စီးပွားရေးအရလုပ်ဆောင်ခြင်းမဟုတ်ဘဲ သက်သာချောင်ချိမှုအတွက် လုပ်ဆောင်ခြင်းဖြစ်

နေပြည်တော်၊ အောက်တိုဘာ ၁၀

တပ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှာ စီးပွားရေးအရလုပ်ဆောင် ခြင်းမဟုတ်ဘဲ သက်သာချောင်ချိမှုအတွက် လုပ်ဆောင်ခြင်းဖြစ်၍ ထုတ်ကုန်များအား အမြတ်အစွန်းအနည်းဆုံးဖြင့် ရောင်းချပေးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အလိုက် စနစ်တကျ တိုးချဲ့လုပ်ကိုင်ခြင်းဖြင့် စစ်သည် မိသားစုဝင်များသာမက သက်ဆိုင်ရာနယ်မြေဒေသရှိ ဝန်ထမ်းများ၊ ဒေသခံပြည်သူများကိုပါ သက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်သည်အထိ ရည်မှန်းလုပ်ဆောင်သွားရန်လိုအပ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁)စိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁)စိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ တိုင်းမှူးက တိုင်းစစ်ဌာနချုပ်ရှိ စိုက်ပျိုးမွေးမြူရေးစခန်းများတွင် DYL အသားတိုးဝက်၊ Novogen Brown မိဘမျိုးရိုးဥစားကြက်၊ နို့စားနွားနှင့် ငါးမွေးမြူထားရှိမှု အခြေအနေများ၊ ရာသီသီးနှံစိုက်ခင်းများ၊ ငှက်ပျောနှင့် ဒန့်သလွန်ပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများ၊ Green House များဖြင့် မြေလွှာမဲ့ဟင်းသီးဟင်းရွက်စိုက်ပျိုးမှု Hydroponic နည်းစနစ်နှင့် စိုက်ပျိုးထားရှိသည့်အခြေအနေများ၊ စခန်းများမှ ထွက်ရှိသည့် စိုက်ပျိုးရေး နှင့် မွေးမြူရေးထွက်ကုန်များအား စစ်သည်မိသားစုများနှင့် ဝန်ထမ်းများကို သက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်မှု၊ တိုင်းရွှေဂုံအရောင်းဆိုင်များတွင် ဒေသခံပြည်သူများကိုပါ သက်သာချောင်ချိသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်ပိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများသည် စစ်သည်မိသားစုများ၏ စားရေးကို တိုက်ရိုက်အထောက်အကူ ပြုရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုတွင် ဓာတုပစ္စည်းများကင်းစင်စေရန်လည်း ဂရုပြုလုပ်ဆောင်ရန်လိုကြောင်း၊ Novogen Brown ဥစားကြက်နှင့် DYL အသားတိုးဝက်များအား မိဘမျိုးရင်းမပျက်အောင် စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ထို့အတူ နို့စားနွားမွေးမြူရေးကိုလည်း နည်းစနစ်မှန်ကန်စွာဖြင့် ကောင်ရေပမာဏများများကို စနစ်တကျမွေးမြူရန်လို ကြောင်းတို့အား မှာကြားသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Novogen Brown ကြက်ဥဖောက်စက်သို့ သွားရောက်၍ မျိုးကြက်ဥများအား ဝပ်စက်၊ ဖောက်စက်များဖြင့် ကြက်သားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်ပြီး မြေလွှာမဲ့ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းစနစ် Hydroponic System ဖြင့် အိုးမုန်ညင်းပင်၊ ငရုတ်ချိုပင်၊ ဆလတ်ပင်များအား ပျိုးထောင်ထားရှိမှု စိုက်ပျိုးစင်များအပေါ် ပြောင်းရွှေ့စိုက်ပျိုးထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး သည်။ Hydroponic နည်းစနစ်ဖြင့် စိုက်ပျိုးခြင်းသည် ရင်းနှီးမြှုပ်နှံမှုပမာဏများပြား သော်လည်း မည်သည့်ရာသီဥတုတွင်မဆို တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ခြင်း၊ စိုက်ပျိုး မြေရှားပါးလာသော မြို့ပြများတွင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထုတ်လုပ် နိုင်ခြင်း၊ စားသုံးမှုလုံခြုံစိတ်ချရ၍ အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များ စားသုံး နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရှိရသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ တာယာစက်ရုံ(ရွာမ)သို့ ရောက်ရှိကြပြီး စက်ရုံမှူးက အစည်းအဝေးခန်းမ၌ တာယာစက်ရုံ၏ ရည်မှန်းချက်နှင့် စက်ရုံဆိုင်ရာ အချက်အလက်များ၊ Truck and Bus Bias Tyre ၄ မျိုး၊ Truck and Bus Radial Tyre ၈ မျိုး၊ Passenger Car Radial Tyre ၁၂ မျိုးနှင့် Special Tyre ၄ မျိုး တို့အား ထုတ်လုပ်ရောင်းချမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်ပမှ နှစ်စဉ်တာယာများစွာ တင်သွင်းနေရ၍ သွင်းကုန်အစားထိုးဆောင်ရွက်သည့် လုပ်ငန်းဖြစ်ကြောင်း၊ သို့ဖြစ်၍ အမြတ်အစွန်းနည်းနည်းနှင့် ပမာဏများများထုတ်လုပ်၍ ကုန်ထုတ်လုပ်မှုတိုးမြှင့်ခြင်းဖြင့် စက်စွမ်းအားပြည့်၊ လုပ်သားအဆိုင်းပြည့် လည်ပတ်ထုတ်လုပ်နိုင်အောင် ကြိုးစားလုပ်ဆောင်ရေး၊ တာယာဈေးကွက်အား စနစ်တကျလေ့လာသုတေသနပြုလုပ်၍ ရောင်းအား မြှင့်တင်နိုင်ရေးတို့အား မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုံစံ အသစ်ဖြင့် ထုတ်လုပ်ထားသည့် တာယာပေါ်တွင် အမှတ်တရလက်မှတ်ရေးထိုးကြပြီး စက်ရုံအတွင်းလုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

