၂၀၂၀ ပြည့်နှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင် ၃၀

၂၀၂၀ ပြည့်နှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ ဥပ္ပါတသန္တိစေတီတော်ဂေါပက အဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်ထားသည့်သံဃာတော် ၃၆ ပါး ကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ တို့နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ တက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အနော်ရထာခန်းမရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေချမ်းများကပ်လှူပူဇော်ဖူးမြော်ကြည်ညိုကြသည်။

အစီအစဉ်အရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ဗန်းမော်ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကိုနာယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော် ဆရာတော်ဘုရားကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ သန်လျင်မင်းကျောင်း ဆရာတော်ကြီးက အနုမောဒနာ တရားဟောကြားချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီးအမှူးပြုသော ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော် ဘုရားကြီးအမှူးပြုသော ဆရာတော်သံဃာတော် အရှင်သူမြတ်များအား မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအနီး စကျင်တောင်မှထွက်ရှိသည့် စကျင်ကျောက်တော်ကြီးကို ရုပ်ပွားတော်ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေရှိ ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအဖြစ် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်နိုင်ရေးအတွက် စကျင်ကျောက်တော်ကြီးအား တူးဖော်ခြင်း၊ ထုဆစ်ခြင်း၊ နေပြည်တော်သို့ ရေလမ်း၊ ကုန်းလမ်းဖြင့် သယ်ယူခြင်းနှင့် တည်ထားကိုးကွယ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဥယျာဉ်တော်ပုံစံငယ်များ၊ ရုပ်ပွားတော်ပုံစံငယ်များဖြင့် တင်ပြလျှောက်ထားပြီး ဆရာတော်ကြီးများထံမှ ဩဝါဒကိုခံယူခဲ့သည်။

(Zawgyi Version)

၂၀၂၀ ျပည့္ႏွစ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ား ဝါဆိုသကၤန္း ဆက္ကပ္လှူဒါန္းပြဲက်င္းပ

ေနျပည္ေတာ္၊ ဇူလိုင္ ၃၀

၂၀၂၀ ျပည့္ႏွစ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ား ဝါဆိုသကၤန္းဆက္ကပ္လှူဒါန္းပြဲအခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း) အေနာ္ရထာခန္းမ၌က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မှူးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတို႔ တက္ေရာက္ၾကည္ညိဳၿပီး ဝါဆိုသကၤန္းႏွင့္ လှူဖြယ္ပစၥည္းမ်ား ဆက္ကပ္လှူဒါန္းၾကသည္။

အဆိုပါအခမ္းအနားသို႔ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒၊ မႏၲေလးၿမိဳ႕၊ ဗန္းေမာ္ေက်ာင္းတိုက္ ပဓာနနာယက အဘိဓဇမဟာရဌဂု႐ု၊ အဘိဓဇအဂၢမဟာ သဒၶမၼေဇာတိက ေဒါက္တာဘဒၵႏၲကုမာရာဘိဝံသ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး အမႉးျပဳေသာ ႏိုင္ငံေတာ္သံဃမဟာနာယကဆရာေတာ္ႀကီးမ်ား၊ ဥပၸါတသႏၲိေစတီေတာ္ေဂါပက အဖြဲ႕၏ ဩဝါဒါစရိယဆရာေတာ္ႀကီးမ်ားအပါအဝင္ ပင့္ဖိတ္ထားသည့္သံဃာေတာ္ ၃၆ ပါး ႂကြေရာက္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မှူးႀကီး မင္းေအာင္လႈိင္၊ ဇနီး ေဒၚၾကဴၾကဴလွ တို႔ႏွင့္အတူ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မှူးႀကီး စိုးဝင္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ဇနီး၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းႏွင့္ဇနီး၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ဇနီး၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ေရ၊ ေလ)ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီး ခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား တက္ေရာက္ၾကသည္။

အခမ္းအနားမစတင္မီ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔သည္ အေနာ္ရထာခန္းမရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ျမသပိတ္ဆြမ္းေတာ္၊ သစ္သီး၊ ပန္းမန္ႏွင့္ ေသာက္ေတာ္ေရခ်မ္းမ်ားကပ္လႉပူေဇာ္ဖူးေျမာ္ၾကည္ညိဳၾကသည္။

