အမျိုးသားရေးတာဝန်ထမ်းဆောင်ရာတွင် စည်းစနစ်တကျဖြင့် ပြုမူကျင့်ကြံနေထိုင်လုပ်ဆောင် ကြရမည်ဖြစ်

နေပြည်တော်၊ အောက်တိုဘာ ၉

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင် တိုင်းပြည်အတွက် အမှန်တကယ် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သည့် တပ်မတော်သည် ပြည်သူနှင့်အတူ လက်တွဲကာ ဆုံးရှုံးသွားသည့် လွတ်လပ်ရေးကို တိုက်ပွဲဝင်၍ ရယူခဲ့ကြောင်း၊ လွတ်လပ်ပြီးနောက်ပိုင်းတွင်လည်း လွတ်လပ်ရေးပြန်လည် မဆုံးရှုံးစေရန်နှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်၍ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းအမျိုးသားရေးတာဝန်ကို ထမ်းဆောင် ရာတွင်ပြည်သူက ယုံကြည်အားကိုးရသည့် တပ်မတော်ဖြစ်စေရန် စည်းစနစ်တကျဖြင့် ပြုမူကျင့်ကြံနေထိုင်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ပဲခူးနှင့် ပျဉ်ပုံကြီးတပ်နယ်တို့မှ အရာရှိ၊ စစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပျဉ်ပုံကြီးတပ်နယ်ရှိ အင်အားဖြည့်တင်းရေးနှင့် ပြန်လည်နေရာချထားရေးတပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား တပ်မှူးက အရာရှိရိပ်သာဧည့်ခန်း၌ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာများ၊ နို့စားနွား၊ DYL ဝက်နှင့် Novogen Brown ဥစားကြက်မွေးမြူထားရှိမှု အခြေအနေများ၊ ကြယ်ပဲ၊ သီဟိုဠ်နှင့် ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု၊ Green House ဖြင့် သခွားမွှေးပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများ၊ ဆပ်ပြာလုပ်ငန်း၊ ဖယောင်းတိုင်လုပ်ငန်းနှင့် မွေးမြူရေးအစာထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆေးနိမ့်စစ်သည်များ ခြေတုတပ်ဆင်ရေး၊ ခြေတုအဟောင်းများကို အသစ်လဲလှယ်ရေးကိစ္စ ဦးစားပေး ဆောင်ရွက်ရန်၊ ဆေးနိမ့်စစ်သည်များ မင်္ဂလာဒုံရှိ တပ်မတော်ဆေးရုံများသို့ ဆေးစစ်သွားရာတွင် တပ်ပိုင်ယာဉ်ဖြင့် စနစ်တကျပို့ဆောင်ရေးတို့အား မှာကြားသည်။ ဆေးနိမ့်စစ်သည် မိသားစုများအလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက်၍ အထည်ချုပ်လုပ်ငန်း ဆောင်ရွက်နိုင်ရေး၊ ကြယ်ပဲစိုက်ပျိုးရေး၊ သီဟိုဠ်ပင်စိုက်ပျိုးရေးတို့အား တိုးချဲ့လုပ်ဆောင်ရန်နှင့် ကုန်ချောအဆင့်ထုတ်လုပ်နိုင်သည်အထိ စီမံဆောင်ရွက်ရန်၊ ရန်ကုန်မြို့နေ ပြည်သူလူထုအတွက် အထောက်အကူရစေရန်၊ DYL ဝက်၊ Novogen Brown ဥစားကြက်များနှင့် နို့စားနွားများကိုပါ တိုးချဲ့မွေးမြူရန်၊ ဈေးကွက်အနေအထားအရ ဆပ်ပြာ၊ ဖယောင်းတိုင်နှင့် မွေးမြူရေးအစာထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများကိုလည်း