ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်ပြန်လည်လိုက်ပါ လာသူများတွင် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)

နေပြည်တော်၊ ဇွန် – ၃၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ictory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင် ၁၅ ဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲရှိသည့် ပညာတော်သင် သင်တန်းသား၊ သင်တန်းသူ ၂၂ ဦးသည် ဇွန် ၂၅ ရက် ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး သတ်မှတ်ထားသည့်နေရာများ၌ Home Quarantine ၊ Facilities Quarantine စနစ်တကျ နေထိုင်ခဲ့သည်။

ယနေ့တွင် ၎င်းမြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူ၍ Polymerase Chain Reation (PCR) နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၎င်းတို့တွင် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)ကြောင်း သိရှိရပါသည်။

(Zawgyi Version)

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသို႔ သြားေရာက္ခဲ့သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကိုယ္စားလွယ္ အဖြဲ႕ဝင္မ်ားႏွင့္ျပန္လည္လိုက္ပါ လာသူမ်ားတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိမႈ မရွိ(မရွိ)

ေနျပည္ေတာ္၊ ဇြန္ – ၃၀

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္သည့္ ictory Day of Great Patriotic War (၇၅)ႏွစ္ေျမာက္ အထိမ္းအမွတ္စစ္ေရးျပအခမ္းအနားသို႔ တက္ေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ဝင္ ၁၅ ဦးႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိရန္ အခက္အခဲရွိသည့္ ပညာေတာ္သင္ သင္တန္းသား၊ သင္တန္းသူ ၂၂ ဦးသည္ ဇြန္ ၂၅ ရက္ ညပိုင္းတြင္ ေနျပည္ေတာ္ေလဆိပ္သို႔ ျပန္လည္ ေရာက္ရွိလာခဲ့ၿပီး သတ္မွတ္ထားသည့္ေနရာမ်ား၌ Home Quarantine ၊ Facilities Quarantine စနစ္တက် ေနထိုင္ခဲ့သည္။

ယေန႔တြင္ ၎ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ား၊ သင္တန္းသား၊ သင္တန္းသူမ်ားကို ႏွာေခါင္းတို႔ဖတ္၊ အာေခါင္တို႔ဖတ္ ရယူ၍ Polymerase Chain Reation (PCR) နည္းျဖင့္ ဓာတ္ခြဲစစ္ေဆးခဲ့ရာ ၎တို႔တြင္ COVID-19 ေရာဂါပိုးေတြ႕ရွိမႈ မရွိ(မရွိ)ေၾကာင္း သိရွိရပါသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။