(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်။

ချစ်ခင်လေးစားရပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-

ယနေ့ကျရောက်သည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အခါ သမယတွင် ချင်းတိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ချင်းတိုင်းရင်းသားများသည် တိဗက်မြန်မာအနွယ်ဝင်များဖြစ်ပြီး တိဗက်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ပျံ့နှံ့နေထိုင်ခဲ့ကြခြင်း ဖြစ်သည်ဟုမှတ်သားရပါသည်။ အောက်ချင်းငှက်နှင့် တောင်ဇလပ်ပန်း တို့သည် ချင်းပြည်နယ်နှင့် ချင်းအမျိုးသားတို့၏သင်္ကေတများဖြစ်ပါသည်။ တောင်ဇလပ်ပန်းသည် ရဲရဲနီပြီး သတ္တိနှင့်ရဲရင့်မှုကိုပြသကာတောင်စွန်း တောင်ဖျားများပေါ်တွင်ဝင့်ကြွားစွာပေါက်ရောက်တတ်သောကြောင့် ချင်းလူမျိုးတို့၏ရဲရင့်မှု၊သတ္တိရှိမှုနှင့်ဝင့်ကြွားမှုဟူသည့်လက်ရုံးရည်ကိုပြသခြင်းဖြစ်ပါသည်။ အောက်ချင်း ငှက်တို့သည် မေတ္တာတရားနှင့် သစ္စာတရားကြီးမားသောငှက်မျိုးဖြစ်သည့်အတွက် အောက်ချင်းငှက် သင်္ကေတသည်လည်း ချင်းလူမျိုးတို့၏ မေတ္တာတရားနှင့် သစ္စာတရားကြီးမားမှုကို ဖော်ညွှန်းလျက်ရှိပါသည်။ အောက်ချင်းငှက်ဖိုနှင့်ငှက်မတို့၏ သစ္စာတရားကြီးမားစွာဖြင့်ဥမကွဲ၊ သိုက်မပျက်အတူတကွနေထိုင်တတ် သည့်အလေ့ အကျင့်အတိုင်းပင် ချင်းလူမျိုးတို့သည် ကျွနု်ပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံ တော်ကြီးတွင် ဥမကွဲ၊ သိုက်မပျက် အတူတကွလက်တွဲနေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပါသည်။

ရှေးအတိတ်ကာလ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲများတွင် ချင်းလူမျိုး မျိုးချစ် ပုဂ္ဂိုလ်ကြီးများ ရွပ်ရွပ်ချွံချွံ၊ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ပြီး ချင်းတိုင်းရင်းသားများအား ခေါင်းဆောင်ကာ တိုက်ပွဲ ဝင်ခဲ့ကြသည့်ဗိုလ်ကြွန်ဘိခ်နှင့် ဗိုလ်ခိုင်ကမ်းတို့သည် ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော ချင်း တိုင်းရင်းသားခေါင်းဆောင်ကြီးများအဖြစ် ဂုဏ်ယူဖွယ်ရာ မှတ်တမ်းများရှိခဲ့ပြီးဖြစ်ပါသည်။ နယ်ချဲ့ လက်အောက်ကျရောက်ခဲ့စဉ် ဗြိတိသျှအစိုးရထံမှ ချင်းလူမျိုးတို့၏အခွင့်အရေးနှင့် နစ်နာချက်များ တောင်းယူရန်အတွက် ချင်းတောင်ညီညွတ်ရေးအဖွဲ့ကို ၁၉၂၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင်လူထုညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး မျိုးနွယ်စုအကြီးအကဲဖြစ်သော တိုက် သူကြီးများအုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်သို့ပြောင်းလဲကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြပါ သည်။ ထိုကဲ့သို့လူထုညီလာခံ ကျင်းပခဲ့သည့် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အား ချင်းအမျိုးသားနေ့ အဖြစ်ရွေးချယ်သတ်မှတ်အတည်ပြုခဲ့သည်မှာ ယခုဆိုလျှင် (၇၂)နှစ်မြောက် ခဲ့ပြီဖြစ်ပါ သည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သော ပင်လုံစာချုပ်တွင် ပြည်မနှင့်တောင်တန်းဒေသများ အတူတကွ လွတ်လပ်ရေးရယူရန်အတွက် ချင်းအမျိုးသားကိုယ်စားလှယ် များဖြစ်သည့် ဦးလှူရ်မှုန်၊ ဦးထောင်ဇာခုပ်နှင့် ဦးကီယိုမန်းတို့က ပါဝင်လက်မှတ်ရေးထိုး ခဲ့ကာ ချင်းအမျိုးသားများ၏ အမြော်အမြင်ကြီးမားမှုကို ပြသနိုင်ခဲ့ပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း ချင်းလူမျိုးတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွင်း အခြားသောတိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ ကောင်းတူ၊ ဆိုးဖက်၊ အေးအတူပူအမျှ၊ ညီညီညွတ်ညွတ် နေထိုင်လာခဲ့သည်ကို တွေ့ရှိရပါသည်။

ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် ကျွနု်ပ်တို့၏ ပြည်ထောင်စုကြီးအား ငြိမ်းချမ်းသာယာ ဝပြောပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဖြစ်ပေါ်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ဖြစ်သည့် ဒို့တာဝန်အရေး (၃)ပါး ကို ဦးထိပ်ပန်ဆင်လျက် ချင်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စာပေများကို ထိန်းသိမ်း မြှင့်တင်ပြီး ပြည်ထောင်စုကြီး၏အလှကို ဖန်တီးပုံဖော်ပေးကြပါရန်တိုက်တွန်း နှိုးဆော်ရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီ းမင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

(Zawgyi Verson)

(၇၂)ႏွစ္ေျမာက္ ခ်င္းအမ်ဳိးသားေန့တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ေပးပို့သည္႕သ၀ဏ္လႊာ

၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္၀ါရီလ ၂၀ ရက္။

ခ်စ္ခင္ေလးစားရပါေသာ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားခင္ဗ်ာ-

ယေန႔က်ေရာက္သည့္ (၇၂)ႏွစ္ေျမာက္ ခ်င္းအမ်ဳိးသားေန႔အခါ သမယတြင္ ခ်င္းတုိင္းရင္းသား ညီအစ္ကို ေမာင္ႏွမမ်ားအားလံုးစိတ္၏ခ်မ္းသာျခင္း၊ကိုယ္၏က်န္းမာျခင္းႏွင့္ျပည့္စံုႏုိင္ၾကပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္းလ်က္ ႏႈတ္ခြန္းဆက္သအပ္ပါသည္။

ခ်င္းတုိင္းရင္းသားမ်ားသည္ တိဗက္ျမန္မာအႏြယ္၀င္မ်ားျဖစ္ၿပီး တိဗက္မွတစ္ဆင့္ ျမန္မာႏိုင္ငံအတြင္းသို႔ ၀င္ေရာက္ပ်ံ႕ႏွံ႔ေနထိုင္ခဲ့ၾကျခင္း ျဖစ္သည္ဟုမွတ္သားရပါသည္။ ေအာက္ခ်င္းငွက္ႏွင့္ ေတာင္ဇလပ္ပန္း တုိ႔သည္ ခ်င္းျပည္နယ္ႏွင့္ ခ်င္းအမ်ဳိးသားတုိ႔၏သေကၤတမ်ားျဖစ္ပါသည္။ ေတာင္ဇလပ္ပန္းသည္ ရဲရဲနီၿပီး သတိၱႏွင့္ရဲရင့္မႈကိုျပသကာေတာင္စြန္း ေတာင္ဖ်ားမ်ားေပၚတြင္၀င့္ႂကြားစြာေပါက္ေရာက္တတ္ေသာေၾကာင့္ ခ်င္းလူမ်ဳိးတုိ႔၏ရဲရင့္မႈ၊သတိၱရွိမႈႏွင့္၀င့္ႂကြားမႈဟူသည့္လက္႐ံုးရည္ကိုျပသျခင္းျဖစ္ပါသည္။ ေအာက္ခ်င္း ငွက္တုိ႔သည္ ေမတၱာတရားႏွင့္ သစၥာတရားႀကီးမားေသာငွက္မ်ဳိးျဖစ္သည့္အတြက္ ေအာက္ခ်င္းငွက္ သေကၤတသည္လည္း ခ်င္းလူမ်ဳိးတုိ႔၏ ေမတၱာတရားႏွင့္ သစၥာတရားႀကီးမားမႈကို ေဖာ္ၫႊန္းလ်က္ရွိပါသည္။ ေအာက္ခ်င္းငွက္ဖိုႏွင့္ငွက္မတုိ႔၏ သစၥာတရားႀကီးမားစြာျဖင့္ဥမကြဲ၊ သိုက္မပ်က္အတူတကြေနထိုင္တတ္ သည့္အေလ့ အက်င့္အတုိင္းပင္ ခ်င္းလူမ်ဳိးတုိ႔သည္ ကြၽႏု္ပ္တုိ႔ျပည္ေထာင္စုျမန္မာႏုိင္ငံ ေတာ္ႀကီးတြင္ ဥမကြဲ၊ သိုက္မပ်က္ အတူတကြလက္တြဲေနထုိင္လာခဲ့သည္မွာ ႏွစ္ေပါင္းမ်ားစြာၾကာျမင့္ခဲ့ၿပီျဖစ္ပါသည္။

