(၉)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် အားကစားသမားများနှင့် နည်းပြအား ဂုဏ်ပြု၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစား အဖွဲ့ချုပ်သို့ ငွေပဒေသာပင်ကျပ်သိန်း ၁၀၀၀၀ စိုက်ထူလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ – ၃

အားကစားလုပ်ဆောင်ခြင်း၊ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းသည် လူတစ်ဦးတစ်ယောက်ချင်းအတွက် အကျိုးသက်ရောက်မှုများစွာရှိသကဲ့သို့ မိမိ၏အဖွဲ့ အစည်း၊ မိမိနိုင်ငံအတွက်လည်း လွန်စွာအကျိုးကျေးဇူးကြီးမားကြောင်း၊ အားကစား လုပ်ဆောင်ခြင်းအားဖြင့် မိမိအဖွဲ့အစည်းကို ချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် မျိုးချစ်စိတ်များ တိုးတက်ဖြစ်ပေါ်စေခြင်းကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အားကစားကဏ္ဍကို မြှင့်တင်အားပေးကြရန် လိုအပ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပပြုလုပ်သော (၉)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်သို့ ငွေပဒေသာပင်ကျပ်သိန်း ၁၀၀၀၀ စိုက်ထူလှူဒါန်းခြင်း အခမ်းအနား၌ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသော နည်းပြများ၊ ဆုတံဆိပ်များအသီးသီး ဆွတ်ခူးရရှိခဲ့ကြသည့် အားကစားသမားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အားကစား၏ သဘောသဘာ၀ အရ ကိုယ်ကာယအားဖြင့် ကျန်းမာကြံ့ခိုင် သန်စွမ်းရန်လိုအပ်သကဲ့သို့ စိတ်ဓာတ်ပိုင်းဆိုင် ရာတွင်လည်း ကောင်းမွန်ခိုင်မာဖို့လိုကြောင်း၊ အားကစားပြိုင်ပွဲများတွင် ယှဉ်ပြိုင်မှုကဏ္ဍ ပါဝင်လာခြင်းကြောင့် လေ့ကျင့်သည့်အချိန်မှာသာမက၊ ပြိုင်ပွဲတွင် ယှဉ်ပြိုင်သည့်အချိန်၌ပါ အားကစားသမားများ၏ အနိုင်မခံ၊ အရှုံးမပေးလိုစိတ်နှင့် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးစား အားထုတ်မှုများကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ ထို့အပြင် အားကစားစိတ်ဓာတ်တွင် တရား သောယှဉ်ပြိုင်မှု၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်မှု၊ အားကစား သမားအချင်းချင်း အပြန်အလှန်လေးစားမှု စသည့် အခြေခံစိတ်ဓာတ်များ ပါဝင်နေကြောင်း၊ ဇွဲ၊ လုံ့လဝီရိယ၊ လေ့ကျင့်သားပြည့်ဝမှု၊ စိတ်ဓာတ်တည်ကြည်ခိုင်မာမှု စသည့် တစ်ဦးချင်း စွမ်းရည်များအား စုပေါင်းလုပ်ဆောင်တတ်မှု၊ တစ်ဦး၏အားနည်းချက်ကို တစ်ဦးက ဖြည့်ဆည်းပေးမှု၊ တစ်ဦးချင်း၏ အားသာချက်ကို မိမိအသင်း၏အားသာချက်အဖြစ် စုစည်း ဖော်ထုတ်နိုင်မှု စသည့် အစုအဖွဲ့၏စွမ်းရည်များနှင့် ပေါင်းစပ်၍ စုပေါင်းစွမ်းအား Synergy ကို ဖော်ထုတ်နိုင်မှသာ အောင်မြင်မှုရရှိနိုင်မှာဖြစ်ကြောင်း၊ ယင်းစုပေါင်းစွမ်းအားဖြင့် မြန်မာ့အားကစားကဏ္ဍကို မြှင့်တင်ခြင်းသည် အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်း၊ အမျိုးသားရေးစိတ်ဓာတ် တည်ဆောက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး လူတိုင်းလူတိုင်း ကျန်းမာရေးအတွက် အားကစားတစ်ခုခုအား လေ့လာလိုက်စား လုပ်ဆောင်ရန် အကြံပြုလိုကြောင်း၊ မိမိနှစ်သက်ရာအားကစား ကို ကျန်းမာရေးအတွက် နေ့စဉ်လုပ်ဆောင်ခြင်းဖြင့် အလေ့အကျင့်မှသည် အလေ့အထကို ဖြစ်စေပြီး ကျန်းမာသန်စွမ်းမှုသာမက သက်လုံကောင်းမွန်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုများကိုပါ ရရှိစေနိုင်ကြောင်း၊ ၎င်းမှတစ်ဆင့် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် နည်းစနစ်တကျ တစ်စိုက်မတ်မတ် ဆက်လက်လေ့ကျင့်လုပ်ဆောင်ပါက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများအဖြစ် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ မည်သည့်အားကစားနည်းတွင်မဆို နည်းစနစ်ပိုင်းဆိုင်ရာမှာ အရေးကြီးကြောင်း၊ အားကစားအခင်းအကျင်း၊ လှုပ်ရှားမှုအစီအမံများနှင့် လေ့ကျင့်မှု ပိုင်းဆိုင်ရာ အထောက်အကူပစ္စည်းများသည်လည်း အရေးပါကြောင်း၊ အားကစား အထောက်အကူပြုပစ္စည်း များသည် အားကစားသမားတိုင်းအတွက် အရေးကြီးသည့် သက်လုံကောင်းမွန်မှု၊ ကိုယ်ခန္ဓာကြံ့ခိုင်မှု ကိုသာမက စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်ကြောင်း ထည့်သွင်းပြောကြားသည်။

