စီးပွားရေးအတွက် လုပ်ဆောင်ခြင်းမဟုတ်ဘဲ သက်သာချောင်ချိရေးအတွက် လုပ်ဆောင်ခြင်းဖြစ်၍ စစ်သည်မိသားစုဝင်များ၏ စားရေးကိုတိုက်ရိုက် အထောက်အကူပြုရမည်

နေပြည်တော်၊ အောက်တိုဘာ – ၁၈

တပ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းများသည် စီးပွားရေးအတွက် လုပ်ဆောင်ခြင်းမဟုတ်ဘဲ တပ်ရင်း၊ တပ်ဖွဲ့များ၏ သက်သာချောင်ချိရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ စစ်သည်မိသားစုဝင်များ၏ စားရေးကိုတိုက်ရိုက်အထောက်အကူပြုရမည်ဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် စစ်မှုထမ်းဟောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပညာရေး၊ ကျန်းမာရေး စသည့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကိုပါ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်သည်အထိ တိုးချဲ့လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်ကုန်များမှ တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းသို့ ရောက်ရှိကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှတပ်မတော်အရာရှိကြီးများနှင့်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေတို့လိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေး စခန်းသို့သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရှင်းလင်းဆောင်တွင် တိုင်မှူး ဗိုလ်ချုပ် ညီညီဆွေက နှစ်ရှည်ပင်များအား ပျိုးဥယျာဉ်ဖြင့်ပျိုး၍ စနစ်တကျစိုက်ပျိုးထားရှိမှု၊ ရာသီသီးနှံများစိုက်ပျိုးထားရှိမှုနှင့် ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကိုသက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်မှု၊ Novogen Brown ဥစားကြက်များ၊ Hubbard အသားတိုးကြက်များ၊ ဒေသကြက်များ၊ ထိန်စမ်းဆိတ်များ၊ DYL ဝက်များ၊ နို့စားနွားများ၊ ဒေသနွားများနှင့် ငါးများမွေးမြူထားရှိမှု၊ ထွက်ရှိလာသည့်အသားငါးများ၊ ကြက်ဥနှင့်နွားနို့များအား သက်သာချောင်ချိသော ဈေးနှုန်းဖြင့်ဖြန့်ဖြူးရောင်းချပေးနိုင်မှု၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များအား ပြင်ပပေါက်ဈေးထက်သက်သာစွာရောင်းချပေးခဲ့သဖြင့် တန်ဖိုးငွေ ကျပ်သိန်း ၂၁၀၀ ကျော် သက်သာရရှိသည့် အခြေအနေများ၊ မွေးမြူရေး လုပ်ငန်းများတွင် ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာစေရန် အစာစပ်စက်ရုံမှ တိရိစ္ဆာန် အစာများကိုသတ်မှတ်ထားသည့် အချိုးအစားများအတိုင်း ထုတ်လုပ်ရောင်းချပေးမှုနှင့် မွေးမြူရေးခြံများတွင် အစာနှင့်ရေကျွေးမွေးမှုစနစ်၊ အညစ်အကြေးစွန့်စနစ်များကို သပ်ရပ်သန့်ရှင်းစွာဖြင့်ပြင်ဆင်လုပ်ဆောင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မွေးမြူရေးလုပ်ငန်းများတွင် သန့်ရှင်းရေးမှာ လွန်စွာအရေးကြီးသဖြင့် အလေးထားကြပ်မတ်ဆောင်ရွက်ရန်၊ တိရိစ္ဆာန်အစာများထုတ်လုပ်ရောင်းချရာတွင် ဓါတုပစ္စည်းပါဝင်မှုအနည်းဆုံးဖြစ်စေရန်၊ ဖြစ်နိုင်ပါက ဓါတုပစ္စည်းကင်းစင်သည်အထိ ဓါတ်ခွဲစမ်းသပ်လုပ်ဆောင်ရန်၊ နို့စားနွားခြံများနှင့်တစ်ဆက်တစ်စပ်တည်းတွင် နွား ၅ ကောင်လျှင်တစ်ဧကနှုန်းဖြင့် နွားစားကျက်များ အားစနစ်တကျထားရှိရန်၊ စိုက်ပျိုးရေး၊မွေးမြူရေးထွက်ကုန်များမှ တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်နိုင်ခြင်းဖြင့် စစ်သည်မိသားစုများသာမက စစ်မှုထမ်းဟောင်းများအတွက်ပါ အပိုဝင်ငွေရရှိနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးတို့အားမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်းအတွင်းရှိ ထိန်စမ်းဆိတ်မွေးမြူထားရှိမှုနှင့် ဒေသကြက်များ မွေးမြူထားရှိမှု၊ Novogen Brown ဥစားကြက်များမွေးမြူထားရှိမှု၊ နို့စားနွားများမွေးမြူထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များလိုက်ပါ၍ မြစ်ကြီးနားတပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ရောက်ရှိကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရေးပေါ်ကုသဆောင်တွင်တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံ၍ ဆေးဝါးကုသပေးမှုအခြေအနေများနှင့် ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့နောက် အုပ်ချုပ်မှုပိုင်းဆိုင်ရာလိုအပ်ချက်များအားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှသည်လည်း ဆေးရုံရှိ အမျိုးသမီးကုသဆောင်နှင့် ကလေးကုသဆောင်တွင် တက်ရောက်ကုသလျက်ရှိသည့် မိသားစုဝင်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

