ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ် လှူဒါန်း

နေပြည်တော်၊ ဇူလိုင် – ၁၀

Coronavirus Disease 2019(Covid-19) ရောဂါသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံ များတွင် ဖြစ်ပွားလျက်ရှိကာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပြန့်ပွားမှုများ ဆက်လက် ဖြစ်ပေါ်လျှက်ရှိသည်။ တပ်မတော်အနေဖြင့် (Covid-19) ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်း နိုင်ငံအနံှ့ရှိ အထူးကုဆေးရုံကြီးများ ၊ အထွေထွေရောဂါကုဆေးရုံကြီး များ၊ ခရိုင်ဆေးရုံများ၊ မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက် ကျန်းမာရေး ဌာနများသို့ (Covid-19) ရောဂါကာကွယ်ရေးအထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်း များ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းလျက်ရှိသည်။


ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်(ကြည်း၊ ရေ၊ လေ)က ရန်ကုန်တိုင်းဒေသ ကြီး လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်း များနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို သွားရောက်ပေးအပ်လှူဒါန်းသည်။


အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဋ္ဌာန၊ ဋ္ဌာနမှူး ဒေါက်တာ ဦးထွန်းမြင့်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားရာတွင် “အာရောဂျံ ပရမံ လာဘံ” ဟူသော စကားနှင့် အညီ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ပြီး လူတိုင်း ကျန်းမာခြင်း ကို လိုလားကြပါကြောင်း၊ ကျန်းမာရေး၌ ကာကွယ်ခြင်းနှင့် ကုသခြင်းဟု အပိုင်း (၂) ပိုင်းရှိရာ ကာကွယ်ခြင်းအပိုင်း၌ တပ်မတော်အနေဖြင့် ပြည်သူလူထု၊ အဖွဲ့အစည်းများ ဖြင့် ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်လျက်ရှိပြီး ကုသခြင်းအပိုင်းကိုမူ ကျန်းမာရေးအဖွဲ့အစည်း များက လုပ်ဆောင်နေကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ကာကွယ်ခြင်းအပိုင်းတွင် လိုအပ်ချက်များ များစွာရှိနေမည်ဖြစ်သည့်အတွက် ပြည်သူများပါဝင်ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ တပ်မတော်သည် တိုင်းပြည်၏အစိတ်အပိုင်းဖြစ်ပြီး ပြည်သူကြားမှ ပေါက်ဖွားလာသည့်အတွက် ကျန်းမာရေးနှင့် ပတ်သက်၍ ကာကွယ်စောင့်ရှောက်ခြင်း များကို အမြဲမပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဗဟိုအမျိုးသမီးဆေးရုံကြီးသည် အမျိုးသမီးများ၊ မိခင်များအတွက် အမျိုးသမီးဆိုင်ရာရောဂါများကို အဓိက ကုသပေးလျက် ရှိသည့် အရေးပါသည့် ဆေးရုံကြီးဖြစ်ပြီး ယခုကဲ့သို့ တတ်နိုင်သရွေ့ ကူညီလှူဒါန်း နိုင်ခဲ့သည့်အတွက် ဝမ်းသာမိပါကြောင်း။

Covid-19 ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ဆင်ခြင်နေထိုင်ကြရ မည်ဖြစ်ပြီး မမြင်ရ၊ မကြားရသည့် အတွက် မဖြစ်နိုင်၊ မကူးစက်နိုင်ဟု အာမခံနိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများကို လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ တန်ဖိုးအားဖြင့် မများသော်လည်း အထိုက်အလျောက် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ လူ၏အသက်ထက် တန်ဖိုးကြီးသည်မှာ မရှိသည့်အတွက် ကျန်းမာရေးကို အလေးထားကြစေလိုကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ကျန်းကျန်း မာမာ ဖြစ်စေလိုသည့်စိတ်ဆန္ဒဖြင့် လှူဒါန်းခြင်းဖြစ်ပြီး လိုအပ်ချက်များရှိပါကလည်း တပ် မတော်က ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဗဟိုအမျိုးသမီး ဆေးရုံကြီးအတွက် Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများဖြစ်သည့် Surgical Masks ၂၀၀၀၀ ခု၊ N 95 Mask၅၀၀ ခု၊ Surgical Gown ၅၀၀ စုံ၊Glove ၁၀၀၀ ခု၊ Sodium Hypochloride ၃ ပုံး၊ Daptone (ကလေးနှလုံးခုန်နှုန်းတိုင်းစက်) ၅ စုံ၊ CTG Machine( Fetal Monitor) (ကလေးနှလုံးခုန်နှုန်းနှင့် မိခင်သားအိမ်ညှစ်နှုန်းတိုင်း စက်) ၂ စုံ၊ Portable Ultrasound ၁ စုံ၊ Portable X-Ray ၁ စုံတို့ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင် က လက်ခံရယူသည်။


