တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပအိုဝ့်၊ ဓနု၊ အင်းလေးဒေသနှင့် ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့တို့မှ တိုင်းရင်းသားကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၊ Covid-19 ရောဂါဆိုင်ရာ ဆေးရုံသုံးပစ္စည်းများပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် – ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အင်းလေးဒေသတို့မှ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ဝင်များအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ပင်လုံရိပ်သာခန်းမ၌ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီး ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးတက်ထွန်း၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ နာယက ဦးစိုင်းနွံအောင်တို့နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Covid-19 ရောဂါဖြစ်ပွားလျက်ရှိသည့် ကာလအတွင်း တွေ့ကြုံရသည့် အခက်အခဲများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် Covid-19 ရောဂါဖြစ်ပေါ်လျက်ရှိမှုနှင့် ပတ်သက်၍ ယခုကဲ့သို့တွေ့ဆုံခွင့်ရခြင်းဖြစ်ပါကြောင်း၊ တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏မြို့တော် ဖြစ်သော်လည်း တိုင်းရင်းသားများစုစည်းနေထိုင်လျက်ရှိသည့်မြို့ဖြစ်၍ စံနမူနာပြမြို့တော် ဖြစ်အောင် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ Covid-19 ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး လည်ပတ်မှုတို့တွင် များစွာပျက်ယွင်းခဲ့ရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် တွင်စတင်လျှောက်လှမ်းခဲ့ပြီး ဆယ်စုနှစ်တစ်ခုတိုင်ခဲ့ပြီဖြစ်ကြောင်း၊ အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနိုင်ခဲ့သော်လည်း တိုးတက်မှုနှေးကွေးပြီး တိုင်းပြည်အတွက် လုပ်ဆောင်ရန်များစွာရှိနေသေးသဖြင့် အားလုံးစုစုစည်းစည်းဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အားလုံးဟုဆိုရာတွင် တိုင်းရင်းသားများ၊ ပြည်သူများ၊ ပြည်သူကြားမှပေါက်ဖွားလာသည့် တပ်မတော်တို့အားလုံးစည်းလုံးညီညွတ်စွာလက်တွဲ၍ တိုင်းပြည်အတွက် ကောင်းမွန်သည့် ပြုပြင်ပြောင်းလဲခြင်းများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ထိုသို့ဆောင်ရွက်ရာတွင် မည်သည့်တိုင်းရင်းသားကိုမျှ ချန်လှပ်ထားမည်မဟုတ်ဘဲ နိုင်ငံအနှံ့၊ နေရာအနှံ့အပြား ဖြန့်ကြက်ဆောင်ရွက်လျက်ရှိကြောင်း။

Covid-19 ရောဂါဖြစ်ပွားမှုမှာ ယနေ့နံနက် ၇ နာရီအထိ တစ်ကမ္ဘာလုံးတွင် Covid-19 ရောဂါကူးစက်ခံရသူ ၁၂ သန်း ၈ သိန်းကျော်၊ သေဆုံးသူ ၅ သိန်းကျော်၊ ပြန်လည် သက်သာလာသူ ၇ သန်းကျော်တွင် မြန်မာနိုင်ငံ၌ ရောဂါကူးစက်ခံရသူ ၃၃၁ ဦးရှိ ပြီဖြစ်ကြောင်း၊ ကမ္ဘာနှင့်အဝန်း ဆိုးရွားစွာဖြစ်ပွားနေချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် ကံကောင်းသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ကူးစက်ရောဂါဖြစ်ပွားလျက်ရှိသည်ဟု ဇန်နဝါရီလတွင် စတင်သိရှိခဲ့ရပြီး သတင်းထုတ်ပြန်ချက်များအရ ကူးစက်မှုပြန့်ပွားမှုနှုန်း မြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း တစ်ကမ္ဘာလုံး ကူးစက်နိုင်သောရောဂါ (Pandemic) အဆင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာသတ်မှတ်ခဲ့ကြောင်း၊ ထိုသို့အခြေအနေများ ဆိုးရွားလာမှုသတင်းများကြောင့် တပ်မတော်၏အထွတ်အမြတ်ထားရာဖြစ်သော၊ စစ်မှုထမ်းသက်တစ်လျှောက်တွင် တစ်ကြိမ်သာကြုံတွေ့နိုင်မည့် ယခုနှစ် မတ်လ ၂၇ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကြီးကျင်းပရန် စီစဉ်နေမှုများကိုပင် ရွှေ့ဆိုင်းခဲ့ပါကြောင်း။