အထူးသဖြင့် မသန်စွမ်းအားကစားသမားများအနေဖြင့် သာမန်ကိုယ်လက် အင်္ဂါပြည့်စုံသူ အားကစား သမားများထက် အားကစားလေ့ကျင့်လှုပ်ရှားနိုင်မှုအကျယ်အဝန်း ကျဉ်းမြောင်းသောကြောင့် အားကစား အထောက်အကူပြုပစ္စည်းများ၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုဆိုင်ရာ လေ့ကျင့်ရေးပစ္စည်းများ ဖြည့်ဆည်းပေးရန် အထူးလိုအပ်ကြောင်း၊ သို့ဖြစ်၍ ယနေ့အခမ်းအနားတွင် မသန်စွမ်းအားကစားအဖွဲ့အတွက် အထောက်အကူဖြစ်စေရန် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက မတည်ငွေ သိန်း ၁၀၀၀ လှူဒါန်းပြီး စေတနာရှင်အလှူရှင်များက လှူဒါန်းငွေသိန်း ၉၀၀၀ ဖြင့် ငွေပဒေသာပင် သိန်း ၁၀၀၀၀ စိုက်ထူမည်ဖြစ်ကြောင်း၊ ၎င်းငွေကို ဘဏ်တွင် စာရင်းသေအပ်ငွေဖြင့် စုဆောင်း ထားပြီး ရရှိသည့်အတိုးများဖြင့် (၁၀)ကြိမ်မြောက်အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲမှ စတင်၍ နောင်နိုင်ငံတကာ အားကစားပြိုင်ပွဲများအတွက် စခန်းသွင်းလေ့ကျင့်ခြင်း၊ သွားရောက် ယှဉ်ပြိုင်ခြင်းများအတွက် အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ ပစ္စည်းပစ္စယ မပြည့်စုံမှု၊ စားသောက်နေထိုင်ရေးတွင် မပြည့်ဝမှု၊ စရိတ်မတတ်နိုင်၍ နည်းနည်းနှင့်ကျဲကျဲ ဝိုင်းရသည်မျိုးမဖြစ်စေရန်အတွက် စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်၍အဖွဲ့ချုပ်အနေဖြင့် စနစ်တကျ သုံးစွဲရန် အကြံပြုတိုက်တွန်းလိုကြောင်း၊ ယခုကဲ့သို့ လှူဒါန်းပေးသူ အလှူရှင်များအား လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်းနှင့် အခြားသော စေတနာရှင်၊ အလှူရှင်များကိုလည်း ထပ်မံလှူဒါန်းနိုင်ရန် ဖိတ်ခေါ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ယခု အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အားကစား သမားများအနေဖြင့် အခြေအနေအကြောင်းကြောင်းကြောင့် ကိုယ်စိတ်အင်္ဂါချို့ယွင်း သော်လည်း စိတ်အားငယ်မှုမရှိဘဲ ဘဝကိုအရှုံးမပေးဘဲ ရဲရင့်စွာရင်ဆိုင်ရင်း ကောင်းမွန်ကြံံ့ခိုင်သည့်စိတ်ဓာတ်၊ ကြီးမားသည့် ဇွဲ၊ လုံ့လဝီရိယများဖြင့် မိမိဘ၀ ကိုမြှင့်တင်ပြီး နိုင်ငံဂုဏ်ကိုပါ ဆောင်ကြဉ်းပေးနိုင်မှုအတွက် လေးစားဂုဏ်ပြုပါ ကြောင်း၊ မိမိတို့၏ အောင်မြင်မှု အရှည်တည့်တံ့စေရေးအတွက် သာမန်လူများထက် မလျော့ သော ဇွဲ၊ ထက်သန်သော လုံ့လ၊ သာလွန်နိုးကြားသော ဝီရိယများဖြင့် ဆက်လက်လေ့ကျင့် ကြရန်၊ နောက်နောင်ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရန် တိုက်တွန်း ကြောင်းမှာကြားသည်။

