တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Arguments and Facts သတင်းဌာန နှင့် ZVEZDA သတင်းဌာန တို့အား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများအား ဖြေကြား(အပိုင်း-၁)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ တွင် ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ရောက်ရှိနေစဉ် ကာလ အတွင်း Arguments and Facts သတင်းဌာနနှင့် ZVEZDA သတင်းဌာန တို့နှင့်တွေ့ဆုံပြီး မေးမြန်းချက် များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါသတင်း ဌာနများ၏ မေးမြန်းချက်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ပြန်လည် ရှင်းလင်း ဖြေကြားချက်များကို ဖော်ပြလိုက်ရပါသည်-

Arguments and Facts သတင်းဌာနနှင့် တွေ့ဆုံ

သတင်းဌာန ။ ကျွန်တော့်အနေနဲ့ ပထမ ဦးစွာ ကျွန်တော်ဗိုလ်ချုပ်မှူးကြီးကို ခုလို ရုရှားနိုင်ငံကို လာရောက်တဲ့ အတွက် ခရီးဦး ကြိုဆိုကြောင်း ပြောလိုပါတယ်၊ ကျွန်တော် တို့ ဒီမော်စကိုမြို့ကနေလည်း ကြိုဆို ကြောင်းနဲ့ ထပ်လောင်း ပြောလိုပါတယ်၊

ခုလိုမျိုး ကျွန်တော်တို့ရဲ့ (၇၅)နှစ်မြောက် မဟာမျိုးချစ် အောင်ပွဲကြီး အခမ်းအနားကို လာရောက် တက်ရောက် တယ် ဆိုတာ သိရတဲ့ အတွက်လည်း ကျွန်တော်တို့ အနေနဲ့ များစွာဂုဏ်ယူပါတယ်၊ ဒီခရီးစဉ်အတွင်း တွေ့ဆုံမှု တွေ အားလုံးမှာလည်း အောင်မြင် မှုတွေရရှိပါစေလို့ ဆုတောင်းပေးလိုပါတယ်။

သတင်းဌာနမှမေး။ ကျွန်တော်တို့ ဒီ Arguments and Facts သတင်းဌာနအနေနဲ့ လည်း ကျွန်တော်တို့ သတင်း ဌာန အားလုံး ကိုယ်စားလည်း နှုတ်ခွန်းဆက်သချင်ပါတယ်၊ ကျွန်တော်တို့ သတင်းဌာန ကတော့ ဒီရုရှားနိုင်ငံတွင် သာမက ဥရောပမှာပါ များစွာ နာမည်ကျော်ကြားတဲ့သတင်း ဌာနဖြစ်ပါတယ်၊ ကျွန်တော်တို့ သတင်း ဌာနက ဖြန့်ဝေမှုနဲ့ ပတ်သက်လို့ရှိရင် ၃၃ မီလီယံအထိ ရိုက်နှိပ်ဖြန့်ဝေခဲ့ဖူး တဲ့အတွေ့ အကြုံရှိတဲ့အတွက် ဂင်းနစ် စံချိန်တင်တဲ့အထိရှိခဲ့ပါတယ်။ ကျွန်တော်တို့ သတင်းဌာနမှာ ကျွန်တော့်အနေနဲ့ ကာကွယ် ရေးနဲ့ပတ်သက်တဲ့ သတင်းတွေနဲ့ပတ်သက် ပြီးတော့ အဓိကတာဝန်ယူဆောင်ရွက် လျက်ရှိပါတယ်။ အခုလို ဆောင်ရွက်လျက် ရှိတဲ့အချိန်မှာ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံဟာ ဆိုလို့ရှိရင် စစ်ဘက်ဆိုင်ရာမှာ ပူးပေါင်း ဆောင်ရွက်မှု တွေဟာ အလွန်အောင်မြင် တာသိရှိရတဲ့အတွက် ခုလိုအင်တာဗျူးခွင့် ရတဲ့အတွက် ကျွန်တော့် အနေနဲ့ အရမ်းကို ဝမ်းသာမိပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ကောင်းပါပြီ ခင်ဗျား မေးစရာရှိတာတွ ေမေးလို့ရပါတယ်။

သတင်းဌာနမှမေး။ ပထမဦးဆုံးမေးခွန်း အနေနဲ့တော့ ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ယခုအချိန် ရုရှားနိုင်ငံသို့ (၇၅) နှစ်မြောက် မဟာမျိုးချစ်အောင်ပွဲ အခမ်းအနားကိုပါဝင် တက်ရောက်တာဖြစ်ကြောင်းသိရှိရပါတယ်။ ဗိုလ်ချုပ်မှူး ကြီး အား မည်သူက ဖိတ်ကြား သည်ကိုသိရှိလိုသလို ဗိုလ်ချုပ်မှူးကြီးနဲ့ အတူလိုက်ပါလာတဲ့ ကိုယ်စားလှယ်အဖွဲ့ ဝင်တွေကိုလည်း အကြမ်းဖျင်း မိတ်ဆက် ပေးစေလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော့်ကိုဖိတ်တာ တော့ ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးက ဖိတ်တာဖြစ်ပါတယ်။ ကျွန်တော့် အဖွဲ့နဲ့ အတူ စစ်ဦးစီးအရာရှိချုပ်(ကြည်း)၊ စစ်ဦးစီး အရာရှိချုပ်(ရေ)၊ စစ်ဦးစီးအရာရှိချုပ်(လေ) ကျွန်တော်နဲ့ အတူ ပါလာပါတယ်။

သတင်းဌာနမှမေး။ ကျွန်တော်တို့ ဒီရုရှား နိုင်ငံမှာဆိုလို့ရှိရင် အဆွေတော် ဗိုလ်ချုပ်မှူးကြီးနဲ့ပတ်သက်တဲ့ သတင်း တွေ ကိုလည်း မကြာခဏ ကျွန်တော်တို့အနေနဲ့ လည်းဖတ်ကြားရတာ၊ တီဗွီတွေမှာတွေ့မြင် ရတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ လေ့လာတွေ့ရှိချက်အရလည်း အဆွေတော် ဗိုလ်ချုပ်မှူးကြီးဟာ မြန်မာနိုင်ငံက ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ကျွန်တော်တို့လက်နက် ကိုင်အဖွဲ့အစည်းတွေကို ကွပ်ကဲရတဲ့ အကြီးဆုံးဆိုတာ လည်း ကျွန်တော်တို့ သိရှိထားရပါတယ်။ ဒီလိုမျိုးတပ်မတော် အပါအဝင် ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီး ဌာနရယ်၊ နယ်စပ်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့တွေကိုပါ ကွပ်ကဲရတဲ့တာဝန်ကြီးကို ဘယ်လိုများယူထားပါ သလဲ။ တစ်နေ့ကို ဘယ်လောက်များအိပ်ဖြစ်ပါသလဲ။ တာဝန်အရမ်းကြီးပါသလားခင်ဗျ။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာရှိတဲ့ပြဋ္ဌာန်းချက်ကတော့ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်က မြန်မာ နိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်ပါတယ်။ အဲ့တော့ ခင်ဗျား ခုနက မေးတဲ့ ပြည်ထဲရေးဝန်ကြီးဌာနမှာရှိတဲ့ ဒီတပ်ဖွဲ့တွေ ကတော့ ကျွန်တော်တိုက်ရိုက် ကွပ်ကဲတာတော့ မဟုတ်ပါဘူး။ ပြည်ထဲရေး ဝန်ကြီးကနေပြီးတော့ ကွပ်ကဲပြီးတော့ လုပ်တာပေါ့။ ရဲတပ်ဖွဲ့ဆိုတာရှိတယ်။ ရဲမှာ လည်း ၂ ပိုင်းရှိတယ်။ Law Enforcement Police ဥပဒေထိန်းချုပ်တဲ့အဖွဲ့တွေ နဲ့ Armed Police သေနတ်ကိုင် တဲ့ရဲတပ်ဖွဲ့ ရှိတယ်။ ကျွန်တော်တို့ ဆီမှာတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့လို့ခေါ်ကြတယ်။ ဒီအဖွဲ့တွေ ကိုတော့ တိုက်ရိုက် ကိုင်တာတော့ ပြည်ထဲ ရေးဝန်ကြီးကကိုင်ပါတယ်။ သို့သော်လည်းပဲ ကွပ်ကဲမှုကတော့ ကျွန်တော် ယူထားတာ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကတော့ အကြီးအကဲဖြစ်တာပေါ့။ ကျွန်တော်တို့ ကတော့ လုံခြုံရေးနဲ့ ပတ်သက် ပြီးတော့ တချို့ဟာတွေမှာ ညွှန်ကြားရတာ ရှိတယ်။ ပူးပေါင်းဆောင်ရွက်ရတာ ရှိတယ်။

အဲ့ဒီလိုလုပ်ရတဲ့အတွက်ကြောင့် ကျွန်တော့် အတွက်ကတော့ လက်နက်ကိုင်ပဋိပက္ခတွေကိုဖြေရှင်းရာမှာတော့ များစွာ အထောက် အကူရတယ်လို့ ကျွန်တော်ပြောချင်တယ်။

သတင်းဌာနမှမေး။ ဗိုလ်ချုပ်မှူးကြီးမိန့်ခွန်း တစ်ခုထဲမှာ ကျွန်တော်တို့အနေနဲ့ ကြားသိရတာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းဟာ မြန်မာ့တပ်မတော်ရဲ့သမိုင်းကြောင်းဖြစ် သလို၊ မြန်မာ့တပ်မတော်ရဲ့သမိုင်းကြောင်း ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းဖြစ်တယ် လို့ ဗိုလ်ချုပ်မှူးကြီးဟာ တစ်ကြိမ်ပြောဆိုခဲ့ ဖူးပါတယ်။ ဒီစကားရပ် ကလေးနဲ့ပတ်သက် ပြီးတော့ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းမှာ တပ်မတော်အခန်းကဏ္ဍကိုလည်း ကျွန်တော် သိလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ တော်တော်တော့ ရှည်လျားတယ်ဗျ။ ပြောရလို့ရှိရင်တော့ လွတ်လပ်ရေးကြိုးပမ်းမှု ကာလက နေစပြီး တော့ပြောရမှာပဲ။ ကျွန်တော်တို့လွတ်လပ် ရေးဆုံးရှုံးသွားရတဲ့အခါကျတော့ ဒီလွတ် လပ်ရေးပြန်ယူခဲ့တဲ့ ဆောင်ရွက်ခဲ့တဲ့နေရာ မှာ ခေတ်မီတပ်မတော်မရှိခဲ့ဘူး။ ခေတ်မီ တပ်မတော်မရှိတဲ့အခါကျတော့ ဒီလွတ်လပ် ရေးရဖို့ အတွက် ကြိုးစားတဲ့အခါမှာ ခေတ်မီ တပ်မတော်ဖွဲ့စည်းဖို့လည်း ကျွန်တော်တို့ဆီမှာ ရဲဘော်သုံးကျိပ် ဆိုတာ စပြီးတော့မှ ဂျပန်နိုင်ငံမှာသွားပြီး စစ်ပညာသင်ပြီးတော့ ခေတ်မီတပ်မတော်ပြန်ဖွဲ့တယ်။ ပြန်ဖွဲ့ ပြီးတော့ မှ လွတ်လပ်ရေး ရအောင် တပ်မတော်ရဲ့ ရဲဘော်သုံးကျိပ်နဲ့ BIA ကို ကျွန်တော်တို့ စဖွဲ့တယ်။ မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဆိုတာ ဖွဲ့တယ်။ အဲဒီကနေ ပြီးတော့မှ တပ်မတော်ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူရဲ့ ပူးပေါင်းဆောင် ရွက်မှုနဲ့ လွတ်လပ်ရေးကို ရအောင်တိုက်ခဲ့တယ်။ လွတ်လပ်ရေးရတဲ့ အချိန်မှာပဲ နိုင်ငံရေး သဘော ထားတွေ ကွဲလွဲမှုတွေရှိတဲ့ အတွက်ကြောင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေဖြစ် လာတယ်။ လွတ်လပ်ရေး ဆုံးရှုံးမှု ပြန်ပြီး ဖြစ်လာနိုင်တဲ့အခါကျတော့ တပ်မတော်က ကာကွယ်ပေးတယ်ပေါ့။ အဲ့ဒီကစခဲ့တဲ့