လက်ရှိအခြေအနေများအရ တစ်ကမ္ဘာလုံးတွင် ပိုမိုဆိုးရွားစွာဖြစ်ပွားလျက်ရှိပြီး မိမိတို့နိုင်ငံတွင် ဖြစ်ပွားမှုနည်းပါးသော်လည်း ကုန်စည်စီးဆင်းမှုပြတ်တောက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာခြင်းနှင့် အခြားရိုက်ခတ်မှုများစွာရှိလာခဲ့ကြောင်း၊ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေမရှိသဖြင့် စားရေးတွင် အခက်အခဲများဖြစ်ပေါ်လာကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်၊ အင်းလေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနယ်မြေများတွင်လည်း ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်စသည့် ရာသီသီးနှံများအား မတ်လကုန်မှစ၍ ခူးဆွတ်ရောင်းချနိုင်သည့် အခြေအနေဖြစ်သော်လည်း Covid-19 ရောဂါ ဖြစ်ပွားမှုကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်ဆိုင်းပြီး ရောင်းချရခြင်းမရှိဘဲ ဒေသခံများ အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ဒေသခံတောင်သူများ နစ်နာဆုံးရှုံးမှုမရှိစေရန် ၎င်းတို့၏အကျိုးကိုရှေးရှု၍ စိုက်ခင်းများအရောက် တောင်သူများရောင်းချနိုင်သည့် ဈေးနှုန်းအတိုင်း ဝယ်ယူရေးဆောင်ရွက်ခဲ့ပြီး တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များနှင့် ရာသီသီးနှံရှားပါးနေသည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နယ်မြေဒေသများရှိ ပြည်သူလူထုထံသို့ ဖြန့်ဝေရောင်းချပေးနိုင်ခဲ့ကြောင်း၊ ရသင့်သည့်ပမာဏ ပြန်လည်ရရှိခြင်းမရှိသော်လည်း ကုန်ကျစရိတ်များ ပြန်လည်ကာမိစေမည်ဟု ထင်မြင်မိပါကြောင်းနှင့် ယခုကဲ့သို့ ဖြစ်စဉ်၊ ဖြစ်ရပ်များကို သင်ခန်းစာယူကြရမည်ဖြစ်ပြီး နောင်ကြုံတွေ့လာရပါက ကာကွယ်နိုင်မည့်နည်းလမ်းများကို စဉ်းစားကြရမည်ဖြစ်ကြောင်း။

ကမ္ဘာပေါ်ရှိ လူအားလုံး စားနေ၊ သုံးနေ၊ သောက်နေကြသည်ဖြစ်၍ စားကုန်၊ သုံးကုန်၊ သောက်ကုန်တို့သည် မရှိမဖြစ်လိုအပ်ချက်ဖြစ်သဖြင့် ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ သီးနှံများ ရောင်းချနိုင်ခြင်းမရှိပါက သီးနှံခြောက်ပြုလုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းများကို တစ်နှစ်ပတ်လုံး ရရှိနိုင်အောင် ပြုလုပ်ကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းအသီးသီးတွင် လိုအပ်ချက်များစွာရှိပြီး အစိုးရကလုပ်ပေးနေသည်ဆိုသော်လည်း မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်မှုသည် အဓိကကျမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းတွင် အခွင့်အရေးကိုယ်စီ တန်းတူညီမျှ ပေးထားပြီးဖြစ်ပြီး တိုင်းရင်းသားတိုင်းသည် နိုင်ငံသားဖြစ်ပြီး နိုင်ငံသားတိုင်းသည် တိုင်းရင်းသားမဟုတ်ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသားနှင့် ပတ်သက်လာပါက ချန်လှပ်ထားခြင်းမရှိဘဲ နိုင်ငံအနှံ့ရှိ အထူးကုဆေးရုံကြီးများ၊ အထွေထွေရောဂါကုဆေးရုံကြီးများ၊ ခရိုင်ဆေးရုံများ၊ မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများအပါအဝင် ဆေးရုံပေါင်း ၁၀၅၉ ရုံကို ဆေးနှင့် ဆေးပစ္စည်းများ၊ အာဟာရဖြည့်စွက်စာများကို လှူဒါန်းထောက်ပံ့ပေးပြီးဖြစ်၍ ဆေးရုံအားလုံး၏ ၉၉ ရာခိုင်နှုန်းကိုလှူဒါန်းပေးနိုင်ခဲ့ပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနများ၏ ၅၀ ရာခိုင်နှုန်းကျော်ကို လှူဒါန်းပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ကျန်းမာရေးဝန်ထမ်းများလိုအပ်လျက်ရှိသည့် တာချီလိတ်၊ ချင်း၊ နာဂဒေသများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရောဂါကုသဆေးရုံတို့သို့လည်း တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များဖြင့် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

