တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ သင်တန်းအမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ၊ မတ် – ၅

ယနေ့ခေတ် နိုင်ငံတော်ကာကွယ်ရေးဆိုရာတွင် လက်နက်အင်အားနှင့် ကျူးကျော်တိုက်ခိုက်သည့် စစ်ရေး နည်းလမ်းသာမက နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးစသည့် နည်းလမ်း ပေါင်းစုံနှင့် Multi Dimensional Warfare အသွင်ဆောင်သည့်ထိုးနှက်တိုက်ခိုက်မှုများ လုပ်ဆောင် နေကြောင်း၊ နိုင်ငံကာကွယ်ရေးတွင် စစ်ရေးသို့မဟုတ် တပ်မတော်၏ကဏ္ဍသည် နောက်ဆုံးခံစစ် စည်းဖြစ် သည့်အတွက် ကာကွယ်ရေးကဏ္ဍကို အမြင်ကျယ်ပြန့်စွာဖြင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်၌ ကျင်းပပြုလုပ်သော နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲ အခမ်းအနား၌ သင်တန်းဆင်းမိန့်ခွန်း ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ တပ်မတော် အရာရှိကြီးများ၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် သင်တန်းသား အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းဆင်းအရာရှိကြီးများအား သင်တန်းဆင်းလက်မှတ်များကို တစ်ဦးချင်းပေးအပ် ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ယနေ့ခေတ် မိမိတို့နိုင်ငံအပါအဝင်နိုင်ငံအသီးသီးသည် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဖော်ဆောင်ရာတွင် ကမ္ဘာ့နိုင်ငံ များ၊ အဖွဲ့အစည်းများစသည့် ကမ္ဘာ့မိသားစုအသိုင်းအဝိုင်းနှင့် ယခင်ကထက် ပိုမိုထိတွေ့ဆက်ဆံ လာကြသောကြောင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်သည် ကျယ်ဝန်းလာပြီး လုံခြုံရေးနှင့်စစ်ရေးကိစ္စများ ပါဝင်သည့် ကာကွယ်ရေးကဏ္ဍသည်လည်း ပိုမိုအရေးပါလာတာကိုတွေ့ရမည်ဖြစ် ကြောင်း၊ ယနေ့ ကမ္ဘာ့ဖြစ်ရပ်များအရ ကာကွယ်ရေးစွမ်းပကားမြင့်မားမှုအရေးပါလာသည်ကို တွေ့ရကြောင်း၊ မျက်မှောက် ကာလ ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်များကို လေ့လာကြည့်မည်ဆိုပါက အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများ၊ အင်အားငယ်နိုင်ငံများအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများ၊ ပိုင်နက်နယ် မြေအငြင်းပွားမှုများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ၊ ပြည်တွင်းရေးမငြိမ်မသက်မှုများသည် ကမ္ဘာ့နေရာ အနှံ့အပြား တွင် ဖြစ်ပွားလျက်ရှိနေကြောင်း၊ ယင်းပြဿနာများကို ရင်ဆိုင်ဖြေရှင်းရာတွင် အချို့ဒေသများ၌ မိမိနိုင်ငံ၏ပြည်တွင်းရေးပဋိပက္ခများမှ ဒေသတွင်းပဋိပက္ခအခြေအနေများ ဖြစ်ပေါ်လာသည်ကို တွေ့မြင် ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုသည် နိုင်ငံအလိုက်အင်အားစုရရှိရေး ဒေသဆိုင်ရာအဖွဲ့ အစည်းများ ဖွဲ့စည်း၍ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည့် ကဏ္ဍများတွင် အဖွဲ့အစည်းအလိုက် ပူးပေါင်းဆောင် ရွက်လာကြသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း၊ သို့သော် ယနေ့နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် နိုင်ငံ အသီးသီးသည် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား National Interest အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဦးစားပေးလုပ်ဆောင်လေ့ရှိသည်ကို သတိပြုကြရမည်ဖြစ် ကြောင်း။

ယင်းသို့လုပ်ဆောင်ရာတွင် ယနေ့တစ်ကမ္ဘာလုံးက အာရုံစိုက်မှုပိုမိုများပြားလာသည့် အင်ဒို-ပစိဖိတ်ဒေသ နှင့်ပတ်သက်၍ အဆိုပါဒေသသည် ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံများ၊ စီးပွားရေးအင်အားကြီးနိုင်ငံများ၊ ဒီမိုကရေစီထွန်းကားသည့် နိုင်ငံများနှင့် တရုတ် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှားစသော လူဦးရေများပြားသည့်နိုင်ငံများ တည်ရှိနေသောကြောင့် ယနေ့နိုင်ငံတကာရေးရာတွင် အာရုံစိုက်အခံရဆုံးနှင့် အရေးပါဆုံး ဒေသအဖြစ် ရောက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ်ဒေသကို အင်ဒို-ပစိဖိတ်ဒေသအဖြစ် ကျယ်ပြန့်စွာသတ်မှတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံများ၏ ပထဝီနိုင်ငံရေး နှင့်စစ်ရေး အားပြိုင်ရာနေရာအဖြစ် ပြောင်းလဲလာသည်ကိုပါ တွေ့ရှိရမည်ဖြစ်ကြောင်း။

အင်ဒို-ပစိဖိတ်ဒေသတွင် မိမိနိုင်ငံအပါအဝင်အာဆီယံနိုင်ငံများသည် ပထဝီ အနေအထားအရ အရေးပါပြီး အဓိကကျသည့်ဒေသဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ နိုင်ငံသည် အာဆီယံနှင့်တောင်အာရှဒေသကြား ပေါင်းကူးပေးနိုင်သောနေရာတွင် တည်ရှိသည့်အပြင် ပထဝီအနေအထားအရ မဟာဗျူဟာ အချက် အခြာကျသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ယခုအချိန်တွင် ပြည်သူများက ရွေးချယ်သည့်ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး တပ်မတော်အနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ခေတ် အဆက်ဆက်နိုင်ငံရေးဦးဆောင်မှုများကို ဆောင်ရွက်ခဲ့ရကြောင်း၊ ၁၉၈၈ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော် တာဝန်အရပ်ရပ်ကို ထမ်းဆောင်နေချိန်၌ နိုင်ငံရေးအရ၊ စီးပွား ရေးအရ၊ တိုင်းရင်းသားအရေးအရ၊ အမျိုး ဘာသာ သာသနာအရအမြင်မတူဘဲ သဘောထားကွဲလွဲမှုများရှိခဲ့ကြပြီး ပြည်ပနိုင်ငံများမှလည်း ပိတ်ဆို့မှု အမျိုးမျိုးရှိခဲ့သည့်အတွက် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ ၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီး ပြည်သူများက လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်အောင်တည်ဆောက်ပေးနိုင်ခဲ့ကြောင်း။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ရေးဆွဲစဉ်အချိန်က အခြေအနေ အချိန်အခါနှင့်အကိုက်ညီဆုံး၊ မြန်မာနိုင်ငံ၏သမိုင်း၊ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများ အပေါ်တွင် အလေးထားစဉ်းစားရေးဆွဲခဲ့ခြင်းဖြစ်ပြီး အခြေအနေအချိန်အခါနှင့်မကိုက်ညီမှုများရှိပါက သင့်လျော်သလိုပြုပြင်သွားရမည်ဖြစ်ကြောင်း၊ သို့သော် ဒီမိုကရေစီနှင့်လူ့အခွင့် အရေးကိုအကြောင်းပြပြီး နိုင်ငံရေးအရ အသုံးချခံရခြင်းမဖြစ်အောင် ချင့်ချိန်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း။

