တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် NDAA (မိုင်းလား) အဖွဲ့နှင့်  UWSA (ဝ) အဖွဲ့တို့မှ တာဝန်ရှိသူများအား သီးခြားစီလက်ခံတွေ့ဆုံ၊ COVID-19  ရောဂါထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် NDAA (မိုင်းလား) အဖွဲ့နှင့်  UWSA (ဝ) အဖွဲ့တို့မှ တာဝန်ရှိသူများအား သီးခြားစီလက်ခံတွေ့ဆုံ၊ COVID-19  ရောဂါထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ မေ  ၁၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် NDAA (မိုင်းလား) အဖွဲ့နှင့် UWSA (ဝ)အဖွဲ့တို့မှ တာဝန်ရှိသူများအား ယနေ့နေ့လည်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ရွှေတြိဂံရိပ်သာ ဧည့်ခန်းမ ဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တြိဂံဒေသတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်တို့ တက်ရောက်ကြပြီး NDAA(မိုင်းလား)အဖွဲ့မှ ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင်များ ၊  UWSA (ဝ) အဖွဲ့မှ ဦးညီကပ်နှင့် အဖွဲ့ဝင်များ၊ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကမ္ဘာပေါ်တွင် COVID-19 ရောဂါဖြစ်ပွားသူပေါင်း ၄ သန်းကျော်ရှိပြီဖြစ်ပြီး မိမိတို့နိုင်ငံတွင် ဖြစ်ပွားသူ ပေါင်း ၁၇၈ ဦးရှိပြီဖြစ်ကြောင်း၊ အဆိုပါ ရောဂါသည် မမြင်ရ၊ မကြားရ၊ အနံ့ခံ မရနိုင်သောကြောင့် လူတိုင်းကိုယ်စီအသိစိတ်ဖြင့် သတိထားနေထိုင်ကြရမည်ဖြစ်ကြောင်း၊ မိုင်းလားဒေသတွင် ဆရာဝန်လိုအပ်ချက်ရှိသည်ဟုကြားသိရကြောင်း၊ အရပ်ဘက်ဆရာဝန်များ လုံလောက်မှု မရှိပါက တပ်မတော်ဆေးအဖွဲ့များ စေလွှတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ် ထားသည့် ကန့်သတ်ချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ကိုယ်ခံအားကောင်းမွန်မှုမရှိပါက ရောဂါကူး စက်နိုင်ခြေပိုမိုများပြားသောကြောင့် ကိုယ်ခံအားကောင်းမွန်ရေး အာဟာရပြည့်ဝအောင် စားသောက် ရမည်ဖြစ် ကြောင်း၊ ရောဂါထိန်းချုပ်နိုင်မှုမရှိသေးသဖြင့် ဒေသတွင်းအခြေခံထွက်ကုန်များထွက်ရှိအောင် အစုအဖွဲ့ဖြင့် ဆောင်ရွက်ရခြင်းမဟုတ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တတ်နိုင်သရွေ့လုပ်ဆောင်ကြရမည်ဖြစ် ကြောင်း။

ပုံမှန်အားဖြင့် ဇွန်လတွင် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရမည်ဖြစ်ရာ အကယ်၍ ရောဂါဖြစ်ပွားမှု အခြေအနေအရ ကျောင်းများပြန်လည်ဖွင့်လှစ်ရန် အခက်အခဲရှိမည်ဆိုပါက ဒေသတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်အကွာအဝေးဖြင့် ဆရာ၊ ဆရာမ တစ်ဦးလျင် ၁၀ ဦးနှုန်း လိုအပ်သည်များ သင်ကြား ပေးစေလိုကြောင်း၊ မြန်မာစာ၊ မြန်မာစကားနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများကို သင်ကြားပေး နိုင်ကြောင်း၊ နယ်စပ်ဒေသများမှ ပြန်လည်ဝင်ရောက်လာပြီး Qurantine  ပြုလုပ်ထားရှိသူများ၏ အချက်အလက် များကိုမှတ်တမ်းထားရှိရန်လိုပြီး အချက်အလက်များ မှန်ကန်မှုရှိစေရေး စစ်ဆေးဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ဆေးအကာအကွယ်ပေးခြင်းလုပ်ငန်းများအတွက် တပ်မတော်ဆေးအဖွဲ့များစေလွှတ် ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ သွားလာမှုစည်းကမ်းများကို စနစ်တကျလိုက်နာကြရန် လိုအပ်ကြောင်း၊ အကယ်၍ ဆေးစစ်ဆေးမှုများပြုလုပ်ရန်လိုအပ်ပါက ကျိုင်းတုံတွင်လာရောက်စစ်ဆေးနိုင်ရန် တပ်မတော်မှ ဆောင်ရွက်ပေး ထားကြောင်းနှင့် မိမိတိုင်းပြည်ကို အားကိုးစိတ် မွေးရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် NDAA (မိုင်းလား) အဖွဲ့နှင့်  UWSA (ဝ) အဖွဲ့တို့မှ မိမိတို့ဒေသများ၌ COVID-19   ရောဂါဖြစ်ပွားသူ မရှိသေးကြောင်းနှင့် ဖြစ်ပေါ်လာပါက အသုံးပြုနိုင်ရန် ဆေးရုံ၊ ဆေးခန်းများကို အသင့်ပြင်ဆင်ထားရှိပါကြောင်း၊ စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍လည်း စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဝင်ပေါက်များကို ဇန်နဝါရီလ ကတည်းက ပိတ်၍သွားရောက်ခြင်းများကို စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြား သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကNDAA  (မိုင်းလား) အဖွဲ့နှင့်  UWSA (ဝ) အဖွဲ့တို့အတွက် တစ်ဖွဲ့လျင် Personal Protective Equipment (PPE) ဝတ်စုံ ၅၀၀ စုံ၊  Surgical Masks  ၁၀၀၀၀ ခု၊ Goggles ၁၀၀ ခု၊ Surgical Gloves ၁၀၀၀ ခု၊ Bleaching Powder  ၂ ပုံး၊ Non-Contact Thermometer ၅၀ ခု၊ Hand Gel ၂၅၀ ဘူးနှင့် N 95 Mask  ၅၀၀ ခုတို့နှင့် စားသောက်ဖွယ်ရာများအား အသီးသီးထောက်ပံ့ပေးအပ်ရာ NDAA (မိုင်းလား) အဖွဲ့နှင့်  UWSA  (ဝ) အဖွဲ့တို့က လက်ခံရယူခဲ့ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် ကျိုင်းတုံမြို့ရှိ ရပ်မိရပ်ဖ များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား  Amazing Keng Tong Hotel   ၌သွားရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်  လက်ရှိတွင် ကမ္ဘာ့နိုင်ငံများနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် COVID-19 ရောဂါ သည် မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ယခုအချိန်အထိ ထိန်းချုပ်နိုင်သည့် ဆေးဝါးပေါ်ထွက်လာခြင်းမရှိသေးဘဲ စမ်းသပ်နေကြဆဲပင်ဖြစ်သည့်အတွက် စည်းကမ်းတကျနေထိုင်ခြင်း သည်သာလျင် အကောင်းဆုံးဖြစ်ကြောင်း၊ ဤဒေသသည် သွားလာမှုခက်ခဲသည့်ဒေသဖြစ်သဖြင့် အရေးပေါ်အခြေ အနေဖြစ်ပေါ်လာပါက စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း၊ တပ်မတော်မှလည်း COVID-19  ရောဂါကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများကို လူမျိုးမရွေး ဘာသာမရွေး၊ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိပြီး အများနှင့် သက်ဆိုင်သောနေရာများတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ Stay Home  ကာလဖြစ်သဖြင့် အားလပ်ချိန် များတွင်  Social Media များဖြင့်သာ အချိန်မကုန်ဆုံးစေဘဲ အသိပညာဗဟုသုတဖြစ်စေမည့် စာအုပ်စာပေများကို ဖတ်ရှုကြရန် တိုက်တွန်းလိုကြောင်း၊ အိမ်တွင်း၌ ပြုလုပ်နိုင်သည့် ကိုယ်လက်လှုပ်ရှား အားကစားများ၊ အများနှင့် မဟုတ်ဘဲ တစ်ဦးချင်းဆောင်ရွက်နိုင်သည့် လေ့ကျင့်ခန်းများကို ပြုလုပ်ကြစေလိုကြောင်းနှင့် မိမိဒေသ ဖွံ့ဖြိုးတိုးတက်စေမည့် လုပ်ငန်းများကို ရေရှည်မျှော်တွေးလုပ်ဆောင်ကြစေလိုကြောင်းဖြင့် ဆွေးနွေးပြော ကြားသည်။

ယင်းနောက် မြို့မိမြို့ဖများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား တင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးပြောကြားခဲ့ သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများ ဖြစ်သည့် Surgical Masks  ၁၀၀၀၀ ခု၊ Bleaching Powder ၃ ပုံး၊ Non-Contact Thermometer ၅၀ ခု၊ Hand Gel၂၅၀ ဘူးနှင့် N 95 Mask ၅၀၀ ခုနှင့် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ မြို့မိမြို့ဖများက လက်ခံရယူခဲ့ကြသည်။

(ZAWGYI)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ NDAA (မိုင္းလား) အဖြဲ႕ႏွင့္  UWSA (ဝ) အဖြဲ႕တို႔မွ တာဝန္ရွိသူမ်ားအား သီးျခားစီလက္ခံေတြ႕ဆုံ၊ COVID-19  ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးဆိုင္ရာ အေထာက္အကူျပဳပစၥည္းမ်ား ေထာက္ပံ့ေပးအပ္

ေနျပည္ေတာ္၊ ေမ – ၁၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ NDAA (မိုင္းလား) အဖြဲ႕ႏွင့္ UWSA (ဝ)အဖြဲ႕တို႔မွ တာဝန္ရွိသူမ်ားအား ယေန႔ေန႔လည္ပိုင္းတြင္ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ ေ႐ႊႀတိဂံရိပ္သာ ဧည့္ခန္းမ ေဆာင္၌ သီးျခားစီ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲမ်ားသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ႀတိဂံေဒသတိုင္းစစ္ ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ခင္လႈိင္တို႔ တက္ေရာက္ၾကၿပီး NDAA(မိုင္းလား)အဖြဲ႕မွ ဥကၠ႒ ဦးစိုင္းလင္းႏွင့္ အဖြဲ႕ဝင္မ်ား ၊  UWSA (ဝ) အဖြဲ႕မွ ဦးညီကပ္ႏွင့္ အဖြဲ႕ဝင္မ်ား၊ တက္ေရာက္ၾကသည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ကမာၻေပၚတြင္ COVID-19 ေရာဂါျဖစ္ပြားသူေပါင္း ၄ သန္းေက်ာ္ရွိၿပီျဖစ္ၿပီး မိမိတို႔ႏိုင္ငံတြင္ ျဖစ္ပြားသူ ေပါင္း ၁၇၈ ဦးရွိၿပီျဖစ္ေၾကာင္း၊ အဆိုပါ ေရာဂါသည္ မျမင္ရ၊ မၾကားရ၊ အနံ႔ခံ မရႏိုင္ေသာေၾကာင့္ လူတိုင္းကိုယ္စီအသိစိတ္ျဖင့္ သတိထားေနထိုင္ၾကရမည္ျဖစ္ေၾကာင္း၊ မိုင္းလားေဒသတြင္ ဆရာဝန္လိုအပ္ခ်က္ရွိသည္ဟုၾကားသိရေၾကာင္း၊ အရပ္ဘက္ဆရာဝန္မ်ား လုံေလာက္မႈ မရွိပါက တပ္မေတာ္ေဆးအဖြဲ႕မ်ား ေစလႊတ္ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း၊ က်န္းမာေရးဝန္ႀကီးဌာနက ခ်မွတ္ ထားသည့္ ကန႔္သတ္ခ်က္မ်ားကို လိုက္နာေဆာင္႐ြက္ရမည္ျဖစ္ၿပီး ကိုယ္ခံအားေကာင္းမြန္မႈမရွိပါက ေရာဂါကူး စက္ႏိုင္ေျခပိုမိုမ်ားျပားေသာေၾကာင့္ ကိုယ္ခံအားေကာင္းမြန္ေရး အာဟာရျပည့္ဝေအာင္ စားေသာက္ ရမည္ျဖစ္ ေၾကာင္း၊ ေရာဂါထိန္းခ်ဳပ္ႏိုင္မႈမရွိေသးသျဖင့္ ေဒသတြင္းအေျခခံထြက္ကုန္မ်ားထြက္ရွိေအာင္ အစုအဖြဲ႕ျဖင့္ ေဆာင္႐ြက္ရျခင္းမဟုတ္သည့္ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားကို တတ္ႏိုင္သေ႐ြ႕လုပ္ေဆာင္ၾကရမည္ျဖစ္ ေၾကာင္း။

ပုံမွန္အားျဖင့္ ဇြန္လတြင္ စာသင္ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ရမည္ျဖစ္ရာ အကယ္၍ ေရာဂါျဖစ္ပြားမႈ အေျခအေနအရ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ရန္ အခက္အခဲရွိမည္ဆိုပါက ေဒသတြင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား သတ္မွတ္အကြာအေဝးျဖင့္ ဆရာ၊ ဆရာမ တစ္ဦးလ်င္ ၁၀ ဦးႏႈန္း လိုအပ္သည္မ်ား သင္ၾကား ေပးေစလိုေၾကာင္း၊ ျမန္မာစာ၊ ျမန္မာစကားႏွင့္ ဗုဒၶဘာသာယဥ္ေက်းမႈသင္တန္းမ်ားကို သင္ၾကားေပး ႏိုင္ေၾကာင္း၊ နယ္စပ္ေဒသမ်ားမွ ျပန္လည္ဝင္ေရာက္လာၿပီး Qurantine  ျပဳလုပ္ထားရွိသူမ်ား၏ အခ်က္အလက္ မ်ားကိုမွတ္တမ္းထားရွိရန္လိုၿပီး အခ်က္အလက္မ်ား မွန္ကန္မႈရွိေစေရး စစ္ေဆးေဆာင္႐ြက္ၾကရ မည္ျဖစ္ေၾကာင္း၊ ေဆးအကာအကြယ္ေပးျခင္းလုပ္ငန္းမ်ားအတြက္ တပ္မေတာ္ေဆးအဖြဲ႕မ်ားေစလႊတ္ ေဆာင္ ႐ြက္ေပးမည္ျဖစ္ေၾကာင္း၊ သြားလာမႈစည္းကမ္းမ်ားကို စနစ္တက်လိုက္နာၾကရန္ လိုအပ္ေၾကာင္း၊ အကယ္၍ ေဆးစစ္ေဆးမႈမ်ားျပဳလုပ္ရန္လိုအပ္ပါက က်ိဳင္းတုံတြင္လာေရာက္စစ္ေဆးႏိုင္ရန္ တပ္မေတာ္မွ ေဆာင္႐ြက္ေပး ထားေၾကာင္းႏွင့္ မိမိတိုင္းျပည္ကို အားကိုးစိတ္ ေမြးရန္လိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ NDAA (မိုင္းလား) အဖြဲ႕ႏွင့္  UWSA (ဝ) အဖြဲ႕တို႔မွ မိမိတို႔ေဒသမ်ား၌ COVID-19   ေရာဂါျဖစ္ပြားသူ မရွိေသးေၾကာင္းႏွင့္ ျဖစ္ေပၚလာပါက အသုံးျပဳႏိုင္ရန္ ေဆး႐ုံ၊ ေဆးခန္းမ်ားကို အသင့္ျပင္ဆင္ထားရွိပါေၾကာင္း၊ စစ္ေဆးေရးအဖြဲ႕မ်ား ဖြဲ႕စည္း၍လည္း စစ္ေဆးေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ နယ္စပ္ဝင္ေပါက္မ်ားကို ဇန္နဝါရီလ ကတည္းက ပိတ္၍သြားေရာက္ျခင္းမ်ားကို စစ္ေဆးေဆာင္႐ြက္လ်က္ရွိပါေၾကာင္းျဖင့္ ေျပာၾကား သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကNDAA  (မိုင္းလား) အဖြဲ႕ႏွင့္  UWSA (ဝ) အဖြဲ႕တို႔အတြက္ တစ္ဖြဲ႕လ်င္ Personal Protective Equipment (PPE) ဝတ္စုံ ၅၀၀ စုံ၊  Surgical Masks  ၁၀၀၀၀ ခု၊ Goggles ၁၀၀ ခု၊ Surgical Gloves ၁၀၀၀ ခု၊ Bleaching Powder  ၂ ပုံး၊ Non-Contact Thermometer ၅၀ ခု၊ Hand Gel ၂၅၀ ဘူးႏွင့္ N 95 Mask  ၅၀၀ ခုတို႔ႏွင့္ စားေသာက္ဖြယ္ရာမ်ားအား အသီးသီးေထာက္ပံ့ေပးအပ္ရာ NDAA (မိုင္းလား) အဖြဲ႕ႏွင့္  UWSA  (ဝ) အဖြဲ႕တို႔က လက္ခံရယူခဲ့ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ညေနပိုင္းတြင္ က်ိဳင္းတုံၿမိဳ႕ရွိ ရပ္မိရပ္ဖ မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား  Amazing Keng Tong Hotel   ၌သြားေရာက္ေတြ႕ဆုံသည္။

ထိုသို႔ေတြ႕ဆုံရာတြင္  လက္ရွိတြင္ ကမာၻ႔ႏိုင္ငံမ်ားႏွင့္ ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားလ်က္ရွိသည့္ COVID-19 ေရာဂါ သည္ ျမန္မာႏိုင္ငံတြင္ မတ္လ ၂၃ ရက္မွ စတင္ျဖစ္ပြားခဲ့ေၾကာင္း၊ ယခုအခ်ိန္အထိ ထိန္းခ်ဳပ္ႏိုင္သည့္ ေဆးဝါးေပၚထြက္လာျခင္းမရွိေသးဘဲ စမ္းသပ္ေနၾကဆဲပင္ျဖစ္သည့္အတြက္ စည္းကမ္းတက်ေနထိုင္ျခင္း သည္သာလ်င္ အေကာင္းဆုံးျဖစ္ေၾကာင္း၊ ဤေဒသသည္ သြားလာမႈခက္ခဲသည့္ေဒသျဖစ္သျဖင့္ အေရးေပၚအေျခ အေနျဖစ္ေပၚလာပါက စိုးရိမ္ဖြယ္ရာျဖစ္ေၾကာင္း၊ တပ္မေတာ္မွလည္း COVID-19  ေရာဂါကာကြယ္ထိန္းခ်ဳပ္ ကုသေရး လုပ္ငန္းမ်ားကို လူမ်ိဳးမေ႐ြး ဘာသာမေ႐ြး၊ အင္တိုက္အားတိုက္ေဆာင္႐ြက္ေပးလ်က္ရွိၿပီး အမ်ားႏွင့္ သက္ဆိုင္ေသာေနရာမ်ားတြင္လည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ Stay Home  ကာလျဖစ္သျဖင့္ အားလပ္ခ်ိန္ မ်ားတြင္  Social Media မ်ားျဖင့္သာ အခ်ိန္မကုန္ဆုံးေစဘဲ အသိပညာဗဟုသုတျဖစ္ေစမည့္ စာအုပ္စာေပမ်ားကို ဖတ္ရႈၾကရန္ တိုက္တြန္းလိုေၾကာင္း၊ အိမ္တြင္း၌ ျပဳလုပ္ႏိုင္သည့္ ကိုယ္လက္လႈပ္ရွား အားကစားမ်ား၊ အမ်ားႏွင့္ မဟုတ္ဘဲ တစ္ဦးခ်င္းေဆာင္႐ြက္ႏိုင္သည့္ ေလ့က်င့္ခန္းမ်ားကို ျပဳလုပ္ၾကေစလိုေၾကာင္းႏွင့္ မိမိေဒသ ဖြံ႕ၿဖိဳးတိုးတက္ေစမည့္ လုပ္ငန္းမ်ားကို ေရရွည္ေမွ်ာ္ေတြးလုပ္ေဆာင္ၾကေစလိုေၾကာင္းျဖင့္ ေဆြးေႏြးေျပာ ၾကားသည္။

ယင္းေနာက္ ၿမိဳ႕မိၿမိဳ႕ဖမ်ားက ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ားအား တင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ျပန္လည္ေဆြးေႏြးေျပာၾကားခဲ့ သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရပ္မိရပ္ဖမ်ားႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားအား COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္း အေထာက္အကူျပဳပစၥည္းမ်ား ျဖစ္သည့္ Surgical Masks  ၁၀၀၀၀ ခု၊ Bleaching Powder ၃ ပုံး၊ Non-Contact Thermometer ၅၀ ခု၊ Hand Gel၂၅၀ ဘူးႏွင့္ N 95 Mask ၅၀၀ ခုႏွင့္ စားေသာက္ဖြယ္ရာမ်ား၊ လက္ေဆာင္ပစၥည္းမ်ားအား ေထာက္ပံ့ေပးအပ္ရာ ၿမိဳ႕မိၿမိဳ႕ဖမ်ားက လက္ခံရယူ ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။