မိမိတို့နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်ပြီး စိုက်ပျိုး မွေးမြူရေးလုပ်ကိုင်ကြသူများဖြစ်ကြောင်း၊ ထို့ကြောင့် ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြစ်ပေါ်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူတိုင်းတိုးတက်လိုစိတ်ရှိပြီး ငွေရှိမှသာလျှင်တိုးတက်နိုင်မည်ဖြစ်သည့်အတွက် စီးပွားရေးကောင်းအောင် ဆောင်ရွက်ကြရမည်၊ မိမိနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်အောင် ပညာသင်ကြားရမည်ဖြစ် ကြောင်း၊ ဥပဒေနှင့်အညီ၊ စည်းကမ်းနှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အတတ်ပညာ၊ အသိပညာနှင့် အရင်းအနှီးများ ရရှိအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းပဋိပက္ခများဖြင့် အချိန်ကုန် ရှုပ်ထွေးနေ၍မရဘဲ ပြည်ပမှ ဝင်ရောက်လာမည့် အန္တရာယ်ကို ကာကွယ်ရန်လိုကြောင်း၊ နိုင်ငံနှင့် ဒေသအတွက် တိုးတက်စေလိုသည့်စိတ်ဆန္ဒဖြင့် ဆွေးနွေးခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် တောင်ကြီးမြို့ သို့ရောက်ရှိနေစဉ်အတွင်း ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပါကြောင်း၊ စေတီတော်ကြီးသို့ သွားရာလမ်းကြောင်း တစ်လျှောက်အား တပ်မတော်မှ အဆင့်မြှင့်တင်ခြင်းများဆောင်ရွက်ပေးထားပြီး ဒေသခံပြည်သူများ လမ်းလျှောက်ခြင်း၊ အားကစားပြုလုပ်ခြင်းများကို မြင်တွေ့ရသည့်အတွက် ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ လမ်းလျှောက်သည့် အကွာအဝေးများကို သိရှိနိုင်ရေးအတွက် ကီလိုတိုင်စိုက်ခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အများနှင့် သက်ဆိုင်သည့် ဒေသအတွက်အကျိုးဖြစ်စေနိုင်မည့်ကိစ္စများတွင် တပ်မတော်မှ ဝိုင်းဝန်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။

အင်းလေးဒေသနှင့်ပတ်သက်ပြီး အင်းလေးကန်ကြီးမူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ လွယ်ကူမည်မဟုတ်ကြောင်း၊ ယခင်အတိုင်းအတာအကျယ်အဝန်းနှင့် ယခုအခြေအနေမှာ ကွာခြားလျက်ရှိကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အင်းလေး ဒေသတွင်နေထိုင်သူများ၊ လာရောက်လည်ပတ်သူများ၊ လာရောက်အလုပ်လုပ်ကိုင်သူများ အားလုံးအနေဖြင့် အင်းလေးကန်ကြီးကို ထိခိုက်ပျက်စီးစေမည့် လုပ်ရပ်မှန်သမျှအား ရှောင်ကြဉ်ကြရမည်ဖြစ်ကြောင်း၊ ကမ္ဘာတွင်ပင် မရှိသည့် ယဉ်ကျေးမှုများကို တန်ဖိုးထားထိန်းသိမ်းကြရမည်ဖြစ်ကြောင်း။

လွတ်လပ်ရေးဖခင်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့်အတိုင်း မြန်မာအချင်းချင်းညီညွတ်ရေးအတွက် အရောင်၊ ယဉ်ကျေးမှု၊ အယူအဆ မည်သို့ပင် ကွဲပြားမှုရှိစေကာမူ မြန်မာစိတ်မွေး၍ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နေထိုင်ကြစေလိုကြောင်း၊ Covid-19 ရောဂါဖြစ်ပွားမှုကာလအား အောင်မြင်စွာကျော်လွှားနိုင်ပါစေကြောင်းနှင့် ဒေသခံများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့များအတွက် အဖွဲ့တစ်ဖွဲ့လျှင် Surgical Masks ၂၀၀၀၀ ခု၊ N 95 Mask ၅၀၀ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypochloride(20L) ၅ ပုံး၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၂၅၀ ဘူး၊ Hand Sanitizer ၂၅၀ ဘူးနှင့် စားသောက်ဖွယ်ရာများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ တိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်များက လက်ခံရယူသည်။

ထို့နောက် တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့များကိုယ်စား ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီး ဥက္ကဋ္ဌ ဦးခွန်စံလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများ၊ ဆေးရုံသုံး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းသည့်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ Covid-19 ရောဂါ စတင်ဖြစ်ပွားချိန်တွင် တပ်မတော်မှ တပ်မတော်နေ့စစ်ရေးပြအခမ်းအနားအား ရွှေ့ဆိုင်းခြင်း၊ လွှတ်တော်တွင်း Mask တပ်ခြင်း စသည်တို့မှတစ်ဆင့် အသိပေး၊ သတိပေးမှုများကို ရရှိခဲ့ပါကြောင်း၊ ယခုအကြိမ် တပ်မတော်မှ ပေးအပ်လှူဒါန်းမှုသည် ဒုတိယအကြိမ်မြောက်လက်ခံရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒေသတွင်းထွက်ရှိသည့် ဂေါ်ဖီထုပ်များသည် ယခင်နှစ်များတွင် တစ်ထုတ် ၁၅၀၀ ထိဈေးရခဲ့သော်လည်း ယခုနှစ်တွင် Covid-19 ရောဂါဖြစ်ပွားမှုကြောင့် ဝယ်သူမရှိ ဖြစ်ခဲ့ရကြောင်း၊ သီးနှံရှုံးသည့်အပြင် ကုန်စည်ဒိုင်များသို့ ပို့ဆောင်ရာတွင်လည်း ရောဂါ ဖြစ်ပွားသည့်ကာလဖြစ်သဖြင့် စရိတ်ကြီးခဲ့ပါကြောင်း၊ ထိုသို့အချိန်တွင် တပ်မတော်က ကူညီဝယ်ယူပေးခဲ့ပြီး အစပျိုးပေးခဲ့၍ အခြားလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များက လာရောက် ကူညီဝယ်ယူပေးခဲ့ပါကြောင်း၊ ဒီမိုကရေစီရှင်သန်မှုနှင့် တိုင်းရင်းသားစည်းလုံးမှုကို ဖွံ့ဖြိုးတိုးတက်စေလိုပါကြောင်း၊ လှူဒါန်းပေးသည့် ကျန်းမာရေးပစ္စည်းများသည် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက စေတနာအပြည့်အဝဖြင့် လှူဒါန်းပေးခဲ့ခြင်းဖြစ်သဖြင့် ထပ်မံ၍ လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်များက Covid-19 ရောဂါစတင် ဖြစ်ပွားချိန်မှ လက်ရှိအချိန်ထိတွေ့ကြုံရသည့် အခက်အခဲများ၊ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ဆွေးနွေးတင်ပြကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တက်ရောက်လာကြသည့် တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ပအိုဝ့္၊ ဓႏု၊ အင္းေလးေဒသႏွင့္ ရွမ္းစာေပယဥ္ေက်းမႈအဖြဲ႕တို႔မွ တိုင္းရင္းသားကိုယ္စားလွယ္မ်ားအား ရင္းရင္းႏွီးႏွီး ေတြ႕ဆုံ၊ Covid-19 ေရာဂါဆိုင္ရာ ေဆး႐ုံသုံးပစၥည္းမ်ားေပးအပ္လႉဒါန္း

