COVID-19 ရောဂါနှင့် ပတ်သက်၍ သန့်ရှင်းမှုဖြင့် ကာကွယ်ခြင်း၊ ပိုးသတ်ဆေးဖြန်း ကာကွယ်ခြင်း၊ ကိုယ်ခံအားကောင်းအောင် ကျန်းမာအောင်နေခြင်းဖြင့် ကာကွယ်ခြင်း၊ Mask တပ်ဆင်ခြင်းအပါအဝင် သွားလာမှုဆင်ခြင်ခြင်းဖြင့် ကာကွယ်ခြင်းများသည် အရေးအကြီးဆုံးဖြစ်၍ သတ်မှတ်ချက်များအတိုင်း သိရှိနားလည်ပြီး တစ်ဦးချင်း အသိစိတ်ဓာတ်ရှိရှိဖြင့် သည်းခံလိုက်နာကြရန်လို 

COVID-19  ရောဂါနှင့် ပတ်သက်၍ သန့်ရှင်းမှုဖြင့် ကာကွယ်ခြင်း၊ ပိုးသတ်ဆေးဖြန်း ကာကွယ်ခြင်း၊ ကိုယ်ခံအားကောင်းအောင် ကျန်းမာအောင်နေခြင်းဖြင့် ကာကွယ်ခြင်း၊ Mask တပ်ဆင်ခြင်းအပါအဝင် သွားလာမှုဆင်ခြင်ခြင်းဖြင့် ကာကွယ်ခြင်းများသည် အရေးအကြီးဆုံးဖြစ်၍ သတ်မှတ်ချက်များအတိုင်း သိရှိနားလည်ပြီး တစ်ဦးချင်း အသိစိတ်ဓာတ်ရှိရှိဖြင့် သည်းခံလိုက်နာကြရန်လို

နေပြည်တော်၊ ဧပြီ – ၂၇

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြား လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေး ခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်  အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် COVID-19 ရောဂါနှင့် ပတ်သက် ၍ ပဉ္စမအကြိမ်  ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းအခြေအနေများအပေါ်မူတည်ပြီး လုပ်ဆောင်ရန်လိုသည်များကို စဉ်းစား ဆောင်ရွက်လျက်ရှိကြောင်း၊ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လိုအပ်မည့် ပစ္စည်း ပစ္စယများအား ရနိုင်သမျှရရှိအောင်ဆောင်ရွက်ကာ ရောက်၊ဖြန့်စနစ်ဖြင့် ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတွင်းနေရာအနှံ့သို့ အတိုင်းအတာတစ်ခုအထိ ပျံ့နှံ့ရောက်ရှိပြီ ဖြစ်ကြောင်း၊ သို့သော် ပြည့်စုံလုံလောက်မှုမရှိသေးကြောင်း၊ COVID-19 ရောဂါပိုး ဆိုသည်မှာ မျက်စိဖြင့် မမြင်ရ၊ အနံ့မရ၊ အသံမကြားရဘဲ မှန်းဆရခက်ခဲနေဆဲဖြစ်၍ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေမှန်အတိုင်း ပြည်သူလူထုက သိရှိနိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတိုင်းအနေဖြင့် မိမိတို့၏ ပြည်သူများ အသက်အန္တရာယ်ကို ကာကွယ်ရန်ကြိုးစားနေကြကြောင်း၊ သတိဆိုသည်မှာပိုသည်မရှိဘဲ အမြဲတမ်းသတိထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ရန်ကဏ္ဍများစွာလည်းရှိနေကြောင်း၊ အစည်းအဝေးတက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မှုများ၊ တွေ့ကြုံနေရသည့် အခြေအနေများအား တင်ပြကြရန် မှာကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ရှင်းလင်းတင်ပြကြရာတွင်  နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးပြည်နယ်များအလိုက် COVID-19 ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများတွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ ဒုတိယတိုင်းမှူးများ အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှုဆိုင်ရာ ကမ္ဘာ့နိုင်ငံများ၊ အာဆီယံ နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် မြန်မာနိုင်ငံတို့တွင် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေ များ၊ တပ်မတော်တွင် ရောဂါပိုးကူးစက်မှု မရှိ(မရှိ)သည့် အခြေအနေများ၊ သံသယဖြစ် ဖွယ် လူနာများအား စမ်းသပ်စစ်ဆေးမှုအခြေအနေများ၊ တပ်မတော်သားများ၊  မိသားစု ဝင်များ၊ ပြည်သူများအား Qurantine ထားရှိမှု၊ လက်ခံမှု၊ ပြန်လည်စေလွှတ်မှု အခြေ အနေများ၊ တီးတိန်၊ တာချီလိတ်၊ ကျိုင်းတုံနှင့် စစ်ကိုင်းသီတဂူတို့တွင် ဆေးဝန်ထမ်း တပ်ဖွဲ့များက ပြည်သူဆေးရုံများတွင် ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ။

တပ်မတော်သားများနှင့် အရပ်သား(အစားခန့်)ဝန်ထမ်းများ၏ လုပ်ခလစာမှ တစ်ရက်လုပ်အားခ လှူဒါန်းငွေရရှိမှု ငွေကျပ်(၂ ဒသမ ၃၁၆)ဘီလီယံအနက်မှ တိုင်းဒေသကြီး၊ ပြည်နယ်ခရိုင်၊ မြို့နယ်၊ တိုက်နယ်များရှိ အထူးကုဆေးရုံ ၁၇ ရုံ၊ အထွေထွေရောဂါကုဆေးရုံ ၃၃ ရုံ၊ ခရိုင်ဆေးရုံ ၂၂ ရုံ၊မြို့နယ်ဆေးရုံ ၂၅၃ ရုံ၊ တိုက်နယ်ဆေးရုံ ၃၀၄ ရုံ၊ ကျန်းမာရေးဌာန  ၃၅၀ ကျော်နှင့် ဘိုးဘွားရိပ်သာများသို့   ငွေကျပ်(၁ ဒသမ ၆ ) ဘီလီယံကျော်တန်ဖိုးရှိ ရောဂါကာကွယ်ရေးဆိုင်ရာပစ္စည်းများ လှူဒါန်းပေးအပ်ထားရှိမှုနှင့် ဆက်လက်ဝယ်ယူလှူဒါန်းသွားမည့် အခြေအနေများ။