၂၀၁၁ ခုနှစ်တွင် ရွေးကောက်ခံအစိုးရကို စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး တပ်မတော်သည်နိုင်ငံတော်ကို လုံခြုံရေးအရတည်ငြိမ်အေးချမ်းရေး၊ နိုင်ငံရေးအရ တည်ငြိမ် အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင်တက်လာသည့် အစိုးရအဖွဲ့လက်ထက်တွင်လည်း ဒီမိုကရေစီလမ်းကြောင်း ယိမ်းယိုင်မသွားစေရန်နှင့် စနစ်တကျဖြစ်စေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ယင်းသည် နိုင်ငံတော်အတွက် သမိုင်းကြောင်းအရ တောင်းဆိုချက်ဖြစ်သော အမျိုးသားနိုင်ငံရေးကို လုပ်ဆောင်နေခြင်းဖြစ်ပြီး တပ်မတော်အနေနှင့် နိုင်ငံ့အရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက်ကိုသာ ရှေ့ရှုဆောင်ရွက်နေခြင်းဖြစ် ကြောင်း။

နိုင်ငံတစ်ခုတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားဟူ၍ မောင်းနှင်အား သုံးခုရှိပြီး နိုင်ငံရေးမောင်းနှင်အားနှင့်စီးပွားရေး မောင်းနှင်အားတွင် စီးပွားရေးမောင်းနှင်အားက ပို၍အရေးပါကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်မှသာလျှင် ပြည်သူ့အကျိုးစီးပွား၊ နိုင်ငံ့အကျိုး စီးပွားတိုးတက်မည်ဖြစ်ပြီး နိုင်ငံသာယာဝပြောမှုကိုဖြစ်စေသဖြင့် နိုင်ငံတည်ငြိမ်မှုကို များစွာအထောက် အကူပြုသော ကြောင့် စီးပွားရေးမောင်းနှင်အားကောင်းအောင် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ အူမ တောင့်မှ သီလစောင့်နိုင်သည်ဆိုသည့် မြန်မာစကားပုံရှိသည်ကို မမေ့ရန်လိုကြောင်း၊ မိမိ တို့နိုင်ငံသည် သင့်တင့်သည့်ရေမြေသဘာဝနှင့်မျှတသည့်လူဦးရေရှိသည့်နိုင်ငံဖြစ်ပြီး နိုင်ငံ့ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင်နေထိုင်ကြကြောင်း၊ လက်ရှိစီးပွားရေးအခြေအနေအရ ကျေးလက်ဒေသမှ အလုပ်လုပ် နိုင်သူများသည် လုပ်အားခ ပိုရသည့် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်နေကြသည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ကုန်ထုတ်လုပ်ငန်းများတွင် လုပ်အားရှားပါးသည့်အခက်အခဲနှင့်ကြုံတွေ့နေကြရ ကြောင်း၊ ထို့ကြောင့်လည်း ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိနိုင်မည့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစား ပေးဆောင်ရွက် ပေးသွားကြရန် လိုအပ်မည်ဖြစ်ကြောင်း။

စျေးကွက်စီးပွားရေးစနစ် ပီပြင်ကောင်းမွန်မှုရှိရန် စီးပွားရေးကိုအဓိကအထောက် အကူဖြစ်စေသည့် ကုန်ထုတ်ပမာဏကြီးပွားတိုးတက်စေရေးအတွက် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေးအားပေးလုပ်ဆောင်ရန်၊ ထုတ်ကုန်များ ပြည်တွင်းပြည်ပစျေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိရန်၊ မိမိနိုင်ငံ၏အခြေခံစီးပွားရေး လုပ်ငန်းဖြစ် သည့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် SME လုပ်ငန်းများကို ခေတ်မီနည်းစနစ်များနှင့် တိုးမြှင့်လုပ်ဆောင် ရေးအားပေးရန်လိုအပ်ကြောင်း၊ စျေးကွက်စီးပွားရေးစနစ်ဖော်ဆောင်ကျင့်သုံးရာတွင် နိုင်ငံတစ်နိုင်ငံ၊ စျေးကွက် တစ်ခုတည်းကိုသာ အမှီပြုဆောင်ရွက်ခြင်းကို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံ့ထုတ် ကုန်တိုးတက်မှု၊ ပြည်ပမှသွင်းကုန်ပမာဏများပြားပြီး ကုန်သွယ်ရေး လိုငွေပြမှု၊ ငွေကြေးဖောင်းပွမှု၊ ဘတ်ဂျက် လိုငွေပြမှုအခြေအနေများ၊ သွင်းကုန်အစားထိုး ထုတ်ကုန် ထုတ်လုပ်မှု၊ ဒေသအလိုက် ထုတ်ကုန်ထုတ်လုပ်နိုင်မှု ( One Village, One Product) ပုံစံ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း၊ ရွှေစျေးအပါအဝင် ကုန်စျေးနှုန်းကြီးမြင့် ပြောင်းလဲ လာမှုအခြေအနေများကိုလည်း ထည့်သွင်းသုံးသပ်ရန်လိုအပ်မည်ဖြစ်ကြောင်း။

ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် လုပ်ခလစာမြှင့်တင်ဖြေရှင်းမှုသည် သဘာဝမကျ ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်သည့်အခွန်များပြည့်ဝစွာရရှိခြင်းနှင့်နိုင်ငံ့ဝင်ငွေတိုးတက် အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခွန် ထမ်း ပြည်သူများ မချိတင်ကဲဖြစ်စေမည့် အခွန်နှုန်း မြှင့်တင်ခြင်းထက် အခွန်ဆောင်ရန် လိမ်လည် ရှောင်လွှဲနေသူများကို ဖော်ထုတ်ဆောင် ရွက်ရမည်ဖြစ်ပြီး အခွန်ထမ်းပြည်သူများ အခွန်ထမ်းနိုင်အောင် အဆင့်ဆင့်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ဘတ်ဂျက်လိုငွေ လျော့သွားအောင် ကြိုးပမ်းရမည် ဖြစ်ပြီး Demand နှင့် Supply မျှတအောင်ကြိုးစားခြင်းဖြင့် ကုန်စျေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်ရမည်ဖြစ်ကာ ကုန်ထုတ်အင်အားစုများ လုပ်နိုင်ကိုင်နိုင်အောင် ကူညီပေး ရမည်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်စီးပွားရေးကောင်းမွန်ရေးအတွက် လျှပ်စစ် ဓာတ်အား၊ သယ်ယူပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးစနစ်များ ကောင်းမွန်ရန်လိုအပ်သကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးသည် လည်း အလွန်အရေးကြီးသည့်အခန်းကဏ္ဍ ပင်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် အဖြစ်တည်ဆောက်ရာတွင် အသိပညာ တစ်ခုတည်းနှင့်တည်ဆောက်၍ မရသကဲ့သို့ အတတ်ပညာ တစ်ခုနှင့် လည်း တည်ဆောက်၍ မရနိုင်သည့်အတွက် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ် များ မွေးထုတ်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍနှင့် လူသားအရင်းအမြစ်ကဏ္ဍများသည် စီးပွားရေး မောင်းနှင်အား ကောင်းမွန်ရေးအတွက် အရေးကြီးသည့်ကဏ္ဍများဖြစ်သည့်အတွက် ယင်း ကဏ္ဍများ တိုးတက်ကောင်းမွန် အောင်စဉ်ဆက်မပြတ်လုပ်ဆောင်ရန်လိုအပ်ကြောင်း။

ယနေ့ခေတ် နိုင်ငံတော်ကာကွယ်ရေးဆိုရာတွင် လက်နက်အင်အားနှင့်ကျူးကျော် တိုက်ခိုက်သည့် စစ်ရေး နည်းလမ်းသာမက နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးစသည့် နည်းလမ်းပေါင်းစုံနှင့် Multi Dimensional Warfare အသွင်ဆောင်သည့်ထိုးနှက်တိုက်ခိုက်မှုများ လုပ်ဆောင် နေကြောင်း၊ မိမိတို့နိုင်ငံ နိုင်ငံရေးအရဖိအားပေးခံနေရခြင်းသည် လက်တွေ့သက်သေပင်ဖြစ်သည့်အတွက် ယင်း အခြေအနေများကို ရင်ဆိုင်နိုင်ရေးအတွက် ဘက်ပေါင်းစုံက စဉ်းစားဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ နိုင်ငံကာကွယ်ရေးတွင် စစ်ရေး သို့မဟုတ် တပ်မတော်၏ကဏ္ဍသည် နောက်ဆုံး ခံစစ်စည်းဖြစ်သည့်အတွက် ကာကွယ်ရေးကဏ္ဍကို အမြင်ကျယ်ပြန့်စွာဖြင့်ဆောင်ရွက်ရ မည် ဖြစ်ကြောင်း။

နိုင်ငံတော်ကာကွယ်ရေးတွင် တပ်မတော်သည် ပြည်သူနှင့်ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ပြီး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက် မှုများကို တပ်မတော်က လိုအပ်သည့် နေရာတွင် ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့စွမ်းရည်နှင့် စွမ်းအားမြင့် မားရေးကိုလည်း အလေးထားဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ဆိုသည်မှာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် တွဲဖက်မှသာလျှင် အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးဖြစ်စဉ်တွင် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအနေနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ပေါ်ပေါက်လာစေရေး အတွက် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်တိုင်းတွင် အစိုးရနှင့်ပြည်သူ အပြန်အလှန် ယုံကြည်လေးစားမှုရှိခြင်း၊ တရားဥပဒေစိုးမိုးမှု ( Rule of Law) ခိုင်မာအားကောင်းခြင်း၊ ပွင့်လင်းမြင်သာမှု ( Transparency) ရှိခြင်း၊ အဂတိတရားနှင့်လာဘ်ပေးလာဘ်ယူ ကင်းခြင်း၊ မဏ္ဍိုင်ကြီးသုံးရပ် အပြန်အလှန်အထောက် အကူပြုမှု အားကောင်းခြင်း၊ အစိုးရယန္တရားတွင် မလိုအပ်ဘဲ ကြန့်ကြာရှုပ်ထွေးစေနိုင်သော ဗျူရိုကရေစီလုပ် ထုံးလုပ် နည်းများကို လျှော့ချနိုင်ခြင်း စသည့်အင်္ဂါရပ်များပြည့်စုံကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ စီမံ ခန့်ခွဲသည့်နေရာ၊ ဦးဆောင်သည့်နေရာတွင် စည်းမျဉ်းဥပဒေများနှင့်အညီ ဆောင်ရွက်ရ ကြောင်း၊ ပြဌာန်းထားသည့်စည်းမျဉ်းဥပဒေကို မလိုက်နာဘဲ ကျော်လွန်လုပ်ဆောင်ပါက ဥပဒေကို ချိုးဖောက်ခြင်း ပင်ဖြစ်ပြီး ဒီမိုကရေစီကိုပျက်ရယ်ပြုသည်နှင့်တူကြောင်း၊ စစ်တိုက် သည့်နေရာတွင် အမိန့်နှင့်တိုက်ရ သည်နှင့်အုပ်ချုပ်စီမံခန့်ခွဲသည့်နေရာတွင် ဥပဒေ စည်းမျဉ်းနှင့်လုပ်ရခြင်းကို ခွဲခြားနားလည်ရမည်ဖြစ်ကြောင်း၊ ယင်းကို ခေါင်းဆောင်များက ပိုမိုထိန်းသိမ်းရမည်ဖြစ်ပြီး ငါလုပ်လျှင်ရသည်ဆိုသည့် ဥပဒေအပေါ်တွင် ကျော်လွန် လုပ်ဆောင်ခြင်းမျိုးမဖြစ်ရန်လိုကြောင်း။