သမိုင်းကြောင်းက ၁၉၅၈ ခုနှစ်ကျတော့ နိုင်ငံရေးအကွဲအပြဲတွေကြောင့် တိုင်းပြည်ပြိုကွဲမယ့် အခြေအနေဖြစ်တဲ့ အခါမှာ အိမ်စောင့်အစိုးရဆိုတဲ့ တပ်မတော်တက် လာတယ်။ ၁၉၆ဝ ပြည့်နှစ် ရွေးကောက်ပွဲ လုပ်ပြီးတဲ့အချိန်မှာ ရွေးကောက်ပွဲ လုပ်ပြီး တော့အနိုင်ရတဲ့ပါတီကို ကျွန်တော်တို့က အာဏာလွှဲပေးတယ်။ ပြီးတော့ ၁၉၆၂ ခုနှစ် မှာ ဒီအာဏာရတဲ့အစိုးရက နိုင်ငံကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့ဘူး။ တိုင်းပြည်ပြိုကွဲမယ့် အခြေအနေဖြစ်လာတယ်။ တပ်မ တော်က ဝင်ထိန်းလိုက်ရတယ်။ အာဏာယူလိုက်တယ်ပေါ့။ အဲ့ဒီမှာတပ်မတော် အာဏာ ဆက်သိမ်းပြီး တော့မှ ၁၉၇၄ ခုနှစ်မှာ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို အစိုးရဖွဲ့ပြီးတော့ နိုင်ငံအုပ်ချုပ်ရေး သွားခဲ့တာပေါ့။ အဲ့မှာတပ်မတော်လည်း အမာခံအင်အားစု နဲ့ပါလာခဲ့တယ်။ ဒါပေမဲ့လည်း ၁၉၈၈ခုနှစ်မှာ ဒီဆိုရှယ်လစ် အစိုးရ ရဲ့ တချို့ အားနည်းချက်တွေကြောင့် ပြည်တွင်း ပြည်ပထိုးနှက်ချက်တွေလည်း ပါလာခဲ့တာ ပေါ့။ အစိုးရရဲ့ စီမံခန့်ခွဲမှု အားနည်းတဲ့အခါမှာတော့ အစိုးရမှာအုပ်ချုပ်မှုယန္တရား ပြိုကွဲသွားတော့ တပ်မတော်က တိုင်းပြည်မှာ ကိုင်တွယ် ဖြေရှင်းမယ့်အဖွဲ့အစည်း မရှိတော့ တပ်မတော်က တိုင်းပြည်ကို ထိန်းပေးခဲ့ရတာပေါ့။ တကယ်က အဲ့ဒီ အချိန်မှာ ပြည်သူရဲ့ဆန္ဒက တိုင်းပြည်ကို ပါတီစုံဒီမိုကရေစီစနစ်သွားမယ်ဆိုတဲ့ ပြည်သူရဲ့ဆန္ဒတစ်ခုက ပေါ်လာခဲ့တယ်။

ဒါကြောင့် ပြည်သူရဲ့ဆန္ဒကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် ၁၉၈၈ အလွန်မှာ တပ်မတော် အစိုးရ တက်လာတယ်။ ဒီလမ်းကြောင်းကိုသွားနိုင်ဖို့အတွက် ထပ်ပြီး ကြိုးစားခဲ့ရတယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဋ္ဌာန်းပြီးတော့ ၂ဝ၁ဝ မှာရွေးကောက်ပွဲလုပ်တယ်။ ၂ဝ၁၁မှာ အာဏာရတဲ့အစိုးရကို အာဏာလွှဲပေး လိုက်တာပေါ့။ အဲဒီတော့ပြောရမယ် ဆိုရင်ဗျာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးကြိုးပမ်းမှုကာလက နေပြီးတော့ ၂ဝ၁၁ ခုနှစ်ကာလအတွင်းမှာတော့ တပ်မတော်က တောက်လျှောက်ပါလာခဲ့တာတွေ့ရတာပေါ့။ ဒါကြောင့် နိုင်ငံရဲ့ သမိုင်းမှာ တပ်မတော်က ယှဉ်တွဲနေတယ်။ တပ်မတော် ရဲ့သမိုင်းဟာလည်း နိုင်ငံနဲ့ယှဉ်တွဲနေ တယ်။ အလားတူ ကျွန်တော်တို့ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းသွားတာ ၂ဝ၁၁ ကနေပြီးတော့ အခု ၂ဝ၂ဝ ပေါ့။ ၁ဝ နှစ် နီးပါး လောက်ရှိသွားပြီ။ဒါဟာလည်း ကျွန်တော်တို့ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း မယိမ်းယိုင်ရအောင် တပ်မတော်က နေပြီး ထိန်းပေးတဲ့အနေအထားတော့ရှိနေတယ်။ ဒါကြောင့်မို့လို့ နိုင်ငံသမိုင်းနဲ့တပ်မတော် ခွဲခြားလို့မရဘူး။

သတင်းဌာနမှမေး။ ကျွန်တော်တို့ ဒီ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ခန့်ထားနိုင်ခွင့်ရှိ တယ်လို့ သိရပါတယ်။

လွှတ်တော်ထဲက ရာထူးအဆင့်ဆင့်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တွေကို ခန့်ထားနိုင်ခွင့် ရှိ တယ် လို့ ကျွန်တော် တို့လေ့လာသိရှိထားရပါတယ်။ ဒီဟာလည်း ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရေးတည်ငြိမ်မှုအရ ကျွန်တော်တို့ ဒီမိုကရေစီလမ်းကြောင်း ပေါ်ကို စရောက်တဲ့အချိန်မှာ ကျွန်တော်တို့ ဒါမှန်မှန်ကန်ကန် ရပ်တည်နိုင်ဖို့ ထိန်းချုပ် ပေးထားတယ်လို့ ကျွန်တော်တို့ကြား သိရပါတယ်။ ဒီလိုမျိုးထိန်းချုပ်မှုဟာ ဘယ်လောက် ထိ ဆက်လက် ထိန်းချုပ်ရမယ်။

ဘယ်အချိန်လောက်ထိ တပ်မတော်သား ကိုယ်စားလှယ်တွေအားလုံး အနားယူသွားမယ်ဆိုတာသိလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ခင်ဗျားခုနကပြောတဲ့ ထဲမှာ နိုင်ငံရေးတည်ငြိမ်မှုဆိုတာပါတယ်။ နောက်ပြီး ကျွန်တော်တို့ စောစောက ပြောခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခရှိတယ်။ လွတ်လပ်ရေးရပြီးတဲ့ နောက် လက်နက်ကိုင် ပဋိပက္ခ တွေပေါ် လာသလိုပဲ အဲ့ဒီလက်နက် ကိုင်ပဋိပက္ခတွေက အခုထိ မချုပ်ငြိမ်းသေးဘူး။ အဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေက ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးပြီး ဆောင်ရွက်ရတဲ့ အပိုင်းတွေရှိ တယ်။ ဆိုလိုတာ ကတော့ သူကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လက်နက်ကိုင် ဆန့်ကျင် ရေး အရ လုံခြုံရေးအရ တည်ငြိမ်မှုမရှိဘူး လို့ပြော လို့ရတယ်။ ဒုတိယနိုင်ငံရေးရဲ့ တည်ငြိမ်မှု ၂ဝ၁၁ခုနှစ်ပါတီစုံ ကူးပြောင်းသွားတဲ့ အချိန်မှာ ပထမပြည်သူ့လွှတ်တော်မှာ တော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဦး ဆောင်တဲ့ အစိုးရ တက်လာတယ်။

ဒုတိယရွေးကောက်ပွဲမှာကျတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်တဲ့ အစိုးရအဖွဲ့တက်လာတယ် သွားတာက တော့ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားတာပဲ။ ဒါပေမဲ့ အကောင်အထည်ဖော်မှုပုံစံချင်း နည်းနည်းတော့ ကွဲပြားခြားနားတာရှိတယ်။ ဒီလိုပဲ တခြားနိုင်ငံရေးပါတီတွေလည်း ကွဲပြားမှုတွေနဲ့ ကျွန်တော်တို့သွားတာ တွေရှိမှာပဲ။ ဒီလိုပဲ သွားရတဲ့အချိန်မှာ နိုင်ငံရေးအရအတိုက်အခိုက်များလာတော့ ကျွန်တော်တို့မငြိမ်ဘူး။ နိုင်ငံရေးကမငြိမ် ဘူး။ နောက်တစ်ခါနိုင်ငံရေးက မရင့်ကျက် ဘူးပေါ့။ အဲ့ဒီတော့ ဒီနှစ်ခုမရှိသမျှကာလ ပတ်လုံး နိုင်ငံရေးက တည်ငြိမ်မှုရှိနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့အနေ နဲ့ကတော့ တပ်မတော်က ဒါကို လုပ်ပေး နေတာဖြစ်တယ်။တကယ်လို့သာတည်ငြိမ် မှုတွေရှိသွားပြီ ဆိုရင်တော့ တပ်မတော်က သူ့ရဲ့လမ်းကြောင်း အတိုင်းပဲ သွားဖို့ရှိပါတယ်။

သတင်းဌာနမှမေး။အဆွေတော် ဗိုလ်ချုပ်မှူးကြီး ဆွေးနွေးခဲ့သလိုပါပဲ။ ကျွန်တော်တို့ ဒီမြန်မာ့ တပ်မတော်ဟာ ဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ နိုင်ငံတော်ကာကွယ် ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေးကို ကာကွယ်နေတဲ့ အပြင် ပြည်တွင်း သောင်းကျန်းသူတွေ နှိမ်နင်းရေးမှာလည်း စွမ်းစွမ်းတမံကြိုးစားနေတာကို ကျွန်တော် တို့လည်း သတင်းတွေမှာ ကြားသိရပါတယ်။

ဒီလိုမျိုးဆောင်ရွက်နေတဲ့အပြင် ဒီလောက် တာဝန်တွေကြီးလေးတဲ့ကြားကနေ ပြည်သူလူထုအပေါ်ကို ကူညီ စောင့် ရှောက်တဲ့ လုပ်ငန်းစဉ်တွေမှာလည်း ကျွန်တော်တို့ တပ်မတော်အနေနဲ့မပျက်ကွက်ဘဲ အမြဲ ပါဝင် နေတာကို တွေ့ရှိ ပါတယ်။ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ COVID-19 ကပ်ရောဂါနှင့် ပတ်သက်တဲ့ အချိန်မှာလည်း တပ်မတော်အနေနဲ့ များစွာပါဝင်ဆောင်ရွက်နေတာကိုလည်း ကျွန်တော်တို့ကြား သိရပါတယ်။ ဒီလိုဆောင် ရွက်နေမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် တို့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ပြောစရာလေး များရှိရင် ကျွန်တော်တို့ကြားသိလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ တပ်မတော်ဆိုတာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ နောက်တစ်ခုကလည်း တပ်မတော် သားတွေ ဆိုတာ ပြည်သူတွေရဲ့အစိတ်အပိုင်းတစ်ခု ပါပဲ။ အဲ့ဒီတော့ တပ်မတော်က တိုင်းပြည်ကို ကာကွယ်ဖို့ တာဝန်ရှိသလို တပ်မတော် သားတွေကလည်း ပြည်သူကိုကာကွယ် စောင့်ရှောက်ပေးဖို့တာဝန် ကူညီပေးဖို့ တာဝန်ရှိတယ်။ ကျွန်တော်က ဒီလိုခံယူ ထားပါတယ်။ ဒီနေရာမှာ ခုနကပြည်သူ ကို ကာကွယ် စောင့်ရှောက် ပေးတယ်ဆိုတာ ကလည်း ပြည်သူ့ရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တယ်။ ပြည်သူရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ပေးတယ်။ အဲ့ဒီတော့ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ပေးသလိုပဲ သူတို့ရဲ့အကျိုး စီးပွားတွေတိုးတက်ဖို့ကိုလည်း ကူညီပေးဖို့ ကိုလည်း တပ်မတော် သားတွေရဲ့ စိတ်ထဲမှာ ခံယူချက်ရှိကြတယ်။ အဲ့ဒီတော့ လူတိုင်းက ကျန်းမာမှအလုပ်လုပ်နိုင်မယ်။ ကျန်းမာမှ ပညာသင်ကြားနိုင်မယ်။ အလုပ်လုပ်နိုင် တဲ့သူတွေရှိမှ တိုင်းပြည်ကတိုးတက်မှာ အဲ့ဒီတော့လူတွေ ကျန်းမာရေးက တိုင်းပြည် အတွက်မရှိမဖြစ်လိုအပ်တဲ့အဖြေတစ်ခုပါ။ အဲ့တော့ ဒါကိုတပ်မတော်က ပြည်သူရဲ့ အကျိုးစီးပွား တိုးတက်ဖွံ့ဖြိုးစေဖို့အတွက် ပြည်သူတွေရဲ့ ကျန်းမာရေးကို ဝိုင်းဝန်း ကူညီစောင့်ရှောက်ပေးနေ တာဖြစ်တယ်။ ဒါကလည်း တိုင်းပြည်ရဲ့ပြည်သူပြည်သား တွေဟာ တပ်မတော်က ပြည်သူပြည်သား တွေရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်တို့တပ်မတော်က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က လက်ရှိသွားနေတဲ့ COVID-19 ဖြစ်ပွား နေချိန်မှာ တပ်မတော်က အားသွန် ခွန်စိုက် ကူညီပေးနေတာဖြစ်တယ်။ ဒါအခုဖြစ် နေတဲ့ကိစ္စကို ကူညီပေးနေတာ။ ဒါပေမဲ့ ကျွန်တော်တို့ က အခုမှကူညီတာ မဟုတ်ဘူး။

ဟိုးအရင်ကတည်းက ကူညီပေးနေတာ။ ကျွန်တော်တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဖြစ်တဲ့ ၂ဝ၁၁ ခုနှစ်က တည်း ကနေ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွန်တော့်တပ်မတော်သားဆေးဝန်ထမ်း တပ်ဖွဲ့တွေက တစ်နိုင်ငံလုံးမှာ ကူညီပေး နေတာ၊ ပြည်သူမကျန်ရအောင် လုပ်ပေး နေတာ။ တိုင်းရင်းသားတွေကို ကျန်းမာ အောင်လုပ် ပေးနေတာ။ ဒါကတော့ တကယ်ခံယူချက်၊ ယုံကြည်ချက်ကောင်းတဲ့ စိတ်ကလေးနဲ့ လုပ်ပေးတာ ဖြစ်ပါတယ်။