ထပ်မံတိုးချဲ့ ဆောင်ရွက်ရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများသည် အမြတ်အစွန်းကို ရည်ရွယ်လုပ် ဆောင်ခြင်းမဟုတ်ဘဲ စစ်သည်၊ မိသားစုများ၊ ဒေသခံပြည်သူများ၏ စားရေးအတွက် အဓိကထားဆောင်ရွက်ခြင်းဖြစ်၍ မိမိ၏ ပတ်ဝန်းကျင်၊ မိမိနယ်မြေဒေသမှတစ်ဆင့် နိုင်ငံအနှံ့ ထုတ်လုပ်ရောင်းချနိုင်သည်အထိ အဆင့်ဆင့်တိုးမြှင့်လုပ်ဆောင်ရန်တို့အား လမ်းညွှန်မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်အတွင်းရှိ DYL ဝက်များမွေးမြူထားရှိမှု၊ နို့စားနွားများ မွေးမြူထားရှိမှု၊ အအေးပေးစနစ်ဖြင့် Novogen Brown ဥစားကြက်များ မွေးမြူထားရှိမှု၊ မွေးမြူရေးအစာစက်ရုံ၊ Green House ဖြင့် သခွားမွှေးပင်များ စိုက်ပျိုးထားရှိမှု၊ ပျိုးစေ့များ သိုလှောင်ထုတ်ပိုးနေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပဲခူးနှင့် ပျဉ်ပုံကြီးတပ်နယ်တို့မှ အရာရှိ၊ စစ်သည်များအား ပျဉ်ပုံကြီးတပ်နယ်ရှိ အားကစားခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံတော်ကိုကာကွယ်ရန်ဖြစ်၍ အမှန်တကယ်ကာကွယ်နိုင်စွမ်း ရှိရမည်ဖြစ်ကြောင်း၊ တပ်များသည် စွမ်းရည်၊ စွမ်းအားရှိရန်လိုကြောင်း၊ စစ်ရေးစွမ်းရည်သည် မရှိမဖြစ်လိုအပ်သကဲ့သို့ စွမ်းရည် ၃ ရပ်နှင့် ပြည့်စုံရမည်ဖြစ်ကြောင်း၊ စွမ်းရည်ကောင်းမွန်စေရန်မှာ တစ်ဦးချင်း၏ စွမ်းရည်မှစ၍ တပ်ရင်း၊ တပ်ဖွဲ့များက လုပ်ဆောင်ရမည့် အပိုင်းဖြစ်ကြောင်း၊ စွမ်းအားကောင်းမွန်စေရန်အတွက် စစ်လက်နက်ပစ္စည်းများ တပ်ဆင်မှုအပါအဝင် တပ်မတော်ပိုင်း၊ နိုင်ငံတော်ပိုင်းက လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်နိုင်စွမ်းရှိအောင် မိမိတို့အားလုံး ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် အရည်အချင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် စစ်သားတစ်ယောက် ဖြစ်ပြီဆိုသည်နှင့် မိမိ၏ အရည်အချင်းကောင်းမွန်နေရန်လိုကြောင်း၊ တစ်ဦးချင်း အရည်အသွေးကောင်းမွန်စေရေးအတွက် အခြေခံအားဖြင့် နေ့စဉ်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် စစ်ဝတ်စုံများကိုလည်း စစ်သားပီသစွာဖြင့် စစ်ပုံကျစွာဝတ်ဆင်ရမည်ဖြစ်ကြောင်း၊ ယင်းတို့အား တစ်ဦးချင်းကိုယ်စီကိုယ်စီ ထိန်းသိမ်းလိုက်နာရန်လိုအပ်သကဲ့သို့ တာဝန်ရှိသူများကလည်း ဝိုင်းဝန်းကြပ်မတ်ပေးရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ” ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည် ” ဆိုသည့် လေ့ကျင့်ရေးမူဝါဒနှင့်အညီ လိုက်နာ လုပ်ဆောင်ကြရန်လိုကြောင်း၊ ကျန်းမာအောင်ပြုမူနေထိုင်စားသောက်၍ ကြံ့ခိုင် အောင်လေ့ကျင့်ရမည်ဖြစ်ကြောင်း၊ ထို့အတူ ကျွမ်းကျင်မှုရှိအောင် ရဲစွမ်းသတ္တိရှိအောင် လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း တပ်မတော်အနေဖြင့် စားရေး၊ ဝတ်ရေး၊ နေထိုင်ရေးနှင့်ပတ်သက်၍ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်းပြောကြားသည်။

ဆက်လက်ပြီး ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရန်နှင့်ပတ်သက်၍ တပ်မတော်သားများသည် မိမိ၏ လုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး မှန်မှန်ကန်ကန် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်းတာဝန်ထမ်းဆောင်မှုသည် စည်းကမ်းနှင့်အညီ ဖြစ်ရန်လို ကြောင်း၊ တပ်မတော်သားများအနေဖြင့် စစ်သည်တော်ကျင့်ဝတ် ၆၀ ပါးနှင့်အညီ ၊ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့်အညီ ကျင့်ကြံပြုမူနေထိုင်ခြင်း ဖြင့် ပြည်သူ၏ ယုံကြည်မှုကိုရရှိနိုင်ပြီး ပြည်သူ့အကျိုးစီးပွားကို ပိုမိုထိရောက်အောင် မြင်အောင် ဖော်ဆောင်ပေးခြင်းဖြင့်လည်း ပြည်သူကအားကိုးသည့် တပ်မတော်ဖြစ်စေရေး အလေးထား ဆောင်ရွက်ရန်တို့အား မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်များမှ အရာရှိ၊ စစ်သည်များအတွက် သုတ၊ ရသ စာအုပ်၊ စာစောင်များကို ပေးအပ်ရာ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူးက လက်ခံရယူသည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)က စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)က အားကစားပစ္စည်းများကိုလည်းကောင်း ပေးအပ်ရာ တပ်နယ်များမှ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသော အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် အသက်မွေးမှုအတတ်ပညာသင်စခန်းသို့ ရောက်ရှိကြပြီး အရာရှိရိပ်သာဧည့်ခန်း၌ တပ်မှူးက တပ်၏ ဖွဲ့စည်းပုံ၊ စွမ်းဆောင်ရည်နှင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိ သော သင်တန်းများ၏ အခြေအနေများကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အကြောင်းအမျိုးမျိုးကြောင့် တပ်မတော်မှ အငြိမ်းစားယူချိန်တွင် အသက်မွေးဝမ်းကျောင်းအတွက် ရပ်တည်နိုင်ရန် အထောက်အကူပြုသည့် သင်တန်းများဖြစ်၍ အမှန်တကယ်လက်တွေ့လုပ်ငန်းခွင်တွင် ရပ်တည်နိုင်သည်အထိ တတ်ကျွမ်းအောင် သင်ကြားလေ့ကျင့်ပေးရေး၊ တပ်မတော်မှ အငြိမ်းစားယူရန် ပြင်ဆင်ေနေသည့် သင်တန်း သားများကို ဦးစားပေးရွေးချယ်တက်ရောက်စေရေး၊ သင်တန်းအလိုက်သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာ ထပ်မံဖြည့်ဆည်းပေးရေးတို့အား မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟိုတယ်၊ မိုတယ်လုံခြုံရေးသင်တန်း၊ ပိုးဇာပုံနှိပ်တံဆိပ်နှင့် ဆေးဆိုးပန်းရိုက်သင်တန်း၊ မှန်ပန်းချီ၊ ကြွေပန်းချီသင်တန်းနှင့်ဆံသသင်တန်းများအား လိုက်လံကြည့်ရှု၍ သင်တန်းသားများနှင့် တွေ့ဆုံပြီး အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်၍ လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ် ကျွမ်းကျင်စွာလုပ်ကိုင်နိုင်သည်အထိ သင်ကြားလေ့ကျင့်ရေး၊ မိမိ၏ စိတ်ပါဝင်စားမှုအပေါ်တွင်အခြေခံ၍ ကျွမ်းကျင်စွာ တတ်မြောက်အောင်လေ့လာသင်ယူရေး တို့အား မှာကြားသည်။ ထို့နောက် ကျောင်းပြခန်းအတွင်း ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ သင်တန်းသားများ၏ လက်ရာထုတ်ကုန်ပစ္စည်းများအား လှည့်လည် ကြည့်ရှုသည်။

အဆိုပါ တပ်မတော်အသက်မွေးမှု အတတ်ပညာသင်စခန်းတွင် အသက်မွေး ဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်း ၁၉ မျိုးအား ပုံမှန်ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ကြောင်းနှင့် တပ်မတော်သားများသာမက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါ တက်ရောက်သင်ကြားလျက်ရှိပါသည်။

(Zawgyi Version)

အမ်ိဳးသားေရးတာဝန္ထမ္းေဆာင္ရာတြင္ စည္းစနစ္တက်ျဖင့္ ျပဳမူက်င့္ႀကံေနထိုင္လုပ္ေဆာင္ ၾကရမည္ျဖစ္

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၉

ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ထမ္းေဆာင္ရာတြင္ တုိင္းျပည္အတြက္ အမွန္တကယ္ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ လြတ္လပ္ေရးႏွင့္အတူ ေပါက္ဖြားလာခဲ့သည့္ တပ္မေတာ္သည္ ျပည္သူႏွင့္အတူ လက္တြဲကာ ဆုံး႐ႈံးသြားသည့္ လြတ္လပ္ေရးကို တုိက္ပြဲ၀င္၍ ရယူခဲ့ေၾကာင္း၊ လြတ္လပ္ၿပီးေနာက္ပိုင္းတြင္လည္း လြတ္လပ္ေရးျပန္လည္ မဆုံး႐ႈံးေစရန္ႏွင့္ အခ်ဳပ္အျခာအာဏာတည္တံ့ခုိင္ၿမဲေရးအတြက္ ဒုိ႔တာ၀န္အေရး(၃)ပါးကို ဦးထိပ္ပန္ဆင္၍ လုပ္ေဆာင္ခဲ့ေၾကာင္း၊ ယင္းအမ်ိဳးသားေရးတာ၀န္ကုိ ထမ္းေဆာင္ ရာတြင္ျပည္သူက ယံုၾကည္အားကုိးရသည့္ တပ္မေတာ္ျဖစ္ေစရန္ စည္းစနစ္တက်ျဖင့္ ျပဳမူက်င့္ႀကံေနထုိင္လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔နံနက္ပိုင္းတြင္ ပဲခူးႏွင့္ ပ်ဥ္ပုံႀကီးတပ္နယ္တုိ႔မွ အရာရွိ၊ စစ္သည္မ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ ထည့္သြင္း ေျပာၾကားသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါ၍ ပ်ဥ္ပုံႀကီးတပ္နယ္ရွိ အင္အားျဖည့္တင္းေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးတပ္သို႔ သြားေရာက္ၾကည့္႐ႈစစ္ေဆးသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားအား တပ္မွဴးက အရာရွိရိပ္သာဧည့္ခန္း၌ စစ္ဦးစီး၊ စစ္ေရးႏွင့္ စစ္ေထာက္ဆုိင္ရာမ်ား၊ ႏုိ႔စားႏြား၊ DYL ၀က္ႏွင့္ Novogen Brown ဥစားၾကက္ေမြးျမဴထားရွိမႈ အေျခအေနမ်ား၊ ၾကယ္ပဲ၊ သီဟိုဠ္ႏွင့္ ရာသီသီးႏွံမ်ား စုိက္ပ်ိဳးထားရွိမႈ၊ Green House ျဖင့္ သခြားေမႊးပင္မ်ား စိုက္ပ်ိဳးထားရွိမႈအေျခအေနမ်ား၊ ဆပ္ျပာလုပ္ငန္း၊ ဖေယာင္းတုိင္လုပ္ငန္းႏွင့္ ေမြးျမဴေရးအစာထုတ္လုပ္မႈ လုပ္ငန္းေဆာင္ရြက္မႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဆးနိမ့္စစ္သည္မ်ား ေျခတုတပ္ဆင္ေရး၊ ေျခတုအေဟာင္းမ်ားကို အသစ္လဲလွယ္ေရးကိစၥ ဦးစားေပး ေဆာင္ရြက္ရန္၊ ေဆးနိမ့္စစ္သည္မ်ား မဂၤလာဒုံရွိ တပ္မေတာ္ေဆး႐ုံမ်ားသို႔ ေဆးစစ္သြားရာတြင္ တပ္ပိုင္ယာဥ္ျဖင့္ စနစ္တက်ပို႔ေဆာင္ေရးတို႔အား မွာၾကားသည္။ ေဆးနိမ့္စစ္သည္ မိသားစုမ်ားအလုပ္အကိုင္အခြင့္အလမ္းႏွင့္ ပတ္သက္၍ အထည္ခ်ဳပ္လုပ္ငန္း ေဆာင္ရြက္ႏုိင္ေရး၊ ၾကယ္ပဲစိုက္ပ်ိဳးေရး၊ သီဟိုဠ္ပင္စုိက္ပ်ိဳးေရးတုိ႔အား တုိးခ်ဲ႔လုပ္ေဆာင္ရန္ႏွင့္ ကုန္ေခ်ာအဆင့္ထုတ္လုပ္ႏုိင္သည္အထိ စီမံေဆာင္ရြက္ရန္၊ ရန္ကုန္ၿမိဳ႕ေန ျပည္သူလူထုအတြက္ အေထာက္အကူရေစရန္၊ DYL ၀က္၊ Novogen Brown ဥစားၾကက္မ်ားႏွင့္ ႏုိ႔စားႏြားမ်ားကိုပါ တုိးခ်ဲ႕ေမြးျမဴရန္၊ ေစ်းကြက္အေနအထားအရ ဆပ္ျပာ၊ ဖေယာင္းတုိင္ႏွင့္ ေမြးျမဴေရးအစာထုတ္လုပ္သည့္ ကုန္ထုတ္လုပ္ငန္းမ်ားကိုလည္း ထပ္မံတုိးခ်ဲ႕ ေဆာင္ရြက္ရန္၊ စုိက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းမ်ားသည္ အျမတ္အစြန္းကို ရည္ရြယ္လုပ္ ေဆာင္ျခင္းမဟုတ္ဘဲ စစ္သည္၊ မိသားစုမ်ား၊ ေဒသခံျပည္သူမ်ား၏ စားေရးအတြက္ အဓိကထားေဆာင္ရြက္ျခင္းျဖစ္၍ မိမိ၏ ပတ္၀န္းက်င္၊ မိမိနယ္ေျမေဒသမွတစ္ဆင့္ ႏုိင္ငံအႏွံ႔ ထုတ္လုပ္ေရာင္းခ်ႏုိင္သည္အထိ အဆင့္ဆင့္တုိးျမႇင့္လုပ္ေဆာင္ရန္တုိ႔အား လမ္းၫႊန္မွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ တပ္အတြင္းရွိ DYL ၀က္မ်ားေမြးျမဴထားရွိမႈ၊ ႏုိ႔စားႏြားမ်ား ေမြးျမဴထားရွိမႈ၊ အေအးေပးစနစ္ျဖင့္ Novogen Brown ဥစားၾကက္မ်ား ေမြးျမဴထားရွိမႈ၊ ေမြးျမဴေရးအစာစက္႐ုံ၊ Green House ျဖင့္ သခြားေမႊးပင္မ်ား စိုက္ပ်ိဳးထားရွိမႈ၊ ပ်ိဳးေစ့မ်ား သိုေလွာင္ထုတ္ပိုးေနမႈ အေျခအေနမ်ားအား လိုက္လံၾကည့္႐ႈစစ္ေဆးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ပဲခူးႏွင့္ ပ်ဥ္ပုံႀကီးတပ္နယ္တို႔မွ အရာရွိ၊ စစ္သည္မ်ားအား ပ်ဥ္ပုံႀကီးတပ္နယ္ရွိ အားကစားခန္းမ၌ ေတြ႕ဆုံအမွာစကားေျပာၾကားသည္။