COBAS 6800 စက်ဖြင့် COVID-19 ရောဂါပိုး ရှာဖွေစမ်းသပ် အတည်ပြုမှုများ ပြုလုပ်နိုင်ရေး အမျိုးသား ကျန်းမာရေးဓာတ် ခွဲမှုဆိုင်ရာ ဌာန၏ အရည်အသွေး သတ်မှတ် ချက် ခွင့်ပြုမှုရရှိရန်အတွက် စမ်းသပ်စစ်ဆေးခံမှုများ ပြုလုပ်လျက်ရှိသည့် အခြေအနေ များ၊ တရုတ်တပ်မတော်နှင့် အတွေ့အကြုံဖလှယ်ရေး ရောဂါရှာဖွေရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ရောဂါကာကွယ်ရေးပစ္စည်းများ ရရှိဖြန့်ခွဲပေးမှု အခြေအနေများ၊ တပ်မတော်ပိုင် မော်တော်ယာဉ်များအနက်မှ ဆေးဖြန်းယာဉ်များအဖြစ် ထုတ်နုတ်ပြင်ဆင်အသုံးပြု ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ မြန်မာစီးပွားရေး ဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း စက်ရုံ၊ အလုပ်ရုံများတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးခံနိုင်မှု၊ ခွင့်ပြုချက်ရရှိမှု၊ စက်ရုံများ လည်ပတ်နေမှုအခြေအနေများ၊ စစ်မှုထမ်းဟောင်းများနှင့် တပ်မတော်တွင် အသက်စွန့်လှူခဲ့သည့် အရာရှိ၊ စစ်သည်မိသားစုများအတွက် ရိက္ခာ ထောက်ပံ့ပေးနေမှုနှင့် ဆက်လက် ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ ဝေးလံခေါင်ပါးသည့် ပြည်နယ်များရှိ ကျေးရွာများသို့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှု၊ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိသည့်အခြေအနေများ၊ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးရုံတက်လူနာများအတွက် ဖြည့်စွက် အာဟာရများ ကျွေးမွေး ပေးလျက်ရှိသည့်အခြေအနေများ၊ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဆေးအကာအကွယ်ပေးရေး ပစ္စည်းများ ပို့ဆောင် ပေးလျက်ရှိသည့် အခြေအနေများ၊ ကိုကိုးကျွန်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် လိုအပ်မည့် ဆေးအကာအကွယ်ပစ္စည်းများ၊ စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်း များအား တပ်မတော်ရေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည့်အခြေအနေများ။

တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်များအလိုက် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကြေငြာချက်များအား အသံချဲ့စက်ဖြင့် နေ့စဉ် ကြေညာပေးခြင်း၊ သတ်မှတ်ထားသည့် အားကစားနှင့် ကိုယ်လက်ကြံံ့ခိုင်ရေးဆောင်ရွက်စေခြင်း၊ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း၊ စည်းကမ်းများအား တိကျစွာ လိုက်နာရန် ကြပ်မတ်ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လှူဒါန်း၊ ဝယ်ယူရရှိသော ဆေးအကာအကွယ်ပစ္စည်းများ အရည်အသွေးပြည့်မီခြင်း ရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ နေ့စဉ်ဆောင်ရွက်ထားရှိမှု စာရင်းဇယားမှတ်တမ်းများ ပြုလုပ်ထားရှိသည့် အခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြကြရာ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်း စီစဉ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ရောဂါပိုးကာကွယ်ရေးပစ္စည်းမျိုးစုံအား ဝယ်ယူခြင်း၊ လှူဒါန်းရရှိခြင်း၊ ဖြန့်ခွဲပေးခြင်းတို့ ဆောင်ရွက်ရာ၌ လိုအပ်သည့်နေရာများသို့ အမှန်တစ်ကယ်လက်ဝယ်ရရှိရန်လိုကြောင်း၊  COVID-19 ရောဂါပိုး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများသည် တိုက်ပွဲမဟုတ်သော တိုက်ပွဲများပင်ဖြစ်၍ စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ ဆောင်ရွက် ကြရန်လိုကြောင်း၊ ယခုအချိန် တွင် ပြန်ကြားပေးရေး၊ ပညာပေးရေး လုပ်ငန်းများအား လူတစ်ဦးချင်းစီ သိရှိ၊ နားလည်၊ လိုက်နာ နိုင်ရေးအတွက် သတင်းအချက်အလက်များကို ပြည်သူများ အမှန်အတိုင်း သိရှိအောင် ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့်၊ မှန်မှန်ကန်ကန် ထုတ်လွှင့်ပေးနိုင် ရမည်ဖြစ်ကြောင်း။

ကျန်းမာရေးကဏ္ဍတွင် ပညာပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်း လုပ်ငန်း များရှိရာ ပညာပေးခြင်းအတွက် ပညာပေးရန် တာဝန်ပေးအပ်ထားသူများက ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ကြိုတင်ကာကွယ်ခြင်းအတွက် လူတိုင်းလူတိုင်း တစ်ဦးချင်းစီက လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်ဆေး၊ ကုသဆေး များ ထွက်ပေါ်လာခြင်းမရှိသေးသဖြင့် ရောဂါပိုးကူးစက်ပြန့်ပွားခြင်းမရှိအောင် ကာကွယ် ရာတွင် လူတစ်ဦးချင်းစီ၏ ဆင်ခြင်နေထိုင်မှုမှာ အရေးအကြီးဆုံးပင်ဖြစ်ကြောင်း၊ ကန့်သတ်ထားမှုများအား သည်းခံလိုက်နာကြရန်လိုကြောင်း၊ လူ့အသက်ဆိုသည်မှာ အပို မပါသည့်အတွက် အရာရာကိုလျှော့မတွက်ဘဲ သတိဖြင့်နေထိုင်ကြရန်လိုကြောင်း၊ ရောဂါ ပိုးကာကွယ်ရေးအတွက် လိုက်နာသူများကလည်း တိတိကျကျ လိုက်နာရန်၊ တာဝန်ရှိသူ များကလည်း တိတိကျကျ၊ မှန်မှန်ကန်ကန် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း။