၂၀၂၀ ပြည့်နှစ်သည် နိုင်ငံတော်အတွက်အရေးကြီးသည့်အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည့်နှစ်ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးလုပ်ငန်း စဉ်များအောင်မြင်ရန် အရှိန်အဟုန်မြှင့်လုပ် ဆောင်ရမည့်ကာလလည်းဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးနှင့်ပြည်ပ အကြမ်းဖက်မှု အန္တရာယ်များ ကာကွယ်ရာတွင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအကြောင်းပြချက်နှင့်နိုင်ငံတကာက ဖိအားပေးမှု များရှိလာနိုင်သည့်အတွက် ၂၀၂၀ ပြည့်နှစ်သည် နိုင်ငံတော်၊ တပ်မတော်နှင့်ပြည်သူလူထု အတွက် စိန်ခေါ်မှုများ တွေ့ကြုံရမည့်နှစ် တစ်နှစ်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်၏လက်ရှိ ပကတိအနေအထားအရ ပြည်သူလူထုကရွေးချယ်ထားသည့်ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးအတွက် တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာပြုလုပ်ပေးနိုင်ရန်လိုအပ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမဖြစ်ပါက အနာဂတ် ဒီမိုကရေစီလျှောက်လှမ်းရေးတွင် အခက်အခဲဖြစ်လာနိုင်ကြောင်း၊ ရွေးကောက်ပွဲတရားမျှတစွာ ပြီးမြောက်အောင်မြင်စေရန် နိုင်ငံတော်တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေးသည် မရှိမဖြစ်လိုအပ်သည့်အတွက် တပ်မတော်အနေဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးရန်လိုအပ်ကြောင်း၊ အနာဂတ် နိုင်ငံရေးတွင် နိုင်ငံတော်လျှောက်လှမ်းနေသည့်ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် တည်တည်ငြိမ်ငြိမ်နှင့် လျှောက်လှမ်းနိုင်ရေးအတွက် နိုင်ငံရေးအရ တည်ငြိမ် အေးချမ်းရန်လိုအပ်သကဲ့သို့ လုံခြုံရေးအရလည်း တည်ငြိမ်အေးချမ်းရန်လိုအပ်ကြောင်း။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ မဟာဝိဇ္ဇာ(ကာကွယ်ရေးပညာ)ဘွဲ့အပ်နှင်း လိုက်ခြင်းဖြစ်သဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေးနှင့်နိုင်ငံတကာ ဆက်ဆံရေးအမြင်များ ပေါင်းစည်းထားသည့် တွေးခေါ်ယူဆချက်များကို လေ့လာရုံအဆင့်သာမက နိုင်ငံတော်အတွက် လက်တွေ့နယ်ပယ်၌လည်း အသုံးချနိုင်သည်အထိ လေ့လာ ဆည်းပူးသွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

(Unicode Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္၊ သင္တန္းအမွတ္စဥ္(၁၈) သင္တန္းဆင္းပြဲအခမ္းအနားသို႔ တက္ေရာက္

ေနျပည္ေတာ္ ၊ မတ္ – ၅

ယေန႔ေခတ္ ႏိုင္ငံေတာ္ကာကြယ္ေရးဆိုရာတြင္ လက္နက္အင္အားႏွင့္ က်ဴးေက်ာ္တိုက္ခိုက္သည့္ စစ္ေရး နည္းလမ္းသာမက ႏိုင္ငံေရး၊ စီးပြားေရး၊ သံတမန္ေရး၊ လူမႈေရး၊ ယဥ္ေက်းမႈ၊ ဘာသာေရးစသည့္ နည္းလမ္း ေပါင္းစုံႏွင့္ Multi Dimensional Warfare အသြင္ေဆာင္သည့္ထိုးႏွက္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ ေနေၾကာင္း၊ ႏိုင္ငံကာကြယ္ေရးတြင္ စစ္ေရးသို႔မဟုတ္ တပ္မေတာ္၏က႑သည္ ေနာက္ဆုံးခံစစ္ စည္းျဖစ္ သည့္အတြက္ ကာကြယ္ေရးက႑ကို အျမင္က်ယ္ျပန႔္စြာျဖင့္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္၊ ႏိုင္ငံေတာ္ ကာကြယ္ေရးတကၠသိုလ္၌ က်င္းပျပဳလုပ္ေသာ ႏိုင္ငံေတာ္ ကာကြယ္ေရးတကၠသိုလ္ သင္တန္းအမွတ္စဥ္(၁၈) သင္တန္းဆင္းပြဲ အခမ္းအနား၌ သင္တန္းဆင္းမိန႔္ခြန္း ေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။
အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ နယ္စပ္ ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ႏိုင္ငံေတာ္ ကာကြယ္ေရးတကၠသိုလ္ေက်ာင္းအုပ္ႀကီးႏွင့္ သင္တန္းသား အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သင္တန္းဆင္းအရာရွိႀကီးမ်ားအား သင္တန္းဆင္းလက္မွတ္မ်ားကို တစ္ဦးခ်င္းေပးအပ္ ခ်ီးျမႇင့္သည္။
ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သင္တန္းဆင္းအမွာစကား ေျပာၾကားရာတြင္ ယေန႔ေခတ္ မိမိတို႔ႏိုင္ငံအပါအဝင္ႏိုင္ငံအသီးသီးသည္ မိမိႏိုင္ငံ၏ အမ်ိဳးသားအက်ိဳးစီးပြားေဖာ္ေဆာင္ရာတြင္ ကမာၻ႔ႏိုင္ငံ မ်ား၊ အဖြဲ႕အစည္းမ်ားစသည့္ ကမာၻ႔မိသားစုအသိုင္းအဝိုင္းႏွင့္ ယခင္ကထက္ ပိုမိုထိေတြ႕ဆက္ဆံ လာၾကေသာေၾကာင့္ ႏိုင္ငံတကာဆက္ဆံေရးနယ္ပယ္သည္ က်ယ္ဝန္းလာၿပီး လုံၿခဳံေရးႏွင့္စစ္ေရးကိစၥမ်ား ပါဝင္သည့္ ကာကြယ္ေရးက႑သည္လည္း ပိုမိုအေရးပါလာတာကိုေတြ႕ရမည္ျဖစ္ ေၾကာင္း၊ ယေန႔ ကမာၻ႔ျဖစ္ရပ္မ်ားအရ ကာကြယ္ေရးစြမ္းပကားျမင့္မားမႈအေရးပါလာသည္ကို ေတြ႕ရေၾကာင္း၊ မ်က္ေမွာက္ ကာလ ကမာၻ႔ႏိုင္ငံေရးျဖစ္စဥ္မ်ားကို ေလ့လာၾကည့္မည္ဆိုပါက အင္အားႀကီးႏိုင္ငံမ်ား၏ အားၿပိဳင္မႈမ်ား၊ အင္အားငယ္ႏိုင္ငံမ်ားအေပၚ ႏိုင္ငံေရး၊ စီးပြားေရး၊ စစ္ေရးအရ ဝင္ေရာက္စြက္ဖက္မႈမ်ား၊ ပိုင္နက္နယ္ ေျမအျငင္းပြားမႈမ်ား၊ အၾကမ္းဖက္ တိုက္ခိုက္မႈမ်ား၊ ျပည္တြင္းေရးမၿငိမ္မသက္မႈမ်ားသည္ ကမာၻ႔ေနရာ အႏွံ႔အျပား တြင္ ျဖစ္ပြားလ်က္ရွိေနေၾကာင္း၊ ယင္းျပႆနာမ်ားကို ရင္ဆိုင္ေျဖရွင္းရာတြင္ အခ်ိဳ႕ေဒသမ်ား၌ မိမိႏိုင္ငံ၏ျပည္တြင္းေရးပဋိပကၡမ်ားမွ ေဒသတြင္းပဋိပကၡအေျခအေနမ်ား ျဖစ္ေပၚလာသည္ကို ေတြ႕ျမင္ ရမည္ျဖစ္ေၾကာင္း၊ ကမာၻ႔ႏိုင္ငံအမ်ားစုသည္ ႏိုင္ငံအလိုက္အင္အားစုရရွိေရး ေဒသဆိုင္ရာအဖြဲ႕ အစည္းမ်ား ဖြဲ႕စည္း၍ ႏိုင္ငံေရး၊ စီးပြားေရး၊ ယဥ္ေက်းမႈ စသည့္ က႑မ်ားတြင္ အဖြဲ႕အစည္းအလိုက္ ပူးေပါင္းေဆာင္ ႐ြက္လာၾကသည္ကိုလည္း ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ သို႔ေသာ္ ယေန႔ႏိုင္ငံတကာဆက္ဆံေရးနယ္ပယ္တြင္ ႏိုင္ငံ အသီးသီးသည္ မိမိႏိုင္ငံ၏ အမ်ိဳးသားအက်ိဳးစီးပြား National Interest အေပၚတြင္သာ ခိုင္ခိုင္မာမာ ရပ္တည္ၿပီး ဦးစားေပးလုပ္ေဆာင္ေလ့ရွိသည္ကို သတိျပဳၾကရမည္ျဖစ္ ေၾကာင္း။

