တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)ရှိ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇွန် ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၄ ရက် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယအား ဖူးမြော်ကြည်ညိုကြကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ(မော်စကို) ကျောင်းထိုင်ဆရာတော်ထံ သာသနာရေးဆိုင်ရာများ၊ မော်စကိုမြို့ အနောက်ဘက် ကာလူးဂါမြို့အနီးရှိ ကမ္ဘာ့ရွာယဉ်ကျေးမှုပေါင်းစုံပြတိုက်ပန်းခြံအတွင်း သီတဂူ ဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် ရွှေစည်းခုံစေတီတော် ပုံစံတူ တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုအခြေအနေများအား တင်ပြလျှောက်ထားကြပြီး လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများနှင့် ဆရာတော်ကြီးများ၏ ဓမ္မလက်ဆောင်များအား ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ (မော်စကို) ပရိဝုဏ်အတွင်း လှည့်လည်၍ သာသနိကအဆောက်အဦ သဒ္ဓမ္မဇောတိကဓဇ သိမ်တော် တည်ဆောက်သွားမည့်အခြေအနေများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ဆွေးနွေး လျှောက်ထားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ ျမန္မာေထရဝါဒဗုဒၶဝိဟာရ(ေမာ္စကို)ရွိ သံဃာေတာ္မ်ားအား လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္း

ေနျပည္ေတာ္၊ ဇြန္ ၂၅

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕သည္ ဇြန္ ၂၄ ရက္ မြန္းလြဲပိုင္းတြင္ ေမာ္စကိုၿမိဳ႕ရွိ ျမန္မာေထရဝါဒဗုဒၶဝိဟာရ(ေမာ္စကို)သို႔ သြားေရာက္ၿပီး ေက်ာင္းထိုင္ဆရာေတာ္ မဟာသဒၶမၼေဇာတိကဓဇ ေဒါက္တာ ဘဒၵႏၲ အစၦရိယအား ဖူးေျမာ္ၾကည္ညိဳၾကကာ လွဴဖြယ္ပစၥည္းမ်ားဆက္ကပ္လွဴဒါန္းခဲ့ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ျမန္မာေထရဝါဒ ဗုဒၶဝိဟာရ(ေမာ္စကို) ေက်ာင္းထိုင္ဆရာေတာ္ထံ သာသနာေရးဆိုင္ရာမ်ား၊ ေမာ္စကိုၿမိဳ႕ အေနာက္ဘက္ ကာလူးဂါၿမိဳ႕အနီးရွိ ကမာၻ႔႐ြာယဥ္ေက်းမႈေပါင္းစုံျပတိုက္ပန္းၿခံအတြင္း သီတဂူ ဆရာေတာ္ဘုရားႀကီး၏ ဦးေဆာင္မႈျဖင့္ ေ႐ႊစည္းခုံေစတီေတာ္ ပုံစံတူ တည္ထားကိုးကြယ္ရန္ ေဆာင္႐ြက္ေနမႈအေျခအေနမ်ားအား တင္ျပေလွ်ာက္ထားၾကၿပီး လႉဖြယ္ပစၥည္းမ်ား၊ နဝကမၼအလွဴေငြမ်ားႏွင့္ ဆရာေတာ္ႀကီးမ်ား၏ ဓမၼလက္ေဆာင္မ်ားအား ဆက္ကပ္လွဴဒါန္းကာ လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေဝၾကသည္။

ယင္းေနာက္ ေက်ာင္းထိုင္ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ အစၦရိယ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ျမန္မာေထရဝါဒဗုဒၶဝိဟာရ (ေမာ္စကို) ပရိဝုဏ္အတြင္း လွည့္လည္၍ သာသနိကအေဆာက္အဦ သဒၶမၼေဇာတိကဓဇ သိမ္ေတာ္ တည္ေဆာက္သြားမည့္အေျခအေနမ်ားအား ၾကည့္ရႈခဲ့ၾကၿပီး လိုအပ္သည္မ်ား ေဆြးေႏြး ေလွ်ာက္ထားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။