တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ဦးစီးတက္ကသိုလ်မှနည်းပြအရာရှိကြီး များနှင့် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကား ပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ဦးစီးတက္ကသိုလ်မှနည်းပြအရာရှိကြီး များနှင့် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကား ပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၁၇

တပ်မတော်၌ တပ်ရင်းသည် အခြေခံအကျဆုံး အဖွဲ့အစည်းဖြစ်ကြောင်း၊ တိုင်းပြည်က အားထားရသော၊ ပြည်သူကအားကိုးရသော တပ်ဖြစ်ရန်နှင့် ပြည်သူနှင့်တစ် သားတည်းဖြစ်ရမည်ဖြစ်ကြောင်းနှင့် သင်တန်းက သင်ကြားပေးလိုက်သည်များကို လက်တွေ့နယ်ပယ်တွင် စနစ်တကျအောင်မြင်အောင်အသုံးချ ခြင်းဖြင့် တပ်မှူးကောင်းများဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိ ကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား ယနေ့မွန်းလွဲပိုင်းတွင် သင်တန်းခန်းမ၌ တွေ့ဆုံအမှာ စကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ စစ်ဦးစီး တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြ အရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက် ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ မြင့်မား၍ သမားရိုးကျစစ်ဆင်ရေးအတွက် အမြဲအသင့်ရှိနေရေး ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်၏တိုက်စွမ်းရည်မြင့်မားလာစေရေး ယခု သင်တန်းမှသင်ကြားပို့ချပေးလိုက်သည်များကို လက်တွေ့ အသုံးချဆောင်ရွက်ရန်လိုအပ် မည်ဖြစ်ကြောင်း။

တပ်မတော်၌ တပ်ရင်းသည် အခြေခံအကျဆုံး အဖွဲ့အစည်းဖြစ်သောကြောင့် တပ်ရင်းများကောင်းရန်လိုပြီး ထိုသို့ ကောင်းမွန်ရေး တပ်မှူးက အဓိကကျကြောင်း၊ တပ်မှူးကလည်း မိမိလက်အောက်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများနှင့် တစ်သားတည်း ဖြစ်နေရမည်ဖြစ်ပြီး အပြန်အလှန်သံယောဇဉ်ရှိနေရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုညီညွတ် မျှတစွာ ဆောင်ရွက်ခြင်းဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှုကို တည်ဆောက်ရမည်ဖြစ် ကြောင်း၊ စစ်သည်၊ ရဲမေများ၏ ပညာရည်မြင့်မားရေးကိုလည်း ဂရုတစိုက်ဆောင်ရွက် ပေးရန် လိုအပ်ပြီး စာမတတ်မြောက်သူမရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားသည်။

သင်တန်းကသင်ကြားပေးလိုက်သည်များကို လက်တွေ့နယ်ပယ်တွင် စနစ်တကျ အောင်မြင်အောင် အသုံး ချခြင်းဖြင့် တပ်မှူးကောင်းများဖြစ်အောင် ကြိုးစားလုပ်ဆောင်သွား ကြရမည်ဖြစ်ကြောင်း၊ စာပေများဖတ်ရှု လေ့လာရန်လိုအပ်ပြီး ဥပဒေရေးရာ၊ နိုင်ငံရေးရာ၊ စစ်ပညာဆိုင်ရာဗဟုသုတများနှင့်ပြည့်စုံအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် တပ်မှူးများသည် မိမိအဆင့်နှင့်လိုက်လျောညီထွေသော သွားလာ၊ နေထိုင်၊ စားသောက်မှုရှိရမည်ဖြစ်ကာ စည်းကမ်းနှင့်ညီညွတ်သည့် အပြုအမှုများရှိရမည်ဖြစ်ကြောင်း၊ တိုင်းပြည်က အားထားရသော၊ ပြည်သူကအားကိုးရသော တပ်ဖြစ်ရန်နှင့် ပြည်သူနှင့်တစ်သားတည်း ဖြစ်ရမည်ဖြစ်ကြောင်း။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် ဖက်ဒရယ်ဆိုသည်မှာ ပေါင်းစည်း နေထိုင်ခြင်း နှင့် ဒီမိုကရေစီဆိုသည်မှာ စည်းကမ်းစနစ်တကျ လုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့၊ ဒေသများ၌ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တပ်မတော်၏ သဘောထားများ၊ ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်၏ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ ငြိမ်းချမ်းရေး ရရှိမှသာလျင် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ၎င်းမှတစ်ဆင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်းနှင့် တိုင်းရင်းသားများအရေး နှင့်ပတ်သက်၍ တပ်မတော်က စည်းလုံးညီညွတ် ရေးကို အခြေခံ၍ အမြဲအလေးထား ဆောင်ရွက်နေမှု တို့ကို တိုင်းရင်းသားပြည်သူလူထု သိရှိနားလည်သဘောပေါက်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ စစ္ဦးစီးတကၠသိုလ္မွနည္းျပအရာရွိႀကီး မ်ားႏွင့္ သင္တန္းသားအရာရွိႀကီးမ်ားအား ေတြ႕ဆုံအမွာစကား ေျပာၾကား

