မွန်မြတ်သောအလုပ်ဖြစ်၍ မင်္ဂလာတစ်ပါးဖြစ်၊ မိမိတို့၏ နောင်လာနောက်သားများအတွက် လက်ဆင့်ကမ်းအမွေပေးခြင်းလည်းဖြစ်

နေပြည်တော်၊ အောက်တိုဘာ ၁၀

မိမိတို့သည် မိဘလည်းဖြစ်၊ ဆရာလည်းဖြစ်သောကြောင့် လက်အောက်က သားသမီးဖြစ်သူ၊ တပည့်ဖြစ်သူများကို သက်ဆိုင်ရာ ပညာရပ်နယ်ပယ်အလိုက် အမှန်တကယ်တတ်ကျွမ်းသူ၊ ကျွမ်းကျင်သူများ ဖြစ်စေရန်၊ ခေါင်းဆောင်ကောင်းများဖြစ်စေရန် သင်ကြား လေ့ကျင့်မွေးထုတ်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းမှာ မွန်မြတ်သောအလုပ် ဖြစ်၍ မင်္ဂလာတစ်ပါးဟု ခေါ်ဆိုနိုင်ပြီး မိမိတို့၏ နောင်လာနောက်သားများကို လက်ဆင့်ကမ်းအမွေပေးခြင်းလည်းဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ် နှင့် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်တို့မှ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဧည့်ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ဆေးလက်တွေ့ပါရဂူနှင့် ဆေးပညာမဟာသိပ္ပံ သင်တန်းတက်ရောက်နေကြသော သင်တန်းသားအရာရှိများ၊ နည်းပြအရာရှိများနှင့် သန္ဓေအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်ဆေးတက္ကသိုလ် နှင့် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်တို့မှ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဧည့်ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ဆေးလက်တွေ့ ပါရဂူနှင့် ဆေးပညာမဟာသိပ္ပံ သင်တန်းတက်ရောက်နေကြသော သင်တန်းသားအရာရှိများ၊ နည်းပြအရာရှိများနှင့် သန္ဓေအရာရှိများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ကျန်းမာ ကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည်” ဆိုသည့် တပ်မတော် လေ့ကျင့်ရေး အခြေခံမူများနှင့်အညီ နိုင်ငံတော်ကို ကာကွယ်နိုင်စွမ်းရှိသည့် တပ်မတော်သားများ ဖြစ်စေရေး လေ့ကျင့်လုပ်ဆောင်ရာတွင် ကျန်းမာကြံ့ခိုင်မှုသည် မဖြစ်မနေလိုအပ် ကြောင်း၊ ဆေးတပ်ဖွဲ့အနေဖြင့် ကျန်းမာကြံ့ခိုင်မှုကို တာဝန်ယူဆောင်ရွက်ရသောကြောင့် အဓိကအားဖြင့် တပ်မတော်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးတွင် ကျွမ်းကျင်မှုမှာ လွန်စွာအရေးကြီးကြောင်း၊ ပညာသင်နှစ်အလိုက် သတ်မှတ်ထားသည့် ဘာသာရပ်၊ ပညာရပ်များကို