ဆက်လက်၍ ဆေးရုံတက်လူနာများနှင့် ဆေးရုံဝန်ထမ်းများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများဖြစ်သည့် ကြက်ဥ ၁၃၀၀ လုံး၊ ဒိန်ချဉ် ၁၃၀၀ ဘူး၊ ရွှေဖီဦး အထုပ်ကြီး ၄၄ ထုပ်နှင့် နန်းမြိုင်ကော်ဖီထုပ်ကြီး ၄၄ ထုပ်တို့ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်က လက်ခံရယူသည်။

ယင်းနောက် ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)က ယခုကဲ့သို့ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက် ဖွယ်ရာများပေးအပ်လှူဒါန်းသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တကွ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများကို များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် မိမိတို့ ဆေးရုံကြီးကို ယခင်အဆက်ဆက်ကပင် များစွာကူညီလှူဒါန်းပေးခဲ့ပါကြောင်း၊ ဗဟိုအမျိုးသမီးဆေးရုံကြီးသည် မြန်မာနိုင်ငံ၏ အဆင့်မြင့်ဆုံး သားဖွားနှင့် မီးယပ်ဆိုင်ရာ အထူးကုဆေးရုံကြီးဖြစ်ပါကြောင်း၊ Covid-19 ရောဂါ သံသယလူနာများမှ ကိုယ်ဝန်ဆောင် များနှင့် မီးယပ်ရောဂါများကိုလည်း လက်ခံကုသပေးနေရသည့် ဆေးရုံဖြစ်ပါကြောင်း၊ ထို့ကြောင့် Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးပစ္စည်းများ၊ ဆေးရုံ သုံးပစ္စည်းများ လိုအပ်မှုများ ရှိလာပါကြောင်း။

ယခုကဲ့သို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ လှူဒါန်းမှုသည် မိမိတို့ ဆေးရုံကြီးအတွက် များစွာအထောက်အပံ့ရရှိ ပါကြောင်း၊ ထို့အပြင် ဆေးရုံသုံးပစ္စည်းများ ဖြစ်သည့် Daptone (ကလေးနှလုံး ခုန်နှုန်းတိုင်းစက်)၊ CTG Machine( Fetal Monitor) (ကလေးနှလုံးခုန်နှုန်းနှင့် မိခင်သားအိမ်ညှစ်နှုန်းတိုင်းစက်)၊ Portable Ultrasound နှင့် Portable X-Ray တို့ကိုပါ လှူဒါန်းသည့်အတွက် ဆေးရုံ၏ရေရှည်ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ကြီးမားသောအထောက်အပံ့ ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ ကြီးလေး သောနိုင်ငံ့တာဝန်များကို ထမ်းဆောင်ရသည့် တပ်မတော်မှ ပြည်သူ့ကျန်းမာရေးလုပ်ငန်း များတွင်ပါ စွမ်းစွမ်းတမံ ဆောင်ရွက်နေသဖြင့် မိမိအနေဖြင့် များစွာဂုဏ်ယူမိပါကြောင်း၊ နိုင်ငံနှင့် ပြည်သူကို အစဉ်အမြဲကာကွယ်စောင့် ရှောက်ပေးနေသော တပ်မတော်သားများ အားလုံး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာပြီး ဘေးအန္တရာယ် ကင်းဝေးပါစေကြောင်း၊ နိုင်ငံနှင့် ပြည်သူများအား ဆထက်ထမ်းပိုး ကာကွယ်စောင့်ရှောက်ပေးနိုင်ပါစေကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသော အလှူရှင်များနှင့် ဧည့်သည်တော်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ ဗဟိုအမျိုးသမီးဆေးရုံကြီး(ခုတင်-၈၀၀)ကို ၁၈၉၈ နှစ်ဦးပိုင်းတွင် ယခု အဆောက်အဦနေရာ၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး “ဒပ်ဖရင်ဆေးရုံကြီး” အဖြစ်စတင် အမည် တွင်ခဲ့ရာမှ ၁၉၆၃ ခုနှစ်တွင် ဗဟိုသားဖွားဆေးရုံကြီး (Central Maternily Hospital) ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြောင်း၊ သားဖွားခြင်းတစ်ခုတည်းသာမက အမျိုးသမီးများနှင့် ပတ်သက်သော ရောဂါများကိုပါ လက်ခံကုသပေးခြင်းဖြစ်သဖြင့် ဗဟိုသားဖွားနှင့် မီးယပ် ရောဂါကုဆေးရုံကြီး (သို့မဟုတ်) ဗဟိုအမျိုးသမီး ဆေးရုံကြီးဟု ခေါ်တွင်သင့်ကြောင်း အကြံပြုကြရာမှ ၁၉၆၉ ခုနှစ် ဧပြီ ၂ ရက်မှစတင်၍ ဗဟိုအမျိုးသမီး ဆေးရုံကြီး(Central Women’s Hospital) ဟူ၍ သတ်မှတ်ခဲ့ရာ ယနေ့ထိတိုင် ၎င်းအမည်ကို ခေါ်တွင် လျက်ရှိကြောင်း သိရှိရသည်။

