တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးအား ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ အောက်တိုဘာ ၂

တပ်မတော်အနေဖြင့် တိုင်းပြည်၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုအတွက် မဖြစ်မနေ အကာအကွယ် ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် လည်း သတ်မှတ်ပြဋ္ဌာန်းထားသည့် ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ ဆောင်ရွက်နေ ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး H.E. General Ngo Xuan Lich နှင့်နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

ဦးစွာ ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. General Ngo Xuan Lich အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇေယျာသီရီဗိမာန်ရှေ့တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် အခမ်းအနားတက်ရောက်လာကြသော တပ်မတော်အရာရှိကြီးများကို အပြန်အလှန်မိတ်ဆက်ပေးကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မ တော် အရာရှိကြီးများ တက်ရောက်ကြပြီး ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် အတူ ဒုတိယစစ်ဦးစီးချုပ် Sr. Lt. Gen. Nguyen Phuong Nam နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် နိုင်ငံစစ်သံမှူး Col. Nguyen Duc Giang တို့တက်ရောက်ကြသည်။

ထို့နောက် ဗီယက်နမ်နိုင်ငံကာကွယ်ရေးဝန်ကြီး H.E. General Ngo Xuan Lich သည် ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေး ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိတ်ဆွေရင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံအကြား ၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးကိုအလေးထားကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံရေးစနစ်ပြောင်းလဲသွားသော်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုမှာ မူလရှိရင်းစွဲအတိုင်းရှိခဲ့ကြောင်း၊ အဆွေ တော်၏ ခရီးစဉ်သည်လည်း နှစ်နိုင်ငံ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေသည့် ခြေလှမ်းသစ်တစ်ရပ်ဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ၏ဖြစ်ပေါ်ပြောင်းလဲမှု နှင့်ပတ်သက်၍ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက ဆိုရှယ်လစ်စနစ်ကျင့်သုံးခဲ့ ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ပြည်သူကရွေးချယ် သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ပြောင်းလဲကျင့်သုံးခဲ့ကြောင်း၊ တပ်မတော်အနေဖြင့်လည်း ယင်းနိုင်ငံရေးစနစ် တည်တည်ငြိမ်ငြိမ်နှင့် ခိုင်ခိုင်မာမာရှိစေရန် လုပ်ဆောင်နေကြောင်း၊ အဓိကအားဖြင့် နိုင်ငံရေး အရတည်ငြိမ်မှု၊ လုံခြုံရေးအရတည်ငြိမ်မှုရှိအောင် လုပ်ဆောင်ပေးနေကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်နေဆဲဖြစ်ကြောင်း၊ အဓိကတိုင်းရင်းသား ၈ မျိုးနှင့် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၅ မျိုးခန့် ရှိ၍ ကမ္ဘာပေါ်တွင် တိုင်းရင်းသားမျိုးနွယ်စုများပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသော နိုင်ငံတစ်ခုဟုဆိုနိုင်ကြောင်း၊ ယင်းအဖွဲ့များသည် နောက်ခံအကြောင်းအရာမှစ၍ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တူညီမှုမရှိသဖြင့် ငြိမ်းချမ်းရေးအတွက် ခက်ခဲစွာညှိနှိုင်းဆွေးနွေးရ ကြောင်း၊ လက်ရှိတွင် အဖွဲ့ ၈ ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ အမှန်တကယ် ငြိမ်းချမ်းရေးရယူလိုစိတ်ဖြင့် လုပ်ဆောင်မည်ဆိုပါက ကျန်အဖွဲ့များလည်း ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိမည်ဟုယုံကြည်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ပြောကြားရာတွင် ရခိုင် ပြည်နယ်မြောက်ခြမ်းတွင် လက်ရှိ ဖြစ်ပွားနေသည့်ပဋိပက္ခမှာ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကပင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်ခဲ့ သည့် ဘင်္ဂါလီများက စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုလိုနီခေတ်တွင် နယ်ချဲ့အင်္ဂလိပ်တို့က ဘင်္ဂလားနယ်မှ လူများကို ခေါ်ယူခဲ့ရာမှ တဖြည်းဖြည်းလူဦးရေတိုးပွားလာကြောင်း၊ ရှေးယခင်က ဘူးသီးတောင်၊ မောင်တော ဒေသတွင် ဒေသခံတိုင်းရင်းသားများက လူများစုဖြစ်ပြီး ဘင်္ဂါလီများက လူနည်းစုဖြစ်ကြောင်း၊ ၁၉၄၂ ခုနှစ်တွင် ဒေသခံတိုင်းရင်းသားများကို တိုက်ခိုက်သတ်ဖြတ် မောင်းထုတ်ပြီး ယင်းဒေသ၌ တဖြည်းဖြည်း ဘင်္ဂါလီလူဦးရေ တိုးပွားလာခြင်းဖြစ်ကြောင်း၊ ယခုဆိုလျှင် ဘင်္ဂါလီကအများစုဖြစ်ပြီး ဒေသခံတိုင်းရင်းသားများက လူနည်းစုဖြစ် ကြောင်း၊ ပြီးခဲ့သည့်သြဂုတ်လ ၂၅ ရက်နေ့ဖြစ်စဉ်တွင် ရဲကင်းစခန်း ၃၀ ခုနှင့်တပ်ဌာနချုပ်တစ်ခု တို့အား ဘင်္ဂါလီအကြမ်းဖက် သမား အင်အား ၄၀၀၀ ခန့်ကဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း၊ ရဲစခန်းအများစုမှာ စခန်းတစ်ခုလျှင် အင်အား ၁၀ ဦးမှ ၂၀ ဦးအထိသာ ရှိကြပြီး စခန်းအချို့သာလူအင်အားအနည်းငယ်ပိုရှိနိုင်သော်လည်း ဘင်္ဂါလီအကြမ်းဖက်သမားများက ရဲစခန်းတစ်ခုလျှင် လူအင်အား ၂၀၀၊ ၃၀၀ မှ ၅၀၀ ဝန်းကျင်ခန့်ဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြကြောင်း၊ အကယ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လက်နက်များဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ပါက ယခုထက်ပို၍ အကြမ်းဖက်သူများစွာ သေဆုံးမည်ဖြစ်ကြောင်း၊ ယခုပြဿနာသည် ဘာသာရေးအရဖြစ်ပွားသည့် ပဋိပက္ခမဟုတ်ဘဲ မိမိတို့နိုင်ငံအတွင်း ရောက်ရှိနေထိုင်သူများက နိုင်ငံ၏ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်မှုကို လက်မခံသောကြောင့် လှုံ့ဆော်မှုများပြုလုပ်ရာမှ ဖြစ်ပွားလာ ခြင်းသာဖြစ် ကြောင်း၊ ယင်းဘင်္ဂါလီများ ထွက်ပြေးမှု နှင့်ပတ်သက်၍လည်း ၎င်းတို့အနေဖြင့် လူနည်းစုဖြစ်သည့် ဒေသခံတိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များကို ရက်စက်စွာအကြောင်းမဲ့ သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ ကိုယ့်ကိုယ် ကိုယ်မလုံခြင်းကြောင့် ၎င်းတို့အတွက်လုံခြုံစိတ်ချရမှု ရှိသည်ဟုယူဆ ရသည့် မျိုးနွယ်တူသူများထံသို့ သွား ရောက်ခြင်းဖြစ်နိုင်ကြောင်း၊ အဆိုပါကိစ္စအား နိုင်ငံတော်အစိုးရက ဥပဒေနှင့်အညီသာ ဆက်လက်လုပ်ဆောင် မည် ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ဧည့်သည်တော်ကာကွယ်ရေးဝန်ကြီးက မိမိတို့နှစ်နိုင်ငံသည် မိတ်ဖက်ဆက်ဆံရေး ကာလကြာရှည်ခဲ့ပါကြောင်း၊ မိမိခရီးစဉ်အပေါ် ဧည့်ဝတ်ကျေပွန်မှုများသည်လည်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စည်းလုံးညီညွတ်မှု နှင့်ချစ်ခင်ရင်းနှီးမှုများကို တွေ့မြင်နိုင်ပါကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေးကို အလေးထားသကဲ့သို့ မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကို ပိုမိုအလေးထား ပါကြောင်း၊ ယခုခရီး စဉ်သည်လည်း တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြင့်နိုင်မည်ဟု ယုံကြည်ကြောင်း ပြန်လည်ပြောကြားသည်။

