တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၁) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ သဝဏ်လွှာ ပေးပို့

ချစ်ခင်လေးစားရပါသော ပအိုဝ်းတိုင်းရင်းသား ညီအစ်ကို မောင်နှမများခင်ဗျား-

ယနေ့ကျရောက်သည့် (၇၁) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခါသမယတွင် ပအိုဝ်းတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စိတ္တသုခ၊ ကာယသုခ နှစ်ဖြာသော သုခတို့နှင့်ပြည့်စုံနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၇၀၀ ကျော်၊ BC ၉၆၁ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ စနေနေ့ လမဝင်မီ နေထွက်ချိန်၊ ကောင်းကင်တစ်ခွင် နေလနှစ်ပါး ထိန်လင်းထွန်းပြောင်သောအချိန်ကောင်းတွင် ပအိုဝ်းတိုင်းရင်းသားတို့၏ဘုရင်ဖြစ်သော “သူရိယစန္ဒာ”ဟုအမည်ရှိသည့် မင်းကြီးကိုဖွားမြင်ခဲ့ပါသည်။ သူရိယစန္ဒာမင်းကြီးသည် ရှေးကပွင့်ပြီးသော မြတ်စွာဘုရားရှင်တို့နှင့် ဂေါတမမြတ်စွာ ဘုရားရှင်တို့၏ဓာတ်တော်၊ မွေတော်တို့ကိုစုပေါင်း၍ လေးဆူဓာတ်စံ ရွှေစာရံစေတီတော်ကြီးကို တည်ထားကိုးကွယ်ခဲ့ခြင်း၊ ပအိုဝ်းတိုင်းရင်းသားတို့၏ တောက်ပသောခေတ်ကာလကို ဖန်တီးပေးခဲ့ကာ ပအိုဝ်းတိုင်းရင်းသားတို့၏ ဂုဏ်သိက္ခာကိုမြှင့်တင်ပေးခဲ့ခြင်းတို့ကြောင့် သာသနာ့ဒါယကာ မင်းကောင်းမင်းမြတ်တစ်ပါးအဖြစ် ပအိုဝ်းတိုင်းရင်းသားတို့က လေးစားတန်ဖိုးထားခဲ့ကြပါသည်။ ပအိုဝ်းတိုင်းရင်းသားတို့အနေဖြင့် ထူးခြားသည့်သမိုင်းအစဉ်အလာကိုအကြောင်းပြု၍ သူရိယစန္ဒာမင်း၏မွေးနေ့ဖြစ်သော တပေါင်းလပြည့်နေ့ (ဒဲဉ်သီးလာဗွေ)အား ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၇၁)နှစ် မြောက်ခဲ့ပြီဖြစ်ပါသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် ရှေးယခင်ကရှိပြီးဖြစ်သော မွန်မြတ်သည့်အစဉ်အလာအတိုင်း ဘာသာတရားကိုင်းရှိုင်းသူများဖြစ်ကြကာ မိမိတို့ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် မျိုးချစ်စိတ်ဓာတ်ထက်သန်စွာဖြင့် အခြားတိုင်းရင်းသားများနှင့်အတူ လက်တွဲပါဝင်ခဲ့ကြသူများလည်းဖြစ်သည်။လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တိုင်ဖြစ်သည့် ပင်လုံညီလာခံတွင် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ပြီး ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နေ့၌ ပင်လုံစာချုပ်ကြီးကိုလက်မှတ်ရေးထိုးခဲ့ရာ ရှမ်းကော်မတီ(စော်ဘွားများ) အဖွဲ့မှ သထုံ(ဆီဆိုင်) စော်ဘွား (စပ်ခွန်ကြည်ကိုယ်စား) ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ဦးဖြူ က လက်မှတ်ရေးထိုးခဲ့သည်ကို သမိုင်းမှတ်တမ်းများက ဂုဏ်ယူဖွယ်ရာ ဖော်ပြလျက်ရှိပေသည်။