(Zawgyi Version)

ရန္ကုန္ၿမိဳ႕၊ ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးသို႔  Covid-19 ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး ပစၥည္းမ်ား၊ ေဆး႐ုံသုံးပစၥည္းမ်ားႏွင့္ အာဟာရျဖည့္ စားေသာက္ဖြယ္ရာမ်ားေပးအပ္ လႉဒါန္း

ေနျပည္ေတာ္၊  ဇူလိုင္ – ၁၀

Coronavirus Disease 2019(Covid-19)  ေရာဂါသည္ ကမာၻတစ္ဝွမ္းရွိ ႏိုင္ငံ မ်ားတြင္ ျဖစ္ပြားလ်က္ရွိကာ ျမန္မာႏိုင္ငံတြင္လည္း ကူးစက္ျပန႔္ပြားမႈမ်ား ဆက္လက္ ျဖစ္ေပၚလွ်က္ရွိသည္။ တပ္မေတာ္အေနျဖင့္  (Covid-19)  ေရာဂါျဖစ္ေပၚေနသည့္ ကာလအတြင္း ႏိုင္ငံအနံွ႔ရွိ အထူးကုေဆး႐ုံႀကီးမ်ား ၊ အေထြေထြေရာဂါကုေဆး႐ုံႀကီး မ်ား၊ ခ႐ိုင္ေဆး႐ုံမ်ား၊ ၿမိဳ႕နယ္ေဆး႐ုံမ်ား၊ တိုက္နယ္ေဆး႐ုံမ်ားႏွင့္ ေက်းလက္ က်န္းမာေရး ဌာနမ်ားသို႔ (Covid-19)  ေရာဂါကာကြယ္ေရးအေထာက္အကူျပဳ ေဆးႏွင့္ ေဆးပစၥည္း မ်ား၊ အာဟာရျဖည့္ စားေသာက္ဖြယ္ရာမ်ားကို ေပးအပ္လႉဒါန္းလ်က္ရွိသည္။   

ယေန႔နံနက္ပိုင္းတြင္လည္း တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)က ရန္ကုန္တိုင္းေဒသ ႀကီး လမ္းမေတာ္ၿမိဳ႕နယ္ရွိ ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးသို႔ Coronavirus Disease 2019(Covid-19)  ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး ပစၥည္းမ်ား၊ ေဆး႐ုံသုံးပစၥည္း မ်ားႏွင့္ အာဟာရျဖည့္ စားေသာက္ဖြယ္ရာမ်ားကို သြားေရာက္ေပးအပ္လႉဒါန္းသည္။

အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္႒ာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ၫြန႔္ဝင္းေဆြ၊ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီး႒ာန၊ ႒ာနမႉး ေဒါက္တာ ဦးထြန္းျမင့္၊ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ေဒၚခင္ေမသြင္ႏွင့္ အဖြဲ႕ဝင္မ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က Coronavirus Disease 2019(Covid-19)  ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး ပစၥည္းမ်ားႏွင့္ ေဆး႐ုံသုံးပစၥည္းမ်ား ေပးအပ္ လႉဒါန္းျခင္းႏွင့္ ပတ္သက္၍ အမွာစကား ေျပာၾကားရာတြင္ “အာေရာဂ်ံ ပရမံ လာဘံ” ဟူေသာ စကားႏွင့္ အညီ က်န္းမာျခင္းသည္ လာဘ္တစ္ပါးျဖစ္ၿပီး လူတိုင္း က်န္းမာျခင္း ကို လိုလားၾကပါေၾကာင္း၊ က်န္းမာေရး၌ ကာကြယ္ျခင္းႏွင့္ ကုသျခင္းဟု အပိုင္း (၂) ပိုင္းရွိရာ ကာကြယ္ျခင္းအပိုင္း၌ တပ္မေတာ္အေနျဖင့္ ျပည္သူလူထု၊ အဖြဲ႕အစည္းမ်ား  ျဖင့္ ပူးေပါင္းဝိုင္းဝန္းေဆာင္႐ြက္လ်က္ရွိၿပီး ကုသျခင္းအပိုင္းကိုမူ က်န္းမာေရးအဖြဲ႕အစည္း မ်ားက လုပ္ေဆာင္ေနေၾကာင္း၊ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားအေနျဖင့္ ကာကြယ္ျခင္းအပိုင္းတြင္ လိုအပ္ခ်က္မ်ား မ်ားစြာရွိေနမည္ျဖစ္သည့္အတြက္ ျပည္သူမ်ားပါဝင္ေဆာင္႐ြက္ၾကရ မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ တိုင္းျပည္၏အစိတ္အပိုင္းျဖစ္ၿပီး ျပည္သူၾကားမွ ေပါက္ဖြားလာသည့္အတြက္ က်န္းမာေရးႏွင့္ ပတ္သက္၍ ကာကြယ္ေစာင့္ေရွာက္ျခင္း မ်ားကို အၿမဲမျပတ္ ေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း၊ ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးသည္ အမ်ိဳးသမီးမ်ား၊ မိခင္မ်ားအတြက္ အမ်ိဳးသမီးဆိုင္ရာေရာဂါမ်ားကို အဓိက ကုသေပးလ်က္ ရွိသည့္ အေရးပါသည့္ ေဆး႐ုံႀကီးျဖစ္ၿပီး ယခုကဲ့သို႔ တတ္ႏိုင္သေ႐ြ႕ ကူညီလႉဒါန္း ႏိုင္ခဲ့သည့္အတြက္ ဝမ္းသာမိပါေၾကာင္း။

Covid-19   ေရာဂါျဖစ္ပြားေနသည့္ ကာလျဖစ္သည့္အတြက္ ဆင္ျခင္ေနထိုင္ၾကရ မည္ျဖစ္ၿပီး မျမင္ရ၊ မၾကားရသည့္ အတြက္ မျဖစ္ႏိုင္၊ မကူးစက္ႏိုင္ဟု အာမခံႏိုင္မည္ မဟုတ္ေၾကာင္း၊ ထို႔ေၾကာင့္ ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး ပစၥည္းမ်ားႏွင့္ ေဆး႐ုံသုံးပစၥည္းမ်ားကို လႉဒါန္းရျခင္းျဖစ္ပါေၾကာင္း၊ တန္ဖိုးအားျဖင့္ မမ်ားေသာ္လည္း အထိုက္အေလ်ာက္ အေထာက္အကူျဖစ္ေစႏိုင္မည္ျဖစ္ေၾကာင္း၊ လူ၏အသက္ထက္ တန္ဖိုးႀကီးသည္မွာ မရွိသည့္အတြက္ က်န္းမာေရးကို အေလးထားၾကေစလိုေၾကာင္း၊ က်န္းမာမွ အလုပ္လုပ္ႏိုင္မည္၊ က်န္းမာမွ ပညာသင္ၾကားႏိုင္မည္ျဖစ္ေၾကာင္း၊ က်န္းက်န္း မာမာ ျဖစ္ေစလိုသည့္စိတ္ဆႏၵျဖင့္ လႉဒါန္းျခင္းျဖစ္ၿပီး လိုအပ္ခ်က္မ်ားရွိပါကလည္း တပ္ မေတာ္က ဆက္လက္ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ပါေၾကာင္းျဖင့္ ေျပာၾကားသည္။ 