ယင္းသို႔လုပ္ေဆာင္ရာတြင္ ယေန႔တစ္ကမာၻလုံးက အာ႐ုံစိုက္မႈပိုမိုမ်ားျပားလာသည့္ အင္ဒို-ပစိဖိတ္ေဒသ ႏွင့္ပတ္သက္၍ အဆိုပါေဒသသည္ ကမာၻ႔စစ္အင္အားႀကီးႏိုင္ငံမ်ား၊ စီးပြားေရးအင္အားႀကီးႏိုင္ငံမ်ား၊ ဒီမိုကေရစီထြန္းကားသည့္ ႏိုင္ငံမ်ားႏွင့္ တ႐ုတ္ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္၊ အင္ဒိုနီးရွားစေသာ လူဦးေရမ်ားျပားသည့္ႏိုင္ငံမ်ား တည္ရွိေနေသာေၾကာင့္ ယေန႔ႏိုင္ငံတကာေရးရာတြင္ အာ႐ုံစိုက္အခံရဆုံးႏွင့္ အေရးပါဆုံး ေဒသအျဖစ္ ေရာက္ရွိေနသည္ကို ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ အာရွ-ပစိဖိတ္ေဒသကို အင္ဒို-ပစိဖိတ္ေဒသအျဖစ္ က်ယ္ျပန႔္စြာသတ္မွတ္ခဲ့ၿပီး ကမာၻ႔ႏိုင္ငံမ်ား၏ ပထဝီႏိုင္ငံေရး ႏွင့္စစ္ေရး အားၿပိဳင္ရာေနရာအျဖစ္ ေျပာင္းလဲလာသည္ကိုပါ ေတြ႕ရွိရမည္ျဖစ္ေၾကာင္း။

အင္ဒို-ပစိဖိတ္ေဒသတြင္ မိမိႏိုင္ငံအပါအဝင္အာဆီယံႏိုင္ငံမ်ားသည္ ပထဝီ အေနအထားအရ အေရးပါၿပီး အဓိကက်သည့္ေဒသျဖစ္ေနသည္ကို ေတြ႕ရွိရေၾကာင္း၊ မိမိတို႔ ႏိုင္ငံသည္ အာဆီယံႏွင့္ေတာင္အာရွေဒသၾကား ေပါင္းကူးေပးႏိုင္ေသာေနရာတြင္ တည္ရွိသည့္အျပင္ ပထဝီအေနအထားအရ မဟာဗ်ဴဟာ အခ်က္ အျခာက်သည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေၾကာင္း၊ ယခုအခ်ိန္တြင္ ျပည္သူမ်ားက ေ႐ြးခ်ယ္သည့္ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္း ေပၚတြင္ ေလွ်ာက္လွမ္းလ်က္ရွိၿပီး တပ္မေတာ္အေနျဖင့္ လြတ္လပ္ေရးရရွိၿပီးခ်ိန္မွစ၍ ေခတ္ အဆက္ဆက္ႏိုင္ငံေရးဦးေဆာင္မႈမ်ားကို ေဆာင္႐ြက္ခဲ့ရေၾကာင္း၊ ၁၉၈၈ ခုႏွစ္တြင္ တပ္မေတာ္က ႏိုင္ငံေတာ္ တာဝန္အရပ္ရပ္ကို ထမ္းေဆာင္ေနခ်ိန္၌ ႏိုင္ငံေရးအရ၊ စီးပြား ေရးအရ၊ တိုင္းရင္းသားအေရးအရ၊ အမ်ိဳး ဘာသာ သာသနာအရအျမင္မတူဘဲ သေဘာထားကြဲလြဲမႈမ်ားရွိခဲ့ၾကၿပီး ျပည္ပႏိုင္ငံမ်ားမွလည္း ပိတ္ဆို႔မႈ အမ်ိဳးမ်ိဳးရွိခဲ့သည့္အတြက္ အခက္အခဲမ်ားစြာ ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရေၾကာင္း၊ ၂၀၀၈ ခုႏွစ္၊ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ေရးဆြဲျပ႒ာန္းၿပီး ျပည္သူမ်ားက လိုလားသည့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚကို ေရာက္ေအာင္တည္ေဆာက္ေပးႏိုင္ခဲ့ေၾကာင္း။

၂၀၀၈ ခုႏွစ္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒသည္ ေရးဆြဲစဥ္အခ်ိန္က အေျခအေန အခ်ိန္အခါႏွင့္အကိုက္ညီဆုံး၊ ျမန္မာႏိုင္ငံ၏သမိုင္း၊ ယဥ္ေက်းမႈထုံးတမ္းအစဥ္အလာမ်ား အေပၚတြင္ အေလးထားစဥ္းစားေရးဆြဲခဲ့ျခင္းျဖစ္ၿပီး အေျခအေနအခ်ိန္အခါႏွင့္မကိုက္ညီမႈမ်ားရွိပါက သင့္ေလ်ာ္သလိုျပဳျပင္သြားရမည္ျဖစ္ေၾကာင္း၊ သို႔ေသာ္ ဒီမိုကေရစီႏွင့္လူ႔အခြင့္ အေရးကိုအေၾကာင္းျပၿပီး ႏိုင္ငံေရးအရ အသုံးခ်ခံရျခင္းမျဖစ္ေအာင္ ခ်င့္ခ်ိန္ေဆာင္႐ြက္ သြားရန္လိုအပ္ေၾကာင္း။