ထုိသို႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က တပ္မေတာ္၏ အဓိကတာ၀န္မွာ ႏုိင္ငံေတာ္ကိုကာကြယ္ရန္ျဖစ္၍ အမွန္တကယ္ကာကြယ္ႏုိင္စြမ္း ရွိရမည္ျဖစ္ေၾကာင္း၊ တပ္မ်ားသည္ စြမ္းရည္၊ စြမ္းအားရွိရန္လုိေၾကာင္း၊ စစ္ေရးစြမ္းရည္သည္ မရွိမျဖစ္လုိအပ္သကဲ့သို႔ စြမ္းရည္ ၃ ရပ္ႏွင့္ ျပည့္စုံရမည္ျဖစ္ေၾကာင္း၊ စြမ္းရည္ေကာင္းမြန္ေစရန္မွာ တစ္ဦးခ်င္း၏ စြမ္းရည္မွစ၍ တပ္ရင္း၊ တပ္ဖြဲ႕မ်ားက လုပ္ေဆာင္ရမည့္ အပိုင္းျဖစ္ေၾကာင္း၊ စြမ္းအားေကာင္းမြန္ေစရန္အတြက္ စစ္လက္နက္ပစၥည္းမ်ား တပ္ဆင္မႈအပါအ၀င္ တပ္မေတာ္ပိုင္း၊ ႏိုင္ငံေတာ္ပိုင္းက လုပ္ေဆာင္ေပးရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္ကုိ ကာကြယ္ႏုိင္စြမ္းရွိေအာင္ မိမိတုိ႔အားလုံး ၀ုိင္း၀န္းပူးေပါင္း လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း ဦးစြာေျပာၾကားသည္။

ထုိ႔ေနာက္ အရည္အခ်င္းႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ စစ္သားတစ္ေယာက္ ျဖစ္ၿပီဆုိသည္ႏွင့္ မိမိ၏ အရည္အခ်င္းေကာင္းမြန္ေနရန္လုိေၾကာင္း၊ တစ္ဦးခ်င္း အရည္အေသြးေကာင္းမြန္ေစေရးအတြက္ အေျခခံအားျဖင့္ ေန႔စဥ္လုပ္ေဆာင္ရမည့္ လုပ္ငန္းတာ၀န္မ်ားကုိ မွန္မွန္ကန္ကန္လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊ သတ္မွတ္ထားသည့္ စစ္၀တ္စုံမ်ားကိုလည္း စစ္သားပီသစြာျဖင့္ စစ္ပုံက်စြာ၀တ္ဆင္ရမည္ျဖစ္ေၾကာင္း၊ ယင္းတုိ႔အား တစ္ဦးခ်င္းကုိယ္စီကုိယ္စီ ထိန္းသိမ္းလိုက္နာရန္လုိအပ္သကဲ့သို႔ တာ၀န္ရွိသူမ်ားကလည္း ၀ုိင္း၀န္းၾကပ္မတ္ေပးရမည္ျဖစ္ေၾကာင္း၊ ၎အျပင္ ” က်န္းမာႀကံ႕ခိုင္ရမည္၊ ကြၽမ္းက်င္ရမည္၊ ရဲစြမ္းသတိၱရွိရမည္ ” ဆုိသည့္ ေလ့က်င့္ေရးမူ၀ါဒႏွင့္အညီ လိုက္နာ လုပ္ေဆာင္ၾကရန္လုိေၾကာင္း၊ က်န္းမာေအာင္ျပဳမူေနထုိင္စားေသာက္၍ ႀကံ႕ခိုင္ ေအာင္ေလ့က်င့္ရမည္ျဖစ္ေၾကာင္း၊ ထုိ႔အတူ ကြၽမ္းက်င္မႈရွိေအာင္ ရဲစြမ္းသတိၱရွိေအာင္ ေလ့က်င့္ၾကရမည္ျဖစ္ေၾကာင္း၊ တစ္ဖက္တြင္လည္း တပ္မေတာ္အေနျဖင့္ စားေရး၊ ၀တ္ေရး၊ ေနထုိင္ေရးႏွင့္ပတ္သက္၍ လုိအပ္သည့္ အုပ္ခ်ဳပ္ေထာက္ပံ့မႈကိစၥရပ္မ်ားကို ျဖည့္ဆည္းေဆာင္ရြက္ေပးေနေၾကာင္းေျပာၾကားသည္။

ဆက္လက္ၿပီး ျပည္သူ႔ဆက္ဆံေရးေကာင္းမြန္ရန္ႏွင့္ပတ္သက္၍ တပ္မေတာ္သားမ်ားသည္ မိမိ၏ လုပ္ငန္းတာ၀န္မ်ားကို သိရွိနားလည္ၿပီး မွန္မွန္ကန္ကန္ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ ယင္းတာ၀န္ထမ္းေဆာင္မႈသည္ စည္းကမ္းႏွင့္အညီ ျဖစ္ရန္လုိ ေၾကာင္း၊ တပ္မေတာ္သားမ်ားအေနျဖင့္ စစ္သည္ေတာ္က်င့္၀တ္ ၆၀ ပါးႏွင့္အညီ ၊ ထုတ္ျပန္ထားသည့္ စည္းမ်ဥ္း၊ စည္းကမ္း၊ ဥပေဒမ်ားႏွင့္အညီ က်င့္ႀကံျပဳမူေနထုိင္ျခင္း ျဖင့္ ျပည္သူ၏ ယုံၾကည္မႈကိုရရွိႏုိင္ၿပီး ျပည္သူ႔အက်ိဳးစီးပြားကို ပုိမုိထိေရာက္ေအာင္ ျမင္ေအာင္ ေဖာ္ေဆာင္ေပးျခင္းျဖင့္လည္း ျပည္သူကအားကုိးသည့္ တပ္မေတာ္ျဖစ္ေစေရး အေလးထား ေဆာင္ရြက္ရန္တို႔အား မွာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္နယ္မ်ားမွ အရာရွိ၊ စစ္သည္မ်ားအတြက္ သုတ၊ ရသ စာအုပ္၊ စာေစာင္မ်ားကိုု ေပးအပ္ရာ အမွတ္(၇၇) ေျချမန္တပ္မဌာနခ်ဳပ္၊ ဒုတိယတပ္မမွဴးက လက္ခံရယူသည္။ ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)က စားေသာက္ဖြယ္ရာမ်ားကိုလည္းေကာင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)က အားကစားပစၥည္းမ်ားကိုလည္းေကာင္း ေပးအပ္ရာ တပ္နယ္မ်ားမွ တာ၀န္ရွိသူမ်ားက အသီးသီးလက္ခံရယူၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ တက္ေရာက္လာၾကေသာ အရာရွိ၊ စစ္သည္မ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖဲြ႕၀င္မ်ားသည္ တပ္မေတာ္ အသက္ေမြးမႈအတတ္ပညာသင္စခန္းသို႔ ေရာက္ရွိၾကၿပီး အရာရွိရိပ္သာဧည့္ခန္း၌ တပ္မွဴးက တပ္၏ ဖြဲ႕စည္းပံု၊ စြမ္းေဆာင္ရည္ႏွင့္ ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိ ေသာ သင္တန္းမ်ား၏ အေျခအေနမ်ားကို ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တပ္မေတာ္မွ အၿငိမ္းစားယူခ်ိန္တြင္ အသက္ေမြး၀မ္းေက်ာင္းအတြက္ ရပ္တည္ႏုိင္ရန္ အေထာက္အကူျပဳသည့္ သင္တန္းမ်ားျဖစ္၍ အမွန္တကယ္လက္ေတြ႕လုပ္ငန္းခြင္တြင္ ရပ္တည္ႏုိင္သည္အထိ တတ္ကြၽမ္းေအာင္ သင္ၾကားေလ့က်င့္ေပးေရး၊ တပ္မေတာ္မွ အၿငိမ္းစားယူရန္ ျပင္ဆင္ေေနသည့္ သင္တန္း သားမ်ားကို ဦးစားေပးေရြးခ်ယ္တက္ေရာက္ေစေရး၊ သင္တန္းအလိုက္သင္ေထာက္ကူပစၥည္းမ်ား ျပည့္စုံစြာ ထပ္မံျဖည့္ဆည္းေပးေရးတုိ႔အား မွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖဲြ႕၀င္မ်ားသည္ ဟုိတယ္၊ မုိတယ္လုံၿခဳံေရးသင္တန္း၊ ပိုိးဇာပုံႏွိပ္တံဆိပ္ႏွင့္ ေဆးဆုိးပန္း႐ုိက္သင္တန္း၊ မွန္ပန္းခ်ီ၊ ေၾကြပန္းခ်ီသင္တန္းႏွင့္ဆံသသင္တန္းမ်ားအား လိုက္လံၾကည့္႐ႈ၍ သင္တန္းသားမ်ားႏွင့္ ေတြ႕ဆုံၿပီး အသက္ေမြး၀မ္းေက်ာင္းပညာရပ္မ်ားျဖစ္၍ လက္ေတြ႕လုပ္ငန္းခြင္တြင္ အမွန္တကယ္ ကြၽမ္းက်င္စြာလုုပ္ကိုင္ႏုိင္သည္အထိ သင္ၾကားေလ့က်င့္ေရး၊ မိမိ၏ စိတ္ပါ၀င္စားမႈအေပၚတြင္အေျခခံ၍ ကြၽမ္းက်င္စြာ တတ္ေျမာက္ေအာင္ေလ့လာသင္ယူေရး တုိ႔အား မွာၾကားသည္။ ထုိ႔ေနာက္ ေက်ာင္းျပခန္းအတြင္း ခင္းက်င္းျပသထားသည့္ မွတ္တမ္းဓာတ္ပုံမ်ား၊ သင္တန္းသားမ်ား၏ လက္ရာထုတ္ကုန္ပစၥည္းမ်ားအား လွည့္လည္ ၾကည့္႐ႈသည္။

အဆုိပါ တပ္မေတာ္အသက္ေမြးမႈ အတတ္ပညာသင္စခန္းတြင္ အသက္ေမြး ၀မ္းေက်ာင္းပညာရပ္ဆုိင္ရာ သင္တန္း ၁၉ မ်ိဳးအား ပုံမွန္ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိ ေၾကာင္းႏွင့္ တပ္မေတာ္သားမ်ားသာမက ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕၀င္မ်ားပါ တက္ေရာက္သင္ၾကားလ်က္ရွိပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။