ထို႔ေနာက္ ဗဟိုအမ်ိဳးသမီး ေဆး႐ုံႀကီးအတြက္ Coronavirus Disease 2019(Covid-19)  ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး ပစၥည္းမ်ားႏွင့္ ေဆး႐ုံသုံးပစၥည္းမ်ားျဖစ္သည့္  Surgical Masks ၂၀၀၀၀ ခု၊ N 95 Mask၅၀၀ ခု၊ Surgical Gown  ၅၀၀ စုံ၊Glove ၁၀၀၀ ခု၊ Sodium Hypochloride  ၃ ပုံး၊  Daptone (ကေလးႏွလုံးခုန္ႏႈန္းတိုင္းစက္) ၅ စုံ၊ CTG Machine( Fetal Monitor) (ကေလးႏွလုံးခုန္ႏႈန္းႏွင့္ မိခင္သားအိမ္ညႇစ္ႏႈန္းတိုင္း စက္) ၂ စုံ၊ Portable Ultrasound ၁ စုံ၊ Portable X-Ray ၁ စုံတို႔ကို တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ေပးအပ္လႉဒါန္းရာ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ေဒၚခင္ေမသြင္ က လက္ခံရယူသည္။

ဆက္လက္၍ ေဆး႐ုံတက္လူနာမ်ားႏွင့္ ေဆး႐ုံဝန္ထမ္းမ်ားအတြက္ အာဟာရျဖည့္ စားေသာက္ဖြယ္ရာမ်ားျဖစ္သည့္ ၾကက္ဥ ၁၃၀၀ လုံး၊ ဒိန္ခ်ဥ္ ၁၃၀၀ ဘူး၊  ေ႐ႊဖီဦး အထုပ္ႀကီး ၄၄ ထုပ္ႏွင့္ နန္းၿမိဳင္ေကာ္ဖီထုပ္ႀကီး ၄၄ ထုပ္တို႔ကို စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းက ေပးအပ္လႉဒါန္းရာ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ေဒၚခင္ေမသြင္က လက္ခံရယူသည္။

ယင္းေနာက္ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ေဒၚခင္ေမသြင္က ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားရာတြင္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)က ယခုကဲ့သို႔ ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရးပစၥည္းမ်ား၊ ေဆး႐ုံသုံးပစၥည္းမ်ားႏွင့္ အာဟာရျဖည့္ စားေသာက္ ဖြယ္ရာမ်ားေပးအပ္လႉဒါန္းသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္တကြ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ားကို မ်ားစြာ ေက်းဇူးတင္ရွိပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္ မိမိတို႔ ေဆး႐ုံႀကီးကို ယခင္အဆက္ဆက္ကပင္ မ်ားစြာကူညီလႉဒါန္းေပးခဲ့ပါေၾကာင္း၊  ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးသည္ ျမန္မာႏိုင္ငံ၏ အဆင့္ျမင့္ဆုံး သားဖြားႏွင့္ မီးယပ္ဆိုင္ရာ အထူးကုေဆး႐ုံႀကီးျဖစ္ပါေၾကာင္း၊ Covid-19  ေရာဂါ သံသယလူနာမ်ားမွ ကိုယ္ဝန္ေဆာင္ မ်ားႏွင့္ မီးယပ္ေရာဂါမ်ားကိုလည္း လက္ခံကုသေပးေနရသည့္ ေဆး႐ုံျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ Covid-19  ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရးပစၥည္းမ်ား၊ ေဆး႐ုံ သုံးပစၥည္းမ်ား လိုအပ္မႈမ်ား ရွိလာပါေၾကာင္း။

