တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဗီယက်နမ်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး H.E. General Ngo Xuan Lich အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ အောက်တိုဘာ ၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး H.E. General Ngo Xuan Lich အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့တွင် ဂုဏ်ပြုတပ်ဖွဲ့ ဖြင့်ကြိုဆိုသည်။ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တို့သည် အခမ်းအနားတက်ရောက်လာကြသော တပ်မတော်အရာရှိကြီးများကို အပြန်အလှန်မိတ်ဆက်ပေးကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့်အတူ ဒုတိယစစ်ဦးစီးချုပ် Sr. Lt. Gen. Nguyen Phuong Nam နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် နိုင်ငံစစ်သံမှူး Col. Nguyen Duc Giang တို့ တက်ရောက်ကြသည်။

ထို့နောက် ဗီယက်နမ်နိုင်ငံကာကွယ်ရေးဝန်ကြီး H.E. General Ngo Xuan Lich သည် ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေး ကြသည်။ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကာလ ကြာရှည်သော မိတ်ဆွေရင်းနိုင်ငံများဖြစ်သည်နှင့်အညီ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် တပ်မတော်အဆင့်မြင့်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ အရာရှိငယ်များ အပြန်အလှန်သွားရောက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရေး၊ ဆေးဘက်ဆိုင်ရာ သုတေသနပြုရေး၊ ဆေးကုသရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ယဉ်ကျေးမှုနှင့်အားကစားအဖွဲ့များ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များစေလွှတ်ရေး၊ ဒေသတွင်းလုံခြုံရေးနှင့် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် ထောက်လှမ်းရေးသတင်းများ ဖလှယ်ရေး၊ ဆက်သွယ်ရေးကဏ္ဍအား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ကာကွယ်ရေးဝန်ကြီး H.E. General Ngo Xuan Lich ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ General Ngo Xuan Lich သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ယခုချစ်ကြည်ရေးခရီး လာရောက်ခြင်းဖြစ်ပါသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ဗီယက္နမ္ႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီး H.E. General Ngo Xuan Lich အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္၌ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကိဳဆို၊ ေတြ႕ဆုံေဆြးေႏြး

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံ၊ ကာကြယ္ေရး၀န္ႀကီး H.E. General Ngo Xuan Lich အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ေရွ႕တြင္ ဂုဏ္ျပဳတပ္ဖြဲ႕ ျဖင့္ႀကိဳဆုိသည္။ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗီယက္နမ္ႏုိင္ငံ ကာကြယ္ေရး၀န္ႀကီးတုိ႔သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကိုခံယူၾကၿပီး ဂုဏ္ျပဳတပ္ဖြဲ႕အား လုိက္လံၾကည့္႐ႈစစ္ေဆးသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗီယက္နမ္ႏုိင္ငံ ကာကြယ္ေရး၀န္ႀကီး တို႔သည္ အခမ္းအနားတက္ေရာက္လာၾကေသာ တပ္မေတာ္အရာရွိႀကီးမ်ားကို အျပန္အလွန္မိတ္ဆက္ေပးၾကသည္။

အဆိုပါဂုဏ္ျပဳႀကဳိဆိုပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး ဗီယက္နမ္ႏုိင္ငံ ကာကြယ္ေရး၀န္ႀကီးႏွင့္အတူ ဒုတိယစစ္ဦးစီးခ်ဳပ္ Sr. Lt. Gen. Nguyen Phuong Nam ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ ဗီယက္နမ္ ႏုိင္ငံစစ္သံမွဴး Col. Nguyen Duc Giang တုိ႔ တက္ေရာက္ၾကသည္။

ထုိ႔ေနာက္ ဗီယက္နမ္ႏုိင္ငံကာကြယ္ေရး၀န္ႀကီး H.E. General Ngo Xuan Lich သည္ ေဇယ်ာသီရိဗိမာန္ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ ေရးထိုးၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံေဆြးေႏြး ၾကသည္။ထုိသုိ႔ေတြ႕ဆုံရာတြင္ ႏွစ္ႏုိင္ငံမိတ္ဖက္ဆက္ဆံေရးကာလ ၾကာရွည္ေသာ မိတ္ေဆြရင္းႏုိင္ငံမ်ားျဖစ္သည္ႏွင့္အညီ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ ႏွင့္ ပူးေပါင္းေဆာင္ရြက္မႈျမႇင့္တင္ေရးအတြက္ တပ္မေတာ္အဆင့္ျမင့္ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္ေရး၊ အရာရွိငယ္မ်ား အျပန္အလွန္သြားေရာက္၍ ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္ေရး၊ ေဆးဘက္ဆုိင္ရာ သုေတသနျပဳေရး၊ ေဆးကုသေရးတုိ႔တြင္ ပူးေပါင္းေဆာင္ရြက္မႈျမႇင့္တင္ေရး၊ ယဥ္ေက်းမႈႏွင့္အားကစားအဖြဲ႕မ်ား အျပန္အလွန္ ခ်စ္ၾကည္ေရးခရီးစဥ္မ်ားေစလႊတ္ေရး၊ ေဒသတြင္းလုံၿခဳံေရးႏွင့္ အၾကမ္းဖက္မႈ တားဆီးကာကြယ္ေရးအတြက္ ေထာက္လွမ္းေရးသတင္းမ်ား ဖလွယ္ေရး၊ ဆက္သြယ္ေရးက႑အား ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား က်ယ္က်ယ္ျပန္႔ျပန္႔ အရွိန္အဟုန္ျမႇင့္တင္ လုပ္ေဆာင္ေရးတုိ႔အား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗီယက္နမ္ႏုိင္ငံ ကာကြယ္ေရး၀န္ႀကီးတို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ ၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ ၂၀၁၇ ခုႏွစ္၊ မတ္လအတြင္းက ဗီယက္နမ္ဆုိရွယ္လစ္သမၼတႏုိင္ငံသုိ႔ ကာကြယ္ေရး၀န္ႀကီး H.E. General Ngo Xuan Lich ၏ ဖိတ္ၾကားခ်က္အရ ခ်စ္ၾကည္ေရးခရီးသြားေရာက္ခဲ့ၿပီး အဆုိပါခရီးစဥ္အတြင္း ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၏ ဖိတ္ၾကားခ်က္အရ General Ngo Xuan Lich သည္ ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံသို႔ ယခုခ်စ္ၾကည္ေရးခရီး လာေရာက္ျခင္းျဖစ္ပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။