ထို့နောက် နိုင်ငံတော်အနေဖြင့် ” မြန်မာအားကစား ကမ္ဘာကိုလွှမ်းစေရမည်” ဟု အမျိုးသားရေးရည်မှန်းချက်တွင် အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားအဆင့်အတန်းကျဆင်းခြင်းသည် အမျိုးသားရေးစိတ်ဓာတ်ကိုပါ ယိုယွင်း ပျက်စီးစေနိုင်သောကြောင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာရေး၊ မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်မွေးထုတ်ရေး တို့အတွက် တပ်မတော်အနေဖြင့်လည်း အဘက်ဘက်မှ ဖြည့်ဆည်းအားပေးဆောင် ရွက်လျက်ရှိကြောင်း၊ ယင်းမှာ ” အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့် ကာကွယ်ရေးအမြင်တစ်ခုတည်းဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ အားကစားမှသည် မိမိတို့အားလုံး၏ စည်းလုံးညီညွတ်မှု၊ ပေါင်းစည်းဆောင် ရွက်မှု၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်မှုများအတွက် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ မြန်မာ့အားကစားအောင်မြင်မှု ဒေသအတွင်း၌သာမက ကမ္ဘာတစ်ဝှမ်း ကိုပါ တစ်ဆင့်တက်လှမ်းနိုင်ရေးအတွက် မိမိတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းပူးပေါင်း ဆောင်ရွက်ရေး တိုက်တွန်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က (၉)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရေကူးမီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀ (အလွတ်ကူး) တစ်ဦးချင်းအားကစားနည်း၌ ရွှေတံဆိပ် ၃ ခုရရှိသည့် မောင်အောင်မြင့်မြတ် အားလည်းကောင်း၊ ရေကူး မီတာ ၅၀ (လိပ်ပြာ/ရင်ဘောင်တန်းကူး) မီတာ ၂၀၀(၄ မျိုးကူး) တစ်ဦးချင်းအားကစားနည်း၌ ရွှေတံဆိပ် ၃ ခုရရှိသည့် မောင်နိုင်စစ်အောင် အားလည်းကောင်း၊ ရေကူးမီတာ ၁၀၀(ရင်ဘောင်တန်းကူး)၊ မီတာ ၂၀၀(၄ မျိုးကူး)၊ မီတာ ၅၀ (အလွတ်ကူး) တစ်ဦးချင်းအားကစားနည်း၌ ရွှေတံဆိပ် ၁ ခုနှင့် ငွေတံဆိပ် ၂ ခုရရှိသည့် မောင်အောင်ဖုန်း အားလည်းကောင်း၊ ပြေးခုန်ပစ် (လှံတံပစ်/သံပြားပစ်/သံလုံးပစ်) တစ်ဦးချင်းအားကစားနည်း၌ ရွှေတံဆိပ်ဆု ၁ ခုနှင့် ကြေးတံဆိပ် ၂ ခုတို့ ရရှိခဲ့သည့် ဒုတိယတပ်ကြပ် တင်ညို အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက (၉)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်(သံပြားပစ်/သံလုံးပစ်) တစ်ဦးချင်းအားကစားနည်း၌ ငွေတံဆိပ် ၂ ခုရရှိသည့် မထက်ထက်အေး အားလည်းကောင်း၊ ပြေးခုန်ပစ်မီတာ ၂၀၀/မီတာ ၄၀၀(အပြေး) တစ်ဦးချင်းအားကစားနည်း၌ ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခုတို့ရရှိသည့် မနန္ဒာလင်း အားလည်းကောင်း၊ အလေးမ(၇၉ ကီလိုတန်း)တစ်ဦးချင်းအားကစားနည်း၌ ငွေတံဆိပ် ၁ ခုရရှိသည့် မငြိမ်းစန္ဒာအောင် အားလည်းကောင်း၊ စစ်တုရင်(B 2 အနှေးရွှေ့/အမြန်ရွှေ့) အသင်းလိုက်အားကစားနည်း၌ ကြေးတံဆိပ် ၂ ခုရရှိခဲ့သည့် စစ်တုရင်အသင်း၏ကိုယ်စား မဖြူဖြူဝင်း အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက (၉)ကြိမ်မြောက်အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲတွင် ပြေးခုန်ပစ်(သံလုံးပစ်)ၤ-၅၅တစ်ဦးချင်းအားကစားနည်း၌ ရွှေတံဆိပ် ၁ ခု၊ ပြေးခုန်ပစ် (သံလုံးပစ်) F-44 တစ်ဦးချင်းအားကစားနည်း၌ ရွှေတံဆိပ် ၁ ခု၊ ထိုင်လျက်ဘော်လီဘော (အမျိုးသား)အသင်းလိုက်အားကစားနည်း၌ ရွှေတံဆိပ် ၁ ခု၊ ရေကူးမီတာ ၅၀(ရင်ဘောင် တန်းကူး)/မီတာ ၁၀၀(ရင်ဘောင်တန်းကူး)/မီတာ ၂၀၀ (အလွတ်ကူး) တစ်ဦးချင်းအားကစားနည်း၌ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၁ ခုတို့ကိုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသည့် အားကစား သမားများအားလည်းကောင်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်က စစ်တုရင်(B 2 အနှေးရွှေ့/အမြန်ရွှေ့) အသင်းလိုက် အားကစားနည်း၌ ကြေးတံဆိပ် ၂ ခု၊ စစ်တုရင်(B 2 အနှေးရွှေ့/အမြန်ရွှေ့) တစ်ဦးချင်း အားကစားနည်း၌ ကြေးတံဆိပ် ၂ ခု၊ စစ်တုရင်( B 1 အမြန်ရွှေ့) အသင်းလိုက်အားကစားနည်း၌ ကြေးတံဆိပ် ၁ ခုတို့ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ကြသည့် အားကစားသမားများအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့် ကြသည်။

ဆက်လက်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး က (၉)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် မီတာ ၂၀၀ /မီတာ ၄၀၀ အပြေးတစ်ဦးချင်းအားကစားနည်း၌ ငွေတံဆိပ် ၂ခု၊ ရေကူးမီတာ ၅၀ (လိပ်ပြာကူး)/ မီတာ ၂၀၀(၄မျိုးကူး) တစ်ဦးချင်းအားကစားနည်း၌ ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခု၊ ရေကူးမီတာ၅၀ (လိပ်ပြာကူး) တစ်ဦးချင်းအားကစားနည်း၌ ငွေတံဆိပ် ၁ခု၊ ရေကူးမီတာ ၁၀၀ (ရင်ဘောင်တန်းကူး)တစ်ဦးချင်းအားကစားနည်း၌ ငွေတံဆိပ် ၁ ခု တို့ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ကြသည့် အားကစားသမားများအားလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက (၉)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်(သံလုံးပစ်)တစ်ဦးချင်း အားကစားနည်း၌ ငွေတံဆိပ် ၁ ခု၊ ရေကူး မီတာ ၅၀/မီတာ ၁၀၀ (ရင်ဘောင်တန်းကူး) တစ်ဦးချင်း အားကစားနည်း၌ ကြေးတံဆိပ် ၂ ခု၊ ရေကူူးမီတာ ၅၀(ရင်ဘောင်တန်းကူး)/ မီတာ ၄၀၀(အလွတ်ကူး) တစ်ဦးချင်းအားကစားနည်း၌ ကြေးတံဆိပ် ၂ ခု၊ ပြေးခုန်ပစ် (လှံတံပစ်)တစ်ဦးချင်းအားကစားနည်း၌ ကြေးတံဆိပ် ၁ ခု တို့ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ကြ သည့် အားကစားသမားများအားလည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက (၉)ကြိမ်မြောက်အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ တွင် စစ်တုရင်(B 1 အမြန်ရွှေ့)တစ်ဦးချင်းအားကစားနည်း၌ ကြေးတံ ဆိပ် ၁ ခု၊ စားပွဲတင် တင်းနစ်တစ်ဦးချင်းအားကစားနည်း၌ ကြေးတံဆိပ် ၁ ခု၊ စစ်တုရင်(B 1 အမြန်ရွှေ့) အသင်းလိုက်အားကစားနည်း၌ ကြေးတံဆိပ် ၁ ခု တို့ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ကြသည့် အားကစားသမားများနှင့် (၉)ကြိမ်မြောက်အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့သော အားကစားသမားများအား ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ၁၅ ခုနှင့် ကြေးတံဆိပ် ၁၇ ခုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော အားကစားနည်းပြများ ကိုယ်စား ဦးမြခိုင်အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

