၂၀၂၀ ပြည့်နှစ်(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လာအိုပြည်သူ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့ ဖျော်ဖြေပွဲကျင်းပ

နေပြည်တော်၊ ဖေဖေါ်ဝါရီ  ၂၁

မြန်မာ – လာအို နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မြဲစေရန်၊ ယဉ်ကျေးမှုအနုပညာများ ဖလှယ်နိုင်ရန်နှင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် လာအိုပြည်သူ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးသည်။

အဆိုပါဖျော်ဖြေပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ လာအိုပြည်သူ့တပ်မတော်ယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင် လာအိုပြည်သူ့တပ်မတော် Military Propagranda and Training Department ၏ ဒုတိယအကြီးအကဲ Colonel Khamkheun LEUTSAVAY နှင့် လာအိုပြည်သူ့ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့တပ်မတော်စစ်သံမှူး Colonel Touy Vilaketh နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)ရုံး၊ ဌာနအသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက် ကြည့်ရှုအားပေးကြသည်။

 ဖျော်ဖြေပွဲအခမ်းအနားတွင် လာအိုပြည်သူ့တပ်မတော်ယဉ်ကျေးမှုကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Colonel Khamkheun LEUTSAVAY က နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက်  လာအိုပြည်သူ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့က (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုသော အဆို၊ အတီး၊ အကများ၊ လာအိုရိုးရာယဉ်ကျေး မှု အဆို၊ အတီး၊ အကများ၊ မြန်မာတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 ဖျော်ဖြေပွဲအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က သီဆိုကပြဖျော်ဖြေခဲ့ကြသည့် လာအိုပြည်သူ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့အား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးမှုရှိသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြပြီး တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်မြင့်မားလျက်ရှိကြောင်း၊ တပ်မတော်နှစ်ရပ်အကြား နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေး ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့သည် လာအိုနိုင်ငံသို့ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် တို့တွင် သွားရောက်ဖျော်ဖြေနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်လည်း လာအိုပြည်သူ့တပ်မတော်၏ နှစ်(၇၀) ပြည့် တပ်မတော်နေ့ကို သွားရောက်ဂုဏ်ပြုဖျော်ဖြေနိုင်ခဲ့ကြောင်း၊ လာအို ပြည်သူ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့အနေဖြင့်လည်း ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေခဲ့ပြီး ယခုဒုတိယအကြိမ်အဖြစ် မြန်မာ့တပ်မတော်၏ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို အထူးဂုဏ်ပြုသည့်အနေဖြင့် လာရောက်ဖျော်ဖြေတင်ဆက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လာအိုပြည်သူ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိ နေစဉ်အတွင်း ချစ်ကြည်ရေးအထိမ်းအမှတ် ယဉ်ကျေးမှုအနုပညာဖျော်ဖြေပွဲများ တင်ဆက်ခြင်း၊ တန်ခိုးကြီးဘုရားများအားဖူးမြော်ကြည်ညိုခြင်းနှင့် အထင်ကရနေရာများ သို့ သွားရောက် လေ့လာလည်ပတ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

(Zawgyi Version)

၂၀၂၀ ျပည့္ႏွစ္(၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ လာအိုျပည္သူ႔တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕ ေဖ်ာ္ေျဖပြဲက်င္းပ

ေနျပည္ေတာ္၊ ေဖေဖၚဝါရီ  ၂၁

ျမန္မာ – လာအို ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ ပိုမိုတိုးတက္ ခိုင္ၿမဲေစရန္၊ ယဥ္ေက်းမႈအႏုပညာမ်ား ဖလွယ္ႏိုင္ရန္ႏွင့္ ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၂၇ ရက္တြင္က်ေရာက္မည့္ (၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔ကို ႀကိဳဆိုဂုဏ္ျပဳေသာ အားျဖင့္ လာအိုျပည္သူ႔တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕၏ ဂုဏ္ျပဳေဖ်ာ္ေျဖပြဲအခမ္းအနားကို ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္၊ သဘင္ေဆာင္၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ၾကည့္ရႈ အားေပးသည္။