ယင်းနောက် ၂၀၂၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ အဖြစ်အလှည့်ကျ ဆောင်ရွက်ရမည့်အခြေအနေများ၊ ၂၀၁၈ ခုနှစ်မှစ၍ ADMM အပေါင်း ဆွေးနွေးပွဲများပြုလုပ်မည့်အခြေအနေများ၊ ဗီယက်နမ် တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ကာကွယ်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ၊ ပြည်တွင်းရေးကိစ္စများ၊ ငြိမ်းချမ်းရေး ကိစ္စရပ်များ၊ ဆင်းရဲမွဲတေမှုပပျောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏အခြေအနေမျိုးကို ဗီယက်နမ်နိုင်ငံအနေဖြင့် တစ်ချိန်က ရင်ဆိုင်ခဲ့ရပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူတို့ ပူးပေါင်းကျော်လွှားနိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မြန်မာ့တပ်မတော် အနေဖြင့်လည်း လက်ရှိကြုံတွေ့နေရသော အခက်အခဲပြဿနာများကို ရင်ဆိုင်ကျော်လွှား၍ နိုင်ငံတော်နှင့်ပြည်သူက ပေးအပ်သည့်တာဝန်များကို အောင်မြင်စွာထမ်းဆောင်နိုင် မည်ဟုယုံကြည်ကြောင်းပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နှင့်ပတ်သက်၍ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ အရာရှိငယ်များ အချင်းချင်းအပြန်အလှန် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရေး၊ တပ်မတော်(ရေ)ဆိုင်ရာ ချစ်ကြည်ရေးခရီးစဉ်များစေလွှတ်ရေး၊ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆေးဘက်ဆိုင်ရာ သုတေသနပြုရေး၊ ဆေးကုသရေးတို့တွင် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ ယဉ်ကျေးမှုနှင့်အားကစားအဖွဲ့များ အပြန်အလှန်စေလွှတ်ရေး၊ ဒေသအတွင်း လုံခြုံရေးနှင့်နိုင်ငံတကာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် ထောက်လှမ်းရေး သတင်းများ ဖလှယ် ရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခြင်းဖြင့် အတွေ့အကြုံဖလှယ်ရေး၊ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဆက်သွယ်ရေးကဏ္ဍတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြှင့်တင်လုပ်ဆောင်ရေးတို့ အား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ကာကွယ်ရေးဝန်ကြီး H.E. General Ngo Xuan Lich ၏ ဖိတ်ကြား ချက်အရ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ General Ngo Xuan Lich သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ယခုချစ်ကြည်ရေးခရီး အပြန်အလှန်လာရောက်ခြင်းဖြစ်ပါသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးအား ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆို၊ ေတြ႕ဆုံေဆြးေႏြး

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၂

တပ္မေတာ္အေနျဖင့္ တုိင္းျပည္၏အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈႏွင့္ တုိင္းရင္းသားျပည္သူမ်ား၏ အသက္အိုးအိမ္ စည္းစိမ္လုံၿခဳံမႈအတြက္ မျဖစ္မေန အကာအကြယ္ ေပးရမည္ျဖစ္ေၾကာင္း၊ ထိုသို႔လုပ္ေဆာင္ရာတြင္ လည္း သတ္မွတ္ျပ႒ာန္းထားသည့္ က်င့္ဝတ္မ်ား၊ စည္းမ်ဥ္းစည္းကမ္း ဥပေဒမ်ားႏွင့္အညီ ေဆာင္ရြက္ေန ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔နံနက္ပုိင္းတြင္ ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံ၊ ကာကြယ္ေရး၀န္ႀကီး H.E. General Ngo Xuan Lich ႏွင့္ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ေတြ႕ဆုံစဥ္ ထည့္သြင္းေျပာၾကားသည္။

ဦးစြာ ဗီယက္နမ္ႏုိင္ငံ ကာကြယ္ေရး၀န္ႀကီး H.E. General Ngo Xuan Lich အား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ေဇယ်ာသီရီဗိမာန္ေရွ႕တြင္ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကိဳဆုိသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗီယက္နမ္ႏုိင္ငံ ကာကြယ္ေရး၀န္ႀကီးတုိ႔သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကိုခံယူၾကၿပီး ဂုဏ္ျပဳတပ္ဖြဲ႕အား လုိက္လံၾကည့္႐ႈစစ္ေဆးသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗီယက္နမ္ႏုိင္ငံ ကာကြယ္ေရး၀န္ႀကီးတို႔သည္ အခမ္းအနားတက္ေရာက္လာၾကေသာ တပ္မေတာ္အရာရွိႀကီးမ်ားကို အျပန္အလွန္မိတ္ဆက္ေပးၾကသည္။