၎င်းနောက် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်အတွက် ငွေပဒေသာပင် စိုက်ထူခြင်းအဖြစ် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက လှူဒါန်း သည့် ငွေကျပ်သိန်းတစ်ထောင်ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက လည်းကောင်း၊ အနာဂတ်အလင်းတန်းဖောင်ဒေးရှင်းက လှူဒါန်းသည့် ငွေကျပ်သိန်းသုံးထောင်ကို မန်နေးဂျင်း ဒါရိုက်တာ ဦးမင်းမော်အေး ကလည်းကောင်း၊ ဧရာမြန်မာအာမခံကုမ္ပဏီလီမိတက်က လှူဒါန်းသည့် ငွေကျပ်သိန်းသုံးထောင်ကို အထွေထွေမန်နေဂျာ ဒေါ်ရင်ရင်အေး ကလည်းကောင်း၊ မြန်မာအကြံပေးကုမ္ပဏီလီမိတက်က လှူဒါန်းသည့် ငွေကျပ်သိန်းသုံး ထောင်ကို ဒါရိုက်တာ ဦးအောင်မြင့်က လည်းကောင်းအသီးသီးပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးဝင်းက လက်ခံရယူသည်။

ယင်းနောက်(၉)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ ဆုရရှိခဲ့ ကြသော အားကစားသမားများကိုယ်စား ဗိုလ်ကြီး မင်းနိုင်ဦး(အငြိမ်းစား)က ကျေးဇူးတင် စကား ပြန်လည်ပြောကြားကြသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများအား ဂုဏ်ပြု လက်ဘက်ရည်ဖြင့် တည်ခင်းဧည့်ခံကြပြီး သုံးဆောင်နေစဉ်အတွင်း မြဝတီတေးဂီတအဖွဲ့ က တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနား သို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပါသည်။

 

(Zawgyi Version)

(၉)ႀကိမ္ေျမာက္ အာဆီယံ မသန္စြမ္းအားကစားၿပိဳင္ပြဲတြင္ ႏိုင္ငံ့ဂုဏ္ေဆာင္ႏိုင္ခဲ့ၾကသည့္ အားကစားသမားမ်ားႏွင့္ နည္းျပအား ဂုဏ္ျပဳ၊ ျမန္မာႏိုင္ငံမသန္စြမ္းသူမ်ား အားကစား အဖြဲ႕ခ်ဳပ္သို႔ ေငြပေဒသာပင္က်ပ္သိန္း ၁၀၀၀၀ စိုက္ထူလႉဒါန္း

