COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့စီးပွားရေးထိခိုက်သကဲ့သို့ မိမိတို့တိုင်းပြည်၏ စွမ်းအား၊ ပြည်သူ၏စွမ်းအားနှင့် စွမ်းဆောင်မှုများ၊ စီးပွားရေး၊ လူမှုရေး ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသဖြင့် အစစအရာရာ သတိထား၍ဆောင်ရွက်ကြရမည်ဖြစ်

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့စီးပွားရေးထိခိုက်သကဲ့သို့ မိမိတို့တိုင်းပြည်၏ စွမ်းအား၊ ပြည်သူ၏စွမ်းအားနှင့် စွမ်းဆောင်မှုများ၊ စီးပွားရေး၊ လူမှုရေး ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသဖြင့် အစစအရာရာ သတိထား၍ဆောင်ရွက်ကြရမည်ဖြစ်

နေပြည်တော်၊ မေ – ၂၁

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြား လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး သတ္တမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ ကျင်းပပြုလုပ် သည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့် အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင် ရောဂါပိုးစတင်တွေ့ရှိရသည့် မတ် ၂၃ ရက်နေ့မှစ၍ လက်ရှိအချိန်အထိ COVID-19 ရောဂါကူးစက်ခံရသူ ၁၉၉ ဦး၊ ပြန်လည်ကောင်းမွန်လာသူ ၁၀၈ ဦး၊ သေဆုံးသူ ၆ ဦး ရှိကြောင်း၊ ယနေ့နံနက်အထိ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ၊ ဒေသပေါင်း ၂၁၅ နိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ ၅ သန်း ၇ သောင်းကျော်၊ သေဆုံးသူ ၃ သိန်း ၂ သောင်း ကျော်နှင့် ရောဂါပျောက်ကင်းခဲ့သူ ၂ သန်း ၆ ထောင်ကျော်ဟု သိရှိရကြောင်း၊ နယူးဇီလန် နှင့် ကမ္ဘောဒီးယားနိုင်ငံ စသည့် အချို့နိုင်ငံများတွင် ရောဂါထိန်းချုပ်နိုင်ပြီဖြစ်သည်ဟု ဆိုသော်လည်း ရောဂါ လုံးဝကင်းစင်ပပျောက်ခြင်းမျိုး မဟုတ်သေးကြောင်း၊ မိမိတို့ နိုင်ငံတွင် စစ်ဆေးနိုင်သည့်ပမာဏ နည်းပါးလျက်ရှိနေသေးကြောင်း၊ COVID-19 ရောဂါနှင့် ပတ်သက်၍ လုံး၀ မလျှော့ကြရန်လိုကြောင်း။

ရောဂါဖြစ်ပွားမှုကြောင့် ရောဂါဖြစ်ပွားသူများ၊ ၎င်းတို့ကို ကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အထောက်အကူပေးနေသူများ၊ မိသားစုဝင်များအားလုံး၏ လုပ်အား၊ စွမ်းအား၊ စွမ်းဆောင်နိုင်မှုများလျော့ကျသွားသဖြင့် တိုင်းပြည်စွမ်းအား၊ ကုန်ထုတ်လုပ်မှု၊ စီးပွားရေး၊ လူမှုရေး၊ တစ်ဦးချင်းဝင်ငွေများကို ထိခိုက်စေကြောင်း၊ အချို့နိုင်ငံများတွင် ဖြေလျော့မှုများပြုလုပ်ရာ၌ တစ်ကျော့ပြန် ရောဂါပိုးကူးစက်မှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အစစအရာရာ သတိထား၍ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်သင့်လုပ်ထိုက်သည်များအားလုံးကို လုပ်ဆောင်ပေး လျက်ရှိကြောင်း၊ ပြည်သူများအတွက်သာမက UWSA (ဝ)အဖွဲ့နှင့် KIO/KIA စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း မြန်မာနိုင်ငံအတွင်းနေထိုင်သည့် တိုင်းရင်းသားများပင်ဖြစ်သည့်အတွက် COVID-19 ရောဂါဆိုင်ရာကာကွယ်ရေးလုပ်ငန်း များကို ချန်လှပ်မထားဘဲ လုပ်ဆောင်ပေးနေကြောင်း၊ ရခိုင်ဒေသတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူလူထုကို ထိခိုက်စေမည့် အကြပ်အတည်းများအား ကာကွယ်ပေးရမည်၊ ကူညီဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် စစ်သည်တော်ကျင့်ဝတ်ပါအတိုင်း ပြည်သူအပေါ် ရေလိုလလိုကျင့်သုံးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့အရေး၊ အမျိုးသားအရေးဖြစ်ပြီး ပြည်သူနှင့် တိုင်းပြည်၏ စွမ်းအားများ မထိခိုက်စေရန် ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်၍ လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ရှင်းလင်းတင်ပြကြရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီများ၏ ဆောင်ရွက်နေမှုအခြေအနေများ၊ ကမ္ဘာ့နိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု အခြေ အနေများ၊ တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများတွင် မေ ၂၀ ရက်အထိ Rapid Test Kit ဖြင့် ၃၀၂၇ ဦး၊ PCR နည်းဖြင့် ၃၆၄ ဦး၊ Cobas 6800 နည်းဖြင့် ၇၅၄ ဦးစစ်ဆေးပေးနိုင်ခဲ့သည့် အခြေအနေများ၊ တပ်မတော်သား ၁ ဦး၌ ရောဂါပိုးတွေ့ရှိခဲ့ပြီး လိုအပ်သော ကုသမှုများပြုလုပ်ပေးခဲ့ရာ ထပ်မံစစ်ဆေးမှုများအရ Negative ဖြစ်ပြီး ပျောက်ကင်း သွားသဖြင့် သတ်မှတ်ကာလအထိ စောင့်ကြည့်သွားမည့်အခြေအနေများ၊ Cobas 6800 စက်များ၊ PCR စက်များဖြင့် ရောဂါရှာဖွေရေးအတွက်လိုအပ်သည့် Reagent များ မှာယူရောက်ရှိသုံးစွဲလျက်ရှိသည့် အခြေအနေများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝန်းအတွင်းရှိ အရာရှိ၊ စစ်သည်များနှင့် မှီခိုသူမိသားစုဝင်များအား ကျန်းမာရေးစစ်ဆေးမှု များဆောင်ရွက်ခဲ့ပြီး COVID-19 ရောဂါပိုးမတွေ့ရှိရသည့် အခြေအနေများ၊ တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် ရောဂါပိုးတွေ့ရှိမှုများသည့် နေရာဒေသများကို ဦးစားပေးကာ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ဆက်လက် စစ်ဆေးဆောင်ရွက်သွားမည့် အခြေအနေများ။

ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရောဂါကုသဆေးရုံသို့ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဖွဲ့စည်းစေလွှတ်ပေးသည့် အဖွဲ့ (၁) တာဝန်ထမ်းဆောင်မှု ကာလ ပြည့်မြောက်ပြီး နောက်ထပ်အဖွဲ့ (၂) သွားရောက်လဲလှယ်တာဝန်ထမ်းဆောင်လျက် ရှိသည့်အခြေအနေများ၊ တာချီလိတ်၊ တီးတိန် တို့တွင် သွားရောက်ပူးပေါင်းကူညီပြီး ပြန်လည်ရောက်ရှိလာသည့် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များကို Home Stay ထားရှိသည့်အခြေအနေများနှင့် စစ်ကိုင်းသီတဂူဗုဒ္ဓတက္ကသိုလ်တွင် ဒုတိယအသုတ် ရောက်ရှိလာသည့် သံဃာတော်များနှင့် သီလရှင်များအတွက် ဆေးတပ်ဖွဲ့ဝင်များ သွားရောက် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ပါရဂူများ ပါဝင်သော ဆေးအဖွဲ့များစေလွှတ်ဆောင်ရွက်ပေးနေမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံဝန်ထမ်းများ၊ ဒေသခံပြည်သူလူထုများအား လူထုအခြေပြု ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများ။

မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိမှု နဝမမြောက်သီတင်းပတ် ၅၉ ရက်တာကာလသို့ ရောက်ရှိချိန်၌ ကယားပြည်နယ်မှလွဲ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ် ၅၄ မြို့နယ်တွင် ရောဂါပိုးတွေ့ရှိရမှုအခြေအနေများ၊ အမေရိကန်နိုင်ငံအနေဖြင့် ရောဂါ ကူးစက်ခံရသူ ၁၅ သိန်းကျော်၊ သေဆုံးသူ ၉ သောင်းကျော်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ရောဂါ ဖြစ်ပွားမှုအများဆုံးဖြစ်သည့်အခြေအနေများ၊ ရောဂါကူးစက်မှုအား ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့သည့် နိုင်ငံများအဖြစ် နယူးဇီလန်နိုင်ငံသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီး ကူးစက်ခံရသူ ၁၅၀၃ ဦး၊ သေဆုံးသူ ၂၁ ဦး၊ ရောဂါပျောက် ကင်းသူ ၁၄၄၇ ဦး၊ ယခု ၁၂ ပတ်မြောက်ကာလတွင် ရောဂါပိုးတွေ့ရှိသူ ၆ ဦးသာရှိသည့် အခြေအနေများ၊ ဝူဟန်တွင် ရောဂါပိုးတွေ့ရှိကြောင်း စတင်သိရှိရသည့်အချိန်မှစ၍ တရုတ်နိုင်ငံမှ ခရီးသွားများ ဝင်ရောက်ခွင့်ပိတ်ခြင်း၊ ရောဂါပိုးတွေ့ရှိပြီး ၃ ပတ်အကြာတွင် နယ်စပ်အားလုံးနှင့် ဆိပ်ကမ်း အားလုံးပိတ်ခြင်း၊ နိုင်ငံသို့ ဝင်ရောက်လာသူ အားလုံးကို Qurantine သတ်မှတ်စောင့်ကြည့်ခြင်း၊ နိုင်ငံအဆင့် အရေးပေါ်အခြေအနေ ကြေညာပြီး အသွားအလာကန့်သတ်ပိတ်ပင်ခြင်း၊ နေအိမ်များတွင် သာ နေထိုင်စေခြင်း၊ ထုတ်ပြန်ထားသည့်အမိန့်အတိုင်း တိကျစွာ လိုက်နာစေရန် ပြစ်ဒဏ်များသတ်မှတ် ဆောင်ရွက်ခြင်းတို့ကြောင့် ရောဂါပိုးကူးစက်မှုအား ထိန်းချုပ်နိုင်ခဲ့သည့် အခြေအနေများ။

အလားတူ သြစတြေးလျနိုင်ငံသည်လည်း ဇန်နဝါရီ ၂၅ ရက်နေ့တွင် ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီး ကူးစက်ခံရသူ ၇၀၆၉ ဦး၊ သေဆုံးသူ ၁၀၀ ဦး၊ ရောဂါပျောက်ကင်းသူ ၆၄၁၃ ဦး ယခု ၁၇ ပတ် မြောက်ကာလတွင် ကူးစက်ခံရသူ ၇၇ ဦးအထိ လျော့ကျခဲ့သည့် အခြေအနေများ၊ တစ်နိုင်ငံလုံး သွားလာမှုကန့်သတ်ချက်များအား ၃ လနီးပါးကြာ တင်းကြပ်စွာချမှတ်ခဲ့ပြီး တိကျစွာလိုက်နာ ဆောင်ရွက်စေခဲ့ခြင်းကြောင့် ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် သတ်မှတ်ထားသည့် Lockdown အစီအမံများအား အဆင့်လိုက် ဖြေလျှော့ပေးခဲ့သည့်အခြေအနေများ။

ကမ္ဘာ့နိုင်ငံအချို့တွင် ရောဂါကူးစက်မှု လျော့ကျလာသည့်အတွက် ကန့်သတ်ပိတ်ပင်ထားသည့် အစီအမံများကို ဆောလျင်စွာဖြေလျှော့ခဲ့သောကြောင့် ရောဂါကူးစက်မှုများပြန်လည်မြင့်တက်လာပြီး အချို့သောနေရာများတွင် ကန့်သတ် ပိတ်ပင်မှုများ ပြန်လည်ပြုလုပ်ခဲ့ရသည့်အခြေအနေများ၊ ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံတို့အနေဖြင့် ပြည်တွင်းကူးစက်မှုထိန်းချုပ်နိုင်ပြီ ဖြစ်သဖြင့် စာသင်ကျောင်း များအားပြန်လည်ဖွင့်လှစ်ခဲ့သည့် အခြေအနေများနှင့် ပြင်သစ်နိုင်ငံတွင် ကူးစက်မှု လျော့နည်းသွားသည့် နယ်မြေအချို့မှ စာသင်ကျောင်းများအား မေလ ၁၁ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း ဖွင့်ပြီးတစ်ပတ်အကြာတွင် စာသင်ကျောင်းများနှင့် ဆက်စပ်၍ ရောဂါကူးစက်သူ ၇၀ ဦးခန့်အား စစ်ဆေးတွေ့ရှိ့ရသည့်အတွက် စာသင်ကျောင်းများကို ပြန်လည်ပိတ်ပင်ခဲ့ရသည့် အခြေအနေများ။

မြန်မာနိုင်ငံတွင် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် သက်ဆိုင်ရာနယ်မြေအလိုက် အမိန့်၊ ညွှန်ကြား ချက်များ ထုတ်ပြန်ထားသော်လည်း ယခုအခါ ပြည်သူလူထုအနေဖြင့် လိုက်ပါဆောင်ရွက်မှု အားနည်း လာသည့် အခြေအနေများ၊ ရောဂါပိုးတွေ့ရှိသူများတွင် ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများမှ တစ်ဆင့် ရောဂါပိုးကူးစက်မှုများတွေ့ရှိမှုများ၊ ပြည်တွင်းမှ ခရီးသွားရာဇဝင်မရှိ၊ ရောဂါပိုးရှိသူများနှင့် ထိတွေ့မှုမရှိသည့် Silent Carrier များမှတစ်ဆင့် ကူးစက်မှုများတွေ့ရှိရသည့်အခြေအနေများ၊ မကြာခင် မိုးရာသီရောက်ရှိ မည်ဖြစ်ပြီး အဖြစ်များသည့် ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာ များသည် COVID-19 ရောဂါလက္ခဏာများနှင့် ဆင်တူယိုးမှား ဖြစ်နိုင်သဖြင့် သတိပြုရမည့် အခြေ အနေများ။

စစ်မှုထမ်းဟောင်းများနှင့် တပ်မတော်တွင် အသက်စွန့်လွှတ်ခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုများနှင့် ရဲမှုထမ်းဟောင်းများအတွက် ရိက္ခာထောက်ပံ့ပေးလျက်ရှိ သည့် အခြေအနေများ၊ တပ်မတော်သားများ၊ အရပ်သားအစားခန့်ဝန်ထမ်းများ၏ လုပ်ခလစာငွေများမှ လှူဒါန်းရရှိမှုအနေဖြင့် ဧပြီလတွင် ငွေကျပ် ၂ ဒသမ ၃၁၆ ဘီလီယံကျော်နှင့် မေလတွင် ငွေကျပ် ၂ ဒသမ ၁၅၉ ဘီလီယံကျော်ရရှိခဲ့သည့် အခြေအနေများ၊ လှူဒါန်းရရှိငွေများမှ တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် လိုအပ်မည့် ဆေးရုံသုံးပစ္စည်းများအား ဦးစားပေးအဆင့်သတ်မှတ်၍ ဧပြီလအတွက် လှူဒါန်းရရှိငွေ များမှ ၃ ကြိမ်လှူဒါန်းခဲ့ပြီး မေလအတွက် တစ်ရက်စာအလှူငွေမှ ဆေးရုံသုံးပစ္စည်းများကို ်ပြည်သူ့ဆေးရုံများသို့ ပထမအကြိမ်အဖြစ် အထူးကုဆေးရုံကြီး ၃၀ ရုံ၊ အထွေထွေ ရောဂါကုဆေးရုံကြီး ၂၄ ရုံ၊ ခရိုင်ဆေးရုံ ၃၂ ရုံ၊ မြို့နယ်ဆေးရုံ ၂၃၃ ရုံ၊ တိုက်နယ်ဆေး ရုံ ၃၉၂ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၅၀၀ တို့ကို ထပ်မံလှူဒါန်းသွားမည့် အခြေအနေများ၊ ၄ ကြိမ်ပေါင်းလှူဒါန်းမှုအနေဖြင့် တစ်နိုင်ငံလုံးရှိ ဆေးရုံပေါင်း ၁၁၆၈ ရုံအနက် ၁၀၆၀ ရုံလှူဒါန်းပြီးဖြစ်၍ ဆေးရုံအားလုံး၏ ၉၉ ရာခိုင်နှုန်း၊ ကျေးလက် ကျန်းမာရေးဌာန ၁၉၄၉ ဌာနအနက် လှူဒါန်းပြီး ၁၀၈၈ ဌာနဖြစ်သည့်အတွက် ကျေးလက် ကျန်းမာရေးဌာနအားလုံး၏ ၅၆ ရာခိုင်နှုန်းအား လှူဒါန်းပြီး ဖြစ်သည့် အခြေအနေများနှင့် ဆက်လက်ဝယ်ယူလှူဒါန်းသွားမည့် အခြေအနေများ။

ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပေးမှုအနေဖြင့် Mask ၁၅ သိန်း၊ ခွဲစိတ်ခန်းသုံး Face Shield တစ်သိန်း၊ ခွဲစိတ်ခန်းသုံး OT Cap တစ်သိန်း၊ Oxygen အိုး ၂၁၉ လုံး၊ N 95 Mask ၃ သောင်း၊ PPE ဝတ်စုံ ၄ သောင်း၊ အရည်စုပ်စက် (Suction machine) ၁၄၀၊ ပိုးသတ်ဆေးရည် ၉၅၀၅ လီတာ၊ Non- Touch သာမိုမီတာ ၂၅၂၀၊ Examination Glove ၁၅၃၀၀၀၊ Surgical Glove ၁၆၄၀၂၀ ၊ Hand Gel ၇၀၀၀၀ ဘူး၊ Goggle မျက်မှန် ၂၀၀၀၀၊Bleaching Powder ၁၈၁၄၅ ပုံး၊ နှလုံးနှင့် အောက်ဆီဂျင်တိုင်းစက် (Pulse Oxymeter)၁၆၈ လုံး၊ Portable X-Ray စက် ၁၄ လုံး၊ ECG စက် ၁၄ လုံး အပါအဝင် ဆေးရုံသုံးပစ္စည်း ၃၂ မျိုး ဝယ်ယူလှူဒါန်းပေးခဲ့သည့် အခြေအနေများ။

လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး ဝေးလံခေါင်းပါးသောဒေသများသို့ ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများအား တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးအလိုက် လှူဒါန်းဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာပေါင်း ၈၂၄၁ ခုတို့တွင် ဆောင်ရွက်ပေးနိုင်ခဲ့သည့် အခြေအနေများ၊ အရပ်ဘက်ပြည်သူ့ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေသည့် လူနာများအတွက် ဖြည့်စွက်အာဟာရများ ကျွေးမွေးဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံပေါင်း ၄၁၂ ရုံတွင် ငွေကျပ်သိန်း ၈၂၀ ကျော် တန်ဖိုးရှိ အာဟာရဖြည့် အစားအစာများ ကျွေးမွေးနိုင်ခဲ့သည့် အခြေအနေများ၊ တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဆေးအကာအကွယ်ပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိသည့် အခြေအနေများနှင့် တပ်မတော်ရေယာဉ်များကို ဆေးရုံအဖြစ်အသုံးပြုနိုင်ရေး အသင့်ပြင်ဆင်ထားရှိသည့် အခြေအနေများ။

မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့ စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိ တက်တို့ရှိ စက်ရုံ၊ အလုပ်ရုံများ တွင် သတ်မှတ်ချက်များနှင့် အညီလုပ်ငန်းလည်ပတ်နေမှု အခြေအနေများနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုဆေးဖျန်းဝတ်စုံနှင့် လက်သန့် ဆေးရည်များ ထုတ်လုပ်နေမှု အခြေ အနေများ၊ PPE ဝတ်စုံများအား သတ်မှတ်ထားသည့် Bio Safety Level အတိုင်း ပိုးသတ်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား တင်ပြဆွေးနွေး ကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက် ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် ကျောင်းများ ပြန်လည် ဖွင့်လှစ်ခြင်းမပြုနိုင်မီ တပ်တွင်းရှိ မှီခို ကျောင်းသူ၊ ကျောင်းသား များအား သင်ကြားခဲ့သည့် အတန်းအလိုက် သင်ခန်းစာများကို ပြန်လည်ဖတ်ရှုလေ့လာကြရန် စီစဉ်ပေးရမည်ဖြစ်ကြောင်း၊ တစ်ရက် လျှင် ၂ နာရီခန့် ၁၀ ယောက်စုနှုန်းဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးနိုင်ကြောင်း၊ လောကနီတိ အခြေခံဖြစ်သော ၃၈ ဖြာ မင်္ဂလာကဲ့သို့ ယဉ်ကျေးလိမ္မာသင်ခန်းစာများအား သင်ကြားပေးခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချရန်လိုကြောင်း။

ယခုအခါတွင် မုတ်သုံမိုးစတင်ဝင်ရောက်နေပြီဖြစ်ပြီး နေသွားလမ်းကြောင်း မှာလည်း မြန်မာနိုင်ငံ အပေါ်တွင် ကျရောက်နေသဖြင့် မိုးရွာခြင်းနှင့် နေပူခြင်းများ ဖြစ်ပေါ်ကာ တုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ COVID-19 ရောဂါပိုးများဖြစ်ပွား ရန် ဖြစ်နိုင်ခြေများလာနိုင်သောကြောင့် ပိုမိုဂရုစိုက်ကြရန် လိုအပ်ကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်ပြီး ကိုယ်ခံအားကောင်းမွန်မှသာ ရောဂါဖြစ်ပွားမှုခံနိုင်ရည်ရှိ မည်ဖြစ်သောကြောင့် သင်တန်းသားများ၊ အရာရှိ၊ စစ်သည် မိသားစုများအားလုံး အာဟာရ ပြည့်ပြည့်၀၀ စားသောက်ကြရန်၊ ကျန်းမာကြံ့ခိုင်နေထိုင်ကြရန်လိုအပ်ကြောင်း။

COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်ရန်အတွက် ရောဂါပိုးတွေ့ရှိမှု အများဆုံးမြို့နယ်များရှိ တပ်ရင်း၊ တပ်ဖွဲ့များကို ဦးစားပေးအလိုက် စနစ်တကျ စိစစ်၍ စစ်ဆေးပေးရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကျွမ်းကျင်မှုရှိရန်လိုအပ်သဖြင့် လုပ်ငန်းခွင်နှင့် သင်တန်းများတွင် ဆွေးနွေးမှုများ၊ လေ့ကျင့်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော် ဆေးရုံတိုင်း သန့်ရှင်းရေးကအစ သတ်မှတ်စံချိန်စံညွန်းများအတိုင်း အဆင့်မီရန် အမှုထမ်းများ အားလုံးကျွမ်းကျင်မှုရှိရေး ထိထိရောက်ရောက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

