တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိ၊ Arguments and Facts ၊ ZVEZDA ၊ RT ၊ Red star စသည့်သတင်းဌာနများနှင့် Politic မဂ္ဂဇင်းတို့၏ မေးမြန်းချက်များကို လက်ခံဖြေကြား

နေပြည်တော်၊ ဇွန် – ၂၃ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Victory Day of Great Patriotic War (၇၅) နှစ်မြောက်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာလေကြောင်း(MAI)မှ အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာခဲ့ကြပြီး ဒေသစံတော်ချိန်ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V.Fomin ၊ FSMTC မှ ဒုတိယညွှန်ကြားရေးမှူး Vladimir Drozhzhov၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကိုကိုရှိန်၊ စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုး နှင့် တာဝန်ရှိသူများက လေဆိပ်၌ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ယင်းနောက် ခေတ္တတည်းခိုမည့် Crowne Plaza Hotel သို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး ညအိပ်ရပ်နားခဲ့ကြသည်။ 

ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Arguments and Facts သတင်းဌာန၊ ZVEZDA သတင်းဌာန၊ RT သတင်းဌာန၊ Red star သတင်းဌာနနှင့် Politic မဂ္ဂဇင်းတို့မှ အယ်ဒီတာချုပ်များနှင့် သတင်းထောက်တို့အား Crowne Plaza Hotel တွင် သီးခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံ၏သမိုင်းကြောင်းတွင် ပါဝင်ခဲ့သည့် မြန်မာ့ တပ်မတော်၏ အခန်းကဏ္ဍများ၊ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင် မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်လျက်ရှိပြီး လွှတ်တော်အတွင်း၌ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်၏ ဆောင်ရွက်ချက်များနှင့် COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြုလုပ်ငန်းများတွင် တပ်မတော်၏ ပါဝင်ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာတပ်မတော်နှင့် ရုရှားတပ်မတော်၏ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍသည် အလျင်အမြန်တိုးတက်လျက်ရှိပြီး ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အကျိုးဖြစ်ပေါ်စေသည့် အခြေအနေများနှင့် အခြားသိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ 

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Irkut Coporation မှ နိုင်ငံတကာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ဒုတိယဥက္ကဌ Mr. Vladimir N. Sautov နှင့် တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ၍ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြင့်ရေးဆိုင်ရာများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။ 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသို႔ေရာက္ရွိ၊ Arguments and Facts ၊ ZVEZDA ၊ RT ၊ Red star စသည့္သတင္းဌာနမ်ားႏွင့္ Politic မဂၢဇင္းတို႔၏ ေမးျမန္းခ်က္မ်ားကို လက္ခံေျဖၾကား

ေနျပည္ေတာ္၊ ဇြန္ – ၂၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ္ၾကားခ်က္အရ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္မည့္ Victory Day of Great Patriotic War (၇၅) ႏွစ္ေျမာက္အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားသို႔ တက္ေရာက္ရန္အတြက္ ဇြန္ ၂၂ ရက္ နံနက္ပိုင္းတြင္ အျပည္ျပည္ဆိုင္ရာေလေၾကာင္း(MAI)မွ အထူးေလယာဥ္ျဖင့္ ေနျပည္ေတာ္ တပ္မေတာ္ေလဆိပ္မွ ထြက္ခြာခဲ့ၾကၿပီး ေဒသစံေတာ္ခ်ိန္ညေနပိုင္းတြင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕ Sheremetyevo အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕အား ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး Colonel General Alexander V.Fomin ၊ FSMTC မွ ဒုတိယၫႊန္ၾကားေရးမႉး Vladimir Drozhzhov၊ ႐ုရွားႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံ သံအမတ္ႀကီး ဦးကိုကိုရွိန္၊ စစ္သံမႉး ဗိုလ္မႉးခ်ဳပ္ ေက်ာ္စိုးမိုး ႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္၌ႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကသည္။ ယင္းေနာက္ ေခတၱတည္းခိုမည့္ Crowne Plaza Hotel သို႔ ဆက္လက္ထြက္ခြာခဲ့ၾကၿပီး ညအိပ္ရပ္နားခဲ့ၾကသည္။

ယေန႔ ေဒသစံေတာ္ခ်ိန္ နံနက္ပိုင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ Arguments and Facts သတင္းဌာန၊ ZVEZDA သတင္းဌာန၊ RT သတင္းဌာန၊ Red star သတင္းဌာနႏွင့္ Politic မဂၢဇင္းတို႔မွ အယ္ဒီတာခ်ဳပ္မ်ားႏွင့္ သတင္းေထာက္တို႔အား Crowne Plaza Hotel တြင္ သီးျခားစီေတြ႕ဆုံ၍ ျမန္မာႏိုင္ငံ၏သမိုင္းေၾကာင္းတြင္ ပါဝင္ခဲ့သည့္ ျမန္မာ့ တပ္မေတာ္၏ အခန္းက႑မ်ား၊ ႏိုင္ငံေတာ္၏ အမ်ိဳးသားႏိုင္ငံေရး ဦးေဆာင္ မႈအခန္းက႑တြင္ တပ္မေတာ္က ပါဝင္ထမ္းေဆာင္လ်က္ရွိၿပီး လႊတ္ေတာ္အတြင္း၌ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္မ်ား ပါဝင္လ်က္ရွိသည့္ အေျခအေနမ်ား၊ ႏိုင္ငံေတာ္လုံၿခဳံေရး၊ နယ္ေျမတည္တံ့ခိုင္ၿမဲေရးႏွင့္ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရးအတြက္ တပ္မေတာ္၏ ေဆာင္႐ြက္ခ်က္မ်ားႏွင့္ COVID-19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး အေထာက္အကူျပဳလုပ္ငန္းမ်ားတြင္ တပ္မေတာ္၏ ပါဝင္ေဆာင္႐ြက္ေနမႈ အေျခအေနမ်ား၊ ျမန္မာတပ္မေတာ္ႏွင့္ ႐ုရွားတပ္မေတာ္၏ စစ္ဘက္နည္းပညာ ပူးေပါင္းေဆာင္႐ြက္မႈက႑သည္ အလ်င္အျမန္တိုးတက္လ်က္ရွိၿပီး ႐ုရွား-ျမန္မာ ပူးေပါင္းေဆာင္႐ြက္မႈမ်ားမွတစ္ဆင့္ အက်ိဳးျဖစ္ေပၚေစသည့္ အေျခအေနမ်ားႏွင့္ အျခားသိရွိလိုသည့္ ေမးျမန္းခ်က္မ်ားကို ျပန္လည္ရွင္းလင္း ေျဖၾကားခဲ့သည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ Irkut Coporation မွ ႏိုင္ငံတကာ ခ်စ္ၾကည္ေရးႏွင့္ပူးေပါင္းေဆာင္႐ြက္ေရး ဒုတိယဥကၠဌ Mr. Vladimir N. Sautov ႏွင့္ တာဝန္ရွိသူမ်ားအား လက္ခံေတြ႕ဆုံ၍ နည္းပညာ ပူးေပါင္းေဆာင္႐ြက္မႈပိုမိုတိုးျမင့္ေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ အျပန္အလွန္ ေဆြးေႏြးခဲ့ၾကၿပီး ေဆြးေႏြးပြဲအၿပီးတြင္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ခဲ့ၾကသည္။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။