အဆိုပါဂုဏ္ျပဳႀကဳိဆိုပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မ ေတာ္ အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ဗီယက္နမ္ႏုိင္ငံ ကာကြယ္ေရး၀န္ႀကီးႏွင့္ အတူ ဒုတိယစစ္ဦးစီးခ်ဳပ္ Sr. Lt. Gen. Nguyen Phuong Nam ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ ဗီယက္နမ္ ႏုိင္ငံစစ္သံမွဴး Col. Nguyen Duc Giang တုိ႔တက္ေရာက္ၾကသည္။

ထုိ႔ေနာက္ ဗီယက္နမ္ႏုိင္ငံကာကြယ္ေရး၀န္ႀကီး H.E. General Ngo Xuan Lich သည္ ေဇယ်ာသီရိဗိမာန္ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ ေရးထိုးၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံေဆြးေႏြး ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိတ္ေဆြရင္းႏုိင္ငံမ်ား ျဖစ္သည္ႏွင့္အညီ ျမန္မာ-ဗီယက္နမ္ႏွစ္ႏုိင္ငံအၾကား ၊ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးကိုအေလးထားေၾကာင္း၊ မိမိတို႔ႏုိင္ငံတြင္ ႏုိင္ငံေရးစနစ္ေျပာင္းလဲသြားေသာ္လည္း ႏွစ္ႏုိင္ငံခ်စ္ၾကည္ရင္းႏွီးမႈမွာ မူလရွိရင္းစြဲအတုိင္းရွိခဲ့ေၾကာင္း၊ အေဆြ ေတာ္၏ ခရီးစဥ္သည္လည္း ႏွစ္ႏုိင္ငံ၊ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈကို ပိုမိုခိုင္မာေစသည့္ ေျခလွမ္းသစ္တစ္ရပ္ျဖစ္ေၾကာင္း ဦးစြာေျပာၾကားသည္။

ဆက္လက္ၿပီး ျမန္မာႏုိင္ငံ၏ျဖစ္ေပၚေျပာင္းလဲမႈ ႏွင့္ပတ္သက္၍ ၁၉၇၄ ခုႏွစ္မွ ၁၉၈၈ ခုႏွစ္အထိ ျမန္မာ့ ဆိုရွယ္လစ္လမ္းစဥ္ပါတီအစိုးရက ဆိုရွယ္လစ္စနစ္က်င့္သုံးခဲ့ ေၾကာင္း၊ ၂၀၁၁ ခုႏွစ္တြင္ ျပည္သူကေရြးခ်ယ္ သည့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းကို ေျပာင္းလဲက်င့္သုံးခဲ့ေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း ယင္းႏုိင္ငံေရးစနစ္ တည္တည္ၿငိမ္ၿငိမ္ႏွင့္ ခိုင္ခိုင္မာမာရွိေစရန္ လုပ္ေဆာင္ေနေၾကာင္း၊ အဓိကအားျဖင့္ ႏုိင္ငံေရး အရတည္ၿငိမ္မႈ၊ လုံၿခဳံေရးအရတည္ၿငိမ္မႈရွိေအာင္ လုပ္ေဆာင္ေပးေနေၾကာင္း၊ တုိင္းရင္းသားလက္နက္ကိုင္ ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေရးအတြက္ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ေနဆဲျဖစ္ေၾကာင္း၊ အဓိကတုိင္းရင္းသား ၈ မ်ဳိးႏွင့္ တုိင္းရင္းသားမ်ဳိးႏြယ္စုေပါင္း ၁၃၅ မ်ဳိးခန္႔ ရွိ၍ ကမၻာေပၚတြင္ တုိင္းရင္းသားမ်ဳိးႏြယ္စုမ်ားၿပီး တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားေသာ ႏုိင္ငံတစ္ခုဟုဆိုႏိုင္ေၾကာင္း၊ ယင္းအဖြဲ႕မ်ားသည္ ေနာက္ခံအေၾကာင္းအရာမွစ၍ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ တူညီမႈမရွိသျဖင့္ ၿငိမ္းခ်မ္းေရးအတြက္ ခက္ခဲစြာၫိႇႏႈိင္းေဆြးေႏြးရ ေၾကာင္း၊ လက္ရွိတြင္ အဖြဲ႕ ၈ ဖြဲ႕ႏွင့္ NCA လက္မွတ္ေရးထိုးၿပီးျဖစ္ေၾကာင္း၊ အမွန္တကယ္ ၿငိမ္းခ်မ္းေရးရယူလိုစိတ္ျဖင့္ လုပ္ေဆာင္မည္ဆုိပါက က်န္အဖြဲ႕မ်ားလည္း ၿငိမ္းခ်မ္းေရး လမ္းေၾကာင္းေပၚသို႔ ေရာက္ရွိမည္ဟုယုံၾကည္ေၾကာင္း ရွင္းလင္း ေျပာၾကားသည္။