ရောဂါကာကွယ်ရေးတွင် အဓိကအချက် ၄ ချက်တွေ့ရှိရကြောင်း၊ သန့်ရှင်းမှုဖြင့် ကာကွယ်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းဖြင့် ကာကွယ်ခြင်း၊ ကိုယ်ခံအားကောင်းအောင်၊ ကျန်းမာအောင်နေခြင်းဖြင့် ကာကွယ်ခြင်း၊ ြေျု တပ်ဆင်ခြင်းအပါအဝင် သွားလာမှု ဆင်ခြင်ခြင်းဖြင့် ကာကွယ်ခြင်းတို့ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်၏ အမှတ်တမဲ့ မဆင်ခြင်မှုကြောင့် တစ်နွယ်ငင် တစ်စင်ပါ ဆိုသလို လူအများကူးစက် နိုင်မည့် အန္တရာယ်ဖြစ်နိုင်သည့်အတွက် သည်းခံကြရန်လိုကြောင်း၊ ကုသရေးအတွက် ကျန်းမာရေးဝန်ထမ်း၊ ဆေးဝန်ထမ်းက လုပ်ဆောင် ကြမည်ဖြစ်ကြောင်း၊ သို့သော် ကာကွယ်ဆေး၊ ကုသဆေးများ မပေါ်သေးသဖြင့် အကောင်းဆုံးမှာ ပြည်သူ၊ ပြည်သားများအားလုံး သည်းခံနေထိုင်ကြခြင်းဖြင့် ကာကွယ်ကြရန်လိုကြောင်း၊ သည်းခံမှုဖြင့် ရောဂါကာကွယ်နိုင်သည့် နိုင်ငံများကိုလည်း တွေ့မြင်နေရကြောင်း၊ ဥပမာ ဗီယက်နမ်၊ လာအို၊ တရုတ်နိုင်ငံများဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ပြည်သူလူထုများအားလုံး နားလည်အောင် ပြောကြားကြရမည် ဖြစ်ကြောင်း။

မမြင်ရဘဲ ငုပ်လျှိုးနေသည့် အန္တရာယ်ဆိုသည်မှာ ကြောက်စရာအကောင်းဆုံး ဖြစ်၍ စစ်ဆေးဖော်ထုတ်ကာ ပြည်သူများသိအောင်၊ နိုင်ငံကသိအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စစ်ဆေးခြင်းအပိုင်းတွင် စစ်ဆေးရန်တာဝန်ပေးထား သူများအနေဖြင့် အားမနာတမ်းစစ်ဆေးရန်လိုအပ်မည်ဖြစ်သကဲ့သို့ စစ်ဆေးတွေ့ရှိချက် များကိုလည်း သိရှိအောင် ထုတ်ပြန်ပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အမျိုးသားရေးကိစ္စဖြစ်၍ မိမိတို့အသိစိတ်ဓာတ်ရှိရှိဖြင့် တိုင်းပြည်အတွက် လုပ်သင့် လုပ်ထိုက်သည်များအား လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ရေရှည်ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်၍ ပြည်သူများ၏ စားရေးကအစလိုအပ်ချက်များဖြစ်ပေါ်လာပါက ဆောင်ရွက်ပေးနိုင် ရန် ကြိုတင်စဉ်းစားထားရမည်ဖြစ်ကြောင်း။

COBAS 6800  စက်များမှာ တပ်မတော်အတွင်း HIV ရောဂါပိုး၊ အသည်းရောင် အသားဝါ ဘီပိုးနှင့် စီပိုး စသည့် ရောဂါပိုးများကို စမ်းသပ်စစ်ဆေးနိုင်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဝယ်ယူတပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါရောဂါပိုးများ ရှိပါက စစ်မှုထမ်းဆောင်ခြင်းမပြုနိုင်သည့်အတွက် မှန်မှန်ကန်ကန်၊ တိတိကျကျ၊ မြန်မြန်ဆန်ဆန် သိရှိနိုင်အောင် တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် COVID-19  ရောဂါ စတင်ဖြစ်ပွား ခဲ့ပြီးနောက် COBAS 6800 စက်များသည် COVID-19 ရောဂါပိုးအား စစ်ဆေး ဖော်ထုတ်ပေးနိုင်ကြောင်းကို ၂၀၂၀ ပြည့်နှစ် မတ်လတွင်မှသတင်းရရှိသဖြင့် လိုအပ်သော  Reagent  များ ဝယ်ယူရရှိရေး ကြိုးစား ဆောင်ရွက်ခဲ့ကြောင်း၊ တစ်ကမ္ဘာလုံးမှ ဝယ်လိုအားများနေသဖြင့် ဧပြီလတတိယပတ် မှသာ လူနှစ်ထောင်စာ ရောက်ရှိခဲ့ပြီး COVID-19 ရောဂါပိုးရှာဖွေဖော်ထုတ်နိုင်မှု ရှိ၊ မရှိစမ်းသပ်မှုများပြုလုပ်ခဲ့ကြောင်း၊ ဧပြီ ၂၃ ရက်တွင် စမ်းသပ်အတည်ပြုနိုင်ပြီးနောက် COVID-19 ရောဂါရှာဖွေရာတွင် ကူညီဆောင်ရွက်ပေးနိုင်ပြီဟု အသိပေးကြေညာ သတင်းထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထပ်မံ၍  Reagent  လူနှစ်သောင်းစာမှာယူထားရှိ ကြောင်းနှင့် ဆက်လက်၍လည်း ရရှိနိုင်သလောက် ထပ်မံရရှိရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

ကိုယ်ခံအားကောင်းစေရန်အတွက် သာမာန်လူတစ်ဦးလိုအပ်မည့် ကယ်လိုရီ အတွက် စနစ်တကျတွက်ချက်၍ တန်ဖိုးသင့် ထမင်း၊ ဟင်းလျာများအား အရင်းအတိုင်း ရောင်းချပေးနိုင်မည့်နည်းလမ်းများကိုလည်း ရှာဖွေဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူများ အကြောင်းအမျိုးမျိုးဖြင့် ပြန်လည်ရောက်ရှိ လျက်ရှိရာ သွားလာမှုကန့်သတ်ထားရှိသည့်နေရာများမှအပ ၎င်းတို့နေထိုင်ရာ နယ်မြေ ဒေသများ၌ လုပ်အားခဝင်ငွေရရှိစေမည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ် လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက်  စဉ်းစားဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း။

