တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နီပေါနိုင်ငံ Press Council အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နီပေါနို င်ငံ Press Council ဥက္ကဋ္ဌ Mr. Kishor Shrestha ဦးဆောင်သော အဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး နီပေါနိုင်ငံ Press Council ဥက္ကဋ္ဌ နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr. Bhim K. Udas နှင့် နီပေါနိုင်ငံ Press Council အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်)ဦးဆောင်သောအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နီပေါနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ကိုးကွယ်သည့်ဘာသာနှင့် နောက်ခံသမိုင်းကြောင်းအရ များစွာတူညီမှုရှိပြီး မိတ်ဆွေရင်းနိုင်ငံများဖြစ်ကာ ဆက်ဆံရေး တိုးတက်ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ ယခုနှစ်တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံမှု နှစ်(၆၀)ပြည့်မြောက်မည်ဖြစ်ပြီး ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေများ၊ နီပေါနိုင်ငံ၏ ခေတ်အဆက်ဆက် နိုင်ငံရေး ပြောင်းလဲဖြစ်ပေါ်မှုများတွင် သတင်းမီဒီယာစာနယ်ဇင်းတို့၏ အခန်းကဏ္ဍ၊ သတင်းမီဒီယာ သည် မဏ္ဍိုင်ကြီးတစ်ရပ်အဖြစ် တိုင်းပြည်တည်ဆောက်ရေးတွင် တိုင်းပြည်နှင့် အမျိုးသားရေးအတွက် အကျိုးဖြစ်စေနိုင်သော အဓိကတွန်းအား တစ်ရပ်ဖြစ်သည့် အခြေအနေများ၊မြန်မာနိုင်ငံတွင် နီပေါအနွယ်ဝင် ဂေါ်ရခါးလူမျိုးများ ယခင်ကတည်းကပင် နေထိုင်ခဲ့ပြီး တပ်မတော်တွင်လည်း ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော စစ်သည်များပေါ်ထွက်ခဲ့ကာ လက်ရှိတွင်လည်း အမျိုးသား၊ အမျိုးသမီး အရာရှိ၊ စစ်သည်များ သစ္စာရှိစွာ တာဝန်ထမ်းဆောင် လျက်ရှိသည့် အခြေအနေများ၊ နီပေါနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ပြည်တွင်းပဋိပက္ခများ များစွာကြုံတွေ့ခဲ့ရသည့် နောက်ခံသမိုင်းကြောင်းများနှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုဆိုင်ရာ အခြေအနေများ၊ နှစ်နိုင်ငံ သတင်းမီဒီယာကဏ္ဍ ဆက်ဆံရေး ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် တပ်မတော်နှင့် သတင်းမီဒီယာများအကြား ထိတွေ့ဆက်ဆံဆောင်ရွက်လျှက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ၊ ခရီးသွားကဏ္ဍများတွင် ဘက်ပေါင်းစုံမှ တိုးတက်အောင် ဆောင်ရွက်ရာတွင် မီဒီယာများမှ ပံ့ပိုးကူညီဆောင်ရွက်နိုင်မည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နီပေါနိုင်ငံ Press Council ဥက္ကဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ထို့နောက် နီပေါနိုင်ငံ Press Council ဥက္ကဌနှင့် အဖွဲ့ဝင်များသည် သူရဲကောင်း ဗိမာန်(နေပြည်တော်)သို့ သွားရောက်၍ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက် စွန့်လွှတ်ခဲ့ရသူများအား ဂုဏ်ပြုပန်းခြင်းချကာ အလေးပြုခဲ့ကြကြောင်းနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း တန်ခိုးကြီးဘုရားများအားဖူးမြော်ကြည်ညိုခြင်းနှင့် အထင်ကရ နေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ နီေပါႏိုင္ငံ Press Council အဖြဲ႕အား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ ၂၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ နီေပါႏို င္ငံ Press Council ဥကၠ႒ Mr. Kishor Shrestha ဦးေဆာင္ေသာ အဖြဲ႕ဝင္မ်ားအား ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး နီေပါႏိုင္ငံ Press Council ဥကၠ႒ ႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ နီေပါႏိုင္ငံ သံအမတ္ႀကီး H.E. Mr. Bhim K. Udas ႏွင့္ နီေပါႏိုင္ငံ Press Council အဖြဲ႕ဝင္မ်ား၊ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီအဖြဲ႕ဥကၠ႒ ဦးအုန္းႀကိဳင္ (ဟံသာဝတီ ဦးအုန္းႀကိဳင္)ဦးေဆာင္ေသာအဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ နီေပါႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔သည္ ကိုးကြယ္သည့္ဘာသာႏွင့္ ေနာက္ခံသမိုင္းေၾကာင္းအရ မ်ားစြာတူညီမႈရွိၿပီး မိတ္ေဆြရင္းႏိုင္ငံမ်ားျဖစ္ကာ ဆက္ဆံေရး တိုးတက္ေကာင္းမြန္လ်က္ရွိသည့္ အေျခအေနမ်ား၊ ယခုႏွစ္တြင္ ႏွစ္ႏိုင္ငံသံတမန္ဆက္ဆံမႈ ႏွစ္(၆၀)ျပည့္ေျမာက္မည္ျဖစ္ၿပီး က႑ေပါင္းစုံတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ဆက္လက္ ေဆာင္႐ြက္သြားမည့္အေျခအေနမ်ား၊ နီေပါႏိုင္ငံ၏ ေခတ္အဆက္ဆက္ ႏိုင္ငံေရး ေျပာင္းလဲျဖစ္ေပၚမႈမ်ားတြင္ သတင္းမီဒီယာစာနယ္ဇင္းတို႔၏ အခန္းက႑၊ သတင္းမီဒီယာ သည္ မ႑ိဳင္ႀကီးတစ္ရပ္အျဖစ္ တိုင္းျပည္တည္ေဆာက္ေရးတြင္ တိုင္းျပည္ႏွင့္ အမ်ိဳးသားေရးအတြက္ အက်ိဳးျဖစ္ေစႏိုင္ေသာ အဓိကတြန္းအား တစ္ရပ္ျဖစ္သည့္ အေျခအေနမ်ား၊ျမန္မာႏိုင္ငံတြင္ နီေပါအႏြယ္ဝင္ ေဂၚရခါးလူမ်ိဳးမ်ား ယခင္ကတည္းကပင္ ေနထိုင္ခဲ့ၿပီး တပ္မေတာ္တြင္လည္း ရဲစြမ္းသတၱိႏွင့္ ျပည့္စုံေသာ စစ္သည္မ်ားေပၚထြက္ခဲ့ကာ လက္ရွိတြင္လည္း အမ်ိဳးသား၊ အမ်ိဳးသမီး အရာရွိ၊ စစ္သည္မ်ား သစၥာရွိစြာ တာဝန္ထမ္းေဆာင္ လ်က္ရွိသည့္ အေျခအေနမ်ား၊ နီေပါႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔တြင္ ျပည္တြင္းပဋိပကၡမ်ား မ်ားစြာႀကဳံေတြ႕ခဲ့ရသည့္ ေနာက္ခံသမိုင္းေၾကာင္းမ်ားႏွင့္ ၿငိမ္းခ်မ္းေရးေဆာင္႐ြက္မႈဆိုင္ရာ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံ သတင္းမီဒီယာက႑ ဆက္ဆံေရး ပိုမိုတိုးတက္ေအာင္ ေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံတြင္ တပ္မေတာ္ႏွင့္ သတင္းမီဒီယာမ်ားအၾကား ထိေတြ႕ဆက္ဆံေဆာင္႐ြက္လွ်က္ရွိသည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံကုန္သြယ္မႈက႑၊ ခရီးသြားက႑မ်ားတြင္ ဘက္ေပါင္းစုံမွ တိုးတက္ေအာင္ ေဆာင္႐ြက္ရာတြင္ မီဒီယာမ်ားမွ ပံ့ပိုးကူညီေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ားအား ခင္မင္ရင္းႏွီးစြာ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ နီေပါႏိုင္ငံ Press Council ဥကၠဌတို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

ထို႔ေနာက္ နီေပါႏိုင္ငံ Press Council ဥကၠဌႏွင့္ အဖြဲ႕ဝင္မ်ားသည္ သူရဲေကာင္း ဗိမာန္(ေနျပည္ေတာ္)သို႔ သြားေရာက္၍ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္အတြက္ အသက္ စြန႔္လႊတ္ခဲ့ရသူမ်ားအား ဂုဏ္ျပဳပန္းျခင္းခ်ကာ အေလးျပဳခဲ့ၾကေၾကာင္းႏွင့္ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိေနစဥ္အတြင္း တန္ခိုးႀကီးဘုရားမ်ားအားဖူးေျမာ္ၾကည္ညိဳျခင္းႏွင့္ အထင္ကရ ေနရာမ်ားသို႔ သြားေရာက္ေလ့လာလည္ပတ္ျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။