဥ္ေက်းမႈႏွင့္ အမ်ိဳးဂုဏ္၊ ဇာတိဂုဏ္တို႔ကို ထိန္းသိမ္းကာကြယ္လိုစိတ္မ်ား ကိန္းေအာင္း တည္ရွိေနျခင္းျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ ဘာသာ၊ သာသနာ၊ ယဥ္ေက်းမႈ အက်င့္ ေကာင္းမ်ားကို ဆက္လက္ထိန္းသိမ္းေစရန္ ရည္႐ြယ္၍ လႉဒါန္းရျခင္းျဖစ္ပါေၾကာင္းျဖင့္ ေလွ်ာက္ထားတင္ျပသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသူမ်ား သည္ သိမ္ေတာင္ပရိယ တၱိစာသင္တိုက္ ဆရာေတာ္ႀကီးထံမွ အႏုေမာဒနာတရား နာယူ၍လႉဒါန္းမႈ အစုစုအတြက္ ေရစက္သြန္း ခ်အမွ်ေပးေဝၾကသည္။

တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ား၏ ယေန႔ က်င္းပျပဳလုပ္သည့္ လႉဒါန္းမႈအစုစုအေနျဖင့္ ဆြမ္းပေဒသာပင္အလႉေငြ ၁၂၇ သိန္း၊ ဆန္ ၅၀၅ အိတ္၊ ဆီ ၁၀၁၀ ပိႆာ၊ ပဲ ၅၀၅ ပိႆာ၊ ဆား ၅၀၅ ပိႆာ တို႔ႏွင့္လႉဖြယ္ပစၥည္းမ်ားအား လႉဒါန္းခဲ့ေၾကာင္း သိရွိရသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕ နယ္ရွိ ေရွးေဟာင္းသမိုင္းဝင္ေမြေတာ္ကကၠဴဘုရား သို႔သြားေရာက္ဖူးေျမာ္ ၾကည္ညိဳသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး၊ အဖြဲ႕ဝင္မ်ားသည္ ေမြေတာ္ ကကၠဴဘုရားသို႔ေရာက္ရွိရာ ပအိုဝ္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕မွ တာဝန္ရွိသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားကလႈိက္လွဲစြာ ႀကိဳဆိုႏႈတ္ ဆက္ၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔သည္ ေျမာက္ဘက္အ႐ုဏ္ခံအတြင္းရွိ ေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္ျမတ္အားဖူးေျမာ္ၾကည္ညိဳ၍ ပန္း၊ ေရခ်မ္း၊ ဆီမီးႏွင့္ သစ္သီး မ်ားကပ္လႉပူေဇာ္ၿပီး ဘက္စုံအလႉေငြမ်ားေပးအပ္လႉဒါန္းသည္။ ထို႔ေနာက္ သမိုင္းဝင္ေမြေတာ္ကကၠဴဘုရားႀကီးသို႔ ေရာက္ရွိဖူး ေျမာ္ခြင့္၊ ျပဳျပင္ထိန္းသိမ္းၾကည္ညိဳခြင့္ရရွိသည့္အတြက္ ဝမ္းသာၾကည္ႏူးရပါေၾကာင္း၊ ဗုဒၶဘာသာသာသနာ ေတာ္ႀကီး ကမာၻတည္သေ႐ြ႕ ထြန္းလင္းေတာက္ပၿပီး တည္တံ့ခိုင္ၿမဲပါေစေၾကာင္းႏွင့္ ပအိုဝ္းေဒသႀကီးတစ္ခုလုံး ေအးခ်မ္းသာယာဝေျပာပါေစေၾကာင္းျဖင့္ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ ေရးသား ပူေဇာ္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ကကၠဴဘုရား အတြင္းလွည့္လည္ၾကည့္ရႈၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေစတီေတာ္မ်ား