တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက် ပေးနေမှုများအား သွားရောက်ကြည့်ရှု၊ ဒေသခံများအား ရင်းရင်းနှီးနှီးတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက် ပေးနေမှုများအား သွားရောက်ကြည့်ရှု၊ ဒေသခံများအား ရင်းရင်းနှီးနှီးတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ – ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်ပေး နေမှုများအား သွားရောက်ကြည့်ရှုပြီး ဒေသခံများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါ့သရောက်မြို့၊ ကံသာယာကျေးရွာသို့ရောက်ရှိကြရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြတ်မင်းနှင့် ကျေးရွာသူ၊ ရွာသားများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကျေးရွာသောက်သုံး ရေကန် အနေဖြင့် ရေဝင်ဆံ့မှု ဂါလန် သိန်း ၆၀ သာရှိပြီး ရေဝင်ချိန်မှစ၍ ဒီဇင်ဘာလ ခန့် အထိသာ သုံးစွဲနိုင်သဖြင့် နယ်မြေခံစစ်အင်ဂျင်နီယာတပ်မှ ယာဉ်၊ ယန္တရားများ အသုံးပြု၍ရေအနက် ၅ ပေခန့်ထိ ကန်ဆယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျှက် ရှိသည့်အခြေအနေများအား ကြည့်ရှုရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ရှင်းလင်းပြသကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံ ရွာသူ၊ ရွာသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ အား ဆွေးနွေးအကြံပြုပြောကြားသည်။ အဆိုပါ ကံသာယာကျေးရွာရှိ သောက်သုံး ရေကန်အား တူးဖော်ပြီးပါက တစ်နှစ်ပတ်လုံးသုံးစွဲနိုင်မည်ဖြစ်ပြီး ရေဂါလန် သိန်း ၉၀ ခန့်ဝင်ဆန့်နိုင်မည်ဖြစ်ကာ ၎င်းရေကန်မှ မော်တာဖြင့်ရေစုပ်တင်၍ ဂါလန် နှစ်သောင်း ဆန့် ရေလှောင်ကန် ၂ လုံးနှင့် ဂါလန် ၃၅၀၀ဆန့် ရေစင် ၂ လုံးတို့တွင် သိုလှောင်ပြီး ရေပေးဝေဖြန့်ဖြူးမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကန်နီကြီး ကျေးရွာသို့ရောက်ရှိကြရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဦးသန်းလှိုင်နှင့် ရွာသူ၊ ရွာသားများ က ကြိုဆိုနှုတ်ဆက်ကြပြီးနောက် ကျေးရွာရှိ အဋ္ဌဂံပုံသဏ္ဍန် မြကန်သာ သောက်သုံး ရေကန်သည် နှစ်စဉ်ရေဝင်ချိန်မှစ၍ အောက်ခြေကြမ်းခင်း ရေယိုစိမ့်မှုကြောင့် ကြာရှည် ရေသုံးစွဲနိုင်ခြင်းမရှိသဖြင့် အောက်ခြေကြမ်းခင်းအား ၆ လက်မထုရှိ ကွန်ကရစ် လောင်းပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအားကြည့်ရှုရာ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူတို့က ရှင်းလင်းပြသကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံရွာသူ၊ ရွာသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာများအား အကြံပြုပြောကြားသည်။ အဆိုပါကြမ်းခင်း ခင်းကျင်းပြီးစီးပါက တစ်နှစ်ပတ်လုံး ရေသိုလှောင်နိုင်မည်ဖြစ်ကာ ကန်နီကြီးကျေးရွာ အပြင် အနီးနားရှိ တဲမ၊ အောင်သာနှင့် ဝက်လူးကျေးရွာများမှလည်း သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရှိ ရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါ့သရောက်မြို့နယ်၊ ဗြူကြီးကျေးရွာအုပ်စု၊ ပိတောက်တောတဲတိုက်နေရာသို့ ရောက် ရှိကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ကျောက်ပန်းတောင်း)နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန (ကျောက်ပန်းတောင်း)မှ တာဝန်ရှိသူများက နယ်စပ်ရေးရာခွင့်ပြုရန်ပုံငွေဖြင့် ငါ့သရောက်-ဂျမ်းလှီး ကျောက်ချောလမ်းဆောင်ရွက်နေမှုအခြေအနေများအား တင်ပြ ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဆွေးနွေးပြောကြားပြီး ဒေသခံ ပြည်သူများအား ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို အကြံပြုပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပနီတွင်းကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုတွင် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများမှ ဆောက်လုပ်ရေးပစ္စည်းများ လှူဒါန်းထားရှိမှုအားလည်း ကောင်း၊ မန်ကျည်းစောက်ရွာ၊ ဇိနရတနာမာန်အောင် ဆုတောင်းပြည့်စေတီတော်ဝန်း အတွင်း၌ ဒေသခံပြည်သူများအားလည်းကောင်း သွားရောက်တွေ့ဆုံရာ တောင်ဇင်း ကျေးရွာအုပ်စု၊ အုပ်စုဥက္ကဋ္ဌ ဦးသိန်းပို၊ ကျေးရွာများမှ ရပ်မိရပ်ဖများနှင့် ရွာသူ၊ ရွာသားများက ကြိုဆိုကြပြီး ဒေသတွင်းလိုအပ်ချက်များအား တင်ပြ ကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ပြန်လည် ဆွေးနွေးအကြံပြု ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကကျေးရွာသူ၊ ရွာသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ဆွေးနွေးအကြံပြုပြောကြားရာ၌ တပ်မတော်အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသအကျိုးဖြစ်ထွန်းရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ဤဒေသရှိ အဓိကစီးပွားရေးမှာ စိုက်ပျိုးရေး နှင့် ထန်းလုပ်ငန်းပင်ဖြစ်ကြောင်း၊ ယခုအခါတွင် ထန်းတက်လုပ်ငန်းကို လုပ်ကိုင်မည့်သူ နည်းပါးလာခြင်းနှင့် ငွေကြေးအခက်အခဲများကြောင့် ထန်းပင်များကို ရောင်းချလျက်ရှိပြီး ထန်းလုပ်ငန်းလုပ်ကိုင်သူနည်းပါးလာသဖြင့် မိရိုးဖလာ ထန်းလုပ်ငန်းကို ဆက်လက် ထိန်းသိမ်းကြစေလိုကြောင်း၊ ရှေးယခင်က ထန်းပင်များနှင့်ရင်းနှီးလုပ်ကိုင်၍ အသက် မွေးဝမ်းကျောင်းပြုခဲ့ကြပြီး ရှေးလူများစိုက်ပျိုးခဲ့ကြသည့်အတွက် ယနေ့ခေတ်တွင် အကျိုုးပြုနေခြင်းပင်ဖြစ်ကြောင်း၊ ထန်းပင်သည် စတင်စိုက်ပျိုးပြီးနောက် နှစ် ၂၀ ကျော် မှသာလျင် အသုံးပြုနိုင်မည့်အရွယ် ရောက်ရှိမည်ဖြစ်ရာ နောင်လာနောက်သား မျိုး ဆက်သစ်များအတွက် ထန်းပင်များကို စဉ်ဆက်မပြတ်တိုးချဲ့စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ ထန်းပင်မှထွက်ရှိသည့် ဒေသထုတ်ကုန်များကိုလည်း ကုန်ချောများဖြစ်သည်အထိ အရည်အသွေးပြည့်မီအောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းအပြင် နို့စားနွား၊ အသားတိုးနွား၊ ဆိတ်စသည့် ဒေသနှင့်ကိုက်ညီသော မွေးမြူရေးလုပ်ငန်း များကိုလည်း နည်းစနစ် ကျနစွာဖြင့် ရပ်မိရပ်ဖများကဦးဆောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဒေသ ထုတ်ကုန်များအား ကုန်ချောအဆင့်ထိထုတ်လုပ်ပြီး အရည်အသွေး ပြည့်မီအောင် ထုပ်ပိုးမှုပုံစံများ ခေတ်မီစွာ ဆောင်ရွက်နိုင်ပါကဒေသတွင်းဝင်ငွေတိုးတက် ကောင်းမွန်ပြီး တစ်ဦးချင်းမှစ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊

ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသတွင်းပညာတတ်များ ပေါများစေရန် အတွက် ပညာရည်မြင့်မားရေးကို အားလုံးဝိုင်းဝန်းဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိဒေသကို ပြန်လည်အကျိုးပြုနိုင်မည့် ပညာတတ်များ ပေါ်ထွက်လာရေး ပညာရေးကို အားပေးရမည်ဖြစ်ကြောင်း၊ အတန်းပညာများတတ်မြောက်ပါက အသိပညာများပါ တိုးတက်လာမည်ဖြစ်သည့်အတွက် မိမိဒေသ၏ အဓိကစီးပွားရေးနှင့် ကိုက်ညီသည့် စိုက် ပျိုးမွေးမြူရေးဆိုင်ရာသိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်တို့ကို ဦးစားပေးတက်ရောက်စေပြီး မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည် အကျိုးပြုနိုင်ရမည်ဖြစ်ကြောင်း၊

ဒေသတွင်းစိမ်းလန်းစိုပြေရေးအတွက် မိမိတို့ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ အလိုက် သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးရွာအလိုက် အစုအဖွဲ့စနစ်ဖြင့် ဒေသနှင့် ကိုက်ညီ သော ထန်း၊ မန်ကျည်း၊ တမာ၊ သျှားနှင့် အခြားသစ်ပင်များ စိုက်ပျိုးခြင်း၊ ကျေးရွာ အလိုက် ထင်းစိုက်ခင်းများ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိရေးနှင့် ဒေသစိမ်း လန်းစိုပြေရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကာ မိမိတို့၏ မျိုးဆက်သစ်များကို အမွေကောင်း၊ အစဉ်အလာကောင်းများကို လက်ဆင့်ကမ်းပေး၍ ထိန်းသိမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထို့အတူ လမ်းပန်းဆက်သွယ်မှု လွယ်ကူကောင်းမွန်စေရေးအတွက် လမ်းများကိုကောင်းမွန်အောင် ဆောင်ရွက် ပေးလျက်ရှိသော်လည်း ရေရှည်ကောင်းမွန်ရေးအတွက် ထိန်းသိမ်းရန်မှာ ဒေသခံများ၏ တာဝန်ပင်ဖြစ်ကြောင်း၊ မိမိဒေသအတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှုများပြားပါက ဒေသတိုးတက်ရေးကို ဖြစ်ပေါ်စေနိုင် သောကြောင့် ရှုချင်စဖွယ်မြင်ကွင်း များဖြစ်စေရေး လမ်းဘေးဝဲယာတွင် သစ်ပင်များကို ရေရှည်မျှော်တွေး စိုက်ပျိုးရမည်ဖြစ်သကဲ့သို့ လမ်းများပျက်စီးမှုမရှိစေရေး ရေစီးရေလာ ကောင်းမွန်အောင် ဝိုင်းဝန်း ထိန်းသိမ်း ကြရမည်ဖြစ်ကြောင်း။