သတင်းဌာနမှမေး။ ကျွန်တော်တို့ မြန်မာ နိုင်ငံနဲ့ ရုရှားနိုင်ငံကြားမှာဆိုလို့ရှိရင် စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု တွေဟာ အရမ်းကိုအောင်မြင်နေတယ်လို့ ကျွန်တော်တို့ ကြားသိထားရပါတယ်။ ဒီအောင်မြင်မှု တွေကို ဆက်လက်ထိန်းသိမ်း ပြီးတော့ နောက်ထပ်အောင်မြင်မှုတွေ ဆက်လက်ရရှိမလား။ ပြီးတော့ မြန်မာ နိုင်ငံပေါ်မှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက် သောင်းကျန်းသူ နှိမ်နင်းရေးနဲ့ပတ်သက်ပြီးတော့ ရုရှားနိုင်ငံက တစ်ဖက် တစ်လမ်းက ကူညီထောက်ပံ့နေ သလားဆိုတာသိလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ရုရှားနဲ့ မြန်မာနဲ့ပူးပေါင်း ဆောင်ရွက်မှုကျတော့ ကျွန်တော်တို့ကြီးမား တယ်လို့ ကျွန်တော်တို့ ပြောမယ် တော်တော်လည်း အောင်မြင်မှုရှိပါတယ်။ မြန်မာနိုင်ငံ ရဲ့လူမှုစီးပွားတိုးတက်ရေးမှာလည်း တချို့ လည်း တိုက်ရိုက် မဟုတ်တောင် သွယ်ဝိုက်တဲ့ နည်းနဲ့အထောက်အကူရနေပါတယ်။ စောစောကပြောတဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ နှိမ်နင်းတဲ့အခါမှာလည်း ရုရှားနိုင်ငံကနေမှ ရတဲ့နည်းပညာတွေကအထောက်အကူ အများကြီး ရနေပါတယ်။ ဒါကတော့ သူတင်မဟုတ်ဘူး။ နိုင်ငံတော်ကာကွယ်ရေးအတွက်ပါ အထောက်အကူရနေပါတယ်။ ကျွန်တော်တို့ အကြမ်းဖက်နှိမ်နင်းရေး ဆိုတာ တကယ်တော့ အင်မတန်ကျဉ်းမြောင်း ပါတယ်။ နိုင်ငံတော် ကာကွယ်ရေး အမြင်က ကျယ်ပြန့်တယ်။ နိုင်ငံ တော်ကာကွယ်ရေးအတွက် ကာကွယ်ရေး စွမ်းအား တည်ဆောက်တဲ့ အခါမှာ ရုရှား နိုင်ငံရဲ့ပူးပေါင်း ဆောင်ရွက်မှုဟာ အများကြီး အထောက်အကူရတယ်လို့ ကျွန်တော် ပြော လိုပါတယ်။

သတင်းဌာနမှမေး။ ကျွန်တော်တို့ ဒီလက်ရှိ ယခုနှစ်မှာတော့ မြန်မာနိုင်ငံအတွက် သတင်းအနေနဲ့ဆိုရင် စိတ်အဝင် စားဆုံး ကတော့ ကျွန်တော်တို့ ဒီမကြာမီမှာ လာမယ့် ရွေးကောက်ပွဲတွေဖြစ်မယ်လို့ ကျွန်တော့် အနေနဲ့ ထင်ပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တော့လည်း အဆွေတော် ဗိုလ်ချုပ်မှူးကြီးဟာ ဆိုလို့ရှိရင် ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ ဒီပြည်သူရဲ့ အားပေးထောက်ခံမှုကို ရထားတဲ့ အနောက်မှာ နိုင်ငံရဲ့အကြီး အကဲ ထဲက တစ်ယောက်ဖြစ်တဲ့ အတွက် ဒီနိုင်ငံရေးအပြောင်းအလဲ ဒီရွေးကောက်ပွဲကာလမှာအဆွေတော် ဗိုလ်ချုပ်မှူး ကြီး အနေနဲ့ ဘယ်အခန်း ကဏ္ဍက နေပါလာနိုင်တယ်ဆိုတာလေးတွေ သိရှိလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ရွေးကောက်ပွဲဆိုတာ ကတော့ အခြေခံဥပဒေနဲ့အညီလုပ်တယ်လို့ ပြောရမှာပေါ့။ အခြေခံ ဥပဒေရဲ့ ပြဋ္ဌာန်းချက် တွေနဲ့အညီ လုပ်တာပေါ့။ အခြေခံဥပဒေတွေ ထဲက ပြဋ္ဌာန်းချက်တွေထဲမှာ ဘာတွေပါလဲ ဆိုတော့ လွှတ်တော်ကို ဘယ်လိုဖွဲ့မလဲ၊ ပြည်သူ့လွှတ်တော် ဘယ်လိုဖွဲ့လဲ၊ အမျိုးသားလွှတ်တော်ဘယ်လိုဖွဲ့လဲ၊ ပြည်ထောင်စု လွှတ်တော် ဘယ်လိုဖွဲ့လဲ၊ သမ္မတကို ဘယ်လို ရွေးချယ်ခန့်ထားရလဲ၊ အဲ့မှာတော့ အသေးစိတ် ပါတာပေါ့။ အဓိကကတော့ ဒီရွေးကောက်ပွဲ Process တွေ နောက်တစ်ချက် မှန်မှန်ကန်ကန်နဲ့ တည်တည် ငြိမ်ငြိမ်နဲ့ အောင်အောင်မြင်မြင် ဖြစ်ဖို့က အရေးအကြီးဆုံးပဲ၊ အရေးကြီးဆုံး ဖြစ်ပါတယ်။ အဲ့တော့ ဒီရွေးကောက် ပွဲ လွတ်လပ်ပြီး တရားမျှမျှတတရွေးကောက်ပွဲ ဖြစ်ဖို့က နံပါတ် ၁ အရေးကြီးဆုံး၊၂ဝ၁ဝ မှာ ရွေးကောက်ပွဲ တစ်ခါလုပ်ခဲ့တယ်။၂ဝ၁၅ ခုနှစ် မှာ ရွေးကောက်ပွဲတစ်ခါလုပ်ခဲ့တယ်။ အဲ့ချိန် မှာ တပ်မတော်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် တာဝန်ယူဆောင် ရွက်ပေးခဲ့တယ်။ ကူညီပေးခဲ့တယ်။ ပူးပေါင်း ဆောင်ရွက် ပေးခဲ့တယ်။ ဒီလိုပဲ ၂ဝ၂ဝ ရွေးကောက်ပွဲမှာလည်း ဒီလိုဖြစ်အောင်ဆောင် ရွက်ရမယ့် တာဝန် ကတော့ နံပါတ် ၁ ဦးစားပေး လုပ်ငန်းဖြစ်တယ်။ အဲ့ဒါယုံကြည်စိတ်ချရမှု ရှိတယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ လည်း နိုင်ငံရေးကို ဘယ်လိုဝင်ပြီးတော့မှ ပါဝင်ရမယ် ဆိုတာစဉ်းစားဖို့ဖြစ်လာတာပေါ့။ အရေးကြီး တာကတော့ ရွေးကောက်ပွဲ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နံပါတ် ၁ အရေးအကြီးဆုံးပါ။ ဒါကို ကျွန်တော် တို့က အောင်မြင်အောင်လုပ်ပေးပါ့မယ်။ ရွေးကောက် ပွဲရလဒ် ထွက်ပေါ်လာတဲ့ အချိန်ကျမှ သက်ဆိုင်ရာ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပါတီတွေရှိတယ်။ နောက်အဖွဲ့အစည်းတွေရှိတယ်။ အဲ့ဒီမှာ အမျိုးမျိုး ဆန္ဒပြုခဲ့ ကြတယ်။

ပြည်သူတွေရဲ့ ဆန္ဒတွေရှိတယ်။ ဒီအပေါ် မူတည်ပြီး ကျွန်တော်ကလည်း ဆက်လုပ်သွားမယ်။ ဒါပေမဲ့ တစ်ခု တော့ ရှိတာပေါ့။ ဖြည့် ပြောချင်တာကဘာလဲ ဆိုတော့ ကျွန်တော်က တပ်မတော်ထဲမှာ နှစ်ပေါင်း ၄ဝ ကျော် အတွေ့ အကြုံတွေ၊ အရာရှိငယ်ဒုဗိုလ်ဘဝက နေပြီးတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး ရာထူးအထိ အဆင့်ပေါင်း များစွာ ခြေလျင်တပ်စုမှူးက စပြီးတော့ ကျွန်တော် Commander အဆင့်ဆင့် ကျွန်တော် လုပ်ခဲ့တယ်။ စစ်ရေး အတွေ့အကြုံ ကျွန်တော့်မှာရှိတယ်။ နောက်ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေး အတွေ့ အကြုံ၊ စောစောကပြောတဲ့ ခေတ်တွေ ကျွန်တော်မီတယ်။ ကျွန်တော်မြင်တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အထိ ကျွန်တော်မီတယ်။ တပ်မတော်အစိုးရနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခေတ်သုံး ခေတ်ကို ကျွန်တော် တပ်မတော်သားဘဝနဲ့ ဖြတ်သန်းလာတာ၊ နောက်အုပ်ချုပ်ရေးအတွေ့ အကြုံ ကျွန်တော့်မှာ အများကြီးရှိတယ်။ တိုင်းမှူးလုပ်ခဲ့တာရှိတယ်။ နောက်ပြည်နယ် ဥက္ကဋ္ဌ လုပ်ခဲ့တာ ရှိတယ်။ ဒီအတွေ့အကြုံတွေက တပ်မတော် အတွက် ကော၊ တိုင်းပြည် အတွက်ကော၊ ပြည်သူ့အတွက်ကော၊ ဘယ်လိုပဲဖြစ်ဖြစ် အထောက်အကူရမယ့် ဟာလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်က တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ကျော်ကာလအ တွင်းမှာ တိုင်းပြည်အတွက်၊ ပြည်သူအတွက်လုပ်ခဲ့တာ၊ ကျွန်တော်ဆက်ပြီးတော့ ဒီလိုပဲသွားမှာပါ၊ ကျွန်တော် ဘာကူ ညီပေး ရမလဲ၊ ဘာလုပ်ပေးရမလဲ၊ တိုင်းပြည်အတွက် ဘယ်လိုလုပ်ပေးရမလဲ၊ အချို့ဟာတွေမှာ ကျွန်တော် တိုက်ရိုက် တာဝန်ရှိတဲ့ဟာတွေလုပ် သလိုပဲ အချို့ဟာတွေမှာ တိုက်ရိုက်တာဝန်မရှိဘူး။ ကျွန်တော် လုပ်နေတဲ့ ကိစ္စတွေမှာ ဒါပေမဲ့ တိုင်းပြည်အတွက်လုပ်ပေးမယ်။ ဒီလို စိတ်ကတော့ ကျွန်တော်အသက်ထက်ဆုံး ရှိနေဦးမှာပါလို့ ပြောလိုပါတယ်။

သတင်းဌာနမှမေး ။ ကျွန်တော်တို့အနေနဲ့ ဒီ ၂ဝ၁၅ခုနှစ်မှာ မော်စကိုမှာပဲ အဆွေတော် ဗိုလ်ချုပ်မှူးကြီး ဦးစီးပြီးတော့ ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာ တစ်ခု တည်ထောင် ဖွဲ့စည်းနိုင် ခဲ့တယ်လို့ သိရှိထားရပါတယ်။ ဒါကလည်း ဒီမော်စကိုမြို့မှာ နေထိုင်တဲ့ ထေရဝါဒဗုဒ္ဓ ဘာသာဝင်တွေ အတွက် အရမ်းကို အားကိုး အားထားပြု ရတဲ့ နေရာဖြစ်သလို တကယ့် အောင်မြင်မှုကြီးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

အခုလက်ရှိမှာ ဗုဒ္ဓဘာသာစင်တာအနေနဲ့ ဘယ်လိုအောင်မြင်မှုတွေရှိပြီးတော့ ဘယ်လို အစီအစဉ်တွေရှိတယ် ဆိုတာ ကို နည်းနည်း ပြောပြလို့ရမလားခင်ဗျား။

ဗိုလ်ချုပ်မှူးကြီး။ ဒီဗုဒ္ဓဘာသာက ကမ္ဘာ မှာလည်း အစောဆုံးပေါ်ခဲ့တဲ့ ဘာသာရေး အယူအဆတစ်ခု၊ အယူဝါဒ တစ်ခု ပါ။ ဗုဒ္ဓရဲ့ အဆုံးအမတွေကအင်မတန်ကောင်းပါတယ်။ အခြားဘာသာတွေမှာ သူ့အဆုံးအမနဲ့သူရှိ ပါတယ်။ အဲ့တော့ဒါကတော့ မေတ္တာတရား ပေါ့၊ အခုထိသွားတာပေါ့၊ အဲ့တော့ ဒီမှာလည်း ရုရှားမှာလည်း ဗုဒ္ဓဘာသာကိုအခြေခံခဲ့တဲ့ အကြောင်းတရားတွေရှိခဲ့တယ်လို့ ကျွန်တော် ကြားဖူးတယ်။ အဲ့တော့ ဒီအခြေခံ လိုက်တဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်လုပ်ဆောင် ခွင့်ရခြင်းဟာ ပိုပြီးတော့ကောင်းပါတယ်။ သူ ယုံကြည် ရာ၊ ယုံကြည်ရာနဲ့ လုပ်ကြတာပေါ့၊ ဒါကြောင့်လည်း ကျွန်တော်က ဒီမှာထေရ ဝါဒဗုဒ္ဓဘာသာ ကျောင်းလေး တစ်ခုဖြစ်အောင် ကြိုးစားခဲ့တာရှိပါတယ်။ အခုလည်း ကျွန်တော် အောင်မြင်နေပါတယ်။ မကြာခင်မှာလည်း ဗုဒ္ဓဘာသာရဲ့ အမြင့်မြတ်ဆုံးဖြစ်တဲ့ သိမ်တစ်ခု ဆောက်နေပါတယ်။ ဆောက်ဖို့အတွက်စီစဉ် နေတာပါ၊ အလားတူပဲ ယဉ်ကျေးမှုစင်တာမှာလည်း ဗုဒ္ဓနဲ့ပတ်သက်တဲ့ရွှေစည်းခုံစေတီတော် ပုံတူပုံစံတစ်ခု ကျွန်တော်တို့ သီတဂူ ဆရာတော် ဘုရားကြီးဦးဆောင်မှုနဲ့ တည်နေတာရှိပါတယ်။ ဒါလည်း ပြီးသလောက်ဖြစ်နေပါပြီ၊ မကြာခင် မှာလည်း ကျွန်တော်တို့ ဒါကို ဖွင့်ပွဲ လေးလုပ်ဖို့လည်းရှိပါတယ်။ ရုရှားနိုင်ငံမှာ ဗုဒ္ဓ ဘာသာနဲ့ ပတ်သက် ပြီးတော့ တကယ်လို့များ စိတ်ဝင်စားတယ်၊ ယုံကြည်မှုရှိတယ်ဆိုလို့ရှိ ရင် သူတို့အတွက် ရုရှားနိုင်ငံသူ၊ နိုင်ငံသား များအတွက် အထောက်အကူရလိမ့်မယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။

