Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်း များ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် – ၁၀

တပ်မတော်(ကြည်း၊ ရေ၊ လေ)က ရန်ကုန်တိုင်းဒေသ ကြီး လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ Coronavirus Disease 2019 (Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်း များကို ယနေ့နံနက်ပိုင်းတွင် သွားရောက်ပေးအပ်လှူဒါန်းသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဋ္ဌာန၊ ဋ္ဌာနမှူး ဒေါက်တာ ဦးထွန်းမြင့်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး ဗဟိုအမျိုးသမီးဆေးရုံကြီးအတွက် Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများဖြစ်သည့် Surgical Masks ၂၀၀၀၀ ခု၊ N 95 Mask ၂၀၀ ခု၊ Surgical Gown ၅၀၀ခု ၊ Glove ၁၀၀၀ခု၊ Sodium Hypochloride ၃ ပုံး၊Fetal Doppler ၊ CTG Machine (Fetal Monitor) (ကလေးနှလုံးခုန်နှုန်းနှင့် မိခင်သားအိမ်ညှစ်နှုန်းတိုင်းစက်)၊ Portable Ultrasound ၊ Portable X-Ray တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်က လက်ခံရယူသည်။

ဆက်လက်၍ ဆေးရုံတက်လူနာများနှင့် ဆေးရုံဝန်ထမ်းများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများဖြစ်သည့် ကြက်ဥ ၁၃၀၀ လုံး၊ ဒိန်ချဉ် ၁၃၀၀ ဘူး၊ ရွှေဖီဦးအထုပ်ကြီး ၄၄ ထုပ်နှင့် နန်းမြိုင်ကော်ဖီထုပ်ကြီး ၄၄ ထုပ်တို့ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်က လက်ခံရယူ၍ ကျေဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

(Zawgyi Version)

Coronavirus Disease 2019(Covid-19) ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး ပစၥည္း မ်ား၊ ေဆး႐ုံသုံးပစၥည္းမ်ားႏွင့္ အာဟာရျဖည့္ စားေသာက္ဖြယ္ရာမ်ားေပးအပ္လႉဒါန္း

ေနျပည္ေတာ္၊ ဇူလိုင္ – ၁၀

တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)က ရန္ကုန္တိုင္းေဒသ ႀကီး လမ္းမေတာ္ၿမိဳ႕နယ္ရွိ ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးသို႔ Coronavirus Disease 2019 (Covid-19) ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး ပစၥည္းမ်ားႏွင့္ ေဆး႐ုံသုံးပစၥည္း မ်ားကို ယေန႔နံနက္ပိုင္းတြင္ သြားေရာက္ေပးအပ္လႉဒါန္းသည္။

အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္႒ာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ညြန႔္ဝင္းေဆြ၊ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီး႒ာန၊ ႒ာနမႉး ေဒါက္တာ ဦးထြန္းျမင့္၊ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ေဒၚခင္ေမသြင္ႏွင့္ အဖြဲ႕ဝင္မ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က Coronavirus Disease 2019(Covid-19) ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး ပစၥည္းမ်ားႏွင့္ ေဆး႐ုံသုံးပစၥည္းမ်ား ေပးအပ္ လႉဒါန္းျခင္းႏွင့္ ပတ္သက္၍ အမွာစကား ေျပာၾကားၿပီး ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးအတြက္ Coronavirus Disease 2019(Covid-19) ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး ပစၥည္းမ်ားႏွင့္ ေဆး႐ုံသုံးပစၥည္းမ်ားျဖစ္သည့္ Surgical Masks ၂၀၀၀၀ ခု၊ N 95 Mask ၂၀၀ ခု၊ Surgical Gown ၅၀၀ခု ၊ Glove ၁၀၀၀ခု၊ Sodium Hypochloride ၃ ပုံး၊Fetal Doppler ၊ CTG Machine (Fetal Monitor) (ကေလးႏွလုံးခုန္ႏႈန္းႏွင့္ မိခင္သားအိမ္ညႇစ္ႏႈန္းတိုင္းစက္)၊ Portable Ultrasound ၊ Portable X-Ray တို႔ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေပးအပ္လႉဒါန္းရာ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ေဒၚခင္ေမသြင္က လက္ခံရယူသည္။

ဆက္လက္၍ ေဆး႐ုံတက္လူနာမ်ားႏွင့္ ေဆး႐ုံဝန္ထမ္းမ်ားအတြက္ အာဟာရျဖည့္ စားေသာက္ဖြယ္ရာမ်ားျဖစ္သည့္ ၾကက္ဥ ၁၃၀၀ လုံး၊ ဒိန္ခ်ဥ္ ၁၃၀၀ ဘူး၊ ေ႐ႊဖီဦးအထုပ္ႀကီး ၄၄ ထုပ္ႏွင့္ နန္းၿမိဳင္ေကာ္ဖီထုပ္ႀကီး ၄၄ ထုပ္တို႔ကို စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းက ေပးအပ္လႉဒါန္းရာ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ေဒၚခင္ေမသြင္က လက္ခံရယူ၍ ေက်ဇူးတင္စကားျပန္လည္ေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။