၂၀၁၁ ခုႏွစ္တြင္ ေ႐ြးေကာက္ခံအစိုးရကို စနစ္တက်လႊဲေျပာင္းေပးခဲ့ၿပီး တပ္မေတာ္သည္ႏိုင္ငံေတာ္ကို လုံၿခဳံေရးအရတည္ၿငိမ္ေအးခ်မ္းေရး၊ ႏိုင္ငံေရးအရ တည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးကိစၥမ်ားတြင္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ၂၀၁၆ ခုႏွစ္တြင္တက္လာသည့္ အစိုးရအဖြဲ႕လက္ထက္တြင္လည္း ဒီမိုကေရစီလမ္းေၾကာင္း ယိမ္းယိုင္မသြားေစရန္ႏွင့္ စနစ္တက်ျဖစ္ေစေရးအတြက္ ကူညီေဆာင္႐ြက္ေပးလ်က္ရွိ ေၾကာင္း၊ ယင္းသည္ ႏိုင္ငံေတာ္အတြက္ သမိုင္းေၾကာင္းအရ ေတာင္းဆိုခ်က္ျဖစ္ေသာ အမ်ိဳးသားႏိုင္ငံေရးကို လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး တပ္မေတာ္အေနႏွင့္ ႏိုင္ငံ့အေရး၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ တည္ၿငိမ္ ေအးခ်မ္းေရးအတြက္ကိုသာ ေရွ႕ရႈေဆာင္႐ြက္ေနျခင္းျဖစ္ ေၾကာင္း။

ႏိုင္ငံတစ္ခုတြင္ ႏိုင္ငံေရးေမာင္းႏွင္အား၊ စီးပြားေရးေမာင္းႏွင္အားႏွင့္ ကာကြယ္ေရးေမာင္းႏွင္အားဟူ၍ ေမာင္းႏွင္အား သုံးခုရွိၿပီး ႏိုင္ငံေရးေမာင္းႏွင္အားႏွင့္စီးပြားေရး ေမာင္းႏွင္အားတြင္ စီးပြားေရးေမာင္းႏွင္အားက ပို၍အေရးပါေၾကာင္း၊ စီးပြားေရးေမာင္းႏွင္အား ေကာင္းမြန္မွသာလွ်င္ ျပည္သူ႔အက်ိဳးစီးပြား၊ ႏိုင္ငံ့အက်ိဳး စီးပြားတိုးတက္မည္ျဖစ္ၿပီး ႏိုင္ငံသာယာဝေျပာမႈကိုျဖစ္ေစသျဖင့္ ႏိုင္ငံတည္ၿငိမ္မႈကို မ်ားစြာအေထာက္ အကူျပဳေသာ ေၾကာင့္ စီးပြားေရးေမာင္းႏွင္အားေကာင္းေအာင္ လုပ္ေဆာင္သြားရမည္ျဖစ္ေၾကာင္း၊ အူမ ေတာင့္မွ သီလေစာင့္ႏိုင္သည္ဆိုသည့္ ျမန္မာစကားပုံရွိသည္ကို မေမ့ရန္လိုေၾကာင္း၊ မိမိ တို႔ႏိုင္ငံသည္ သင့္တင့္သည့္ေရေျမသဘာဝႏွင့္မွ်တသည့္လူဦးေရရွိသည့္ႏိုင္ငံျဖစ္ၿပီး ႏိုင္ငံ့ လူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းသည္ ေက်းလက္ေဒသမ်ားတြင္ေနထိုင္ၾကေၾကာင္း၊ လက္ရွိစီးပြားေရးအေျခအေနအရ ေက်းလက္ေဒသမွ အလုပ္လုပ္ ႏိုင္သူမ်ားသည္ လုပ္အားခ ပိုရသည့္ ျပည္ပသို႔သြားေရာက္အလုပ္လုပ္ကိုင္ေနၾကသည့္အတြက္ စိုက္ပ်ိဳးေရး၊ ေမြးျမဴ ေရးႏွင့္ ကုန္ထုတ္လုပ္ငန္းမ်ားတြင္ လုပ္အားရွားပါးသည့္အခက္အခဲႏွင့္ႀကဳံေတြ႕ေနၾကရ ေၾကာင္း၊ ထို႔ေၾကာင့္လည္း ျပည္တြင္းတြင္ အလုပ္အကိုင္အခြင့္အလမ္းပိုမိုရရွိႏိုင္မည့္ အငယ္စား၊ အေသးစားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးကို ဦးစား ေပးေဆာင္႐ြက္ ေပးသြားၾကရန္ လိုအပ္မည္ျဖစ္ေၾကာင္း။

ေစ်းကြက္စီးပြားေရးစနစ္ ပီျပင္ေကာင္းမြန္မႈရွိရန္ စီးပြားေရးကိုအဓိကအေထာက္ အကူျဖစ္ေစသည့္ ကုန္ထုတ္ပမာဏႀကီးပြားတိုးတက္ေစေရးအတြက္ ကုန္ထုတ္လုပ္မႈ ဖြံ႕ၿဖိဳး တိုးတက္ေရးအားေပးလုပ္ေဆာင္ရန္၊ ထုတ္ကုန္မ်ား ျပည္တြင္းျပည္ပေစ်းကြက္တြင္ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိရန္၊ မိမိႏိုင္ငံ၏အေျခခံစီးပြားေရး လုပ္ငန္းျဖစ္ သည့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴ ေရးႏွင့္ SME လုပ္ငန္းမ်ားကို ေခတ္မီနည္းစနစ္မ်ားႏွင့္ တိုးျမႇင့္လုပ္ေဆာင္ ေရးအားေပးရန္လိုအပ္ေၾကာင္း၊ ေစ်းကြက္စီးပြားေရးစနစ္ေဖာ္ေဆာင္က်င့္သုံးရာတြင္ ႏိုင္ငံတစ္ႏိုင္ငံ၊ ေစ်းကြက္ တစ္ခုတည္းကိုသာ အမွီျပဳေဆာင္႐ြက္ျခင္းကို ေရွာင္ရွားရမည္ျဖစ္ေၾကာင္း၊ အလားတူ ႏိုင္ငံ့ထုတ္ ကုန္တိုးတက္မႈ၊ ျပည္ပမွသြင္းကုန္ပမာဏမ်ားျပားၿပီး ကုန္သြယ္ေရး လိုေငြျပမႈ၊ ေငြေၾကးေဖာင္းပြမႈ၊ ဘတ္ဂ်က္ လိုေငြျပမႈအေျခအေနမ်ား၊ သြင္းကုန္အစားထိုး ထုတ္ကုန္ ထုတ္လုပ္မႈ၊ ေဒသအလိုက္ ထုတ္ကုန္ထုတ္လုပ္ႏိုင္မႈ ( One Village, One Product) ပုံစံ၊ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း၊ ေ႐ႊေစ်းအပါအဝင္ ကုန္ေစ်းႏႈန္းႀကီးျမင့္ ေျပာင္းလဲ လာမႈအေျခအေနမ်ားကိုလည္း ထည့္သြင္းသုံးသပ္ရန္လိုအပ္မည္ျဖစ္ေၾကာင္း။