သတင်းဌာနမှမေး။ ကျွန်တော်တို့ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ရုရှားနိုင်ငံကို မကြာခဏ အလည် အပတ်ခရီးတွေ၊ ဒီလုပ်ငန်း ဆိုင်ရာခရီးစဉ်တွေ လာရောက်တာကိုသိရှိရပါတယ်၊ အခုလို လာရောက်တဲ့အချိန်မှာ ရုရှားနိုင်ငံရဲ့ ပြောင်းလဲမှုအပေါ် ဘယ်လိုအမြင် ရှိပါသလဲနဲ့ နောက်ထပ်တစ်ကြိမ်ဘယ်တော့ လာမှာလဲဆိုတာ လေး သိလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ရုရှားကတော့ ကျွန်တော် ဒီအကြိမ်လာတာ ၆ ကြိမ်မြောက် လာခြင်း ဖြစ်တယ်၊ ရုရှားနိုင်ငံက ပြော ရရင် သမိုင်းမှာလည်း အများကြီးရှည်လျားတဲ့သမိုင်းကြောင်း ရှိတယ် ဘုရင်နိုင်ငံလည်းဖြစ်တယ်၊ အဲ့ဒီက နေပြီး တော့မှ ဆိုဗီယက်ဆိုရှယ်လစ် ဆိုဗီယက် နိုင်ငံတစ်ခုလည်းရှိတယ်၊ ဒီဘက်မှာတော့ ရုရှားဖက်ဒရေးရှင်း အနေနဲ့ ရှိတာပေါ့၊ ရုရှား နိုင်ငံရေးပြောင်းလဲမှုတွေမှာ ရုရှားပြည်သူတွေ အတွက် ခေတ်အလိုက်ခေါင်းဆောင်တွေ ကြိုးစား အားထုတ်မှုတွေကြောင့် ရုရှားနိုင်ငံ ခေတ်မီတိုးတက်လာတာတွေ ငြင်းလို့မရပါဘူး။

လက်ရှိမှာလည်း ကမ္ဘာမှာ ခေတ်မီနည်းပညာ တွေရှိတဲ့ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်တယ်၊ ကမ္ဘာ့နိုင်ငံ တစ်ခုဖြစ် တယ်၊ သူ့နိုင်ငံနဲ့သူပဲ တခြားနိုင်ငံကောင်းတာတွေရှိသလို ရုရှားနိုင်ငံရဲ့အားသာချက်တွေအများကြီးရှိတယ်၊ ဒါတွေက ကျွန်တော်တို့အတွက် အများကြီး အထောက်အကူရတယ်၊ ကျွန်တော်တို့ဒါတွေ ကြည့်ပြီးတော့မှ ငါတို့နိုင်ငံနဲ့ ကိုက်ညီအောင် ဘယ်လိုလုပ်မလဲ၊ ကျွန်တော်က ဒီလိုစဉ်းစား တာပေါ့။ ရုရှားနိုင်ငံလာတဲ့အချိန်မှာ ငါ့တိုင်းပြည်အတွက် ဘယ်လိုလုပ်ရင်ကောင်း မလဲဆိုတဲ့ဟာကို အဲ့လိုမျိုးဆိုရင်တော့ ကိုယ် လိုချင်တိုင်းရတာ မဟုတ်ဘူး၊ အချို့က သင်ယူ ရတယ်၊ အချို့ဟာတွေ ပူးပေါင်းဆောင်ရွက် ရတာရှိတယ်။ အချို့ကျတော့ လာရောက်ပြီးတော့ ဖိတ်ခေါ်ပြီးတော့ ခင်ဗျားတို့လာပါဆို ပြီးတော့ ဖိတ်ခေါ်တာရှိတယ်။ ဒီလိုနဲ့တိုင်းပြည် တိုးတက်အောင် လုပ်ရတယ်၊ သင်ယူရတဲ့ အပိုင်းဆိုရင် ကျွန်တော်တို့ဆီမှာ တပ်မတော် က အရာရှိတွေ အများကြီးပဲ ရုရှားမှာပညာ သင်ခိုင်းတယ်၊ သိပ္ပံပညာသင်ခိုင်းတယ်၊

နည်းပညာ ဒီမှာလာသင်ခိုင်းတယ်၊ စစ်ပညာ သင်ခိုင်းတယ်၊ အများကြီးရှိတယ်၊ ကျွန်တော် တို့ ရုရှားမှာ ရုရှား ပညာတော်သင် လွှတ်ထားပါတယ်၊ အဲ့ဒီလူတွေ မြန်မာနိုင်ငံမှာအများကြီး တာဝန်ထမ်းဆောင်နေတာရှိပါတယ်၊ အဓိက ကောင်းတဲ့ဟာတွေ ကိုယ်နဲ့မျက်စိမြင်တာရှိတယ်၊ သူတို့ ယူခဲ့တာတွေရှိတယ်၊ သူတို့က တိုင်းပြည် အတွက် တိုးတက်အောင်လုပ်မယ် ဆိုတဲ့စိတ်နဲ့လုပ်ကြတယ်။ ဒါကလည်း ကျွန်တော်တို့အတွက် အများကြီး အထောက် အကူရတာပေါ့၊ ဒါကြောင့် ရုရှားနိုင်ငံဟာ ကျွန်တော့်အတွက် ယူလို့ရတဲ့အရာတွေ၊ အများကြီးရှိတယ် လို့ပြော လိုပါတယ်၊ နောက် တစ်ခါလာဖို့ကတော့ အခါအခွင့်သင့်ရင်ကျွန်တော်ခဏခဏ ရောက်မှာလို့ ကျွန်တော် ပြောလိုပါတယ်၊ အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲ့တိုင်းပြည်တစ်ခုပါ။

သတင်းဌာနမှမေး။ ကျွန်တော်တို့အနေနဲ့ခုလို ဆွေးနွေးခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်၊ အရမ်းလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော့် အနေနဲ့ အဆွေတော်ဗိုလ်ချုပ်မှူးကြီးကို ယခု လက်ရှိ တာဝန် ထမ်းဆောင်နေစဉ်မှာလည်း အောင်မြင်မှုတွေအများကြီးရရှိပါစေကြောင်းနဲ့ ကျွန်တော်တို့ ဒီလာမယ့် ရွေးကောက်ပွဲ ကာလမှာလည်း အဆွေတော် ဗိုလ်ချုပ်မှူးကြီး ပြောခဲ့သလိုပဲ ဒီတပ်မတော်ရဲ့ အင်အားနဲ့ ဒီ မှန်ကန်တဲ့ရွေးကောက်ပွဲတစ်ခု ဖြစ်မြောက်ပါစေကြောင်း ကျွန်တော် ဆုတောင်းပေးပါတယ်။ မြန်မာနိုင်ငံအတွက် သာမက တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးနဲ့ငြိမ်းချမ်းရေးအတွက်ပါ အရေးကြီး နေတဲ့ရွေးကောက်ပွဲ အတွက် ကျွန်တော် ဗိုလ်ချုပ်မှူးကြီးကို အများကြီး အားကိုးပါတယ်။

(Zawgyi Version)

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ Arguments and Facts သတင္းဌာန ႏွင့္ ZVEZDA သတင္းဌာန တို႔အား လက္ခံေတြ႕ဆုံ၍ ေမးျမန္းမႈမ်ားအား ေျဖၾကား(အပိုင္း-၁)

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရး ဝန္ႀကီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ္ၾကားခ်က္အရ ႐ုရွားႏိုင္ငံ တြင္ က်င္းပျပဳလုပ္သည့္ Victory Day of Great Patriotic War (၇၅)ႏွစ္ေျမာက္ အထိမ္းအမွတ္ စစ္ေရးျပ အခမ္းအနားသို႔ တက္ေရာက္ရန္ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံသို႔ ေရာက္ရွိေနစဥ္ ကာလ အတြင္း Arguments and Facts သတင္းဌာနႏွင့္ ZVEZDA သတင္းဌာန တို႔ႏွင့္ေတြ႕ဆုံၿပီး ေမးျမန္းခ်က္ မ်ားကို ျပန္လည္ရွင္းလင္း ေျဖၾကားခဲ့သည္။

အဆိုပါသတင္း ဌာနမ်ား၏ ေမးျမန္းခ်က္မ်ားႏွင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ၏ ျပန္လည္ ရွင္းလင္း ေျဖၾကားခ်က္မ်ားကို ေဖာ္ျပလိုက္ရပါသည္-

Arguments and Facts သတင္းဌာနႏွင့္ ေတြ႕ဆုံ

သတင္းဌာန ။ ကြၽန္ေတာ့္အေနနဲ႔ ပထမ ဦးစြာ ကြၽန္ေတာ္ဗိုလ္ခ်ဳပ္မႉးႀကီးကို ခုလို ႐ုရွားႏိုင္ငံကို လာေရာက္တဲ့ အတြက္ ခရီးဦး ႀကိဳဆိုေၾကာင္း ေျပာလိုပါတယ္၊ ကြၽန္ေတာ္ တို႔ ဒီေမာ္စကိုၿမိဳ႕ကေနလည္း ႀကိဳဆို ေၾကာင္းနဲ႔ ထပ္ေလာင္း ေျပာလိုပါတယ္၊

ခုလိုမ်ိဳး ကြၽန္ေတာ္တို႔ရဲ႕ (၇၅)ႏွစ္ေျမာက္ မဟာမ်ိဳးခ်စ္ ေအာင္ပြဲႀကီး အခမ္းအနားကို လာေရာက္ တက္ေရာက္ တယ္ ဆိုတာ သိရတဲ့ အတြက္လည္း ကြၽန္ေတာ္တို႔ အေနနဲ႔ မ်ားစြာဂုဏ္ယူပါတယ္၊ ဒီခရီးစဥ္အတြင္း ေတြ႕ဆုံမႈ ေတြ အားလုံးမွာလည္း ေအာင္ျမင္ မႈေတြရရွိပါေစလို႔ ဆုေတာင္းေပးလိုပါတယ္။

သတင္းဌာနမွေမး။ ကြၽန္ေတာ္တို႔ ဒီ Arguments and Facts သတင္းဌာနအေနနဲ႔ လည္း ကြၽန္ေတာ္တို႔ သတင္း ဌာန အားလုံး ကိုယ္စားလည္း ႏႈတ္ခြန္းဆက္သခ်င္ပါတယ္၊ ကြၽန္ေတာ္တို႔ သတင္းဌာန ကေတာ့ ဒီ႐ုရွားႏိုင္ငံတြင္ သာမက ဥေရာပမွာပါ မ်ားစြာ နာမည္ေက်ာ္ၾကားတဲ့သတင္း ဌာနျဖစ္ပါတယ္၊ ကြၽန္ေတာ္တို႔ သတင္း ဌာနက ျဖန႔္ေဝမႈနဲ႔ ပတ္သက္လို႔ရွိရင္ ၃၃ မီလီယံအထိ ႐ိုက္ႏွိပ္ျဖန႔္ေဝခဲ့ဖူး တဲ့အေတြ႕ အႀကဳံရွိတဲ့အတြက္ ဂင္းနစ္ စံခ်ိန္တင္တဲ့အထိရွိခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ သတင္းဌာနမွာ ကြၽန္ေတာ့္အေနနဲ႔ ကာကြယ္ ေရးနဲ႔ပတ္သက္တဲ့ သတင္းေတြနဲ႔ပတ္သက္ ၿပီးေတာ့ အဓိကတာဝန္ယူေဆာင္႐ြက္ လ်က္ရွိပါတယ္။ အခုလို ေဆာင္႐ြက္လ်က္ ရွိတဲ့အခ်ိန္မွာ ျမန္မာႏိုင္ငံနဲ႔ ႐ုရွားႏိုင္ငံဟာ ဆိုလို႔ရွိရင္ စစ္ဘက္ဆိုင္ရာမွာ ပူးေပါင္း ေဆာင္႐ြက္မႈ ေတြဟာ အလြန္ေအာင္ျမင္ တာသိရွိရတဲ့အတြက္ ခုလိုအင္တာဗ်ဴးခြင့္ ရတဲ့အတြက္ ကြၽန္ေတာ့္ အေနနဲ႔ အရမ္းကို ဝမ္းသာမိပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ေကာင္းပါၿပီ ခင္ဗ်ား ေမးစရာရွိတာတြ ေေမးလို႔ရပါတယ္။