အစီအစဥ္အရ ဝါဆိုသကၤန္းဆက္ကပ္လႉဒါန္းပြဲအခမ္းအနားကို နေမာတႆ သုံးႀကိမ္ ႐ြတ္ဆိုဘုရားကန္ေတာ့ဖြင့္လွစ္ၿပီး ဗန္းေမာ္ဆရာေတာ္ႀကီးထံမွ ကိုးပါးသီလခံယူ ေဆာက္တည္ၾကသည္။ ဆက္လက္၍ ဆရာေတာ္ႀကီးမ်ား႐ြတ္ပြားခ်ီးျမႇင့္ေတာ္မူသည့္ ေမတၱသုတ္ ပရိတ္တရားေတာ္မ်ားကိုနာယူၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ တို႔က ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒၊ ဗန္းေမာ္ ဆရာေတာ္ဘုရားႀကီးထံ ဝါဆိုသကၤန္းႏွင့္ လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္လႉဒါန္းၾကသည္။

ဆက္လက္၍ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္တို႔က ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ အက်ိဳးေတာ္ေဆာင္ သန္လ်င္မင္းေက်ာင္းဆရာေတာ္ႀကီးထံ ဝါဆိုသကၤန္းႏွင့္လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္လႉဒါန္းၾကသည္။

ယင္းေနာက္ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ)ႏွင့္ဇနီး ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ အခမ္းအနားတက္ေရာက္လာၾကသည့္ တပ္မေတာ္အရာရွိႀကီးမ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားထံ ဝါဆိုသကၤန္းႏွင့္ လႉဖြယ္ပစၥည္းမ်ားကို အသီးသီးဆက္ကပ္ လႉဒါန္းၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ အက်ိဳးေတာ္ေဆာင္ အဂၢမဟာ ပ႑ိတ၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲစႏၵိမာဘိဝံသ သန္လ်င္မင္းေက်ာင္း ဆရာေတာ္ႀကီးက အႏုေမာဒနာ တရားေဟာၾကားခ်ီးျမႇင့္ေတာ္မူၿပီး လႉဒါန္းမႈအစုစု တို႔အတြက္ ေရစက္သြန္းခ် အမွ်ေပးေဝၾကကာ ဗုဒၶသာသနံ စိရံ တိ႒တု သုံးႀကိမ္႐ြတ္ဆို ဆုေတာင္း၍ အခမ္းအနားကို႐ုပ္သိမ္းလိုက္သည္။

အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသူမ်ားက ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒၊ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးအမႉးျပဳေသာ ဆရာေတာ္သံဃာေတာ္ အရွင္သူျမတ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လႉဒါန္းခဲ့ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏိုင္ငံေတာ္သံဃမဟာနာယက အဖြဲ႕ ဥကၠ႒၊ ဗန္းေမာ္ဆရာေတာ္ ဘုရားႀကီးအမႉးျပဳေသာ ဆရာေတာ္သံဃာေတာ္ အရွင္သူျမတ္မ်ားအား မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕နယ္၊ စက်င္ေက်း႐ြာအနီး စက်င္ေတာင္မွထြက္ရွိသည့္ စက်င္ေက်ာက္ေတာ္ႀကီးကို ႐ုပ္ပြားေတာ္ဉာဏ္ေတာ္အျမင့္ ၆၃ ေပ၊ ပလႅင္ေတာ္အျမင့္ ၁၈ ေပရွိ ဘူမိဖႆမုျဒာ ထိုင္ေတာ္မူေက်ာက္ဆစ္ဗုဒၶ ႐ုပ္ပြားေတာ္ျမတ္ႀကီးအျဖစ္ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္တြင္ တည္ထားကိုးကြယ္ႏိုင္ေရးအတြက္ စက်င္ေက်ာက္ေတာ္ႀကီးအား တူးေဖာ္ျခင္း၊ ထုဆစ္ျခင္း၊ ေနျပည္ေတာ္သို႔ ေရလမ္း၊ ကုန္းလမ္းျဖင့္ သယ္ယူျခင္းႏွင့္ တည္ထားကိုးကြယ္ႏိုင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသည့္ အေျခအေနမ်ားကို ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ထားကိုးကြယ္မည့္ ဥယ်ာဥ္ေတာ္ပုံစံငယ္မ်ား၊ ႐ုပ္ပြားေတာ္ပုံစံငယ္မ်ားျဖင့္ တင္ျပေလွ်ာက္ထားၿပီး ဆရာေတာ္ႀကီးမ်ားထံမွ ဩဝါဒကိုခံယူခဲ့သည္။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။