ေနျပည္ေတာ္၊ ဇူလိုင္ – ၁၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ မြန္းလြဲပိုင္းတြင္ ပအိုဝ့္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသႏွင့္ အင္းေလးေဒသတို႔မွ တိုင္းရင္းသားကိုယ္စားလွယ္မ်ား၊ ရွမ္းစာေပယဥ္ေက်းမႈအဖြဲ႕ဝင္မ်ားအား အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ပင္လုံရိပ္သာခန္းမ၌ ရင္းရင္းႏွီးႏွီးေတြ႕ဆုံ၍ Covid-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ပစၥည္းမ်ား၊ ေဆး႐ုံသုံးပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္လႉဒါန္းသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး၊ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ ပအိုဝ့္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေဒသဦးစီး ဥကၠ႒ ဦးခြန္စံလြင္၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေဒသဦးစီးအဖြဲ႕ ဥကၠ႒ ဦးအာကာလင္း၊ အင္းသားစာေပယဥ္ေက်းမႈႏွင့္ ေဒသဖြံ႕ၿဖိဳးေရးအသင္း ဥကၠ႒ ဦးတက္ထြန္း၊ ရွမ္းစာေပယဥ္ေက်းမႈအဖြဲ႕ နာယက ဦးစိုင္းႏြံေအာင္တို႔ႏွင့္ အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က Covid-19 ေရာဂါျဖစ္ပြားလ်က္ရွိသည့္ ကာလအတြင္း ေတြ႕ႀကဳံရသည့္ အခက္အခဲမ်ား၊ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးေျပာၾကားရာတြင္ Covid-19 ေရာဂါျဖစ္ေပၚလ်က္ရွိမႈႏွင့္ ပတ္သက္၍ ယခုကဲ့သို႔ေတြ႕ဆုံခြင့္ရျခင္းျဖစ္ပါေၾကာင္း၊ ေတာင္ႀကီးၿမိဳ႕သည္ ရွမ္းျပည္နယ္၏ၿမိဳ႕ေတာ္ ျဖစ္ေသာ္လည္း တိုင္းရင္းသားမ်ားစုစည္းေနထိုင္လ်က္ရွိသည့္ၿမိဳ႕ျဖစ္၍ စံနမူနာျပၿမိဳ႕ေတာ္ ျဖစ္ေအာင္ အားလုံးဝိုင္းဝန္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ Covid-19 ေရာဂါျဖစ္ပြားမႈေၾကာင့္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ အုပ္ခ်ဳပ္ေရး လည္ပတ္မႈတို႔တြင္ မ်ားစြာပ်က္ယြင္းခဲ့ရေၾကာင္း၊ မိမိတို႔ႏိုင္ငံအေနျဖင့္ ၂၀၁၁ ခုႏွစ္မွစ၍ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚ တြင္စတင္ေလွ်ာက္လွမ္းခဲ့ၿပီး ဆယ္စုႏွစ္တစ္ခုတိုင္ခဲ့ၿပီျဖစ္ေၾကာင္း၊ အတိုင္းအတာတစ္ခုအထိ ေျပာင္းလဲႏိုင္ခဲ့ေသာ္လည္း တိုးတက္မႈေႏွးေကြးၿပီး တိုင္းျပည္အတြက္ လုပ္ေဆာင္ရန္မ်ားစြာရွိေနေသးသျဖင့္ အားလုံးစုစုစည္းစည္းျဖင့္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ အားလုံးဟုဆိုရာတြင္ တိုင္းရင္းသားမ်ား၊ ျပည္သူမ်ား၊ ျပည္သူၾကားမွေပါက္ဖြားလာသည့္ တပ္မေတာ္တို႔အားလုံးစည္းလုံးညီၫြတ္စြာလက္တြဲ၍ တိုင္းျပည္အတြက္ ေကာင္းမြန္သည့္ ျပဳျပင္ေျပာင္းလဲျခင္းမ်ားကို ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ထိုသို႔ေဆာင္႐ြက္ရာတြင္ မည္သည့္တိုင္းရင္းသားကိုမွ် ခ်န္လွပ္ထားမည္မဟုတ္ဘဲ ႏိုင္ငံအႏွံ႔၊ ေနရာအႏွံ႔အျပား ျဖန႔္ၾကက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း။

