ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့်ပတ်သက်၍ သမိုင်းအချက်အလက်ပြည့်စုံစွာသိရှိမှသာ ဖြေရှင်းဆောင်ရွက်နိုင်မည်

နေပြည်တော်၊ အောက်တိုဘာ ၁၆

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး UN နှင့် ပူးပေါင်း ဆောင်ရွက်မှုများစွာရှိသကဲ့သို့ လေးစားမှုလည်းရှိကြောင်း၊ သို့သော်လည်းရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ ခံစားချက်ရှိခဲ့သည့် သမိုင်းကြောင်းကို ပြန်မကြည့်ဘဲ လတ်တလောဖြစ်ပွားမှုအခြေအနေပေါ်တွင်မူတည်၍ ကုလသမဂ္ဂကမှတ်ချက်ပြုရာတွင် လက်ရှိအခြေအနေနှင့် ပြောင်းပြန်ဖြစ်နေသောကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် မကျေနပ်ကြကြောင်း၊ ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့်ပတ်သက်၍ သမိုင်းအချက်အလက်ပြည့်စုံစွာသိရှိမှသာ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုလသမဂ္ဂနိုင်ငံရေးရာဌာန အကြီးအကဲ Under Secretary- General Mr.Jeffrey Feltman အား ယနေ့မွန်းလွဲပိုင်းတွင် ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ကုလသမဂ္ဂနိုင်ငံရေးရာဌာန အကြီးအကဲနှင့်အတူ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms. Renata Dessallian နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာ Mr.Jeffrey Feltman က ယနေ့ရခိုင်ပြည်နယ်အရေးကို တစ်ကမ္ဘာလုံးကစိတ်ဝင်စားပါကြောင်း၊ ယင်းအပေါ်နိုင်ငံတကာ၏အမြင်နှင့် မြန်မာနိုင်ငံအနေဖြင့် လက်တွေ့လုပ်ဆောင်နေမှုများမှာ ၁၈၀ ဒီဂရီကွာဟနေကြောင်း၊ မိမိခရီးစဉ်၏ရည်ရွယ်ချက်မှာ ၎င်းကိုငြင်းခုံရန်မဟုတ်ဘဲ မြန်မာနိုင်ငံအစိုးရက လုပ်ဆောင် နေသည့်လုပ်ငန်းရပ်များကို ကုလသမဂ္ဂအနေဖြင့် အရှိန်အဟုန်မြှင့်တင်ပေးရန်ဖြစ် ကြောင်း၊ ကုလသမဂ္ဂ၏လုပ်ဆောင်ချက်များကို ဒေသခံပြည်သူများက လက်မခံသည်ကိုလည်း သိရှိပါကြောင်း၊ ကုလသမဂ္ဂအနေဖြင့် နိုင်ငံတော်၏လုပ်ဆောင်ချက်အပေါ် ရေတို ရေရှည်အားဖြင့် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ရခိုင်ပြည်နယ်တွင် အင်အားသုံးအကြမ်းဖက်မှုများကိုရပ်တန့်ပေးရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများရရှိရေး၊ တစ်ဖက်နိုင်ငံသို့ရောက်ရှိနေသူများကို ပြန်လည်နေရာချထားရေးတို့အား တောင်းဆိုထားကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် လုံခြုံမှုမရှိဘဲလုပ်ဆောင်၍မရနိုင်သဖြင့် ဒေသခံပြည်သူများလုံခြုံရေးနှင့်ပတ်သက်၍လည်း သိရှိလိုပါကြောင်း ဆွေးနွေးပြောကြားသည်။

အဆိုပါဆွေးနွေးမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘင်္ဂါလီများအပေါ် ဒေသခံရခိုင်တိုင်းရင်းသားများ၏ ခံပြင်းနာကျည်းမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် ယင်းတို့သည် ဘင်္ဂလားနယ်မှ လာရောက်သူများဖြစ်၍ ဘင်္ဂါလီဟုခေါ်ဆိုပြီး မြန်မာတိုင်းရင်းသားများ မဟုတ်သည်ကို ဦးစွာပြောကြားလိုကြောင်း၊ ယင်းဘင်္ဂါလီများက ၁၉၄၂ ခုနှစ် အလယ်သံကျော်အရေးအခင်းတွင် ဒေသခံရခိုင်တိုင်းရင်းသား ၂၀၀၀၀ ကျော်ကိုရက်စက်စွာသတ်ဖြတ်ခဲ့သည်မှာလည်း ဖုံးကွယ်ထား၍မရသည့်သမိုင်းမှန်ဖြစ် ကြောင်း၊ ၎င်းအပြင်ဘူးသီးတောင်၊ မောင်တောဒေသတွင် လက်ရှိဘင်္ဂါလီများနေထိုင် နေကြသည့် ရခိုင်နာမည်ဖြင့်ကျေးရွာများစွာရှိကြောင်း၊ ထိုသို့၎င်းတို့ပိုင်ဆိုင်သည့် မြေများကို မတရားသိမ်းယူခဲ့မှုအတွက်လည်း နာကျည်းမှုများရှိကြောင်းဦးစွာပြောကြားသည်။

ထို့နောက် လတ်တလောဖြစ်ပွားခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့ဖြစ်စဉ်တွင် လည်းရဲစခန်း ၃၀ နှင့် တပ်ဌာနချုပ် ၁ ခုကို ARSA အစွန်းရောက်ဘင်္ဂါလီ အင်အား ၄၀၀၀ ခန့်ကအင်အားသုံး၍ အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အင်အား ၁၀ ဦး ၁၅ ဦးခန့်သာရှိသော ရဲစခန်းငယ်များကို အကြမ်းဖက်အင်အား ၂၀၀/၃၀၀ ဖြင့် တုတ်၊ ဓား၊ လှံနှင့်လက်နက်ငယ်များ၊ လက်လုပ်ဗုံးများဖြင့် တိုက်ခိုက်လာပါက မည်ကဲ့သို့ ခုခံရမည်ကိုစဉ်းစားကြည့်ရန်လိုကြောင်း၊ သို့ဖြစ်၍ အကြမ်းဖက်မှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသေဆုံးရသကဲ့သို့ အကြမ်းဖက်ဘင်္ဂါလီများလည်း သေဆုံးခြင်းဖြစ်ကြောင်း၊ သို့သော်လည်းဖြစ်စဉ်စတင်ဖြစ်ပွားချိန်မှ ယနေ့အထိ တပ်မတော်အနေဖြင့် Rule Of Engagement- ROE နှင့်ပတ်သက်၍စနစ်တကျ ညွှန်ကြားကြပ်မတ်ခဲ့ခြင်းကြောင့် စည်းမျဉ်းဥပဒေများကို ကျော်လွန်လုပ်ဆောင်မှုများမရှိကြောင်း၊ စည်းကမ်းဥပဒေ ဖောက်ဖျက်ကျူးလွန်မှုများရှိပါကလည်း ဥပဒေနှင့်အညီအရေးယူမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုအား တပ်မတော်မှ အင်အားများစွာအသုံးပြုသည်ဟု စွပ်စွဲမှုအပေါ် ဒေသခံ ပြည်သူများက လက်မခံကြောင်း၊ တပ်မတော်မှ အချိန်မီလုံခြုံရေးဆောင်ရွက်ပေးနိုင်၍သာ အပြစ်မဲ့ပြည်သူများ၊ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ အသက်ဆုံးရှုံးမှုနည်းပါးခဲ့ရကြောင်း၊ ယနေ့အထိလည်း အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံပြုလုပ်မည်ဟုခြိမ်းခြောက်မှုများ ရှိနေသဖြင့် ဒေသခံပြည်သူများက ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများရှိကြောင်း၊ သို့ဖြစ်၍ဒေသခံပြည်သူများ၏လုံခြုံရေးကို တပ်မတော်အနေဖြင့်ကာကွယ်ပေးရမည် ဖြစ်ကြောင်းထည့်သွင်းပြောကြားသည်။

