ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး

နေပြည်တော်၊ အောက်တိုဘာ – ၁၂

လုံခြုံရေးထိန်းသိမ်းဆောင်ရွက်မှုသည် လူ့အခွင့်အရေးစောင့်ရှောက်မှု၊ လူသားချင်းစာနာထောက်ထားမှု အတွက် အရေးကြီးသည့်လုပ်ဆောင်မှုအဖြစ်ရှုမြင်ကြောင်း၊ လုံခြုံမှုမရှိပါက မည်သည့်လူသားချင်း စာနာ ထောက်ထားမှုလုပ်ငန်းကိုမျှ အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်းဖြင့် ယနေ့ညနေပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးကိစ္စများအားအမြင်ချင်းဖလှယ် ဆွေးနွေးရာတွင် မြန်မာနိုင်ငံ ဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr. Tateshi HIGUCHI က ဘူးသီးတောင်၊ မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်တွင် မြန်မာ့ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ဆောင်ချက် အပေါ်သုံးသပ် ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးနှင့်အတူ ဒုတိယသံအမတ်ကြီး Mr. Ichiro MARUYAMA တို့တက်ရောက်သည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာဂျပန်နိုင်ငံသံအမတ်ကြီးက ဂျပန်နိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏အကျပ်အတည်းကို နားလည်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်၏လုံခြုံရေးဆိုင်ရာများကို အပြု သဘောဖြင့် လုပ်ဆောင်နေသည်ကို သိရှိပြီးထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ၏နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ရပ်တည်ချက်မပြောင်းလဲဘဲ ဆက်လက်ကူညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတကာတွင်ဖြစ်ပေါ်နေသော သတင်းအချက် အလက်များအပေါ်မူတည်ပြီး ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေး ကိစ္စအား ဆွေးနွေးရန်လုပ်ဆောင်နေကြောင်း၊ တစ်ချို့ အချက်အလက်များသည် မြန်မာ နိုင်ငံအစိုးရနှင့် တပ်မတော်၏အမှန်တကယ်လုပ်ဆောင်မှုများနှင့်လွဲမှားနေသဖြင့် ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့်ပတ်သက်၍ အခြေအနေမှန်များကို ကမ္ဘာကသိရှိအောင်လုပ်ဆောင်ရန်လိုကြောင်းဖြင့် အကြံပြုဆွေးနွေးသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့တန်ဖိုးရှိသော အပြု သဘောဆောင်သည့် အကြံပြု ချက်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဂျပန်နိုင်ငံအစိုးရ ၏ မြန်မာနိုင်ငံအစိုးရနှင့် မြန်မာ့တပ်မတော်၏ လုပ်ဆောင်ချက်များကို