ထို႔ေနာက္ ရခိုင္ျပည္နယ္အေရးကိစၥႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ ရခိုင္ ျပည္နယ္ေျမာက္ျခမ္းတြင္ လက္ရွိ ျဖစ္ပြားေနသည့္ပဋိပကၡမွာ ျမန္မာႏုိင္ငံလြတ္လပ္ေရးမရမီကပင္ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ေရာက္ရွိေနထိုင္ခဲ့ သည့္ ဘဂၤါလီမ်ားက စတင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ကိုလိုနီေခတ္တြင္ နယ္ခ်ဲ႕အဂၤလိပ္တုိ႔က ဘဂၤလားနယ္မွ လူမ်ားကို ေခၚယူခဲ့ရာမွ တျဖည္းျဖည္းလူဦးေရတိုးပြားလာေၾကာင္း၊ ေရွးယခင္က ဘူးသီးေတာင္၊ ေမာင္ေတာ ေဒသတြင္ ေဒသခံတုိင္းရင္းသားမ်ားက လူမ်ားစုျဖစ္ၿပီး ဘဂၤါလီမ်ားက လူနည္းစုျဖစ္ေၾကာင္း၊ ၁၉၄၂ ခုႏွစ္တြင္ ေဒသခံတုိင္းရင္းသားမ်ားကို တိုက္ခိုက္သတ္ျဖတ္ ေမာင္းထုတ္ၿပီး ယင္းေဒသ၌ တျဖည္းျဖည္း ဘဂၤါလီလူဦးေရ တုိးပြားလာျခင္းျဖစ္ေၾကာင္း၊ ယခုဆိုလွ်င္ ဘဂၤါလီကအမ်ားစုျဖစ္ၿပီး ေဒသခံတုိင္းရင္းသားမ်ားက လူနည္းစုျဖစ္ ေၾကာင္း၊ ၿပီးခဲ့သည့္ၾသဂုတ္လ ၂၅ ရက္ေန႔ျဖစ္စဥ္တြင္ ရဲကင္းစခန္း ၃၀ ခုႏွင့္တပ္ဌာနခ်ဳပ္တစ္ခု တို႔အား ဘဂၤါလီအၾကမ္းဖက္ သမား အင္အား ၄၀၀၀ ခန္႔က၀ိုင္း၀န္းတုိက္ခိုက္ခဲ့ေၾကာင္း၊ ရဲစခန္းအမ်ားစုမွာ စခန္းတစ္ခုလွ်င္ အင္အား ၁၀ ဦးမွ ၂၀ ဦးအထိသာ ရွိၾကၿပီး စခန္းအခ်ဳိ႕သာလူအင္အားအနည္းငယ္ပိုရွိႏုိင္ေသာ္လည္း ဘဂၤါလီအၾကမ္းဖက္သမားမ်ားက ရဲစခန္းတစ္ခုလွ်င္ လူအင္အား ၂၀၀၊ ၃၀၀ မွ ၅၀၀ ၀န္းက်င္ခန္႔ျဖင့္ ၀ိုင္း၀န္း တိုက္ခိုက္ခဲ့ၾကေၾကာင္း၊ အကယ္၍ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားအေနျဖင့္လက္နက္မ်ားျဖင့္ ျပင္းျပင္းထန္ထန္ ပစ္ခတ္တုိက္ခိုက္ပါက ယခုထက္ပုိ၍ အၾကမ္းဖက္သူမ်ားစြာ ေသဆုံးမည္ျဖစ္ေၾကာင္း၊ ယခုျပႆနာသည္ ဘာသာေရးအရျဖစ္ပြားသည့္ ပဋိပကၡမဟုတ္ဘဲ မိမိတုိ႕ႏိုင္ငံအတြင္း ေရာက္ရွိေနထုိင္သူမ်ားက ႏိုင္ငံ၏ တည္ဆဲဥပေဒႏွင့္အညီ ေဆာင္ရြက္မႈကို လက္မခံေသာေၾကာင့္ လႈံ႕ေဆာ္မႈမ်ားျပဳလုပ္ရာမွ ျဖစ္ပြားလာ ျခင္းသာျဖစ္ ေၾကာင္း၊ ယင္းဘဂၤါလီမ်ား ထြက္ေျပးမႈ ႏွင့္ပတ္သက္၍လည္း ၎တို႔အေနျဖင့္ လူနည္းစုျဖစ္သည့္ ေဒသခံတုိင္းရင္းသားမ်ား၊ ဟိႏၵဴဘာသာ၀င္မ်ားကို ရက္စက္စြာအေၾကာင္းမဲ့ သတ္ျဖတ္ခဲ့မႈႏွင့္ပတ္သက္၍ ကိုယ့္ကိုယ္ ကိုယ္မလုံျခင္းေၾကာင့္ ၎တို႔အတြက္လုံၿခဳံစိတ္ခ်ရမႈ ရွိသည္ဟုယူဆ ရသည့္ မ်ဳိးႏြယ္တူသူမ်ားထံသုိ႔ သြား ေရာက္ျခင္းျဖစ္ႏုိင္ေၾကာင္း၊ အဆိုပါကိစၥအား ႏိုင္ငံေတာ္အစိုးရက ဥပေဒႏွင့္အညီသာ ဆက္လက္လုပ္ေဆာင္ မည္ ျဖစ္ေၾကာင္းရွင္းလင္းေျပာၾကားသည္။