အမှန်တကယ်တတ်ကျွမ်းအောင် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့သင်ကြားလေ့ကျင့်မွေးထုတ်လိုက်သူများသည် စိတ်ချယုံကြည်စွာဖြင့် တာဝန်ပေးအပ်နိုင်သူများဖြစ်စေရန် ကြိုးစား လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ သင်ကြားလေ့ကျင့်မှုပိုမိုထိရောက်စေရန်အတွက် သင်ကြားလေ့ကျင့်မှု အချိန်ကာလတိုးမြှင့်ခြင်း၊ သင်တန်းသားအရည်အတွက်ကို လျော့ချခြင်း၊ အရည်အချင်းပြည့်မီသည့် နည်းပြများကို ဦးစားပေးရွေးချယ်ခန့်ထားခြင်းများ လုပ်ဆောင်ခဲ့ပြီး သင်တန်းသားများအနေဖြင့် ထိုက်တန်သည့်အခြေခံရှိမှသာ သင်ကြား လေ့ကျင့်မှုကို အပြည့်အဝခံယူနိုင်မည်ဖြစ်၍ သင်တန်းသားရွေးချယ်ရာတွင်လည်း ရှိသင့်သည့် ဉာဏ်ရည်ဉာဏ်သွေး IQ ၊ ပညာအရည်အချင်း EQ အပေါ်တွင် မူတည် ရွေးချယ်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး နည်းပြဆရာများအနေဖြင့် မကောင်းမှုဒုစရိုက်များကို ဆုံးမ ဟန့်တားခြင်း၊ ကောင်းမှုသုစရိုက်များကို ပြုလုပ်အောင်တိုက်တွန်းခြင်း၊ ငယ်စဉ်ကစပြီး အသက်မွေးပညာကို သင်ကြားပေးခြင်း၊ အရွယ်ရောက်ပါက အသက်မွေးမှုလုပ်ငန်း လုပ်ဆောင်နိုင်ရန် မတည်ရင်းနှီးပေးခြင်း၊ သင့်တော်သည့် အိမ်ထောင်ဖက်ဖြင့် နေရာချထားခြင်းစသည့် မိဘကျင့်ဝတ်များ၊ အသက်မွေးမှုလုပ်ငန်းများတတ်မြောက်အောင် သင်ကြားခြင်း၊ မကောင်းမှုဒုစရိုက်များကို မပြုလုပ်အောင်ပဲ့ပြင်ဆုံးမခြင်း၊ အတတ်ပညာကို အကြွင်းမရှိ စေတနာထားသင်ကြားပေးခြင်း၊ ကျရောက်နိုင်မည့်ဘေးအန္တရာယ်ကို ကာကွယ်ပေးခြင်း၊ မိမိမှတစ်ဆင့် ပိုမိုသင့်တော်ကောင်းမွန်သည်များကို ညွှန်ပြပေးခြင်း စသည့် ဆရာကျင့်ဝတ်များနှင့်အညီ အုပ်ထိန်းသူစနစ်ကို စနစ်တကျလုပ်ဆောင်ပေး ရန်လိုကြောင်း၊ လုပ်သက်နှစ်အလိုက် သင်တန်းသားအချင်းချင်းထိန်းသိမ်းကြပ်မတ်သည့် အုပ်ထိန်းမှုစနစ်ကိုလည်း မှန်မှန်ကန်ကန်လုပ်ဆောင်သွားရန်လိုအပ်ကြောင်း မှာကြား သည်။

ထို့နောက် နည်းပြဆရာများသည် တပည့်ဖြစ်သူထက် ပိုမိုတတ်ကျွမ်းရန်၊ ပိုမို သိမြင်ရန်လိုအပ်သောကြောင့် မိမိ၏ ဘာသာရပ်နယ်ပယ်ကို ပိုင်နိုင်ကျွမ်းကျင်သူ၊ ဦးဆောင်နိုင်သူ၊ ညွှန်ပြနိုင်သူများဖြစ်အောင် ကြိုးစားအားထုတ်လုပ်ဆောင်ရန်၊ အထူးသဖြင့် တက္ကသိုလ်၏ သဘောသဘာဝအရ ဖတ်ရှုလေ့လာမှု၊ အပြန်အလှန်ဆွေးနွေးမှုများ လုပ်ဆောင်ရခြင်းကြောင့် ဆရာများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာ ကြရမည်ဖြစ်ကြောင်း၊ ၎င်းအပြင်ဖတ်ရှုလေ့လာရသည့် နယ်ပယ်ဖြစ်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများကိုလည်း မဖြစ်မနေလုပ်ဆောင်ရန်လို ကြောင်း၊ ယင်းလေ့လာသုတေသနပြုမှုများသည် တပ်မတော်သားများ၏ ကျန်းမာကြံ့ခိုင်မှု၊ နိုင်ငံသူနိုင်ငံသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်အနေဖြင့် ၂၀၁၁ ခုနှစ်က စတင်ပြောင်းလဲခဲ့သည့် နိုင်ငံရေးစနစ် တည်တည်ငြိမ်ငြိမ်နှင့် ခိုင်ခိုင်မာမာရှိစေရန် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ လုပ်ဆောင်နေကြောင်း၊ လက်ရှိအခြေအနေတွင် နိုင်ငံရေးအရ တည်ငြိမ်မှုလိုအပ်နေသေးသကဲ့သို့ မချုပ်ငြိမ်းသေးသည့် လက်နက်ကိုင်ပဋိပက္ခများ ကြောင့် လုံခြုံရေးအရ တည်ငြိမ်မှုလည်းမရရှိသေးကြောင်း၊ တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးဖြစ်သည့် ဒို့တာဝန်အရေး(၃)ပါးကို လုံးဝအထိပါးခံမည်မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း NCA လမ်းကြောင်းကိုအခြေခံပြီး မလွဲမသွေ လျှောက်လှမ်းလုပ်ဆောင်နေကြောင်း၊ NCA သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ လိုလားချက်များအပေါ် မူတည်ရေးဆွဲထားခြင်းဖြစ်ပြီး NCA လက်မှတ်ရေးထိုးနိုင်သည်အထိ ခက်ခဲစွာညှိနှိုင်းဆွေးနွေးလုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း တိုင်းရင်းသားလူမျိုးများ၏ သဘောသဘာဝအရ ယုံကြည်မှုကို ပိုမို အလေးထားခြင်းကြောင့် ပေးထားသည့်ကတိကဝတ်များအတိုင်း ဆက်လက်လုပ်ဆောင် ရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။

တပ်မတော်အနေဖြင့် အဓိကအကျဆုံးဖြစ်သည့် စားရေးကိုအထောက် အကူဖြစ်စေရန် တပ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်စေရေး စီမံလုပ်ဆောင်ခဲ့ကြောင်း၊ စစ်သည်မိသားစုများ တစ်ဦးချင်းအနေဖြင့်လည်း တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ကြခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေကြောင်း၊ ဈေးကွက်နှင့် ကုန်ဈေးနှုန်းတို့သည် ရောင်းလိုအားနှင့် ဝယ်လိုအားမျှခြေအပေါ်မူတည်နေသောကြောင့် တိုင်းပြည်စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်တပ်မတော်အနေဖြင့် တတ်နိုင်သမျှဝိုင်းဝန်းလုပ်ဆောင် နေခြင်းဖြစ်ကြောင်း ပြောကြားသည်။