COVID-19 ရောဂါနှင့် ပတ်သက်၍အကောင်းဆုံးနည်းလမ်းမှာ ကြိုတင်ကာကွယ်မှု Prevention လုပ်ငန်းများဖြစ်သော တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ Mask နှင့် မျက်စိအကာအကွယ် မျက်မှန်များတပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ သန့်ရှင်း ခြောက်သွေ့မှုရှိခြင်း၊ သွားလာမှုဆင်ခြင်ခြင်း၊ မဖြစ်မနေအရေးကြီးမှသာ အချိန်အနည်းဆုံးနှင့် လူအနည်းဆုံး သွားလာမှုမျိုး ပြုလုပ်ကြရန် လိုကြောင်း၊ နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံတို့သည် အပင်ပန်းခံ၍ စည်းကမ်းတင်းကြပ်စွာ ဆောင်ရွက်ခြင်း၏အကျိုးကို ခံစားရခြင်းဖြစ်ကြောင်း၊ ပြည်ပတွင်အခက်အခဲရှိ၍ ပြန်ဝင်လာကြ သူများမှာ မိမိတို့ နိုင်ငံသားများပင်ဖြစ်၍ ငြင်းပယ်၍ မရကြောင်း၊ ပြန်လည်ဝင်ရောက်ရာတွင် COVID-19 ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အကောင်းဆုံးဖြစ်အောင် နည်းလမ်းများ ရှာဖွေလုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် တပ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးများအား မှန်မှန်ကန်ကန်နှင့် ဖိဖိစီးစီး ဆောင်ရွက်ခဲ့သောကြောင့် တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် စားရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီး ပိုလျှံသည်များကို ပြင်ပသို့ပံ့ပိုးကူညီပေးနိုင်လျက် ရှိကြောင်း၊ ကြိုတင်ပြင်ဆင်မှု ကောင်းမွန်ခြင်း၏ သက်သေရလဒ်ပင်ဖြစ်ကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်၍ ပိုလျှံမှုရှိပါက ပြင်ပသို့သက်သာသည့်နှုန်းထားဖြင့် ရောင်းချ ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူကိုကာကွယ်စောင့်ရှောက်ရာတွင် လူအုပ်စုတစ်ခုအတွက်မဟုတ်ဘဲ အမှန်တစ်ကယ် အခက်အခဲဖြစ်နေသည့် နေရာဒေသများနှင့် တိုင်းပြည်အတွက် အကျိုးရှိမည်ဆိုပါက အမြန်ဆုံးကူညီဖြေရှင်းပေးရန်၊ လုပ်နိုင်တာမှန်သမျှလုပ်ပေးရန်လိုကြောင်း၊ သို့သော် ရေရှည်အတွက် လည်း စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်၊ အင်းလေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ နောင်တရား၊ ပင်လောင်း၊ တီကျစ်နယ်မြေများရှိ အာလူး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်စသည့် ရာသီသီးနှံများအား မတ်လကုန်မှစ၍ ခူးဆွတ်ရောင်းချနိုင်သည့် အခြေအနေဖြစ်သော်လည်း COVID-19 ရောဂါ ဖြစ်ပွားမှု ကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်ဆိုင်းပြီး ရောင်းချရခြင်းမရှိဘဲ ဒေသခံများ အခက်အခဲဖြစ် ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ဒေသခံတောင်သူများ နစ်နာဆုံးရှုံးမှုမရှိစေရန် ၎င်းတို့၏အကျိုး ကိုရှေးရှု၍ စိုက်ခင်းများအရောက် တောင်သူများရောင်းချနိုင်သည့် ဈေးနှုန်းအတိုင်း ဝယ်ယူရေး ဆောင်ရွက်ခဲ့ပြီး တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များနှင့် ရာသီသီးနှံရှားပါးနေ သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နယ်မြေဒေသများရှိ ပြည်သူလူထုထံသို့ ဖြန့်ဝေရောင်းချပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ရောင်းချရန်အခက်အခဲ ဖြစ်ပေါ် လျက်ရှိသည့် ဒေသများမှ ရာသီသီးနှံများကို ဒေသခံများ၏ အကျိုးကိုရှေးရှု၍ ဝယ်ယူ ရောင်းချနိုင်ရေးဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

တစ်ကမ္ဘာလုံးတွင် စီးပွားရေးထိခိုက်ပြီး အလုပ်လက်မဲ့ပြဿနာများ၊ အခက်အခဲ အကြပ် အတည်းများဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အခြေအနေပေါ်မူတည်၍ တတ်နိုင်သည့် ကုန်ထုတ်လုပ်မှုများ၊ အမှန်တစ်ကယ်လိုအပ်သူများကို ထောက်ပံ့ရေးများ ဆောင်ရွက်ပေးနိုင်ရန် လိုကြောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ အတွက် ဆွမ်းဆန်နှင့် ဆွမ်းဟင်းများ စီမံလှူဒါန်းကြရန်လိုကြောင်း၊ အမှန်တစ်ကယ် လိုအပ်နေသောအလွှာများရှိကြောင်း၊ သတင်း မှန်များရအောင်ယူ၍ လုပ်ဆောင်ပေးနိုင်သမျှကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

(Zawgyi Version)

COVID-19 ေရာဂါျဖစ္ပြားမႈေၾကာင့္ ကမာၻ႔စီးပြားေရးထိခိုက္သကဲ့သို႔ မိမိတို႔တိုင္းျပည္၏ စြမ္းအား၊ ျပည္သူ၏စြမ္းအားႏွင့္ စြမ္းေဆာင္မႈမ်ား၊ စီးပြားေရး၊ လူမႈေရး ထိခိုက္ဆုံးရႈံးမႈမ်ား ျဖစ္ေပၚေစသျဖင့္ အစစအရာရာ သတိထား၍ေဆာင္႐ြက္ၾကရမည္ျဖစ္

ေနျပည္ေတာ္၊ ေမ – ၂၁

ကမာၻ႔ကပ္ေရာဂါ COVID-19 ကာကြယ္ေရး၊ ထိန္းခ်ဳပ္ေရး၊ ကုသေရးႏွင့္ အျခား လိုအပ္ခ်က္မ်ား ေဆာင္႐ြက္ေပးႏိုင္ေရး သတၱမအႀကိမ္ညႇိႏႈိင္းအစည္းအေဝးကို ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) အစည္းအေဝးခန္းမ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးစီး၍ က်င္းပျပဳလုပ္ သည္။

အဆိုပါ အစည္းအေဝးသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဖြင့္ အမွာစကားေျပာၾကားရာ၌ ျမန္မာႏိုင္ငံတြင္ ေရာဂါပိုးစတင္ေတြ႕ရွိရသည့္ မတ္ ၂၃ ရက္ေန႔မွစ၍ လက္ရွိအခ်ိန္အထိ COVID-19 ေရာဂါကူးစက္ခံရသူ ၁၉၉ ဦး၊ ျပန္လည္ေကာင္းမြန္လာသူ ၁၀၈ ဦး၊ ေသဆုံးသူ ၆ ဦး ရွိေၾကာင္း၊ ယေန႔နံနက္အထိ ကမာၻတစ္ဝန္းရွိ ႏိုင္ငံ၊ ေဒသေပါင္း ၂၁၅ ႏိုင္ငံတြင္ ေရာဂါပိုးေတြ႕ရွိသူ ၅ သန္း ၇ ေသာင္းေက်ာ္၊ ေသဆုံးသူ ၃ သိန္း ၂ ေသာင္း ေက်ာ္ႏွင့္ ေရာဂါေပ်ာက္ကင္းခဲ့သူ ၂ သန္း ၆ ေထာင္ေက်ာ္ဟု သိရွိရေၾကာင္း၊ နယူးဇီလန္ ႏွင့္ ကေမာၻဒီးယားႏိုင္ငံ စသည့္ အခ်ိဳ႕ႏိုင္ငံမ်ားတြင္ ေရာဂါထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္သည္ဟု ဆိုေသာ္လည္း ေရာဂါ လုံးဝကင္းစင္ပေပ်ာက္ျခင္းမ်ိဳး မဟုတ္ေသးေၾကာင္း၊ မိမိတို႔ ႏိုင္ငံတြင္ စစ္ေဆးႏိုင္သည့္ပမာဏ နည္းပါးလ်က္ရွိေနေသးေၾကာင္း၊ COVID-19 ေရာဂါႏွင့္ ပတ္သက္၍ လုံး၀ မေလွ်ာ့ၾကရန္လိုေၾကာင္း။

ေရာဂါျဖစ္ပြားမႈေၾကာင့္ ေရာဂါျဖစ္ပြားသူမ်ား၊ ၎တို႔ကို ကုသေပးေနသည့္ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ အေထာက္အကူေပးေနသူမ်ား၊ မိသားစုဝင္မ်ားအားလုံး၏ လုပ္အား၊ စြမ္းအား၊ စြမ္းေဆာင္ႏိုင္မႈမ်ားေလ်ာ့က်သြားသျဖင့္ တိုင္းျပည္စြမ္းအား၊ ကုန္ထုတ္လုပ္မႈ၊ စီးပြားေရး၊ လူမႈေရး၊ တစ္ဦးခ်င္းဝင္ေငြမ်ားကို ထိခိုက္ေစေၾကာင္း၊ အခ်ိဳ႕ႏိုင္ငံမ်ားတြင္ ေျဖေလ်ာ့မႈမ်ားျပဳလုပ္ရာ၌ တစ္ေက်ာ့ျပန္ ေရာဂါပိုးကူးစက္မႈမ်ား ျဖစ္ေပၚေနသည္ကို ေတြ႕ရွိရေၾကာင္း၊ ထို႔ေၾကာင့္ အစစအရာရာ သတိထား၍ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း။