ကုန္ေစ်းႏႈန္းႀကီးျမင့္မႈေၾကာင့္ လုပ္ခလစာျမႇင့္တင္ေျဖရွင္းမႈသည္ သဘာဝမက် ေၾကာင္း၊ ႏိုင္ငံေတာ္အတြက္ လိုအပ္သည့္အခြန္မ်ားျပည့္ဝစြာရရွိျခင္းႏွင့္ႏိုင္ငံ့ဝင္ေငြတိုးတက္ ေအာင္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ အခြန္ ထမ္း ျပည္သူမ်ား မခ်ိတင္ကဲျဖစ္ေစမည့္ အခြန္ႏႈန္း ျမႇင့္တင္ျခင္းထက္ အခြန္ေဆာင္ရန္ လိမ္လည္ ေရွာင္လႊဲေနသူမ်ားကို ေဖာ္ထုတ္ေဆာင္ ႐ြက္ရမည္ျဖစ္ၿပီး အခြန္ထမ္းျပည္သူမ်ား အခြန္ထမ္းႏိုင္ေအာင္ အဆင့္ဆင့္ေဆာင္႐ြက္ ရမည္ျဖစ္ေၾကာင္း၊ တစ္ဖက္တြင္လည္း ဘတ္ဂ်က္လိုေငြ ေလ်ာ့သြားေအာင္ ႀကိဳးပမ္းရမည္ ျဖစ္ၿပီး Demand ႏွင့္ Supply မွ်တေအာင္ႀကိဳးစားျခင္းျဖင့္ ကုန္ေစ်းႏႈန္းတည္ၿငိမ္ေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ကာ ကုန္ထုတ္အင္အားစုမ်ား လုပ္ႏိုင္ကိုင္ႏိုင္ေအာင္ ကူညီေပး ရမည္ျဖစ္ေၾကာင္း။

ႏိုင္ငံတစ္ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္စီးပြားေရးေကာင္းမြန္ေရးအတြက္ လွ်ပ္စစ္ ဓာတ္အား၊ သယ္ယူပို႔ေဆာင္ေရး ႏွင့္ဆက္သြယ္ေရးစနစ္မ်ား ေကာင္းမြန္ရန္လိုအပ္သကဲ့သို႔ လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးတိုးတက္ ေရးသည္ လည္း အလြန္အေရးႀကီးသည့္အခန္းက႑ ပင္ျဖစ္ေၾကာင္း၊ ဖြံ႕ၿဖိဳးတိုးတက္သည့္ ႏိုင္ငံေတာ္ အျဖစ္တည္ေဆာက္ရာတြင္ အသိပညာ တစ္ခုတည္းႏွင့္တည္ေဆာက္၍ မရသကဲ့သို႔ အတတ္ပညာ တစ္ခုႏွင့္ လည္း တည္ေဆာက္၍ မရႏိုင္သည့္အတြက္ အသိပညာ၊ အတတ္ပညာႏွင့္ျပည့္စုံသည့္ လူသားအရင္းအျမစ္ မ်ား ေမြးထုတ္ေပးရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ လွ်ပ္စစ္ဓာတ္အားက႑၊ သယ္ယူ ပို႔ေဆာင္ေရးက႑၊ ဆက္သြယ္ေရးက႑ႏွင့္ လူသားအရင္းအျမစ္က႑မ်ားသည္ စီးပြားေရး ေမာင္းႏွင္အား ေကာင္းမြန္ေရးအတြက္ အေရးႀကီးသည့္က႑မ်ားျဖစ္သည့္အတြက္ ယင္း က႑မ်ား တိုးတက္ေကာင္းမြန္ ေအာင္စဥ္ဆက္မျပတ္လုပ္ေဆာင္ရန္လိုအပ္ေၾကာင္း။

ယေန႔ေခတ္ ႏိုင္ငံေတာ္ကာကြယ္ေရးဆိုရာတြင္ လက္နက္အင္အားႏွင့္က်ဴးေက်ာ္ တိုက္ခိုက္သည့္ စစ္ေရး နည္းလမ္းသာမက ႏိုင္ငံေရး၊ စီးပြားေရး၊ သံတမန္ေရး၊ လူမႈေရး၊ ယဥ္ေက်းမႈ၊ ဘာသာေရးစသည့္ နည္းလမ္းေပါင္းစုံႏွင့္ Multi Dimensional Warfare အသြင္ေဆာင္သည့္ထိုးႏွက္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ ေနေၾကာင္း၊ မိမိတို႔ႏိုင္ငံ ႏိုင္ငံေရးအရဖိအားေပးခံေနရျခင္းသည္ လက္ေတြ႕သက္ေသပင္ျဖစ္သည့္အတြက္ ယင္း အေျခအေနမ်ားကို ရင္ဆိုင္ႏိုင္ေရးအတြက္ ဘက္ေပါင္းစုံက စဥ္းစားေဆာင္႐ြက္ရမည္ျဖစ္ ေၾကာင္း၊ ႏိုင္ငံကာကြယ္ေရးတြင္ စစ္ေရး သို႔မဟုတ္ တပ္မေတာ္၏က႑သည္ ေနာက္ဆုံး ခံစစ္စည္းျဖစ္သည့္အတြက္ ကာကြယ္ေရးက႑ကို အျမင္က်ယ္ျပန႔္စြာျဖင့္ေဆာင္႐ြက္ရ မည္ ျဖစ္ေၾကာင္း။

ႏိုင္ငံေတာ္ကာကြယ္ေရးတြင္ တပ္မေတာ္သည္ ျပည္သူႏွင့္ပူးေပါင္းေဆာင္႐ြက္ ရမည္ျဖစ္ၿပီး လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးအတြက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ေဆာင္႐ြက္ မႈမ်ားကို တပ္မေတာ္က လိုအပ္သည့္ ေနရာတြင္ ဥပေဒႏွင့္အညီ ကူညီေဆာင္႐ြက္ေပးရမည္ ျဖစ္ေၾကာင္း၊ ရဲတပ္ဖြဲ႕စြမ္းရည္ႏွင့္ စြမ္းအားျမင့္ မားေရးကိုလည္း အေလးထားေဆာင္႐ြက္ ေပးရမည္ျဖစ္ေၾကာင္း၊ ဒီမိုကေရစီစနစ္ဆိုသည္မွာ ေကာင္းမြန္ေသာ အုပ္ခ်ဳပ္မႈစနစ္ႏွင့္ တြဲဖက္မွသာလွ်င္ ေအာင္ျမင္ႏိုင္မည္ ျဖစ္သည့္အတြက္ မိမိတို႔ႏိုင္ငံ၏ ဒီမိုကေရစီအသြင္ ကူးေျပာင္းေရးျဖစ္စဥ္တြင္ အုပ္ခ်ဳပ္ေရးဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈအေနႏွင့္ ေကာင္းမြန္ေသာ အုပ္ခ်ဳပ္မႈစနစ္ ေပၚေပါက္လာေစေရး အတြက္ အေလးထားေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း။