ယခုကဲ့သို႔ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား၏ လႉဒါန္းမႈသည္ မိမိတို႔ ေဆး႐ုံႀကီးအတြက္ မ်ားစြာအေထာက္အပံ့ရရွိ ပါေၾကာင္း၊ ထို႔အျပင္ ေဆး႐ုံသုံးပစၥည္းမ်ား ျဖစ္သည့္ Daptone (ကေလးႏွလုံး ခုန္ႏႈန္းတိုင္းစက္)၊ CTG Machine( Fetal Monitor) (ကေလးႏွလုံးခုန္ႏႈန္းႏွင့္ မိခင္သားအိမ္ညႇစ္ႏႈန္းတိုင္းစက္)၊ Portable Ultrasound ႏွင့္ Portable X-Ray  တို႔ကိုပါ လႉဒါန္းသည့္အတြက္ ေဆး႐ုံ၏ေရရွည္ျပည္သူ႔ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားအတြက္ ႀကီးမားေသာအေထာက္အပံ့ ျဖစ္ပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္ Covid-19  ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရး လုပ္ငန္းမ်ားတြင္ စြမ္းစြမ္းတမံ ေဆာင္႐ြက္ေပးေနသည္ကို ေတြ႕ရွိရပါေၾကာင္း၊ ႀကီးေလး ေသာႏိုင္ငံ့တာဝန္မ်ားကို ထမ္းေဆာင္ရသည့္ တပ္မေတာ္မွ ျပည္သူ႔က်န္းမာေရးလုပ္ငန္း မ်ားတြင္ပါ စြမ္းစြမ္းတမံ ေဆာင္႐ြက္ေနသျဖင့္   မိမိအေနျဖင့္ မ်ားစြာဂုဏ္ယူမိပါေၾကာင္း၊ ႏိုင္ငံႏွင့္ ျပည္သူကို အစဥ္အၿမဲကာကြယ္ေစာင့္ ေရွာက္ေပးေနေသာ တပ္မေတာ္သားမ်ား အားလုံး ကိုယ္စိတ္ႏွလုံး က်န္းမာခ်မ္းသာၿပီး ေဘးအႏၲရာယ္ ကင္းေဝးပါေစေၾကာင္း၊ ႏိုင္ငံႏွင့္ ျပည္သူမ်ားအား ဆထက္ထမ္းပိုး ကာကြယ္ေစာင့္ေရွာက္ေပးႏိုင္ပါေစေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ အခမ္းအနားသို႔ တက္ေရာက္လာၾကေသာ အလႉရွင္မ်ားႏွင့္ ဧည့္သည္ေတာ္မ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္ခဲ့ၾကသည္။

အဆိုပါ ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီး(ခုတင္-၈၀၀)ကို ၁၈၉၈ ႏွစ္ဦးပိုင္းတြင္ ယခု အေဆာက္အဦေနရာ၌ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး “ဒပ္ဖရင္ေဆး႐ုံႀကီး” အျဖစ္စတင္ အမည္ တြင္ခဲ့ရာမွ ၁၉၆၃ ခုႏွစ္တြင္ ဗဟိုသားဖြားေဆး႐ုံႀကီး (Central Maternily Hospital) ဟု ေျပာင္းလဲေခၚေဝၚခဲ့ေၾကာင္း၊ သားဖြားျခင္းတစ္ခုတည္းသာမက အမ်ိဳးသမီးမ်ားႏွင့္ ပတ္သက္ေသာ ေရာဂါမ်ားကိုပါ လက္ခံကုသေပးျခင္းျဖစ္သျဖင့္ ဗဟိုသားဖြားႏွင့္ မီးယပ္ ေရာဂါကုေဆး႐ုံႀကီး (သို႔မဟုတ္) ဗဟိုအမ်ိဳးသမီး ေဆး႐ုံႀကီးဟု ေခၚတြင္သင့္ေၾကာင္း အႀကံျပဳၾကရာမွ ၁၉၆၉ ခုႏွစ္ ဧၿပီ ၂ ရက္မွစတင္၍ ဗဟိုအမ်ိဳးသမီး ေဆး႐ုံႀကီး(Central Women’s Hospital)  ဟူ၍ သတ္မွတ္ခဲ့ရာ ယေန႔ထိတိုင္ ၎အမည္ကို ေခၚတြင္ လ်က္ရွိေၾကာင္း သိရွိရသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။