လွတ်လပ်ရေးရပြီးနောက် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခံခဲ့ရမှုစနစ်ဆိုးကြောင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း အထင်လွဲမှားကာ လက်နက်ကိုင်အဖွဲ့အသီးသီးပေါ်ပေါက်ခဲ့ရာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည်လည်း လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအဖြစ် ရှိနေခဲ့ပါသည်။ ၁၉၉၁ ခုနှစ်၊ ဧပြီလတွင် ဦးအောင်ခမ်းထီဦးဆောင်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် အစိုးရနှင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုဖြင့် ငြိမ်းချမ်းရေးရယူခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး နှင့် စာပေယဉ်ကျေးမှုလုပ်ငန်းများ တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၅၆၊ ပုဒ်မခွဲ (ဂ) အရ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား သတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါဥပဒေအရပေါ်ပေါက်လာသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့၏ဦးဆောင်မှုဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးမှု ရလဒ်အသီးအပွင့်များကို ခံစားနေသည်ကိုလည်း များစွာဝမ်းမြောက်ဝမ်းသာဖြင့်တွေ့မြင်နေရပြီဖြစ်ပါသည်။ ယင်းအခြေအနေကို ညီနောင်ဘွား အားလုံးက ဝိုင်းဝန်းလက်တွဲကူညီဆောင်ရွက်ပေးကြဖို့ လိုအပ်မည်ဖြစ်ပါသည်။ ဒေသဖွံဖြိုးရေးတွင် ပညာတက်များပေါကြွယ်ဝရေးသည် အဓိကကျသည့်အလျောက် မိမိတို့၏ရင်နှစ်သည်းချာသားသမီးများကို ပညာတတ်များဖြစ်အောင်သင်ကြားပေးကြပြီး ဒေသနှင့်ကိုက်ညီသည့် ခေတ်မီကုန်ထုတ်လုပ်ငန်းများကိုလုပ်ဆောင်ခြင်းဖြင့် ပအိုဝ်းဒေသ၏လူမှုစီးပွားတိုးတက်စေရန် ဆောင်ရွက်ကြရပါမည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် အများနှင့်သက်ဆိုင်သောလုပ်ငန်းများတွင် မခိုမကပ်တစ်ယောက်တစ်လက်ဝိုင်းဝန်းကူညီ လုပ်ဆောင်လေ့ရှိပြီး အိုးသစ်အိမ်သစ်တည်ဆောက်ပါကလည်း သစ်၊ ဝါး ရှိသူက မရှိသူကို တတ်နိုင်သမျှပေးကမ်းကူညီလေ့ရှိပါသည်။ ထိုသို့အပြန်အလှန်ကူညီခြင်းကို ပအိုဝ်းဝေါဟာရ အရ “မာ့ပဒေါ့” ဟုခေါ်ဆိုပြီး “မာ့ပဒေါ့” ဓလေ့သည် လေးစားဖွယ်ရာဓလေ့တစ်ခုဖြစ်ပါသည်။

ရှေးယခင်ကတည်းကရှိခဲ့သော “မာ့ပဒေါ့” ဓလေ့နှင့်အညီ ပအိုဝ်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့်လည်း မိမိတို့ပြည်ထောင်စုနိုင်ငံတော်ကြီးအားတည်ဆောက်ရာတွင် ဝိုင်းဝန်းကူညီပံ့ပိုးခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးရရှိသောကြောင့် ပအိုဝ်းတိုင်းရင်းသားတို့နေထိုင်ရာဒေသများသည် ယခုအခါ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ကို တွေ့မြင်ရလျက်ရှိပါသည်။ ကျွန်ုပ်တို့ နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်လျက် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ကာကွယ်ကာ အစဉ်အလာကြီးမားသော ပအိုဝ်း အမျိုးသားတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကား၊ စာပေများကို ထိန်းသိမ်းမြှင့်တင်ပြီး ပြည်ထောင်စုကြီး တိုးတက်သာယာဝပြောစေရန် ပအိုဝ်းတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ဝိုင်းဝန်း ကူညီဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ (၇၁) ႏွစ္ေျမာက္ ပအိုဝ္းအမ်ိဳးသားေန႔ သဝဏ္လႊာ ေပးပို႔