သိရှိနားလည်မှု အတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြား၍ ၂၀၁၆ ခုနှစ် အောက်တိုဘာ လ ၉ ရက်တွင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖြင့် စစ်ဆေး ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့်လည်း တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သည့်အဖွဲ့ဖြင့်စစ်ဆေးပြီး နိုင်ငံတော်အစိုးရထံ တင်ပြခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း စစ်ဆေးတွေ့ရှိချက်များအား တိုင်းပြည်ကိုအသိပေးခဲ့ကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သြဂုတ်လ ၂၅ ရက်နေ့ဖြစ်စဉ် မှာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ လ ၉ ရက်နေ့ဖြစ်စဉ်နောက်ပိုင်း အချိန်ယူကြိုတင်ပြင်ဆင်၍ လူအင်အားများစွာဖြင့် လုံခြုံရေးရဲကင်းများနှင့် တပ်ဌာနချုပ်တစ်ခုအား တစ်ချိန်တည်းတစ်ပြိုင်တည်း သာလွန်သည့်အင်အားဖြင့် အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် လည်း လုံခြုံရေးတာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့် စည်းကမ်းတကျဖြင့် ခုခံကာကွယ် ထိန်းသိမ်း နိုင်ခဲ့ကြောင်း၊ ထိုသို့ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အကြမ်းဖက်ဘင်္ဂါလီတစ်ချို့ ထိခိုက် သေဆုံးမှုရှိသော်လည်း စက်တင်ဘာလ ၅ ရက်နေ့နောက်ပိုင်းတွင် အကြမ်းဖက်မှုဖြစ်စဉ်များ လုံးဝဖြစ် ပွားခြင်းမရှိတော့ဘဲ ယင်းအကြမ်းဖက်အဖွဲ့များ တစ်ဖက်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ပြောကြားသည်။

ယင်းနောက် အဆိုပါသြဂုတ်လ ၂၅ ရက်နေ့မှစတင်ဖြစ်ပွားခဲ့သည့် အကြမ်း ဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍လည်း စက်တင်ဘာလအတွင်းတွင်ပင် တပ်မတော်အနေဖြင့် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ခေါင်းဆောင်သောအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ သက်သေများစွာကိုစစ်ဆေး၍ မည်သည့်အတွက်ဖြစ်သည်၊ မည်ကဲ့သို့ ဖြစ်ပျက်ခဲ့သည်၊ ထိခိုက်သေဆုံးမှုမည်မျှရှိသည်နှင့် ယင်းဖြစ်စဉ်များသည် တရားဥပဒေ နှင့် ညီညွတ်မှု ရှိ/မရှိတို့အားစိစစ်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို အချက်အလက်များ ပိုမိုပြည့်စုံစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ဖြစ်စဉ်ဖြစ်ပွားနေချိန်တွင်ပင် လုံခြုံရေးတပ်ဖွဲ့ များအား ဥပဒေနှင့်အညီတိကျစွာအရေးယူ ဆောင်ရွက်ရန်ညွှန်ကြားကြပ်မတ်လုပ်ဆောင်ခဲ့ခြင်း၊ လုံခြုံရေး တပ်ဖွဲ့အင်အားကိုလည်း အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် တရားဥပဒေနှင့် အညီဖြစ် သည်ကို စစ်ဆေး တွေ့ရှိရကြောင်းပြောကြားပြီး အစွန်းရောက်ဘင်္ဂါလီများ၏ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ သြဂုတ်လ ၂၅ ရက်နေ့ တစ်ရက်တည်းတွင် တိုက်ခိုက်မှုဖြစ်စဉ် ၃၈ ခုဖြစ်ပွားခဲ့ပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ တပ်မတော်သား ၁ ဦးကျဆုံး၍ ဝန်ထမ်း ၂ ဦး အသတ်ခံရကြောင်း၊ စက်တင်ဘာလ ၅ ရက်နေ့အထိဖြစ်စဉ်စုစုပေါင်း ၉၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံတိုင်းရင်းသား ၂၃ ဦး အသတ်ခံရကြောင်း၊ ဟိန္ဒူဘာသာဝင် ၉၂ ဦးအသတ်ခံရပြီးရုပ်အလောင်း ၄၅ လောင်း တူးဖေါ်ရရှိကြောင်း၊ ပျောက်ဆုံးနေသူ ဟိန္ဒူဘာသာဝင် ၁၉၂ ဦးကိုလည်း ယနေ့အထိ ပြန်လည်ရှာဖွေမတွေ့ရှိသေးကြောင်း၊ အစိုးရအုပ်ချုပ်ရေးအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်ဆက်သွယ်သဖြင့် ယင်းကိုအကြောက် တရားဖြင့် ထိန်းချုပ်နိုင်ရန် ဘင်္ဂါလီအချင်းချင်း လည်လှီးသတ်ဖြတ်မှုကြောင့် သေဆုံးသူ ၃၂ ယောက်ရှိကြောင်း၊ မိမိလုံခြုံရေးတပ်ဖွဲ့ဝင်များ အချိန်မီရောက်ရှိခဲ့သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အသက်များစွာကို ကာကွယ်ပေးနိုင်ခဲ့ကြောင်း ၊ယင်းဖြစ်စဉ်များကို ARSA အဖွဲ့နှင့် ၎င်းတို့စည်းရုံးထားသော ဒေသခံဘင်္ဂါလီများက ကျူးလွန်ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ၎င်းင်းတို့နှင့် ဘာသာတူ၊ လူမျိုးတူ၊ ယဉ်ကျေးမှုတူသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သို့ ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်မှုတွင်မပါဝင်သဖြင့် ထွက်ပြေးတိမ်းရှောင်မှုမရှိသည့် ဘင်္ဂါလီရွာများလည်းရှိကြောင်း၊ တစ်ချို့တစ်ဝက်ပါဝင်၍ ထွက်ပြေးသောရွာများ၊ တစ်ရွာလုံးပါဝင်၍ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်မှု များလည်းရှိနိုင်ကြောင်းရှင်းလင်းပြောကြားသည်။

၎င်းနောက် ဂျပန်နိုင်ငံသံအမတ်ကြီးက ယင်းဖြစ်စဉ်မှန်များကို နိုင်ငံတကာက သိရှိအောင်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက မမှန်ကန်သည့် သတင်းအချက် အလက်များအပေါ်သုံးသပ်၍ မြန်မာ နိုင်ငံအပေါ် ဆုံးဖြတ်ချက်ချမှုဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေရှင်းလင်း လုံခြုံရေးလုပ်ဆောင်မှုများကို လိုအပ်ချက် အရလုပ်ဆောင်ခြင်းဖြစ်သော်လည်း