အဆိုပါေဖ်ာ္ေျဖပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ဇနီး၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ ဇနီး၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ ႏွင့္ဇနီး၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ဇနီး၊ လာအိုျပည္သူ႔တပ္မေတာ္ယဥ္ေက်းမႈ အဖြဲ႕ေခါင္းေဆာင္ လာအိုျပည္သူ႔တပ္မေတာ္ Military Propagranda and Training Department ၏ ဒုတိယအႀကီးအကဲ Colonel Khamkheun LEUTSAVAY ႏွင့္ လာအိုျပည္သူ႔ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏိုင္ငံဆိုင္ရာ လာအိုျပည္သူ႔တပ္မေတာ္စစ္သံမႉး Colonel Touy Vilaketh ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ)႐ုံး၊ ဌာနအသီးသီးမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ ၾကည့္ရႈအားေပးၾကသည္။

 ေဖ်ာ္ေျဖပြဲအခမ္းအနားတြင္ လာအိုျပည္သူ႔တပ္မေတာ္ယဥ္ေက်းမႈကိုယ္စားလွယ္ အဖြဲ႕ေခါင္းေဆာင္ Colonel Khamkheun LEUTSAVAY က ႏႈတ္ခြန္းဆက္စကား ေျပာၾကားၿပီးေနာက္  လာအိုျပည္သူ႔တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕က (၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔ကို ဂုဏ္ျပဳေသာ အဆို၊ အတီး၊ အကမ်ား၊ လာအို႐ိုးရာယဥ္ေက်း မႈ အဆို၊ အတီး၊ အကမ်ား၊ ျမန္မာေတးသီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္ၾကသည္။

 ေဖ်ာ္ေျဖပြဲအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔က သီဆိုကျပေဖ်ာ္ေျဖခဲ့ၾကသည့္ လာအိုျပည္သူ႔တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕အား ဂုဏ္ျပဳပန္းျခင္းႏွင့္ ဂုဏ္ျပဳဆုေငြေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

လာအိုႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔သည္ ခ်စ္ၾကည္ရင္းႏွီးမႈရွိသည့္ အိမ္နီးခ်င္းႏိုင္ငံမ်ား ျဖစ္ၾကၿပီး တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ တိုးတက္ျမင့္မားလ်က္ရွိေၾကာင္း၊ တပ္မေတာ္ႏွစ္ရပ္အၾကား ႏွစ္ႏိုင္ငံယဥ္ေက်းမႈဖလွယ္ေရး ခ်စ္ၾကည္ေရးခရီးစဥ္အျဖစ္ ျမန္မာ့တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕သည္ လာအိုႏိုင္ငံသို႔ ၂၀၁၁ ခုႏွစ္ႏွင့္ ၂၀၁၆ ခုႏွစ္ တို႔တြင္ သြားေရာက္ေဖ်ာ္ေျဖႏိုင္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္တြင္လည္း လာအိုျပည္သူ႔တပ္မေတာ္၏ ႏွစ္(၇၀) ျပည့္ တပ္မေတာ္ေန႔ကို သြားေရာက္ဂုဏ္ျပဳေဖ်ာ္ေျဖႏိုင္ခဲ့ေၾကာင္း၊ လာအို ျပည္သူ႔တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕အေနျဖင့္လည္း ၂၀၁၅ ခုႏွစ္တြင္ ျမန္မာႏိုင္ငံသို႔ လာေရာက္ေဖ်ာ္ေျဖခဲ့ၿပီး ယခုဒုတိယအႀကိမ္အျဖစ္ ျမန္မာ့တပ္မေတာ္၏ (၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔ကို အထူးဂုဏ္ျပဳသည့္အေနျဖင့္ လာေရာက္ေဖ်ာ္ေျဖတင္ဆက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါ လာအိုျပည္သူ႔တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕သည္ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိ ေနစဥ္အတြင္း ခ်စ္ၾကည္ေရးအထိမ္းအမွတ္ ယဥ္ေက်းမႈအႏုပညာေဖ်ာ္ေျဖပြဲမ်ား တင္ဆက္ျခင္း၊ တန္ခိုးႀကီးဘုရားမ်ားအားဖူးေျမာ္ၾကည္ညိဳျခင္းႏွင့္ အထင္ကရေနရာမ်ား သို႔ သြားေရာက္ ေလ့လာလည္ပတ္ျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။