COVID-19 ရောဂါကာကွယ်ရေးတွင် ရေများများသောက်ခြင်း၊ လက်သန့်ရှင်း အောင်ဆေးကြောခြင်းပြုလုပ်ရန်လိုအပ်သော်လည်း ယခုအခါ ရာသီဥတုအခြေအနေ အရ သောက်ရေ၊ သုံးရေ ရှားပါးမှုကြုံနေရကြောင်း၊ ရေရှိရေးအလေးထားဆောင်ရွက်ရန် လိုကြောင်း၊ လေပြင်းတိုက်ခတ်မှုစသော သဘာဝဘေးအန္တရာယ်များမှာ အားလုံးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်၍ တစ်ဦးချင်းအသိစိတ်ဓာတ်ရှိရှိဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများအား ကြိုတင်ဆောင်ရွက်ထားကြရန်လည်းလိုအပ်ကြောင်းဖြင့် မှာကြားသည်။

ယနေ့အထိ တပ်မတော်အတွင်း COVID-19 ရောဂါကူးစက်ခံရသူ၊ ရောဂါပိုးတွေ့ ရှိသူမရှိ (မရှိ)သေးဘဲ Hospital Quarantine စောင့်ကြည့်သူ တပ်မတော်သား(၁၉)ဦး၊ မှီခို(၄) ဦး၊ Home  Quarantine စောင့်ကြည့်သူ၊တပ်မတော်သား(၂၁၇)ဦး၊ မှီခို(၉၁)ဦး၊ Facilities Quarantine  စောင့်ကြည့်သူ တပ်မတော်သား(၃၁၃)ဦး၊ မှီခို(၁၀၉)ဦးဖြစ်ပြီး Facilities Quarantineစောင့်ကြည့်ရန်အတွက် ရန်ကုန် စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် ပြည်သူ (၈၅)ဦး၊ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ပြည်သူ (၅၀၈)ဦး၊ ကျိုင်းတုံမြို့ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ပြည်သူ (၁)ဦး၊ မန္တလေးမြို့ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ပြည်သူ(၇)ဦး စုစုပေါင်း ပြည်သူ(၆၀၁)ဦးတို့ဖြစ်ကြောင်းနှင့် ၎င်းင်းတို့အားလုံး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိသည်။

(Zawgyi Version)

COVID-19 ေရာဂါႏွင့္ ပတ္သက္၍ သန႔္ရွင္းမႈျဖင့္ ကာကြယ္ျခင္း၊ ပိုးသတ္ေဆးျဖန္း ကာကြယ္ျခင္း၊ ကိုယ္ခံအားေကာင္းေအာင္ က်န္းမာေအာင္ေနျခင္းျဖင့္ ကာကြယ္ျခင္း၊ Mask တပ္ဆင္ျခင္းအပါအဝင္ သြားလာမႈဆင္ျခင္ျခင္းျဖင့္ ကာကြယ္ျခင္းမ်ားသည္ အေရးအႀကီးဆုံးျဖစ္၍ သတ္မွတ္ခ်က္မ်ားအတိုင္း သိရွိနားလည္ၿပီး တစ္ဦးခ်င္း အသိစိတ္ဓာတ္ရွိရွိျဖင့္ သည္းခံလိုက္နာၾကရန္လို

ေနျပည္ေတာ္၊ ဧၿပီ – ၂၇

ကမာၻ႔ကပ္ေရာဂါ COVID-19 ကာကြယ္ေရး၊ ထိန္းခ်ဳပ္ေရး၊ ကုသေရးႏွင့္ အျခား လိုအပ္ခ်က္မ်ား ေဆာင္႐ြက္ေပးႏိုင္ေရး ပၪၥမအႀကိမ္ ညႇိႏႈိင္းအစည္းအေဝးကို ယေန႔ ေန႔လယ္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) အစည္းအေဝး ခန္းမ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးစီး၍ က်င္းပျပဳလုပ္သည္။

အဆိုပါ အစည္းအေဝးသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဖြင့္ အမွာစကားေျပာၾကားရာတြင္ ယခုအစည္းအေဝးသည္ COVID-19 ေရာဂါႏွင့္ ပတ္သက္ ၍ ပၪၥမအႀကိမ္ ညႇိႏႈိင္းအစည္းအေဝးျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏိုင္ငံတကာႏွင့္ ျပည္တြင္းအေျခအေနမ်ားအေပၚမူတည္ၿပီး လုပ္ေဆာင္ရန္လိုသည္မ်ားကို စဥ္းစား ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ေရာဂါႀကိဳတင္ကာကြယ္ေရးအတြက္ လိုအပ္မည့္ ပစၥည္း ပစၥယမ်ားအား ရႏိုင္သမွ်ရရွိေအာင္ေဆာင္႐ြက္ကာ ေရာက္၊ျဖန႔္စနစ္ျဖင့္ ေဆာင္႐ြက္ ေပးလ်က္ရွိရာ ႏိုင္ငံတြင္းေနရာအႏွံ႔သို႔ အတိုင္းအတာတစ္ခုအထိ ပ်ံ႕ႏွံ႔ေရာက္ရွိၿပီ ျဖစ္ေၾကာင္း၊ သို႔ေသာ္ ျပည့္စုံလုံေလာက္မႈမရွိေသးေၾကာင္း၊ COVID-19 ေရာဂါပိုး ဆိုသည္မွာ မ်က္စိျဖင့္ မျမင္ရ၊ အနံ႔မရ၊ အသံမၾကားရဘဲ မွန္းဆရခက္ခဲေနဆဲျဖစ္၍ မိမိတို႔ႏိုင္ငံတြင္ ျဖစ္ေပၚေနသည့္ အေျခအေနမွန္အတိုင္း ျပည္သူလူထုက သိရွိႏိုင္ရန္ လိုအပ္ေၾကာင္း၊ ႏိုင္ငံတိုင္းအေနျဖင့္ မိမိတို႔၏ ျပည္သူမ်ား အသက္အႏၲရာယ္ကို ကာကြယ္ရန္ႀကိဳးစားေနၾကေၾကာင္း၊ သတိဆိုသည္မွာပိုသည္မရွိဘဲ အၿမဲတမ္းသတိထား ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ေဆာင္႐ြက္ရန္က႑မ်ားစြာလည္းရွိေနေၾကာင္း၊ အစည္းအေဝးတက္ေရာက္လာၾကသူမ်ားအေနျဖင့္ သက္ဆိုင္ရာက႑အလိုက္ ေဆာင္႐ြက္မႈမ်ား၊ ေတြ႕ႀကဳံေနရသည့္ အေျခအေနမ်ားအား တင္ျပၾကရန္ မွာၾကားသည္။