(Zawgyi Version)

စီးပြားေရးအတြက္ လုပ္ေဆာင္ျခင္းမဟုတ္ဘဲ သက္သာေခ်ာင္ခ်ိေရးအတြက္ လုပ္ေဆာင္ျခင္းျဖစ္၍ စစ္သည္မိသားစုဝင္မ်ား၏ စားေရးကိုတိုက္႐ိုက္ အေထာက္အကူျပဳရမည္

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၁၈

တပ္ပုိင္စုိက္ပ်ိဳးေရးလုပ္ငန္းမ်ားသည္ စီးပြားေရးအတြက္ လုပ္ေဆာင္ျခင္းမဟုတ္ဘဲ တပ္ရင္း၊ တပ္ဖြဲ႕မ်ား၏ သက္သာေခ်ာင္ခ်ိေရးအတြက္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း၊ စစ္သည္မိသားစု၀င္မ်ား၏ စားေရးကုိတုိက္႐ုိက္အေထာက္အကူျပဳရမည္ျဖစ္ေၾကာင္း၊ ၎မွတစ္ဆင့္ စစ္မႈထမ္းေဟာင္းမ်ား၊ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕၀င္မ်ား၊ ပညာေရး၊ က်န္းမာေရး စသည့္ဌာနဆုိင္ရာ ၀န္ထမ္းမ်ားႏွင့္ ေဒသခံျပည္သူမ်ားကုိပါ သက္သာေသာေစ်းႏႈန္းျဖင့္ ျဖန္႔ျဖဴးေရာင္းခ်ေပးႏုိင္သည္အထိ တုိးခ်ဲ႕လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊ ထုိ႔အျပင္ စုိက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးထုတ္ကုန္မ်ားမွ တန္ဖုိးျမင့္ကုန္ေခ်ာမ်ား ထုတ္လုပ္ႏုိင္ေရး ႀကိဳးစားေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔မြန္းလြဲပုိင္းတြင္ ေျမာက္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ ဘက္စုံစုိက္ပ်ိဳးေမြးျမဴေရးစခန္းသုိ႔ ေရာက္ရွိၾကည့္႐ႈစစ္ေဆးစဥ္ ထည့္သြင္းေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးခင္ေအာင္ျမင့္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ညီညီေဆြတုိ႔လုိက္ပါၿပီး ယေန႔မြန္းလြဲပုိင္းတြင္ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ ဘက္စုံစုိက္ပ်ိဳးေမြးျမဴေရး စခန္းသုိ႔သြားေရာက္ၾကည့္႐ႈစစ္ေဆးသည္။