သတင္းဌာနမွေမး။ ပထမဦးဆုံးေမးခြန္း အေနနဲ႔ေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးအေနျဖင့္ ယခုအခ်ိန္ ႐ုရွားႏိုင္ငံသို႔ (၇၅) ႏွစ္ေျမာက္ မဟာမ်ိဳးခ်စ္ေအာင္ပြဲ အခမ္းအနားကိုပါဝင္ တက္ေရာက္တာျဖစ္ေၾကာင္းသိရွိရပါတယ္။ ဗိုလ္ခ်ဳပ္မႉး ႀကီး အား မည္သူက ဖိတ္ၾကား သည္ကိုသိရွိလိုသလို ဗိုလ္ခ်ဳပ္မႉးႀကီးနဲ႔ အတူလိုက္ပါလာတဲ့ ကိုယ္စားလွယ္အဖြဲ႕ ဝင္ေတြကိုလည္း အၾကမ္းဖ်င္း မိတ္ဆက္ ေပးေစလိုပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ကြၽန္ေတာ့္ကိုဖိတ္တာ ေတာ့ ႐ုရွားႏိုင္ငံကာကြယ္ေရးဝန္ႀကီးက ဖိတ္တာျဖစ္ပါတယ္။ ကြၽန္ေတာ့္ အဖြဲ႕နဲ႔ အတူ စစ္ဦးစီးအရာရွိခ်ဳပ္(ၾကည္း)၊ စစ္ဦးစီး အရာရွိခ်ဳပ္(ေရ)၊ စစ္ဦးစီးအရာရွိခ်ဳပ္(ေလ) ကြၽန္ေတာ္နဲ႔ အတူ ပါလာပါတယ္။

သတင္းဌာနမွေမး။ ကြၽန္ေတာ္တို႔ ဒီ႐ုရွား ႏိုင္ငံမွာဆိုလို႔ရွိရင္ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီးနဲ႔ပတ္သက္တဲ့ သတင္း ေတြ ကိုလည္း မၾကာခဏ ကြၽန္ေတာ္တို႔အေနနဲ႔ လည္းဖတ္ၾကားရတာ၊ တီဗြီေတြမွာေတြ႕ျမင္ ရတာေတြလည္း ရွိပါတယ္။ ကြၽန္ေတာ္တို႔ ေလ့လာေတြ႕ရွိခ်က္အရလည္း အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီးဟာ ျမန္မာႏိုင္ငံက ဖြဲ႕စည္းပုံ အေျခခံဥပေဒထဲမွာ ကြၽန္ေတာ္တို႔လက္နက္ ကိုင္အဖြဲ႕အစည္းေတြကို ကြပ္ကဲရတဲ့ အႀကီးဆုံးဆိုတာ လည္း ကြၽန္ေတာ္တို႔ သိရွိထားရပါတယ္။ ဒီလိုမ်ိဳးတပ္မေတာ္ အပါအဝင္ ကြၽန္ေတာ္တို႔ ျပည္ထဲေရးဝန္ႀကီး ဌာနရယ္၊ နယ္စပ္ဆိုင္ရာ လက္နက္ကိုင္ အဖြဲ႕ေတြကိုပါ ကြပ္ကဲရတဲ့တာဝန္ႀကီးကို ဘယ္လိုမ်ားယူထားပါ သလဲ။ တစ္ေန႔ကို ဘယ္ေလာက္မ်ားအိပ္ျဖစ္ပါသလဲ။ တာဝန္အရမ္းႀကီးပါသလားခင္ဗ်။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ကြၽန္ေတာ္တို႔ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာရွိတဲ့ျပ႒ာန္းခ်က္ကေတာ့ တပ္မေတာ္ကာကြယ္ေရး ဦးစီး ခ်ဳပ္က ျမန္မာ ႏိုင္ငံမွာရွိတဲ့ လက္နက္ကိုင္အဖြဲ႕အားလုံးရဲ႕ အႀကီးအကဲျဖစ္ပါတယ္။ အဲ့ေတာ့ ခင္ဗ်ား ခုနက ေမးတဲ့ ျပည္ထဲေရးဝန္ႀကီးဌာနမွာရွိတဲ့ ဒီတပ္ဖြဲ႕ေတြ ကေတာ့ ကြၽန္ေတာ္တိုက္႐ိုက္ ကြပ္ကဲတာေတာ့ မဟုတ္ပါဘူး။ ျပည္ထဲေရး ဝန္ႀကီးကေနၿပီးေတာ့ ကြပ္ကဲၿပီးေတာ့ လုပ္တာေပါ့။ ရဲတပ္ဖြဲ႕ဆိုတာရွိတယ္။ ရဲမွာ လည္း ၂ ပိုင္းရွိတယ္။ Law Enforcement Police ဥပေဒထိန္းခ်ဳပ္တဲ့အဖြဲ႕ေတြ နဲ႔ Armed Police ေသနတ္ကိုင္ တဲ့ရဲတပ္ဖြဲ႕ ရွိတယ္။ ကြၽန္ေတာ္တို႔ ဆီမွာေတာ့ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕လို႔ေခၚၾကတယ္။ ဒီအဖြဲ႕ေတြ ကိုေတာ့ တိုက္႐ိုက္ ကိုင္တာေတာ့ ျပည္ထဲ ေရးဝန္ႀကီးကကိုင္ပါတယ္။ သို႔ေသာ္လည္းပဲ ကြပ္ကဲမႈကေတာ့ ကြၽန္ေတာ္ ယူထားတာ ျဖစ္ပါတယ္။ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကေတာ့ အႀကီးအကဲျဖစ္တာေပါ့။ ကြၽန္ေတာ္တို႔ ကေတာ့ လုံၿခဳံေရးနဲ႔ ပတ္သက္ ၿပီးေတာ့ တခ်ိဳ႕ဟာေတြမွာ ၫႊန္ၾကားရတာ ရွိတယ္။ ပူးေပါင္းေဆာင္႐ြက္ရတာ ရွိတယ္။

အဲ့ဒီလိုလုပ္ရတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ့္ အတြက္ကေတာ့ လက္နက္ကိုင္ပဋိပကၡေတြကိုေျဖရွင္းရာမွာေတာ့ မ်ားစြာ အေထာက္ အကူရတယ္လို႔ ကြၽန္ေတာ္ေျပာခ်င္တယ္။

သတင္းဌာနမွေမး။ ဗိုလ္ခ်ဳပ္မႉးႀကီးမိန႔္ခြန္း တစ္ခုထဲမွာ ကြၽန္ေတာ္တို႔အေနနဲ႔ ၾကားသိရတာ ျမန္မာႏိုင္ငံရဲ႕ သမိုင္းေၾကာင္းဟာ ျမန္မာ့တပ္မေတာ္ရဲ႕သမိုင္းေၾကာင္းျဖစ္ သလို၊ ျမန္မာ့တပ္မေတာ္ရဲ႕သမိုင္းေၾကာင္း ဟာ ျမန္မာႏိုင္ငံရဲ႕ သမိုင္းေၾကာင္းျဖစ္တယ္ လို႔ ဗိုလ္ခ်ဳပ္မႉးႀကီးဟာ တစ္ႀကိမ္ေျပာဆိုခဲ့ ဖူးပါတယ္။ ဒီစကားရပ္ ကေလးနဲ႔ပတ္သက္ ၿပီးေတာ့ ျမန္မာႏိုင္ငံရဲ႕သမိုင္းေၾကာင္းမွာ တပ္မေတာ္အခန္းက႑ကိုလည္း ကြၽန္ေတာ္ သိလိုပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ေတာ္ေတာ္ေတာ့ ရွည္လ်ားတယ္ဗ်။ ေျပာရလို႔ရွိရင္ေတာ့ လြတ္လပ္ေရးႀကိဳးပမ္းမႈ ကာလက ေနစၿပီး ေတာ့ေျပာရမွာပဲ။ ကြၽန္ေတာ္တို႔လြတ္လပ္ ေရးဆုံးရႈံးသြားရတဲ့အခါက်ေတာ့ ဒီလြတ္ လပ္ေရးျပန္ယူခဲ့တဲ့ ေဆာင္႐ြက္ခဲ့တဲ့ေနရာ မွာ ေခတ္မီတပ္မေတာ္မရွိခဲ့ဘူး။ ေခတ္မီ တပ္မေတာ္မရွိတဲ့အခါက်ေတာ့ ဒီလြတ္လပ္ ေရးရဖို႔ အတြက္ ႀကိဳးစားတဲ့အခါမွာ ေခတ္မီ တပ္မေတာ္ဖြဲ႕စည္းဖို႔လည္း ကြၽန္ေတာ္တို႔ဆီမွာ ရဲေဘာ္သုံးက်ိပ္ ဆိုတာ စၿပီးေတာ့မွ ဂ်ပန္ႏိုင္ငံမွာသြားၿပီး စစ္ပညာသင္ၿပီးေတာ့ ေခတ္မီတပ္မေတာ္ျပန္ဖြဲ႕တယ္။ ျပန္ဖြဲ႕ ၿပီးေတာ့ မွ လြတ္လပ္ေရး ရေအာင္ တပ္မေတာ္ရဲ႕ ရဲေဘာ္သုံးက်ိပ္နဲ႔ BIA ကို ကြၽန္ေတာ္တို႔ စဖြဲ႕တယ္။ ျမန္မာ့ လြတ္လပ္ေရး တပ္မေတာ္ဆိုတာ ဖြဲ႕တယ္။ အဲဒီကေန ၿပီးေတာ့မွ တပ္မေတာ္ရဲ႕ ဦးေဆာင္မႈနဲ႔ ျပည္သူရဲ႕ ပူးေပါင္းေဆာင္ ႐ြက္မႈနဲ႔ လြတ္လပ္ေရးကို ရေအာင္တိုက္ခဲ့တယ္။ လြတ္လပ္ေရးရတဲ့ အခ်ိန္မွာပဲ ႏိုင္ငံေရး သေဘာ ထားေတြ ကြဲလြဲမႈေတြရွိတဲ့ အတြက္ေၾကာင့္ ျပည္တြင္း လက္နက္ကိုင္ ပဋိပကၡေတြျဖစ္ လာတယ္။ လြတ္လပ္ေရး ဆုံးရႈံးမႈ ျပန္ၿပီး ျဖစ္လာႏိုင္တဲ့အခါက်ေတာ့ တပ္မေတာ္က ကာကြယ္ေပးတယ္ေပါ့။ အဲ့ဒီကစခဲ့တဲ့

သမိုင္းေၾကာင္းက ၁၉၅၈ ခုႏွစ္က်ေတာ့ ႏိုင္ငံေရးအကြဲအၿပဲေတြေၾကာင့္ တိုင္းျပည္ၿပိဳကြဲမယ့္ အေျခအေနျဖစ္တဲ့ အခါမွာ အိမ္ေစာင့္အစိုးရဆိုတဲ့ တပ္မေတာ္တက္ လာတယ္။ ၁၉၆ဝ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲ လုပ္ၿပီးတဲ့အခ်ိန္မွာ ေ႐ြးေကာက္ပြဲ လုပ္ၿပီး ေတာ့အႏိုင္ရတဲ့ပါတီကို ကြၽန္ေတာ္တို႔က အာဏာလႊဲေပးတယ္။ ၿပီးေတာ့ ၁၉၆၂ ခုႏွစ္ မွာ ဒီအာဏာရတဲ့အစိုးရက ႏိုင္ငံကို ထိန္းသိမ္းႏိုင္စြမ္းမရွိေတာ့ဘူး။ တိုင္းျပည္ၿပိဳကြဲမယ့္ အေျခအေနျဖစ္လာတယ္။ တပ္မ ေတာ္က ဝင္ထိန္းလိုက္ရတယ္။ အာဏာယူလိုက္တယ္ေပါ့။ အဲ့ဒီမွာတပ္မေတာ္ အာဏာ ဆက္သိမ္းၿပီး ေတာ့မွ ၁၉၇၄ ခုႏွစ္မွာ ျမန္မာ့ ဆိုရွယ္လစ္လမ္းစဥ္စနစ္ကို အစိုးရဖြဲ႕ၿပီးေတာ့ ႏိုင္ငံအုပ္ခ်ဳပ္ေရး သြားခဲ့တာေပါ့။ အဲ့မွာတပ္မေတာ္လည္း အမာခံအင္အားစု နဲ႔ပါလာခဲ့တယ္။ ဒါေပမဲ့လည္း ၁၉၈၈ခုႏွစ္မွာ ဒီဆိုရွယ္လစ္ အစိုးရ ရဲ႕ တခ်ိဳ႕ အားနည္းခ်က္ေတြေၾကာင့္ ျပည္တြင္း ျပည္ပထိုးႏွက္ခ်က္ေတြလည္း ပါလာခဲ့တာ ေပါ့။ အစိုးရရဲ႕ စီမံခန႔္ခြဲမႈ အားနည္းတဲ့အခါမွာေတာ့ အစိုးရမွာအုပ္ခ်ဳပ္မႈယႏၲရား ၿပိဳကြဲသြားေတာ့ တပ္မေတာ္က တိုင္းျပည္မွာ ကိုင္တြယ္ ေျဖရွင္းမယ့္အဖြဲ႕အစည္း မရွိေတာ့ တပ္မေတာ္က တိုင္းျပည္ကို ထိန္းေပးခဲ့ရတာေပါ့။ တကယ္က အဲ့ဒီ အခ်ိန္မွာ ျပည္သူရဲ႕ဆႏၵက တိုင္းျပည္ကို ပါတီစုံဒီမိုကေရစီစနစ္သြားမယ္ဆိုတဲ့ ျပည္သူရဲ႕ဆႏၵတစ္ခုက ေပၚလာခဲ့တယ္။