ထို႔ေနာက္ အစည္းအေဝးတက္ေရာက္လာၾကသူမ်ားက ရွင္းလင္းတင္ျပၾကရာတြင္ ေနျပည္ေတာ္ေကာင္စီႏွင့္ တိုင္းေဒသႀကီးျပည္နယ္မ်ားအလိုက္ COVID-19 ထိန္းခ်ဳပ္ ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီမ်ားတြင္ သက္ဆိုင္ရာတိုင္းစစ္ဌာနခ်ဳပ္မ်ားမွ ဒုတိယတိုင္းမႉးမ်ား အဖြဲ႕ဝင္အျဖစ္ပါဝင္ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ COVID-19 ေရာဂါ ကူးစက္ျပန႔္ပြားမႈႏွင့္ ေသဆုံးမႈဆိုင္ရာ ကမာၻ႔ႏိုင္ငံမ်ား၊ အာဆီယံ ႏိုင္ငံမ်ား၊ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ျမန္မာႏိုင္ငံတို႔တြင္ ျဖစ္ေပၚလ်က္ရွိသည့္ အေျခအေန မ်ား၊ တပ္မေတာ္တြင္ ေရာဂါပိုးကူးစက္မႈ မရွိ(မရွိ)သည့္ အေျခအေနမ်ား၊ သံသယျဖစ္ ဖြယ္ လူနာမ်ားအား စမ္းသပ္စစ္ေဆးမႈအေျခအေနမ်ား၊ တပ္မေတာ္သားမ်ား၊ မိသားစု ဝင္မ်ား၊ ျပည္သူမ်ားအား Qurantine ထားရွိမႈ၊ လက္ခံမႈ၊ ျပန္လည္ေစလႊတ္မႈ အေျခ အေနမ်ား၊ တီးတိန္၊ တာခ်ီလိတ္၊ က်ိဳင္းတုံႏွင့္ စစ္ကိုင္းသီတဂူတို႔တြင္ ေဆးဝန္ထမ္း တပ္ဖြဲ႕မ်ားက ျပည္သူေဆး႐ုံမ်ားတြင္ ကာကြယ္ေရးႏွင့္ ကုသေရးဆိုင္ရာလုပ္ငန္းမ်ား ပူးေပါင္းကူညီေဆာင္႐ြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ား။

တပ္မေတာ္သားမ်ားႏွင့္ အရပ္သား(အစားခန႔္)ဝန္ထမ္းမ်ား၏ လုပ္ခလစာမွ တစ္ရက္လုပ္အားခ လႉဒါန္းေငြရရွိမႈ ေငြက်ပ္(၂ ဒသမ ၃၁၆)ဘီလီယံအနက္မွ တိုင္းေဒသႀကီး၊ ျပည္နယ္ခ႐ိုင္၊ ၿမိဳ႕နယ္၊ တိုက္နယ္မ်ားရွိ အထူးကုေဆး႐ုံ ၁၇ ႐ုံ၊ အေထြေထြေရာဂါကုေဆး႐ုံ ၃၃ ႐ုံ၊ ခ႐ိုင္ေဆး႐ုံ ၂၂ ႐ုံ၊ၿမိဳ႕နယ္ေဆး႐ုံ ၂၅၃ ႐ုံ၊ တိုက္နယ္ေဆး႐ုံ ၃၀၄ ႐ုံ၊ က်န္းမာေရးဌာန ၃၅၀ ေက်ာ္ႏွင့္ ဘိုးဘြားရိပ္သာမ်ားသို႔ ေငြက်ပ္(၁ ဒသမ ၆ ) ဘီလီယံေက်ာ္တန္ဖိုးရွိ ေရာဂါကာကြယ္ေရးဆိုင္ရာပစၥည္းမ်ား လႉဒါန္းေပးအပ္ထားရွိမႈႏွင့္ ဆက္လက္ဝယ္ယူလႉဒါန္းသြားမည့္ အေျခအေနမ်ား။

