တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်

နေပြည်တော် ၊ မေ – ၆

မြန်မာတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်နေ့ ယနေ့တွင်ကျရောက်သော ညောင်ရေသွန်းပွဲတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် လောကချမ်းသာ ဆုတောင်းပြည့်ဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးတို့အား ဆက်ကပ်ပူဇော်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများသည် လောက ချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီး ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေ သွန်းလောင်းပူဇော်ရန် နေရာယူကြရာ အခမ်းအနားမှူးက မဟာဗောဒိရုက္ခသိဉ္ဇနပူဇာဂါထာတော်ကို ရွတ်ဖတ်ပူဇော်ပြီး သတ်မှတ်ထားသည့်နေရာများအလိုက် မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်း ပူဇော်၍ အမွှေးနံ့သာရည်များပက်ဖျန်းပူဇော်ကြသည်။

အဆိုပါ ညောင်ရေသွန်းလောင်းပူဇော်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများတက်ရောက်ကြကာ မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်းပူဇော် ခဲ့ကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ်များတွင်လည်း ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲ များကိုပြုလုပ်ကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်းများပြုလုပ် ခဲ့ကြသည်။

ဒီပင်္ကရာမြတ်စွာဘုရားက ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့အား ဘဒ္ဒကမ္ဘာတွင် ဘုရားအဖြစ်ကို ရလိမ့်မည်ဟု ဗျာဒိတ်စကားဟောကြားတော်မူသောနေ့၊ ဘုရားအလောင်းတော်သိဒ္ဓတ္ထ မင်းသားကို ဖွားမြင်သောနေ့၊ ဘုရားအဖြစ်ကိုရတော်မူသော နေ့၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသောနေ့ စသည့်နေ့များ အားလုံးသည် ကဆုန်လပြည့်နေ့များပင်ဖြစ်သဖြင့် “ ဖွားမြင်ပွင့်စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်၊ လပြည့်ကြုံ” ဟုလည်းကောင်း၊ “ဗျာဒိတ်ဖွားမြင် ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်”}ဟုလည်းကောင်း မှတ်တမ်းပြုကြပြီး ကဆုန် လပြည့် ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်များက အထွတ်အမြတ် ထားခဲ့ကြကြောင်း၊ ကဆုန်လပြည့်၏ ထူးခြားချက်မှာ ဂေါတမ မြတ်စွာဘုရားသာလျင် ကဆုန်လပြည့်နေ့တွင် ဖွားမြင်ခြင်း၊ ဘုရားအဖြစ်ရတော်မူခြင်း၊ ပရိနိဗ္ဗာန် စံဝင်တော် မူခြင်းမဟုတ်ဘဲ နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားတို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရား အဖြစ်ရတော်မူသောနေ့၊ ပရိနိဗ္ဗာန် ပြုသောနေ့များမှာလည်း ကဆုန်လပြည့်နေ့ ပင်ဖြစ်၍ ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့” ဟု သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ညောင်ရေသွန်း ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ ဖြစ်သကဲ့သို့ ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာပွဲတော်တစ်ခုဖြစ်ကြောင်းနှင့် ကဆုန်လပြည့်နေ့မတိုင်မီ တစ်ရက်အလိုတွင် ညောင်ရေသွန်းလောင်းကြမည့် ညောင်ပင်များကို အမွှေးနံ့သာများ ဖျန်းပေးခြင်း၊ ထုံးသုတ်ခြင်းနှင့် အမှိုက်သရိုက်များရှင်းလင်းခြင်းစသည့် ကုသိုလ်ယူဖွယ်များကို ပြုလုပ်လေ့ ရှိကြသည်။

(Zawgyi)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ ေရ၊ ေလ)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ားက ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္

ေနျပည္ေတာ္ ၊ ေမ – ၆

ျမန္မာတို႔၏ ၁၂ လရာသီပြဲေတာ္တြင္ တစ္ခုအပါအဝင္ျဖစ္သည့္ ျမန္မာသကၠရာဇ္ ၁၃၈၂ ခုႏွစ္၊ ကဆုန္လျပည့္ေန႔ ယေန႔တြင္က်ေရာက္ေသာ ေညာင္ေရသြန္းပြဲေတာ္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဇနီး ေဒၚၾကဴၾကဴလွ ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ားသည္ ယေန႔ညေနပိုင္းတြင္ ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ ေလာကခ်မ္းသာဆုေတာင္းျပည့္အသင္းဘုရားႀကီးရွိ မဟာေဗာဓိေညာင္ပင္မ်ားကို ေညာင္ေရသြန္းေလာင္းပူေဇာ္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔သည္ ေလာကခ်မ္းသာ ဆုေတာင္းျပည့္ဘုရားႀကီးအား ပန္း၊ ေရခ်မ္း၊ ဆီမီးတို႔အား ဆက္ကပ္ပူေဇာ္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီး မ်ားႏွင့္ ဇနီးမ်ားသည္ ေလာက ခ်မ္းသာဆုေတာင္းျပည့္အသင္းဘုရားႀကီး ပရိဝုဏ္ေတာ္အတြင္းရွိ မဟာေဗာဓိေညာင္ပင္မ်ားအား ေညာင္ေရ သြန္းေလာင္းပူေဇာ္ရန္ ေနရာယူၾကရာ အခမ္းအနားမႉးက မဟာေဗာဒိ႐ုကၡသိၪၨနပူဇာဂါထာေတာ္ကို ႐ြတ္ဖတ္ပူေဇာ္ၿပီး သတ္မွတ္ထားသည့္ေနရာမ်ားအလိုက္ မဟာေဗာဓိေညာင္ပင္မ်ားကို ေညာင္ေရသြန္းေလာင္း ပူေဇာ္၍ အေမႊးနံ႔သာရည္မ်ားပက္ဖ်န္းပူေဇာ္ၾကသည္။