ဆက်လက်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ပတ်သက်၍ ဒေသခံတိုင်းရင်းသားများ၏စိတ်ခံစားချက်မှာ ဘူသီးတောင်၊ မောင်တောဒေသတွင် ဘင်္ဂါလီများက ဒေသလူဦးရေ၏ ၉၅ ရခိုင်နှုန်းဖြစ်၍ ဒေသခံ တိုင်းရင်းသားများက လူဦးရေ၏ ၅ ရာခိုင်နှုန်းသာရှိပြီး လူများစုဘင်္ဂါလီများက လူနည်းစု တိုင်းရင်းသားများကို သတ်ဖြတ်နေရာတွင် UN အပါအဝင် ပြည်ပအဖွဲ့အစည်းများ အကူအညီဖြင့် အနိုင်ကျင့်လုပ်ဆောင်သည်ဟုခံယူထားကြောင်း၊ ၎င်းအပြင်ဘင်္ဂါလီ အကြမ်ဖက်စခန်းများ၌ ဖမ်းဆီးရမိသည့်ပစ္စည်းများတွင် ပြည်ပမှ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးပစ္စည်းများကို တွေ့ရှိရမှုအပေါ်တွင်လည်း တိုင်းရင်းသားများကသံသယဖြစ်ကြ ကြောင်း၊ ထို့ကြောင့် UN အဖွဲ့အစည်းများ INGO အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများနှင့်ပတ်သက်၍ မလိုလားခြင်း၊ ငြင်းဆန်ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ UN အနေဖြင့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် မျှတမှုရှိရန်လိုအပ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

သို့ဖြစ်၍ ဒေသခံတိုင်းရင်းသားများ၏ ယုံကြည်မှုကိုရရှိရန် ၎င်းတို့အနေဖြင့် ရိုဟင်ဂျာမဟုတ်ဘဲ ဘင်္ဂါလီသာဖြစ်သည်ကို လက်ခံရန်နှင့် တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံသားစိစစ်မှုကိုလက်ခံရန်လိုကြောင်း၊ ၎င်းတို့အနေဖြင့် ဘင်္ဂလားကလာရောက်နေထိုင် ခြင်းဖြစ်သော်လည်း ၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်မှု ဥပဒေနှင့် စိစစ်မှုခံယူပြီး ဥပဒေနှင့်ကိုက်ညီပါက နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားအခွင့်အရေးများကိုရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်မှုခံယူရန်ကိုလည်း တိုက်တွန်းပေးစေလိုကြောင်း၊ ဥပဒေနှင့်အညီစိစစ်မှုကို လက်ခံခြင်းဖြင့် အဖွဲ့အစည်းနှစ်ခု အကြားတင်းမာမှုများလည်းလျော့ကျသွားနိုင်ကြောင်း၊ INGO အဖွဲ့အစည်းများ၏ ခေတ်အဆက်ဆက် ကူညီထောက်ပံ့မှုများသည် ဒေသခံတိုင်းရင်းသားများအတွက်မဟုတ်ဘဲ ဘင်္ဂါလီများကိုသာပေးအပ်နေသည်ဟု ထင်မြင်ယူဆချက်များကိုလည်းမျှတသော ကူညီထောက်ပံ့မှုများပေးအပ်ခြင်းဖြင့် ချေဖြတ်ရမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသူများကိုလည်း ၁၉၉၃ ခုနှစ်က နှစ်နိုင်ငံညှိနှိုင်းသဘောတူညီချက်များအတိုင်း စိစစ်လက်ခံသွားရန် အစိုရချင်း ညှိနှိုင်းထားရှိကြောင်း၊ မကြာမီဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တာဝန်ရှိသူများမြန်မာနိုင်ငံသို့ လာရောက်ဆွေးနွေးရန်ရှိပြီး ယင်းဆွေးနွေးမှုရလဒ်အပေါ်မူတည်ကြောင်း၊ ထိုသို့ လုပ်ဆောင်မှုများကိုတပ်မတော်အနေဖြင့် ကူညီလုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြော ကြား၍ ကုလသမဂ္ဂ၏အကြံပြုချက်များအပေါ် လုပ်ဆောင်နိုင်သည်များကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်းပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကုလသမဂ္ဂနိုင်ငံရေးရာ ဌာနအကြီးအကဲတို့သည် တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြပါသည်။

(Zawgyi Version)

ရခိုင္ျပည္နယ္ျဖစ္စဥ္ႏွင့္ပတ္သက္၍ သမိုင္းအခ်က္အလက္ျပည့္စုံစြာသိရွိမွသာ ေျဖရွင္းေဆာင္႐ြက္ႏိုင္မည္