COBAS 6800 စက္ျဖင့္ COVID-19 ေရာဂါပိုး ရွာေဖြစမ္းသပ္ အတည္ျပဳမႈမ်ား ျပဳလုပ္ႏိုင္ေရး အမ်ိဳးသား က်န္းမာေရးဓာတ္ ခြဲမႈဆိုင္ရာ ဌာန၏ အရည္အေသြး သတ္မွတ္ ခ်က္ ခြင့္ျပဳမႈရရွိရန္အတြက္ စမ္းသပ္စစ္ေဆးခံမႈမ်ား ျပဳလုပ္လ်က္ရွိသည့္ အေျခအေန မ်ား၊ တ႐ုတ္တပ္မေတာ္ႏွင့္ အေတြ႕အႀကဳံဖလွယ္ေရး ေရာဂါရွာေဖြေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ အေျခအေနမ်ား၊ ေရာဂါကာကြယ္ေရးပစၥည္းမ်ား ရရွိျဖန႔္ခြဲေပးမႈ အေျခအေနမ်ား၊ တပ္မေတာ္ပိုင္ ေမာ္ေတာ္ယာဥ္မ်ားအနက္မွ ေဆးျဖန္းယာဥ္မ်ားအျဖစ္ ထုတ္ႏုတ္ျပင္ဆင္အသုံးျပဳ ေဆာင္႐ြက္ေပးေနသည့္ အေျခအေနမ်ား၊ ျမန္မာစီးပြားေရး ဦးပိုင္ အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလီမိတက္ႏွင့္ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီမႈ ရွိ၊ မရွိ စစ္ေဆးခံႏိုင္မႈ၊ ခြင့္ျပဳခ်က္ရရွိမႈ၊ စက္႐ုံမ်ား လည္ပတ္ေနမႈအေျခအေနမ်ား၊ စစ္မႈထမ္းေဟာင္းမ်ားႏွင့္ တပ္မေတာ္တြင္ အသက္စြန႔္လႉခဲ့သည့္ အရာရွိ၊ စစ္သည္မိသားစုမ်ားအတြက္ ရိကၡာ ေထာက္ပံ့ေပးေနမႈႏွင့္ ဆက္လက္ ေထာက္ပံ့ေပးႏိုင္ေရး စီစဥ္ေဆာင္႐ြက္ထားရွိမႈ အေျခ အေနမ်ား၊ ေဝးလံေခါင္ပါးသည့္ ျပည္နယ္မ်ားရွိ ေက်း႐ြာမ်ားသို႔ က်န္းမာေရးဆိုင္ရာ အသိပညာေပးမႈ၊ ေစာင့္ေရွာက္မႈမ်ား ေဆာင္႐ြက္ေပးလ်က္ ရွိသည့္အေျခအေနမ်ား၊ တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအသီးသီးတြင္ ေဆး႐ုံတက္လူနာမ်ားအတြက္ ျဖည့္စြက္ အာဟာရမ်ား ေကြၽးေမြး ေပးလ်က္ရွိသည့္အေျခအေနမ်ား၊ တပ္မေတာ္ေလယာဥ္၊ ရဟတ္ယာဥ္မ်ားျဖင့္ ေဆးအကာအကြယ္ေပးေရး ပစၥည္းမ်ား ပို႔ေဆာင္ ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ကိုကိုးကြၽန္းရွိ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ေဒသခံျပည္သူမ်ားအတြက္ လိုအပ္မည့္ ေဆးအကာအကြယ္ပစၥည္းမ်ား၊ စားေသာက္ကုန္ႏွင့္ အျခားကုန္ပစၥည္း မ်ားအား တပ္မေတာ္ေရယာဥ္မ်ားျဖင့္ ပို႔ေဆာင္ေပးလ်က္ရွိသည့္အေျခအေနမ်ား။

တပ္ရင္း၊ တပ္ဖြဲ႕၊ ဌာနခ်ဳပ္မ်ားအလိုက္ ေရာဂါကာကြယ္ေရးဆိုင္ရာ ထုတ္ျပန္ခ်က္မ်ား၊ ေၾကျငာခ်က္မ်ားအား အသံခ်ဲ႕စက္ျဖင့္ ေန႔စဥ္ ေၾကညာေပးျခင္း၊ သတ္မွတ္ထားသည့္ အားကစားႏွင့္ ကိုယ္လက္ႀကံံ့ခိုင္ေရးေဆာင္႐ြက္ေစျခင္း၊ ထုတ္ျပန္ထားသည့္ အမိန႔္၊ ၫႊန္ၾကားခ်က္၊ စည္းမ်ဥ္း၊ စည္းကမ္းမ်ားအား တိက်စြာ လိုက္နာရန္ ၾကပ္မတ္ေဆာင္႐ြက္ျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ လႉဒါန္း၊ ဝယ္ယူရရွိေသာ ေဆးအကာအကြယ္ပစၥည္းမ်ား အရည္အေသြးျပည့္မီျခင္း ရွိ၊ မရွိ စစ္ေဆး ေဆာင္႐ြက္သြားမည့္ အေျခအေနမ်ား၊ ေန႔စဥ္ေဆာင္႐ြက္ထားရွိမႈ စာရင္းဇယားမွတ္တမ္းမ်ား ျပဳလုပ္ထားရွိသည့္ အေျခအေနမ်ားအား ရွင္းလင္းေဆြးေႏြး တင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ျဖည့္ဆည္း စီစဥ္ညႇိႏႈိင္း ေဆာင္႐ြက္ေပးသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ေရာဂါပိုးကာကြယ္ေရးပစၥည္းမ်ိဳးစုံအား ဝယ္ယူျခင္း၊ လႉဒါန္းရရွိျခင္း၊ ျဖန႔္ခြဲေပးျခင္းတို႔ ေဆာင္႐ြက္ရာ၌ လိုအပ္သည့္ေနရာမ်ားသို႔ အမွန္တစ္ကယ္လက္ဝယ္ရရွိရန္လိုေၾကာင္း၊ COVID-19 ေရာဂါပိုး ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားသည္ တိုက္ပြဲမဟုတ္ေသာ တိုက္ပြဲမ်ားပင္ျဖစ္၍ စစ္ဆင္ေရးတစ္ရပ္ကဲ့သို႔ ေဆာင္႐ြက္ ၾကရန္လိုေၾကာင္း၊ ယခုအခ်ိန္ တြင္ ျပန္ၾကားေပးေရး၊ ပညာေပးေရး လုပ္ငန္းမ်ားအား လူတစ္ဦးခ်င္းစီ သိရွိ၊ နားလည္၊ လိုက္နာ ႏိုင္ေရးအတြက္ သတင္းအခ်က္အလက္မ်ားကို ျပည္သူမ်ား အမွန္အတိုင္း သိရွိေအာင္ ထိထိေရာက္ေရာက္၊ က်ယ္က်ယ္ျပန႔္ျပန႔္၊ မွန္မွန္ကန္ကန္ ထုတ္လႊင့္ေပးႏိုင္ ရမည္ျဖစ္ေၾကာင္း။