ေရွးအတိတ္ကာလ နယ္ခ်ဲ႕ဆန္႔က်င္ေရးႏွင့္ ဖက္ဆစ္ေတာ္လွန္ေရး တိုက္ပြဲမ်ားတြင္ ခ်င္းလူမ်ဳိး မ်ဳိးခ်စ္ ပုဂၢိဳလ္ႀကီးမ်ား ရြပ္ရြပ္ခြၽံခြၽံ၊ စြမ္းစြမ္းတမံ ပါ၀င္ေဆာင္ရြက္ခဲ့ၿပီး ခ်င္းတိုင္းရင္းသားမ်ားအား ေခါင္းေဆာင္ကာ တုိက္ပြဲ ၀င္ခဲ့ၾကသည့္ဗိုလ္ႂကြန္ဘိခ္ႏွင့္ ဗိုလ္ခုိင္ကမ္းတို႔သည္ ရဲစြမ္းသတၱိႏွင့္ျပည့္စုံေသာ ခ်င္း တုိင္းရင္းသားေခါင္းေဆာင္ႀကီးမ်ားအျဖစ္ ဂုဏ္ယူဖြယ္ရာ မွတ္တမ္းမ်ားရွိခဲ့ၿပီးျဖစ္ပါသည္။ နယ္ခ်ဲ႕ လက္ေအာက္က်ေရာက္ခဲ့စဥ္ ၿဗိတိသွ်အစိုးရထံမွ ခ်င္းလူမ်ဳိးတို႔၏အခြင့္အေရးႏွင့္ နစ္နာခ်က္မ်ား ေတာင္းယူရန္အတြက္ ခ်င္းေတာင္ညီၫြတ္ေရးအဖြဲ႕ကို ၁၉၂၈ ခုႏွစ္၊ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔တြင္ စတင္ဖြဲ႕စည္းခဲ့ပါသည္။ လြတ္လပ္ေရးရရွိၿပီးေနာက္ ၁၉၄၈ ခုႏွစ္၊ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔တြင္ ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕တြင္လူထုညီလာခံတစ္ရပ္က်င္းပခဲ့ၿပီး မ်ဳိးႏြယ္စုအႀကီးအကဲျဖစ္ေသာ တိုက္ သူႀကီးမ်ားအုပ္ခ်ဳပ္သည့္စနစ္မွ ဒီမိုကေရစီအုပ္ခ်ဳပ္ေရး စနစ္သုိ႔ေျပာင္းလဲက်င့္သုံးရန္ ဆုံးျဖတ္ခဲ့ၾကပါ သည္။ ထုိကဲ့သုိ႔လူထုညီလာခံ က်င္းပခဲ့သည့္ ၁၉၄၈ ခုႏွစ္၊ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔အား ခ်င္းအမ်ဳိးသားေန႔ အျဖစ္ေရြးခ်ယ္သတ္မွတ္အတည္ျပဳခဲ့သည္မွာ ယခုဆိုလွ်င္ (၇၂)ႏွစ္ေျမာက္ ခဲ့ၿပီျဖစ္ပါ သည္။

၁၉၄၇ ခုႏွစ္၊ ေဖေဖာ္၀ါရီလ ၁၂ ရက္ေန႔၌ လက္မွတ္ေရးထိုးခ်ဳပ္ဆိုခဲ့ေသာ ပင္လုံစာခ်ဳပ္တြင္ ျပည္မႏွင့္ေတာင္တန္းေဒသမ်ား အတူတကြ လြတ္လပ္ေရးရယူရန္အတြက္ ခ်င္းအမ်ဳိးသားကိုယ္စားလွယ္ မ်ားျဖစ္သည့္ ဦးလွဴရ္မႈန္၊ ဦးေထာင္ဇာခုပ္ႏွင့္ ဦးကီယိုမန္းတို႔က ပါ၀င္လက္မွတ္ေရးထိုး ခဲ့ကာ ခ်င္းအမ်ဳိးသားမ်ား၏ အေျမာ္အျမင္ႀကီးမားမႈကို ျပသႏုိင္ခဲ့ပါသည္။ လြတ္လပ္ေရးရၿပီးေနာက္ပိုင္းတြင္လည္း ခ်င္းလူမ်ဳိးတို႔သည္ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ႀကီးအတြင္း အျခားေသာတိုင္းရင္းသားညီအစ္ကို ေမာင္ႏွမမ်ားႏွင့္အတူ ေကာင္းတူ၊ ဆုိးဖက္၊ ေအးအတူပူအမွ်၊ ညီညီၫြတ္ၫြတ္ ေနထုိင္လာခဲ့သည္ကို ေတြ႕ရွိရပါသည္။

ခ်င္းတိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမမ်ားအေနျဖင့္ ကြၽႏု္ပ္တို႔၏ ျပည္ေထာင္စုႀကီးအား ၿငိမ္းခ်မ္းသာယာ ၀ေျပာၿပီး ဖြံ႕ၿဖိဳးတိုးတက္သည့္ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ႀကီးျဖစ္ေပၚေစေရး ၀ိုင္း၀န္းႀကိဳးပမ္း ေဆာင္ရြက္ရန္၊ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္၏ အမ်ဳိးသားအက်ဳိးစီးပြား ျဖစ္သည့္ ဒို႔တာ၀န္အေရး (၃)ပါး ကို ဦးထိပ္ပန္ဆင္လ်က္ ခ်င္းလူမ်ဳိးတို႔၏ ႐ိုးရာယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္း၊ ဘာသာစကား၊ စာေပမ်ားကို ထိန္းသိမ္း ျမႇင့္တင္ၿပီး ျပည္ေထာင္စုႀကီး၏အလွကို ဖန္တီးပုံေဖာ္ေပးၾကပါရန္တိုက္တြန္း ႏိႈးေဆာ္ရင္း သ၀ဏ္လႊာေပးပို႔အပ္ပါသည္။

ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။