ဧည့္သည္ေတာ္ကာကြယ္ေရး၀န္ႀကီးက မိမိတို႔ႏွစ္ႏုိင္ငံသည္ မိတ္ဖက္ဆက္ဆံေရး ကာလၾကာရွည္ခဲ့ပါေၾကာင္း၊ မိမိခရီးစဥ္အေပၚ ဧည့္၀တ္ေက်ပြန္မႈမ်ားသည္လည္း ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား စည္းလုံးညီၫြတ္မႈ ႏွင့္ခ်စ္ခင္ရင္းႏွီးမႈမ်ားကို ေတြ႕ျမင္ႏိုင္ပါေၾကာင္း၊ ဗီယက္နမ္ႏိုင္ငံအေနျဖင့္ အာဆီယံအဖြဲ႕၀င္ႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရးကို အေလးထားသကဲ့သို႔ ျမန္မာႏိုင္ငံႏွင့္ဆက္ဆံေရးကို ပိုမိုအေလးထား ပါေၾကာင္း၊ ယခုခရီး စဥ္သည္လည္း တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္ရြက္မႈကို ပိုမိုတိုးျမင့္ႏိုင္မည္ဟု ယုံၾကည္ေၾကာင္း ျပန္လည္ေျပာၾကားသည္။