ခ်စ္ခင္ေလးစားရပါေသာ ပအိုဝ္းတိုင္းရင္းသား ညီအစ္ကို ေမာင္ႏွမမ်ားခင္ဗ်ား-

ယေန႔က်ေရာက္သည့္ (၇၁) ႏွစ္ေျမာက္ ပအိုဝ္းအမ်ိဳးသားေန႔အခါသမယတြင္ ပအိုဝ္းတိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားအားလုံး စိတၱသုခ၊ ကာယသုခ ႏွစ္ျဖာေသာ သုခတို႔ႏွင့္ျပည့္စုံႏိုင္ၾကပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းရင္း ႏႈတ္ခြန္းဆက္သ အပ္ပါသည္။

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၇၀၀ ေက်ာ္၊ BC ၉၆၁ ခုႏွစ္၊ တေပါင္းလျပည့္ေန႔၊ စေနေန႔ လမဝင္မီ ေနထြက္ခ်ိန္၊ ေကာင္းကင္တစ္ခြင္ ေနလႏွစ္ပါး ထိန္လင္းထြန္းေျပာင္ေသာအခ်ိန္ေကာင္းတြင္ ပအိုဝ္းတိုင္းရင္းသားတို႔၏ဘုရင္ျဖစ္ေသာ “သူရိယစႏၵာ”ဟုအမည္ရွိသည့္ မင္းႀကီးကိုဖြားျမင္ခဲ့ပါသည္။ သူရိယစႏၵာမင္းႀကီးသည္ ေရွးကပြင့္ၿပီးေသာ ျမတ္စြာဘုရားရွင္တို႔ႏွင့္ ေဂါတမျမတ္စြာ ဘုရားရွင္တို႔၏ဓာတ္ေတာ္၊ ေမြေတာ္တို႔ကိုစုေပါင္း၍ ေလးဆူဓာတ္စံ ေ႐ႊစာရံေစတီေတာ္ႀကီးကို တည္ထားကိုးကြယ္ခဲ့ျခင္း၊ ပအိုဝ္းတိုင္းရင္းသားတို႔၏ ေတာက္ပေသာေခတ္ကာလကို ဖန္တီးေပးခဲ့ကာ ပအိုဝ္းတိုင္းရင္းသားတို႔၏ ဂုဏ္သိကၡာကိုျမႇင့္တင္ေပးခဲ့ျခင္းတို႔ေၾကာင့္ သာသနာ့ဒါယကာ မင္းေကာင္းမင္းျမတ္တစ္ပါးအျဖစ္ ပအိုဝ္းတိုင္းရင္းသားတို႔က ေလးစားတန္ဖိုးထားခဲ့ၾကပါသည္။ ပအိုဝ္းတိုင္းရင္းသားတို႔အေနျဖင့္ ထူးျခားသည့္သမိုင္းအစဥ္အလာကိုအေၾကာင္းျပဳ၍ သူရိယစႏၵာမင္း၏ေမြးေန႔ျဖစ္ေသာ တေပါင္းလျပည့္ေန႔ (ဒဲဥ္သီးလာေဗြ)အား ပအိုဝ္းအမ်ိဳးသားေန႔အျဖစ္ သတ္မွတ္က်င္းပလာခဲ့သည္မွာ ယခုဆိုလွ်င္ (၇၁)ႏွစ္ ေျမာက္ခဲ့ၿပီျဖစ္ပါသည္။