Covid-19 ေရာဂါျဖစ္ပြားမႈမွာ ယေန႔နံနက္ ၇ နာရီအထိ တစ္ကမာၻလုံးတြင္ Covid-19 ေရာဂါကူးစက္ခံရသူ ၁၂ သန္း ၈ သိန္းေက်ာ္၊ ေသဆုံးသူ ၅ သိန္းေက်ာ္၊ ျပန္လည္ သက္သာလာသူ ၇ သန္းေက်ာ္တြင္ ျမန္မာႏိုင္ငံ၌ ေရာဂါကူးစက္ခံရသူ ၃၃၁ ဦးရွိ ၿပီျဖစ္ေၾကာင္း၊ ကမာၻႏွင့္အဝန္း ဆိုး႐ြားစြာျဖစ္ပြားေနခ်ိန္တြင္ မိမိတို႔ႏိုင္ငံအေနျဖင့္ ကံေကာင္းသည္ဟု ဆိုရမည္ျဖစ္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံတြင္ ကူးစက္ေရာဂါျဖစ္ပြားလ်က္ရွိသည္ဟု ဇန္နဝါရီလတြင္ စတင္သိရွိခဲ့ရၿပီး သတင္းထုတ္ျပန္ခ်က္မ်ားအရ ကူးစက္မႈျပန႔္ပြားမႈႏႈန္း ျမင့္မားလာသည္ကို ေတြ႕ရွိရေၾကာင္း၊ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ကလည္း တစ္ကမာၻလုံး ကူးစက္ႏိုင္ေသာေရာဂါ (Pandemic) အဆင့္ ျပည္သူ႔က်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ ေၾကညာသတ္မွတ္ခဲ့ေၾကာင္း၊ ထိုသို႔အေျခအေနမ်ား ဆိုး႐ြားလာမႈသတင္းမ်ားေၾကာင့္ တပ္မေတာ္၏အထြတ္အျမတ္ထားရာျဖစ္ေသာ၊ စစ္မႈထမ္းသက္တစ္ေလွ်ာက္တြင္ တစ္ႀကိမ္သာႀကဳံေတြ႕ႏိုင္မည့္ ယခုႏွစ္ မတ္လ ၂၇ ရက္တြင္ က်ေရာက္သည့္ (၇၅)ႏွစ္ေျမာက္စိန္ရတုတပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနားႀကီးက်င္းပရန္ စီစဥ္ေနမႈမ်ားကိုပင္ ေ႐ႊ႕ဆိုင္းခဲ့ပါေၾကာင္း။

လက္ရွိအေျခအေနမ်ားအရ တစ္ကမာၻလုံးတြင္ ပိုမိုဆိုး႐ြားစြာျဖစ္ပြားလ်က္ရွိၿပီး မိမိတို႔ႏိုင္ငံတြင္ ျဖစ္ပြားမႈနည္းပါးေသာ္လည္း ကုန္စည္စီးဆင္းမႈျပတ္ေတာက္ျခင္း၊ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရွားပါးလာျခင္းႏွင့္ အျခား႐ိုက္ခတ္မႈမ်ားစြာရွိလာခဲ့ေၾကာင္း၊ အလုပ္အကိုင္ရွားပါးၿပီး ဝင္ေငြမရွိသျဖင့္ စားေရးတြင္ အခက္အခဲမ်ားျဖစ္ေပၚလာေၾကာင္း၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေ႐ႊေညာင္၊ အင္းေလး၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသနယ္ေျမမ်ားတြင္လည္း ခရမ္းခ်ဥ္သီး၊ ေဂၚဖီထုပ္စသည့္ ရာသီသီးႏွံမ်ားအား မတ္လကုန္မွစ၍ ခူးဆြတ္ေရာင္းခ်ႏိုင္သည့္ အေျခအေနျဖစ္ေသာ္လည္း Covid-19 ေရာဂါ ျဖစ္ပြားမႈေၾကာင့္ ကုန္စည္စီးဆင္းမႈမ်ား ရပ္ဆိုင္းၿပီး ေရာင္းခ်ရျခင္းမရွိဘဲ ေဒသခံမ်ား အခက္အခဲျဖစ္ေပၚခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္အေနျဖင့္ ေဒသခံေတာင္သူမ်ား နစ္နာဆုံးရႈံးမႈမရွိေစရန္ ၎တို႔၏အက်ိဳးကိုေရွးရႈ၍ စိုက္ခင္းမ်ားအေရာက္ ေတာင္သူမ်ားေရာင္းခ်ႏိုင္သည့္ ေဈးႏႈန္းအတိုင္း ဝယ္ယူေရးေဆာင္႐ြက္ခဲ့ၿပီး တပ္မေတာ္တပ္ရင္း၊ တပ္ဖြဲ႕မ်ားႏွင့္ ရာသီသီးႏွံရွားပါးေနသည့္ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္နယ္ေျမေဒသမ်ားရွိ ျပည္သူလူထုထံသို႔ ျဖန႔္ေဝေရာင္းခ်ေပးႏိုင္ခဲ့ေၾကာင္း၊ ရသင့္သည့္ပမာဏ ျပန္လည္ရရွိျခင္းမရွိေသာ္လည္း ကုန္က်စရိတ္မ်ား ျပန္လည္ကာမိေစမည္ဟု ထင္ျမင္မိပါေၾကာင္းႏွင့္ ယခုကဲ့သို႔ ျဖစ္စဥ္၊ ျဖစ္ရပ္မ်ားကို သင္ခန္းစာယူၾကရမည္ျဖစ္ၿပီး ေနာင္ႀကဳံေတြ႕လာရပါက ကာကြယ္ႏိုင္မည့္နည္းလမ္းမ်ားကို စဥ္းစားၾကရမည္ျဖစ္ေၾကာင္း။

ကမာၻေပၚရွိ လူအားလုံး စားေန၊ သုံးေန၊ ေသာက္ေနၾကသည္ျဖစ္၍ စားကုန္၊ သုံးကုန္၊ ေသာက္ကုန္တို႔သည္ မရွိမျဖစ္လိုအပ္ခ်က္ျဖစ္သျဖင့္ ထုတ္လုပ္ႏိုင္ရမည္ျဖစ္ေၾကာင္း၊ သီးႏွံမ်ား ေရာင္းခ်ႏိုင္ျခင္းမရွိပါက သီးႏွံေျခာက္ျပဳလုပ္ျခင္းလုပ္ငန္းမ်ားကို လုပ္ကိုင္ေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ကုန္ၾကမ္းမ်ားကို တစ္ႏွစ္ပတ္လုံး ရရွိႏိုင္ေအာင္ ျပဳလုပ္ၾကရမည္ျဖစ္ေၾကာင္း၊ ျပည္နယ္ႏွင့္ တိုင္းအသီးသီးတြင္ လိုအပ္ခ်က္မ်ားစြာရွိၿပီး အစိုးရကလုပ္ေပးေနသည္ဆိုေသာ္လည္း မိမိတို႔ကိုယ္တိုင္ ႀကိဳးစားအားထုတ္မႈသည္ အဓိကက်မည္ျဖစ္ေၾကာင္း၊ ႏိုင္ငံသားတိုင္းတြင္ အခြင့္အေရးကိုယ္စီ တန္းတူညီမွ် ေပးထားၿပီးျဖစ္ၿပီး တိုင္းရင္းသားတိုင္းသည္ ႏိုင္ငံသားျဖစ္ၿပီး ႏိုင္ငံသားတိုင္းသည္ တိုင္းရင္းသားမဟုတ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ တိုင္းရင္းသားႏွင့္ ပတ္သက္လာပါက ခ်န္လွပ္ထားျခင္းမရွိဘဲ ႏိုင္ငံအႏွံ႔ရွိ အထူးကုေဆး႐ုံႀကီးမ်ား၊ အေထြေထြေရာဂါကုေဆး႐ုံႀကီးမ်ား၊ ခ႐ိုင္ေဆး႐ုံမ်ား၊ ၿမိဳ႕နယ္ေဆး႐ုံမ်ား၊ တိုက္နယ္ေဆး႐ုံမ်ားအပါအဝင္ ေဆး႐ုံေပါင္း ၁၀၅၉ ႐ုံကို ေဆးႏွင့္ ေဆးပစၥည္းမ်ား၊ အာဟာရျဖည့္စြက္စာမ်ားကို လႉဒါန္းေထာက္ပံ့ေပးၿပီးျဖစ္၍ ေဆး႐ုံအားလုံး၏ ၉၉ ရာခိုင္ႏႈန္းကိုလႉဒါန္းေပးႏိုင္ခဲ့ပါေၾကာင္း၊ ေက်းလက္က်န္းမာေရးဌာနမ်ား၏ ၅၀ ရာခိုင္ႏႈန္းေက်ာ္ကို လႉဒါန္းေပးႏိုင္ခဲ့ေၾကာင္း၊ ထို႔ျပင္ က်န္းမာေရးဝန္ထမ္းမ်ားလိုအပ္လ်က္ရွိသည့္ တာခ်ီလိတ္၊ ခ်င္း၊ နာဂေဒသမ်ားႏွင့္ ဗဟိုဝန္ထမ္းတကၠသိုလ္(ေအာက္ျမန္မာျပည္) ေရာဂါကုသေဆး႐ုံတို႔သို႔လည္း တပ္မေတာ္ေဆးဝန္ထမ္းတပ္ဖြဲ႕မ်ားျဖင့္ ကူညီေဆာင္႐ြက္ေပးႏိုင္ခဲ့ပါေၾကာင္း။