ဒါေၾကာင့္ ျပည္သူရဲ႕ဆႏၵကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ဖို႔အတြက္ ၁၉၈၈ အလြန္မွာ တပ္မေတာ္ အစိုးရ တက္လာတယ္။ ဒီလမ္းေၾကာင္းကိုသြားႏိုင္ဖို႔အတြက္ ထပ္ၿပီး ႀကိဳးစားခဲ့ရတယ္။ ၂ဝဝ၈ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒျပ႒ာန္းၿပီးေတာ့ ၂ဝ၁ဝ မွာေ႐ြးေကာက္ပြဲလုပ္တယ္။ ၂ဝ၁၁မွာ အာဏာရတဲ့အစိုးရကို အာဏာလႊဲေပး လိုက္တာေပါ့။ အဲဒီေတာ့ေျပာရမယ္ ဆိုရင္ဗ်ာ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးႀကိဳးပမ္းမႈကာလက ေနၿပီးေတာ့ ၂ဝ၁၁ ခုႏွစ္ကာလအတြင္းမွာေတာ့ တပ္မေတာ္က ေတာက္ေလွ်ာက္ပါလာခဲ့တာေတြ႕ရတာေပါ့။ ဒါေၾကာင့္ ႏိုင္ငံရဲ႕ သမိုင္းမွာ တပ္မေတာ္က ယွဥ္တြဲေနတယ္။ တပ္မေတာ္ ရဲ႕သမိုင္းဟာလည္း ႏိုင္ငံနဲ႔ယွဥ္တြဲေန တယ္။ အလားတူ ကြၽန္ေတာ္တို႔ ပါတီစုံ ဒီမိုကေရစီ လမ္းေၾကာင္းသြားတာ ၂ဝ၁၁ ကေနၿပီးေတာ့ အခု ၂ဝ၂ဝ ေပါ့။ ၁ဝ ႏွစ္ နီးပါး ေလာက္ရွိသြားၿပီ။ဒါဟာလည္း ကြၽန္ေတာ္တို႔ပါတီစုံ ဒီမိုကေရစီလမ္းေၾကာင္း မယိမ္းယိုင္ရေအာင္ တပ္မေတာ္က ေနၿပီး ထိန္းေပးတဲ့အေနအထားေတာ့ရွိေနတယ္။ ဒါေၾကာင့္မို႔လို႔ ႏိုင္ငံသမိုင္းနဲ႔တပ္မေတာ္ ခြဲျခားလို႔မရဘူး။

သတင္းဌာနမွေမး။ ကြၽန္ေတာ္တို႔ ဒီ၂ဝဝ၈ ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီးအေနနဲ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ တစ္ေယာက္အေနနဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကို ခန႔္ထားႏိုင္ခြင့္ရွိ တယ္လို႔ သိရပါတယ္။

လႊတ္ေတာ္ထဲက ရာထူးအဆင့္ဆင့္မွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ေတြကို ခန႔္ထားႏိုင္ခြင့္ ရွိ တယ္ လို႔ ကြၽန္ေတာ္ တို႔ေလ့လာသိရွိထားရပါတယ္။ ဒီဟာလည္း ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ႏိုင္ငံေရးတည္ၿငိမ္မႈအရ ကြၽန္ေတာ္တို႔ ဒီမိုကေရစီလမ္းေၾကာင္း ေပၚကို စေရာက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ ဒါမွန္မွန္ကန္ကန္ ရပ္တည္ႏိုင္ဖို႔ ထိန္းခ်ဳပ္ ေပးထားတယ္လို႔ ကြၽန္ေတာ္တို႔ၾကား သိရပါတယ္။ ဒီလိုမ်ိဳးထိန္းခ်ဳပ္မႈဟာ ဘယ္ေလာက္ ထိ ဆက္လက္ ထိန္းခ်ဳပ္ရမယ္။

ဘယ္အခ်ိန္ေလာက္ထိ တပ္မေတာ္သား ကိုယ္စားလွယ္ေတြအားလုံး အနားယူသြားမယ္ဆိုတာသိလိုပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ခင္ဗ်ားခုနကေျပာတဲ့ ထဲမွာ ႏိုင္ငံေရးတည္ၿငိမ္မႈဆိုတာပါတယ္။ ေနာက္ၿပီး ကြၽန္ေတာ္တို႔ ေစာေစာက ေျပာခဲ့တဲ့ လက္နက္ကိုင္ပဋိပကၡရွိတယ္။ လြတ္လပ္ေရးရၿပီးတဲ့ ေနာက္ လက္နက္ကိုင္ ပဋိပကၡ ေတြေပၚ လာသလိုပဲ အဲ့ဒီလက္နက္ ကိုင္ပဋိပကၡေတြက အခုထိ မခ်ဳပ္ၿငိမ္းေသးဘူး။ အဲ့တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ အစည္းေတြက ကြၽန္ေတာ္တို႔ NCA လက္မွတ္ေရးထိုးၿပီး ေဆာင္႐ြက္ရတဲ့ အပိုင္းေတြရွိ တယ္။ ဆိုလိုတာ ကေတာ့ သူကေတာ့ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြရဲ႕ လက္နက္ကိုင္ ဆန႔္က်င္ ေရး အရ လုံၿခဳံေရးအရ တည္ၿငိမ္မႈမရွိဘူး လို႔ေျပာ လို႔ရတယ္။ ဒုတိယႏိုင္ငံေရးရဲ႕ တည္ၿငိမ္မႈ ၂ဝ၁၁ခုႏွစ္ပါတီစုံ ကူးေျပာင္းသြားတဲ့ အခ်ိန္မွာ ပထမျပည္သူ႔လႊတ္ေတာ္မွာ ေတာ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီဦး ေဆာင္တဲ့ အစိုးရ တက္လာတယ္။

ဒုတိယေ႐ြးေကာက္ပြဲမွာက်ေတာ့ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဦးေဆာင္တဲ့ အစိုးရအဖြဲ႕တက္လာတယ္ သြားတာက ေတာ့ ပါတီစုံဒီမိုကေရစီစနစ္ကိုသြားတာပဲ။ ဒါေပမဲ့ အေကာင္အထည္ေဖာ္မႈပုံစံခ်င္း နည္းနည္းေတာ့ ကြဲျပားျခားနားတာရွိတယ္။ ဒီလိုပဲ တျခားႏိုင္ငံေရးပါတီေတြလည္း ကြဲျပားမႈေတြနဲ႔ ကြၽန္ေတာ္တို႔သြားတာ ေတြရွိမွာပဲ။ ဒီလိုပဲ သြားရတဲ့အခ်ိန္မွာ ႏိုင္ငံေရးအရအတိုက္အခိုက္မ်ားလာေတာ့ ကြၽန္ေတာ္တို႔မၿငိမ္ဘူး။ ႏိုင္ငံေရးကမၿငိမ္ ဘူး။ ေနာက္တစ္ခါႏိုင္ငံေရးက မရင့္က်က္ ဘူးေပါ့။ အဲ့ဒီေတာ့ ဒီႏွစ္ခုမရွိသမွ်ကာလ ပတ္လုံး ႏိုင္ငံေရးက တည္ၿငိမ္မႈရွိႏိုင္မွာ မဟုတ္ဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔အေန နဲ႔ကေတာ့ တပ္မေတာ္က ဒါကို လုပ္ေပး ေနတာျဖစ္တယ္။တကယ္လို႔သာတည္ၿငိမ္ မႈေတြရွိသြားၿပီ ဆိုရင္ေတာ့ တပ္မေတာ္က သူ႔ရဲ႕လမ္းေၾကာင္း အတိုင္းပဲ သြားဖို႔ရွိပါတယ္။

သတင္းဌာနမွေမး။အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီး ေဆြးေႏြးခဲ့သလိုပါပဲ။ ကြၽန္ေတာ္တို႔ ဒီျမန္မာ့ တပ္မေတာ္ဟာ ဆိုလို႔ရွိရင္ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေတာ္ကာကြယ္ ေရး၊ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲ ေရးကို ကာကြယ္ေနတဲ့ အျပင္ ျပည္တြင္း ေသာင္းက်န္းသူေတြ ႏွိမ္နင္းေရးမွာလည္း စြမ္းစြမ္းတမံႀကိဳးစားေနတာကို ကြၽန္ေတာ္ တို႔လည္း သတင္းေတြမွာ ၾကားသိရပါတယ္။

ဒီလိုမ်ိဳးေဆာင္႐ြက္ေနတဲ့အျပင္ ဒီေလာက္ တာဝန္ေတြႀကီးေလးတဲ့ၾကားကေန ျပည္သူလူထုအေပၚကို ကူညီ ေစာင့္ ေရွာက္တဲ့ လုပ္ငန္းစဥ္ေတြမွာလည္း ကြၽန္ေတာ္တို႔ တပ္မေတာ္အေနနဲ႔မပ်က္ကြက္ဘဲ အၿမဲ ပါဝင္ ေနတာကို ေတြ႕ရွိ ပါတယ္။ အခုလက္ရွိ ျဖစ္ေပၚေနတဲ့ ကမာၻမွာျဖစ္ေပၚေနတဲ့ COVID-19 ကပ္ေရာဂါႏွင့္ ပတ္သက္တဲ့ အခ်ိန္မွာလည္း တပ္မေတာ္အေနနဲ႔ မ်ားစြာပါဝင္ေဆာင္႐ြက္ေနတာကိုလည္း ကြၽန္ေတာ္တို႔ၾကား သိရပါတယ္။ ဒီလိုေဆာင္ ႐ြက္ေနမႈနဲ႔ ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္ တို႔ ဗိုလ္ခ်ဳပ္မႉးႀကီးအေနနဲ႔ ေျပာစရာေလး မ်ားရွိရင္ ကြၽန္ေတာ္တို႔ၾကားသိလိုပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ တပ္မေတာ္ဆိုတာ ႏိုင္ငံေတာ္ရဲ႕ အစိတ္အပိုင္းတစ္ခုပါပဲ။ ေနာက္တစ္ခုကလည္း တပ္မေတာ္ သားေတြ ဆိုတာ ျပည္သူေတြရဲ႕အစိတ္အပိုင္းတစ္ခု ပါပဲ။ အဲ့ဒီေတာ့ တပ္မေတာ္က တိုင္းျပည္ကို ကာကြယ္ဖို႔ တာဝန္ရွိသလို တပ္မေတာ္ သားေတြကလည္း ျပည္သူကိုကာကြယ္ ေစာင့္ေရွာက္ေပးဖို႔တာဝန္ ကူညီေပးဖို႔ တာဝန္ရွိတယ္။ ကြၽန္ေတာ္က ဒီလိုခံယူ ထားပါတယ္။ ဒီေနရာမွာ ခုနကျပည္သူ ကို ကာကြယ္ ေစာင့္ေရွာက္ ေပးတယ္ဆိုတာ ကလည္း ျပည္သူ႔ရဲ႕အက်ိဳးစီးပြားကို ကာကြယ္ေစာင့္ေရွာက္တယ္။ ျပည္သူရဲ႕ အသက္ အိုးအိမ္ စည္းစိမ္ကို ကာကြယ္ ေစာင့္ေရွာက္ေပးတယ္။ အဲ့ဒီေတာ့ သူတို႔ရဲ႕ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ ေစာင့္ေရွာက္ေပးသလိုပဲ သူတို႔ရဲ႕အက်ိဳး စီးပြားေတြတိုးတက္ဖို႔ကိုလည္း ကူညီေပးဖို႔ ကိုလည္း တပ္မေတာ္ သားေတြရဲ႕ စိတ္ထဲမွာ ခံယူခ်က္ရွိၾကတယ္။ အဲ့ဒီေတာ့ လူတိုင္းက က်န္းမာမွအလုပ္လုပ္ႏိုင္မယ္။ က်န္းမာမွ ပညာသင္ၾကားႏိုင္မယ္။ အလုပ္လုပ္ႏိုင္ တဲ့သူေတြရွိမွ တိုင္းျပည္ကတိုးတက္မွာ အဲ့ဒီေတာ့လူေတြ က်န္းမာေရးက တိုင္းျပည္ အတြက္မရွိမျဖစ္လိုအပ္တဲ့အေျဖတစ္ခုပါ။ အဲ့ေတာ့ ဒါကိုတပ္မေတာ္က ျပည္သူရဲ႕ အက်ိဳးစီးပြား တိုးတက္ဖြံ႕ၿဖိဳးေစဖို႔အတြက္ ျပည္သူေတြရဲ႕ က်န္းမာေရးကို ဝိုင္းဝန္း ကူညီေစာင့္ေရွာက္ေပးေန တာျဖစ္တယ္။ ဒါကလည္း တိုင္းျပည္ရဲ႕ျပည္သူျပည္သား ေတြဟာ တပ္မေတာ္က ျပည္သူျပည္သား ေတြရဲ႕ အစိတ္အပိုင္း တစ္ခုျဖစ္တယ္ဆိုတာ ကြၽန္ေတာ္တို႔တပ္မေတာ္က ဝိုင္းဝန္းကူညီ ေဆာင္႐ြက္ေပးတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ကြၽန္ေတာ္တို႔က လက္ရွိသြားေနတဲ့ COVID-19 ျဖစ္ပြား ေနခ်ိန္မွာ တပ္မေတာ္က အားသြန္ ခြန္စိုက္ ကူညီေပးေနတာျဖစ္တယ္။ ဒါအခုျဖစ္ ေနတဲ့ကိစၥကို ကူညီေပးေနတာ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ က အခုမွကူညီတာ မဟုတ္ဘူး။