ယင္းေနာက္ ၂၀၂၀ ျပည့္ႏွစ္တြင္ ဗီယက္နမ္ႏိုင္ငံအေနျဖင့္ အာဆီယံဥကၠ႒ အျဖစ္အလွည့္က် ေဆာင္ရြက္ရမည့္အေျခအေနမ်ား၊ ၂၀၁၈ ခုႏွစ္မွစ၍ ADMM အေပါင္း ေဆြးေႏြးပြဲမ်ားျပဳလုပ္မည့္အေျခအေနမ်ား၊ ဗီယက္နမ္ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရး၊ ကာကြယ္ေရးႏွင့္ တည္ေဆာက္ေရး လုပ္ငန္းမ်ား၊ ျပည္တြင္းေရးကိစၥမ်ား၊ ၿငိမ္းခ်မ္းေရး ကိစၥရပ္မ်ား၊ ဆင္းရဲမြဲေတမႈပေပ်ာက္ေရးလုပ္ငန္းမ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏အေျခအေနမ်ဳိးကို ဗီယက္နမ္ႏိုင္ငံအေနျဖင့္ တစ္ခ်ိန္က ရင္ဆုိင္ခဲ့ရၿပီး ႏိုင္ငံေတာ္အစိုးရ၊ တပ္မေတာ္ႏွင့္ျပည္သူတို႔ ပူးေပါင္းေက်ာ္လႊားႏိုင္ခဲ့မႈအေျခအေနမ်ားကို ရွင္းလင္းေဆြးေႏြးၿပီး ျမန္မာ့တပ္မေတာ္ အေနျဖင့္လည္း လက္ရွိႀကဳံေတြ႕ေနရေသာ အခက္အခဲျပႆနာမ်ားကို ရင္ဆုိင္ေက်ာ္လႊား၍ ႏိုင္ငံေတာ္ႏွင့္ျပည္သူက ေပးအပ္သည့္တာ၀န္မ်ားကို ေအာင္ျမင္စြာထမ္းေဆာင္ႏိုင္ မည္ဟုယုံၾကည္ေၾကာင္းေျပာၾကားသည္။

ထို႔ေနာက္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈျမႇင့္တင္ေရး ႏွင့္ပတ္သက္၍ တပ္မေတာ္ အဆင့္ျမင့္ ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္ေရး၊ အရာရွိငယ္မ်ား အခ်င္းခ်င္းအျပန္အလွန္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ေရး၊ တပ္မေတာ္(ေရ)ဆိုင္ရာ ခ်စ္ၾကည္ေရးခရီးစဥ္မ်ားေစလႊတ္ေရး၊ ေလ့က်င့္ေရးဆုိင္ရာ ပူးေပါင္းေဆာင္ရြက္မႈႏွင့္ ေဆးဘက္ဆိုင္ရာ သုေတသနျပဳေရး၊ ေဆးကုသေရးတို႔တြင္ ပူးေပါင္း ေဆာင္ရြက္မႈျမႇင့္တင္ေရး၊ ယဥ္ေက်းမႈႏွင့္အားကစားအဖြဲ႕မ်ား အျပန္အလွန္ေစလႊတ္ေရး၊ ေဒသအတြင္း လုံၿခဳံေရးႏွင့္ႏိုင္ငံတကာ အၾကမ္းဖက္မႈ တားဆီးကာကြယ္ေရးအတြက္ ေထာက္လွမ္းေရး သတင္းမ်ား ဖလွယ္ ေရး၊ နယ္စပ္ေဒသစီမံခန္႔ခြဲမႈဆုိင္ရာ ကိစၥရပ္မ်ားအား ေတြ႕ဆုံေဆြးေႏြးျခင္းျဖင့္ အေတြ႕အႀကဳံဖလွယ္ေရး၊ ကာကြယ္ေရး၀န္ႀကီးဌာနမ်ားအၾကား ပူးေပါင္းေဆာင္ရြက္မႈျမႇင့္တင္ေရး၊ ဆက္သြယ္ေရးက႑တြင္ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား က်ယ္က်ယ္ျပန္႔ျပန္႔ အရွိန္အဟုန္ျမႇင့္တင္လုပ္ေဆာင္ေရးတို႔ အား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗီယက္နမ္ႏုိင္ငံ ကာကြယ္ေရး၀န္ႀကီးတို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ ၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ ၂၀၁၇ ခုႏွစ္၊ မတ္လအတြင္းက ဗီယက္နမ္ဆုိရွယ္လစ္သမၼတႏုိင္ငံသုိ႔ ကာကြယ္ေရး၀န္ႀကီး H.E. General Ngo Xuan Lich ၏ ဖိတ္ၾကား ခ်က္အရ ခ်စ္ၾကည္ေရးခရီးသြားေရာက္ခဲ့ၿပီး အဆုိပါခရီးစဥ္အတြင္း ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၏ ဖိတ္ၾကားခ်က္အရ General Ngo Xuan Lich သည္ ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံသို႔ ယခုခ်စ္ၾကည္ေရးခရီး အျပန္အလွန္လာေရာက္ျခင္းျဖစ္ပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။