ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လက်ခံလိုက်ပါမှုနှင့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းမှုများ အပေါ်တွင် အခြေခံပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ဖြစ်နိုင်သည်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

နေပြည်တော်၊ အောက်တိုဘာ – ၁၆

တပ်မတော်၏အရိုးရှင်းဆုံးဆန္ဒမှာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လက်ခံလိုက်ပါမှုနှင့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းမှုများအပေါ်တွင်အခြေခံပြီး ငြိမ်းချမ်း ရေးနှင့်ပတ်သက်၍ဖြစ်နိုင်သည်များကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ PPST အနေဖြင့်လည်း တစ်ဖွဲ့ချင်းအနေဖြင့် မတူညီသောဆန္ဒများရှိနိုင်သော်လည်း တစ်နိုင်ငံလုံးနှင့်ပတ်သက်၍ ခြုံငုံပြီးကျယ်ကျယ်ပြန့်ပြန့် စဉ်းစား လုပ်ဆောင်စေလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကရင် အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST) မှ အဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ်ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST) ဥက္ကဋ္ဌ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/ SSA) ဥက္ကဋ္ဌ ဦးရွက်ဆစ်၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာ၊ ချင်းအမျိုးသားတပ်ဦး(CNF) မှ လျှံမှုန်းဆာခေါင်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA (PC)) ဗဟိုကော်မတီဝင် နော်ကပေါ်ထူး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲနှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(KKO) ဥက္ကဋ္ဌ စောမူရှေးတို့တက် ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NCA ၂ နှစ်ပြည့် အခမ်းအနားတွင် ငြိမ်းချမ်းရေး ကိုလိုလားသူ၊ ဆက်လက်လုပ်ဆောင်လိုသူများ စုံညီစွာ တက်ရောက်ခဲ့မှုအတွက် ဝမ်းမြောက်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေး အမှန်တကယ်ရယူလိုကြောင်းကို ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး စတင်ကမ်းလှမ်းစဉ်ကပင် ပြောကြားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် လက်ရှိလျှောက်လှမ်းနေသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို လက်ခံလိုက်ပါမှုနှင့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရေး စသည့်အချက် နှစ်ချက်ကိုအခြေခံပြီး ဆွေးနွေးညှိနှိုင်းခဲ့ပြီး ယခု NCA လက်မှတ်ရေးထိုးနိုင်သည့် အဆင့်အထိ ရောက်ရှိ ခဲ့ကြောင်း၊ လူတစ်ဦးနှင့်တစ်ဦး ကြိုက်နှစ်သက်မှု၊ လိုအပ်မှုများမတူညီနိုင်ကြောင်း၊ တိုင်းရင်းသားရေးအရ၊ နိုင်ငံရေးအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ တူညီမှုမရှိနိုင်သော်လည်း အားလုံးကလက်ခံနိုင်သည့် ဖြစ်သင့် ဖြစ်ထိုက်သည့် အနေအထားနှင့် သမိုင်းကြောင်းအရ ဖြစ်တည်ခဲ့မှုအခြေအနေများအပေါ်မူတည်၍ စိတ်ရှည်စွာ ညှိနှိုင်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍လည်း ပြုပြင်သင့်သည့် အချိန်တွင် ပြုပြင်ထိုက်သည်များကို ပြုပြင်ကြမည်ကို မိမိပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ NCA တွင်အဓိကအားဖြင့် ပေးထားသည့် ကတိကဝတ် များတည်ရန်လိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားသည့် အာမခံချက်များ၊ NCA တွင်ပါရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းထားသော အာမခံချက်များကို မိမိတို့ဘက်မှ မည်သည့်အခါမှ ချိုးဖောက်မည်မဟုတ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် PPST အဖွဲ့ ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့်အဖွဲ့ဝင်များက မိမိတို့အနေ ဖြင့်ငြိမ်းချမ်းရေး ဆောင်ရွက် ရာတွင် NCA မှလွဲ၍ အခြားလမ်းကြောင်းမရှိကြောင်း၊ NCA အားအကောင်အထည်ဖော်မှုအပေါ် ပြန်လည်သုံးသပ်ပြီး NCA ပါအချက်များကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ PPST နေဖြင့် တစ်ဦး အပေါ်တစ်ဦး အသာစီးရယူလိုစိတ်မရှိဘဲ ရိုးရိုးသားသားဖြင့် တိုင်းပြည်တွင်ဖြစ်နေသည့် ပဋိပက္ခများကိုဖြေရှင်းလိုသည့် သဘောထားတစ်ခုသာရှိကြောင်း၊ ငြိမ်းချမ်းရေးတွင် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အားလုံးပါဝင်လာရန်လိုလားပါကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် NCA ၂နှစ်ပြည့် အခမ်းအနား တွင်ပြောကြားခဲ့သည့် မိမိတို့ရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးမှုလမ်းစဉ်ဖြင့် အကောင်အထည်ဖော်တည် ဆောက်ရန် ကိုလည်း အပြည့်အဝထောက်ခံပါကြောင်းပြောကြား၍ တစ်ဖွဲ့ချင်းနှင့်ပတ်သက်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အားလုံး ပါဝင်လာရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှုရှိရန်လိုကြောင်း၊ လက်မှတ်ရေးထိုးခြင်း မပြုသည့်အဖွဲ့များအား ငြိမ်းချမ်းရေးအတွက်ပထမဆုံးခြေလှမ်းကို စတင်ခြေလှမ်းပြီး NCA ကိုလက်မှတ်ရေး ထိုးကြရန်လိုသည်ဟု NCA ၂ နှစ်ပြည့် အခမ်းအနားတွင်တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ NCA လမ်းကြောင်းသည် ငြိမ်းချမ်းရေးအတွက်အဓိကလုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံရေးကိုဦးတည် လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ ပြည်သူလူထုအားလုံး၏ဆန္ဒမှာ အေးချမ်းစွာနေထိုင်လိုပြီး မိမိတို့ဘဝတိုးတက် အောင်လုပ် ဆောင်လိုကြကြောင်း၊ ကိုယ်စိတ်ချမ်းသာမှု၊ ကျန်းမာမှုရယူ လိုကြကြောင်း၊ တချို့နေရာများတွင် နိုင်ငံရေး သမားများ၏ မဲဆွယ်မှု၊ အခွင့်အရေးပေး၍ စည်းရုံးမှု၊ အကြောက်တရားဖြင့်ခြိမ်းခြောက်မှုများကြောင့် ပါဝင် လာရသည်များလည်း ရှိကြောင်း၊ သို့ဖြစ်၍ ငြိမ်းချမ်းရေးတွင် မသက်ဆိုင်သည်များကိုပုံကြီးမချဲ့ဘဲ အတတ်နိုင် ဆုံးဘောင်ကျဉ်းကျဉ်းဖြင့် ထိရောက်အောင်မြင်စေရန်လုပ်ဆောင်စေလိုကြောင်း၊ နယ်မြေချဲ့ထွင်လုပ်ဆောင်မှု ကြောင့် ပြည်သူလူထုမှာကြားညှပ်ရကြောင်း၊ NCA ပါ အကြောင်းအရာများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် တပ်မတော်အနေဖြင့် အထူးလိုလားကြောင်း၊ အသင့်လည်းရှိပါကြောင်း၊ တပ်မတော်ပိုင်း