၎င်းနောက် အထွေထွေမှာကြားချက်အနေဖြင့် အုပ်ချုပ်မှုညီညွတ်မျှတမှု မရှိခြင်းသည် စည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်ပြားစေခြင်းကြောင့် ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံဖြစ်စေရေး၊ ပေးသင့်ပေးထိုက်သည့် ရာထူးအဆင့်များကို မှန်မှန်ကန်ကန် တိုးမြှင့်ပေးရေး၊ တပ်မတော်သားဘဝကို ခုံမင်စွာကိုယ်တိုင်ခံယူခဲ့သူများဖြစ်၍ မကောင်းသည့် ပတ်ဝန်းကျင်၏ စေ့ဆော်တိုက်တွန်းမှုကြောင့် မိမိဘဝလမ်းကြောင်း မတိမ်းစောင်းစေရန် စစ်သားစိတ်ဖြင့် ယုံကြည်ချက်၊ ခံယူချက်ကောင်းမွန်ရေး၊ အသက်နှင့်ရင်း၍ တာဝန် ထမ်းဆောင်နေသူများဖြစ်သဖြင့် အသက်အာမခံများထားရှိရေး၊ တစ်ဦးတစ်ယောက်ချင်း အနေဖြင့် အသောက်အစားအပျော်အပါးများကို ထိန်းသိမ်းပြီး ချိုးခြံချွေတာရေး၊ မိမိကိုကိုယ်အလိုလိုက်ခြင်းသည် ပျက်စီးစေတတ်သောကြောင့် ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းရန် လိုအပ်သကဲ့သို့ လက်အောက်ကိုလည်းထိန်းသိမ်းရေး၊ တစ်ဦးနှင့်တစ်ဦးပြိုင်ဆိုင်မှုများသည် အုပ်ချုပ်မှုပြဿနာများကို ဖြစ်ပေါ်စေခြင်းကြောင့် ရောင့်ရဲတင်းတိမ်သည့်စိတ်၊ စဉ်းစား ဆင်ခြင်တုံတရားတို့ဖြင့် ထိန်းသိမ်းနေထိုင်ရေးတို့အား မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

မြန္ျမတ္ေသာအလုပ္ျဖစ္၍ မဂၤလာတစ္ပါးျဖစ္၊ မိမိတို႔၏ ေနာင္လာေနာက္သားမ်ားအတြက္ လက္ဆင့္ကမ္းအေမြေပးျခင္းလည္းျဖစ္

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၁၀

မိမိတုိ႔သည္ မိဘလည္းျဖစ္၊ ဆရာလည္းျဖစ္ေသာေၾကာင့္ လက္ေအာက္က သားသမီးျဖစ္သူ၊ တပည့္ျဖစ္သူမ်ားကို သက္ဆုိင္ရာ ပညာရပ္နယ္ပယ္အလိုက္ အမွန္တကယ္တတ္ကြၽမ္းသူ၊ ကြၽမ္းက်င္သူမ်ား ျဖစ္ေစရန္၊ ေခါင္းေဆာင္ေကာင္းမ်ားျဖစ္ေစရန္ သင္ၾကား ေလ့က်င့္ေမြးထုတ္ၾကရမည္ျဖစ္ေၾကာင္း၊ ထုိသုိ႔လုပ္ေဆာင္ျခင္းမွာ မြန္ျမတ္ေသာအလုပ္ ျဖစ္၍ မဂၤလာတစ္ပါးဟု ေခၚဆုိႏုိင္ၿပီး မိမိတုိ႔၏ ေနာင္လာေနာက္သားမ်ားကို လက္ဆင့္ကမ္းအေမြေပးျခင္းလည္းျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔နံနက္ပိုင္းတြင္ တပ္မေတာ္ေဆးတကၠသိုလ္ ႏွင့္ တပ္မေတာ္သူနာျပဳႏွင့္ေဆးဘက္ပညာတကၠသိုလ္တုိ႔မွ ဂုဏ္ထူးေဆာင္ပါေမာကၡမ်ား၊ ဧည့္ပါေမာကၡမ်ား၊ ဆရာ/ဆရာမမ်ား၊ ေဆးလက္ေတြ႕ပါရဂူႏွင့္ ေဆးပညာမဟာသိပၸံ သင္တန္းတက္ေရာက္ေနၾကေသာ သင္တန္းသားအရာရွိမ်ား၊ နည္းျပအရာရွိမ်ားႏွင့္ သေႏၶအရာရွိမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ တပ္မေတာ္ေဆးတကၠသိုလ္ ႏွင့္ တပ္မေတာ္သူနာျပဳႏွင့္ေဆးဘက္ပညာတကၠသိုလ္တုိ႔မွ ဂုဏ္ထူးေဆာင္ပါေမာကၡမ်ား၊ ဧည့္ပါေမာကၡမ်ား၊ ဆရာ/ဆရာမမ်ား၊ ေဆးလက္ေတြ႕ ပါရဂူႏွင့္ ေဆးပညာမဟာသိပၸံ သင္တန္းတက္ေရာက္ေနၾကေသာ သင္တန္းသားအရာရွိမ်ား၊ နည္းျပအရာရွိမ်ားႏွင့္ သေႏၶအရာရွိမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က “က်န္းမာ ႀကံ႕ခုိင္ရမည္၊ ကြၽမ္းက်င္ရမည္၊ ရဲစြမ္းသတိၱရွိရမည္” ဆိုသည့္ တပ္မေတာ္ ေလ့က်င့္ေရး အေျခခံမူမ်ားႏွင့္အညီ ႏုိင္ငံေတာ္ကို ကာကြယ္ႏုိင္စြမ္းရွိသည့္ တပ္မေတာ္သားမ်ား ျဖစ္ေစေရး ေလ့က်င့္လုပ္ေဆာင္ရာတြင္ က်န္းမာႀကံ႕ခိုင္မႈသည္ မျဖစ္မေနလိုအပ္ ေၾကာင္း၊ ေဆးတပ္ဖြဲ႕အေနျဖင့္ က်န္းမာႀကံ႕ခိုင္မႈကို တာ၀န္ယူေဆာင္ရြက္ရေသာေၾကာင့္ အဓိကအားျဖင့္ တပ္မေတာ္က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို ျမႇင့္တင္ရမည္ျဖစ္ေၾကာင္း၊ ေလ့က်င့္ေရးတြင္ ကြၽမ္းက်င္မႈမွာ လြန္စြာအေရးႀကီးေၾကာင္း၊ ပညာသင္ႏွစ္အလိုက္ သတ္မွတ္ထားသည့္ ဘာသာရပ္၊ ပညာရပ္မ်ားကို အမွန္တကယ္တတ္ကြၽမ္းေအာင္ သင္ၾကားေလ့က်င့္ေပးရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔သင္ၾကားေလ့က်င့္ေမြးထုတ္လိုက္သူမ်ားသည္ စိတ္ခ်ယံုၾကည္စြာျဖင့္ တာ၀န္ေပးအပ္ႏုိင္သူမ်ားျဖစ္ေစရန္ ႀကိဳးစား လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ သင္ၾကားေလ့က်င့္မႈပိုမုိထိေရာက္ေစရန္အတြက္ သင္ၾကားေလ့က်င့္မႈ အခ်ိန္ကာလတုိးျမႇင့္ျခင္း၊ သင္တန္းသားအရည္အတြက္ကို ေလ်ာ့ခ်ျခင္း၊ အရည္အခ်င္းျပည့္မီသည့္ နည္းျပမ်ားကို ဦးစားေပးေရြးခ်ယ္ခန္႔ထားျခင္းမ်ား လုပ္ေဆာင္ခဲ့ၿပီး သင္တန္းသားမ်ားအေနျဖင့္ ထိုက္တန္သည့္အေျခခံရွိမွသာ သင္ၾကား ေလ့က်င့္မႈကို အျပည့္အ၀ခံယူႏုိင္မည္ျဖစ္၍ သင္တန္းသားေရြးခ်ယ္ရာတြင္လည္း ရွိသင့္သည့္ ဥာဏ္ရည္ဥာဏ္ေသြး IQ ၊ ပညာအရည္အခ်င္း EQ အေပၚတြင္ မူတည္ ေရြးခ်ယ္ခဲ့ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ဆက္လက္ၿပီး နည္းျပဆရာမ်ားအေနျဖင့္ မေကာင္းမႈဒုစ႐ိုက္မ်ားကို ဆုံးမ ဟန္႔တားျခင္း၊ ေကာင္းမႈသုစ႐ိုက္မ်ားကို ျပဳလုပ္ေအာင္တုိက္တြန္းျခင္း၊ ငယ္စဥ္ကစၿပီး အသက္္ေမြးပညာကုိ သင္ၾကားေပးျခင္း၊ အရြယ္ေရာက္ပါက အသက္ေမြးမႈလုပ္ငန္း လုပ္ေဆာင္ႏုိင္ရန္ မတည္ရင္းႏွီးေပးျခင္း၊ သင့္ေတာ္သည့္ အိမ္ေထာင္ဖက္ျဖင့္ ေနရာခ်ထားျခင္းစသည့္ မိဘက်င့္၀တ္မ်ား၊ အသက္ေမြးမႈလုပ္ငန္းမ်ားတတ္ေျမာက္ေအာင္ သင္ၾကားျခင္း၊ မေကာင္းမႈဒုစ႐ုိက္မ်ားကုိ မျပဳလုပ္ေအာင္ပဲ့ျပင္ဆုံးမျခင္း၊ အတတ္ပညာကို အၾကြင္းမရိွိ ေစတနာထားသင္ၾကားေပးျခင္း၊ က်ေရာက္ႏုိင္မည့္ေဘးအႏၲရာယ္ကုိ ကာကြယ္ေပးျခင္း၊ မိမိမွတစ္ဆင့္ ပိုမုိသင့္ေတာ္ေကာင္းမြန္သည္မ်ားကို ၫႊန္ျပေပးျခင္း စသည့္ ဆရာက်င့္၀တ္မ်ားႏွင့္အညီ အုပ္ထိန္းသူစနစ္ကုိ စနစ္တက်လုပ္ေဆာင္ေပး ရန္လုိေၾကာင္း၊ လုပ္သက္ႏွစ္အလိုက္ သင္တန္းသားအခ်င္းခ်င္းထိန္းသိမ္းၾကပ္မတ္သည့္ အုပ္ထိန္းမႈစနစ္ကိုလည္း မွန္မွန္ကန္ကန္လုပ္ေဆာင္သြားရန္လုိအပ္ေၾကာင္း မွာၾကား သည္။

ထုိ႔ေနာက္ နည္းျပဆရာမ်ားသည္ တပည့္ျဖစ္သူထက္ ပိုမုိတတ္ကြၽမ္းရန္၊ ပိုမုိ သိျမင္ရန္လိုအပ္ေသာေၾကာင့္ မိမိ၏ ဘာသာရပ္နယ္ပယ္ကို ပုိင္ႏုိင္ကြၽမ္းက်င္သူ၊ ဦးေဆာင္ႏုိင္သူ၊ ၫႊန္ျပႏုိင္သူမ်ားျဖစ္ေအာင္ ႀကိဳးစားအားထုတ္လုပ္ေဆာင္ရန္၊ အထူးသျဖင့္ တကၠသိုလ္၏ သေဘာသဘာ၀အရ ဖတ္႐ႈေလ့လာမႈ၊ အျပန္အလွန္ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ရျခင္းေၾကာင့္ ဆရာမ်ားအေနျဖင့္ က်ယ္က်ယ္ျပန္႔ျပန္႔ ဖတ္႐ႈေလ့လာ ၾကရမည္ျဖစ္ေၾကာင္း၊ ၎အျပင္ဖတ္႐ႈေလ့လာရသည့္ နယ္ပယ္ျဖစ္ျခင္းေၾကာင့္ က်န္းမာေရးဆုိင္ရာ သုေတသနလုပ္ငန္းမ်ားကိုလည္း မျဖစ္မေနလုပ္ေဆာင္ရန္လုိ ေၾကာင္း၊ ယင္းေလ့လာသုေတသနျပဳမႈမ်ားသည္ တပ္မေတာ္သားမ်ား၏ က်န္းမာႀကံ႕ခုိင္မႈ၊ ႏုိင္ငံသူႏုိင္ငံသားမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားအတြက္ မ်ားစြာ အေထာက္အကူျပဳႏုိင္မည္ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္အေနျဖင့္ ၂၀၁၁ ခုႏွစ္က စတင္ေျပာင္းလဲခဲ့သည့္ ႏုိင္ငံေရးစနစ္ တည္တည္ၿငိမ္ၿငိမ္ႏွင့္ ခုိင္ခုိင္မာမာရွိေစရန္ သတ္မွတ္ျပ႒ာန္းထားသည့္ ဥပေဒမ်ားႏွင့္အညီ လုပ္ေဆာင္ေနေၾကာင္း၊ လက္ရွိအေျခအေနတြင္ ႏုိင္ငံေရးအရ တည္ၿငိမ္မႈလုိအပ္ေနေသးသကဲ့သို႔ မခ်ဳပ္ၿငိမ္းေသးသည့္ လက္နက္ကိုင္ပဋိပကၡမ်ား ေၾကာင့္ လုံၿခဳံေရးအရ တည္ၿငိမ္မႈလည္းမရရွိေသးေၾကာင္း၊ တပ္မေတာ္အေနျဖင့္ အမ်ိဳးသားႏုိင္ငံေရးျဖစ္သည့္ ဒို႔တာ၀န္အေရး(၃)ပါးကို လုံး၀အထိပါးခံမည္မဟုတ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍လည္း NCA လမ္းေၾကာင္းကုိအေျခခံၿပီး မလြဲမေသြ ေလွ်ာက္လွမ္းလုပ္ေဆာင္ေနေၾကာင္း၊ NCA သည္ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၏ လုိလားခ်က္မ်ားအေပၚ မူတည္ေရးဆြဲထားျခင္းျဖစ္ၿပီး NCA လက္မွတ္ေရးထုိးႏုိင္သည္အထိ ခက္ခဲစြာၫႇိႏႈိင္းေဆြးေႏြးလုပ္ေဆာင္ခဲ့ရျခင္းျဖစ္ေၾကာင္း၊ တစ္ဖက္တြင္လည္း တုိင္းရင္းသားလူမ်ိဳးမ်ား၏ သေဘာသဘာ၀အရ ယုံၾကည္မႈကို ပိုမုိ အေလးထားျခင္းေၾကာင့္ ေပးထားသည့္ကတိက၀တ္မ်ားအတုိင္း ဆက္လက္လုပ္ေဆာင္ ရန္လုိေၾကာင္း ရွင္းလင္းေျပာၾကားသည္။