က်န္းမာေရးက႑တြင္ ပညာေပးျခင္း၊ ႀကိဳတင္ကာကြယ္ျခင္း၊ ကုသျခင္း လုပ္ငန္း မ်ားရွိရာ ပညာေပးျခင္းအတြက္ ပညာေပးရန္ တာဝန္ေပးအပ္ထားသူမ်ားက ေဆာင္႐ြက္ ရမည္ျဖစ္ေၾကာင္း၊ ႀကိဳတင္ကာကြယ္ျခင္းအတြက္ လူတိုင္းလူတိုင္း တစ္ဦးခ်င္းစီက လိုက္နာေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ COVID-19 ေရာဂါ ကာကြယ္ေဆး၊ ကုသေဆး မ်ား ထြက္ေပၚလာျခင္းမရွိေသးသျဖင့္ ေရာဂါပိုးကူးစက္ျပန႔္ပြားျခင္းမရွိေအာင္ ကာကြယ္ ရာတြင္ လူတစ္ဦးခ်င္းစီ၏ ဆင္ျခင္ေနထိုင္မႈမွာ အေရးအႀကီးဆုံးပင္ျဖစ္ေၾကာင္း၊ ကန႔္သတ္ထားမႈမ်ားအား သည္းခံလိုက္နာၾကရန္လိုေၾကာင္း၊ လူ႔အသက္ဆိုသည္မွာ အပို မပါသည့္အတြက္ အရာရာကိုေလွ်ာ့မတြက္ဘဲ သတိျဖင့္ေနထိုင္ၾကရန္လိုေၾကာင္း၊ ေရာဂါ ပိုးကာကြယ္ေရးအတြက္ လိုက္နာသူမ်ားကလည္း တိတိက်က် လိုက္နာရန္၊ တာဝန္ရွိသူ မ်ားကလည္း တိတိက်က်၊ မွန္မွန္ကန္ကန္ ၾကပ္မတ္ေဆာင္႐ြက္ၾကရန္လိုေၾကာင္း။

ေရာဂါကာကြယ္ေရးတြင္ အဓိကအခ်က္ ၄ ခ်က္ေတြ႕ရွိရေၾကာင္း၊ သန႔္ရွင္းမႈျဖင့္ ကာကြယ္ျခင္း၊ ပိုးသတ္ေဆးဖ်န္းျခင္းျဖင့္ ကာကြယ္ျခင္း၊ ကိုယ္ခံအားေကာင္းေအာင္၊ က်န္းမာေအာင္ေနျခင္းျဖင့္ ကာကြယ္ျခင္း၊ ျေ်ဳ တပ္ဆင္ျခင္းအပါအဝင္ သြားလာမႈ ဆင္ျခင္ျခင္းျဖင့္ ကာကြယ္ျခင္းတို႔ျဖစ္ေၾကာင္း၊ တစ္ဦးတစ္ေယာက္၏ အမွတ္တမဲ့ မဆင္ျခင္မႈေၾကာင့္ တစ္ႏြယ္ငင္ တစ္စင္ပါ ဆိုသလို လူအမ်ားကူးစက္ ႏိုင္မည့္ အႏၲရာယ္ျဖစ္ႏိုင္သည့္အတြက္ သည္းခံၾကရန္လိုေၾကာင္း၊ ကုသေရးအတြက္ က်န္းမာေရးဝန္ထမ္း၊ ေဆးဝန္ထမ္းက လုပ္ေဆာင္ ၾကမည္ျဖစ္ေၾကာင္း၊ သို႔ေသာ္ ကာကြယ္ေဆး၊ ကုသေဆးမ်ား မေပၚေသးသျဖင့္ အေကာင္းဆုံးမွာ ျပည္သူ၊ ျပည္သားမ်ားအားလုံး သည္းခံေနထိုင္ၾကျခင္းျဖင့္ ကာကြယ္ၾကရန္လိုေၾကာင္း၊ သည္းခံမႈျဖင့္ ေရာဂါကာကြယ္ႏိုင္သည့္ ႏိုင္ငံမ်ားကိုလည္း ေတြ႕ျမင္ေနရေၾကာင္း၊ ဥပမာ ဗီယက္နမ္၊ လာအို၊ တ႐ုတ္ႏိုင္ငံမ်ားျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္သားမ်ား၊ မိသားစုဝင္မ်ားႏွင့္ ျပည္သူလူထုမ်ားအားလုံး နားလည္ေအာင္ ေျပာၾကားၾကရမည္ ျဖစ္ေၾကာင္း။

မျမင္ရဘဲ ငုပ္လွ်ိဳးေနသည့္ အႏၲရာယ္ဆိုသည္မွာ ေၾကာက္စရာအေကာင္းဆုံး ျဖစ္၍ စစ္ေဆးေဖာ္ထုတ္ကာ ျပည္သူမ်ားသိေအာင္၊ ႏိုင္ငံကသိေအာင္ ဝိုင္းဝန္းကူညီ ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ စစ္ေဆးျခင္းအပိုင္းတြင္ စစ္ေဆးရန္တာဝန္ေပးထား သူမ်ားအေနျဖင့္ အားမနာတမ္းစစ္ေဆးရန္လိုအပ္မည္ျဖစ္သကဲ့သို႔ စစ္ေဆးေတြ႕ရွိခ်က္ မ်ားကိုလည္း သိရွိေအာင္ ထုတ္ျပန္ေပးရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ အမ်ိဳးသားေရးကိစၥျဖစ္၍ မိမိတို႔အသိစိတ္ဓာတ္ရွိရွိျဖင့္ တိုင္းျပည္အတြက္ လုပ္သင့္ လုပ္ထိုက္သည္မ်ားအား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း၊ ေရရွည္ေဆာင္႐ြက္ရမည့္ကိစၥ ျဖစ္၍ ျပည္သူမ်ား၏ စားေရးကအစလိုအပ္ခ်က္မ်ားျဖစ္ေပၚလာပါက ေဆာင္႐ြက္ေပးႏိုင္ ရန္ ႀကိဳတင္စဥ္းစားထားရမည္ျဖစ္ေၾကာင္း။