တပ္မေတာ္အေနျဖင့္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးအတြက္ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ လုပ္သင့္လုပ္ထိုက္သည္မ်ားအားလုံးကို လုပ္ေဆာင္ေပး လ်က္ရွိေၾကာင္း၊ ျပည္သူမ်ားအတြက္သာမက UWSA (ဝ)အဖြဲ႕ႏွင့္ KIO/KIA စသည့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားသည္လည္း ျမန္မာႏိုင္ငံအတြင္းေနထိုင္သည့္ တိုင္းရင္းသားမ်ားပင္ျဖစ္သည့္အတြက္ COVID-19 ေရာဂါဆိုင္ရာကာကြယ္ေရးလုပ္ငန္း မ်ားကို ခ်န္လွပ္မထားဘဲ လုပ္ေဆာင္ေပးေနေၾကာင္း၊ ရခိုင္ေဒသတြင္လည္း ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ျပည္သူလူထုကို ထိခိုက္ေစမည့္ အၾကပ္အတည္းမ်ားအား ကာကြယ္ေပးရမည္၊ ကူညီေျဖရွင္းေပးရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ အေနျဖင့္ စစ္သည္ေတာ္က်င့္ဝတ္ပါအတိုင္း ျပည္သူအေပၚ ေရလိုလလိုက်င့္သုံးရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံ့အေရး၊ အမ်ိဳးသားအေရးျဖစ္ၿပီး ျပည္သူႏွင့္ တိုင္းျပည္၏ စြမ္းအားမ်ား မထိခိုက္ေစရန္ ကာကြယ္ေစာင့္ေရွာက္ေပးရမည္ျဖစ္၍ လုပ္စရာရွိသည္မ်ားကို ဆက္လက္လုပ္ေဆာင္ေပးသြားမည္ ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ အစည္းအေဝးတက္ေရာက္လာၾကသူမ်ားက ရွင္းလင္းတင္ျပၾကရာတြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚ တုံ႔ျပန္ေရးေကာ္မတီမ်ား၏ ေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ ကမာၻ႔ႏိုင္ငံမ်ား၊ အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံမ်ား၊ အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ COVID-19 ေရာဂါကူးစက္ျဖစ္ပြားမႈ အေျခ အေနမ်ား၊ တပ္မေတာ္ေဆး႐ုံ၊ ေဆးတပ္ရင္းမ်ားတြင္ ေမ ၂၀ ရက္အထိ Rapid Test Kit ျဖင့္ ၃၀၂၇ ဦး၊ PCR နည္းျဖင့္ ၃၆၄ ဦး၊ Cobas 6800 နည္းျဖင့္ ၇၅၄ ဦးစစ္ေဆးေပးႏိုင္ခဲ့သည့္ အေျခအေနမ်ား၊ တပ္မေတာ္သား ၁ ဦး၌ ေရာဂါပိုးေတြ႕ရွိခဲ့ၿပီး လိုအပ္ေသာ ကုသမႈမ်ားျပဳလုပ္ေပးခဲ့ရာ ထပ္မံစစ္ေဆးမႈမ်ားအရ Negative ျဖစ္ၿပီး ေပ်ာက္ကင္း သြားသျဖင့္ သတ္မွတ္ကာလအထိ ေစာင့္ၾကည့္သြားမည့္အေျခအေနမ်ား၊ Cobas 6800 စက္မ်ား၊ PCR စက္မ်ားျဖင့္ ေရာဂါရွာေဖြေရးအတြက္လိုအပ္သည့္ Reagent မ်ား မွာယူေရာက္ရွိသုံးစြဲလ်က္ရွိသည့္ အေျခအေနမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ဝန္းအတြင္းရွိ အရာရွိ၊ စစ္သည္မ်ားႏွင့္ မွီခိုသူမိသားစုဝင္မ်ားအား က်န္းမာေရးစစ္ေဆးမႈ မ်ားေဆာင္႐ြက္ခဲ့ၿပီး COVID-19 ေရာဂါပိုးမေတြ႕ရွိရသည့္ အေျခအေနမ်ား၊ တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအလိုက္ ေရာဂါပိုးေတြ႕ရွိမႈမ်ားသည့္ ေနရာေဒသမ်ားကို ဦးစားေပးကာ တပ္ရင္း၊ တပ္ဖြဲ႕မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ဆက္လက္ စစ္ေဆးေဆာင္႐ြက္သြားမည့္ အေျခအေနမ်ား။

ဗဟိုဝန္ထမ္းတကၠသိုလ္(ေအာက္ျမန္မာျပည္) ေရာဂါကုသေဆး႐ုံသို႔ တပ္မေတာ္ ေဆးဝန္ထမ္းတပ္ဖြဲ႕မွ ဖြဲ႕စည္းေစလႊတ္ေပးသည့္ အဖြဲ႕ (၁) တာဝန္ထမ္းေဆာင္မႈ ကာလ ျပည့္ေျမာက္ၿပီး ေနာက္ထပ္အဖြဲ႕ (၂) သြားေရာက္လဲလွယ္တာဝန္ထမ္းေဆာင္လ်က္ ရွိသည့္အေျခအေနမ်ား၊ တာခ်ီလိတ္၊ တီးတိန္ တို႔တြင္ သြားေရာက္ပူးေပါင္းကူညီၿပီး ျပန္လည္ေရာက္ရွိလာသည့္ တပ္မေတာ္ေဆးဝန္ထမ္း တပ္ဖြဲ႕ဝင္မ်ားကို Home Stay ထားရွိသည့္အေျခအေနမ်ားႏွင့္ စစ္ကိုင္းသီတဂူဗုဒၶတကၠသိုလ္တြင္ ဒုတိယအသုတ္ ေရာက္ရွိလာသည့္ သံဃာေတာ္မ်ားႏွင့္ သီလရွင္မ်ားအတြက္ ေဆးတပ္ဖြဲ႕ဝင္မ်ား သြားေရာက္ ပူးေပါင္းကူညီေဆာင္႐ြက္ေပးလ်က္ရွိသည့္အေျခအေနမ်ား၊ ရခိုင္ျပည္နယ္အတြင္း ပါရဂူမ်ား ပါဝင္ေသာ ေဆးအဖြဲ႕မ်ားေစလႊတ္ေဆာင္႐ြက္ေပးေနမႈႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း စက္႐ုံဝန္ထမ္းမ်ား၊ ေဒသခံျပည္သူလူထုမ်ားအား လူထုအေျချပဳ က်န္းမာေရးစစ္ေဆးမႈမ်ား ေဆာင္႐ြက္ေပးႏိုင္ခဲ့မႈ အေျခအေနမ်ား။

ျမန္မာႏိုင္ငံတြင္ ေရာဂါပိုးေတြ႕ရွိမႈ နဝမေျမာက္သီတင္းပတ္ ၅၉ ရက္တာကာလသို႔ ေရာက္ရွိခ်ိန္၌ ကယားျပည္နယ္မွလြဲ၍ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားရွိ ၿမိဳ႕နယ္ ၅၄ ၿမိဳ႕နယ္တြင္ ေရာဂါပိုးေတြ႕ရွိရမႈအေျခအေနမ်ား၊ အေမရိကန္ႏိုင္ငံအေနျဖင့္ ေရာဂါ ကူးစက္ခံရသူ ၁၅ သိန္းေက်ာ္၊ ေသဆုံးသူ ၉ ေသာင္းေက်ာ္ျဖစ္ၿပီး ကမာၻေပၚတြင္ ေရာဂါ ျဖစ္ပြားမႈအမ်ားဆုံးျဖစ္သည့္အေျခအေနမ်ား၊ ေရာဂါကူးစက္မႈအား ေကာင္းစြာ ထိန္းခ်ဳပ္ႏိုင္ခဲ့သည့္ ႏိုင္ငံမ်ားအျဖစ္ နယူးဇီလန္ႏိုင္ငံသည္ ေဖေဖာ္ဝါရီ ၂၈ ရက္တြင္ ေရာဂါပိုးစတင္ေတြ႕ရွိခဲ့ၿပီး ကူးစက္ခံရသူ ၁၅၀၃ ဦး၊ ေသဆုံးသူ ၂၁ ဦး၊ ေရာဂါေပ်ာက္ ကင္းသူ ၁၄၄၇ ဦး၊ ယခု ၁၂ ပတ္ေျမာက္ကာလတြင္ ေရာဂါပိုးေတြ႕ရွိသူ ၆ ဦးသာရွိသည့္ အေျခအေနမ်ား၊ ဝူဟန္တြင္ ေရာဂါပိုးေတြ႕ရွိေၾကာင္း စတင္သိရွိရသည့္အခ်ိန္မွစ၍ တ႐ုတ္ႏိုင္ငံမွ ခရီးသြားမ်ား ဝင္ေရာက္ခြင့္ပိတ္ျခင္း၊ ေရာဂါပိုးေတြ႕ရွိၿပီး ၃ ပတ္အၾကာတြင္ နယ္စပ္အားလုံးႏွင့္ ဆိပ္ကမ္း အားလုံးပိတ္ျခင္း၊ ႏိုင္ငံသို႔ ဝင္ေရာက္လာသူ အားလုံးကို Qurantine သတ္မွတ္ေစာင့္ၾကည့္ျခင္း၊ ႏိုင္ငံအဆင့္ အေရးေပၚအေျခအေန ေၾကညာၿပီး အသြားအလာကန႔္သတ္ပိတ္ပင္ျခင္း၊ ေနအိမ္မ်ားတြင္ သာ ေနထိုင္ေစျခင္း၊ ထုတ္ျပန္ထားသည့္အမိန႔္အတိုင္း တိက်စြာ လိုက္နာေစရန္ ျပစ္ဒဏ္မ်ားသတ္မွတ္ ေဆာင္႐ြက္ျခင္းတို႔ေၾကာင့္ ေရာဂါပိုးကူးစက္မႈအား ထိန္းခ်ဳပ္ႏိုင္ခဲ့သည့္ အေျခအေနမ်ား။