တပ္မေတာ္အေနျဖင့္ အဓိကအက်ဆုံးျဖစ္သည့္ စားေရးကိုအေထာက္ အကူျဖစ္ေစရန္ တပ္ပိုင္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းမ်ား ေအာင္ျမင္ေစေရး စီမံလုပ္ေဆာင္ခ့ဲေၾကာင္း၊ စစ္သည္မိသားစုမ်ား တစ္ဦးခ်င္းအေနျဖင့္လည္း တစ္ပိုင္ တစ္ႏုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ကိုင္ၾကျခင္းျဖင့္ မိသားစုစား၀တ္ေနေရးအတြက္ အေထာက္အကူျဖစ္ေစေၾကာင္း၊ ေစ်းကြက္ႏွင့္ ကုန္ေစ်းႏႈန္းတုိ႔သည္ ေရာင္းလုိအားႏွင့္ ၀ယ္လုိအားမွ်ေျခအေပၚမူတည္ေနေသာေၾကာင့္ တုိင္းျပည္စီးပြားေရးအတြက္ တစ္ဖက္တစ္လမ္းမွ အေထာက္အကူျဖစ္ေစရန္တပ္မေတာ္အေနျဖင့္ တတ္ႏုိင္သမွ်၀ုိင္း၀န္းလုပ္ေဆာင္ ေနျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

၎ေနာက္ အေထြေထြမွာၾကားခ်က္အေနျဖင့္ အုပ္ခ်ဳပ္မႈညီၫြတ္မွ်တမႈ မရွိျခင္းသည္ စည္းလုံးညီၫြတ္မႈကို ထိခိုက္ပ်က္ျပားေစျခင္းေၾကာင့္ ညီၫြတ္မွ်တသည့္ အုပ္ခ်ဳပ္မႈပုံစံျဖစ္ေစေရး၊ ေပးသင့္ေပးထိုက္သည့္ ရာထူးအဆင့္မ်ားကို မွန္မွန္ကန္ကန္ တုိးျမႇင့္ေပးေရး၊ တပ္မေတာ္သားဘ၀ကို ခုံမင္စြာကိုယ္တုိင္ခံယူခဲ့သူမ်ားျဖစ္၍ မေကာင္းသည့္ ပတ္၀န္းက်င္၏ ေစ့ေဆာ္တုိက္တြန္းမႈေၾကာင့္ မိမိဘ၀လမ္းေၾကာင္း မတိမ္းေစာင္းေစရန္ စစ္သားစိတ္ျဖင့္ ယုံၾကည္ခ်က္၊ ခံယူခ်က္ေကာင္းမြန္ေရး၊ အသက္ႏွင့္ရင္း၍ တာ၀န္ ထမ္းေဆာင္ေနသူမ်ားျဖစ္သျဖင့္ အသက္အာမခံမ်ားထားရွိေရး၊ တစ္ဦးတစ္ေယာက္ခ်င္း အေနျဖင့္ အေသာက္အစားအေပ်ာ္အပါးမ်ားကို ထိန္းသိမ္းၿပီး ခ်ိဳးၿခံေခြၽတာေရး၊ မိမိကုိကုိယ္အလုိလိုက္ျခင္းသည္ ပ်က္စီးေစတတ္ေသာေၾကာင့္ ကုိယ့္ကုိယ္ကုိယ္ထိန္းသိမ္းရန္ လုိအပ္သကဲ့သုိ႔ လက္ေအာက္ကိုလည္းထိန္းသိမ္းေရး၊ တစ္ဦးႏွင့္တစ္ဦးၿပိဳင္ဆုိင္္မႈမ်ားသည္ အုပ္ခ်ဳပ္မႈျပႆနာမ်ားကို ျဖစ္ေပၚေစျခင္းေၾကာင့္ ေရာင့္ရဲတင္းတိမ္သည့္စိတ္၊ စဥ္းစား ဆင္ျခင္တုံတရားတို႔ျဖင့္ ထိန္းသိမ္းေနထုိင္ေရးတုိ႔အား မွာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွွီးႏွီး လုိက္လံႏႈတ္ဆက္ခဲ့ၾကသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။