မိမိတို႔ႏိုင္ငံ၏ လူဦးေရ ၇၀ ရာခိုင္ႏႈန္းသည္ ေက်းလက္ေနသူမ်ားျဖစ္ၿပီး စိုက္ပ်ိဳး ေမြးျမဴေရးလုပ္ကိုင္ၾကသူမ်ားျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ေခတ္မီသည့္ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားျဖစ္ေပၚလာေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ လူတိုင္းတိုးတက္လိုစိတ္ရွိၿပီး ေငြရွိမွသာလွ်င္တိုးတက္ႏိုင္မည္ျဖစ္သည့္အတြက္ စီးပြားေရးေကာင္းေအာင္ ေဆာင္႐ြက္ၾကရမည္၊ မိမိႏွင့္ မိမိေဒသဖြံ႕ၿဖိဳးတိုးတက္ေအာင္ ပညာသင္ၾကားရမည္ျဖစ္ ေၾကာင္း၊ ဥပေဒႏွင့္အညီ၊ စည္းကမ္းႏွင့္အညီ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ရမည္ ျဖစ္ေၾကာင္း၊ အတတ္ပညာ၊ အသိပညာႏွင့္ အရင္းအႏွီးမ်ား ရရွိေအာင္ ေဆာင္႐ြက္ေပးၾကရမည္ျဖစ္ေၾကာင္း၊ ျပည္တြင္းပဋိပကၡမ်ားျဖင့္ အခ်ိန္ကုန္ ရႈပ္ေထြးေန၍မရဘဲ ျပည္ပမွ ဝင္ေရာက္လာမည့္ အႏၲရာယ္ကို ကာကြယ္ရန္လိုေၾကာင္း၊ ႏိုင္ငံႏွင့္ ေဒသအတြက္ တိုးတက္ေစလိုသည့္စိတ္ဆႏၵျဖင့္ ေဆြးေႏြးျခင္းျဖစ္ေၾကာင္း၊ မိမိအေနျဖင့္ ေတာင္ႀကီးၿမိဳ႕ သို႔ေရာက္ရွိေနစဥ္အတြင္း ေ႐ႊဘုန္းပြင့္ေစတီေတာ္ျမတ္ႀကီးသို႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳခဲ့ပါေၾကာင္း၊ ေစတီေတာ္ႀကီးသို႔ သြားရာလမ္းေၾကာင္း တစ္ေလွ်ာက္အား တပ္မေတာ္မွ အဆင့္ျမႇင့္တင္ျခင္းမ်ားေဆာင္႐ြက္ေပးထားၿပီး ေဒသခံျပည္သူမ်ား လမ္းေလွ်ာက္ျခင္း၊ အားကစားျပဳလုပ္ျခင္းမ်ားကို ျမင္ေတြ႕ရသည့္အတြက္ ဝမ္းသာပီတိျဖစ္မိပါေၾကာင္း၊ လမ္းေလွ်ာက္သည့္ အကြာအေဝးမ်ားကို သိရွိႏိုင္ေရးအတြက္ ကီလိုတိုင္စိုက္ျခင္းမ်ားကို ဆက္လက္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းႏွင့္ အမ်ားႏွင့္ သက္ဆိုင္သည့္ ေဒသအတြက္အက်ိဳးျဖစ္ေစႏိုင္မည့္ကိစၥမ်ားတြင္ တပ္မေတာ္မွ ဝိုင္းဝန္းေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း။

အင္းေလးေဒသႏွင့္ပတ္သက္ၿပီး အင္းေလးကန္ႀကီးမူလအေျခအေနသို႔ ျပန္လည္ေရာက္ရွိရန္မွာ လြယ္ကူမည္မဟုတ္ေၾကာင္း၊ ယခင္အတိုင္းအတာအက်ယ္အဝန္းႏွင့္ ယခုအေျခအေနမွာ ကြာျခားလ်က္ရွိေၾကာင္း၊ ေရရွည္တည္တံ့ခိုင္ၿမဲေရးအတြက္ အင္းေလး ေဒသတြင္ေနထိုင္သူမ်ား၊ လာေရာက္လည္ပတ္သူမ်ား၊ လာေရာက္အလုပ္လုပ္ကိုင္သူမ်ား အားလုံးအေနျဖင့္ အင္းေလးကန္ႀကီးကို ထိခိုက္ပ်က္စီးေစမည့္ လုပ္ရပ္မွန္သမွ်အား ေရွာင္ၾကဥ္ၾကရမည္ျဖစ္ေၾကာင္း၊ ကမာၻတြင္ပင္ မရွိသည့္ ယဥ္ေက်းမႈမ်ားကို တန္ဖိုးထားထိန္းသိမ္းၾကရမည္ျဖစ္ေၾကာင္း။

လြတ္လပ္ေရးဖခင္ႀကီးျဖစ္ေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေျပာၾကားခဲ့သည့္အတိုင္း ျမန္မာအခ်င္းခ်င္းညီၫြတ္ေရးအတြက္ အေရာင္၊ ယဥ္ေက်းမႈ၊ အယူအဆ မည္သို႔ပင္ ကြဲျပားမႈရွိေစကာမူ ျမန္မာစိတ္ေမြး၍ စည္းစည္းလုံးလုံး ညီညီၫြတ္ၫြတ္ ေနထိုင္ၾကေစလိုေၾကာင္း၊ Covid-19 ေရာဂါျဖစ္ပြားမႈကာလအား ေအာင္ျမင္စြာေက်ာ္လႊားႏိုင္ပါေစေၾကာင္းႏွင့္ ေဒသခံမ်ားအားလုံး က်န္းမာခ်မ္းသာၾကပါေစေၾကာင္းျဖင့္ ေဆြးေႏြးေျပာၾကားသည္။