ဆိုင်ရာလုပ်ဆောင်နိုင်သည်များကိုအချိန်မဆိုင်းဘဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍လည်း ဘင်္ဂါလီသည် မိမိတို့တိုင်းရင်းသား မဟုတ်ကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများထဲတွင်လည်းရိုဟင်ဂျာမရှိကြောင်း၊ ဘင်္ဂါလီများသည်ရည်ရွယ်ချက်ရှိစွာဖြင့် ရိုဟင်ဂျာ အမည်နှင့် တိုင်းရင်းသားအဖြစ် အခွင့်အရေးတောင်းဆိုနေခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်း သားများ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ဦးစားပေးကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ထို့အတူ မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသည့် နိုင်ငံသားများကိုလည်း ကာကွယ်စောင့်ရှောက် သွားမည်ဖြစ်ကြောင်း ပြောကြား၍ အဖွဲ့တစ်ဖွဲ့ချင်း၏ ဆွေးနွေးမှုများအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST) ဥက္ကဋ္ဌ ကရင် အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြပါသည်။

(Zawgyi Version)

ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းကို လက္ခံလိုက္ပါမႈႏွင့္ ဒို႔တာဝန္အေရးသုံးပါးကို ေစာင့္ထိန္းမႈမ်ား အေပၚတြင္ အေျခခံၿပီး ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ျဖစ္ႏိုင္သည္မ်ားကို လက္ေတြ႕အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၁၆

တပ္မေတာ္၏အ႐ိုးရွင္းဆုံးဆႏၵမွာ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းကုိ လက္ခံလုိက္ပါမႈႏွင့္ ဒုိ႔တာ၀န္အေရး သုံးပါးကုိ ေစာင့္ထိန္းမႈမ်ားအေပၚတြင္အေျခခံၿပီး ၿငိမ္းခ်မ္း ေရးႏွင့္ပတ္သက္၍ျဖစ္ႏုိင္သည္မ်ားကုိ လက္ေတြ႕ အေကာင္အထည္ေဖာ္ေဆာင္ရြက္ သြားရန္ျဖစ္ေၾကာင္း၊ PPST အေနျဖင့္လည္း တစ္ဖြဲ႕ခ်င္းအေနျဖင့္ မတူညီေသာဆႏၵမ်ားရွိႏုိင္ေသာ္လည္း တစ္ႏုိင္ငံလုံးႏွင့္ပတ္သက္၍ ၿခဳံငုံၿပီးက်ယ္က်ယ္ျပန္႔ျပန္႔ စဥ္းစား လုပ္ေဆာင္ေစလုိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ကရင္ အမ်ိဳးသားအစည္းအ႐ုံး(KNU) ဥကၠ႒ ေစာမူတူးေစးဖုိး ေခါင္းေဆာင္သည့္ NCA လက္မွတ္ေရးထုိးထားသည့္ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔အစည္းမ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (Peace Process Steering Team-PPST) မွ အဖြဲ႕၀င္မ်ားအား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံစဥ္ထည့္သြင္းေျပာၾကားသည္။

ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔အစည္းမ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (Peace Process Steering Team-PPST) ဥကၠ႒၊ ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) ဥကၠ႒ ေစာမူတူးေစးဖုိးႏွင့္ အဖြဲ႕၀င္မ်ားျဖစ္ၾကသည့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ/ရွမ္းျပည္တပ္မေတာ္ (RCSS/ SSA) ဥကၠ႒ ဦးရြက္ဆစ္၊ ပအုိ၀္း အမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO) နာယက ခြန္ဥကၠာ၊ ခ်င္းအမ်ိဳးသားတပ္ဦး(CNF) မွ လွ်ံမႈန္းဆာေခါင္၊ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္(ၿငိမ္းခ်မ္းေရးေကာင္စီ) (KNU/KNLA (PC)) ဗဟုိေကာ္မတီ၀င္ ေနာ္ကေပၚထူး၊ ရခုိင္ျပည္လြတ္ေျမာက္ေရးပါတီ (ALP) ဒုတိယဥကၠ႒ ခုိင္စုိးႏုိင္ေအာင္၊ ျမန္မာႏုိင္ငံလုံးဆုိင္ရာ ေက်ာင္းသားဒီမုိကရက္တစ္တပ္ဦး (ABSDF) ဥကၠ႒ ဦးသံခဲႏွင့္ ဒီမုိကေရစီ အက်ိဳးျပဳ ကရင္တပ္မေတာ္(KKO) ဥကၠ႒ ေစာမူေရွးတုိ႔တက္ ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က NCA ၂ ႏွစ္ျပည့္ အခမ္းအနားတြင္ ၿငိမ္းခ်မ္းေရး ကုိလုိလားသူ၊ ဆက္လက္လုပ္ေဆာင္လုိသူမ်ား စုံညီစြာ တက္ေရာက္ခဲ့မႈအတြက္ ၀မ္းေျမာက္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း ၿငိမ္းခ်မ္းေရး အမွန္တကယ္ရယူလုိေၾကာင္းကုိ ၂၀၁၁ ခုႏွစ္ ၿငိမ္းခ်မ္းေရး စတင္ကမ္းလွမ္းစဥ္ကပင္ ေျပာၾကားခဲ့ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ လက္ရွိေလွ်ာက္လွမ္းေနသည့္ ပါတီစုံ ဒီမုိကေရစီလမ္းေၾကာင္းကုိ လက္ခံလုိက္ပါမႈႏွင့္ ဒုိ႔တာ၀န္အေရးသုံးပါးကုိ ေစာင့္ထိန္းေရး စသည့္အခ်က္ ႏွစ္ခ်က္ကုိအေျခခံၿပီး ေဆြးေႏြးၫႇိႏႈိင္းခဲ့ၿပီး ယခု NCA လက္မွတ္ေရးထုိးႏုိင္သည့္ အဆင့္အထိ ေရာက္ရွိ ခဲ့ေၾကာင္း၊ လူတစ္ဦးႏွင့္တစ္ဦး ႀကိဳက္ႏွစ္သက္မႈ၊ လုိအပ္မႈမ်ားမတူညီႏုိင္ေၾကာင္း၊ တုိင္းရင္းသားေရးအရ၊ ႏုိင္ငံေရးအရ၊ ယဥ္ေက်းမႈအရ၊ ဘာသာေရးအရ တူညီမႈမရွိႏုိင္ေသာ္လည္း အားလုံးကလက္ခံႏုိင္သည့္ ျဖစ္သင့္ ျဖစ္ထုိက္သည့္ အေနအထားႏွင့္ သမုိင္းေၾကာင္းအရ ျဖစ္တည္ခဲ့မႈအေျခအေနမ်ားအေပၚမူတည္၍ စိတ္ရွည္စြာ ၫႇိႏႈိင္းလုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ပတ္သက္၍လည္း ျပဳျပင္သင့္သည့္ အခ်ိန္တြင္ ျပဳျပင္ထုိက္သည္မ်ားကုိ ျပဳျပင္ၾကမည္ကုိ မိမိေျပာၾကားခဲ့ၿပီး ျဖစ္ေၾကာင္း၊ NCA တြင္အဓိကအားျဖင့္ ေပးထားသည့္ ကတိက၀တ္ မ်ားတည္ရန္လုိေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ေပးထားသည့္ အာမခံခ်က္မ်ား၊ NCA တြင္ပါရွိသည့္ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕အစည္းမ်ားႏွင့္ ၫႇိႏႈိင္းထားေသာ အာမခံခ်က္မ်ားကုိ မိမိတုိ႔ဘက္မွ မည္သည့္အခါမွ ခ်ိဳးေဖာက္မည္မဟုတ္ေၾကာင္း ေဆြးေႏြးေျပာၾကားသည္။

ယင္းေနာက္ PPST အဖြဲ႕ ဥကၠ႒ ေစာမူတူးေစးဖုိးႏွင့္အဖြဲ႕၀င္မ်ားက မိမိတုိ႔အေန ျဖင့္ၿငိမ္းခ်မ္းေရး ေဆာင္ရြက္ ရာတြင္ NCA မွလြဲ၍ အျခားလမ္းေၾကာင္းမရွိေၾကာင္း၊ NCA အားအေကာင္အထည္ေဖာ္မႈအေပၚ ျပန္လည္သုံးသပ္ၿပီး NCA ပါအခ်က္မ်ားကုိ ျမန္ျမန္ဆန္ဆန္္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ရန္လုိေၾကာင္း၊ PPST ေနျဖင့္ တစ္ဦး အေပၚတစ္ဦး အသာစီးရယူလုိိစိတ္မရွိဘဲ ႐ိုး႐ုိးသားသားျဖင့္ တုိင္းျပည္တြင္ျဖစ္ေနသည့္ ပဋိပကၡမ်ားကုိေျဖရွင္းလုိသည့္ သေဘာထားတစ္ခုသာရွိေၾကာင္း၊ ၿငိမ္းခ်မ္းေရးတြင္ တစ္ႏုိင္ငံလုံး အတုိင္း အတာျဖင့္ အားလုံးပါ၀င္လာရန္လုိလားပါေၾကာင္း၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ NCA ၂ႏွစ္ျပည့္ အခမ္းအနား တြင္ေျပာၾကားခဲ့သည့္ မိမိတုိ႔ရည္မွန္းခ်က္ျဖစ္ေသာ ဒီမုိကေရစီႏွင့္ ဖက္ဒရယ္စနစ္ကုိ အေျခခံသည့္ ျပည္ေထာင္စုကုိ ႏုိင္ငံေရးေဆြးေႏြးမႈလမ္းစဥ္ျဖင့္ အေကာင္အထည္ေဖာ္တည္ ေဆာက္ရန္ ကုိလည္း အျပည့္အ၀ေထာက္ခံပါေၾကာင္းေျပာၾကား၍ တစ္ဖြဲ႕ခ်င္းႏွင့္ပတ္သက္သည့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္္မႈဆုိင္ရာ ကိစၥရပ္မ်ားအား ေဆြးေႏြးၾကသည္။

အဆုိပါေဆြးေႏြးမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တစ္ႏုိင္ငံလုံး အတုိင္းအတာျဖင့္ အားလုံး ပါ၀င္လာေရးႏွင့္ပတ္သက္၍ ၿငိမ္းခ်မ္းေရးကုိ အမွန္တကယ္ လုိလားမႈရွိရန္လုိေၾကာင္း၊ လက္မွတ္ေရးထုိးျခင္း မျပဳသည့္အဖြဲ႕မ်ားအား ၿငိမ္းခ်မ္းေရးအတြက္ပထမဆုံးေျခလွမ္းကုိ စတင္္ေျခလွမ္းၿပီး NCA ကုိလက္မွတ္ေရး ထုိးၾကရန္လုိသည္ဟု NCA ၂ ႏွစ္ျပည့္ အခမ္းအနားတြင္တုိက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း၊ NCA လမ္းေၾကာင္းသည္ ၿငိမ္းခ်မ္းေရးအတြက္အဓိကလုပ္ေဆာင္ျခင္းျဖစ္ၿပီး ႏုိင္ငံေရးကုိဦးတည္ လုပ္ေဆာင္ျခင္း မဟုတ္ေၾကာင္း၊ ျပည္သူလူထုအားလုံး၏ဆႏၵမွာ ေအးခ်မ္းစြာေနထုိင္လုိၿပီး မိမိတုိ႔ဘ၀တုိးတက္ ေအာင္လုပ္ ေဆာင္လုိၾကေၾကာင္း၊ ကုိယ္စိတ္ခ်မ္းသာမႈ၊ က်န္းမာမႈရယူ လုိၾကေၾကာင္း၊ တခ်ိဳ႕ေနရာမ်ားတြင္ ႏုိင္ငံေရး သမားမ်ား၏ မဲဆြယ္မႈ၊ အခြင့္အေရးေပး၍ စည္း႐ုံးမႈ၊ အေၾကာက္တရားျဖင့္ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ ပါ၀င္ လာရသည္မ်ားလည္း ရွိေၾကာင္း၊ သုိ႔ျဖစ္၍ ၿငိမ္းခ်မ္းေရးတြင္ မသက္ဆုိင္သည္မ်ားကုိပုံႀကီးမခ်ဲ႕ဘဲ အတတ္ႏုိင္ ဆုံးေဘာင္က်ဥ္းက်ဥ္းျဖင့္ ထိေရာက္ေအာင္ျမင္ေစရန္လုပ္ေဆာင္ေစလုိေၾကာင္း၊ နယ္ေျမခ်ဲ႕ထြင္လုပ္ေဆာင္မႈ ေၾကာင့္ ျပည္သူလူထုမွာၾကားညႇပ္ရေၾကာင္း၊ NCA ပါ အေၾကာင္းအရာမ်ားကုိ အျမန္အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေရးအတြက္ တပ္မေတာ္အေနျဖင့္ အထူးလုိလားေၾကာင္း၊ အသင့္လည္းရွိပါေၾကာင္း၊ တပ္မေတာ္ပုိင္း ဆုိင္ရာလုပ္ေဆာင္ႏုိင္သည္မ်ားကုိအခ်ိန္မဆုိင္းဘဲ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ ရခုိင္ ျပည္နယ္အေရးကိစၥႏွင့္ပတ္သက္၍လည္း ဘဂၤါလီသည္ မိမိတုိ႔တုိင္းရင္းသား မဟုတ္ေၾကာင္း၊ ျမန္မာႏုိင္ငံရွိ တုိင္းရင္းသားမ်ားထဲတြင္လည္း႐ုိဟင္ဂ်ာမရွိေၾကာင္း၊ ဘဂၤါလီမ်ားသည္ရည္ရြယ္ခ်က္ရွိစြာျဖင့္ ႐ုိဟင္ဂ်ာ အမည္ႏွင့္ တုိင္းရင္းသားအျဖစ္ အခြင့္အေရးေတာင္းဆုိေနျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ တုိင္းရင္း သားမ်ား၏ လုံၿခဳံေရးႏွင့္ အက်ိဳးစီးပြားကုိ ဦးစားေပးကာကြယ္ေစာင့္ေရွာက္ရမည္ျဖစ္ေၾကာင္း၊ ထုိ႔အတူ ျမန္မာႏုိင္ငံတြင္မွီတင္းေနထုိင္ၾကသည့္ ႏုိင္ငံသားမ်ားကုိလည္း ကာကြယ္ေစာင့္ေရွာက္ သြားမည္ျဖစ္ေၾကာင္း ေျပာၾကား၍ အဖြဲ႕တစ္ဖြဲ႕ခ်င္း၏ ေဆြးေႏြးမႈမ်ားအေပၚ ျပန္လည္ ရွင္းလင္းေဆြးေႏြးခဲ့သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔အစည္းမ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (Peace Process Steering Team-PPST) ဥကၠ႒ ကရင္ အမ်ိဳးသားအစည္းအ႐ုံး(KNU) ဥကၠ႒ ေစာမူတူးေစးဖုိးႏွင့္ အဖြဲ႕၀င္မ်ားအား အမွတ္တရ လက္ေဆာင္္ပစၥည္းမ်ားေပးအပ္ခဲ့ၾကပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။