ဦးစြာ ရွင္းလင္းေဆာင္တြင္ တုိင္မွဴး ဗုိလ္ခ်ဳပ္ ညီညီေဆြက ႏွစ္ရွည္ပင္မ်ားအား ပ်ိဳးဥယ်ာဥ္ျဖင့္ပ်ိဳး၍ စနစ္တက်စုိက္ပ်ိဳးထားရွိမႈ၊ ရာသီသီးႏွံမ်ားစုိက္ပ်ိဳးထားရွိမႈႏွင့္ ထြက္ရွိသည့္ ဟင္းသီးဟင္းရြက္မ်ားကုိသက္သာေသာေစ်းႏႈန္းျဖင့္ ျဖန္႔ျဖဴးေရာင္းခ်ေပးႏုိင္မႈ၊ Novogen Brown ဥစားၾကက္မ်ား၊ Hubbard အသားတုိးၾကက္မ်ား၊ ေဒသၾကက္မ်ား၊ ထိန္စမ္းဆိတ္မ်ား၊ DYL ၀က္မ်ား၊ ႏုိ႔စားႏြားမ်ား၊ ေဒသႏြားမ်ားႏွင့္ ငါးမ်ားေမြးျမဴထားရွိမႈ၊ ထြက္ရွိလာသည့္အသားငါးမ်ား၊ ၾကက္ဥႏွင့္ႏြားႏုိ႕မ်ားအား သက္သာေခ်ာင္ခ်ိေသာ ေစ်းႏႈန္းျဖင့္ျဖန္႔ျဖဴးေရာင္းခ်ေပးႏုိင္မႈ၊ ၂၀၁၄ ခုႏွစ္မွ ၂၀၁၇ ခုႏွစ္အတြင္း စုိက္ပ်ိဳးေရး၊ ေမြးျမဴေရးထြက္ကုန္မ်ားအား ျပင္ပေပါက္ေစ်းထက္သက္သာစြာေရာင္းခ်ေပးခဲ့သျဖင့္ တန္ဖုိးေငြ က်ပ္သိန္း ၂၁၀၀ ေက်ာ္ သက္သာရရွိသည့္ အေျခအေနမ်ား၊ ေမြးျမဴေရး လုပ္ငန္းမ်ားတြင္ ထုတ္လုပ္မႈကုန္က်စရိတ္သက္သာေစရန္ အစာစပ္စက္႐ုံမွ တိရိစၦာန္ အစာမ်ားကုိသတ္မွတ္ထားသည့္ အခ်ိဳးအစားမ်ားအတုိင္း ထုတ္လုပ္ေရာင္းခ်ေပးမႈႏွင့္ ေမြးျမဴေရးၿခံမ်ားတြင္ အစာႏွင့္ေရေကြၽးေမြးမႈစနစ္၊ အညစ္အေၾကးစြန္႔စနစ္မ်ားကုိ သပ္ရပ္သန္႔ရွင္းစြာျဖင့္ျပင္ဆင္လုပ္ေဆာင္ေနမႈ အေျခအေနမ်ားကုိ ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေမြးျမဴေရးလုပ္ငန္းမ်ားတြင္ သန္႔ရွင္းေရးမွာ လြန္စြာအေရးႀကီးသျဖင့္ အေလးထားၾကပ္မတ္ေဆာင္ရြက္ရန္၊ တိရိစၦာန္အစာမ်ားထုတ္လုပ္ေရာင္းခ်ရာတြင္ ဓါတုပစၥည္းပါ၀င္မႈအနည္းဆုံးျဖစ္ေစရန္၊ ျဖစ္ႏုိင္ပါက ဓါတုပစၥည္းကင္းစင္သည္အထိ ဓါတ္ခြဲစမ္းသပ္လုပ္ေဆာင္ရန္၊ ႏုိ႔စားႏြားၿခံမ်ားႏွင့္တစ္ဆက္တစ္စပ္တည္းတြင္ ႏြား ၅ ေကာင္လွ်င္တစ္ဧကႏႈန္းျဖင့္ ႏြားစားက်က္မ်ား အားစနစ္တက်ထားရွိရန္၊ စုိက္ပ်ိဳးေရး၊ေမြးျမဴေရးထြက္ကုန္မ်ားမွ တန္ဖုိးျမင့္ကုန္ေခ်ာ ထုတ္လုပ္ႏုိင္ျခင္းျဖင့္ စစ္သည္မိသားစုမ်ားသာမက စစ္မႈထမ္းေဟာင္းမ်ားအတြက္ပါ အပုိ၀င္ေငြရရွိႏုိင္ေရးအတြက္ စီမံေဆာင္ရြက္ေပးတုိ႔အားမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဘက္စုံစုိက္ပ်ိဳး ေမြးျမဴေရးစခန္းအတြင္းရွိ ထိန္စမ္းဆိတ္ေမြးျမဴထားရွိမႈႏွင့္ ေဒသၾကက္မ်ား ေမြးျမဴထားရွိမႈ၊ Novogen Brown ဥစားၾကက္မ်ားေမြးျမဴထားရွိမႈ၊ ႏုိ႕စားႏြားမ်ားေမြးျမဴထားရွိမႈတုိ႔အား လုိက္လံၾကည့္႐ႈစစ္ေဆးရာ တုိင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းတင္ျပသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဇနီးေဒၚၾကဴၾကဴလွႏွင့္ အဖြဲ႕၀င္မ်ားလုိက္ပါ၍ ျမစ္ႀကီးနားတပ္နယ္ရွိ နယ္ေျမခံတပ္မေတာ္ေဆး႐ုံသုိ႔ေရာက္ရွိၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အေရးေပၚကုသေဆာင္တြင္တက္ေရာက္ကုသမႈ ခံယူလ်က္ရွိသည့္ အရာရွိ၊ စစ္သည္မ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီးလုိက္လံေတြ႕ဆုံ၍ ေဆး၀ါးကုသေပးမႈအေျခအေနမ်ားႏွင့္ က်န္းမာေရးအေျခအေနတုိးတက္ေကာင္းမြန္မႈ အေျခအေနမ်ားကုိ ေမးျမန္းအားေပးစကားေျပာၾကားၿပီး ခ်ီးျမႇင့္ေငြမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားေပးအပ္သည္။ ထုိ႔ေနာက္ အုပ္ခ်ဳပ္မႈပုိင္းဆုိင္ရာလုိအပ္ခ်က္မ်ားအားျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ထုိ႔အတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွသည္လည္း ေဆး႐ုံရွိ အမ်ိဳးသမီးကုသေဆာင္ႏွင့္ ကေလးကုသေဆာင္တြင္ တက္ေရာက္ကုသလ်က္ရွိသည့္ မိသားစု၀င္မ်ားအား တစ္ဦးခ်င္း ရင္းရင္းႏွီးႏွီးလုိက္လံအားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပးအပ္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။