အားျပန္လည္ျပဳျပင္ထိန္းသိမ္းမြမ္းမံရာတြင္ ေရရွည္ တည္တံခိုင္ၿမဲေရးအတြက္ အေသးစိတ္ၾကည့္ရႈစစ္ေဆးကာ စနစ္တက်ထိန္းသိမ္းေဆာင္႐ြက္ၾကရန္ႏွင့္ ဘုရား ပတ္ဝန္းက်င္သန႔္ရွင္းသာယာလွပေရးအတြက္ ေဆာင္႐ြက္ရန္ လိုအပ္မႈအေျခအေနမ်ား အား အႀကံျပဳေျပာၾကားသည္။ ယင္းေနာက္ တ႐ုတ္ႏိုင္ငံႏွင့္ သီရိလကၤာႏိုင္ငံတို႔မွ ပင့္ ေဆာင္ေတာ္မူလာသည့္ စြယ္ေတာ္ပြားမ်ား တည္ထားကိုးကြယ္ရန္ စြယ္ေတာ္တိုက္ ေဆာက္လုပ္ပူေဇာ္လ်က္ရွိသည့္ အေျခအ ေနမ်ားအားၾကည့္ရႈ၍ လိုအပ္သည္မ်ား ေဆြးေႏြးအႀကံျပဳေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဗုဒၶရကၡိတ ေက်ာင္းတိုက္၌ ပင္စုံေက်ာင္း တိုက္ ဆရာေတာ္ ဘဒၵႏၲေကသရႏွင့္ သံဃာေတာ္မ်ားအား လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္လႉဒါန္းရာ ဓမၼလက္ ေဆာင္ မ်ားျပန္လည္ေပးအပ္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ေတာင္ႀကီၿမိဳ႕ရွိ ေ႐ႊဘုန္းပြင့္ေစတီ ေတာ္ ျမတ္ႀကီးသို႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳၾကရာ ေ႐ႊဘုန္းပြင့္ ေစတီေတာ္ျမတ္ႀကီးေဂါပကအဖြဲ႕နာယက ဝဏၰေက်ာ္ထင္၊ စည္သူ၊ သေရစည္သူ ဦးေအာင္ကိုဝင္းႏွင့္ ေဂါပကအဖြ႕ဲဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတို႔သည္ ေစတီေတာ္ႀကီးရွိ ဗုဒၶ႐ုပ္ပြားေတာ္ ျမတ္အား ဖူးေျမာ္ၾကည္ညိဳၿပီး ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ား ကပ္လႉပူေဇာ္ၾကၿပီး ေစတီေတာ္ႀကီးအား လက္ယာရစ္ လွည့္လည္ ဖူးေျမာ္ၾကည္ညိဳသည္။ ယင္းေနာက္ ဘက္စုံအလႉေငြမ်ားအား ေပးအပ္လႉဒါန္းရာ ေဂါပကအဖြဲ႕က လက္ခံ ရယူသည္။

၎ေနာက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား၏ စုေပါင္းလႉဒါန္းမႈျဖင့္ ေစတီေတာ္ႀကီး ေျမထိန္း နံရံျပဳျပင္ျခင္းလုပ္ငန္း၊ ရင္ျပင္ေတာ္ၾကမ္းခင္းမ်ား နိမ့္က် အက္ကြဲေနမႈအား ျပဳျပင္ျခင္းလုပ္ငန္းႏွင့္ ရင္ျပင္ေတာ္ ေနပူခံေက်ာက္ျပားမ်ား ခင္းက်င္း ျခင္းလုပ္ငန္း ေဆာင္႐ြက္ထားရွိမႈအေျခအေနမ်ားအား ၾကည့္ရႈစစ္ေဆးရာ ေဂါပကအဖြဲ႕ နာယကႏွင့္ အဖြဲ႕ဝင္မ်ားက လိုက္လံရွင္းလင္းျပသခဲ့ၾကၿပီး ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ေဆြးေႏြးမွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။