အလားတူ ၾသစေၾတးလ်ႏိုင္ငံသည္လည္း ဇန္နဝါရီ ၂၅ ရက္ေန႔တြင္ ေရာဂါပိုး စတင္ေတြ႕ရွိခဲ့ၿပီး ကူးစက္ခံရသူ ၇၀၆၉ ဦး၊ ေသဆုံးသူ ၁၀၀ ဦး၊ ေရာဂါေပ်ာက္ကင္းသူ ၆၄၁၃ ဦး ယခု ၁၇ ပတ္ ေျမာက္ကာလတြင္ ကူးစက္ခံရသူ ၇၇ ဦးအထိ ေလ်ာ့က်ခဲ့သည့္ အေျခအေနမ်ား၊ တစ္ႏိုင္ငံလုံး သြားလာမႈကန႔္သတ္ခ်က္မ်ားအား ၃ လနီးပါးၾကာ တင္းၾကပ္စြာခ်မွတ္ခဲ့ၿပီး တိက်စြာလိုက္နာ ေဆာင္႐ြက္ေစခဲ့ျခင္းေၾကာင့္ ေရာဂါပိုးကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးေနာက္ သတ္မွတ္ထားသည့္ Lockdown အစီအမံမ်ားအား အဆင့္လိုက္ ေျဖေလွ်ာ့ေပးခဲ့သည့္အေျခအေနမ်ား။

ကမာၻ႔ႏိုင္ငံအခ်ိဳ႕တြင္ ေရာဂါကူးစက္မႈ ေလ်ာ့က်လာသည့္အတြက္ ကန႔္သတ္ပိတ္ပင္ထားသည့္ အစီအမံမ်ားကို ေဆာလ်င္စြာေျဖေလွ်ာ့ခဲ့ေသာေၾကာင့္ ေရာဂါကူးစက္မႈမ်ားျပန္လည္ျမင့္တက္လာၿပီး အခ်ိဳ႕ေသာေနရာမ်ားတြင္ ကန႔္သတ္ ပိတ္ပင္မႈမ်ား ျပန္လည္ျပဳလုပ္ခဲ့ရသည့္အေျခအေနမ်ား၊ ဗီယက္နမ္ႏိုင္ငံႏွင့္ လာအိုႏိုင္ငံတို႔အေနျဖင့္ ျပည္တြင္းကူးစက္မႈထိန္းခ်ဳပ္ႏိုင္ၿပီ ျဖစ္သျဖင့္ စာသင္ေက်ာင္း မ်ားအားျပန္လည္ဖြင့္လွစ္ခဲ့သည့္ အေျခအေနမ်ားႏွင့္ ျပင္သစ္ႏိုင္ငံတြင္ ကူးစက္မႈ ေလ်ာ့နည္းသြားသည့္ နယ္ေျမအခ်ိဳ႕မွ စာသင္ေက်ာင္းမ်ားအား ေမလ ၁၁ ရက္တြင္ ျပန္လည္ ဖြင့္လွစ္ခဲ့ေသာ္လည္း ဖြင့္ၿပီးတစ္ပတ္အၾကာတြင္ စာသင္ေက်ာင္းမ်ားႏွင့္ ဆက္စပ္၍ ေရာဂါကူးစက္သူ ၇၀ ဦးခန႔္အား စစ္ေဆးေတြ႕ရွိ႕ရသည့္အတြက္ စာသင္ေက်ာင္းမ်ားကို ျပန္လည္ပိတ္ပင္ခဲ့ရသည့္ အေျခအေနမ်ား။

ျမန္မာႏိုင္ငံတြင္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ႏိုင္ရန္ သက္ဆိုင္ရာနယ္ေျမအလိုက္ အမိန႔္၊ ၫႊန္ၾကား ခ်က္မ်ား ထုတ္ျပန္ထားေသာ္လည္း ယခုအခါ ျပည္သူလူထုအေနျဖင့္ လိုက္ပါေဆာင္႐ြက္မႈ အားနည္း လာသည့္ အေျခအေနမ်ား၊ ေရာဂါပိုးေတြ႕ရွိသူမ်ားတြင္ ျပည္ပမွ ျပန္လည္ ဝင္ေရာက္လာသူမ်ားမွ တစ္ဆင့္ ေရာဂါပိုးကူးစက္မႈမ်ားေတြ႕ရွိမႈမ်ား၊ ျပည္တြင္းမွ ခရီးသြားရာဇဝင္မရွိ၊ ေရာဂါပိုးရွိသူမ်ားႏွင့္ ထိေတြ႕မႈမရွိသည့္ Silent Carrier မ်ားမွတစ္ဆင့္ ကူးစက္မႈမ်ားေတြ႕ရွိရသည့္အေျခအေနမ်ား၊ မၾကာခင္ မိုးရာသီေရာက္ရွိ မည္ျဖစ္ၿပီး အျဖစ္မ်ားသည့္ ရာသီတုပ္ေကြး၊ ေသြးလြန္တုပ္ေကြး ေရာဂါလကၡဏာ မ်ားသည္ COVID-19 ေရာဂါလကၡဏာမ်ားႏွင့္ ဆင္တူယိုးမွား ျဖစ္ႏိုင္သျဖင့္ သတိျပဳရမည့္ အေျခ အေနမ်ား။

စစ္မႈထမ္းေဟာင္းမ်ားႏွင့္ တပ္မေတာ္တြင္ အသက္စြန႔္လႊတ္ခဲ့ရသည့္ အရာရွိ၊ စစ္သည္မ်ား၏ မိသားစုမ်ားႏွင့္ ရဲမႈထမ္းေဟာင္းမ်ားအတြက္ ရိကၡာေထာက္ပံ့ေပးလ်က္ရွိ သည့္ အေျခအေနမ်ား၊ တပ္မေတာ္သားမ်ား၊ အရပ္သားအစားခန႔္ဝန္ထမ္းမ်ား၏ လုပ္ခလစာေငြမ်ားမွ လႉဒါန္းရရွိမႈအေနျဖင့္ ဧၿပီလတြင္ ေငြက်ပ္ ၂ ဒသမ ၃၁၆ ဘီလီယံေက်ာ္ႏွင့္ ေမလတြင္ ေငြက်ပ္ ၂ ဒသမ ၁၅၉ ဘီလီယံေက်ာ္ရရွိခဲ့သည့္ အေျခအေနမ်ား၊ လႉဒါန္းရရွိေငြမ်ားမွ တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ားအလိုက္ လိုအပ္မည့္ ေဆး႐ုံသုံးပစၥည္းမ်ားအား ဦးစားေပးအဆင့္သတ္မွတ္၍ ဧၿပီလအတြက္ လႉဒါန္းရရွိေငြ မ်ားမွ ၃ ႀကိမ္လႉဒါန္းခဲ့ၿပီး ေမလအတြက္ တစ္ရက္စာအလႉေငြမွ ေဆး႐ုံသုံးပစၥည္းမ်ားကို ္ျပည္သူ႔ေဆး႐ုံမ်ားသို႔ ပထမအႀကိမ္အျဖစ္ အထူးကုေဆး႐ုံႀကီး ၃၀ ႐ုံ၊ အေထြေထြ ေရာဂါကုေဆး႐ုံႀကီး ၂၄ ႐ုံ၊ ခ႐ိုင္ေဆး႐ုံ ၃၂ ႐ုံ၊ ၿမိဳ႕နယ္ေဆး႐ုံ ၂၃၃ ႐ုံ၊ တိုက္နယ္ေဆး ႐ုံ ၃၉၂ ႐ုံ၊ ေက်းလက္က်န္းမာေရးဌာန ၅၀၀ တို႔ကို ထပ္မံလႉဒါန္းသြားမည့္ အေျခအေနမ်ား၊ ၄ ႀကိမ္ေပါင္းလႉဒါန္းမႈအေနျဖင့္ တစ္ႏိုင္ငံလုံးရွိ ေဆး႐ုံေပါင္း ၁၁၆၈ ႐ုံအနက္ ၁၀၆၀ ႐ုံလႉဒါန္းၿပီးျဖစ္၍ ေဆး႐ုံအားလုံး၏ ၉၉ ရာခိုင္ႏႈန္း၊ ေက်းလက္ က်န္းမာေရးဌာန ၁၉၄၉ ဌာနအနက္ လႉဒါန္းၿပီး ၁၀၈၈ ဌာနျဖစ္သည့္အတြက္ ေက်းလက္ က်န္းမာေရးဌာနအားလုံး၏ ၅၆ ရာခိုင္ႏႈန္းအား လႉဒါန္းၿပီး ျဖစ္သည့္ အေျခအေနမ်ားႏွင့္ ဆက္လက္ဝယ္ယူလႉဒါန္းသြားမည့္ အေျခအေနမ်ား။

