တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Telecom International Myanmar Co.,Ltd.(MyTel) ရုံးချုပ်သို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ အောက်တိုဘာ ၁၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ဒဂုံမြို့နယ်ရှိ Telecom International Myanmar Co.,Ltd.(MyTel) ရုံးချုပ်သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် MyTel ရုံးချုပ်သို့ ရောက်ရှိကြရာ MyTel ၏ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများက ရုံးချုပ်အဝင်၌ ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အစည်းအဝေးခန်းမ၌ Video Conference System ဖြင့် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ Viettel Group ရုံးချုပ်မှ Viettel Group Chairman ဖြစ်သူ Maj. Gen. Nguyen Manh Hung နှင့် အပြန်အလှန်နှုတ်ဆက်စကားများ ပြောကြားကြသည်။

ဆက်လက်ပြီး MyTel ၏ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌက လက်ရှိဆောင်ရွက်နေ သော လုပ်ငန်းတိုးတက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တယ်လီဖုန်းဆက်သွယ်ရေးမှာ တိုင်းပြည်အတွက် အရေးကြီး ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ဆက်သွယ်ရေးစနစ်ကောင်းမွန်ရေးနှင့် လျှပ်စစ်ဓါတ်အားရရှိရေးတို့မှာ မရှိမဖြစ်လိုအပ် ကြောင်း၊ မည်သည့်လုပ်ငန်းလုပ်ကိုင်သည်ဖြစ်စေ အကျိုးအမြတ်ကိုအဓိကမထားဘဲ စေတနာထားလုပ်ကိုင် ဆောင်ရွက်ရန်လိုကြောင်း၊ MyTel လုပ်ငန်းများကိုလည်း စီးပွားရေး အရလုပ်ဆောင်ခြင်းထက် တိုင်းပြည်အတွက်တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရည်အသွေးတူညီနေလျှင် ဈေးနှုန်းသက်သာရမည်ဖြစ်ပြီး ဈေးနှုန်းချင်းတူညီနေပါက ပစ္စည်းအရည်အသွေးကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသများအထိ ဆက်သွယ်မှုရရှိအောင် ရည်မှန်းချက်ထားရှိဆောင်ရွက်ခြင်းသည် ကောင်းမွန်ပါကြောင်း၊ ရည်မှန်းချက်အောင်မြင်စေရန် လေ့လာသုတေသနပြုမှုများ ကို စနစ်တကျပြုလုပ်ကြရန်လိုကြောင်းဖြင့် အကြံပြုတိုက်တွန်းပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။

ထို့နောက် MyTel ၏ CEO ဖြစ်သူ Mr. Nguyen Thanh Nam က ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်သည်။ ၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် MyTel ၏ ရုံးဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုကြပြီး MyTel ရုံးချုပ်မှ တာဝန်ရှိသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြပါသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ Telecom International Myanmar Co.,Ltd.(MyTel) ႐ုံးခ်ဳပ္သို႔ သြားေရာက္ၾကည့္ရႈေလ့လာ

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ တာဝန္ရွိသူမ်ားလိုက္ပါ၍ ယေန႔ မြန္းလြဲပိုင္းတြင္ ဒဂုံၿမိဳ႕နယ္ရွိ Telecom International Myanmar Co.,Ltd.(MyTel) ႐ုံးခ်ဳပ္သို႔ သြားေရာက္ၾကည့္ရႈေလ့လာၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ MyTel ႐ုံးခ်ဳပ္သို႔ ေရာက္ရွိၾကရာ MyTel ၏ အမႈေဆာင္အဖြဲ႕ဥကၠ႒ႏွင့္ ဝန္ထမ္းမ်ားက ႐ုံးခ်ဳပ္အဝင္၌ ခရီးဦးႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ အစည္းအေဝးခန္းမ၌ Video Conference System ျဖင့္ ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕ရွိ Viettel Group ႐ုံးခ်ဳပ္မွ Viettel Group Chairman ျဖစ္သူ Maj. Gen. Nguyen Manh Hung ႏွင့္ အျပန္အလွန္ႏႈတ္ဆက္စကားမ်ား ေျပာၾကားၾကသည္။

ဆက္လက္ၿပီး MyTel ၏ အမႈေဆာင္အဖြဲ႕ဥကၠ႒က လက္ရွိေဆာင္႐ြက္ေန ေသာ လုပ္ငန္းတိုးတက္ၿပီးစီးမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တယ္လီဖုန္းဆက္သြယ္ေရးမွာ တိုင္းျပည္အတြက္ အေရးႀကီး ေၾကာင္း၊ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လမ္းပန္းဆက္သြယ္မႈေကာင္းမြန္ေရး၊ ဆက္သြယ္ေရးစနစ္ေကာင္းမြန္ေရးႏွင့္ လွ်ပ္စစ္ဓါတ္အားရရွိေရးတို႔မွာ မရွိမျဖစ္လိုအပ္ ေၾကာင္း၊ မည္သည့္လုပ္ငန္းလုပ္ကိုင္သည္ျဖစ္ေစ အက်ိဳးအျမတ္ကိုအဓိကမထားဘဲ ေစတနာထားလုပ္ကိုင္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ MyTel လုပ္ငန္းမ်ားကိုလည္း စီးပြားေရး အရလုပ္ေဆာင္ျခင္းထက္ တိုင္းျပည္အတြက္တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ အရည္အေသြးတူညီေနလွ်င္ ေဈးႏႈန္းသက္သာရမည္ျဖစ္ၿပီး ေဈးႏႈန္းခ်င္းတူညီေနပါက ပစၥည္းအရည္အေသြးေကာင္းမြန္ရမည္ျဖစ္ေၾကာင္း၊ ေက်းလက္ေဒသမ်ားအထိ ဆက္သြယ္မႈရရွိေအာင္ ရည္မွန္းခ်က္ထားရွိေဆာင္႐ြက္ျခင္းသည္ ေကာင္းမြန္ပါေၾကာင္း၊ ရည္မွန္းခ်က္ေအာင္ျမင္ေစရန္ ေလ့လာသုေတသနျပဳမႈမ်ား ကို စနစ္တက်ျပဳလုပ္ၾကရန္လိုေၾကာင္းျဖင့္ အႀကံျပဳတိုက္တြန္းေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဧည့္သည္ေတာ္မွတ္တမ္း စာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထိုးသည္။

ထို႔ေနာက္ MyTel ၏ CEO ျဖစ္သူ Mr. Nguyen Thanh Nam က ေက်းဇူးတင္ စကားျပန္လည္ေျပာၾကားၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား အမွတ္တရ လက္ေဆာင္ပစၥည္းေပးအပ္သည္။ ၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ MyTel ၏ ႐ုံးဖြဲ႕စည္းေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ားအား လိုက္လံၾကည့္ရႈၾကၿပီး MyTel ႐ုံးခ်ဳပ္မွ တာဝန္ရွိသူမ်ားႏွင့္အတူ အမွတ္တရစုေပါင္း ဓာတ္ပုံ႐ိုက္ခဲ့ၾကပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။