ဟိုးအရင္ကတည္းက ကူညီေပးေနတာ။ ကြၽန္ေတာ္တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ျဖစ္တဲ့ ၂ဝ၁၁ ခုႏွစ္က တည္း ကေန ျပည္သူေတြရဲ႕ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္တပ္မေတာ္သားေဆးဝန္ထမ္း တပ္ဖြဲ႕ေတြက တစ္ႏိုင္ငံလုံးမွာ ကူညီေပး ေနတာ၊ ျပည္သူမက်န္ရေအာင္ လုပ္ေပး ေနတာ။ တိုင္းရင္းသားေတြကို က်န္းမာ ေအာင္လုပ္ ေပးေနတာ။ ဒါကေတာ့ တကယ္ခံယူခ်က္၊ ယုံၾကည္ခ်က္ေကာင္းတဲ့ စိတ္ကေလးနဲ႔ လုပ္ေပးတာ ျဖစ္ပါတယ္။

သတင္းဌာနမွေမး။ ကြၽန္ေတာ္တို႔ ျမန္မာ ႏိုင္ငံနဲ႔ ႐ုရွားႏိုင္ငံၾကားမွာဆိုလို႔ရွိရင္ စစ္ဘက္နည္းပညာ ပူးေပါင္း ေဆာင္႐ြက္မႈ ေတြဟာ အရမ္းကိုေအာင္ျမင္ေနတယ္လို႔ ကြၽန္ေတာ္တို႔ ၾကားသိထားရပါတယ္။ ဒီေအာင္ျမင္မႈ ေတြကို ဆက္လက္ထိန္းသိမ္း ၿပီးေတာ့ ေနာက္ထပ္ေအာင္ျမင္မႈေတြ ဆက္လက္ရရွိမလား။ ၿပီးေတာ့ ျမန္မာ ႏိုင္ငံေပၚမွာ ႀကဳံေတြ႕ေနရတဲ့ အၾကမ္းဖက္ ေသာင္းက်န္းသူ ႏွိမ္နင္းေရးနဲ႔ပတ္သက္ၿပီးေတာ့ ႐ုရွားႏိုင္ငံက တစ္ဖက္ တစ္လမ္းက ကူညီေထာက္ပံ့ေန သလားဆိုတာသိလိုပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ႐ုရွားနဲ႔ ျမန္မာနဲ႔ပူးေပါင္း ေဆာင္႐ြက္မႈက်ေတာ့ ကြၽန္ေတာ္တို႔ႀကီးမား တယ္လို႔ ကြၽန္ေတာ္တို႔ ေျပာမယ္ ေတာ္ေတာ္လည္း ေအာင္ျမင္မႈရွိပါတယ္။ ျမန္မာႏိုင္ငံ ရဲ႕လူမႈစီးပြားတိုးတက္ေရးမွာလည္း တခ်ိဳ႕ လည္း တိုက္႐ိုက္ မဟုတ္ေတာင္ သြယ္ဝိုက္တဲ့ နည္းနဲ႔အေထာက္အကူရေနပါတယ္။ ေစာေစာကေျပာတဲ့ အၾကမ္းဖက္မႈနဲ႔ ပတ္သက္ၿပီးေတာ့ ႏွိမ္နင္းတဲ့အခါမွာလည္း ႐ုရွားႏိုင္ငံကေနမွ ရတဲ့နည္းပညာေတြကအေထာက္အကူ အမ်ားႀကီး ရေနပါတယ္။ ဒါကေတာ့ သူတင္မဟုတ္ဘူး။ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ပါ အေထာက္အကူရေနပါတယ္။ ကြၽန္ေတာ္တို႔ အၾကမ္းဖက္ႏွိမ္နင္းေရး ဆိုတာ တကယ္ေတာ့ အင္မတန္က်ဥ္းေျမာင္း ပါတယ္။ ႏိုင္ငံေတာ္ ကာကြယ္ေရး အျမင္က က်ယ္ျပန႔္တယ္။ ႏိုင္ငံ ေတာ္ကာကြယ္ေရးအတြက္ ကာကြယ္ေရး စြမ္းအား တည္ေဆာက္တဲ့ အခါမွာ ႐ုရွား ႏိုင္ငံရဲ႕ပူးေပါင္း ေဆာင္႐ြက္မႈဟာ အမ်ားႀကီး အေထာက္အကူရတယ္လို႔ ကြၽန္ေတာ္ ေျပာ လိုပါတယ္။

သတင္းဌာနမွေမး။ ကြၽန္ေတာ္တို႔ ဒီလက္ရွိ ယခုႏွစ္မွာေတာ့ ျမန္မာႏိုင္ငံအတြက္ သတင္းအေနနဲ႔ဆိုရင္ စိတ္အဝင္ စားဆုံး ကေတာ့ ကြၽန္ေတာ္တို႔ ဒီမၾကာမီမွာ လာမယ့္ ေ႐ြးေကာက္ပြဲေတြျဖစ္မယ္လို႔ ကြၽန္ေတာ့္ အေနနဲ႔ ထင္ပါတယ္။ ဒီေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ေတာ့လည္း အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီးဟာ ဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔ ျမန္မာ ႏိုင္ငံမွာ ဒီျပည္သူရဲ႕ အားေပးေထာက္ခံမႈကို ရထားတဲ့ အေနာက္မွာ ႏိုင္ငံရဲ႕အႀကီး အကဲ ထဲက တစ္ေယာက္ျဖစ္တဲ့ အတြက္ ဒီႏိုင္ငံေရးအေျပာင္းအလဲ ဒီေ႐ြးေကာက္ပြဲကာလမွာအေဆြေတာ္ ဗိုလ္ခ်ဳပ္မႉး ႀကီး အေနနဲ႔ ဘယ္အခန္း က႑က ေနပါလာႏိုင္တယ္ဆိုတာေလးေတြ သိရွိလိုပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ေ႐ြးေကာက္ပြဲဆိုတာ ကေတာ့ အေျခခံဥပေဒနဲ႔အညီလုပ္တယ္လို႔ ေျပာရမွာေပါ့။ အေျခခံ ဥပေဒရဲ႕ ျပ႒ာန္းခ်က္ ေတြနဲ႔အညီ လုပ္တာေပါ့။ အေျခခံဥပေဒေတြ ထဲက ျပ႒ာန္းခ်က္ေတြထဲမွာ ဘာေတြပါလဲ ဆိုေတာ့ လႊတ္ေတာ္ကို ဘယ္လိုဖြဲ႕မလဲ၊ ျပည္သူ႔လႊတ္ေတာ္ ဘယ္လိုဖြဲ႕လဲ၊ အမ်ိဳးသားလႊတ္ေတာ္ဘယ္လိုဖြဲ႕လဲ၊ ျပည္ေထာင္စု လႊတ္ေတာ္ ဘယ္လိုဖြဲ႕လဲ၊ သမၼတကို ဘယ္လို ေ႐ြးခ်ယ္ခန႔္ထားရလဲ၊ အဲ့မွာေတာ့ အေသးစိတ္ ပါတာေပါ့။ အဓိကကေတာ့ ဒီေ႐ြးေကာက္ပြဲ Process ေတြ ေနာက္တစ္ခ်က္ မွန္မွန္ကန္ကန္နဲ႔ တည္တည္ ၿငိမ္ၿငိမ္နဲ႔ ေအာင္ေအာင္ျမင္ျမင္ ျဖစ္ဖို႔က အေရးအႀကီးဆုံးပဲ၊ အေရးႀကီးဆုံး ျဖစ္ပါတယ္။ အဲ့ေတာ့ ဒီေ႐ြးေကာက္ ပြဲ လြတ္လပ္ၿပီး တရားမွ်မွ်တတေ႐ြးေကာက္ပြဲ ျဖစ္ဖို႔က နံပါတ္ ၁ အေရးႀကီးဆုံး၊၂ဝ၁ဝ မွာ ေ႐ြးေကာက္ပြဲ တစ္ခါလုပ္ခဲ့တယ္။၂ဝ၁၅ ခုႏွစ္ မွာ ေ႐ြးေကာက္ပြဲတစ္ခါလုပ္ခဲ့တယ္။ အဲ့ခ်ိန္ မွာ တပ္မေတာ္က လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ေအာင္ တာဝန္ယူေဆာင္ ႐ြက္ေပးခဲ့တယ္။ ကူညီေပးခဲ့တယ္။ ပူးေပါင္း ေဆာင္႐ြက္ ေပးခဲ့တယ္။ ဒီလိုပဲ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲမွာလည္း ဒီလိုျဖစ္ေအာင္ေဆာင္ ႐ြက္ရမယ့္ တာဝန္ ကေတာ့ နံပါတ္ ၁ ဦးစားေပး လုပ္ငန္းျဖစ္တယ္။ အဲ့ဒါယုံၾကည္စိတ္ခ်ရမႈ ရွိတယ္ဆိုလို႔ရွိရင္ေတာ့ ကြၽန္ေတာ္တို႔ လည္း ႏိုင္ငံေရးကို ဘယ္လိုဝင္ၿပီးေတာ့မွ ပါဝင္ရမယ္ ဆိုတာစဥ္းစားဖို႔ျဖစ္လာတာေပါ့။ အေရးႀကီး တာကေတာ့ ေ႐ြးေကာက္ပြဲ၊ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ဖို႔ နံပါတ္ ၁ အေရးအႀကီးဆုံးပါ။ ဒါကို ကြၽန္ေတာ္ တို႔က ေအာင္ျမင္ေအာင္လုပ္ေပးပါ့မယ္။ ေ႐ြးေကာက္ ပြဲရလဒ္ ထြက္ေပၚလာတဲ့ အခ်ိန္က်မွ သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲမွာ ပါဝင္ခဲ့တဲ့ ပါတီေတြရွိတယ္။ ေနာက္အဖြဲ႕အစည္းေတြရွိတယ္။ အဲ့ဒီမွာ အမ်ိဳးမ်ိဳး ဆႏၵျပဳခဲ့ ၾကတယ္။

ျပည္သူေတြရဲ႕ ဆႏၵေတြရွိတယ္။ ဒီအေပၚ မူတည္ၿပီး ကြၽန္ေတာ္ကလည္း ဆက္လုပ္သြားမယ္။ ဒါေပမဲ့ တစ္ခု ေတာ့ ရွိတာေပါ့။ ျဖည့္ ေျပာခ်င္တာကဘာလဲ ဆိုေတာ့ ကြၽန္ေတာ္က တပ္မေတာ္ထဲမွာ ႏွစ္ေပါင္း ၄ဝ ေက်ာ္ အေတြ႕ အႀကဳံေတြ၊ အရာရွိငယ္ဒုဗိုလ္ဘဝက ေနၿပီးေတာ့ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီး ရာထူးအထိ အဆင့္ေပါင္း မ်ားစြာ ေျခလ်င္တပ္စုမႉးက စၿပီးေတာ့ ကြၽန္ေတာ္ Commander အဆင့္ဆင့္ ကြၽန္ေတာ္ လုပ္ခဲ့တယ္။ စစ္ေရး အေတြ႕အႀကဳံ ကြၽန္ေတာ့္မွာရွိတယ္။ ေနာက္ျဖတ္သန္းခဲ့ရတဲ့ ႏိုင္ငံေရး အေတြ႕ အႀကဳံ၊ ေစာေစာကေျပာတဲ့ ေခတ္ေတြ ကြၽန္ေတာ္မီတယ္။ ကြၽန္ေတာ္ျမင္တယ္။ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီ အထိ ကြၽန္ေတာ္မီတယ္။ တပ္မေတာ္အစိုးရနဲ႔ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္း ေခတ္သုံး ေခတ္ကို ကြၽန္ေတာ္ တပ္မေတာ္သားဘဝနဲ႔ ျဖတ္သန္းလာတာ၊ ေနာက္အုပ္ခ်ဳပ္ေရးအေတြ႕ အႀကဳံ ကြၽန္ေတာ့္မွာ အမ်ားႀကီးရွိတယ္။ တိုင္းမႉးလုပ္ခဲ့တာရွိတယ္။ ေနာက္ျပည္နယ္ ဥကၠ႒ လုပ္ခဲ့တာ ရွိတယ္။ ဒီအေတြ႕အႀကဳံေတြက တပ္မေတာ္ အတြက္ ေကာ၊ တိုင္းျပည္ အတြက္ေကာ၊ ျပည္သူ႔အတြက္ေကာ၊ ဘယ္လိုပဲျဖစ္ျဖစ္ အေထာက္အကူရမယ့္ ဟာလို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ ကြၽန္ေတာ္က တာဝန္ထမ္းေဆာင္ခဲ့တဲ့ ႏွစ္ေပါင္း ၄ဝ ေက်ာ္ကာလအ တြင္းမွာ တိုင္းျပည္အတြက္၊ ျပည္သူအတြက္လုပ္ခဲ့တာ၊ ကြၽန္ေတာ္ဆက္ၿပီးေတာ့ ဒီလိုပဲသြားမွာပါ၊ ကြၽန္ေတာ္ ဘာကူ ညီေပး ရမလဲ၊ ဘာလုပ္ေပးရမလဲ၊ တိုင္းျပည္အတြက္ ဘယ္လိုလုပ္ေပးရမလဲ၊ အခ်ိဳ႕ဟာေတြမွာ ကြၽန္ေတာ္ တိုက္႐ိုက္ တာဝန္ရွိတဲ့ဟာေတြလုပ္ သလိုပဲ အခ်ိဳ႕ဟာေတြမွာ တိုက္႐ိုက္တာဝန္မရွိဘူး။ ကြၽန္ေတာ္ လုပ္ေနတဲ့ ကိစၥေတြမွာ ဒါေပမဲ့ တိုင္းျပည္အတြက္လုပ္ေပးမယ္။ ဒီလို စိတ္ကေတာ့ ကြၽန္ေတာ္အသက္ထက္ဆုံး ရွိေနဦးမွာပါလို႔ ေျပာလိုပါတယ္။