(Zawgyi Version)

စီးပြားေရးအရလုပ္ေဆာင္ျခင္းမဟုတ္ဘဲ သက္သာေခ်ာင္ခ်ိမႈအတြက္ လုပ္ေဆာင္ျခင္းျဖစ္

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၁၀

တပ္ပိုင္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းမ်ားမွာ စီးပြားေရးအရလုပ္ေဆာင္ ျခင္းမဟုတ္ဘဲ သက္သာေခ်ာင္ခ်ိမႈအတြက္ လုပ္ေဆာင္ျခင္းျဖစ္၍ ထုတ္ကုန္မ်ားအား အျမတ္အစြန္းအနည္းဆုံးျဖင့္ ေရာင္းခ်ေပးရမည္ျဖစ္ေၾကာင္း၊ စုိက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းမ်ားကို တိုင္းစစ္ဌာနခ်ဳပ္အလိုက္ စနစ္တက် တုိးခ်ဲ႕လုပ္ကိုင္ျခင္းျဖင့္ စစ္သည္ မိသားစု၀င္မ်ားသာမက သက္ဆုိင္ရာနယ္ေျမေဒသရွိ ၀န္ထမ္းမ်ား၊ ေဒသခံျပည္သူမ်ားကိုပါ သက္သာစြာျဖင့္ ျဖန္႔ျဖဴးေရာင္းခ်ႏုိင္သည္အထိ ရည္မွန္းလုပ္ေဆာင္သြားရန္လုိအပ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔မြန္းလြဲပိုိင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၊ အမွတ္(၁)စုိက္ပ်ိဳးေမြးျမဴေရးစခန္းသုိ႔ သြားေရာက္ၾကည့္႐ႈစစ္ေဆးစဥ္ ထည့္သြင္းေျပာၾကားသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖဲြ႕၀င္မ်ားသည္ တုိင္းစစ္ဌာနခ်ဳပ္၊ အမွတ္(၁)စုိက္ပ်ိဳးေမြးျမဴေရးစခန္းသုိ႔ သြားေရာက္ၾကည့္႐ႈစစ္ေဆးရာ ရွင္းလင္းေဆာင္၌ တုိင္းမွဴးက တုိင္းစစ္ဌာနခ်ဳပ္ရွိ စုိက္ပ်ိဳးေမြးျမဴေရးစခန္းမ်ားတြင္ DYL အသားတုိး၀က္၊ Novogen Brown မိဘမ်ိဳး႐ုိးဥစားၾကက္၊ ႏုိ႔စားႏြားႏွင့္ ငါးေမြးျမဴထားရွိမႈ အေျခအေနမ်ား၊ ရာသီသီးႏွံစိုက္ခင္းမ်ား၊ ငွက္ေပ်ာႏွင့္ ဒန္႔သလြန္ပင္မ်ား စိုက္ပ်ိဳးထားရွိမႈ အေျခအေနမ်ား၊ Green House မ်ားျဖင့္ ေျမလႊာမဲ့ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးမႈ Hydroponic နည္းစနစ္ႏွင့္ စိုက္ပ်ိဳးထားရွိသည့္အေျခအေနမ်ား၊ စခန္းမ်ားမွ ထြက္ရွိသည့္ စုိက္ပ်ိဳးေရး ႏွင့္ ေမြးျမဴေရးထြက္ကုန္မ်ားအား စစ္သည္မိသားစုမ်ားႏွင့္ ၀န္ထမ္းမ်ားကို သက္သာစြာျဖင့္ ျဖန္႔ျဖဴးေရာင္းခ်ေပးႏုိင္မႈ၊ တုိင္းေရႊဂုံအေရာင္းဆိုင္မ်ားတြင္ ေဒသခံျပည္သူမ်ားကိုပါ သက္သာေခ်ာင္ခ်ိေသာေစ်းႏႈန္းျဖင့္ ေရာင္းခ်ေပးႏုိင္မႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္ပိုင္စုိက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းမ်ားသည္ စစ္သည္မိသားစုမ်ား၏ စားေရးကို တုိက္႐ုိက္အေထာက္အကူ ျပဳရမည္ျဖစ္ေၾကာင္း၊ ထုတ္လုပ္မႈကုန္က်စရိတ္ အနည္းဆုံးျဖစ္ေအာင္ စီမံေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ထုတ္လုပ္မႈတြင္ ဓာတုပစၥည္းမ်ားကင္းစင္ေစရန္လည္း ဂ႐ုျပဳလုပ္ေဆာင္ရန္လုိေၾကာင္း၊ Novogen Brown ဥစားၾကက္ႏွင့္ DYL အသားတုိး၀က္မ်ားအား မိဘမ်ိဳးရင္းမပ်က္ေအာင္ စီမံေဆာင္ရြက္ထားရမည္ျဖစ္ေၾကာင္း၊ ထုိ႔အတူ ႏုိ႔စားႏြားေမြးျမဴေရးကိုလည္း နည္းစနစ္မွန္ကန္စြာျဖင့္ ေကာင္ေရပမာဏမ်ားမ်ားကို စနစ္တက်ေမြးျမဴရန္လုိ ေၾကာင္းတုိ႔အား မွာၾကားသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖဲြ႕၀င္မ်ားသည္ Novogen Brown ၾကက္ဥေဖာက္စက္သို႔ သြားေရာက္၍ မ်ိဳးၾကက္ဥမ်ားအား ၀ပ္စက္၊ ေဖာက္စက္မ်ားျဖင့္ ၾကက္သားေပါက္မ်ား ထုတ္လုပ္ျဖန္႔ျဖဴးေနမႈအေျခအေနမ်ားအား ၾကည့္႐ႈ စစ္ေဆးသည္။ ဆက္လက္ၿပီး ေျမလႊာမဲ့ဟင္းသီးဟင္းရြက္စုိက္ပ်ိဳးနည္းစနစ္ Hydroponic System ျဖင့္ အုိးမုန္ညင္းပင္၊ င႐ုတ္ခ်ိဳပင္၊ ဆလတ္ပင္မ်ားအား ပ်ိဳးေထာင္ထားရွိမႈ စုိက္ပ်ိဳးစင္မ်ားအေပၚ ေျပာင္းေရႊ႕စိုက္ပ်ိဳးထားရွိမႈ အေျခအေနမ်ားအား လိုက္လံၾကည့္႐ႈစစ္ေဆး သည္။ Hydroponic နည္းစနစ္ျဖင့္ စိုက္ပ်ိဳးျခင္းသည္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏမ်ားျပား ေသာ္လည္း မည္သည့္ရာသီဥတုတြင္မဆုိ တစ္ႏွစ္ပတ္လုံးစိုက္ပ်ိဳးႏိုင္ျခင္း၊ စုိက္ပ်ိဳး ေျမရွားပါးလာေသာ ၿမိဳ႕ျပမ်ားတြင္ လတ္ဆတ္ေသာ ဟင္းသီးဟင္းရြက္မ်ားကုိ စုိက္ပ်ိဳးထုတ္လုပ္ ႏုိင္ျခင္း၊ စားသုံးမႈလုံၿခဳံစိတ္ခ်ရ၍ အာဟာရျပည့္၀ေသာ ဟင္းသီးဟင္းရြက္မ်ား စားသုံး ႏုိင္ျခင္းစသည့္ အက်ိဳးေက်းဇူးမ်ားရရွိႏုိင္ေၾကာင္း သိရွိရသည္။

အလားတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖဲြ႕၀င္မ်ားသည္ ယေန႔နံနက္ပိုင္းတြင္ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း၊ တာယာစက္႐ုံ(ရြာမ)သို႔ ေရာက္ရွိၾကၿပီး စက္႐ုံမွဴးက အစည္းအေ၀းခန္းမ၌ တာယာစက္႐ုံ၏ ရည္မွန္းခ်က္ႏွင့္ စက္႐ုံဆုိင္ရာ အခ်က္အလက္မ်ား၊ Truck and Bus Bias Tyre ၄ မ်ိဳး၊ Truck and Bus Radial Tyre ၈ မ်ိဳး၊ Passenger Car Radial Tyre ၁၂ မ်ိဳးႏွင့္ Special Tyre ၄ မ်ိဳး တို႔အား ထုတ္လုပ္ေရာင္းခ်မႈအေျခအေနမ်ားကို ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပည္ပမွ ႏွစ္စဥ္တာယာမ်ားစြာ တင္သြင္းေနရ၍ သြင္းကုန္အစားထုိးေဆာင္ရြက္သည့္ လုပ္ငန္းျဖစ္ေၾကာင္း၊ သို႔ျဖစ္၍ အျမတ္အစြန္းနည္းနည္းႏွင့္ ပမာဏမ်ားမ်ားထုတ္လုပ္၍ ကုန္ထုတ္လုပ္မႈတုိးျမႇင့္ျခင္းျဖင့္ စက္စြမ္းအားျပည့္၊ လုပ္သားအဆုိင္းျပည့္ လည္ပတ္ထုတ္လုပ္ႏုိင္ေအာင္ ႀကိဳးစားလုပ္ေဆာင္ေရး၊ တာယာေစ်းကြက္အား စနစ္တက်ေလ့လာသုေတသနျပဳလုပ္၍ ေရာင္းအား ျမႇင့္တင္ႏုိင္ေရးတုိ႔အား မွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖဲြ႕၀င္မ်ားသည္ ပုံစံ အသစ္ျဖင့္ ထုတ္လုပ္ထားသည့္ တာယာေပၚတြင္ အမွတ္တရလက္မွတ္ေရးထုိးၾကၿပီး စက္႐ုံအတြင္းလုပ္ငန္းေဆာင္ရြက္ေနမႈမ်ားအား လုိက္လံၾကည့္႐ႈခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။