တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် NCA ၌ လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်လာရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စတွင် မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်၏ လုပ်ဆောင်ချက်များအပေါ် ရပ်တည်ထောက်ခံပြီး နိုင်ငံတကာမှ အဖြစ်မှန်ကိုသိရှိအောင် ဝိုင်းဝန်းလုပ်ဆောင်ရေးနှင့် အကြမ်းဖက်မှု ကာကွယ်တာဆီးနှိမ်နင်းရေးကိစ္စရပ်များတွင် နှစ်နိုင်ငံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

(Zawgyi Version)

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ သည္ တရုတ္ျပည္သူ႕သမၼတႏိုင္ငံ၊ ႏိုင္ငံျခားေရး၀န္ႀကီးဌာန၊ အာရွေရးရာအထူးကိုယ္စားလွယ္ H.E. Mr. Sun Guoxiang ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆံုသည္။

ထိုသို႔ေတြ႕ဆံုရာတြင္ ျမန္မာ-တရုတ္ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္ရြက္မႈျမွင့္တင္ေရး၊ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးျဖစ္စဥ္တြင္ NCA ၌ လက္မွတ္ေရးထိုးျခင္းမရွိေသးသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား ပါ၀င္လာေရး၊ ရခိုင္ျပည္နယ္အေရးကိစၥတြင္ ျမန္မာႏိုင္ငံအစိုးရႏွင့္ တပ္မေတာ္၏ လုပ္ေဆာင္ခ်က္မ်ားအေပၚ ရပ္တည္ေထာက္ခံၿပီး ႏိုင္ငံတကာမွ အျဖစ္မွန္ကိုသိရွိေအာင္ ၀ိုင္း၀န္းလုပ္ေဆာင္ေရးႏွင့္ အၾကမ္းဖက္မႈ ကာကြယ္တာဆီးႏွိမ္နင္းေရးကိစၥရပ္မ်ားတြင္ ႏွစ္ႏိုင္ငံ နီးကပ္စြာ ပူးေပါင္းေဆာင္ရြက္ေရးကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။