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၁၆

ျမန္္မာႏုိင္ငံသည္ ကမၻာ႔ကုလသမဂၢအဖြဲ႕၀င္ႏုိင္ငံျဖစ္ၿပီး UN ႏွင့္ ပူးေပါင္း ေဆာင္ရြက္မႈမ်ားစြာရွိသကဲ့သုိ႔ ေလးစားမႈလည္းရွိေၾကာင္း၊ သုိ႔ေသာ္လည္းရခုိင္ျပည္နယ္အေရးႏွင့္ပတ္သက္၍ ႏွစ္ေပါင္းမ်ားစြာ ခံစားခ်က္ရွိခဲ့သည့္ သမုိင္းေၾကာင္းကုိ ျပန္မၾကည့္ဘဲ လတ္တေလာျဖစ္ပြားမႈအေျခအေနေပၚတြင္မူတည္၍ ကုလသမဂၢကမွတ္ခ်က္ျပဳရာတြင္ လက္ရွိအေျခအေနႏွင့္ ေျပာင္းျပန္ျဖစ္ေနေသာေၾကာင့္ ေဒသခံတုိင္းရင္းသားျပည္သူမ်ားအေနျဖင့္ မေက်နပ္ၾကေၾကာင္း၊ ရခုိင္ျပည္နယ္ျဖစ္စဥ္ႏွင့္ပတ္သက္္၍ သမုိင္းအခ်က္အလက္ျပည့္စုံစြာသိရွိမွသာ ေျဖရွင္းေဆာင္ရြက္ႏုိင္မည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ကုလသမဂၢႏုိင္ငံေရးရာဌာန အႀကီးအကဲ Under Secretary- General Mr.Jeffrey Feltman အား ယေန႔မြန္းလြဲပုိင္းတြင္ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံစဥ္ ထည့္သြင္းေျပာၾကားသည္။

ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ကုလသမဂၢႏုိင္ငံေရးရာဌာန အႀကီးအကဲႏွင့္အတူ ကုလသမဂၢဌာေနကုိယ္စားလွယ္ႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ ၫႇိႏႈိင္းေရးမွဴး Ms. Renata Dessallian ႏွင့္တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ဦးစြာ Mr.Jeffrey Feltman က ယေန႔ရခုိင္ျပည္နယ္အေရးကုိ တစ္ကမၻာလုံးကစိတ္၀င္စားပါေၾကာင္း၊ ယင္းအေပၚႏုိင္ငံတကာ၏အျမင္ႏွင့္ ျမန္မာႏုိင္ငံအေနျဖင့္ လက္ေတြ႕လုပ္ေဆာင္ေနမႈမ်ားမွာ ၁၈၀ ဒီဂရီကြာဟေနေၾကာင္း၊ မိမိခရီးစဥ္၏ရည္ရြယ္ခ်က္မွာ ၎ကုိျငင္းခုံရန္မဟုတ္ဘဲ ျမန္မာႏုိင္ငံအစုိးရက လုပ္ေဆာင္ ေနသည့္လုပ္ငန္းရပ္မ်ားကုိ ကုလသမဂၢအေနျဖင့္ အရွိန္အဟုန္ျမႇင့္တင္ေပးရန္ျဖစ္ ေၾကာင္း၊ ကုလသမဂၢ၏လုပ္ေဆာင္ခ်က္မ်ားကုိ ေဒသခံျပည္သူမ်ားက လက္မခံသည္ကုိလည္း သိရွိပါေၾကာင္း၊ ကုလသမဂၢအေနျဖင့္ ႏုိင္ငံေတာ္၏လုပ္ေဆာင္ခ်က္အေပၚ ေရတုိ ေရရွည္အားျဖင့္ ကူညီပံ့ပုိးေပးသြားမည္ျဖစ္ေၾကာင္း၊ ကုလသမဂၢအေနျဖင့္ ရခုိင္ျပည္နယ္တြင္ အင္အားသုံးအၾကမ္းဖက္မႈမ်ားကုိရပ္တန္႔ေပးေရး၊ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ားရရွိေရး၊ တစ္ဖက္ႏုိင္ငံသုိ႔ေရာက္ရွိေနသူမ်ားကုိ ျပန္လည္ေနရာခ်ထားေရးတုိ႔အား ေတာင္းဆုိထားေၾကာင္း၊ ထုိသုိ႔လုပ္ေဆာင္ရာတြင္ လုံၿခဳံမႈမရွိဘဲလုပ္ေဆာင္၍မရႏုိင္သျဖင့္ ေဒသခံျပည္သူမ်ားလုံၿခဳံေရးႏွင့္ပတ္သက္၍လည္း သိရွိလုိပါေၾကာင္း ေဆြးေႏြးေျပာၾကားသည္။

အဆုိပါေဆြးေႏြးမႈအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဘဂၤါလီမ်ားအေပၚ ေဒသခံရခုိင္တုိင္းရင္းသားမ်ား၏ ခံျပင္းနာက်ည္းမႈႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ ယင္းတုိ႔သည္ ဘဂၤလားနယ္မွ လာေရာက္သူမ်ားျဖစ္၍ ဘဂၤါလီဟုေခၚဆုိၿပီး ျမန္မာတုိင္းရင္းသားမ်ား မဟုတ္သည္ကုိ ဦးစြာေျပာၾကားလုိေၾကာင္း၊ ယင္းဘဂၤါလီမ်ားက ၁၉၄၂ ခုႏွစ္ အလယ္သံေက်ာ္အေရးအခင္းတြင္ ေဒသခံရခုိင္တုိင္းရင္းသား ၂၀၀၀၀ ေက်ာ္ကုိရက္စက္စြာသတ္ျဖတ္ခဲ့သည္မွာလည္း ဖုံးကြယ္ထား၍မရသည့္သမုိင္းမွန္ျဖစ္ ေၾကာင္း၊ ၎အျပင္ဘူးသီးေတာင္၊ ေမာင္ေတာေဒသတြင္ လက္ရွိဘဂၤါလီမ်ားေနထုိင္ ေနၾကသည့္ ရခုိင္နာမည္ျဖင့္ေက်းရြာမ်ားစြာရွိေၾကာင္း၊ ထုိသုိ႔၎တုိ႔ပုိင္ဆုိင္သည့္ ေျမမ်ားကုိ မတရားသိမ္းယူခဲ့မႈအတြက္လည္း နာက်ည္းမႈမ်ားရွိေၾကာင္းဦးစြာေျပာၾကားသည္။