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၃

အားကစားလုပ္ေဆာင္ျခင္း၊ အားကစားၿပိဳင္ပြဲမ်ားတြင္ ပါ၀င္ယွဥ္ၿပိဳင္ျခင္းသည္ လူတစ္ဦးတစ္ေယာက္ခ်င္းအတြက္ အက်ိဳးသက္ေရာက္မႈမ်ားစြာရွိသကဲ့သို႔ မိမိ၏အဖြဲ႕ အစည္း၊ မိမိႏိုင္ငံအတြက္လည္း လြန္စြာအက်ိဳးေက်းဇူးႀကီးမားေၾကာင္း၊ အားကစား လုပ္ေဆာင္ျခင္းအားျဖင့္ မိမိအဖြဲ႕အစည္းကို ခ်စ္စိတ္၊ တိုင္းခ်စ္ျပည္ခ်စ္စိတ္ႏွင့္ ႏိုင္ငံေတာ္ ကာကြယ္ေရးအတြက္ မ်ိဳးခ်စ္စိတ္မ်ား တိုးတက္ျဖစ္ေပၚေစျခင္းေၾကာင့္ တစ္ႏုိင္ငံလံုး အတိုင္းအတာျဖင့္ အားကစားက႑ကို ျမႇင့္တင္အားေပးၾကရန္ လိုအပ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ယေန႕မြန္းလြဲ ၁ နာရီတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ၌ က်င္းပျပဳလုပ္ေသာ (၉)ႀကိမ္ေျမာက္ အာဆီယံ မသန္စြမ္းအားကစားၿပိဳင္ပြဲတြင္ ႏုိင္ငံ့ဂုဏ္ေဆာင္ႏုိင္ခဲ့ၾကသည့္ အားကစားသမားမ်ားႏွင့္ နည္းျပမ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္ျခင္းႏွင့္ ျမန္မာႏုိင္ငံမသန္စြမ္းသူမ်ား အားကစားအဖြဲ႔ခ်ဳပ္သို႔ ေငြပေဒသာပင္က်ပ္သိန္း ၁၀၀၀၀ စုိက္ထူလွဴဒါန္းျခင္း အခမ္းအနား၌ ဂုဏ္ျပဳအမွာစကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ ဇနီးေဒၚသန္းသန္းႏြယ္၊ ၫိႇႏိႈင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ျပည္ေထာင္စု၀န္ႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ေနျပည္ေတာ္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴးႏွင့္ဇနီး၊ အားကစားႏွင့္ကာယပညာဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္၊ ဆုတံဆိပ္မ်ားရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၾကေသာ နည္းျပမ်ား၊ ဆုတံဆိပ္မ်ားအသီးသီး ဆြတ္ခူးရရွိခဲ့ၾကသည့္ အားကစားသမားမ်ားႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အားကစား၏ သေဘာသဘာ၀ အရ ကိုယ္ကာယအားျဖင့္ က်န္းမာႀကံ႕ခိုင္ သန္စြမ္းရန္လိုအပ္သကဲ့သုိ႔ စိတ္ဓာတ္ပိုင္းဆုိင္ ရာတြင္လည္း ေကာင္းမြန္ခိုင္မာဖို႔လိုေၾကာင္း၊ အားကစားၿပိဳင္ပြဲမ်ားတြင္ ယွဥ္ၿပိဳင္မႈက႑ ပါ၀င္လာျခင္းေၾကာင့္ ေလ့က်င့္သည့္အခ်ိန္မွာသာမက၊ ၿပိဳင္ပြဲတြင္ ယွဥ္ၿပိဳင္သည့္အခ်ိန္၌ပါ အားကစားသမားမ်ား၏ အႏိုင္မခံ၊ အ႐ံႈးမေပးလိုစိတ္ႏွင့္ ဇြဲ၊ လံု႕လ၊ ၀ီရိယျဖင့္ ႀကိဳးစား အားထုတ္မႈမ်ားကို ေတြ႕ျမင္ရမွာျဖစ္ေၾကာင္း၊ ထုိ႔အျပင္ အားကစားစိတ္ဓာတ္တြင္ တရား ေသာယွဥ္ၿပိဳင္မႈ၊ သတ္မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ယွဥ္ၿပိဳင္မႈ၊ အားကစား သမားအခ်င္းခ်င္း အျပန္အလွန္ေလးစားမႈ စသည့္ အေျခခံစိတ္ဓာတ္မ်ား ပါ၀င္ေနေၾကာင္း၊ ဇြဲ၊ လံု႕လ၀ီရိယ၊ ေလ့က်င့္သားျပည့္၀မႈ၊ စိတ္ဓာတ္တည္ၾကည္ခိုင္မာမႈ စသည့္ တစ္ဦးခ်င္း စြမ္းရည္မ်ားအား စုေပါင္းလုပ္ေဆာင္တတ္မႈ၊ တစ္ဦး၏အားနည္းခ်က္ကို တစ္ဦးက ျဖည့္ဆည္းေပးမႈ၊ တစ္ဦးခ်င္း၏ အားသာခ်က္ကို မိမိအသင္း၏အားသာခ်က္အျဖစ္ စုစည္း ေဖာ္ထုတ္ႏိုင္မႈ စသည့္ အစုအဖြဲ႕၏စြမ္းရည္မ်ားႏွင့္ ေပါင္းစပ္၍ စုေပါင္းစြမ္းအား Synergy ကို ေဖာ္ထုတ္ႏိုင္မွသာ ေအာင္ျမင္မႈရရွိႏိုင္မွာျဖစ္ေၾကာင္း၊ ယင္းစုေပါင္းစြမ္းအားျဖင့္ ျမန္မာ့အားကစားက႑ကို ျမႇင့္တင္ျခင္းသည္ အမ်ိဳးသားေရးတာ၀န္ထမ္းေဆာင္ျခင္း၊ အမ်ိဳးသားေရးစိတ္ဓာတ္ တည္ေဆာက္ျခင္းပင္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ဆက္လက္ၿပီး လူတိုင္းလူတိုင္း က်န္းမာေရးအတြက္ အားကစားတစ္ခုခုအား ေလ့လာလိုက္စား လုပ္ေဆာင္ရန္ အႀကံျပဳလိုေၾကာင္း၊ မိမိႏွစ္သက္ရာအားကစား ကို က်န္းမာေရးအတြက္ ေန႔စဥ္လုပ္ေဆာင္ျခင္းျဖင့္ အေလ့အက်င့္မွသည္ အေလ့အထကို ျဖစ္ေစၿပီး က်န္းမာသန္စြမ္းမႈသာမက သက္လံုေကာင္းမြန္မႈ၊ စိတ္ဓာတ္ႀကံ႕ခိုင္မႈမ်ားကိုပါ ရရွိေစႏိုင္ေၾကာင္း၊ ၎မွတစ္ဆင့္ ဇြဲ၊ လံု႕လ၊ ၀ီရိယျဖင့္ နည္းစနစ္တက် တစ္စိုက္မတ္မတ္ ဆက္လက္ေလ့က်င့္လုပ္ေဆာင္ပါက ႏိုင္ငံ့ဂုဏ္ေဆာင္ အားကစားသမားေကာင္းမ်ားအျဖစ္ ေရာက္ရွိႏိုင္မည္ျဖစ္ေၾကာင္း၊ မည္သည့္အားကစားနည္းတြင္မဆို နည္းစနစ္ပိုင္းဆုိင္ရာမွာ အေရးႀကီးေၾကာင္း၊ အားကစားအခင္းအက်င္း၊ လႈပ္ရွားမႈအစီအမံမ်ားႏွင့္ ေလ့က်င့္မႈ ပိုင္းဆုိင္ရာ အေထာက္အကူပစၥည္းမ်ားသည္လည္း အေရးပါေၾကာင္း၊ အားကစား အေထာက္အကူျပဳပစၥည္း မ်ားသည္ အားကစားသမားတုိင္းအတြက္ အေရးႀကီးသည့္ သက္လံုေကာင္းမြန္မႈ၊ ကိုယ္ခႏၶာႀကံ႕ခိုင္မႈ ကိုသာမက စြမ္းေဆာင္ရည္ကိုလည္း ျမႇင့္တင္ေပးႏိုင္ေၾကာင္း ထည့္သြင္းေျပာၾကားသည္။

အထူးသျဖင့္ မသန္စြမ္းအားကစားသမားမ်ားအေနျဖင့္ သာမန္ကိုယ္လက္ အဂၤါျပည့္စံုသူ အားကစား သမားမ်ားထက္ အားကစားေလ့က်င့္လႈပ္ရွားႏိုင္မႈအက်ယ္အ၀န္း က်ဥ္းေျမာင္းေသာေၾကာင့္ အားကစား အေထာက္အကူျပဳပစၥည္းမ်ား၊ ကိုယ္ခႏၶာႀကံ႕ခုိင္မႈဆုိင္ရာ ေလ့က်င့္ေရးပစၥည္းမ်ား ျဖည့္ဆည္းေပးရန္ အထူးလိုအပ္ေၾကာင္း၊ သို႔ျဖစ္၍ ယေန႔အခမ္းအနားတြင္ မသန္စြမ္းအားကစားအဖြဲ႕အတြက္ အေထာက္အကူျဖစ္ေစရန္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားက မတည္ေငြ သိန္း ၁၀၀၀ လွဴဒါန္းၿပီး ေစတနာရွင္အလွဴရွင္မ်ားက လွဴဒါန္းေငြသိန္း ၉၀၀၀ ျဖင့္ ေငြပေဒသာပင္ သိန္း ၁၀၀၀၀ စိုက္ထူမည္ျဖစ္ေၾကာင္း၊ ၎ေငြကို ဘဏ္တြင္ စာရင္းေသအပ္ေငြျဖင့္ စုေဆာင္း ထားၿပီး ရရွိသည့္အတိုးမ်ားျဖင့္ (၁၀)ႀကိမ္ေျမာက္အာဆီယံ မသန္စြမ္းအားကစားၿပိဳင္ပြဲမွ စတင္၍ ေနာင္ႏိုင္ငံတကာ အားကစားၿပိဳင္ပြဲမ်ားအတြက္ စခန္းသြင္းေလ့က်င့္ျခင္း၊ သြားေရာက္ ယွဥ္ၿပိဳင္ျခင္းမ်ားအတြက္ အသံုးျပဳႏိုင္မွာျဖစ္ေၾကာင္း၊ ပစၥည္းပစၥယ မျပည့္စံုမႈ၊ စားေသာက္ေနထုိင္ေရးတြင္ မျပည့္၀မႈ၊ စရိတ္မတတ္ႏိုင္၍ နည္းနည္းႏွင့္က်ဲက်ဲ ၀ုိင္းရသည္မ်ဳိးမျဖစ္ေစရန္အတြက္ စီစဥ္ေဆာင္ရြက္ထားျခင္းျဖစ္၍အဖြဲ႕ခ်ဳပ္အေနျဖင့္ စနစ္တက် သံုးစြဲရန္ အႀကံျပဳတုိက္တြန္းလုိေၾကာင္း၊ ယခုကဲ့သုိ႕ လွဴဒါန္းေပးသူ အလွဴရွင္မ်ားအား လႈိက္လွဲစြာ ေက်းဇူးတင္ရွိေၾကာင္းႏွင့္ အျခားေသာ ေစတနာရွင္၊ အလွဴရွင္မ်ားကိုလည္း ထပ္မံလွဴဒါန္းႏိုင္ရန္ ဖိတ္ေခၚပါေၾကာင္း တုိက္တြန္းေျပာၾကားသည္။