ေဆး႐ုံသုံးပစၥည္းမ်ား လႉဒါန္းေပးမႈအေနျဖင့္ Mask ၁၅ သိန္း၊ ခြဲစိတ္ခန္းသုံး Face Shield တစ္သိန္း၊ ခြဲစိတ္ခန္းသုံး OT Cap တစ္သိန္း၊ Oxygen အိုး ၂၁၉ လုံး၊ N 95 Mask ၃ ေသာင္း၊ PPE ဝတ္စုံ ၄ ေသာင္း၊ အရည္စုပ္စက္ (Suction machine) ၁၄၀၊ ပိုးသတ္ေဆးရည္ ၉၅၀၅ လီတာ၊ Non- Touch သာမိုမီတာ ၂၅၂၀၊ Examination Glove ၁၅၃၀၀၀၊ Surgical Glove ၁၆၄၀၂၀ ၊ Hand Gel ၇၀၀၀၀ ဘူး၊ Goggle မ်က္မွန္ ၂၀၀၀၀၊Bleaching Powder ၁၈၁၄၅ ပုံး၊ ႏွလုံးႏွင့္ ေအာက္ဆီဂ်င္တိုင္းစက္ (Pulse Oxymeter)၁၆၈ လုံး၊ Portable X-Ray စက္ ၁၄ လုံး၊ ECG စက္ ၁၄ လုံး အပါအဝင္ ေဆး႐ုံသုံးပစၥည္း ၃၂ မ်ိဳး ဝယ္ယူလႉဒါန္းေပးခဲ့သည့္ အေျခအေနမ်ား။

လမ္းပန္းဆက္သြယ္မႈခက္ခဲၿပီး ေဝးလံေခါင္းပါးေသာေဒသမ်ားသို႔ က်န္းမာေရးဆိုင္ရာ အသိပညာ ေပးျခင္း၊ ေဆးႏွင့္ ေဆးပစၥည္းမ်ားအား တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမ အသီးသီးအလိုက္ လႉဒါန္းေဆာင္႐ြက္ေပးလ်က္ရွိရာ ရပ္ကြက္ေက်း႐ြာေပါင္း ၈၂၄၁ ခုတို႔တြင္ ေဆာင္႐ြက္ေပးႏိုင္ခဲ့သည့္ အေျခအေနမ်ား၊ အရပ္ဘက္ျပည္သူ႔ေဆး႐ုံမ်ားရွိ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ေဆး႐ုံတက္ေရာက္ ကုသမႈခံယူေနသည့္ လူနာမ်ားအတြက္ ျဖည့္စြက္အာဟာရမ်ား ေကြၽးေမြးေဆာင္႐ြက္ေပးလ်က္ရွိရာ တိုင္းစစ္ဌာနခ်ဳပ္ နယ္ေျမအသီးသီးရွိ ျပည္သူ႔ေဆး႐ုံေပါင္း ၄၁၂ ႐ုံတြင္ ေငြက်ပ္သိန္း ၈၂၀ ေက်ာ္ တန္ဖိုးရွိ အာဟာရျဖည့္ အစားအစာမ်ား ေကြၽးေမြးႏိုင္ခဲ့သည့္ အေျခအေနမ်ား၊ တပ္မေတာ္ ေလယာဥ္၊ ရဟတ္ယာဥ္မ်ားျဖင့္ ေဆးအကာအကြယ္ပစၥည္းမ်ား ပို႔ေဆာင္ေပးလ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ တပ္မေတာ္ေရယာဥ္မ်ားကို ေဆး႐ုံအျဖစ္အသုံးျပဳႏိုင္ေရး အသင့္ျပင္ဆင္ထားရွိသည့္ အေျခအေနမ်ား။

ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္းႏွင့္ ျမန္မာ့ စီးပြားေရးဦးပိုင္အမ်ားႏွင့္ သက္ဆိုင္ေသာ ကုမၸဏီလီမိ တက္တို႔ရွိ စက္႐ုံ၊ အလုပ္႐ုံမ်ား တြင္ သတ္မွတ္ခ်က္မ်ားႏွင့္ အညီလုပ္ငန္းလည္ပတ္ေနမႈ အေျခအေနမ်ားႏွင့္ COVID-19 ေရာဂါကာကြယ္ေရး အေထာက္အကူျပဳေဆးဖ်န္းဝတ္စုံႏွင့္ လက္သန႔္ ေဆးရည္မ်ား ထုတ္လုပ္ေနမႈ အေျခ အေနမ်ား၊ PPE ဝတ္စုံမ်ားအား သတ္မွတ္ထားသည့္ Bio Safety Level အတိုင္း ပိုးသတ္ထုတ္လုပ္ႏိုင္ေရးေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ားအား တင္ျပေဆြးေႏြး ၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ျဖည့္ဆည္းညႇိႏႈိင္း ေဆာင္႐ြက္ ေပးသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကား ေျပာၾကားရာတြင္ ေက်ာင္းမ်ား ျပန္လည္ ဖြင့္လွစ္ျခင္းမျပဳႏိုင္မီ တပ္တြင္းရွိ မွီခို ေက်ာင္းသူ၊ ေက်ာင္းသား မ်ားအား သင္ၾကားခဲ့သည့္ အတန္းအလိုက္ သင္ခန္းစာမ်ားကို ျပန္လည္ဖတ္ရႈေလ့လာၾကရန္ စီစဥ္ေပးရမည္ျဖစ္ေၾကာင္း၊ တစ္ရက္ လွ်င္ ၂ နာရီခန႔္ ၁၀ ေယာက္စုႏႈန္းျဖင့္ စာဖတ္ဝိုင္းမ်ား ေဆာင္႐ြက္ေပးႏိုင္ေၾကာင္း၊ ေလာကနီတိ အေျခခံျဖစ္ေသာ ၃၈ ျဖာ မဂၤလာကဲ့သို႔ ယဥ္ေက်းလိမၼာသင္ခန္းစာမ်ားအား သင္ၾကားေပးျခင္းျဖင့္ အခ်ိန္ကို အက်ိဳးရွိစြာ အသုံးခ်ရန္လိုေၾကာင္း။

ယခုအခါတြင္ မုတ္သုံမိုးစတင္ဝင္ေရာက္ေနၿပီျဖစ္ၿပီး ေနသြားလမ္းေၾကာင္း မွာလည္း ျမန္မာႏိုင္ငံ အေပၚတြင္ က်ေရာက္ေနသျဖင့္ မိုး႐ြာျခင္းႏွင့္ ေနပူျခင္းမ်ား ျဖစ္ေပၚကာ တုပ္ေကြး၊ ေသြးလြန္တုပ္ေကြး၊ ငွက္ဖ်ား၊ COVID-19 ေရာဂါပိုးမ်ားျဖစ္ပြား ရန္ ျဖစ္ႏိုင္ေျခမ်ားလာႏိုင္ေသာေၾကာင့္ ပိုမိုဂ႐ုစိုက္ၾကရန္ လိုအပ္ေၾကာင္း၊ က်န္းမာမွ အလုပ္လုပ္ႏိုင္မည္ျဖစ္ၿပီး ကိုယ္ခံအားေကာင္းမြန္မွသာ ေရာဂါျဖစ္ပြားမႈခံႏိုင္ရည္ရွိ မည္ျဖစ္ေသာေၾကာင့္ သင္တန္းသားမ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအားလုံး အာဟာရ ျပည့္ျပည့္၀၀ စားေသာက္ၾကရန္၊ က်န္းမာႀကံ့ခိုင္ေနထိုင္ၾကရန္လိုအပ္ေၾကာင္း။