သက်ရှည်ကျန်းမာသည့်ဘဝရရှိရန် လူတိုင်းလိုလားကြသည်ဖြစ်၍ မိမိတို့၏ ကျန်းမာရေးကို တစ်ဦးချင်းဂရုစိုက်ရန်လိုကြောင်း၊ ကျန်းမာရေး ကောင်းမွန်မှသာ ပညာ သင်ကြားနိုင်မည်၊ အလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်မှသာ မိမိတို့ဘ၀ တိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်း ကွမ်းစားသုံးမှု များပြား လျက်ရှိပြီး ကွမ်း၊ဆေးလိပ်သုံးစွဲမှုများကြောင့် ကုန်ကျစရိတ်သည် မည်သူ့ကိုမျှ အကျိုးမပြုဘဲ အလဟသဖြစ်စေသည်သာမက မိမိ၏ရောဂါကိုမိမိကိုယ်တိုင် ငွေဖြင့် ဝယ်ယူ နေခြင်းပင်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် တစ်ရက်လျှင် ကွမ်း ၅၀၀ ကျပ်ဖိုးခန့် စားသုံးသည် ဆိုပါက မိမိနှင့် မိမိ မိသားစုအတွက် အာဟာရဖြစ်စေသည့် ကြက်ဥ ၂လုံး၊ ၃လုံးခန့်ကို ပစ်ခွဲနေသလိုဖြစ်၍ စဉ်းစားဆင်ခြင်ကြစေလိုကြောင်း၊ နေ့စဉ်ကွမ်း၊ ဆေးလိပ် သုံးစွဲရာတွင် ကုန်ကျမည့်ငွေကြေးများကို မိမိနှင့် မိမိမိသားစုအတွက် အာဟာရ ဖြစ်စေနိုင်သည့် ကြက်ဥ၊ အသား စသည်တို့ကိုဝယ်ယူစားသုံးခြင်းဖြင့် ထွက်ငွေကို ထိန်းသိမ်းနိုင်ပြီး ကျန်းမာရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရက်၊ ဆေးလိပ်၊ ကွမ်းများသုံးစွဲခြင်းကိုတတ်နိုင်သမျှ ရှောင်ကြဉ်ကြရန် နှင့် အစားအသောက်၊ အနေအထိုင်များကို တစ်ဦးချင်းအသိစိတ်ဖြင့် ဆင်ခြင် နေထိုင်ကြရန် ခင်မင်ရင်းနှီးစွာ ဆွေးနွေးအကြံပြုပြောကြားသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံပြည်သူများ အတွက် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာပစ္စည်းများအား ပေးအပ်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဒေသထွက် လက်ဆောင်များ အား ပြန်လည်ပေးအပ်ခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေညာင္ဦးၿမိဳ႕နယ္၊ ငါ့သေရာက္ၿမိဳ႕ႏွင့္ ပတ္ဝန္းက်င္ေက်း႐ြာမ်ား၌ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာ ေဆာင္႐ြက္ ေပးေနမႈမ်ားအား သြားေရာက္ၾကည့္ရႈ၊ ေဒသခံမ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံ

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ – ၂၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ျပည္ထဲေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ နယ္စပ္ေရးရာ ဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ေက်ာ္စြာလင္းႏွင့္ တာဝန္ရွိသူမ်ား လိုက္ပါၿပီး ယေန႔မြန္းလြဲပိုင္းတြင္ မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္၊ ငါ့သေရာက္ၿမိဳ႕ႏွင့္ ပတ္ဝန္းက်င္ေက်း႐ြာမ်ား၌ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာ ေဆာင္႐ြက္ေပး ေနမႈမ်ားအား သြားေရာက္ၾကည့္ရႈၿပီး ေဒသခံမ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ငါ့သေရာက္ၿမိဳ႕၊ ကံသာယာေက်း႐ြာသို႔ေရာက္ရွိၾကရာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးျမတ္မင္းႏွင့္ ေက်း႐ြာသူ၊ ႐ြာသားမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ ေက်း႐ြာေသာက္သုံး ေရကန္ အေနျဖင့္ ေရဝင္ဆံ့မႈ ဂါလန္ သိန္း ၆၀ သာရွိၿပီး ေရဝင္ခ်ိန္မွစ၍ ဒီဇင္ဘာလ ခန႔္ အထိသာ သုံးစြဲႏိုင္သျဖင့္ နယ္ေျမခံစစ္အင္ဂ်င္နီယာတပ္မွ ယာဥ္၊ ယႏၲရားမ်ား အသုံးျပဳ၍ေရအနက္ ၅ ေပခန႔္ထိ ကန္ဆယ္ယူေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးလွ်က္ ရွိသည့္အေျခအေနမ်ားအား ၾကည့္ရႈရာေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင့္ တာဝန္ရွိသူတို႔က ရွင္းလင္းျပသၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသခံ ႐ြာသူ၊ ႐ြာသားမ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံ၍ ေက်း႐ြာဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ား အား ေဆြးေႏြးအႀကံျပဳေျပာၾကားသည္။ အဆိုပါ ကံသာယာေက်း႐ြာရွိ ေသာက္သုံး ေရကန္အား တူးေဖာ္ၿပီးပါက တစ္ႏွစ္ပတ္လုံးသုံးစြဲႏိုင္မည္ျဖစ္ၿပီး ေရဂါလန္ သိန္း ၉၀ ခန႔္ဝင္ဆန႔္ႏိုင္မည္ျဖစ္ကာ ၎ေရကန္မွ ေမာ္တာျဖင့္ေရစုပ္တင္၍ ဂါလန္ ႏွစ္ေသာင္း ဆန႔္ ေရေလွာင္ကန္ ၂ လုံးႏွင့္ ဂါလန္ ၃၅၀၀ဆန႔္ ေရစင္ ၂ လုံးတို႔တြင္ သိုေလွာင္ၿပီး ေရေပးေဝျဖန႔္ျဖဴးမည္ျဖစ္ေၾကာင္း သိရွိရသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ကန္နီႀကီး ေက်း႐ြာသို႔ေရာက္ရွိၾကရာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး၊ ဦးသန္းလႈိင္ႏွင့္ ႐ြာသူ၊ ႐ြာသားမ်ား က ႀကိဳဆိုႏႈတ္ဆက္ၾကၿပီးေနာက္ ေက်း႐ြာရွိ အ႒ဂံပုံသ႑န္ ျမကန္သာ ေသာက္သုံး ေရကန္သည္ ႏွစ္စဥ္ေရဝင္ခ်ိန္မွစ၍ ေအာက္ေျခၾကမ္းခင္း ေရယိုစိမ့္မႈေၾကာင့္ ၾကာရွည္ ေရသုံးစြဲႏိုင္ျခင္းမရွိသျဖင့္ ေအာက္ေျခၾကမ္းခင္းအား ၆ လက္မထုရွိ ကြန္ကရစ္ ေလာင္းေပးျခင္းလုပ္ငန္း ေဆာင္႐ြက္ေနမႈမ်ားအားၾကည့္ရႈရာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ႏွင့္ တာဝန္ရွိသူတို႔က ရွင္းလင္းျပသၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသခံ႐ြာသူ၊ ႐ြာသားမ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံ၍ ေဒသ ဖြံ႕ၿဖိဳးေရး ဆိုင္ရာမ်ားအား အႀကံျပဳေျပာၾကားသည္။ အဆိုပါၾကမ္းခင္း ခင္းက်င္းၿပီးစီးပါက တစ္ႏွစ္ပတ္လုံး ေရသိုေလွာင္ႏိုင္မည္ျဖစ္ကာ ကန္နီႀကီးေက်း႐ြာ အျပင္ အနီးနားရွိ တဲမ၊ ေအာင္သာႏွင့္ ဝက္လူးေက်း႐ြာမ်ားမွလည္း သုံးစြဲႏိုင္မည္ျဖစ္ေၾကာင္း သိရွိ ရသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ငါ့သေရာက္ၿမိဳ႕နယ္၊ ျဗဴႀကီးေက်း႐ြာအုပ္စု၊ ပိေတာက္ေတာတဲတိုက္ေနရာသို႔ ေရာက္ ရွိၾကရာ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ေက်းလက္လမ္းဖြံ႕ၿဖိဳးေရးဦးစီးဌာန (ေက်ာက္ပန္းေတာင္း)ႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဌာနတို႔မွ တာဝန္ရွိသူမ်ားႏွင့္ ေဒသခံ ျပည္သူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ ေက်းလက္လမ္းဖြံ႕ၿဖိဳးေရး ဦးစီးဌာန (ေက်ာက္ပန္းေတာင္း)မွ တာဝန္ရွိသူမ်ားက နယ္စပ္ေရးရာခြင့္ျပဳရန္ပုံေငြျဖင့္ ငါ့သေရာက္-ဂ်မ္းလွီး ေက်ာက္ေခ်ာလမ္းေဆာင္႐ြက္ေနမႈအေျခအေနမ်ားအား တင္ျပ ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ေဆြးေႏြးေျပာၾကားၿပီး ေဒသခံ ျပည္သူမ်ားအား ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ားကို အႀကံျပဳေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ပနီတြင္းေက်း႐ြာ၊ အေျခခံ ပညာအထက္တန္းေက်ာင္း(ခြဲ) ေက်ာင္းေဆာင္သစ္ေဆာက္လုပ္ေနမႈတြင္ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစုမ်ားမွ ေဆာက္လုပ္ေရးပစၥည္းမ်ား လႉဒါန္းထားရွိမႈအားလည္း ေကာင္း၊ မန္က်ည္းေစာက္႐ြာ၊ ဇိနရတနာမာန္ေအာင္ ဆုေတာင္းျပည့္ေစတီေတာ္ဝန္း အတြင္း၌ ေဒသခံျပည္သူမ်ားအားလည္းေကာင္း သြားေရာက္ေတြ႕ဆုံရာ ေတာင္ဇင္း ေက်း႐ြာအုပ္စု၊ အုပ္စုဥကၠ႒ ဦးသိန္းပို၊ ေက်း႐ြာမ်ားမွ ရပ္မိရပ္ဖမ်ားႏွင့္ ႐ြာသူ၊ ႐ြာသားမ်ားက ႀကိဳဆိုၾကၿပီး ေဒသတြင္းလိုအပ္ခ်က္မ်ားအား တင္ျပ ၾကရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ားကို ျပန္လည္ ေဆြးေႏြးအႀကံျပဳ ေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကေက်း႐ြာသူ၊ ႐ြာသားမ်ားႏွင့္ ရင္းရင္းႏွီးႏွီး ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ားအား ေဆြးေႏြးအႀကံျပဳေျပာၾကားရာ၌ တပ္မေတာ္အေနျဖင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး၊ ေဒသအက်ိဳးျဖစ္ထြန္းေရးအတြက္ ယခုကဲ့သို႔ ေဆာင္႐ြက္ေပးျခင္းျဖစ္ေၾကာင္း၊ဤေဒသရွိ အဓိကစီးပြားေရးမွာ စိုက္ပ်ိဳးေရး ႏွင့္ ထန္းလုပ္ငန္းပင္ျဖစ္ေၾကာင္း၊ ယခုအခါတြင္ ထန္းတက္လုပ္ငန္းကို လုပ္ကိုင္မည့္သူ နည္းပါးလာျခင္းႏွင့္ ေငြေၾကးအခက္အခဲမ်ားေၾကာင့္ ထန္းပင္မ်ားကို ေရာင္းခ်လ်က္ရွိၿပီး ထန္းလုပ္ငန္းလုပ္ကိုင္သူနည္းပါးလာသျဖင့္ မိ႐ိုးဖလာ ထန္းလုပ္ငန္းကို ဆက္လက္ ထိန္းသိမ္းၾကေစလိုေၾကာင္း၊ ေရွးယခင္က ထန္းပင္မ်ားႏွင့္ရင္းႏွီးလုပ္ကိုင္၍ အသက္ ေမြးဝမ္းေက်ာင္းျပဳခဲ့ၾကၿပီး ေရွးလူမ်ားစိုက္ပ်ိဳးခဲ့ၾကသည့္အတြက္ ယေန႔ေခတ္တြင္ အက်ိဳုးျပဳေနျခင္းပင္ျဖစ္ေၾကာင္း၊ ထန္းပင္သည္ စတင္စိုက္ပ်ိဳးၿပီးေနာက္ ႏွစ္ ၂၀ ေက်ာ္ မွသာလ်င္ အသုံးျပဳႏိုင္မည့္အ႐ြယ္ ေရာက္ရွိမည္ျဖစ္ရာ ေနာင္လာေနာက္သား မ်ိဳး ဆက္သစ္မ်ားအတြက္ ထန္းပင္မ်ားကို စဥ္ဆက္မျပတ္တိုးခ်ဲ႕စိုက္ပ်ိဳးရမည္ျဖစ္ေၾကာင္း၊ ထန္းပင္မွထြက္ရွိသည့္ ေဒသထုတ္ကုန္မ်ားကိုလည္း ကုန္ေခ်ာမ်ားျဖစ္သည္အထိ အရည္အေသြးျပည့္မီေအာင္ ႀကိဳးစားေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ေဒသဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ စိုက္ပ်ိဳးေရးလုပ္ငန္းအျပင္ ႏို႔စားႏြား၊ အသားတိုးႏြား၊ ဆိတ္စသည့္ ေဒသႏွင့္ကိုက္ညီေသာ ေမြးျမဴေရးလုပ္ငန္း မ်ားကိုလည္း နည္းစနစ္ က်နစြာျဖင့္ ရပ္မိရပ္ဖမ်ားကဦးေဆာင္ ေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္း၊ ေဒသ ထုတ္ကုန္မ်ားအား ကုန္ေခ်ာအဆင့္ထိထုတ္လုပ္ၿပီး အရည္အေသြး ျပည့္မီေအာင္ ထုပ္ပိုးမႈပုံစံမ်ား ေခတ္မီစြာ ေဆာင္႐ြက္ႏိုင္ပါကေဒသတြင္းဝင္ေငြတိုးတက္ ေကာင္းမြန္ၿပီး တစ္ဦးခ်င္းမွစ၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးကို အေထာက္ အကူ ျပဳႏိုင္မည္ျဖစ္ေၾကာင္း၊

ေဒသဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ ေဒသတြင္းပညာတတ္မ်ား ေပါမ်ားေစရန္ အတြက္ ပညာရည္ျမင့္မားေရးကို အားလုံးဝိုင္းဝန္းေဆာင္႐ြက္ရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ မိမိေဒသကို ျပန္လည္အက်ိဳးျပဳႏိုင္မည့္ ပညာတတ္မ်ား ေပၚထြက္လာေရး ပညာေရးကို အားေပးရမည္ျဖစ္ေၾကာင္း၊ အတန္းပညာမ်ားတတ္ေျမာက္ပါက အသိပညာမ်ားပါ တိုးတက္လာမည္ျဖစ္သည့္အတြက္ မိမိေဒသ၏ အဓိကစီးပြားေရးႏွင့္ ကိုက္ညီသည့္ စိုက္ ပ်ိဳးေမြးျမဴေရးဆိုင္ရာသိပၸံ၊ ေကာလိပ္၊ တကၠသိုလ္တို႔ကို ဦးစားေပးတက္ေရာက္ေစၿပီး မိမိေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျပန္လည္ အက်ိဳးျပဳႏိုင္ရမည္ျဖစ္ေၾကာင္း၊

ေဒသတြင္းစိမ္းလန္းစိုေျပေရးအတြက္ မိမိတို႔ ေနထိုင္ရာ ရပ္ကြက္၊ ေက်း႐ြာမ်ား အလိုက္ သစ္ပင္စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားကို ေအာင္ျမင္ျဖစ္ထြန္းေအာင္ အေလးထား ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ ေက်း႐ြာအလိုက္ အစုအဖြဲ႕စနစ္ျဖင့္ ေဒသႏွင့္ ကိုက္ညီ ေသာ ထန္း၊ မန္က်ည္း၊ တမာ၊ သွ်ားႏွင့္ အျခားသစ္ပင္မ်ား စိုက္ပ်ိဳးျခင္း၊ ေက်း႐ြာ အလိုက္ ထင္းစိုက္ခင္းမ်ား စိုက္ပ်ိဳးျခင္းျဖင့္ မိသားစုဝင္ေငြရရွိေရးႏွင့္ ေဒသစိမ္း လန္းစိုေျပေရးကို