တစ်ဖက်တွင် ရလာဒ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အင်အား ၅ သိန်းခန့် ထွက်ပြေးတိမ်းရှောင်သွား၍ လူသားချင်းစာနာမှုရှုထောင့်အရ လိုအပ်ချက်များစွာဖြစ်ပေါ်နေကြောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့်အဖွဲ့ဖြင့် ကူညီထောက်ပံ့မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု များပြုလုပ် ပေးနေသည်ကိုလည်း ရခိုင်ပြည်နယ်ခရီးစဉ် တွင် တွေ့မြင်ခဲ့ရပါကြောင်း၊ ယင်းလုပ်ဆောင်ချက်များကိုလည်း နိုင်ငံတကာကသိရှိ အောင်လုပ်ဆောင်ရန်လိုအပ်ကြောင်း အကြံပြုဆွေးနွေးသည်။

ဆွေးနွေးချက်များအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ အတွင်းရှိ နေရပ်ရှောင် ရခိုင်လူမျိုးများ၊ ဒေသခံတိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် ဘင်္ဂါလီများကိုပါ ထောက်ပံ့မှုများ၊ ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးနေကြောင်း၊ တပ်မတော်မှဦးဆောင်၍ စေတနာရှင်အလှူရှင်များ မှလှူဒါန်းသည့် ပစ္စည်းများ၊ ငွေကြေး များဖြင့် ထောက်ပံ့မှုများကိုလည်း တပ်မတော်လေယာဉ်၊ ရေယာဉ်များဖြင့် ခေါက်ရေများစွာပို့ဆောင်၍ လိုအပ်နေသည့်နေရာများသို့ အရောက်ပို့ဆောင်ထောက်ပံ့ပေးနေ ကြောင်း၊ မြန်မာ့ပိုင်နက်နယ်မြေကျော်လွန်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများ မှာလည်း မိမိတို့မှ ထွက်ပြေးစေရန်မောင်းနှင်ထုတ်ခြင်းလုံးဝမရှိကြောင်း၊ မိမိတို့နိုင်ငံ တွင်လူမျိုးတုံးသတ်ဖြတ်မှု လည်းလုံး၀ မရှိကြောင်း၊ ယင်းဘင်္ဂါလီများအနေဖြင့် ကြောက်ရွံ့ထိတ်လန့်၍ပြေးခြင်းမျိုးမဟုတ်ဘဲ အေးဆေးစွာထွက်ခွာ သွားခြင်း ဖြစ်သည်ကို ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရကြောင်း၊ အစိုးရအုပ်ချုပ်ရေးမှ တာဝန်ရှိသူများက ထွက်ခွာခြင်းမပြုရန်ပြောဆိုသည်ကိုပင် လက်မခံကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများ ကိုလည်း ၁၉၉၃ ခုနှစ်တွင် နှစ်နိုင်ငံ ညှိနှိုင်းသဘောတူညီချက်များအရ ပြန်လည်လက်ခံသွားရန်ရှိကြောင်း၊ သို့သော် ၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်လိုအပ်ကြောင်း ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်နိုင်ငံ သံအမတ်ကြီးတို့သည် တက်ရောက် လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက် ခဲ့ကြသည်။

(Zawgyi Version)

ရခိုင္ျပည္နယ္အေရးႏွင့္ပတ္သက္၍ ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြး

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၁၂

လုံၿခဳံေရးထိန္းသိမ္းေဆာင္ရြက္မႈသည္ လူ႔အခြင့္အေရးေစာင့္ေရွာက္မႈ၊ လူသားခ်င္းစာနာေထာက္ထားမႈ အတြက္ အေရးႀကီးသည့္လုပ္ေဆာင္မႈအျဖစ္႐ႈျမင္ေၾကာင္း၊ လုံၿခဳံမႈမရွိပါက မည္သည့္လူသားခ်င္း စာနာ ေထာက္ထားမႈလုပ္ငန္းကုိမွ် အေကာင္အထည္ ေဖၚေဆာင္ရြက္ႏုိင္မည္မဟုတ္ေၾကာင္းျဖင့္ ယေန႔ညေနပုိင္း တြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ေတြ႕ဆုံၿပီး ရခုိင္ျပည္နယ္အေရးကိစၥမ်ားအားအျမင္ခ်င္းဖလွယ္ ေဆြးေႏြးရာတြင္ ျမန္မာႏုိင္ငံ ဆုိင္ရာဂ်ပန္ႏိုင္ငံသံအမတ္ႀကီး H.E.Mr. Tateshi HIGUCHI က ဘူးသီးေတာင္၊ ေမာင္ေတာေဒသ အၾကမ္းဖက္မႈျဖစ္စဥ္တြင္ ျမန္မာ့ တပ္မေတာ္ႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕မ်ား၏ လုပ္ေဆာင္ခ်က္ အေပၚသုံးသပ္ ေျပာၾကားသည္။

အဆုိပါ ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ပန္ႏုိင္ငံသံအမတ္ႀကီးႏွင့္အတူ ဒုတိယသံအမတ္ႀကီး Mr. Ichiro MARUYAMA တုိ႔တက္ေရာက္သည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ဦးစြာဂ်ပန္ႏုိင္ငံသံအမတ္ႀကီးက ဂ်ပန္ႏုိင္ငံအစုိးရအေနျဖင့္ ရခိုင္ျပည္နယ္ ေျမာက္ပုိင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ျမန္မာႏုိင္ငံ၏အက်ပ္အတည္းကုိ နားလည္ပါေၾကာင္း၊ ျမန္မာႏုိင္ငံအစုိးရႏွင့္ တပ္မေတာ္၏လုံၿခဳံေရးဆုိင္ရာမ်ားကုိ အျပဳ သေဘာျဖင့္ လုပ္ေဆာင္ေနသည္ကုိ သိရွိၿပီးေထာက္ခံပါေၾကာင္း၊ ျမန္မာႏုိင္ငံ၏ႏုိင္ငံ တည္ေဆာက္ေရးလုပ္ငန္းမ်ားကုိလည္း ရပ္တည္ခ်က္မေျပာင္းလဲဘဲ ဆက္လက္ကူညီ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ သုိ႔ေသာ္လည္း ႏုိင္ငံတကာတြင္ျဖစ္ေပၚေနေသာ သတင္းအခ်က္ အလက္မ်ားအေပၚမူတည္ၿပီး ကမၻာ့ကုလသမဂၢလုံၿခဳံေရးေကာင္စီတြင္ ျမန္မာႏုိင္ငံ ရခုိင္ျပည္နယ္အေရး ကိစၥအား ေဆြးေႏြးရန္လုပ္ေဆာင္ေနေၾကာင္း၊ တစ္ခ်ိဳ႕ အခ်က္အလက္မ်ားသည္ ျမန္မာ ႏုိင္ငံအစုိးရႏွင့္ တပ္မေတာ္၏အမွန္တကယ္လုပ္ေဆာင္မႈမ်ားႏွင့္လြဲမွားေနသျဖင့္ ရခုိင္ျပည္နယ္ျဖစ္စဥ္ႏွင့္ပတ္သက္၍ အေျခအေနမွန္မ်ားကုိ ကမၻာကသိရွိေအာင္လုပ္ေဆာင္ရန္လုိေၾကာင္းျဖင့္ အႀကံျပဳေဆြးေႏြးသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုကဲ့သုိ႔တန္ဖုိးရွိေသာ အျပဳ သေဘာေဆာင္သည့္ အႀကံျပဳ ခ်က္အတြက္ ၀မ္းေျမာက္ပါေၾကာင္း၊ ဂ်ပန္ႏုိင္ငံအစုိးရ ၏ ျမန္မာႏုိင္ငံအစုိးရႏွင့္ ျမန္မာ့တပ္မေတာ္၏ လုပ္ေဆာင္ခ်က္မ်ားကုိ သိရွိနားလည္မႈ အတြက္လည္း ေက်းဇူးတင္ရွိေၾကာင္း ျပန္လည္ေျပာၾကား၍ ၂၀၁၆ ခုႏွစ္ ေအာက္တုိဘာ လ ၉ ရက္တြင္ျဖစ္ပြားခဲ့သည့္ ရခုိင္ျပည္နယ္ေျမာက္ပုိင္း အၾကမ္းဖက္မႈျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ႏုိင္ငံေတာ္ဒုတိယသမၼတ ဦးျမင့္ေဆြဦးေဆာင္သည့္ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ျဖင့္ စစ္ေဆး ခဲ့ေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း တပ္မေတာ္စစ္ေဆးေရးအရာရွိခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေအး၀င္း ဦးေဆာင္သည့္အဖြဲ႕ျဖင့္စစ္ေဆးၿပီး ႏုိင္ငံေတာ္အစုိးရထံ တင္ျပခဲ့ေၾကာင္း၊ ႏုိင္ငံေတာ္အစုိးရအေနျဖင့္လည္း စစ္ေဆးေတြ႕ရွိခ်က္မ်ားအား တုိင္းျပည္ကုိအသိေပးခဲ့ေၾကာင္းရွင္းလင္းေျပာၾကားသည္။

ဆက္လက္၍ ၾသဂုတ္လ ၂၅ ရက္ေန႔ျဖစ္စဥ္ မွာ ၂၀၁၆ ခုႏွစ္၊ ေအာက္တုိဘာ လ ၉ ရက္ေန႔ျဖစ္စဥ္ေနာက္ပုိင္း အခ်ိန္ယူႀကိဳတင္ျပင္ဆင္၍ လူအင္အားမ်ားစြာျဖင့္ လုံၿခဳံေရးရဲကင္းမ်ားႏွင့္ တပ္ဌာနခ်ဳပ္တစ္ခုအား တစ္ခ်ိန္တည္းတစ္ၿပိဳင္တည္း သာလြန္သည့္အင္အားျဖင့္ အၾကမ္းဖက္တုိက္ခုိက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ သုိ႔ေသာ္ လည္း လုံၿခဳံေရးတာ၀န္ရွိသည့္ အဖြဲ႕အစည္းမ်ားအေနျဖင့္ စည္းကမ္းတက်ျဖင့္ ခုခံကာကြယ္ ထိန္းသိမ္း ႏုိင္ခဲ့ေၾကာင္း၊ ထုိသုိ႔ထိန္းသိမ္းေဆာင္ရြက္ႏုိင္ခဲ့ျခင္းေၾကာင့္ အၾကမ္းဖက္ဘဂၤါလီတစ္ခ်ိဳ႕ ထိခိုက္ ေသဆုံးမႈရွိေသာ္လည္း စက္တင္ဘာလ ၅ ရက္ေန႔ေနာက္ပုိင္းတြင္ အၾကမ္းဖက္မႈျဖစ္စဥ္မ်ား လုံး၀ျဖစ္ ပြားျခင္းမရွိေတာ့ဘဲ ယင္းအၾကမ္းဖက္အဖြဲ႕မ်ား တစ္ဖက္ႏုိင္ငံဘက္သုိ႔ ထြက္ေျပးတိမ္းေရွာင္သြားခဲ့ေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ အဆုိပါၾသဂုတ္လ ၂၅ ရက္ေန႔မွစတင္ျဖစ္ပြားခဲ့သည့္ အၾကမ္း ဖက္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍လည္း စက္တင္ဘာလအတြင္းတြင္ပင္ တပ္မေတာ္အေနျဖင့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးတစ္ဦး ေခါင္းေဆာင္ေသာအဖြဲ႕ျဖင့္ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး ျဖစ္ေၾကာင္း၊ သက္ေသမ်ားစြာကုိစစ္ေဆး၍ မည္သည့္အတြက္ျဖစ္သည္၊ မည္ကဲ့သုိ႔ ျဖစ္ပ်က္ခဲ့သည္၊ ထိခိုက္ေသဆုံးမႈမည္မွ်ရွိသည္ႏွင့္ ယင္းျဖစ္စဥ္မ်ားသည္ တရားဥပေဒ ႏွင့္ ညီၫြတ္မႈ ရွိ/မရွိတုိ႔အားစိစစ္ခဲ့ၿပီး စုံစမ္းစစ္ေဆးေရးအဖြဲ႕၏ အစီရင္ခံစာကုိ အခ်က္အလက္မ်ား ပုိမုိျပည့္စုံေစရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ မိမိတုိ႔အေနျဖင့္ ျဖစ္စဥ္ျဖစ္ပြားေနခ်ိန္တြင္ပင္ လုံၿခဳံေရးတပ္ဖြဲ႕ မ်ားအား ဥပေဒႏွင့္အညီတိက်စြာအေရးယူ ေဆာင္ရြက္ရန္ၫႊန္ၾကားၾကပ္မတ္လုပ္ေဆာင္ခဲ့ျခင္း၊ လုံၿခဳံေရး တပ္ဖြဲ႕အင္အားကုိလည္း အနည္းဆုံးျဖစ္ေအာင္ စီမံေဆာင္ရြက္ခဲ့ျခင္းတုိ႔ေၾကာင့္ တရားဥပေဒႏွင့္ အညီျဖစ္ သည္ကုိ စစ္ေဆး ေတြ႕ရွိရေၾကာင္းေျပာၾကားၿပီး အစြန္းေရာက္ဘဂၤါလီမ်ား၏ အၾကမ္းဖက္ တုိက္ခိုက္မႈ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ၾသဂုတ္လ ၂၅ ရက္ေန႔ တစ္ရက္တည္းတြင္ တုိက္ခိုက္မႈျဖစ္စဥ္ ၃၈ ခုျဖစ္ပြားခဲ့ၿပီး လုံၿခဳံေရးရဲတပ္ဖြဲ႔၀င္ ၁၁ ဦး၊ တပ္မေတာ္သား ၁ ဦးက်ဆုံး၍ ၀န္ထမ္း ၂ ဦး အသတ္ခံရေၾကာင္း၊ စက္တင္ဘာလ ၅ ရက္ေန႔အထိျဖစ္စဥ္စုစုေပါင္း ၉၄ ႀကိမ္ျဖစ္ပြားခဲ့ၿပီး ေဒသခံတုိင္းရင္းသား ၂၃ ဦး အသတ္ခံရေၾကာင္း၊ ဟိႏၵဴဘာသာ၀င္ ၉၂ ဦးအသတ္ခံရၿပီး႐ုပ္အေလာင္း ၄၅ ေလာင္း တူးေဖၚရရွိေၾကာင္း၊ ေပ်ာက္ဆုံးေနသူ ဟိႏၵဴဘာသာ၀င္ ၁၉၂ ဦးကုိလည္း ယေန႔အထိ ျပန္လည္ရွာေဖြမေတြ႕ရွိေသးေၾကာင္း၊ အစုိးရအုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕၀င္ မ်ားႏွင့္ဆက္သြယ္သျဖင့္ ယင္းကုိအေၾကာက္ တရားျဖင့္ ထိန္းခ်ဳပ္ႏုိင္ရန္ ဘဂၤါလီအခ်င္းခ်င္း လည္လွီးသတ္ျဖတ္မႈေၾကာင့္ ေသဆုံးသူ ၃၂ ေယာက္ရွိေၾကာင္း၊ မိမိလုံျခံဳေရးတပ္ဖြဲ႕၀င္မ်ား အခ်ိန္မီေရာက္ရွိခဲ့သျဖင့္ ေဒသခံတုိင္းရင္းသားျပည္သူမ်ားႏွင့္ ရဲတပ္ဖြဲ႕၀င္မ်ား၏ အသက္မ်ားစြာကုိ ကာကြယ္ေပးႏုိင္ခဲ့ေၾကာင္း ၊ယင္းျဖစ္စဥ္မ်ားကုိ ARSA အဖြဲ႔ႏွင့္ ၎တုိ႔စည္း႐ုံးထားေသာ ေဒသခံဘဂၤါလီမ်ားက က်ဴးလြန္ျခင္းျဖစ္ေၾကာင္း၊ သုိ႔ျဖစ္၍ ၎င္းတုိ႔ႏွင့္ ဘာသာတူ၊ လူမ်ိဳးတူ၊ ယဥ္ေက်းမႈတူသည့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ သုိ႔ ထြက္ေျပးတိမ္းေရွာင္သြားျခင္းျဖစ္ေၾကာင္း၊ အၾကမ္းဖက္မႈတြင္မပါ၀င္သျဖင့္ ထြက္ေျပးတိမ္းေရွာင္မႈမရွိသည့္ ဘဂၤါလီရြာမ်ားလည္းရွိေၾကာင္း၊ တစ္ခ်ိဳ႕တစ္၀က္ပါ၀င္၍ ထြက္ေျပးေသာရြာမ်ား၊ တစ္ရြာလုံးပါ၀င္၍ ရြာလုံးကြၽတ္ထြက္ေျပးတိမ္းေရွာင္မႈ မ်ားလည္းရွိႏုိင္ေၾကာင္းရွင္းလင္းေျပာၾကားသည္။