ပအိုဝ္းတိုင္းရင္းသားတို႔သည္ ေရွးယခင္ကရွိၿပီးျဖစ္ေသာ မြန္ျမတ္သည့္အစဥ္အလာအတိုင္း ဘာသာတရားကိုင္းရႈိင္းသူမ်ားျဖစ္ၾကကာ မိမိတို႔ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္၏ နယ္ခ်ဲ႕ဆန႔္က်င္ေရးႏွင့္ လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းတြင္ မ်ိဳးခ်စ္စိတ္ဓာတ္ထက္သန္စြာျဖင့္ အျခားတိုင္းရင္းသားမ်ားႏွင့္အတူ လက္တြဲပါဝင္ခဲ့ၾကသူမ်ားလည္းျဖစ္သည္။လြတ္လပ္ေရးႀကိဳးပမ္းမႈမွတ္တိုင္ျဖစ္သည့္ ပင္လုံညီလာခံတြင္ ပအိုဝ္းတိုင္းရင္းသားေခါင္းေဆာင္မ်ား တက္ေရာက္ေဆြးေႏြးခဲ့ၿပီး ၁၉၄၇ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၂ ရက္ ေန႔၌ ပင္လုံစာခ်ဳပ္ႀကီးကိုလက္မွတ္ေရးထိုးခဲ့ရာ ရွမ္းေကာ္မတီ(ေစာ္ဘြားမ်ား) အဖြဲ႕မွ သထုံ(ဆီဆိုင္) ေစာ္ဘြား (စပ္ခြန္ၾကည္ကိုယ္စား) ပအိုဝ္းတိုင္းရင္းသားေခါင္းေဆာင္ ဦးျဖဴ က လက္မွတ္ေရးထိုးခဲ့သည္ကို သမိုင္းမွတ္တမ္းမ်ားက ဂုဏ္ယူဖြယ္ရာ ေဖာ္ျပလ်က္ရွိေပသည္။

လြတ္လပ္ေရးရၿပီးေနာက္ နယ္ခ်ဲ႕တို႔၏ ေသြးခြဲအုပ္ခ်ဳပ္ခံခဲ့ရမႈစနစ္ဆိုးေၾကာင့္ တိုင္းရင္းသားညီအစ္ကိုအခ်င္းခ်င္း အထင္လြဲမွားကာ လက္နက္ကိုင္အဖြဲ႕အသီးသီးေပၚေပါက္ခဲ့ရာ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) သည္လည္း လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုအျဖစ္ ရွိေနခဲ့ပါသည္။ ၁၉၉၁ ခုႏွစ္၊ ဧၿပီလတြင္ ဦးေအာင္ခမ္းထီဦးေဆာင္ေသာ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) သည္ အစိုးရႏွင့္အပစ္အခတ္ရပ္စဲေရးသေဘာတူညီမႈျဖင့္ ၿငိမ္းခ်မ္းေရးရယူခဲ့ၿပီး ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားျဖစ္ေသာ ပညာေရး၊ က်န္းမာေရး၊ စိုက္ပ်ိဳးေရး၊ လမ္းပန္းဆက္သြယ္ေရး ႏွင့္ စာေပယဥ္ေက်းမႈလုပ္ငန္းမ်ား တိုးတက္ေစရန္ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ပါသည္။

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ပုဒ္မ ၅၆၊ ပုဒ္မခြဲ (ဂ) အရ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအား သတ္မွတ္ေပးခဲ့ၿပီး ျဖစ္ပါသည္။ အဆိုပါဥပေဒအရေပၚေပါက္လာေသာ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေဒသဦးစီးအဖြဲ႕၏ဦးေဆာင္မႈျဖင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး၊ လူမႈဘဝဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ေဆာင္႐ြက္လ်က္ရွိရာ ပအိုဝ္းတိုင္းရင္းသားမ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးမႈ ရလဒ္အသီးအပြင့္မ်ားကို ခံစားေနသည္ကိုလည္း မ်ားစြာဝမ္းေျမာက္ဝမ္းသာျဖင့္ေတြ႕ျမင္ေနရၿပီျဖစ္ပါသည္။ ယင္းအေျခအေနကို ညီေနာင္ဘြား အားလုံးက ဝိုင္းဝန္းလက္တြဲကူညီေဆာင္႐ြက္ေပးၾကဖို႔ လိုအပ္မည္ျဖစ္ပါသည္။ ေဒသဖြံၿဖိဳးေရးတြင္ ပညာတက္မ်ားေပါႂကြယ္ဝေရးသည္ အဓိကက်သည့္အေလ်ာက္ မိမိတို႔၏ရင္ႏွစ္သည္းခ်ာသားသမီးမ်ားကို ပညာတတ္မ်ားျဖစ္ေအာင္သင္ၾကားေပးၾကၿပီး ေဒသႏွင့္ကိုက္ညီသည့္ ေခတ္မီကုန္ထုတ္လုပ္ငန္းမ်ားကိုလုပ္ေဆာင္ျခင္းျဖင့္ ပအိုဝ္းေဒသ၏လူမႈစီးပြားတိုးတက္ေစရန္ ေဆာင္႐ြက္ၾကရပါမည္။