COVID-19 ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးႏိုင္ရန္အတြက္ ေရာဂါပိုးေတြ႕ရွိမႈ အမ်ားဆုံးၿမိဳ႕နယ္မ်ားရွိ တပ္ရင္း၊ တပ္ဖြဲ႕မ်ားကို ဦးစားေပးအလိုက္ စနစ္တက် စိစစ္၍ စစ္ေဆးေပးရမည္ျဖစ္ေၾကာင္း၊ က်န္းမာေရးဝန္ထမ္းမ်ားကြၽမ္းက်င္မႈရွိရန္လိုအပ္သျဖင့္ လုပ္ငန္းခြင္ႏွင့္ သင္တန္းမ်ားတြင္ ေဆြးေႏြးမႈမ်ား၊ ေလ့က်င့္မႈမ်ား စဥ္ဆက္မျပတ္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ ေဆး႐ုံတိုင္း သန႔္ရွင္းေရးကအစ သတ္မွတ္စံခ်ိန္စံၫြန္းမ်ားအတိုင္း အဆင့္မီရန္ အမႈထမ္းမ်ား အားလုံးကြၽမ္းက်င္မႈရွိေရး ထိထိေရာက္ေရာက္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း။

COVID-19 ေရာဂါႏွင့္ ပတ္သက္၍အေကာင္းဆုံးနည္းလမ္းမွာ ႀကိဳတင္ကာကြယ္မႈ Prevention လုပ္ငန္းမ်ားျဖစ္ေသာ တစ္ကိုယ္ရည္ႏွင့္ ပတ္ဝန္းက်င္ သန႔္ရွင္းေရး၊ Mask ႏွင့္ မ်က္စိအကာအကြယ္ မ်က္မွန္မ်ားတပ္ဆင္ျခင္း၊ လက္ေဆးျခင္း၊ သန႔္ရွင္း ေျခာက္ေသြ႕မႈရွိျခင္း၊ သြားလာမႈဆင္ျခင္ျခင္း၊ မျဖစ္မေနအေရးႀကီးမွသာ အခ်ိန္အနည္းဆုံးႏွင့္ လူအနည္းဆုံး သြားလာမႈမ်ိဳး ျပဳလုပ္ၾကရန္ လိုေၾကာင္း၊ နယူးဇီလန္ႏွင့္ ၾသစေၾတးလ် ႏိုင္ငံတို႔သည္ အပင္ပန္းခံ၍ စည္းကမ္းတင္းၾကပ္စြာ ေဆာင္႐ြက္ျခင္း၏အက်ိဳးကို ခံစားရျခင္းျဖစ္ေၾကာင္း၊ ျပည္ပတြင္အခက္အခဲရွိ၍ ျပန္ဝင္လာၾက သူမ်ားမွာ မိမိတို႔ ႏိုင္ငံသားမ်ားပင္ျဖစ္၍ ျငင္းပယ္၍ မရေၾကာင္း၊ ျပန္လည္ဝင္ေရာက္ရာတြင္ COVID-19 ေရာဂါထိန္းခ်ဳပ္ကာကြယ္ႏိုင္ေရးအတြက္ အေကာင္းဆုံးျဖစ္ေအာင္ နည္းလမ္းမ်ား ရွာေဖြလုပ္ေဆာင္ ေပးရမည္ျဖစ္ေၾကာင္း။

တပ္မေတာ္အေနျဖင့္ တပ္ပိုင္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးမ်ားအား မွန္မွန္ကန္ကန္ႏွင့္ ဖိဖိစီးစီး ေဆာင္႐ြက္ခဲ့ေသာေၾကာင့္ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ားအတြက္ စားေရးလိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ၿပီး ပိုလွ်ံသည္မ်ားကို ျပင္ပသို႔ပံ့ပိုးကူညီေပးႏိုင္လ်က္ ရွိေၾကာင္း၊ ႀကိဳတင္ျပင္ဆင္မႈ ေကာင္းမြန္ျခင္း၏ သက္ေသရလဒ္ပင္ျဖစ္ေၾကာင္း၊ တပ္ပိုင္စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားအား အရွိန္အဟုန္မပ်က္ဆက္လက္ေဆာင္႐ြက္၍ ပိုလွ်ံမႈရွိပါက ျပင္ပသို႔သက္သာသည့္ႏႈန္းထားျဖင့္ ေရာင္းခ် ေပးရမည္ျဖစ္ေၾကာင္း၊ ျပည္သူကိုကာကြယ္ေစာင့္ေရွာက္ရာတြင္ လူအုပ္စုတစ္ခုအတြက္မဟုတ္ဘဲ အမွန္တစ္ကယ္ အခက္အခဲျဖစ္ေနသည့္ ေနရာေဒသမ်ားႏွင့္ တိုင္းျပည္အတြက္ အက်ိဳးရွိမည္ဆိုပါက အျမန္ဆုံးကူညီေျဖရွင္းေပးရန္၊ လုပ္ႏိုင္တာမွန္သမွ်လုပ္ေပးရန္လိုေၾကာင္း၊ သို႔ေသာ္ ေရရွည္အတြက္ လည္း စဥ္းစားေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း။

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေ႐ႊေညာင္၊ အင္းေလး၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ရေဒသ၊ ေနာင္တရား၊ ပင္ေလာင္း၊ တီက်စ္နယ္ေျမမ်ားရွိ အာလူး၊ ခရမ္းခ်ဥ္သီး၊ ေဂၚဖီထုပ္စသည့္ ရာသီသီးႏွံမ်ားအား မတ္လကုန္မွစ၍ ခူးဆြတ္ေရာင္းခ်ႏိုင္သည့္ အေျခအေနျဖစ္ေသာ္လည္း COVID-19 ေရာဂါ ျဖစ္ပြားမႈ ေၾကာင့္ ကုန္စည္စီးဆင္းမႈမ်ား ရပ္ဆိုင္းၿပီး ေရာင္းခ်ရျခင္းမရွိဘဲ ေဒသခံမ်ား အခက္အခဲျဖစ္ ေပၚခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္အေနျဖင့္ ေဒသခံေတာင္သူမ်ား နစ္နာဆုံးရႈံးမႈမရွိေစရန္ ၎တို႔၏အက်ိဳး ကိုေရွးရႈ၍ စိုက္ခင္းမ်ားအေရာက္ ေတာင္သူမ်ားေရာင္းခ်ႏိုင္သည့္ ေဈးႏႈန္းအတိုင္း ဝယ္ယူေရး ေဆာင္႐ြက္ခဲ့ၿပီး တပ္မေတာ္ တပ္ရင္း၊ တပ္ဖြဲ႕မ်ားႏွင့္ ရာသီသီးႏွံရွားပါးေန သည့္ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ နယ္ေျမေဒသမ်ားရွိ ျပည္သူလူထုထံသို႔ ျဖန႔္ေဝေရာင္းခ်ေပးႏိုင္ခဲ့ေၾကာင္း၊ ဆက္လက္၍လည္း ေရာင္းခ်ရန္အခက္အခဲ ျဖစ္ေပၚ လ်က္ရွိသည့္ ေဒသမ်ားမွ ရာသီသီးႏွံမ်ားကို ေဒသခံမ်ား၏ အက်ိဳးကိုေရွးရႈ၍ ဝယ္ယူ ေရာင္းခ်ႏိုင္ေရးေဆာင္႐ြက္ေပးၾကရမည္ျဖစ္ေၾကာင္း။

တစ္ကမာၻလုံးတြင္ စီးပြားေရးထိခိုက္ၿပီး အလုပ္လက္မဲ့ျပႆနာမ်ား၊ အခက္အခဲ အၾကပ္ အတည္းမ်ားျဖစ္ေပၚလ်က္ရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ အေျခအေနေပၚမူတည္၍ တတ္ႏိုင္သည့္ ကုန္ထုတ္လုပ္မႈမ်ား၊ အမွန္တစ္ကယ္လိုအပ္သူမ်ားကို ေထာက္ပံ့ေရးမ်ား ေဆာင္႐ြက္ေပးႏိုင္ရန္ လိုေၾကာင္း၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ သီလရွင္ေက်ာင္းမ်ား အတြက္ ဆြမ္းဆန္ႏွင့္ ဆြမ္းဟင္းမ်ား စီမံလႉဒါန္းၾကရန္လိုေၾကာင္း၊ အမွန္တစ္ကယ္ လိုအပ္ေနေသာအလႊာမ်ားရွိေၾကာင္း၊ သတင္း မွန္မ်ားရေအာင္ယူ၍ လုပ္ေဆာင္ေပးႏိုင္သမွ်ကို လုပ္ေဆာင္ေပးရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။