ထို႔ေနာက္ တိုင္းရင္းသားကိုယ္စားလွယ္အဖြဲ႕မ်ားအတြက္ အဖြဲ႕တစ္ဖြဲ႕လွ်င္ Surgical Masks ၂၀၀၀၀ ခု၊ N 95 Mask ၅၀၀ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypochloride(20L) ၅ ပုံး၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၂၅၀ ဘူး၊ Hand Sanitizer ၂၅၀ ဘူးႏွင့္ စားေသာက္ဖြယ္ရာမ်ားကို တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ေပးအပ္လႉဒါန္းရာ တိုင္းရင္းသားကိုယ္စားလွယ္ေခါင္းေဆာင္မ်ားက လက္ခံရယူသည္။

ထို႔ေနာက္ တိုင္းရင္းသားကိုယ္စားလွယ္အဖြဲ႕မ်ားကိုယ္စား ပအိုဝ့္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေဒသဦးစီး ဥကၠ႒ ဦးခြန္စံလြင္က ေက်းဇူးတင္စကားျပန္လည္ေျပာၾကားရာတြင္ ယခုကဲ့သို႔ Covid-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ပစၥည္းမ်ား၊ ေဆး႐ုံသုံး ပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားကို ေပးအပ္လႉဒါန္းသည့္အတြက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားကို အထူးပင္ ေက်းဇူးတင္ရွိပါေၾကာင္း၊ Covid-19 ေရာဂါ စတင္ျဖစ္ပြားခ်ိန္တြင္ တပ္မေတာ္မွ တပ္မေတာ္ေန႔စစ္ေရးျပအခမ္းအနားအား ေ႐ႊ႕ဆိုင္းျခင္း၊ လႊတ္ေတာ္တြင္း Mask တပ္ျခင္း စသည္တို႔မွတစ္ဆင့္ အသိေပး၊ သတိေပးမႈမ်ားကို ရရွိခဲ့ပါေၾကာင္း၊ ယခုအႀကိမ္ တပ္မေတာ္မွ ေပးအပ္လႉဒါန္းမႈသည္ ဒုတိယအႀကိမ္ေျမာက္လက္ခံရရွိခဲ့ျခင္းျဖစ္ပါေၾကာင္း၊ ေဒသတြင္းထြက္ရွိသည့္ ေဂၚဖီထုပ္မ်ားသည္ ယခင္ႏွစ္မ်ားတြင္ တစ္ထုတ္ ၁၅၀၀ ထိေဈးရခဲ့ေသာ္လည္း ယခုႏွစ္တြင္ Covid-19 ေရာဂါျဖစ္ပြားမႈေၾကာင့္ ဝယ္သူမရွိ ျဖစ္ခဲ့ရေၾကာင္း၊ သီးႏွံရႈံးသည့္အျပင္ ကုန္စည္ဒိုင္မ်ားသို႔ ပို႔ေဆာင္ရာတြင္လည္း ေရာဂါ ျဖစ္ပြားသည့္ကာလျဖစ္သျဖင့္ စရိတ္ႀကီးခဲ့ပါေၾကာင္း၊ ထိုသို႔အခ်ိန္တြင္ တပ္မေတာ္က ကူညီဝယ္ယူေပးခဲ့ၿပီး အစပ်ိဳးေပးခဲ့၍ အျခားလုပ္ငန္းရွင္မ်ား၊ အသင္းအဖြဲ႕မ်ားက လာေရာက္ ကူညီဝယ္ယူေပးခဲ့ပါေၾကာင္း၊ ဒီမိုကေရစီရွင္သန္မႈႏွင့္ တိုင္းရင္းသားစည္းလုံးမႈကို ဖြံ႕ၿဖိဳးတိုးတက္ေစလိုပါေၾကာင္း၊ လႉဒါန္းေပးသည့္ က်န္းမာေရးပစၥည္းမ်ားသည္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ေစတနာအျပည့္အဝျဖင့္ လႉဒါန္းေပးခဲ့ျခင္းျဖစ္သျဖင့္ ထပ္မံ၍ လႈိက္လွဲစြာေက်းဇူးတင္ရွိပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ဆက္လက္ၿပီး ေဒသခံတိုင္းရင္းသားကိုယ္စားလွယ္မ်ားက Covid-19 ေရာဂါစတင္ ျဖစ္ပြားခ်ိန္မွ လက္ရွိအခ်ိန္ထိေတြ႕ႀကဳံရသည့္ အခက္အခဲမ်ား၊ ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ားအား ေဆြးေႏြးတင္ျပၾကရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ညႇိႏႈိင္းေဆာင္႐ြက္ေပးသည္။

အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တက္ေရာက္လာၾကသည့္ တိုင္းရင္းသားကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားအား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။