ယခု အာဆီယံမသန္စြမ္းအားကစားၿပိဳင္ပြဲတြင္ ပါ၀င္ယွဥ္ၿပိဳင္ခဲ့သည့္ အားကစား သမားမ်ားအေနျဖင့္ အေျခအေနအေၾကာင္းေၾကာင္းေၾကာင့္ ကုိယ္စိတ္အဂၤါခ်ဳိ႕ယြင္း ေသာ္လည္း စိတ္အားငယ္မႈမရွိဘဲ ဘ၀ကိုအ႐ံႈးမေပးဘဲ ရဲရင့္စြာရင္ဆုိင္ရင္း ေကာင္းမြန္ႀကံံ႕ခုိင္သည့္စိတ္ဓာတ္၊ ႀကီးမားသည့္ ဇြဲ၊ လံု႕လ၀ီရိယမ်ားျဖင့္ မိမိဘ၀ ကိုျမႇင့္တင္ၿပီး ႏုိင္ငံဂုဏ္ကုိပါ ေဆာင္ၾကဥ္းေပးႏိုင္မႈအတြက္ ေလးစားဂုဏ္ျပဳပါ ေၾကာင္း၊ မိမိတုိ႕၏ ေအာင္ျမင္မႈ အရွည္တည့္တံ့ေစေရးအတြက္ သာမန္လူမ်ားထက္ မေလ်ာ့ ေသာ ဇြဲ၊ ထက္သန္ေသာ လံု႕လ၊ သာလြန္ႏိုးၾကားေသာ ၀ီရိယမ်ားျဖင့္ ဆက္လက္ေလ့က်င့္ ၾကရန္၊ ေနာက္ေနာင္ၿပိဳင္ပြဲမ်ားအတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ၾကရန္ တုိက္တြန္း ေၾကာင္းမွာၾကားသည္။

ထုိ႕ေနာက္ ႏုိင္ငံေတာ္အေနျဖင့္ ” ျမန္မာအားကစား ကမၻာကုိလႊမ္းေစရမည္” ဟု အမ်ဳိးသားေရးရည္မွန္းခ်က္တြင္ အားကစားက႑ကုိ ျမႇင့္တင္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ အားကစားအဆင့္အတန္းက်ဆင္းျခင္းသည္ အမ်ဳိးသားေရးစိတ္ဓာတ္ကုိပါ ယုိယြင္း ပ်က္စီးေစႏုိင္ေသာေၾကာင့္ ထူးခြၽန္ထက္ျမက္ေသာ အားကစားသမားေကာင္းမ်ား ေပၚထြန္းလာေရး၊ မ်ဳိးဆက္သစ္အားကစားသမားမ်ား စဥ္ဆက္မျပတ္ေမြးထုတ္ေရး တုိ႕အတြက္ တပ္မေတာ္အေနျဖင့္လည္း အဘက္ဘက္မွ ျဖည့္ဆည္းအားေပးေဆာင္ ရြက္လ်က္ရွိေၾကာင္း၊ ယင္းမွာ ” အားကစားျမႇင့္တင္ျခင္းသည္ ႏိုင္ငံေတာ္ကို ကာကြယ္ ေစာင့္ေရွာက္ေနျခင္းျဖစ္သည္” ဆုိသည့္ ကာကြယ္ေရးအျမင္တစ္ခုတည္းျဖင့္ လုပ္ေဆာင္ျခင္းမဟုတ္ဘဲ အားကစားမွသည္ မိမိတုိ႕အားလံုး၏ စည္းလံုးညီၫြတ္မႈ၊ ေပါင္းစည္းေဆာင္ ရြက္မႈ၊ မ်ဳိးခ်စ္စိတ္ဓာတ္ ရွင္သန္ထက္ျမက္မႈမ်ားအတြက္ ရည္ရြယ္လုပ္ေဆာင္ေနျခင္း ျဖစ္ေၾကာင္း၊ ျမန္မာ့အားကစားေအာင္ျမင္မႈ ေဒသအတြင္း၌သာမက ကမၻာတစ္၀ွမ္း ကိုပါ တစ္ဆင့္တက္လွမ္းႏုိင္ေရးအတြက္ မိမိတို႕အားလံုး ၀ိုင္း၀န္းႀကိဳးပမ္းပူးေပါင္း ေဆာင္ရြက္ေရး တိုက္တြန္းေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ က (၉)ႀကိမ္ေျမာက္အာဆီယံမသန္စြမ္းအားကစားၿပိဳင္ပြဲတြင္ ေရကူးမီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀ (အလြတ္ကူး) တစ္ဦးခ်င္းအားကစားနည္း၌ ေရႊတံဆိပ္ ၃ ခုရရွိသည့္ ေမာင္ေအာင္ျမင့္ျမတ္ အားလည္းေကာင္း၊ ေရကူး မီတာ ၅၀ (လိပ္ျပာ/ရင္ေဘာင္တန္းကူး) မီတာ ၂၀၀(၄ မ်ိဳးကူး) တစ္ဦးခ်င္းအားကစားနည္း၌ ေရႊတံဆိပ္ ၃ ခုရရွိသည့္ ေမာင္ႏုိင္စစ္ေအာင္ အားလည္းေကာင္း၊ ေရကူးမီတာ ၁၀၀(ရင္ေဘာင္တန္းကူး)၊ မီတာ ၂၀၀(၄ မ်ိဳးကူး)၊ မီတာ ၅၀ (အလြတ္ကူး) တစ္ဦးခ်င္းအားကစားနည္း၌ ေရႊတံဆိပ္ ၁ ခုႏွင့္ ေငြတံဆိပ္ ၂ ခုရရွိသည့္ ေမာင္ေအာင္ဖုန္း အားလည္းေကာင္း၊ ေျပးခုန္ပစ္ (လွံတံပစ္/သံျပားပစ္/သံလုံးပစ္) တစ္ဦးခ်င္းအားကစားနည္း၌ ေရႊတံဆိပ္ဆု ၁ ခုႏွင့္ ေၾကးတံဆိပ္ ၂ ခုတို႔ ရရွိခဲ့သည့္ ဒုတိယတပ္ၾကပ္ တင္ညိဳ အားလည္းေကာင္း ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳဆုေငြမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွက (၉)ႀကိမ္ေျမာက္အာဆီယံမသန္စြမ္းအားကစားၿပိဳင္ပြဲတြင္ ေျပးခုန္ပစ္(သံျပားပစ္/သံလုံးပစ္) တစ္ဦးခ်င္းအားကစားနည္း၌ ေငြတံဆိပ္ ၂ ခုရရွိသည့္ မထက္ထက္ေအး အားလည္းေကာင္း၊ ေျပးခုန္ပစ္မီတာ ၂၀၀/မီတာ ၄၀၀(အေျပး) တစ္ဦးခ်င္းအားကစားနည္း၌ ေငြတံဆိပ္ ၁ ခုႏွင့္ ေၾကးတံဆိပ္ ၁ ခုတုိ႔ရရွိသည့္ မနႏၵာလင္း အားလည္းေကာင္း၊ အေလးမ(၇၉ ကီလုိတန္း)တစ္ဦးခ်င္းအားကစားနည္း၌ ေငြတံဆိပ္ ၁ ခုရရွိသည့္ မၿငိမ္းစႏၵာေအာင္ အားလည္းေကာင္း၊ စစ္တုရင္(B 2 အေႏွးေရႊ႕/အျမန္ေရႊ႕) အသင္းလိုက္အားကစားနည္း၌ ေၾကးတံဆိပ္ ၂ ခုရရွိခဲ့သည့္ စစ္တုရင္အသင္း၏ကုိယ္စား မျဖဴျဖဴ၀င္း အားလည္းေကာင္း ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳဆုေငြမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