၎ေနာက္ ဂ်ပန္ႏုိင္ငံသံအမတ္ႀကီးက ယင္းျဖစ္စဥ္မွန္မ်ားကုိ ႏုိင္ငံတကာက သိရွိေအာင္လုပ္ေဆာင္ရန္ လုိအပ္ေၾကာင္း၊ သုိ႔မဟုတ္ပါက မမွန္ကန္သည့္ သတင္းအခ်က္ အလက္မ်ားအေပၚသုံးသပ္၍ ျမန္မာ ႏုိင္ငံအေပၚ ဆုံးျဖတ္ခ်က္ခ်မႈျဖစ္ႏုိင္ေၾကာင္း၊ ျမန္မာႏုိင္ငံလုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ား၏ နယ္ေျမရွင္းလင္း လုံၿခဳံေရးလုပ္ေဆာင္မႈမ်ားကုိ လုိအပ္ခ်က္ အရလုပ္ေဆာင္ျခင္းျဖစ္ေသာ္လည္း တစ္ဖက္တြင္ ရလာဒ္အျဖစ္ ဘဂၤလားေဒ့ရွ္ႏုိင္ငံသုိ႔ အင္အား ၅ သိန္းခန္႔ ထြက္ေျပးတိမ္းေရွာင္သြား၍ လူသားခ်င္းစာနာမႈ႐ႈေထာင့္အရ လုိအပ္ခ်က္မ်ားစြာျဖစ္ေပၚေနေၾကာင္း၊ လူမႈ၀န္ထမ္းကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာ ခ်ထားေရး၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအး ဦးေဆာင္သည့္အဖြဲ႔ျဖင့္ ကူညီေထာက္ပ့ံမႈမ်ား၊ က်န္းမာေရးေစာင့္ေရွာက္မႈ မ်ားျပဳလုပ္ ေပးေနသည္ကုိလည္း ရခုိင္ျပည္နယ္ခရီးစဥ္ တြင္ ေတြ႕ျမင္ခဲ့ရပါေၾကာင္း၊ ယင္းလုပ္ေဆာင္ခ်က္မ်ားကုိလည္း ႏုိင္ငံတကာကသိရွိ ေအာင္လုပ္ေဆာင္ရန္လုိအပ္ေၾကာင္း အႀကံျပဳေဆြးေႏြးသည္။

ေဆြးေႏြးခ်က္မ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံ အတြင္းရွိ ေနရပ္ေရွာင္ ရခုိင္လူမ်ိဳးမ်ား၊ ေဒသခံတုိင္းရင္းသားမ်ား၊ ဟိႏၵဴဘာသာ၀င္မ်ားႏွင့္ ဘဂၤါလီမ်ားကုိပါ ေထာက္ပံ့မႈမ်ား၊ ေဆး၀ါးကုသမႈမ်ား လုပ္ေဆာင္ေပးေနေၾကာင္း၊ တပ္မေတာ္မွဦးေဆာင္၍ ေစတနာရွင္အလွဴရွင္မ်ား မွလွဴဒါန္းသည့္ ပစၥည္းမ်ား၊ ေငြေၾကး မ်ားျဖင့္ ေထာက္ပံ့မႈမ်ားကုိလည္း တပ္မေတာ္ေလယာဥ္၊ ေရယာဥ္မ်ားျဖင့္ ေခါက္ေရမ်ားစြာပုိ႔ေဆာင္၍ လုိအပ္ေနသည့္ေနရာမ်ားသုိ႔ အေရာက္ပုိ႔ေဆာင္ေထာက္ပံ့ေပးေန ေၾကာင္း၊ ျမန္မာ့ပုိင္နက္နယ္ေျမေက်ာ္လြန္ၿပီး ဘဂၤလားေဒ့ရွ္ႏုိင္္ငံသုိ႔ ေရာက္ရွိေနသူမ်ား မွာလည္း မိမိတုိ႔မွ ထြက္ေျပးေစရန္ေမာင္းႏွင္ထုတ္ျခင္းလုံး၀မရွိေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ တြင္လူမ်ိဳးတုံးသတ္ျဖတ္မႈ လည္းလုံး၀ မရွိေၾကာင္း၊ ယင္းဘဂၤါလီမ်ားအေနျဖင့္ ေၾကာက္ရြံ႕ထိတ္လန္႔၍ေျပးျခင္းမ်ိဳးမဟုတ္ဘဲ ေအးေဆးစြာထြက္ခြာ သြားျခင္း ျဖစ္သည္ကုိ ဓာတ္ပုံမွတ္တမ္းမ်ားတြင္ ေတြ႕ရေၾကာင္း၊ အစုိးရအုပ္ခ်ဳပ္ေရးမွ တာ၀န္ရွိသူမ်ားက ထြက္ခြာျခင္းမျပဳရန္ေျပာဆုိသည္ကုိပင္ လက္မခံေၾကာင္း၊ ဘဂၤလားေဒ့ရွ္ႏုိင္ငံသုိ႔ ထြက္ေျပးသြားသူမ်ား ကုိလည္း ၁၉၉၃ ခုႏွစ္တြင္ ႏွစ္ႏုိင္ငံ ၫႇိႏႈိင္းသေဘာတူညီခ်က္မ်ားအရ ျပန္လည္လက္ခံသြားရန္ရွိေၾကာင္း၊ သို႔ေသာ္ ၎တုိ႔ အေနျဖင့္ ျမန္မာႏုိင္ငံ၏ တည္ဆဲဥပေဒမ်ားကုိ ေလးစားလုိက္နာရန္လုိအပ္ေၾကာင္း ေဆြးေႏြး ေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဂ်ပန္ႏုိင္ငံ သံအမတ္ႀကီးတုိ႔သည္ တက္ေရာက္ လာၾကသူမ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။