အဆိုပါ ေညာင္ေရသြန္းေလာင္းပူေဇာ္ပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းႏွင့္ဇနီး၊ ညႇိႏႈိင္း ကြပ္ကဲေရးမႉး(ၾကည္း၊ေရ၊ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ားတက္ေရာက္ၾကကာ မဟာေဗာဓိေညာင္ပင္မ်ားကို ေညာင္ေရသြန္းေလာင္းပူေဇာ္ ခဲ့ၾကသည္။

အလားတူ တိုင္းစစ္ဌာနခ်ဳပ္မ်ားတြင္လည္း ကဆုန္လျပည့္ေန႔ ေညာင္ေရသြန္းပြဲ မ်ားကိုျပဳလုပ္ၾကရာ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္၊ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္၊ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္၊ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တို႔တြင္ ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္ျခင္းမ်ားျပဳလုပ္ ခဲ့ၾကသည္။

ဒီပကၤရာျမတ္စြာဘုရားက ေဂါတမဘုရားအေလာင္းေတာ္ သုေမဓာရွင္ရေသ့အား ဘဒၵကမာၻတြင္ ဘုရားအျဖစ္ကို ရလိမ့္မည္ဟု ဗ်ာဒိတ္စကားေဟာၾကားေတာ္မူေသာေန႔၊ ဘုရားအေလာင္းေတာ္သိဒၶတၳ မင္းသားကို ဖြားျမင္ေသာေန႔၊ ဘုရားအျဖစ္ကိုရေတာ္မူေသာ ေန႔၊ ျမတ္စြာဘုရား ပရိနိဗၺာန္စံေတာ္မူေသာေန႔ စသည့္ေန႔မ်ား အားလုံးသည္ ကဆုန္လျပည့္ေန႔မ်ားပင္ျဖစ္သျဖင့္ “ ဖြားျမင္ပြင့္စံ၊ ဗ်ာဒိတ္ခံ၊ မွတ္ရန္ကဆုန္၊ လျပည့္ႀကဳံ” ဟုလည္းေကာင္း၊ “ဗ်ာဒိတ္ဖြားျမင္ ေဗာဓိပင္၊ စံဝင္နိဗၺာန္နန္”}ဟုလည္းေကာင္း မွတ္တမ္းျပဳၾကၿပီး ကဆုန္ လျပည့္ ဗုဒၶေန႔ဟူ၍ ဗုဒၶဘာသာဝင္မ်ားက အထြတ္အျမတ္ ထားခဲ့ၾကေၾကာင္း၊ ကဆုန္လျပည့္၏ ထူးျခားခ်က္မွာ ေဂါတမ ျမတ္စြာဘုရားသာလ်င္ ကဆုန္လျပည့္ေန႔တြင္ ဖြားျမင္ျခင္း၊ ဘုရားအျဖစ္ရေတာ္မူျခင္း၊ ပရိနိဗၺာန္ စံဝင္ေတာ္ မူျခင္းမဟုတ္ဘဲ ႏွစ္က်ိပ္ရွစ္ဆူကုန္ေသာ ျမတ္စြာဘုရားတို႔၏ ဖြားျမင္ေတာ္မူေသာေန႔၊ ဘုရား အျဖစ္ရေတာ္မူေသာေန႔၊ ပရိနိဗၺာန္ ျပဳေသာေန႔မ်ားမွာလည္း ကဆုန္လျပည့္ေန႔ ပင္ျဖစ္၍ ကဆုန္လျပည့္ေန႔ကို “ဗုဒၶေန႔” ဟု သတ္မွတ္ျခင္းျဖစ္ေၾကာင္း၊ ေညာင္ေရသြန္း ပြဲေတာ္သည္ ျမန္မာ့ယဥ္ေက်းမႈ အေမြအႏွစ္တစ္ရပ ျဖစ္သကဲ့သို႔ ကုသိုလ္ယူဖြယ္ရာ၊ ဝမ္းသာၾကည္ႏူးဖြယ္ရာပြဲေတာ္တစ္ခုျဖစ္ေၾကာင္းႏွင့္ ကဆုန္လျပည့္ေန႔မတိုင္မီ တစ္ရက္အလိုတြင္ ေညာင္ေရသြန္းေလာင္းၾကမည့္ ေညာင္ပင္မ်ားကို အေမႊးနံ႔သာမ်ား ဖ်န္းေပးျခင္း၊ ထုံးသုတ္ျခင္းႏွင့္ အမႈိက္သ႐ိုက္မ်ားရွင္းလင္းျခင္းစသည့္ ကုသိုလ္ယူဖြယ္မ်ားကို ျပဳလုပ္ေလ့ ရွိၾကသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။