အေထာက္အကူျပဳႏိုင္မည္ျဖစ္ကာ မိမိတို႔၏ မ်ိဳးဆက္သစ္မ်ားကို အေမြေကာင္း၊ အစဥ္အလာေကာင္းမ်ားကို လက္ဆင့္ကမ္းေပး၍ ထိန္းသိမ္း ေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္း၊ ထို႔အတူ လမ္းပန္းဆက္သြယ္မႈ လြယ္ကူေကာင္းမြန္ေစေရးအတြက္ လမ္းမ်ားကိုေကာင္းမြန္ေအာင္ ေဆာင္႐ြက္ ေပးလ်က္ရွိေသာ္လည္း ေရရွည္ေကာင္းမြန္ေရးအတြက္ ထိန္းသိမ္းရန္မွာ ေဒသခံမ်ား၏ တာဝန္ပင္ျဖစ္ေၾကာင္း၊ မိမိေဒသအတြင္း ခရီးသြားဧည့္သည္ဝင္ေရာက္မႈမ်ားျပားပါက ေဒသတိုးတက္ေရးကို ျဖစ္ေပၚေစႏိုင္ ေသာေၾကာင့္ ရႈခ်င္စဖြယ္ျမင္ကြင္း မ်ားျဖစ္ေစေရး လမ္းေဘးဝဲယာတြင္ သစ္ပင္မ်ားကို ေရရွည္ေမွ်ာ္ေတြး စိုက္ပ်ိဳးရမည္ျဖစ္သကဲ့သို႔ လမ္းမ်ားပ်က္စီးမႈမရွိေစေရး ေရစီးေရလာ ေကာင္းမြန္ေအာင္ ဝိုင္းဝန္း ထိန္းသိမ္း ၾကရမည္ျဖစ္ေၾကာင္း။

သက္ရွည္က်န္းမာသည့္ဘဝရရွိရန္ လူတိုင္းလိုလားၾကသည္ျဖစ္၍ မိမိတို႔၏ က်န္းမာေရးကို တစ္ဦးခ်င္းဂ႐ုစိုက္ရန္လိုေၾကာင္း၊ က်န္းမာေရး ေကာင္းမြန္မွသာ ပညာ သင္ၾကားႏိုင္မည္၊ အလုပ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္း၊ အလုပ္လုပ္ႏိုင္မွသာ မိမိတို႔ဘ၀ တိုးတက္ေရးကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ ေဒသတြင္း ကြမ္းစားသုံးမႈ မ်ားျပား လ်က္ရွိၿပီး ကြမ္း၊ေဆးလိပ္သုံးစြဲမႈမ်ားေၾကာင့္ ကုန္က်စရိတ္သည္ မည္သူ႔ကိုမွ် အက်ိဳးမျပဳဘဲ အလဟသျဖစ္ေစသည္သာမက မိမိ၏ေရာဂါကိုမိမိကိုယ္တိုင္ ေငြျဖင့္ ဝယ္ယူ ေနျခင္းပင္ျဖစ္ေၾကာင္း၊ ဥပမာအားျဖင့္ တစ္ရက္လွ်င္ ကြမ္း ၅၀၀ က်ပ္ဖိုးခန႔္ စားသုံးသည္ ဆိုပါက မိမိႏွင့္ မိမိ မိသားစုအတြက္ အာဟာရျဖစ္ေစသည့္ ၾကက္ဥ ၂လုံး၊ ၃လုံးခန႔္ကို ပစ္ခြဲေနသလိုျဖစ္၍ စဥ္းစားဆင္ျခင္ၾကေစလိုေၾကာင္း၊ ေန႔စဥ္ကြမ္း၊ ေဆးလိပ္ သုံးစြဲရာတြင္ ကုန္က်မည့္ေငြေၾကးမ်ားကို မိမိႏွင့္ မိမိမိသားစုအတြက္ အာဟာရ ျဖစ္ေစႏိုင္သည့္ ၾကက္ဥ၊ အသား စသည္တို႔ကိုဝယ္ယူစားသုံးျခင္းျဖင့္ ထြက္ေငြကို ထိန္းသိမ္းႏိုင္ၿပီး က်န္းမာေရးကို အေထာက္အကူျဖစ္ေစမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ အရက္၊ ေဆးလိပ္၊ ကြမ္းမ်ားသုံးစြဲျခင္းကိုတတ္ႏိုင္သမွ် ေရွာင္ၾကဥ္ၾကရန္ ႏွင့္ အစားအေသာက္၊ အေနအထိုင္မ်ားကို တစ္ဦးခ်င္းအသိစိတ္ျဖင့္ ဆင္ျခင္ ေနထိုင္ၾကရန္ ခင္မင္ရင္းႏွီးစြာ ေဆြးေႏြးအႀကံျပဳေျပာၾကားသည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသခံျပည္သူမ်ား အတြက္ တပ္မေတာ္စက္႐ုံထုတ္ စားေသာက္ဖြယ္ရာပစၥည္းမ်ားအား ေပးအပ္ရာ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ တာဝန္ရွိသူမ်ားက လက္ခံရယူၾကၿပီး ေဒသထြက္ လက္ေဆာင္မ်ား အား ျပန္လည္ေပးအပ္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။