ပအိုဝ္းတိုင္းရင္းသားတို႔သည္ အမ်ားႏွင့္သက္ဆိုင္ေသာလုပ္ငန္းမ်ားတြင္ မခိုမကပ္တစ္ေယာက္တစ္လက္ဝိုင္းဝန္းကူညီ လုပ္ေဆာင္ေလ့ရွိၿပီး အိုးသစ္အိမ္သစ္တည္ေဆာက္ပါကလည္း သစ္၊ ဝါး ရွိသူက မရွိသူကို တတ္ႏိုင္သမွ်ေပးကမ္းကူညီေလ့ရွိပါသည္။ ထိုသို႔အျပန္အလွန္ကူညီျခင္းကို ပအိုဝ္းေဝါဟာရ အရ “မာ့ပေဒါ့” ဟုေခၚဆိုၿပီး “မာ့ပေဒါ့” ဓေလ့သည္ ေလးစားဖြယ္ရာဓေလ့တစ္ခုျဖစ္ပါသည္။

ေရွးယခင္ကတည္းကရွိခဲ့ေသာ “မာ့ပေဒါ့” ဓေလ့ႏွင့္အညီ ပအိုဝ္းတိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမမ်ားအားလုံးအေနျဖင့္လည္း မိမိတို႔ျပည္ေထာင္စုႏိုင္ငံေတာ္ႀကီးအားတည္ေဆာက္ရာတြင္ ဝိုင္းဝန္းကူညီပံ့ပိုးခဲ့သည္မွာ အမွန္ျဖစ္ပါသည္။ ၿငိမ္းခ်မ္းေရးရရွိေသာေၾကာင့္ ပအိုဝ္းတိုင္းရင္းသားတို႔ေနထိုင္ရာေဒသမ်ားသည္ ယခုအခါ ေအးခ်မ္းသာယာၿပီး ဖြံ႕ၿဖိဳးတိုးတက္လ်က္ရွိသည္ကို ေတြ႕ျမင္ရလ်က္ရွိပါသည္။ ကြၽႏ္ုပ္တို႔ ႏိုင္ငံေတာ္၏အမ်ိဳးသားအက်ိဳးစီးပြားျဖစ္သည့္ ဒို႔တာဝန္အေရး(၃)ပါးကို ဦးထိပ္ပန္ဆင္လ်က္ အမ်ိဳး၊ ဘာသာ၊ သာသနာကို ေစာင့္ေရွာက္ကာကြယ္ကာ အစဥ္အလာႀကီးမားေသာ ပအိုဝ္း အမ်ိဳးသားတို႔၏ ႐ိုးရာယဥ္ေက်းမႈ၊ ဓေလ့ထုံးစံ၊ ဘာသာစကား၊ စာေပမ်ားကို ထိန္းသိမ္းျမႇင့္တင္ၿပီး ျပည္ေထာင္စုႀကီး တိုးတက္သာယာဝေျပာေစရန္ ပအိုဝ္းတိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားအားလုံး ဝိုင္းဝန္း ကူညီေဆာင္႐ြက္ၾကပါစို႔ဟု တိုက္တြန္းႏႈိးေဆာ္ရင္း သဝဏ္လႊာေပးပို႔အပ္ပါသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။