ထုိ႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းက (၉)ႀကိမ္ေျမာက္အာဆီယံမသန္စြမ္း အားကစား ၿပိဳင္ပြဲတြင္ ေျပးခုန္ပစ္(သံလုံးပစ္)ၤ-၅၅တစ္ဦးခ်င္းအားကစားနည္း၌ ေရႊတံဆိပ္ ၁ ခု၊ ေျပးခုန္ပစ္ (သံလုံးပစ္) F-44 တစ္ဦးခ်င္းအားကစားနည္း၌ ေရႊတံဆိပ္ ၁ ခု၊ ထုိင္လ်က္ေဘာ္လီေဘာ (အမ်ိဳးသား)အသင္းလိုက္အားကစားနည္း၌ ေရႊတံဆိပ္ ၁ ခု၊ ေရကူးမီတာ ၅၀(ရင္ေဘာင္ တန္းကူး)/မီတာ ၁၀၀(ရင္ေဘာင္တန္းကူး)/မီတာ ၂၀၀ (အလြတ္ကူး) တစ္ဦးခ်င္းအားကစားနည္း၌ ေငြတံဆိပ္ ၂ ခုႏွင့္ ေၾကးတံဆိပ္ ၁ ခုတုိ႔ကိုရရွိေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ၾကသည့္ အားကစား သမားမ်ားအားလည္းေကာင္း၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)၏ဇနီး ေဒၚသန္းသန္းႏြယ္က စစ္တုရင္(B 2 အေႏွးေရႊ႕/အျမန္ေရႊ႕) အသင္းလိုက္ အားကစားနည္း၌ ေၾကးတံဆိပ္ ၂ ခု၊ စစ္တုရင္(B 2 အေႏွးေရႊ႕/အျမန္ေရႊ႕) တစ္ဦးခ်င္း အားကစားနည္း၌ ေၾကးတံဆိပ္ ၂ ခု၊ စစ္တုရင္( B 1 အျမန္ေရႊ႕) အသင္းလိုက္အားကစားနည္း၌ ေၾကးတံဆိပ္ ၁ ခုတုိ႔ရရွိေအာင္စြမ္းေဆာင္ႏုိင္ခဲ့ၾကသည့္ အားကစားသမားမ်ားအား လည္းေကာင္း ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ဂုဏ္ျပဳဆုေငြမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္ ၾကသည္။

ဆက္လက္ၿပီး ၫႇိႏိႈင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ)ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး က (၉)ႀကိမ္ေျမာက္အာဆီယံမသန္စြမ္းအားကစားၿပိဳင္ပြဲတြင္ ေျပးခုန္ပစ္ မီတာ ၂၀၀ /မီတာ ၄၀၀ အေျပးတစ္ဦးခ်င္းအားကစားနည္း၌ ေငြတံဆိပ္ ၂ခု၊ ေရကူးမီတာ ၅၀ (လိပ္ျပာကူး)/ မီတာ ၂၀၀(၄မ်ိဳးကူး) တစ္ဦးခ်င္းအားကစားနည္း၌ ေငြတံဆိပ္ ၁ ခုႏွင့္ ေၾကးတံဆိပ္ ၁ ခု၊ ေရကူးမီတာ၅၀ (လိပ္ျပာကူး) တစ္ဦးခ်င္းအားကစားနည္း၌ ေငြတံဆိပ္ ၁ခု၊ ေရကူးမီတာ ၁၀၀ (ရင္ေဘာင္တန္းကူး)တစ္ဦးခ်င္းအားကစားနည္း၌ ေငြတံဆိပ္ ၁ ခု တို႔ရရွိေအာင္စြမ္းေဆာင္ႏုိင္ခဲ့ၾကသည့္ အားကစားသမားမ်ားအားလည္းေကာင္း၊ ျပည္ထဲေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြက (၉)ႀကိမ္ေျမာက္အာဆီယံမသန္စြမ္းအားကစားၿပိဳင္ပြဲတြင္ ေျပးခုန္ပစ္(သံလုံးပစ္)တစ္ဦးခ်င္း အားကစားနည္း၌ ေငြတံဆိပ္ ၁ ခု၊ ေရကူး မီတာ ၅၀/မီတာ ၁၀၀ (ရင္ေဘာင္တန္းကူး) တစ္ဦးခ်င္း အားကစားနည္း၌ ေၾကးတံဆိပ္ ၂ ခု၊ ေရကူူးမီတာ ၅၀(ရင္ေဘာင္တန္းကူး)/ မီတာ ၄၀၀(အလြတ္ကူး) တစ္ဦးခ်င္းအားကစားနည္း၌ ေၾကးတံဆိပ္ ၂ ခု၊ ေျပးခုန္ပစ္ (လွံတံပစ္)တစ္ဦးခ်င္းအားကစားနည္း၌ ေၾကးတံဆိပ္ ၁ ခု တို႔ရရွိေအာင္စြမ္းေဆာင္ႏုိင္ခဲ့ၾက သည့္ အားကစားသမားမ်ားအားလည္းေကာင္း၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု ၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္းက (၉)ႀကိမ္ေျမာက္အာဆီယံမသန္စြမ္း အားကစားၿပိဳင္ပြဲ တြင္ စစ္တုရင္(B 1 အျမန္ေရႊ႕)တစ္ဦးခ်င္းအားကစားနည္း၌ ေၾကးတံ ဆိပ္ ၁ ခု၊ စားပြဲတင္ တင္းနစ္တစ္ဦးခ်င္းအားကစားနည္း၌ ေၾကးတံဆိပ္ ၁ ခု၊ စစ္တုရင္(B 1 အျမန္ေရႊ႕) အသင္းလုိက္အားကစားနည္း၌ ေၾကးတံဆိပ္ ၁ ခု တို႔ရရွိေအာင္စြမ္းေဆာင္ႏုိင္ခဲ့ၾကသည့္ အားကစားသမားမ်ားႏွင့္ (၉)ႀကိမ္ေျမာက္အာဆီယံမသန္စြမ္း အားကစားၿပိဳင္ပြဲတြင္ ႏုိင္ငံ့ဂုဏ္ေဆာင္ခဲ့ေသာ အားကစားသမားမ်ားအား ေရႊတံဆိပ္ ၁၁ ခု၊ ေငြတံဆိပ္ ၁၅ ခုႏွင့္ ေၾကးတံဆိပ္ ၁၇ ခုရရွိေအာင္ စြမ္းေဆာင္ေပးႏုိင္ခဲ့ေသာ အားကစားနည္းျပမ်ား ကိုယ္စား ဦးျမခုိင္အားလည္းေကာင္း ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳဆုေငြမ်ား အသီးသီးေပးအပ္ ခ်ီးျမႇင့္ၾကသည္။

၎ေနာက္ ျမန္မာႏုိင္ငံမသန္စြမ္းသူမ်ားအားကစားအဖြဲ႕ခ်ဳပ္အတြက္ ေငြပေဒသာပင္ စုိက္ထူျခင္းအျဖစ္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားက လွဴဒါန္း သည့္ ေငြက်ပ္သိန္းတစ္ေထာင္ကုိ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆန္းဦးက လည္းေကာင္း၊ အနာဂတ္အလင္းတန္းေဖာင္ေဒးရွင္းက လွဴဒါန္းသည့္ ေငြက်ပ္သိန္းသုံးေထာင္ကုိ မန္ေနးဂ်င္း ဒါ႐ိုက္တာ ဦးမင္းေမာ္ေအး ကလည္းေကာင္း၊ ဧရာျမန္မာအာမခံကုမၸဏီလီမိတက္က လွဴဒါန္းသည့္ ေငြက်ပ္သိန္းသုံးေထာင္ကုိ အေထြေထြမန္ေနဂ်ာ ေဒၚရင္ရင္ေအး ကလည္းေကာင္း၊ ျမန္မာအႀကံေပးကုမၸဏီလီမိတက္က လွဴဒါန္းသည့္ ေငြက်ပ္သိန္းသုံး ေထာင္ကုိ ဒါ႐ိုက္တာ ဦးေအာင္ျမင့္က လည္းေကာင္းအသီးသီးေပးအပ္လွဴဒါန္းၾကရာ ျမန္မာႏုိင္ငံမသန္စြမ္းသူမ်ားအားကစားအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဗုိလ္ခ်ဳပ္ စုိး၀င္းက လက္ခံရယူသည္။

ယင္းေနာက္(၉)ႀကိမ္ေျမာက္အာဆီယံမသန္စြမ္းအားကစားၿပိဳင္ပြဲ၌ ဆုရရွိခဲ့ ၾကေသာ အားကစားသမားမ်ားကိုယ္စား ဗိုလ္ႀကီး မင္းႏုိင္ဦး(အၿငိမ္းစား)က ေက်းဇူးတင္ စကား ျပန္လည္ေျပာၾကားၾကသည္။

ထုိ႔ေနာက္ အခမ္းအနားသုိ႔တက္ေရာက္လာၾကသူမ်ားအား ဂုဏ္ျပဳ လက္ဘက္ရည္ျဖင့္ တည္ခင္းဧည့္ခံၾကၿပီး သုံးေဆာင္ေနစဥ္အတြင္း ျမ၀တီေတးဂီတအဖြဲ႕ က ေတးသံသာမ်ားျဖင့္ သီဆုိေဖ်ာ္ေျဖၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ အခမ္းအနား သို႔ တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္ခဲ့ၾကပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။