COBAS 6800 စက္မ်ားမွာ တပ္မေတာ္အတြင္း HIV ေရာဂါပိုး၊ အသည္းေရာင္ အသားဝါ ဘီပိုးႏွင့္ စီပိုး စသည့္ ေရာဂါပိုးမ်ားကို စမ္းသပ္စစ္ေဆးႏိုင္ရန္အတြက္ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္တြင္ ဝယ္ယူတပ္ဆင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ အဆိုပါေရာဂါပိုးမ်ား ရွိပါက စစ္မႈထမ္းေဆာင္ျခင္းမျပဳႏိုင္သည့္အတြက္ မွန္မွန္ကန္ကန္၊ တိတိက်က်၊ ျမန္ျမန္ဆန္ဆန္ သိရွိႏိုင္ေအာင္ တပ္ဆင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလတြင္ COVID-19 ေရာဂါ စတင္ျဖစ္ပြား ခဲ့ၿပီးေနာက္ COBAS 6800 စက္မ်ားသည္ COVID-19 ေရာဂါပိုးအား စစ္ေဆး ေဖာ္ထုတ္ေပးႏိုင္ေၾကာင္းကို ၂၀၂၀ ျပည့္ႏွစ္ မတ္လတြင္မွသတင္းရရွိသျဖင့္ လိုအပ္ေသာ Reagent မ်ား ဝယ္ယူရရွိေရး ႀကိဳးစား ေဆာင္႐ြက္ခဲ့ေၾကာင္း၊ တစ္ကမာၻလုံးမွ ဝယ္လိုအားမ်ားေနသျဖင့္ ဧၿပီလတတိယပတ္ မွသာ လူႏွစ္ေထာင္စာ ေရာက္ရွိခဲ့ၿပီး COVID-19 ေရာဂါပိုးရွာေဖြေဖာ္ထုတ္ႏိုင္မႈ ရွိ၊ မရွိစမ္းသပ္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း၊ ဧၿပီ ၂၃ ရက္တြင္ စမ္းသပ္အတည္ျပဳႏိုင္ၿပီးေနာက္ COVID-19 ေရာဂါရွာေဖြရာတြင္ ကူညီေဆာင္႐ြက္ေပးႏိုင္ၿပီဟု အသိေပးေၾကညာ သတင္းထုတ္ျပန္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ထပ္မံ၍ Reagent လူႏွစ္ေသာင္းစာမွာယူထားရွိ ေၾကာင္းႏွင့္ ဆက္လက္၍လည္း ရရွိႏိုင္သေလာက္ ထပ္မံရရွိေရးေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း။

ကိုယ္ခံအားေကာင္းေစရန္အတြက္ သာမာန္လူတစ္ဦးလိုအပ္မည့္ ကယ္လိုရီ အတြက္ စနစ္တက်တြက္ခ်က္၍ တန္ဖိုးသင့္ ထမင္း၊ ဟင္းလ်ာမ်ားအား အရင္းအတိုင္း ေရာင္းခ်ေပးႏိုင္မည့္နည္းလမ္းမ်ားကိုလည္း ရွာေဖြေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ျပည္ပတြင္ အလုပ္လုပ္ကိုင္ေနသူမ်ား အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ျပန္လည္ေရာက္ရွိ လ်က္ရွိရာ သြားလာမႈကန္႔္သတ္ထားရွိသည့္ေနရာမ်ားမွအပ ၎တို႔ေနထိုင္ရာ နယ္ေျမ ေဒသမ်ား၌ လုပ္အားခဝင္ေငြရရွိေစမည့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားႏွင့္ ကုန္ထုတ္ လုပ္ငန္းမ်ားတြင္ လုပ္ကိုင္ေဆာင္႐ြက္ႏိုင္ေရးအတြက္ စဥ္းစားေဆာင္႐ြက္ေပးႏိုင္ရန္ လိုအပ္ေၾကာင္း။

COVID-19 ေရာဂါကာကြယ္ေရးတြင္ ေရမ်ားမ်ားေသာက္ျခင္း၊ လက္သန႔္ရွင္း ေအာင္ေဆးေၾကာျခင္းျပဳလုပ္ရန္လိုအပ္ေသာ္လည္း ယခုအခါ ရာသီဥတုအေျခအေန အရ ေသာက္ေရ၊ သုံးေရ ရွားပါးမႈႀကဳံေနရေၾကာင္း၊ ေရရွိေရးအေလးထားေဆာင္႐ြက္ရန္ လိုေၾကာင္း၊ ေလျပင္းတိုက္ခတ္မႈစေသာ သဘာဝေဘးအႏၲရာယ္မ်ားမွာ အားလုံးႏွင့္ သက္ဆိုင္သည့္ကိစၥျဖစ္၍ တစ္ဦးခ်င္းအသိစိတ္ဓာတ္ရွိရွိျဖင့္ သဘာဝေဘးအႏၲရာယ္ ကာကြယ္ေရးလုပ္ငန္းမ်ားအား ႀကိဳတင္ေဆာင္႐ြက္ထားၾကရန္လည္းလိုအပ္ေၾကာင္းျဖင့္ မွာၾကားသည္။

ယေန႔အထိ တပ္မေတာ္အတြင္း COVID-19 ေရာဂါကူးစက္ခံရသူ၊ ေရာဂါပိုးေတြ႕ ရွိသူမရွိ (မရွိ)ေသးဘဲ Hospital Quarantine ေစာင့္ၾကည့္သူ တပ္မေတာ္သား(၁၉)ဦး၊ မွီခို(၄) ဦး၊ Home Quarantine ေစာင့္ၾကည့္သူ၊တပ္မေတာ္သား(၂၁၇)ဦး၊ မွီခို(၉၁)ဦး၊ Facilities Quarantine ေစာင့္ၾကည့္သူ တပ္မေတာ္သား(၃၁၃)ဦး၊ မွီခို(၁၀၉)ဦးျဖစ္ၿပီး Facilities Quarantineေစာင့္ၾကည့္ရန္အတြက္ ရန္ကုန္ စစ္ေၾကာေရးႏွင့္ တည္းခိုေရး စခန္းတြင္ ျပည္သူ (၈၅)ဦး၊ ေနျပည္ေတာ္ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းတြင္ ျပည္သူ (၅၀၈)ဦး၊ က်ိဳင္းတုံၿမိဳ႕ရွိ တပ္မေတာ္တန္းျမင့္ေလ့က်င့္ေရးသင္တန္းေက်ာင္းတြင္ ျပည္သူ (၁)ဦး၊ မႏၲေလးၿမိဳ႕ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းတြင္ ျပည္သူ(၇)ဦး စုစုေပါင္း ျပည္သူ(၆၀၁)ဦးတို႔ျဖစ္ေၾကာင္းႏွင့္ ၎င္းတို႔အားလုံး၏ က်န္းမာေရးအေျခအေန ေကာင္းမြန္လ်က္ရွိသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။