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၁၇

တပ္မေတာ္၌ တပ္ရင္းသည္ အေျခခံအက်ဆုံး အဖြဲ႕အစည္းျဖစ္ေၾကာင္း၊ တိုင္းျပည္က အားထားရေသာ၊ ျပည္သူကအားကိုးရေသာ တပ္ျဖစ္ရန္ႏွင့္ ျပည္သူႏွင့္တစ္ သားတည္းျဖစ္ရမည္ျဖစ္ေၾကာင္းႏွင့္ သင္တန္းက သင္ၾကားေပးလိုက္သည္မ်ားကို လက္ေတြ႕နယ္ပယ္တြင္ စနစ္တက်ေအာင္ျမင္ေအာင္အသုံးခ် ျခင္းျဖင့္ တပ္မႉးေကာင္းမ်ားျဖစ္ေအာင္ ႀကိဳးစားလုပ္ေဆာင္သြားၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကကေလာတပ္နယ္ရွိ စစ္ဦးစီးတကၠသိုလ္မွ နည္းျပအရာရွိ ႀကီးမ်ားႏွင့္ သင္တန္းသားအရာရွိႀကီးမ်ားအား ယေန႔မြန္းလြဲပိုင္းတြင္ သင္တန္းခန္းမ၌ ေတြ႕ဆုံအမွာ စကား ေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ လင္းေအာင္၊ စစ္ဦးစီး တကၠသိုလ္ ဒုတိယေက်ာင္းအုပ္ႀကီး၊ နည္းျပ အရာရွိႀကီးမ်ားႏွင့္ သင္တန္းသားအရာရွိႀကီးမ်ား တက္ေရာက္ ၾကသည္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ တိုက္စြမ္းရည္၊ တိုက္စြမ္းအားမ်ား ျမင့္မား၍ သမား႐ိုးက်စစ္ဆင္ေရးအတြက္ အၿမဲအသင့္ရွိေနေရး ျပင္ဆင္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ တပ္၏တိုက္စြမ္းရည္ျမင့္မားလာေစေရး ယခု သင္တန္းမွသင္ၾကားပို႔ခ်ေပးလိုက္သည္မ်ားကို လက္ေတြ႕ အသုံးခ်ေဆာင္႐ြက္ရန္လိုအပ္ မည္ျဖစ္ေၾကာင္း။