သတင္းဌာနမွေမး ။ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီ ၂ဝ၁၅ခုႏွစ္မွာ ေမာ္စကိုမွာပဲ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီး ဦးစီးၿပီးေတာ့ ေထရဝါဒ ဗုဒၶဘာသာ စင္တာ တစ္ခု တည္ေထာင္ ဖြဲ႕စည္းႏိုင္ ခဲ့တယ္လို႔ သိရွိထားရပါတယ္။ ဒါကလည္း ဒီေမာ္စကိုၿမိဳ႕မွာ ေနထိုင္တဲ့ ေထရဝါဒဗုဒၶ ဘာသာဝင္ေတြ အတြက္ အရမ္းကို အားကိုး အားထားျပဳ ရတဲ့ ေနရာျဖစ္သလို တကယ့္ ေအာင္ျမင္မႈႀကီးတစ္ခုလည္းျဖစ္ခဲ့ပါတယ္။

အခုလက္ရွိမွာ ဗုဒၶဘာသာစင္တာအေနနဲ႔ ဘယ္လိုေအာင္ျမင္မႈေတြရွိၿပီးေတာ့ ဘယ္လို အစီအစဥ္ေတြရွိတယ္ ဆိုတာ ကို နည္းနည္း ေျပာျပလို႔ရမလားခင္ဗ်ား။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ဒီဗုဒၶဘာသာက ကမာၻ မွာလည္း အေစာဆုံးေပၚခဲ့တဲ့ ဘာသာေရး အယူအဆတစ္ခု၊ အယူဝါဒ တစ္ခု ပါ။ ဗုဒၶရဲ႕ အဆုံးအမေတြကအင္မတန္ေကာင္းပါတယ္။ အျခားဘာသာေတြမွာ သူ႔အဆုံးအမနဲ႔သူရွိ ပါတယ္။ အဲ့ေတာ့ဒါကေတာ့ ေမတၱာတရား ေပါ့၊ အခုထိသြားတာေပါ့၊ အဲ့ေတာ့ ဒီမွာလည္း ႐ုရွားမွာလည္း ဗုဒၶဘာသာကိုအေျခခံခဲ့တဲ့ အေၾကာင္းတရားေတြရွိခဲ့တယ္လို႔ ကြၽန္ေတာ္ ၾကားဖူးတယ္။ အဲ့ေတာ့ ဒီအေျခခံ လိုက္တဲ့ အေၾကာင္းအရာေတြကို ကိုယ္တိုင္လုပ္ေဆာင္ ခြင့္ရျခင္းဟာ ပိုၿပီးေတာ့ေကာင္းပါတယ္။ သူ ယုံၾကည္ ရာ၊ ယုံၾကည္ရာနဲ႔ လုပ္ၾကတာေပါ့၊ ဒါေၾကာင့္လည္း ကြၽန္ေတာ္က ဒီမွာေထရ ဝါဒဗုဒၶဘာသာ ေက်ာင္းေလး တစ္ခုျဖစ္ေအာင္ ႀကိဳးစားခဲ့တာရွိပါတယ္။ အခုလည္း ကြၽန္ေတာ္ ေအာင္ျမင္ေနပါတယ္။ မၾကာခင္မွာလည္း ဗုဒၶဘာသာရဲ႕ အျမင့္ျမတ္ဆုံးျဖစ္တဲ့ သိမ္တစ္ခု ေဆာက္ေနပါတယ္။ ေဆာက္ဖို႔အတြက္စီစဥ္ ေနတာပါ၊ အလားတူပဲ ယဥ္ေက်းမႈစင္တာမွာလည္း ဗုဒၶနဲ႔ပတ္သက္တဲ့ေ႐ႊစည္းခုံေစတီေတာ္ ပုံတူပုံစံတစ္ခု ကြၽန္ေတာ္တို႔ သီတဂူ ဆရာေတာ္ ဘုရားႀကီးဦးေဆာင္မႈနဲ႔ တည္ေနတာရွိပါတယ္။ ဒါလည္း ၿပီးသေလာက္ျဖစ္ေနပါၿပီ၊ မၾကာခင္ မွာလည္း ကြၽန္ေတာ္တို႔ ဒါကို ဖြင့္ပြဲ ေလးလုပ္ဖို႔လည္းရွိပါတယ္။ ႐ုရွားႏိုင္ငံမွာ ဗုဒၶ ဘာသာနဲ႔ ပတ္သက္ ၿပီးေတာ့ တကယ္လို႔မ်ား စိတ္ဝင္စားတယ္၊ ယုံၾကည္မႈရွိတယ္ဆိုလို႔ရွိ ရင္ သူတို႔အတြက္ ႐ုရွားႏိုင္ငံသူ၊ ႏိုင္ငံသား မ်ားအတြက္ အေထာက္အကူရလိမ့္မယ္လို႔ ကြၽန္ေတာ္ေျပာခဲ့ပါတယ္။

သတင္းဌာနမွေမး။ ကြၽန္ေတာ္တို႔ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီးအေနနဲ႔ ႐ုရွားႏိုင္ငံကို မၾကာခဏ အလည္ အပတ္ခရီးေတြ၊ ဒီလုပ္ငန္း ဆိုင္ရာခရီးစဥ္ေတြ လာေရာက္တာကိုသိရွိရပါတယ္၊ အခုလို လာေရာက္တဲ့အခ်ိန္မွာ ႐ုရွားႏိုင္ငံရဲ႕ ေျပာင္းလဲမႈအေပၚ ဘယ္လိုအျမင္ ရွိပါသလဲနဲ႔ ေနာက္ထပ္တစ္ႀကိမ္ဘယ္ေတာ့ လာမွာလဲဆိုတာ ေလး သိလိုပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ႐ုရွားကေတာ့ ကြၽန္ေတာ္ ဒီအႀကိမ္လာတာ ၆ ႀကိမ္ေျမာက္ လာျခင္း ျဖစ္တယ္၊ ႐ုရွားႏိုင္ငံက ေျပာ ရရင္ သမိုင္းမွာလည္း အမ်ားႀကီးရွည္လ်ားတဲ့သမိုင္းေၾကာင္း ရွိတယ္ ဘုရင္ႏိုင္ငံလည္းျဖစ္တယ္၊ အဲ့ဒီက ေနၿပီး ေတာ့မွ ဆိုဗီယက္ဆိုရွယ္လစ္ ဆိုဗီယက္ ႏိုင္ငံတစ္ခုလည္းရွိတယ္၊ ဒီဘက္မွာေတာ့ ႐ုရွားဖက္ဒေရးရွင္း အေနနဲ႔ ရွိတာေပါ့၊ ႐ုရွား ႏိုင္ငံေရးေျပာင္းလဲမႈေတြမွာ ႐ုရွားျပည္သူေတြ အတြက္ ေခတ္အလိုက္ေခါင္းေဆာင္ေတြ ႀကိဳးစား အားထုတ္မႈေတြေၾကာင့္ ႐ုရွားႏိုင္ငံ ေခတ္မီတိုးတက္လာတာေတြ ျငင္းလို႔မရပါဘူး။

လက္ရွိမွာလည္း ကမာၻမွာ ေခတ္မီနည္းပညာ ေတြရွိတဲ့ ထိပ္တန္းႏိုင္ငံတစ္ခုျဖစ္တယ္၊ ကမာၻ႔ႏိုင္ငံ တစ္ခုျဖစ္ တယ္၊ သူ႔ႏိုင္ငံနဲ႔သူပဲ တျခားႏိုင္ငံေကာင္းတာေတြရွိသလို ႐ုရွားႏိုင္ငံရဲ႕အားသာခ်က္ေတြအမ်ားႀကီးရွိတယ္၊ ဒါေတြက ကြၽန္ေတာ္တို႔အတြက္ အမ်ားႀကီး အေထာက္အကူရတယ္၊ ကြၽန္ေတာ္တို႔ဒါေတြ ၾကည့္ၿပီးေတာ့မွ ငါတို႔ႏိုင္ငံနဲ႔ ကိုက္ညီေအာင္ ဘယ္လိုလုပ္မလဲ၊ ကြၽန္ေတာ္က ဒီလိုစဥ္းစား တာေပါ့။ ႐ုရွားႏိုင္ငံလာတဲ့အခ်ိန္မွာ ငါ့တိုင္းျပည္အတြက္ ဘယ္လိုလုပ္ရင္ေကာင္း မလဲဆိုတဲ့ဟာကို အဲ့လိုမ်ိဳးဆိုရင္ေတာ့ ကိုယ္ လိုခ်င္တိုင္းရတာ မဟုတ္ဘူး၊ အခ်ိဳ႕က သင္ယူ ရတယ္၊ အခ်ိဳ႕ဟာေတြ ပူးေပါင္းေဆာင္႐ြက္ ရတာရွိတယ္။ အခ်ိဳ႕က်ေတာ့ လာေရာက္ၿပီးေတာ့ ဖိတ္ေခၚၿပီးေတာ့ ခင္ဗ်ားတို႔လာပါဆို ၿပီးေတာ့ ဖိတ္ေခၚတာရွိတယ္။ ဒီလိုနဲ႔တိုင္းျပည္ တိုးတက္ေအာင္ လုပ္ရတယ္၊ သင္ယူရတဲ့ အပိုင္းဆိုရင္ ကြၽန္ေတာ္တို႔ဆီမွာ တပ္မေတာ္ က အရာရွိေတြ အမ်ားႀကီးပဲ ႐ုရွားမွာပညာ သင္ခိုင္းတယ္၊ သိပၸံပညာသင္ခိုင္းတယ္၊

နည္းပညာ ဒီမွာလာသင္ခိုင္းတယ္၊ စစ္ပညာ သင္ခိုင္းတယ္၊ အမ်ားႀကီးရွိတယ္၊ ကြၽန္ေတာ္ တို႔ ႐ုရွားမွာ ႐ုရွား ပညာေတာ္သင္ လႊတ္ထားပါတယ္၊ အဲ့ဒီလူေတြ ျမန္မာႏိုင္ငံမွာအမ်ားႀကီး တာဝန္ထမ္းေဆာင္ေနတာရွိပါတယ္၊ အဓိက ေကာင္းတဲ့ဟာေတြ ကိုယ္နဲ႔မ်က္စိျမင္တာရွိတယ္၊ သူတို႔ ယူခဲ့တာေတြရွိတယ္၊ သူတို႔က တိုင္းျပည္ အတြက္ တိုးတက္ေအာင္လုပ္မယ္ ဆိုတဲ့စိတ္နဲ႔လုပ္ၾကတယ္။ ဒါကလည္း ကြၽန္ေတာ္တို႔အတြက္ အမ်ားႀကီး အေထာက္ အကူရတာေပါ့၊ ဒါေၾကာင့္ ႐ုရွားႏိုင္ငံဟာ ကြၽန္ေတာ့္အတြက္ ယူလို႔ရတဲ့အရာေတြ၊ အမ်ားႀကီးရွိတယ္ လို႔ေျပာ လိုပါတယ္၊ ေနာက္ တစ္ခါလာဖို႔ကေတာ့ အခါအခြင့္သင့္ရင္ကြၽန္ေတာ္ခဏခဏ ေရာက္မွာလို႔ ကြၽန္ေတာ္ ေျပာလိုပါတယ္၊ အင္မတန္ စိတ္ဝင္စားစရာ ေကာင္းတဲ့တိုင္းျပည္တစ္ခုပါ။

သတင္းဌာနမွေမး။ ကြၽန္ေတာ္တို႔အေနနဲ႔ခုလို ေဆြးေႏြးခြင့္ရတဲ့အတြက္ အရမ္းကို ဝမ္းသာဂုဏ္ယူမိပါတယ္၊ အရမ္းလည္း စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ ကြၽန္ေတာ့္ အေနနဲ႔ အေဆြေတာ္ဗိုလ္ခ်ဳပ္မႉးႀကီးကို ယခု လက္ရွိ တာဝန္ ထမ္းေဆာင္ေနစဥ္မွာလည္း ေအာင္ျမင္မႈေတြအမ်ားႀကီးရရွိပါေစေၾကာင္းနဲ႔ ကြၽန္ေတာ္တို႔ ဒီလာမယ့္ ေ႐ြးေကာက္ပြဲ ကာလမွာလည္း အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီး ေျပာခဲ့သလိုပဲ ဒီတပ္မေတာ္ရဲ႕ အင္အားနဲ႔ ဒီ မွန္ကန္တဲ့ေ႐ြးေကာက္ပြဲတစ္ခု ျဖစ္ေျမာက္ပါေစေၾကာင္း ကြၽန္ေတာ္ ဆုေတာင္းေပးပါတယ္။ ျမန္မာႏိုင္ငံအတြက္ သာမက တစ္ကမာၻလုံးရဲ႕ လုံၿခဳံေရးနဲ႔ၿငိမ္းခ်မ္းေရးအတြက္ပါ အေရးႀကီး ေနတဲ့ေ႐ြးေကာက္ပြဲ အတြက္ ကြၽန္ေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီးကို အမ်ားႀကီး အားကိုးပါတယ္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။