ထုိ႔ေနာက္ လတ္တေလာျဖစ္ပြားခဲ့သည့္ ၾသဂုတ္လ ၂၅ ရက္ေန႔ျဖစ္စဥ္တြင္ လည္းရဲစခန္း ၃၀ ႏွင့္ တပ္ဌာနခ်ဳပ္ ၁ ခုကုိ ARSA အစြန္းေရာက္ဘဂၤါလီ အင္အား ၄၀၀၀ ခန္႔ကအင္အားသုံး၍ အၾကမ္းဖက္တုိက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ အင္အား ၁၀ ဦး ၁၅ ဦးခန္႔သာရွိေသာ ရဲစခန္းငယ္မ်ားကုိ အၾကမ္းဖက္အင္အား ၂၀၀/၃၀၀ ျဖင့္ တုတ္၊ ဓား၊ လွံႏွင့္လက္နက္ငယ္မ်ား၊ လက္လုပ္ဗုံးမ်ားျဖင့္ တုိက္ခိုက္လာပါက မည္ကဲ့သုိ႔ ခုခံရမည္ကုိစဥ္းစားၾကည့္ရန္လုိေၾကာင္း၊ သုိ႔ျဖစ္၍ အၾကမ္းဖက္မႈျဖစ္စဥ္တြင္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားေသဆုံးရသကဲ့သုိ႔ အၾကမ္းဖက္ဘဂၤါလီမ်ားလည္း ေသဆုံးျခင္းျဖစ္ေၾကာင္း၊ သုိ႔ေသာ္လည္းျဖစ္စဥ္စတင္ျဖစ္ပြားခ်ိန္မွ ယေန႔အထိ တပ္မေတာ္အေနျဖင့္ Rule Of Engagement- ROE ႏွင့္ပတ္သက္၍စနစ္တက် ၫႊန္ၾကားၾကပ္မတ္ခဲ့ျခင္းေၾကာင့္ စည္းမ်ဥ္းဥပေဒမ်ားကုိ ေက်ာ္လြန္လုပ္ေဆာင္မႈမ်ားမရွိေၾကာင္း၊ စည္းကမ္းဥပေဒ ေဖာက္ဖ်က္က်ဴးလြန္မႈမ်ားရွိပါကလည္း ဥပေဒႏွင့္အညီအေရးယူမည္ျဖစ္ေၾကာင္း၊ အၾကမ္းဖက္မႈအား တပ္မေတာ္မွ အင္အားမ်ားစြာအသုံးျပဳသည္ဟု စြပ္စြဲမႈအေပၚ ေဒသခံ ျပည္သူမ်ားက လက္မခံေၾကာင္း၊ တပ္မေတာ္မွ အခ်ိန္မီလုံၿခဳံေရးေဆာင္ရြက္ေပးႏုိင္၍သာ အျပစ္မဲ့ျပည္သူမ်ား၊ ၀န္ထမ္းမ်ား၊ ရဲတပ္ဖြဲ႕၀င္မ်ား အသက္ဆုံး႐ႈံးမႈနည္းပါးခဲ့ရေၾကာင္း၊ ယေန႔အထိလည္း အၾကမ္းဖက္တုိက္ခိုက္မႈမ်ား ထပ္မံျပဳလုပ္မည္ဟုၿခိမ္းေျခာက္မႈမ်ား ရွိေနသျဖင့္ ေဒသခံျပည္သူမ်ားက ၎တုိ႔လုံၿခဳံေရးအတြက္ စုိးရိမ္ပူပန္မႈမ်ားရွိေၾကာင္း၊ သုိ႔ျဖစ္၍ေဒသခံျပည္သူမ်ား၏လုံၿခဳံေရးကုိ တပ္မေတာ္အေနျဖင့္ကာကြယ္ေပးရမည္ ျဖစ္ေၾကာင္းထည့္သြင္းေျပာၾကားသည္။

ဆက္လက္ၿပီး လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ားႏွင့္ ပတ္သက္၍ ေဒသခံတုိင္းရင္းသားမ်ား၏စိတ္ခံစားခ်က္မွာ ဘူသီးေတာင္၊ ေမာင္ေတာေဒသတြင္ ဘဂၤါလီမ်ားက ေဒသလူဦးေရ၏ ၉၅ ရခုိင္ႏႈန္းျဖစ္၍ ေဒသခံ တုိင္းရင္းသားမ်ားက လူဦးေရ၏ ၅ ရာခုိင္ႏႈန္းသာရွိၿပီး လူမ်ားစုဘဂၤါလီမ်ားက လူနည္းစု တုိင္းရင္းသားမ်ားကုိ သတ္ျဖတ္ေနရာတြင္ UN အပါအ၀င္ ျပည္ပအဖြဲ႕အစည္းမ်ား အကူအညီျဖင့္ အႏုိင္က်င့္လုပ္ေဆာင္သည္ဟုခံယူထားေၾကာင္း၊ ၎အျပင္ဘဂၤါလီ အၾကမ္ဖက္စခန္းမ်ား၌ ဖမ္းဆီးရမိသည့္ပစၥည္းမ်ားတြင္ ျပည္ပမွ ကယ္ဆယ္ေရး၊ ေထာက္ပံ့ေရးပစၥည္းမ်ားကုိ ေတြ႕ရွိရမႈအေပၚတြင္လည္း တုိင္းရင္းသားမ်ားကသံသယျဖစ္ၾက ေၾကာင္း၊ ထုိ႔ေၾကာင့္ UN အဖြဲ႕အစည္းမ်ား INGO အဖြဲ႕အစည္းမ်ား၏ ကူညီေထာက္ပံ့မႈမ်ားႏွင့္ပတ္သက္၍ မလုိလားျခင္း၊ ျငင္းဆန္ျခင္းျဖစ္ေၾကာင္း၊ သုိ႔ျဖစ္၍ UN အေနျဖင့္ကူညီေထာက္ပံ့မႈမ်ား ေဆာင္ရြက္ရာတြင္ မွ်တမႈရွိရန္လုိအပ္ၿပီး ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သည့္ ရခုိင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ ဖြံ႕ၿဖိဳးမႈတုိးတက္ေရး အေကာင္အထည္ေဖာ္ေရးဗဟုိေကာ္မတီ၊ သက္ဆုိင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ဆက္သြယ္ေဆာင္ရြက္ႏုိင္ပါေၾကာင္း ေဆြးေႏြး ေျပာၾကားသည္။