တပ္မေတာ္၌ တပ္ရင္းသည္ အေျခခံအက်ဆုံး အဖြဲ႕အစည္းျဖစ္ေသာေၾကာင့္ တပ္ရင္းမ်ားေကာင္းရန္လိုၿပီး ထိုသို႔ ေကာင္းမြန္ေရး တပ္မႉးက အဓိကက်ေၾကာင္း၊ တပ္မႉးကလည္း မိမိလက္ေအာက္ရွိ အရာရွိ၊ စစ္သည္၊ ရဲေမမ်ားႏွင့္ တစ္သားတည္း ျဖစ္ေနရမည္ျဖစ္ၿပီး အျပန္အလွန္သံေယာဇဥ္ရွိေနရမည္ျဖစ္ေၾကာင္း၊ အုပ္ခ်ဳပ္မႈညီၫြတ္ မွ်တစြာ ေဆာင္႐ြက္ျခင္းျဖင့္ တပ္တြင္းစည္းလုံးညီၫြတ္မႈကို တည္ေဆာက္ရမည္ျဖစ္ ေၾကာင္း၊ စစ္သည္၊ ရဲေမမ်ား၏ ပညာရည္ျမင့္မားေရးကိုလည္း ဂ႐ုတစိုက္ေဆာင္႐ြက္ ေပးရန္ လိုအပ္ၿပီး စာမတတ္ေျမာက္သူမရွိေအာင္ ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း မွာၾကားသည္။

သင္တန္းကသင္ၾကားေပးလိုက္သည္မ်ားကို လက္ေတြ႕နယ္ပယ္တြင္ စနစ္တက် ေအာင္ျမင္ေအာင္ အသုံး ခ်ျခင္းျဖင့္ တပ္မႉးေကာင္းမ်ားျဖစ္ေအာင္ ႀကိဳးစားလုပ္ေဆာင္သြား ၾကရမည္ျဖစ္ေၾကာင္း၊ စာေပမ်ားဖတ္ရႈ ေလ့လာရန္လိုအပ္ၿပီး ဥပေဒေရးရာ၊ ႏိုင္ငံေရးရာ၊ စစ္ပညာဆိုင္ရာဗဟုသုတမ်ားႏွင့္ျပည့္စုံေအာင္ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ တပ္မႉးမ်ားသည္ မိမိအဆင့္ႏွင့္လိုက္ေလ်ာညီေထြေသာ သြားလာ၊ ေနထိုင္၊ စားေသာက္မႈရွိရမည္ျဖစ္ကာ စည္းကမ္းႏွင့္ညီၫြတ္သည့္ အျပဳအမႈမ်ားရွိရမည္ျဖစ္ေၾကာင္း၊ တိုင္းျပည္က အားထားရေသာ၊ ျပည္သူကအားကိုးရေသာ တပ္ျဖစ္ရန္ႏွင့္ ျပည္သူႏွင့္တစ္သားတည္း ျဖစ္ရမည္ျဖစ္ေၾကာင္း။

ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ ဖက္ဒရယ္ဆိုသည္မွာ ေပါင္းစည္း ေနထိုင္ျခင္း ႏွင့္ ဒီမိုကေရစီဆိုသည္မွာ စည္းကမ္းစနစ္တက် လုပ္ေဆာင္ျခင္းပင္ျဖစ္ေၾကာင္း၊ မိမိတို႔တာဝန္က်ရာ တပ္ရင္း၊ တပ္ဖြဲ႕၊ ေဒသမ်ား၌ ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ တပ္မေတာ္၏ သေဘာထားမ်ား၊ ထာဝရၿငိမ္းခ်မ္းေရးအတြက္ တပ္မေတာ္၏ႀကိဳးပမ္း ေဆာင္႐ြက္ေနမႈမ်ား၊ ၿငိမ္းခ်မ္းေရး ရရွိမွသာလ်င္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး၊ ၎မွတစ္ဆင့္ ႏိုင္ငံ၏ဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ ေၾကာင္းႏွင့္ တိုင္းရင္းသားမ်ားအေရး ႏွင့္ပတ္သက္၍ တပ္မေတာ္က စည္းလုံးညီၫြတ္ ေရးကို အေျခခံ၍ အၿမဲအေလးထား ေဆာင္႐ြက္ေနမႈ တို႔ကို တိုင္းရင္းသားျပည္သူလူထု သိရွိနားလည္သေဘာေပါက္ေစရန္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။