တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယရေတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ – ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADC အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယ ရေတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Shri Saurabh ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ ကြည်းတပ်၊ ရေတပ်စစ်သံမှူးများနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ကုန်းမြေ၊ ရေ၊ လေပိုင်နက် နယ်နိမိတ်များ ထိစပ်နေပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် မှုများဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် အင်ဒို-ပစိဖိတ်ဒေသတည်ငြိမ် အေးချမ်းရေးကို ထောက်အကူဖြစ်စေနိုင်မည့် အခြေ အနေများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခြင်းနှင့် သဘာ၀ ဘေးအန္တရာယ်အားတုံ့ပြန် ကာကွယ်ခြင်း HADR (Humanitarian Assistance and Disaster Responce) လုပ်ငန်းများတွင် ရေတပ်ချင်းပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် နည်းပညာ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယရေတပ်ဦးစီးချုပ် တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက် လာကြသူများနှင့်အတူ အမှတ်တရစု ပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

( Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အိႏၵိယေရတပ္ဦးစီးခ်ဳပ္အား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ – ၁၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ အိႏၵိယေရတပ္ဦးစီးခ်ဳပ္ Admiral Karambir Singh, PVSM, AVSM, ADC အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး အိႏၵိယ ေရတပ္ဦးစီးခ်ဳပ္ႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံသံအမတ္ႀကီး H. E. Mr. Shri Saurabh ၊ ျမန္မာႏိုင္ငံ ဆိုင္ရာ အိႏၵိယႏိုင္ငံ ၾကည္းတပ္၊ ေရတပ္စစ္သံမႉးမ်ားႏွင့္ တာဝန္ရွိသူတို႔ တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံတို႔သည္ ကုန္းေျမ၊ ေရ၊ ေလပိုင္နက္ နယ္နိမိတ္မ်ား ထိစပ္ေနၿပီး အိမ္နီးခ်င္းႏိုင္ငံမ်ား၊ ေဒသတြင္းႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ မႈမ်ားေဆာင္႐ြက္ျခင္းျဖင့္ ေဒသတြင္းၿငိမ္းခ်မ္းေရးႏွင့္ အင္ဒို-ပစိဖိတ္ေဒသတည္ၿငိမ္ ေအးခ်မ္းေရးကို ေထာက္အကူျဖစ္ေစႏိုင္မည့္ အေျခ အေနမ်ား၊ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရး၊ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးျခင္းႏွင့္ သဘာ၀ ေဘးအႏၲရာယ္အားတုံ႔ျပန္ ကာကြယ္ျခင္း HADR (Humanitarian Assistance and Disaster Responce) လုပ္ငန္းမ်ားတြင္ ေရတပ္ခ်င္းပူးေပါင္းေဆာင္႐ြက္သြားမည့္အေျခအေနမ်ားႏွင့္ နည္းပညာ ဖလွယ္ေရးဆိုင္ရာ ကိစၥရပ္မ်ားအား ခင္မင္ရင္းႏွီးစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အိႏၵိယေရတပ္ဦးစီးခ်ဳပ္ တို႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး တက္ေရာက္ လာၾကသူမ်ားႏွင့္အတူ အမွတ္တရစု ေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။