ေကာင္းမြန္ေသာအုပ္ခ်ဳပ္ေရးစနစ္တိုင္းတြင္ အစိုးရႏွင့္ျပည္သူ အျပန္အလွန္ ယုံၾကည္ေလးစားမႈရွိျခင္း၊ တရားဥပေဒစိုးမိုးမႈ ( Rule of Law) ခိုင္မာအားေကာင္းျခင္း၊ ပြင့္လင္းျမင္သာမႈ ( Transparency) ရွိျခင္း၊ အဂတိတရားႏွင့္လာဘ္ေပးလာဘ္ယူ ကင္းျခင္း၊ မ႑ိဳင္ႀကီးသုံးရပ္ အျပန္အလွန္အေထာက္ အကူျပဳမႈ အားေကာင္းျခင္း၊ အစိုးရယႏၲရားတြင္ မလိုအပ္ဘဲ ၾကန႔္ၾကာရႈပ္ေထြးေစႏိုင္ေသာ ဗ်ဴ႐ိုကေရစီလုပ္ ထုံးလုပ္ နည္းမ်ားကို ေလွ်ာ့ခ်ႏိုင္ျခင္း စသည့္အဂၤါရပ္မ်ားျပည့္စုံၾကသည္ကို ေတြ႕ရမည္ျဖစ္ေၾကာင္း၊ စီမံ ခန႔္ခြဲသည့္ေနရာ၊ ဦးေဆာင္သည့္ေနရာတြင္ စည္းမ်ဥ္းဥပေဒမ်ားႏွင့္အညီ ေဆာင္႐ြက္ရ ေၾကာင္း၊ ျပဌာန္းထားသည့္စည္းမ်ဥ္းဥပေဒကို မလိုက္နာဘဲ ေက်ာ္လြန္လုပ္ေဆာင္ပါက ဥပေဒကို ခ်ိဳးေဖာက္ျခင္း ပင္ျဖစ္ၿပီး ဒီမိုကေရစီကိုပ်က္ရယ္ျပဳသည္ႏွင့္တူေၾကာင္း၊ စစ္တိုက္ သည့္ေနရာတြင္ အမိန႔္ႏွင့္တိုက္ရ သည္ႏွင့္အုပ္ခ်ဳပ္စီမံခန႔္ခြဲသည့္ေနရာတြင္ ဥပေဒ စည္းမ်ဥ္းႏွင့္လုပ္ရျခင္းကို ခြဲျခားနားလည္ရမည္ျဖစ္ေၾကာင္း၊ ယင္းကို ေခါင္းေဆာင္မ်ားက ပိုမိုထိန္းသိမ္းရမည္ျဖစ္ၿပီး ငါလုပ္လွ်င္ရသည္ဆိုသည့္ ဥပေဒအေပၚတြင္ ေက်ာ္လြန္ လုပ္ေဆာင္ျခင္းမ်ိဳးမျဖစ္ရန္လိုေၾကာင္း။

၂၀၂၀ ျပည့္ႏွစ္သည္ ႏိုင္ငံေတာ္အတြက္အေရးႀကီးသည့္အေထြေထြေ႐ြးေကာက္ပြဲ ျပဳလုပ္မည့္ႏွစ္ျဖစ္သကဲ့သို႔ ၿငိမ္းခ်မ္းေရးႏွင့္အမ်ိဳးသားျပန္လည္စည္းလုံးညီၫြတ္ေရးလုပ္ငန္း စဥ္မ်ားေအာင္ျမင္ရန္ အရွိန္အဟုန္ျမႇင့္လုပ္ ေဆာင္ရမည့္ကာလလည္းျဖစ္ေၾကာင္း၊ ထို႔ျပင္ ျပည္တြင္းေသာင္းက်န္းမႈႏွိမ္နင္းေရးႏွင့္ျပည္ပ အၾကမ္းဖက္မႈ အႏၲရာယ္မ်ား ကာကြယ္ရာတြင္ ဒီမိုကေရစီအေရး၊ လူ႔အခြင့္အေရးအေၾကာင္းျပခ်က္ႏွင့္ႏိုင္ငံတကာက ဖိအားေပးမႈ မ်ားရွိလာႏိုင္သည့္အတြက္ ၂၀၂၀ ျပည့္ႏွစ္သည္ ႏိုင္ငံေတာ္၊ တပ္မေတာ္ႏွင့္ျပည္သူလူထု အတြက္ စိန္ေခၚမႈမ်ား ေတြ႕ႀကဳံရမည့္ႏွစ္ တစ္ႏွစ္လည္းျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္၏လက္ရွိ ပကတိအေနအထားအရ ျပည္သူလူထုကေ႐ြးခ်ယ္ထားသည့္ပါတီစုံဒီမိုကေရစီလမ္းေၾကာင္း ခိုင္မာေရးအတြက္ တရားမွ်တသည့္ အေထြေထြေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာျပဳလုပ္ေပးႏိုင္ရန္လိုအပ္ေၾကာင္း၊ လြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲမျဖစ္ပါက အနာဂတ္ ဒီမိုကေရစီေလွ်ာက္လွမ္းေရးတြင္ အခက္အခဲျဖစ္လာႏိုင္ေၾကာင္း၊ ေ႐ြးေကာက္ပြဲတရားမွ်တစြာ ၿပီးေျမာက္ေအာင္ျမင္ေစရန္ ႏိုင္ငံေတာ္တည္ၿငိမ္ေရးႏွင့္တရားဥပေဒစိုးမိုးေရးသည္ မရွိမျဖစ္လိုအပ္သည့္အတြက္ တပ္မေတာ္အေနျဖင့္ ဝိုင္းဝန္းကူညီပံ့ပိုးရန္လိုအပ္ေၾကာင္း၊ အနာဂတ္ ႏိုင္ငံေရးတြင္ ႏိုင္ငံေတာ္ေလွ်ာက္လွမ္းေနသည့္ပါတီစုံဒီမိုကေရစီလမ္းေၾကာင္း ေပၚတြင္ တည္တည္ၿငိမ္ၿငိမ္ႏွင့္ ေလွ်ာက္လွမ္းႏိုင္ေရးအတြက္ ႏိုင္ငံေရးအရ တည္ၿငိမ္ ေအးခ်မ္းရန္လိုအပ္သကဲ့သို႔ လုံၿခဳံေရးအရလည္း တည္ၿငိမ္ေအးခ်မ္းရန္လိုအပ္ေၾကာင္း။

ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မွ မဟာဝိဇၨာ(ကာကြယ္ေရးပညာ)ဘြဲ႕အပ္ႏွင္း လိုက္ျခင္းျဖစ္သျဖင့္ ႏိုင္ငံေရး၊ စီးပြားေရး၊ ကာကြယ္ေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ႏိုင္ငံတကာ ဆက္ဆံေရးအျမင္မ်ား ေပါင္းစည္းထားသည့္ ေတြးေခၚယူဆခ်က္မ်ားကို ေလ့လာ႐ုံအဆင့္သာမက ႏိုင္ငံေတာ္အတြက္ လက္ေတြ႕နယ္ပယ္၌လည္း အသုံးခ်ႏိုင္သည္အထိ ေလ့လာ ဆည္းပူးသြားၾကရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။