သို႔ျဖစ္၍ ေဒသခံတုိင္းရင္းသားမ်ား၏ ယုံၾကည္မႈကုိရရွိရန္ ၎တုိ႔အေနျဖင့္ ႐ုိဟင္ဂ်ာမဟုတ္ဘဲ ဘဂၤါလီသာျဖစ္သည္ကုိ လက္ခံရန္ႏွင့္ တည္ဆဲဥပေဒမ်ားႏွင့္အညီ ႏုိင္ငံသားစိစစ္မႈကုိလက္ခံရန္လုိေၾကာင္း၊ ၎တုိ႔အေနျဖင့္ ဘဂၤလားကလာေရာက္ေနထုိင္ ျခင္းျဖစ္ေသာ္လည္း ၁၉၈၂ ခုႏွစ္ႏုိင္ငံသားျဖစ္မႈ ဥပေဒႏွင့္ စိစစ္မႈခံယူၿပီး ဥပေဒႏွင့္ကုိက္ညီပါက ႏုိင္ငံသားျဖစ္ခြင့္ႏွင့္ ႏုိင္ငံသားအခြင့္အေရးမ်ားကုိရရွိမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံသားစိစစ္မႈခံယူရန္ကုိလည္း တုိက္တြန္းေပးေစလုိေၾကာင္း၊ ဥပေဒႏွင့္အညီစိစစ္မႈကုိ လက္ခံျခင္းျဖင့္ အဖြဲ႕အစည္းႏွစ္ခု အၾကားတင္းမာမႈမ်ားလည္းေလ်ာ့က်သြားႏုိင္ေၾကာင္း၊ INGO အဖြဲ႕အစည္းမ်ား၏ ေခတ္အဆက္ဆက္ ကူညီေထာက္ပံ့မႈမ်ားသည္ ေဒသခံတုိင္းရင္းသားမ်ားအတြက္မဟုတ္ဘဲ ဘဂၤါလီမ်ားကုိသာေပးအပ္ေနသည္ဟု ထင္ျမင္ယူဆခ်က္မ်ားကုိလည္းမွ်တေသာ ကူညီေထာက္ပံ့မႈမ်ားေပးအပ္ျခင္းျဖင့္ ေခ်ျဖတ္ရမည္ျဖစ္ေၾကာင္း၊ ဘဂၤလားေဒ့ရွ္ႏုိင္ငံသုိ႔ေရာက္ရွိေနသူမ်ားကုိလည္း ၁၉၉၃ ခုႏွစ္က ႏွစ္ႏုိင္ငံၫႇိႏႈိင္းသေဘာတူညီခ်က္မ်ားအတုိင္း စိစစ္လက္ခံသြားရန္ အစုိရခ်င္း ၫႇိႏႈိင္းထားရွိေၾကာင္း၊ မၾကာမီဘဂၤလားေဒ့ရွ္ႏုိင္ငံမွ တာ၀န္ရွိသူမ်ားျမန္္မာႏုိင္ငံသုိ႔ လာေရာက္ေဆြးေႏြးရန္ရွိၿပီး ယင္းေဆြးေႏြးမႈရလဒ္အေပၚမူတည္ေၾကာင္း၊ ထုိသို႔ လုပ္ေဆာင္မႈမ်ားကုိတပ္မေတာ္အေနျဖင့္ ကူညီလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းေျပာ ၾကား၍ ကုလသမဂၢ၏အႀကံျပဳခ်က္မ်ားအေပၚ လုပ္ေဆာင္ႏုိင္သည္မ်ားကုိ ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္းျပန္လည္ေဆြးေႏြးေျပာၾကားခဲ့သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ကုလသမဂၢႏုိင္ငံေရးရာ ဌာနအႀကီးအကဲတို႔သည္ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပုံ ႐ိုက္ခဲ့ၾကပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။